← Chapters

အင်အားကြီး ရန်သူတစ်ဦး ရောက်ရှိလာခြင်း

Vol. 8 Ch. 115

အင်အားကြီး ရန်သူတစ်ဦး ရောက်ရှိလာခြင်း

Vol. 8 Ch. 115

~နောက်တစ်နေ့တွင်... ဒဏ်ရာများဖြင့် ရှိနေသေးသော သွမ့်ဟုန်ရှီးသည် ဖုန်းဝူချန်၏ အခန်းထဲသို့ အတင်း ပြေးဝင်လာလေ၏။

သူသည် ဥက္ကာခဲသံကို ချထားလိုက်ပြီး... ဖုန်းဝူချန်အား ဝိညာဉ်လက်နက်တစ်ခု သန့်စင်ပေးရန် တောင်းဆိုကာ... တစ်ချိန်တည်းမှာပင်... အထွတ်အထိပ် ခန္ဓာ ကျင့်စဉ်ဖြင့် ကျင့်ကြံခြင်းအကြောင်းကိုပါ စုံစမ်းမေးမြန်းတော့သည်။

ထို့အပြင်... သူသည် ဤကိစ္စနှင့် ပတ်သက်၍ အလွန် ပွင့်လင်းရိုးသားလှပြီး... ဖုန်းဝူချန်က သူ့အား ဒဏ်ရာရရှိစေခဲ့သည်ဟူသော ဆင်ခြေကိုပင် အသုံးပြုသေး၏။

သူ၏ မျက်နှာအရေမှာ... မြို့ရိုးများထက်ပင်... ထူထဲလှပေသည်။

...'ဒါက... လုယက်တာနဲ့... ဘာများ ကွာသေးလို့လဲ'...။

လက်နက်သန့်စင်ခြင်း ကိစ္စနှင့် ပတ်သက်၍မူ... ဖုန်းဝူချန်သည် "ခြိမ်းခြောက်ခံရသော" အခြေအနေများအောက်၌ သဘောတူခဲ့ပြီး ဖြစ်သဖြင့်... သဘာဝအတိုင်းပင်... ငြင်းဆန်လိမ့်မည် မဟုတ်ပေ...။

အထွတ်အထိပ် ခန္ဓာ ကျင့်စဉ် ကိစ္စအတွက်မူ... ဖုန်းဝူချန် ငြင်းဆန်လိုသည့်တိုင်... အချည်းနှီးသာ ဖြစ်ပေလိမ့်မည်။

အဆိုးဆုံး အခြေအနေတွင်... သွမ့်ဟုန်ရှီးသည် အင်ပါယာသို့ ပြန်သွားပြီး ဗိုလ်ချုပ်ကြီးထံမှ တောင်းယူလိုက်ရုံသာ... သို့မဟုတ်... မည်သည့် ကောင်းကင်အရိပ် မြင်းသည်တော် တပ်ဖွဲ့ဝင်... သို့မဟုတ်... အလံနက်တပ်မတော်မှ စစ်သားတစ်ဦးထံမှမဆို... လွယ်ကူစွာ ရယူနိုင်ပေလိမ့်မည်။

...

သွမ့်ဟုန်ရှီးသည်... သူ၏ မင်းသားငယ် ဟူသော အရှိန်အဝါဖြင့်... ဗိုလ်ချုပ်ကြီး သို့မဟုတ် စစ်သားများက... သူ့အား ငြင်းဆန်ရဲလိမ့်မည်ဟု... အမှန်တကယ်ပင်... မယုံကြည်ခဲ့ပေ...။

သို့သော်... ဖုန်းဝူချန်သည် ငြင်းဆန်ခဲ့ခြင်း မရှိပါ...။

သာမန် ဝိညာဉ်လက်နက် တစ်ခု... အထွတ်အထိပ် ခန္ဓာကိုယ် ကျင့်စဉ်၏ ပထမအလွှာမှာ... သူ့အတွက် ဘာမျှ မဟုတ်ပေ...။ သူ... လုံးဝ... အလေးအနက် မထားခဲ့...။

