← Chapters

နောက်တစ်ကြိမ် ထိုးဖောက်ခြင်း

Vol. 8 Ch. 114

နောက်တစ်ကြိမ် ထိုးဖောက်ခြင်း

Vol. 8 Ch. 114

~ဖုန်မှုန့်များနှင့် မီးခိုးငွေ့များ တဖြည်းဖြည်း လွင့်ပါးသွားသည်နှင့်အမျှ... မှေးမှိန်နေသော ပုံရိပ်များမှာ တဖြည်းဖြည်း ပို၍ ထင်ရှားလာတော့သည်။

"အဲ... အဲဒါ... ဖုန်းဝူချန်နဲ့ တူတယ်"

"မဟုတ်ဘူး... အဲ့ဒါ 'တောမျောက်' ရဲ့ လှံပဲ...။ 'တောမျောက်'... 'တောမျောက်' ပဲ ဖြစ်ရမယ်"

"ဟုတ်တယ်...။ 'တောမျောက်' ပဲ ဖြစ်ရမယ်...။ အဲ့ဒီလှံက မှားစရာမရှိဘူး"

ပုံရိပ်မှာ ပို၍ ထင်ရှားလာသည်ကို ကြည့်ရင်း... သူ၏ ဘေး၌ လှံရှည်တစ်ချောင်း ရှိနေသဖြင့်... ၎င်းမှာ သွမ့်ဟုန်ရှီး ဖြစ်ကြောင်း သံသယဖြစ်ဖွယ် မရှိတော့ပေ။ ကျောင်းသားများအားလုံး စိတ်လှုပ်ရှားသွားကြ၏။

သို့သော်... ဖုန်မှုန့်များ လုံးဝ လွင့်စင်သွားသောအခါ... လူတိုင်း မှင်တက်သွားကြတော့သည်။ စစ်ဝိညာဉ် လှံတော်၏ ဘေး၌ မတ်တပ်ရပ်နေသူမှာ... သွမ့်ဟုန်ရှီး မဟုတ်ဘဲ... ဖုန်းဝူချန် ဖြစ်နေခဲ့သည်။

...

ဟုတ်သည်...။ ထိုနေရာ၌ မတ်တပ်ရပ်နေသူမှာ... ဖုန်းဝူချန်ပင်တည်း။

လဲကျသွားသူမှာကား... သွမ့်ဟုန်ရှီး ဖြစ်နေခဲ့၏။

ဖုန်းဝူချန်၌ ပြင်းထန်သော ဒဏ်ရာအချို့ ရရှိထားပြီး... သူ၏ အသားအရေမှာ ဖြူဖျော့နေသော်လည်း... အဆုံးသတ်တွင်တော့... သူသည် သွမ့်ဟုန်ရှီးကို အနိုင်ယူခဲ့လေပြီ။

"ဖုန်းဝူချန်... နိုင်သွားတာပဲ...။ သူ့ရဲ့ ဓားသိုင်းပညာက... အရမ်း ကြောက်စရာကောင်းလွန်းတယ်"

စူးလဲ့ယန်မှာ တုန်လှုပ်စွာဖြင့် ကြောင်ငေးနေမိတော့သည်။

" ရေး….အစ်ကိုဖုန်း နိုင်ပြီ...။ အစ်ကိုဖုန်း နိုင်ပြီ"

လျိုချင်းယန်နှင့် လင်းယိုတို့မှာ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြပြီး... သူတို့၏ မျက်နှာများမှာ နီရဲတက်လာတော့သည်။

သေလောက်အောင် တိတ်ဆိတ် ငြိမ်သက်နေမှု ခဏတာ အပြီးတွင်... နေရာတစ်ခုလုံး ချက်ချင်း ပွက်လောရိုက်သွားတော့၏။

အင်ပါယာ၏ ထိပ်တန်း ပါရမီရှင်ကို... ဖုန်းဝူချန်က... အနိုင်ယူခဲ့လေပြီ။

ရှင်းထျန်းဖုန်းနှင့် ကျန်းယွင်ထျန်းတို့မှာ... ယုံကြည်ရန် အလွန် ခက်ခဲနေကြသည်။

"ဖုန်းဝူချန်... မင်း... ငါ့ကို... လာမထူတော့ဘူးလား"

ပြင်းထန်စွာ ဒဏ်ရာရရှိထားသော သွမ့်ဟုန်ရှီးက အားယူကာ တောင်းဆိုလိုက်သည်။

ဖုန်းဝူချန်က အားယူ ပြုံးလိုက်ပြီး... သွားရန် ရည်ရွယ်လိုက်သော်လည်း... ကျန်းယွင်ထျန်းက သွမ့်ဟုန်ရှီး၏ ဘေးသို့ လှစ်ခနဲ ရောက်ရှိသွားပြီး ဖြစ်ကာ... သူ့အား ထူမပေးလျက်... ဆေးရည်တစ်လုံး တိုက်ကျွေးလိုက်သည်။

"ဒဏ်ရာတွေက... မသေးဘူး"

