အစွမ်းကုန် ထုတ်သုံးခြင်း
Vol. 8 Ch. 113
~”ဒါ.. ဒါက”
သွမ့်ဟုန်ရှီးသည်... တစ္ဆေတစ်ကောင်ကို မြင်လိုက်ရသည့်အလား... ထိတ်လန့်တကြားဖြင့် ထွက်ပေါ်လာသော ဖုန်းဝူချန်ကို ကြည့်နေမိ၏။ စကားတစ်လုံးမျှပင် ပြည့်စုံအောင် မဆိုနိုင်တော့ဘဲ... သူ၏ မျက်နှာမှာ... သေလုမျောပါး ဖြူဖျော့သွားလေသည်။
ဤမြင်ကွင်းမှာ... အလွန် မယုံနိုင်စရာ ကောင်းလှပြီး... လူတိုင်း၏ အသိဉာဏ်ကို ကျော်လွန်သွားခဲ့လေပြီ။
ကျောင်းအုပ်ကြီး ရှင်းထျန်းဖုန်းပင်လျှင်... ဖုန်းဝူချန် ပြသလိုက်သော... ထူးဆန်း အံ့ဩဖွယ်ရာ ဖြစ်ရပ်ကို... ရှင်းပြနိုင်ခြင်း မရှိခဲ့ပေ...။
"ဘာမှမဖြစ်ဘဲ... ထွက်လာတယ်...။ သူ... သူ... ဘယ်လို လုပ်လိုက်တာလဲ"
စူးလဲ့ယန်သည် တုန်လှုပ်စွာဖြင့် မတ်တပ်ထရပ်လိုက်ပြီး... သူ၏ မျက်နှာအမူအရာမှာ လုံးဝ ကြက်သေသေနေတော့သည်။
"ဒါ... ဒါ... ဖြစ်နိုင်လို့လား...။ ငါ... ငါ... မှားမြင်တာပဲ ဖြစ်ရမယ်"
မူရှန်က ထိတ်လန့်တကြား အော်ဟစ်လိုက်ပြီး... တစ်ကိုယ်လုံး တုန်ယင်နေလေ၏။
"ဒီလို... အံ့ဩစရာ ဖြစ်ရပ်မျိုး... အရင်က... ပြိုင်ဘက်ကင်းမြို့မှာလည်း... ဖြစ်ခဲ့ဖူးတယ်"
လင်းယိုက ကြွေးကြော်လိုက်ပြီး... ပြိုင်ဘက်ကင်းမြို့၌... ဖုန်းဝူချန်သည်... ယန်မိသားစု၏ တိုက်ခိုက်မှုများကို... ဒဏ်ရာ တစ်စုံတစ်ရာမရှိဘဲ... ရင်ဆိုင်ခဲ့သည့် မြင်ကွင်းကို... ချက်ချင်း ပြန်လည် သတိရသွားသည်။
...
ထိုစဉ်အခါက... ဖုန်းဝူချန်သည်... ထူးဆန်းစွာပင်... ရေခဲပြင်ကို ဖြတ်သန်းသွားခဲ့ပြီး... ဒဏ်ရာ တစ်စုံတစ်ရာ မရရှိခဲ့ပေ...။ ...ယခု မြင်ကွင်းနှင့်... တစ်ထပ်တည်းပင်...။
"ရှောင်ရှောင်... ဘာ... ဘာတွေ ဖြစ်နေတာလဲ... သိလား"
ထိတ်လန့်နေသော လျိုချင်းယန်က ရုတ်တရက် လှည့်၍ လင်ရှောင်ရှောင်ကို မေးလိုက်၏။
လင်ရှောင်ရှောင်က ခပ်ဖွဖွ ရယ်မောလိုက်ပြီး...