သွမ့်ဟုန်ရှီးအား သူ့အပေါ် အကြွေးတင်စေခြင်းသည်... ထိုမျှ... ဆိုးရွားလှမည် မဟုတ်ပေ...။

နှစ်မိနစ် မပြည့်ခင်မှာပင်... သွမ့်ဟုန်ရှီးသည် ဖုန်းဝူချန်၏ အခန်းထဲ၌... မှင်သ်သွားခဲ့ပြီး... သူ၏ တစ်သက်တာတွင် ဘယ်သောအခါမှ မေ့ပျောက်နိုင်မည် မဟုတ်သော... အံ့ဖွယ် မြင်ကွင်းတစ်ခုကို... မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရသည်။

"မင်းသားက... မင်းကို... သူ့ဆရာအဖြစ်... သတ်မှတ်တာ... အံ့ဩစရာ မရှိတော့ဘူး"

ဖုန်းဝူချန် အခန်းထဲမှ ထွက်ခွာသွားပြီးနောက်မှသာ... သွမ့်ဟုန်ရှီးသည် ထိုစကားလုံးများကို... ထုတ်ဖော် ပြောဆိုနိုင်ခဲ့သည်။

သွမ့်ဟုန်ရှီးသည်... 'စိတ်ဖြင့်လက်နက်ဖန်ဆင်းခြင်း' ဟူသော နတ်ဘုရားတမျှ ကျွမ်းကျင်မှုကို... ကြားဖူးသည်မှာ ကြာပြီ ဖြစ်သော်လည်း... သူ၏ ကိုယ်ပိုင် မျက်လုံးများဖြင့်... တစ်ခါမျှ မမြင်တွေ့ဖူးခဲ့ပေ...။ ယခု... သူ... နောက်ဆုံး၌... မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရသောအခါ... သူ၏ ဝိညာဉ်မှာ... လွင့်ထွက်သွားလုမတတ်... ဖြစ်သွားခဲ့သည်။

စစ်ထူကျန့်ထျန်းသည်... အဘယ်ကြောင့်... ဖုန်းဝူချန်ကို... သူ၏ ဆရာအဖြစ်... သတ်မှတ်ခဲ့သည်ကို... သွမ့်ဟုန်ရှီး... နောက်ဆုံး၌... နားလည် သဘောပေါက်သွားတော့သည်။

ဤမျှ... ကြောက်မက်ဖွယ် ကောင်းသော လက်နက်သန့်စင်သူ တစ်ဦးကို... ဆရာအဖြစ် မသတ်မှတ်မိခြင်းသည်... မိုက်မဲရာ ကျပေလိမ့်မည်...။

ဖုန်းဝူချန်သည် သူ၏ အရှိန်အဝါကို ဖုံးကွယ်ထားသဖြင့်... အကယ်ဒမီမှ မည်သူကမျှ... သူ... ယွမ်တန်ဘုံ ဒုတိယအလွှာသို့... ထိုးဖောက် အောင်မြင်သွားခဲ့ကြောင်း... မသိရှိခဲ့ကြပေ...။

"အစ်ကိုကြီးဖုန်း... သွေးကျောက်စိမ်း ဗောဓိက... မဆိုးဘူး... မဟုတ်လားဟင်"

သူ ထွက်လာသည်နှင့်... လင်ရှောင်ရှောင်က ပထမဆုံးအဖြစ်... ပြုံးလျက်... ပြေးလာပြီး... ဖုန်းဝူချန်၏ လက်မောင်းကို... ချစ်ခင်စွာ... ဆွဲကိုင်ရင်း... မေးလိုက်သည်။

ဤစကားကို ကြားသော်... ဖုန်းဝူချန်က ခါးသီးစွာ ပြုံးလိုက်ပြီး...