ကျန်းယွင်ထျန်း အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသော်လည်း... အသက်အန္တရာယ် မရှိကြောင်း မှတ်ချက်ချလိုက်၏။

"ခင်ဗျား... အဆင်ပြေရဲ့လား"

ဟု ဖုန်းဝူချန်က ပြုံးရင်း မေးလိုက်သည်။

"အဆင်ပြေလား...။ ငါက ဘယ်လိုလုပ် အဆင်ပြေနိုင်မှာလဲ...။ နာတယ်... တကယ်... နာတယ်ကွ"

သွမ့်ဟုန်ရှီး စိတ်တိုလာပြီး... သူ၏ မျက်နှာမှာ ရုတ်တရက် ရှုံ့မဲ့သွားကာ... နာကျင်စွာ အော်ဟစ်လိုက်တော့သည်။

ဖုန်းဝူချန်က ရှက်ရွံ့စွာ ပြုံးလိုက်ပြီး... တိတ်ဆိတ်နေကာ... ဆေးရည်တစ်လုံး ထုတ်ယူ မျိုချလိုက်၏။

"ဟွန့်...။ မင်း... ကိုယ့်ကိုယ်ကိုယ်... အတင်း ဖိအားပေးလို့ ဖြစ်တာ"

ကျန်းယွင်ထျန်းက စိတ်တိုစွာဖြင့် မြည်တွန်လိုက်သည်။

သွမ့်ဟုန်ရှီးက မျက်လုံးလှန်လိုက်ပြီးနောက်... ဖုန်းဝူချန်ကို ကြည့်ကာ...

"မင်းက... တကယ့် လူထူးလူဆန်းပဲ...။ ဒီလောက်ထိ ဖြစ်တာတောင်... မင်းကို... မနိုင်ဘူး...။ မင်း... တကယ်... တစ်ခုခုပဲ"

"ခင်ဗျားကလည်း... ကျွန်တော့်ကို... တော်တော်လေး နာကျင်အောင်... လုပ်ခဲ့တာပဲ"

ဖုန်းဝူချန်က ခပ်ဖျော့ဖျော့ ပြုံးရင်း ဆိုလိုက်သည်။ ၎င်းမှာ အမှန်တကယ်ပင် သူ ခံစားလိုက်ရသည့်အတိုင်း ဖြစ်၏။

သွမ့်ဟုန်ရှီး၏ စွမ်းအားမှာ အမှန်တကယ် ကြောက်မက်ဖွယ် ကောင်းလှပြီး... ဖုန်းဝူချန်အပေါ်၌ သိသာထင်ရှားသော ဒဏ်ရာများ ရရှိစေခဲ့သည်။ ထိုအချက်ကပင် သွမ့်ဟုန်ရှီး၏ စွမ်းအားကို များစွာ ဖော်ပြနေလေသည်။

...ဖုန်းဝူချန်က ပို၍ သန်မာနေခဲ့ခြင်းသာ...။

"ဖုန်းဝူချန်... အနိုင်ရသည်"

ကျန်းယွင်ထျန်းက ကြေညာလိုက်ရာ... လူအုပ်ကြီးမှာ ပို၍ပင် ပွက်လောရိုက်သွားပြီး... အားလုံး ဖုန်းဝူချန်၏ အမည်ကို ကြွေးကြော်နေကြတော့သည်။

ဖုန်းဝူချန် စင်မြင့်မှ မဆင်းရသေးခင်မှာပင်... လင်ရှောင်ရှောင်က ပေါ့ပါးသော ခြေလှမ်းများဖြင့် ပြေးထွက်လာ၏။ သူမ၏ မျက်နှာပေါ်၌ ချိုမြိန်သော အပြုံးတစ်ပွင့် ဖူးပွင့်လျက်...ဂုဏ်ပြုလေသည်။

"ဂုဏ်ယူပါတယ်... အစ်ကိုကြီးဖုန်း"

လင်ရှောင်ရှောင်၏ အပြုံးသည်... သံသယဖြစ်ဖွယ်မရှိ... မရေမတွက်နိုင်သော ကျောင်းသား လူငယ်များစွာတို့ကို... စွဲမက်သွားစေ၏။... သူတို့ထဲမှ အများအပြားမှာ... မနာလိုမှုနှင့် မကျေမနပ်မှုများ ဖြစ်ပေါ်လာကြသည်။

နောက်ဆက်တွဲ တိုက်ပွဲများမှာလည်း အလားတူ ပြင်းထန်လှပြီး... အဆုံးသတ်တွင်... စူးလဲ့ယန်၊ မူရှန်နှင့် တုံဝူရွှမ်းတို့ အဆင့်တက်သွားခဲ့ကြသည်။

ဖုန်းဝူချန် အပါအဝင်... စုစုပေါင်း လူ (၄) ယောက် ဖြစ်၏။

ထျန်းယန် အကယ်ဒမီ၏ သိုင်းပြိုင်ပွဲအတွက် စာရင်းကိုလည်း ကြေညာခဲ့ရာ... အဆင့်တက်သွားသော လေးယောက်နှင့်အတူ... သွမ့်ဟုန်ရှီးပါ ပါဝင်လေသည်။