"အဲ့ဒါ... အစ်ကိုကြီးဖုန်းရဲ့ စွမ်းအားနဲ့... ဆိုင်တယ်...။ ဒါပေမဲ့... အသေးစိတ်ကိုတော့... ကျွန်မလည်း မသိဘူး"
"စွမ်းအား...။ ဘာ... ဘာစွမ်းအားလဲ"
လျိုချင်းယန်နှင့် မြောင်ချင်းချင်းတို့မှာ... လုံးဝ... နားမလည်နိုင် ဖြစ်နေကြသည်။
ပေါက်ကွဲမှု၏ စွမ်းအင်များ... ပျောက်ကွယ်သွားသည်နှင့်... ဖုန်းဝူချန်သည်... အမှန်တကယ်ပင်... ဒဏ်ရာ တစ်စုံတစ်ရာမရှိဘဲ... လူတိုင်း၏ ရှေ့မှောက်၌... ရပ်နေလေသည်။ ဤဖြစ်ရပ်မှာ... ကြောက်မက်ဖွယ် ကောင်းသလို... အံ့ဩဖွယ်ရာလည်း ကောင်းလှ၏...။
တုန်လှုပ်ခြောက်ခြားနေသော သွမ့်ဟုန်ရှီးက ဖုန်းဝူချန်ကို မေးလိုက်သည်။
"မင်း... မင်း... ဘယ်လို... ဘယ်လို လုပ်လိုက်တာလဲ"
ဤမျှ အစွမ်းထက်သော ဓာတ်စွမ်းအင်များ အောက်၌... ဖုန်းဝူချန်... ဒဏ်ရာ တစ်စုံတစ်ရာ မရရှိဘဲ... ကျန်ရစ်ခဲ့သည်ကို... သွမ့်ဟုန်ရှီး... မယုံကြည်နိုင်ခဲ့ပေ...။ ဤသို့သော ဖြစ်ရပ်မျိုးသည်... အိပ်မက်ထဲ၌သာ... တည်ရှိနိုင်ဖွယ်ရှိပြီး... လက်တွေ့၌... မဟုတ်ပေ...။
ဖုန်းဝူချန်က လေသံအေးအေးဖြင့် ဆိုသည်။
"ရုပ်မဲ့ ဓာတ်သဘာဝတွေက... ကျွန်တော့်အပေါ်... သက်ရောက်မှု မရှိဘူး"
"သက်ရောက်မှု မရှိဘူး"
သွမ့်ဟုန်ရှီး မှင်တက်သွားသည်။ ...ရုပ်မဲ့ ဓာတ်သဘာဝများ ဆိုသည်မှာ... စွမ်းအား တစ်ရပ် မဟုတ်ဘူးလား...။ ဘယ်လိုလုပ်... သူ့အပေါ်... သက်ရောက်မှု မရှိနိုင်ရမှာလဲ...။
သွမ့်ဟုန်ရှီးသည်... ဖုန်းဝူချန်၏ စကားလုံးများ... "ကျွန်တော့်အပေါ် သက်ရောက်မှု မရှိဘူး" ...၏ နောက်ကွယ်မှ အဓိပ္ပာယ်ကို... နားမလည်နိုင်ခဲ့ပေ...။ ၎င်းသည်... ရုတ်တရက်... နားလည်ရန်... အလွန် ခက်ခဲသွားသလိုပင်...။
ရုပ်မဲ့ ဓာတ်သဘာဝများသည်... နဂါးနတ်ဘုရား၏ အသက်ရှုမှုကြောင့်... ဖုန်းဝူချန်အပေါ်... သက်ရောက်မှု မရှိခြင်း ဖြစ်သည်။
"ဘုန်း"
ဖုန်းဝူချန်က ရုတ်တရက်... မြေပြင်ကို ဆောင့်နင်းလိုက်ပြီး... 'ဘုန်း' ခနဲ အသံတစ်သံနှင့်အတူ... သူ၏ ပုံရိပ်မှာ... အနက်ရောင် မျဉ်းတစ်ကြောင်းအဖြစ်... ကြောက်မက်ဖွယ် အရှိန်ဖြင့်... ပစ်ထွက်သွားတော့သည်။
"သူ... ငါ့ထက်... မြန်နေတယ်"
သွမ့်ဟုန်ရှီး၏ မျက်နှာထားမှာ... လေးနက်သွားသည်။ ဖုန်းဝူချန်၏ တိုက်ခိုက်မှုသည်... အလွန် အစွမ်းထက်ကြောင်း... သူ ခံစားမိလိုက်၏။ သွမ့်ဟုန်ရှီးက သူ၏ လက်များကို... ရှေ့၌... ကာကွယ်ရန်... မြှောက်တင်လိုက်သည်။
"ဘန်း"
လျှပ်စီးကဲ့သို့ ပစ်ထွက်လာသော ဖုန်းဝူချန်က... ရွှေရောင် တောက်ပနေသော လက်သီးတစ်လုံးကို... သွမ့်ဟုန်ရှီးထံသို့... ပြင်းထန်စွာ... ထိုးနှက်လိုက်သည်။ 'ဘန်း' ခနဲ အသံကျယ်ကြီး ထွက်ပေါ်လာပြီး... ကြမ်းတမ်းလှသော စွမ်းအားက... သွမ့်ဟုန်ရှီးကို... မီတာ (၁၀) ကျော်ခန့်... နောက်သို့... လွင့်စဉ်သွားစေသည်။
"ဒါ... သူ့ရဲ့... အစွမ်းကုန်လား"
သွမ့်ဟုန်ရှီးက ထိတ်လန့်တကြား ကြွေးကြော်လိုက်မိသည်။ သူ၏ ကာကွယ်ထားသော အနေအထားကြားမှပင်... လွင့်စဉ်သွားခဲ့ရပြီး... သူ၏ လက်မောင်းများ၌... အရိုးကျိုးမတတ်... နာကျင်မှုကို... ခံစားလိုက်ရသည်။
လက်သီးတစ်ချက်တည်းဖြင့်... အသာစီး ရယူသွားသည်...။ ထိုကိစ္စမှာ... မည်သို့သော... ကြောက်မက်ဖွယ် စွမ်းအားမျိုး ဖြစ်သနည်း...။