သူတို့ ငါးယောက်သည်... ထျန်းယန် အကယ်ဒမီကို ကိုယ်စားပြု၍ သိုင်းပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

ပြိုင်ပွဲ၏ စတုတ္ထ အဆင့်မှာ... အဓိပ္ပာယ်မဲ့သွားခဲ့လေပြီ။

စူးလဲ့ယန်မှ လွဲ၍... လူတိုင်းသည်... ဖုန်းဝူချန်ကို အနိုင်ယူရန်... ယုံကြည်မှု ကင်းမဲ့နေကြသည်။

တုံဝူရွှမ်းနှင့် မူရှန် နှစ်ဦးလုံး... အရှုံးပေးလိုက်ကြ၏။

ဖုန်းဝူချန်နှင့် စူးလဲ့ယန်တို့ကြားမှ ကြီးမားလှသော စွမ်းအား ကွာဟချက်ကို ထောက်ရှုလျက်... ဖုန်းဝူချန်သည်... သူ မည်မျှပင် သန်မာသည် ဖြစ်စေကာမူ... စူးလဲ့ယန်ကို အနိုင်ယူနိုင်လိမ့်မည်ဟု... မျှော်လင့်ရန်... မောက်မာဝံ့ခြင်း မရှိသဖြင့်... သူလည်း... အရှုံးပေးလိုက်သည်။

အနိုင်ယူနိုင်ခြင်း မရှိသော ပြိုင်ဘက်တစ်ဦးနှင့် တိုက်ခိုက်ရင်း... အချိန်ဖြုန်းမည့်အစား...သူသည်... ပြန်သွားပြီး... ကျင့်ကြံလိုစိတ် ပို၍ ရှိပါသည်။ ထို့အပြင်... ရှေးဟောင်း ရွှေနဂါး တံဆိပ်တော်၌... မည်သို့သော အသုံးဝင်မှုများ ရှိနိုင်သည်ကို... ကြည့်ရှုရန်... အခွင့်အရေးကိုပါ... ရယူလိုသည်။

သို့နှင့် စူးလဲ့ယန်သည်... အကယ်ဒမီ၏ ပြိုင်ပွဲ၌... နံပါတ်တစ် နေရာကို... ထိုက်တန်စွာ... ရရှိသွားခဲ့၏။

စွမ်းအားအလိုက် အဆင့်

သတ်မှတ်ချက်များမှာ... စူးလဲ့ယန် ပထမ၊ ဖုန်းဝူချန် ဒုတိယ၊ သွမ့်ဟုန်ရှီး တတိယ၊ မူရှန် စတုတ္ထနှင့်... တုံဝူရွှမ်း ပဉ္စမ တို့ ဖြစ်လေသည်။

ယခုနှစ် ပြိုင်ပွဲသည်... ယခင်နှစ်များထက်... အဆပေါင်း တစ်ရာမက... ပို၍ စိတ်လှုပ်ရှားဖွယ် ကောင်းလှလေ၏။...

ကျောင်းသားများအား... အသွင်ပြောင်းဘုံ၏ ကြောက်မက်ဖွယ် အထွတ်အထိပ်... ၊

ဖုန်းဝူချန်၏ အင်ပါယာ ထိပ်တန်း ပါရမီရှင်ကို... အံ့မခန်း အနိုင်ယူမှု... ၊

မြေကမ္ဘာအဆင့် သိုင်းပညာများ၏ ကြောက်မက်ဖွယ် စွမ်းအား... နှင့်...

သွမ့်ဟုန်ရှီး၏ တကယ့် စွမ်းအားတို့ကို... ပြသခဲ့လေသည်။

ဖုန်းဝူချန်... ထိုမြင်းနက်ကြီးသည်... သံသယဖြစ်ဖွယ် မရှိ... အတောက်ပဆုံးသော တည်ရှိမှု... ၊ကျောင်းသား အားလုံး၏ ပြောဆို ဆွေးနွေးမှု... ဖြစ်လာခဲ့တော့သည်။

"တစ်လ ကြာရင်... အင်ပါယာရဲ့ သိုင်းပြိုင်ပွဲ ကျင်းပလိမ့်မယ်...။ မင်းတို့အားလုံး... ဒီအခွင့်အရေးကို အလဟဿ မဖြုန်းတီးဘဲ... ကြိုးကြိုးစားစား လေ့ကျင့်ကြပြီး... နတ်ဘုရား တောင်ကြားမှာ... လေ့ကျင့်ခွင့်ရဖို့... ရည်မှန်းကြလိမ့်မယ်လို့... ငါ မျှော်လင့်တယ်"

ရှင်းထျန်းဖုန်းက လေးနက်စွာ ‌ပြောကြားလိုက်၏။

"စိတ်မပူပါနဲ့... ကျောင်းအုပ်ကြီး...။ ကျွန်တော်တို့... အစွမ်းကုန် ကြိုးစားပြီး... ခင်ဗျားနဲ့... အကြီးအကဲ သုံးယောက်ကို... စိတ်ပျက်အောင်... လုပ်မှာ မဟုတ်ပါဘူး"

စူးလဲ့ယန်က ရိုသေစွာ ပြန်ဖြေလိုက်ပြီး... သူ၏ မျက်လုံးများမှာ... ယုံကြည်မှုများဖြင့်... ပြည့်နှက်နေသည်။

ရှင်းထျန်းဖုန်းက ခေါင်းညိတ်လိုက်ကာ

"မင်းတို့အားလုံး... အခု ပြန်နိုင်ကြပြီ”

တစ်နှစ်တာမျှ မနေထိုင်ခဲ့ရသော အခန်း လွတ် တစ်ခုသို့ ပြန်ရောက်လာပြီးနောက်... ဖုန်းဝူချန်သည်.. ဒဏ်ရာ ကုစားလိုက်ပြီး... ရှေးဟောင်း ရွှေနဂါး တံဆိပ်တော်ကို... စစ်ဆေး ကြည့်ရှုလိုက်သည်။

သူ၏ အသစ် နိုးထလာသော သွေးမျိုးဆက်ကိုမူ... လောလောဆယ်... လျစ်လျူရှုထားလိုက်၏။

ရှေးဟောင်း ရွှေနဂါး တံဆိပ်တော်သည်... နဂါးမျိုးနွယ်၏ ဘိုးဘေးများသာ... ပိုင်ဆိုင်သော သိုင်းဝိညာဉ် တံဆိပ်တော် ဖြစ်နေ၏.... ၎င်းကို... မမျှော်လင့်ဘဲ... ရရှိခဲ့သည့်အတွက်... ဖုန်းဝူချန်မှာမယုံနိုင်လောက်အောင်... အံ့ဩ တုန်လှုပ်နေမိသည်။

သိုင်းဝိညာဉ် တံဆိပ်တော်တိုင်း၌... ဆက်စပ်နေသော..စွမ်းရည်များ.. ရှိကြရာ... ရှေးဟောင်း ရွှေနဂါး တံဆိပ်တော်မှာလည်း... ခြွင်းချက် မဟုတ်ပေ...။

အချိန်များ... တဖြည်းဖြည်း... ကုန်ဆုံးသွားသည်နှင့်အမျှ... ဖုန်းဝူချန်၏ ဒဏ်ရာများမှာ... (၆၀) ရာခိုင်နှုန်းကျော်... ပျောက်ကင်းသွားခဲ့လေပြီ။

သို့သော်... ထိုသိုင်းဝိညာဉ် တံဆိပ်တော်ကို... အချိန်အတော်ကြာ... လေ့လာပြီးသည့်တိုင်... ၎င်း၌... မည်သို့သော စွမ်းရည်များ... ပိုင်ဆိုင်ထားသည်ကို... သူ... မသိရှိနိုင်သေးပေ...။

"ထားလိုက်တော့...။ သိုင်းဝိညာဉ်ကို... အရင်... အသက်သွင်းကြည့်တာပေါ့"

ဖုန်းဝူချန်က သူ့ကိုယ်သူ အားပေးလိုက်သည်။

သူ... မသိရှိနိုင်မှတော့... ကြိုးစားကြည့်ရန်မှတစ်ပါး... ရွေးချယ်စရာ... မရှိတော့ပေ...။

သိုင်းဝိညာဉ် တံဆိပ်တော်ကို အသက်သွင်းလိုက်သည်နှင့်... ရွှေရောင် နဂါးတံဆိပ် တစ်ခု... သူ၏ နဖူးပေါ်၌... ချက်ချင်း... ပေါ်ထွက်လာ၏ ... ။

ခပ်ဖျော့ဖျော့ ရွှေရောင် အလင်းတန်းများ...ရစ်ဝဲလျက်... မြင့်မြတ်သော အရှိန်အဝါ တစ်ခု... ထုတ်လွှတ်နေသည်။

"ဗြိ... ဗြိ"

ရှေးဟောင်း ရွှေနဂါး တံဆိပ်တော်ကို... အသက်သွင်းလိုက်သည့် ထိုအခိုက်အတန့်၌... ရုတ်တရက်... စုတ်ပြဲသံ တစ်ခု... ပဲ့တင်ထပ်လာသည်။ ဖုန်းဝူချန်၏ မျက်လုံးများ... တုန်လှုပ်မှုဖြင့်... ပြူးကျယ်သွား၏။

သူ၏ ရှေ့မှောက်၌... ရွှေရောင် အက်ကွဲကြောင်း တစ်ခု... စုတ်ပြဲ ပွင့်ထွက်လာခြင်းပင်။

ထိုအက်ကွဲကြောင်းမှာ... ပန်းကန်လုံး တစ်လုံးစာမျှသာ... ကြီးမားပြီး... လျှို့ဝှက်ဆန်းကြယ်ကာ... ထူးဆန်းသည့်... လျှို့ဝှက်ချက်များဖြင့်... ပြည့်နှက်နေသည်။

"ဒါ... ဒါ... နဂါးမျိုးနွယ်ရဲ့...နေရာလပ် ကျွမ်းကျင်မှု... ဖြစ်နိုင်မလား"