"ဖုန်းဝူချန်ရဲ့ စွမ်းအားက... သေချာပေါက်... ငါ့အထက်မှာ... ရှိနေပြီ...။ ဒီကောင်လေး.. အရမ်း ကြောက်စရာ ကောင်းတယ်"
ထိုသို့ မူရှန်က တုန်ယင်နေသော အသံဖြင့် ဆိုလိုက်ပြီး... ကြောက်ရွံ့မှုများ... သူ၏ နှလုံးသားထဲ၌... ပြည့်နှက်လာသည်။
ဤလက်သီးချက်ကို မြင်တွေ့လိုက်ကြသော ကျောင်းသား အားလုံး... ဖုန်းဝူချန်သည်... ရှုံးနိမ့်နိုင်ခြင်း မရှိဟု... ခံစားလိုက်ကြရသည်။
"ရွှေရောင် ကိုယ်ထည် ဒိုင်း"
သွမ့်ဟုန်ရှီးက ကြွေးကြော်လိုက်ပြီး... သူ၏ 'အစစ်အမှန်ယွမ်' စွမ်းအင်များ... လှိုင်းထန်လာသည်။ အပြာရောင် အလင်းတန်း တစ်ခုက... သူ၏ ခန္ဓာကိုယ် မျက်နှာပြင်ပေါ်၌... တောက်ပလာပြီး... ခပ်ဖျော့ဖျော့... သို့သော်... အလွန် သန်မာသော... ကာကွယ်ရေး စွမ်းအားတစ်ခု... ထိုအရာမှ... ထွက်ပေါ်လာသည်။
သွမ့်ဟုန်ရှီးက ရှေ့သို့ တိုးဝင်လာပြီး... တစ်ချိန်တည်းမှာပင်... သူ... နောက်တစ်ကြိမ်... တိုက်ကွက်ဖော်လိုက်သည်။
"ထင်ယောင်ထင်မှား ကိုယ်ပွားများ"
"ဝှစ်... ဝှစ်... ဝှစ်"
ကိုယ်ပွား (၄) ခု... ချက်ချင်းပင်... ပုံဖော် ဖြစ်ပေါ်လာပြီး... သွမ့်ဟုန်ရှီး (၅) ယောက်... ရှေ့သို့... အုပ်စုလိုက်... တိုးဝင်လာကြသည်။
ဖုန်းဝူချန်၏ အစွမ်းကို ရင်ဆိုင်ရာတွင်... သွမ့်ဟုန်ရှီးသည်... သူ၏ ဝှက်ဖဲအားလုံးကို... ထုတ်သုံးရတော့မည် ဖြစ်သည်။
"ကိုယ်ပွားတွေ"
ဖုန်းဝူချန်... အနည်းငယ်... မှင်တက်သွားပြီး... သွမ့်ဟုန်ရှီး၏ စွမ်းအားနှင့်... သူ၏ လက်ထဲမှ ဖဲချပ်များစွာကို... တိတ်တဆိတ်... အသိအမှတ်ပြုလိုက်မိသည်။
"ဘုန်း... ဘုန်း... ဘုန်း"
"ဝှစ်... ဝှစ်"
ဖုန်းဝူချန်... တစ်ယောက်တည်းက... (၅) ယောက်ကို... ရင်ဆိုင်လျက်... သွမ့်ဟုန်ရှီးနှင့်... နောက်တစ်ကြိမ်... ပြင်းထန်သော တိုက်ပွဲ တစ်ပွဲ၌... ပါဝင်လိုက်သည်။ စွမ်းအင် အားလှိုင်းဂများ... အဆက်မပြတ်...ကြီးမားလာပြီး... မြေပြင်ကို... နောက်တစ်ကြိမ်... တုန်ခါသွားစေသည်။
. လူအင်အား နည်းပါးနေသော်လည်း... ဖုန်းဝူချန်က... နောက်ကျကျန်ရစ်ခြင်း မရှိခဲ့ပေ...။
သူတို့၏ စွမ်းအားများမှာ... အင်အားတူ... ဖြစ်နေကြသည်။
တိုက်ပွဲမှာ... ပြင်းထန်ပြီး... လုံးဝ... အံ့မခန်း ဖြစ်လှသည်။
ကျောင်းသားများမှာ... မျက်တောင်မခတ်ဘဲ... စောင့်ကြည့်နေကြ၏။... အကယ်၍ သူတို့... မျက်တောင်ခတ်လိုက်ပါက... အသည်းထိတ်ဖွယ် အကောင်းဆုံး အပိုင်းကို... လွဲချော်သွားမည်ကို... စိုးရိမ်နေကြသည်။
တစ်ယောက်နှင့် ငါးယောက် အခြေအနေတွင်... သွမ့်ဟုန်ရှီးသည်... ရုတ်တရက်... ဖုန်းဝူချန်က... သူ၏ လှုပ်ရှားမှုများကို... လုံးဝ... ကြိုတင် မြင်နေရသည့်အလား... ခံစားလိုက်ရသည်။
သူတို့ (၅) ယောက်၏ ပြင်းထန်သော တိုက်ခိုက်မှုများမှာ... ဖုန်းဝူချန်အပေါ်သို့... လက်သီးတစ်ချက်မျှပင်... မကျရောက်နိုင်ခဲ့ပေ...။
...'ငါ့ရဲ့ ကိုယ်ပွားတွေက... သာမန် မဟုတ်ဘူး...။ သူတို့ရဲ့ စွမ်းအားက... မူလကိုယ်လောက်... မမီနိုင်ပေမဲ့... သူတို့ရဲ့ အရှိန်ကတော့... သေချာပေါက်... နီးစပ်တယ်...။ ဒါတောင်... တစ်ယောက်နဲ့ (၅) ယောက် တိုက်ခိုက်မှုမှာ... လက်သီးတစ်ချက်တောင်... သူ့ကို... မထိနိုင်ဘူးတဲ့လား’...