ဖုန်းဝူချန်က အံ့ဩတကြီး ရေရွတ်လိုက်မိသည်။

သို့သော်... ဒုတိယ အကြိမ်... စဉ်းစားကြည့်သောအခါ... ၎င်းမှာ... မှန်ကန်ပုံ မရပေ...။

...'မဟုတ်ဘူး... နဂါးမျိုးနွယ်က... အမြဲတမ်း... နေရာလပ်စွမ်းရည်တွေကို... ကျွမ်းကျင် ပိုင်နိုင်စွာ... တတ်မြောက်ခဲ့ကြတာ...။ နဂါးသွေးမျိုးဆက် နိုးထလာပြီးမှတော့... ငါ့ရဲ့ ကျင့်ကြံမှု... လုံလောက်အောင် သန်မာလာတာနဲ့... နေရာလပ်စွမ်းရည်တွေကို... နားလည် သဘောပေါက်နိုင်ပြီး... သီးခြား နေရာလပ်တွေကို... ဖန်တီးနိုင်မှာပဲ...။ ဒါက... နဂါးမျိုးနွယ် ဘိုးဘေးရဲ့... သိုင်းဝိညာဉ် တံဆိပ်တော်...။ ဒီလောက်... သာမန်ဆန်လို့... မဖြစ်နိုင်ဘူး...။ ဒီထဲမှာ... ပိုပြီး ကြောက်စရာကောင်းတဲ့... စွမ်းရည်တွေ ပါဝင်ရမယ်'...။

သို့သော်... ဤအက်ကွဲကြောင်းသည်... အတိအကျ... အဘယ်အရာ ဖြစ်သနည်း...။

... နေရာလပ်လော... သို့တည်းမဟုတ်... အခြား တစ်စုံတစ်ရာလော...။

ဖုန်းဝူချန်၏ အကြည့်မှာ... ထိုရွှေရောင် အက်ကွဲကြောင်းပေါ်၌... စူးစိုက်နေဆဲ...။

ရုတ်တရက်... တစ်စုံတစ်ရာက... သူ့ကို... ခေါ်ဆောင်နေသလို... ခံစားလိုက်ရသည်။

သို့သော်... သိပ်ပြီး... မပြင်းထန်လှ...။ သူ... မှားယွင်းစွာ... ခံစားမိနေခြင်း ဟုတ်မဟုတ်ကို.. မသေချာခဲ့ပေ...။

ထိုဖြစ်စဉ်၏ သဘာဝကို... ရှင်းရှင်းလင်းလင်း... မသိရှိသဖြင့်... ထိုရွှေရောင် အက်ကွဲကြောင်းဆီသို့... ဖြည်းညင်းစွာ... လက်ဆန့်တန်း

လိုက်သည်။

ဖုန်းဝူချန်၏ လက်ဖဝါး... ထိုအက်ကွဲကြောင်းအနီးသို့... ရောက်ရှိသွားသည့် အခိုက်အတန့်၌... သူ၏ အသားအရေမှာ... သိသိသာသာ... ပြောင်းလဲသွားပြီး...ရုတ်တရက် ကြောက်မက်ဖွယ် ကောင်းလောက်အောင်... အစွမ်းထက်သော စုပ်ယူအား တစ်ခု......ရုန်းကြွလာသည်။

"မကောင်းတော့ဘူး"

ဖုန်းဝူချန်... ကြောက်လန့်တကြားဖြင့်... ဖြူဖျော့သွားကာ ဒိန်းခနဲ ရင်ထိတ်သွားမိ၏။

ထိုအက်ကွဲကြောင်း အတွင်း၌... အတိအကျ... မည်သည့်အရာ... တည်ရှိနေသည်... သို့မဟုတ်..ဒါက.... မည်သည့်နေရာသို့... ဦးတည်နေသည်ကို...သူ... မသိရှိခဲ့ပေ...။

အကယ်၍ သူသာ... ၎င်းထဲသို့... စုပ်ယူခြင်း... ခံလိုက်ရပါက... ဘယ်တော့မှ... ပြန်မလာနိုင်တော့မည်ကို... ကြောက်ရွံ့မိပါသည်။

"လွှတ်စမ်း"

ဖုန်းဝူချန်... ထိတ်လန့်တကြားဖြင့်...... အော်ဟစ်လိုက်သည်။

ရွှေရောင် အက်ကွဲကြောင်းမှာ... လျင်မြန်စွာ... ပြန်လည် ပိတ်စေ့ ပျောက်ကွယ်သွားပြီး... ကြောက်မက်ဖွယ် ကောင်းလောက်အောင်... အစွမ်းထက်သော စုပ်ယူအားမှာလည်း... ချက်ချင်း... ပျောက်ကွယ်သွားသည်။

ထိုအခါမှ ဖုန်းဝူချန်... သက်ပြင်းတစ်ချက်... ရှိုက်ထုတ်လိုက်နိုင်၏။... သူ၏ နဖူးပြင်၌... ချွေးများ... စို့နေသည်။