သွမ့်ဟုန်ရှီး... ကိုယ့်မျက်လုံးကိုယ် မယုံကြည်နိုင် ဖြစ်သွားသည်။
"အေးစက်မှု...။ ရေခဲဓာတ် 'အစစ်အမှန်ယွမ်'"
သွမ့်ဟုန်ရှီး၏ မျက်နှာ... ရုတ်တရက်... ပြောင်းလဲသွားပြီး... လွှမ်းမိုးနိုင်သော အေးစက်မှု တစ်ခုကို... အာရုံခံမိလိုက်သည်။ သူ၏ ကိုယ်ပွားမှာ... ချက်ချင်း... နောက်သို့... ဆုတ်ခွာလိုက်သည်။
ချက်ချင်း ဆိုသလိုပင်... ကိုယ်ပွား (၄) ခုမှာ... အေးခဲ တောင့်တင်းသွားကြသည်။
ဖုန်းဝူချန်က ပြင်းထန်စွာ... လိုက်လံ တိုက်ခိုက်လိုက်ပြီး... ‘ဂျွတ်’ ခနဲ အသံနှင့်အတူ... သူ၏ ကြမ်းတမ်းလှသော စွမ်းအားက... အေးခဲနေသော ကိုယ်ပွား (၄) ခုကို... ကြေမွသွားစေသညိ။ သူ၏ ပုံသဏ္ဌာန်မှာ... ရွှေရောင် လျှပ်စီးကြောင်း တစ်ခုအဖြစ်... ပစ်ထွက်သွား၏...။
"တတိယအလွှာ ကောင်းကင်အမျက်ဒေါသ လက်ဝါး"
သွမ့်ဟုန်ရှီးနှင့် မီတာ အနည်းငယ် အကွာအဝေး၌... ဖုန်းဝူချန်က ရုတ်တရက် ကြွေးကြော်လိုက်ပြီး... လက်ဝါးတစ်ချက်... ရိုက်ထုတ်လိုက်သည်။
(၂) ကျန့် ကြီးမားသော ရွှေရောင် လက်ဝါးပုံရိပ်ကြီး... ပျံသန်း ထွက်ပေါ်လာပြီး... ခန့်ညားပြီး... လွှမ်းမိုးနိုင်သော စွမ်းအားများ... ပါဝင်နေသည်။
သွမ့်ဟုန်ရှီး၏ မျက်နှာ... ဖြူဖျော့သွားသည်။ သူ ဆုတ်ခွာနေရင်း... အလျင်အမြန်... သူ၏ 'အစစ်အမှန်ယွမ်' စွမ်းအင်ကို... လှုံ့ဆော်လိုက်ပြီး... လက်များဖြင့်... မုဒြာပုံစံများ ဖွဲ့ကာ... ကြွေးကြော်လိုက်သည်။
"ဝိညာဉ်မဲ့ ကောင်းကင်ဖြတ် လက်ဝါး"
"ဘုန်း"
"ဟမ်... ဟမ်"
အနီးကပ် တိုက်ခိုက်မှု ပေါက်ကွဲမှုအောက်၌... ရင်ပြင်ကွင်း၏ မြေပြင်မှာ... အက်ကွဲ ပြိုကျသွားပြီး... ကြမ်းတမ်းလှသော စွမ်းအားက... သွမ့်ဟုန်ရှီးကို... လွင့်စဉ်သွားစေသည်။ ဖုန်းဝူချန်၏ ကြမ်းကြုတ်သော စွမ်းအားကို... လုံးဝ... မခံနိုင်ခဲ့ပေ...။
‘ဒီဖုန်းဝူချန်ရဲ့ စွမ်းအားက... စူးလဲ့ယန်နဲ့တောင်... ယှဉ်ပြိုင်နိုင်လောက်တယ်’
သွမ့်ဟုန်ရှီးက မျက်မှောင်ကြုတ်လျက် တွေးလိုက်မိသည်။ ဤမျှ... ပုံမှန် မဟုတ်သော ပြိုင်ဘက်မျိုးကို... သူ... တစ်ခါမျှ... မကြုံတွေ့ဖူးခဲ့ပေ...။
အနီးကပ် တိုက်ခိုက်မှုတွင် ရှုံးနိမ့်ခြင်း... ၊
သိုင်းပညာများ၌ လွှမ်းမိုးခံရခြင်း...။
ဖုန်းဝူချန်ကို ရင်ဆိုင်ရာတွင်... သွမ့်ဟုန်ရှီးသည်... လုံးဝ... အကူအညီမဲ့သလို... ခံစားလိုက်ရသည်။
ဖုန်းဝူချန်သည်... ယွမ်တန်ဘုံ ပထမအလွှာသို့... ထိုးဖောက် အောင်မြင်ခဲ့ပြီးနောက်... သွမ့်ဟုန်ရှီးမှာ... တစ်လှမ်းချင်း... ဆုတ်ခွာနေရလေပြီ။
ကြီးမားလှသော ကွာခြားမှုက... လူတိုင်းအား... ... အိပ်မက်ဆန်သော ထင်ယောင်ထင်မှားမှု တစ်ခုထဲ၌... ရောက်ရှိနေသည့်အလား... ခံစားသွားစေသည်။
အင်ပါယာ၏ အကောင်းဆုံး ပါရမီရှင်... ဖုန်းဝူချန်ထက်... အဆင့် တစ်ဆင့်... ပိုမြင့်သော... ယွမ်တန်ဘုံ ဒုတိယအလွှာကို... ပိုင်ဆိုင်ထားသူ...။ မမျှော်လင့်ဘဲ... ဖုန်းဝူချန်ကို... အသာစီးမရနိုင်ခဲ့ပေ...။
"ဖြောင်း"
သွမ့်ဟုန်ရှီးက သူ၏ ခန္ဓာကိုယ် အတွင်းမှ... လှိုင်းထန်နေသော သွေးများနှင့် 'ချီ' စွမ်းအင်များကို... အားကုန်... ဖိနှိပ်လိုက်ပြီးနောက်... သူ၏ လက်ဝါး နှစ်ဖက်ကို... ပြတ်သားသော အသံတစ်သံ ထွက်ပေါ်လာသည်အထိ... ပူးကပ်လိုက်သည်။
အပြာရောင် အလင်းတန်း တစ်ခု... လက်ခနဲ ဖြစ်သွားပြီး... ထို့နောက်... သူ၏ လက်များ... ကွဲကွာသွားသည်နှင့်... လှံရှည် တစ်ချောင်း... လေဟာနယ်ထဲမှ... ပေါ်ထွက်လာသည်။
"သာလွန်အဆင့် မှော်လက်နက်"
ဖုန်းဝူချန်က အံ့ဩစွာ ကြွေးကြော်လိုက်သည်။
"ခင်ဗျား... တကယ်ပဲ... လှည့်ကွက် တစ်ခု... ဖုံးကွယ်ထားခဲ့တာပဲ"
"ဖုန်းဝူချန်... မင်းက... ငါ့ကို... စစ်ဝိညာဉ် လှံတော်ကို... ထုတ်သုံးခိုင်းတဲ့... ဒုတိယမြောက် လူပဲ၊ ဟားဟား"
သွမ့်ဟုန်ရှီးက စိတ်လှုပ်ရှားစွာ ရယ်မောရင်း ဆိုလိုက်သည်။ စစ်ဝိညာဉ် လှံတော်ကို... ဆင့်ခေါ်လိုက်သည့် ထိုအခိုက်... သွမ့်ဟုန်ရှီး၏ အရှိန်အဝါမှာ... ပေါက်ကွဲသံနှင့်အတူ... မြင့်တက်လာတော့သည်။
အလွန်အမင်း သန်မာသော စွမ်းအားတစ်ခုက... သွမ့်ဟုန်ရှီး၏ ခန္ဓာကိုယ်မှ... ထွက်ပေါ်လာပြီး... စစ်ဝိညာဉ် လှံတော် မရှိဘဲ... လုံးဝ ကွဲပြားသော လူတစ်ယောက် ဖြစ်သွားသည့်အလား... ထင်မှတ်ရသည်။
ဤအချက်က... သွမ့်ဟုန်ရှီး၏ လှံသိုင်းပညာ ကျွမ်းကျင်မှုမှာ... အလွန် မြင့်မားကြောင်း... ပြသနေသည်။
"ပထမ တစ်ယောက်က... စူးလဲ့ယန်နဲ့... တူတယ်"
ဖုန်းဝူချန်က ခပ်ဖျော့ဖျော့ ပြုံးရင်း ဆိုလိုက်သည်။
"မဟုတ်ဘူး... ပထမ တစ်ယောက်က... အိမ်ရှေ့စံ မင်းသားပဲ"
သွမ့်ဟုန်ရှီးက ရယ်မောလိုက်သည်။
"မင်းသားငယ်က... သူ့ရဲ့ တကယ့် စွမ်းအားကို... အမြဲတမ်း... ဖုံးကွယ်ထားခဲ့တာပဲ"
ရှင်းထျန်းဖုန်းက အတော်လေး အံ့ဩစွာ ဆိုလိုက်သည်။
"လှံ ဝိညာဉ်...။ မင်းသားငယ်ရဲ့ လှံသိုင်းပညာက... ပြည့်စုံမှု နယ်ပယ်ကို... ရောက်ရှိနေပြီ"
ကျန်းယွင်ထျန်းမှာ... အလွန်အမင်း... တုန်လှုပ်ခြောက်ခြားသွားသည်။
အကယ်ဒမီမှ... ကျောင်းအုပ်ကြီးနှင့် အကြီးအကဲများ အပါအဝင်... မည်သူကမျှ... သွမ့်ဟုန်ရှီးက... လှံတစ်ချောင်း... အသုံးပြုကြောင်း... မသိရှိခဲ့ကြသလို... မည်သူကမျှလည်း... သွမ့်ဟုန်ရှီး၏ စစ်ဝိညာဉ် လှံတော်ကို... တစ်ခါမျှ... မမြင်တွေ့ဖူးခဲ့ကြပေ...။
စစ်ဝိညာဉ် လှံတော်သည်... သွမ့်ဟုန်ရှီး၏ လျှို့ဝှက် လက်နက်ပင်တည်း။