"ဝါးမြိုနိုင်တဲ့ စွမ်းအားက... ကြောက်စရာ ကောင်းလိုက်တာ...။ ငါ့ရဲ့ ဝိညာဉ် ခန္ဓာကိုယ်တောင်... ဝါးမြိုခံလိုက်ရတော့မလို... ခံစားလိုက်ရတယ်"

ဖုန်းဝူချန်က သူ၏ မျက်နှာပေါ်၌... ကြောက်ရွံ့မှုများဖြင့်... ဆိုလိုက်သည်။ အရာအားလုံးကို... ဝါးမြိုနိုင်သည့်အလား... ထင်ရသော ထို မှော်ဆန်သော အရာသည်... မည်သည့်အရာ ဖြစ်သည်ကို... သူ... မသိရှိခဲ့ပေ...။

ထိုခံစားချက်ကို... ပြန်လည် တွေးတောမိရုံမျှဖြင့်ပင်... ဖုန်းဝူချန်မှာ... ထိန်းချုပ်မရနိုင်အောင်... တုန်ယင်သွားသည်။

... နောက်ထပ်... စမ်းသပ်ရန်... မဝံ့ရဲတော့ပေ...။ သူ၏ အသက်ကို... စိတ်လိုက်မာန်ပါ... စွန့်စားခြင်း... မပြုလုပ်နိုင်ပါ..။

ချွေးစေးများကို သုတ်လိုက်ပြီး... သူ၏ စိတ်ဝိညာဉ်ကို... တည်ငြိမ်အောင်... ပြုလုပ်လိုက်ပြီးနောက်... ဖုန်းဝူချန်... စဉ်းစားခန်းဝင်လိုက်သည်။

...'အက်ကွဲကြောင်းထဲမှာ... ဘာရှိလဲ... ငါ မသိဘူး...။ ဒီလောက် ကြောက်စရာကောင်းတဲ့ ဝါးမြိုအား...။ နတ်ဆိုးနဂါး နတ်ဘုရားရဲ့ မှတ်ဉာဏ်ထဲမှာလည်း... မရှိဘူး...။

ရှောင်ရှောင်လည်း... သိမှာ မဟုတ်လောက်ဘူး...။ လျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းအား တစ်ခုခုများ... ရှိနေတာလား'...

သို့သော်လည်း ဖုန်းဝူချန်... ခေါင်းခါလိုက်ပြီး... ထိုအတွေးကို... ပယ်ချလိုက်သည်။

...'သိုင်းဝိညာဉ် တံဆိပ်တော်ထဲမှာ... လျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းအား တစ်ခုခု... ပါဝင်နေနိုင်စရာ... မရှိဘူး...။ ဒါပေမဲ့... အဲ့ဒီ ဝါးမြိုအားက... ရန်သူကို... တိုက်ခိုက်ဖို့... သုံးမယ်ဆိုရင်... တော်တော်လေး... ကြောက်စရာ ကောင်းမှာပဲ...။ ထားလိုက်ပါတော့...။ ငါ... နောက်တစ်နေ့ကျမှ... ရှာဖွေ ဖော်ထုတ်ကြည့်တော့မယ်'...။

နတ်ဆိုးနဂါး နတ်ဘုရားပင်လျှင်... မသိရှိခဲ့သဖြင့်..သူသည်... အချိန်တို အတွင်း၌... ရှာဖွေ ဖော်ထုတ်နိုင်မည် မဟုတ်ပေ...။ ထို့နောက်.... ထိုအကြောင်းကို... စိတ်ထဲမှ... ထုတ်ပယ်လိုက်သည်။

အသက်ကို ပြင်းပြင်း ရှူသွင်းလိုက်ပြီး... ဖုန်းဝူချန် တကိုယ်တည်း ပြောလိုက်သည်။

"ငါ့ဒဏ်ရာတွေ... အများစု... ပျောက်ကင်းသွားပြီ...။ သွေးကျောက်စိမ်း ဗောဓိကို... စားသုံးလိုက်ရင်... ငါ့ရဲ့ ကျင့်ကြံမှုက... ယွမ်တန်ဘုံ ဒုတိယအလွှာကို... ထိုးဖောက်သွားနိုင်လိမ့်မယ်"

ဤသို့သော ရတနာမျိုးကို...... ယွမ်တန်ဘုံသို့... သူ၏ အဆင့်ချိုးဖြတ် အောင်မြင်သည့် အချိန်မှ... စားသုံးရန်... စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်ပါသည်။

... ယခုအခါ... အကောင်းဆုံးသော အခွင့်အရေးပင်တည်း။

ယွမ်တန်ဘုံ ဒုတိယအလွှာသို့... ထိုးဖောက် အောင်မြင်သွားသည်နှင့်... စွမ်းအားမှာ... သေချာပေါက်... တဟုန်ထိုး... မြင့်တက်လာမည် ဖြစ်ပြီး... ယွမ်တန်ဘုံ စတုတ္ထ အလွှာ ကျင့်ကြံသူ တစ်ဦးကိုပင်... ရင်ဆိုင်နိုင်စွမ်း... ရှိလာပေလိမ့်မည်။