သွမ့်ဟုန်ရှီးက စစ်ဝိညာဉ် လှံတော်ကို ကိုင်စွဲလိုက်သည်နှင့်... မြေပြင်ကို ထိုးစိုက်လိုက်ရာ... 'ဒင်' ခနဲ... ပဲ့တင်သံတစ်သံ ထွက်ပေါ်လာ၏။.. ရုတ်ချည်းပင်... အလွန်အမင်း အစွမ်းထက်သော 'ချီ' အရှိန်အဝါများကို... ရင်ပြင်ကွင်း၏ မျက်နှာပြင် တစ်လျှောက်... ပျံ့နှံ့သွားစေသည်။ ၎င်းက အထင်ကြီးဖွယ် ကောင်းပြီး... ခန့်ညားလှ၏...။
"လှံ ဝိညာဉ်"
ဖုန်းဝူချန်... အနည်းငယ်... မျက်မှောင်ကြုတ်လိုက်မိသည်။
သွမ့်ဟုန်ရှီး၏ လှံ ဝိညာဉ်မှာ... အလွန်အမင်း... သန်မာလှပြီး... ဖိနှိပ်နိုင်သော စွမ်းအားများဖြင့်... ပြည့်နှက်နေသည်။
ဖုန်းဝူချန်၏ လေဟာနယ်ကို ဖမ်းဆွဲလိုက်မှုနှင့်အတူ... အဝေး၌ မြေပြင်ထဲသို့ စိုက်ဝင်နေသော... မီးလျှံဓားမှာ... သူ့ထံသို့... ပျံသန်းလာသည်။
သံသယဖြစ်ဖွယ် မရှိ၊ ... တိုက်ပွဲသည်... သူ၏ အရေးကြီးဆုံး အခိုက်အတန့်သို့... ရောက်ရှိလာခဲ့လေပြီ...။
ကြောက်လန့်နေသော ကျောင်းသားများ အားလုံး... အသက်အောင့်ထားလိုက်ကြသည်။
သွမ့်ဟုန်ရှီးက မြေပြင်ကို ဆောင့်နင်းလိုက်ပြီး... စစ်ဝိညာဉ် လှံတော်ကို... မြင့်မားစွာ... ကိုင်ဆောင်လျက်... လေထဲသို့... မြင့်မားစွာ... ခုန်တက်လိုက်သည်။ သူ၏ တည်ရှိမှုမှာ... အမိန့်ပေးနိုင်စွမ်း ရှိပြီး... အရှိန်အဝါမှာ... ကောင်းကင်သို့... တက်သွားကာ... ကောင်းကင် နတ်ဘုရားတစ်ပါး... သက်ဆင်းလာသည့်အလား...။
သွမ့်ဟုန်ရှီးက လေထဲ၌... သူ၏ လှံဖြင့် ကခုန်လိုက်သည့်အခါ... အပြာရောင် အလင်းတန်းများ... ဖွဲ့တည်၏။... သူ၏ အရှိန်အဝါမှာ... နောက်တစ်ကြိမ်... မြင့်တက်လာကာ... လှံအရှိန်အဝါ၏ ကြောက်မက်ဖွယ် စွမ်းအင်မှာ.. အရိုးကွဲမတတ်... အေးစက်လှသည်။
"မြေကမ္ဘာအဆင့် သိုင်းပညာ"
စူးလဲ့ယန်က တုန်လှုပ်စွာ ကြွေးကြော်လိုက်သည်။
"ဒီ 'တောမျောက်' မှာတောင်... မြေကမ္ဘာအဆင့် သိုင်းပညာ... ရှိနေတယ်"
"အိုး... ငါ့ဘုရား...။ သူ... သူ့ရဲ့ အရည်အချင်းတွေကို... ဒီလောက် နက်နက်ရှိုင်းရှိုင်း... ဖုံးကွယ်
ထားခဲ့တာပဲ"
"သာလွန်အဆင့် မှော်လက်နက်ကို... မြေကမ္ဘာအဆင့် သိုင်းပညာနဲ့... ပေါင်းစပ်ထားတယ်...။ အဲ့ဒါ... ဘယ်လောက် ကြောက်စရာ ကောင်းလိုက်မလဲ"
ကျောင်းသား အားလုံး... မတ်တပ်ထရပ်လိုက်ကြသည်။
သူတို့သည်... သွမ့်ဟုန်ရှီးကို... ပထမဆုံးအကြိမ်... မြင်တွေ့ဖူးသလို ခံစားလိုက်ရ၏...။
ဤမျှ... ကြောက်မက်ဖွယ် ကောင်းသော တိုက်ခိုက်ရေး စွမ်းအားမျိုးကို... သူ့ထံမှ... တစ်ခါမျှ... မမြင်တွေ့ဖူးခဲ့ကြပေ...။
"အင်မော်တယ် စစ်ဝိညာဉ် လှံတော်...။ ကြယ်တာရာများကို ကြေမွစေခြင်း"
သွမ့်ဟုန်ရှီးက ဟိန်းဟောက်လိုက်ပြီး... အမြင့်မှနေ၍... သူ၏ လှံကို... ဖုန်းဝူချန်ထံသို့... အောက်သို့... ထိုးစိုက်လိုက်သည်။
"ဝှစ်"
(၂) ကျန့် ကြီးမားသော အပြာရောင် လှံအရှိန်အဝါ... ထိုးဆင်းလာပြီး... စူးရှသော အသံလှိုင်း ပေါက်ကွဲမှု တစ်ခု... ပါဝင်လာသည်။ ၎င်း ဖြတ်သန်းသွားလေရာ... လေဟာနယ်ကို... အနည်းငယ်... တုန်ခါသွားစေပြီး... စွမ်းအားမှာ... အလွန် ပြင်းထန်လှပေသည်။
"ဒင်"
မီးလျှံဓားကို မြေပြင်၌ စိုက်ထိုးလိုက်သည်နှင့်... ဖုန်းဝူချန်က သူ၏ လက်များဖြင့်... မုဒြာပုံစံများ ဖွဲ့လိုက်ပြီး... တောက်ပစွာ တည်ရှိလာသော... ရွှေရောင် အခင်းအကျင်း တစ်ခု အသက်သွင်းလိုက်သည်။ ရှုပ်ထွေးပြီး... လျှို့ဝှက်ဆန်းကြယ်သော သင်္ကေတများ... ထွက်ပေါ်လာပြီး... မျက်စိကျိန်းလောက်အောင် တောက်ပသော ရွှေရောင် အလင်းတန်းများ... ကောင်းကင်သို့... ထိုးတက်သွား၏...။
တဆက်တည်း၌ လွှမ်းမိုး ဖိနှိပ်နိုင်စွမ်းသော ဓားစိတ်ဆန္ဒ တစ်ခုက... ကောင်းကင်သို့ ဟစ်အော်ကာ... မြေအောက်ကမ္ဘာသို့... ငိုကြွေးနေသည့်အလား......
ဝိညာဉ်များကို... တုန်ခါသွားစေ၏... ။
"ထင်ယောင်ထင်မှား ဓားသိုင်းပညာ...။ နဝမ ကောင်းကင်၏ ထင်ယောင်ထင်မှား ပျက်စီးခြင်း"
ဖုန်းဝူချန်က ကျယ်လောင်စွာ ကြွေးကြော်လိုက်သည်နှင့်... ရွှေရောင် စွမ်းအင်များ... စုစည်းလာပြီး... ရွှေရောင် စွမ်းအင် ဓားကြီး တစ်လက်အဖြစ်သို့... ပြောင်းလဲသွားသည်။... ၎င်း၏ လွှမ်းမိုးနိုင်သော ဓားအရှိန်အဝါမှာ... ကြမ်းတမ်းစွာ... လှိုင်းထန်နေသည်။
ရွှေရောင်နှင့် အပြာရောင် အလင်းတန်းများက... ရင်ပြင်ကွင်းကို... လွှမ်းခြုံသွားပြီး... မျက်စိကျိန်းလောက်အောင်... တောက်ပနေ၏။
"ဝှစ်"
မီးလျှံဓားကို လွှဲယမ်းလိုက်သည်နှင့်... ထိုစွမ်းအင် ဓားကြီးမှာ... ရွှေရောင် ဥက္ကာခဲ တစ်ခု... လေဟာနယ်ကို ဖြတ်သန်းသွားသည့်အလား... ကောင်းကင်သို့... ထိုးတက်သွား၏။... ၎င်း၏ ဖျက်ဆီးခြင်း အရှိန်အဝါမှာ... သွမ့်ဟုန်ရှီး၏ အရာထက်ပင်... ပို၍ ပြင်းထန်နေသည်။
ဤအခိုက်အတန့်တွင်... ကျောင်းသား အားလုံး၏ နှလုံးသားများမှာ... သူတို့၏ ရင်ဘတ်ထဲမှ... ခုန်ထွက်မတတ် ဖြစိနေကြပြီး... နည်းပြများ၏ မျက်နှာများမှာ... ထိတ်လန့်မှုများဖြင့်... ပြည့်နှက်နေလေသည်။
“ဝုန်း”
မျက်စိတစ်မှိတ် အတွင်းမှာပင်... လှံအရှိန်အဝါနှင့် စွမ်းအင်ဓားတို့... ပြင်းထန်စွာ... တိုက်မိသွားကြပြီး... ထိခတ်မှုနှင့်အတူ... ပေါက်ကွဲသွားရာ... နားကွဲမတတ်... ပေါက်ကွဲသံများ... ထွက်ပေါ်လာသည်။
ဖျက်ဆီးအား ပြင်းထန်သော စွမ်းအင် လှိုင်းဂယက်များ... ခုခံနိုင်ခြင်း မရှိသော စွမ်းအားဖြင့်... ပျံ့နှံ့သွားသည်။
"ဝေါ့... ဝေါ့”
ဖုန်းဝူချန်နှင့် သွမ့်ဟုန်ရှီး နှစ်ဦးလုံး... တစ်ချိန်တည်းနီးပါး၌... သွေးတစ်လုတ် အန်ထုတ်လိုက်ရပြီး...ချက်ချင်းပင် စွမ်းအင် လှိုင်းဂယက်များ....သက်ရောက်ခံလိုက်ရသည်။