နှလုံးသားထဲမှ စိတ်လှုပ်ရှားမှုကို... ဖိနှိပ်လျက်... ဖုန်းဝူချန်သည်... သွေးနီရောင် သွေးကျောက်စိမ်း ဗောဓိကို... မျိုချလိုက်သည်။

ရုတ်ချည်းပင် ကြီးမားလှသော အပူဓာတ်တစ်ခု...... ပျံ့နှံ့သွားပြီး... သူ၏ ခန္ဓာကိုယ် အတွင်းသို့... ... လှိုင်းထန်သလို တိုးဝင်ကာ... ခြေလက်အင်္ဂါများနှင့် အရိုးများ တစ်လျှောက်... စီးဆင်းသွားတော့သည်။

သွေးကျောက်စိမ်း ဗောဓိ၏ စွမ်းအားမှာ... ကြီးမားလှသဖြင့်... ဖုန်းဝူချန်... တုန်လှုပ်သွားပြီး... အံ့ဩတကြီး... အသက်ရှူ မှားသွားခြင်းမှ... မထိန်းချုပ်နိုင်ခဲ့ပေ...။

သွေးကျောက်စိမ်း ဗောဓိ... သူ၏ အစာအိမ်ထဲသို့... အခြေချသွားသည်နှင့်... အဆုံးမရှိသော ကြီးမားသည့် စွမ်းအားများ... လှိုင်းထလာသည်။

မကြာမီပင်... ဖုန်းဝူချန်၏ ခန္ဓာကိုယ်မှာ... ဖောင်းပွလာပြီး... ခန္ဓာကိုယ် တစ်ခုလုံး၌... ပြင်းထန်သော နာကျင်မှုများ... ဖြစ်ပေါ်လာရသောကြောင့်... သူ၏ မျက်နှာ အမူအရာမှာ ရှုံ့မဲ့သွားတော့သည်။

ဖုန်းဝူချန်သည်... အထွတ်အထိပ် နဂါးနတ်ဘုရား ဆုံးဖြတ်ချက်ကျမ်းကို... လျင်မြန်စွာ... အသက်သွင်းလိုက်ပြီး... ဤ ကြီးမားလှသော အပူဓာတ်ကို...... စုပ်ယူလိုက်သည်။

သွေးကျောက်စိမ်း ဗောဓိ... ။

အဆင့်ကိုး ရေခဲ မီးလျှံ မြွေပွေး၏ မျက်ရည်များမှ... မွေးဖွားလာသော... ကောင်းကင်ဘုံ ရတနာ တစ်ပါး...။

၎င်းထဲ၌... အလွန် သန့်စင်သော စွမ်းအင်များ... ပါဝင်နေပြီး... သန့်စင်ရန် မလိုအပ်ဘဲ... တိုက်ရိုက်... စုပ်ယူနိုင်လေသည်။

သွေးကျောက်စိမ်း ဗောဓိသည်... သေချာပေါက်... ကျင့်ကြံခြင်း အံ့ဖွယ် တစ်ပါး ဖြစ်ပြီး... ၎င်း၏ သက်တမ်းသည်... ၎င်းထဲ၌ ပါဝင်သော သန့်စင်သည့် စွမ်းအင် ပမာဏနှင့်... ဆက်စပ်နေလေသည်။

သွေးကျောက်စိမ်း ဗောဓိ၏ စွမ်းအားကို... ပြင်းပြစွာ... စုပ်ယူနေစဉ်... ဖုန်းဝူချန်သည်... တုန်လှုပ်ခြင်းနှင့် စိတ်လှုပ်ရှားခြင်း နှစ်မျိုးလုံးကို... ခံစားနေရသည်။ သူ၏ ကျင့်ကြံမှုအဆင့်မှာ... တဟုန်ထိုး... မြင့်တက်လာပြီး... လည်ပင်းကျိုးမတတ်... အရှိန်ဖြင့်... တက်လှမ်းနေသည်။

"တကယ်... အံ့ဖွယ် ရတနာပဲ"

ဖုန်းဝူချန်မှာ... သူ၏ စိတ်လှုပ်ရှားမှုကို... မထိန်းချုပ်နိုင်ဘဲ... ပျော်ရွှင်စွာ... ရယ်မောလိုက်မိသည်။

"ငါ့မှာသာ... နောက်ထပ်... အခုတစ်ထောင်လောက်... ရှိရင်... ဘယ်လောက် ကောင်းလိုက်မလဲ"

(...တစ်ထောင်...။ ထမင်းလို... စားမလို့လား...။)

သွေးကျောက်စိမ်း ဗောဓိသည်... မယုံနိုင်လောက်အောင်... ရှားပါးလှပြီး... အဆင့်ကိုး ရေခဲ မီးလျှံ မြွေပွေး၏ ကြောက်မက်ဖွယ်ရာ ကောင်းမှုမှာလည်း... တိုက်ကြီး တစ်ခုလုံး၌... ကျော်ကြားလှသဖြင့်... လူအနည်းငယ်သာ... ၎င်းကို... စိန်ခေါ်ဝံ့ကြသည်။

လင်ရှောင်ရှောင်၏ နောက်ကွယ်မှ... ကြောက်မက်ဖွယ် စွမ်းအားပင်လျှင်... ၎င်းကို... များစွာ... ပိုင်ဆိုင်ထားဖွယ်... မရှိပေ...။ ..