"ဝုန်း... ဝုန်း"
ပျံ့နှံ့နေသော စွမ်းအင် အားလှိုင်းများက... ရင်ပြင်ကွင်းကို... ဟိန်းဟောက် တုန်ခါသွားစေ၏။... အက်ကွဲကြောင်းများစွာ... ရင်ပြင်ကွင်း၏ အစွန်းများဆီသို့... ပျံ့နှံ့သွားကာ... ကျောင်းသားများစွာတို့မှာ... ထိတ်လန့်တကြား... နောက်သို့... ဆုတ်ခွာသွားကြသည်။
ဖုန်းဝူချန်နှင့် သွမ့်ဟုန်ရှီး နှစ်ဦးလုံး... မြေကမ္ဘာ အဆင့် သိုင်းပညာများ... တိုက်မိမှုတွင်... ဒဏ်ရာ ရရှိသွားကြသော်လည်း... မည်သူ... အောင်ပွဲခံမည်ကို... မသိရှိရသေးပေ...။
ရင်ပြင်ကွင်း တစ်ခုလုံးမှာ... ဖုံလုံးကြီးများဖြင့်... ဖုံးလွှမ်းနေပြီး... တိုက်ခိုက်သူ နှစ်ဦး၏ ပုံရိပ်များကို... မြင်တွေ့နိုင်ခြင်း... မရှိတော့သလို... သူတို့၏ တည်ရှိမှုကိုလည်း... အာရုံမခံနိုင်တော့ပေ...။
အဘယ်ကြောင့်ဆိုသော်... သူတို့၏ အရှိန်အဝါမှာ... စွမ်းအင် လှိုင်းဂယက်များကြောင့်... လုံးဝ... ဖုံးကွယ်ခြင်း... ခံထားရသောကြောင့်တည်း..။
လူတိုင်း၏ အကြည့်များမှာ... ရင်ပြင်ကွင်းပေါ်၌... စူးစိုက်နေကြပြီး... မည်သူ... အနိုင်ရရှိသွားသည်ကို... အားလုံး... သိချင်နေကြသည်။
"ဒီလောက် စွမ်းအားနဲ့ဆို... 'တောမျောက်'... နိုင်သွားမှာ သေချာတယ်"
"ဖုန်းဝူချန်ကလည်း... ကြောက်စရာကောင်းတယ်...။ နှစ်ယောက်လုံး... ပျက်စီးသွားတာလည်း... ဖြစ်နိုင်တယ်"
“ဘယ်သူ... ဘယ်သူ... နိုင်သွားတာလဲ...။ မသိရတာက... တကယ်... သေတော့မှာပဲဟ”
ကျောင်းသားများမှာ... လုံးဝ... စိုးရိမ် ပူပန်လျက်... မျှော်လင့်တကြီး... ဖြစ်နေကြ၏။...
တစ်စုံတစ်ယောက်က... ထိုဖုန်မှုန့်များကို... မှုတ်ထုတ်ပေးကာ... မည်သူ နိုင်ပြီး... မည်သူ ရှုံးသွားသည်ကို... ရှင်းရှင်းလင်းလင်း... မြင်တွေ့နိုင်ရန်... ဆုတောင်းနေကြသည်။
စက္ကန့် ဒါဇင် အနည်းငယ် ကြာပြီးနောက်... ဖုန်မှုန့်များ... တဖြည်းဖြည်း... ပျောက်ကွယ်သွားပြီး... မှေးမှိန်သော ပုံရိပ် နှစ်ခုကို... ကြည့်ရှုသူများထံ... ပေါ်ထွက်လာစေသည်။ သို့သော်... မည်သူ မည်ဝါ ဖြစ်သည်ကိုတော့... ရှင်းရှင်းလင်းလင်း... မသိရှိရသေးပေ...။
ရှင်းရှင်းလင်းလင်း... မဖြစ်သေးခင်မှာပင်... လူတစ်ယောက်... လဲကျသွားပြီး... အခြား တစ်ယောက်မှာမူ... မတ်တပ် ရပ်နေဆဲ...။
မည်သူ... လဲကျသွားသနည်း...။ သွမ့်ဟုန်ရှီးလော... သို့တည်းမဟုတ်... ဖုန်းဝူချန်လော...။
ကြည့်ရှုသူများ၏ နှလုံးသားများမှာ... အပြေးအလွှား... ခုန်နေကြပြီး... အလွန်အမင်း... စိတ်စောနေကြတော့၏။... သူတို့အားလုံး... ရင်ပြင်ကွင်းသို့... ပြေးတက်သွားပြီး... အမှန်တရားကို... ဖော်ထုတ်ချင်နေကြသည်။