မဟုတ်ပါက... လင်ရှောင်ရှောင်၏ ကျင့်ကြံမှုအဆင့်သည်... ယွမ်တန်ဘုံ ပထမအလွှာ၌သာ... အဘယ်ကြောင့်... ရှိနေဦးမည်နည်း...။

သူမသည်... ထျန်းယွမ်ဘုံ... သို့မဟုတ်... ထို့ထက်ပင်... မြင့်မားသော အဆင့်သို့... ကြာမြင့်စွာကပင်... တက်လှမ်းသွားခဲ့ပေလိမ့်မည်...။

အချိန်များ ကုန်ဆုံးသွားသည်နှင့်အမျှ... (၁၅) မိနစ် မပြည့်ခင်မှာပင်... ဖုန်းဝူချန်၏ ဖောင်းပွနေသော ခန္ဓာကိုယ်မှာ... ပုံမှန် အခြေအနေသို့... ပြန်ရောက်သွားခဲ့ပြီး... သူ၏ ကျင့်ကြံမှုအဆင့်မှာ... ယွမ်တန်ဘုံ ပထမအလွှာ အထွတ်အထိပ်သို့... နီးကပ်လာခဲ့လေပြီ။

ဖုန်းဝူချန်... အလွန်အမင်း... စိတ်လှုပ်ရှားနေမိသည်။ ဤမျှ... လျင်မြန်သော တိုးတက်မှုကို... သူ... တစ်ခါမျှ... မကြုံတွေ့ဖူးခဲ့ပေ...။ ဖုန်းကျိန့်ရှုံးသည်... ထိုအချိန်က... မည်သို့ ခံစားခဲ့ရမည်ကို... သူ... နောက်ဆုံး၌... စိတ်ကူးကြည့်နိုင်ခဲ့လေပြီ။

၎င်းသည်... အမှန်တကယ်ပင်... ဥက္ကာခဲကဲ့သို့... တိုးတက်မှုပင်တည်း။

"နီး... နီးလာပြီ...။ ငါ... အဆင့်တက်တော့မယ်"

ဖုန်းဝူချန်က စိတ်လှုပ်ရှားစွာ ဆိုလိုက်သည်။

အကယ်၍... ထျန်းယန် အကယ်ဒမီမှ ကျောင်းသားများသာ... ဖုန်းဝူချန်၏... ဖော်ပြ၍ မရနိုင်လောက်အောင်... ကြောက်မက်ဖွယ် ကောင်းသော ကျင့်ကြံနှုန်းကို... မြင်တွေ့ခဲ့ကြပါက... သူတို့သည်... သေချာပေါက်... ကြောက်လန့်တကြားဖြင့်... သတိလစ်သွားကြပေလိမ့်မည်...။

မိနစ် အနည်းငယ် ကြာပြီးနောက်... သွေးကျောက်စိမ်း ဗောဓိမှ... နောက်ဆုံး သန့်စင်သော စွမ်းအင် အပိုင်းအစကို... စုပ်ယူပြီးသည့်အခါ... ဖုန်းဝူချန်သည်... မည်သည့် အဟန့်အတား... အတားအဆီးမျှ မရှိဘဲ... ယွမ်တန်ဘုံ ဒုတိယအလွှာသို့... အောင်မြင်စွာ... တက်လှမ်းသွားခဲ့လေပြီ။

“ဒီလောက်... ကြီးမားတဲ့ စွမ်းအားပါလား”

ဖုန်းဝူချန်က စိတ်လှုပ်ရှားစွာ ကြွေးကြော်လိုက်ပြီး... သူ၏ လက်သီးများကို... ဆုပ်လိုက်ကာ... အတွင်း၌... လှိုင်းထန်နေသော စွမ်းအားကို... အာရုံခံလိုက်သည်။

"လက်ရှိ စွမ်းအားနဲ့ဆို... ငါက... သွမ့်ဟုန်ရှီးကို... လက်သီးတစ်ချက်တည်းနဲ့... အနိုင်ယူနိုင်လောက်တယ်"

ဖုန်းဝူချန်က ယုံကြည်မှု အပြည့်ဖြင့် ပြုံးရင်း ရေရွတ်လိုက်သည်။

"စူးလဲ့ယန် အနေနဲ့ကတော့... ဒီလူက... သေချာပေါက်... သာမန် ပြိုင်ဘက် တစ်ယောက် မဟုတ်ဘူး...။ ဒါပေမဲ့... ငါသာ... သူ့ကို... ရင်ဆိုင်ရမယ်ဆိုရင်... ငါ့မှာလည်း... တိုက်ခိုက်နိုင်စွမ်း... ရှိသင့်တယ်”

All Chapters