"မင်းဆီကတော့... ဘာမှ... ဖုံးကွယ်ထားလို့... မရဘူးပဲ နော်"

ဖုန်းဝူချန် မည်မျှပင် ကောင်းစွာ ဖုံးကွယ်ထားစေကာမူ... လင်ရှောင်ရှောင်ထံမှ... လျှို့ဝှက်ထားနိုင်ခြင်း မရှိခဲ့ပေ...။

သူမသည်... အရာအားလုံးကို... ထွင်းဖောက် မြင်နိုင်သော... နတ်ဘုရားတမျှ စွမ်းရည်ကို... ပိုင်ဆိုင်ထားသည့်နှယ်...။

သူတို့နှစ်ဦး... ခန်းမဆောင်ကြီးဆီသို့... ချစ်ခင်စွာ... လျှောက်လှမ်းသွားကြစဉ်... ကျောင်းသား လူငယ်များစွာတို့၏ မျက်လုံးများမှာမူ... ပြင်းထန်လှသော သတ်ဖြတ်လိုသည့် အငွေ့အသက်များဖြင့်... ပြည့်နှက်နေကြ၏..။

သူတို့သည်... ဖုန်းဝူချန်ကို သတ်ဖြတ်ကာ... လင်ရှောင်ရှောင်ကို... သူတို့ကိုယ်တိုင်အတွက်... သိမ်းပိုက် လိုနေကြသလိုပင်...။

အကယ်၍... အကြည့်များက... သတ်ဖြတ်နိုင်ခဲ့မည် ဆိုပါက... ဖုန်းဝူချန်သည်... မရေမတွက်နိုင်သော အကြိမ်ပေါင်းများစွာ... သေဆုံးခဲ့ပြီး ဖြစ်ပေလိမ့်မည်...။

ရှင်းထျန်းဖုန်းနှင့် ကျန်းယွင်ထျန်းတို့ကို... နှုတ်ဆက်ပြီးနောက်... သူတို့ လေးယောက်သည်... အကယ်ဒမီမှ... ထွက်ခွာခဲ့ကြသည်။

အမည်ခံ ကျောင်းသား တစ်ဦး ဖြစ်ခြင်း ဆိုသည်မှာ... ဖုန်းဝူချန်သည်... သူ... ကြိုက်သလို... ဝင်ထွက် သွားလာနိုင်သည်ဟု... အဓိပ္ပာယ် သက်ရောက်လေသည်။

အမည်ခံ ကျောင်းသား တစ်ဦး၏ အဆင့်အတန်းသည်... နောက်တစ်ကြိမ်... အကယ်ဒမီမှ ကျောင်းသားများကို... အလွန်အမင်း... မနာလိုမှုနှင့်... ငြူစူမှုများ... ဖြစ်ပေါ်စေခဲ့သည်။

ဖုန်းဝူချန်ကမူ... ဟွမ်ဖူမိသားစု အကြောင်းကြောင့်... စိုးရိမ်နေသဖြင့်... အလျင်အမြန်... ပြန်လာခဲ့ခြင်း ဖြစ်သည်။

နန်းတွင်း အကြံပေးက... အမိန့်များ ထုတ်ပြန်ထားခဲ့သော်လည်း... ၎င်းသည်... အများဆုံးအားဖြင့်... ဟွမ်ဖူမိသားစုကို... အပေါ်ယံအားဖြင့်သာ... ဟန့်တားထားနိုင်ပေလိမ့်မည်။

သူတို့သည်....ဗြောင်ကျကျ.. မတိုက်ခိုက်ကြသော်လည်း... အမှောင်ထဲ၌... သူတို့... မည်သို့မည်ပုံ... ပြုလုပ်ကြမည်ကို... မသိရှိနိုင်ပေ...။

အကယ်၍... ဟွမ်ဖူ မိသားစုသာ... လျှို့ဝှက်စွာ... လှုပ်ရှားခဲ့ပါက... သက်သေ အထောက်အထား မရှိဘဲ... အင်ပါယာပင်လျှင်... သူတို့အား... အကူအညီမဲ့စွာ... ရင်ဆိုင်ရဖွယ် ရှိနေသည်။

အဘယ်ကြောင့်ဆိုသော်... ထျန်းယွင်ဂိုဏ်းသည်... လျှော့တွက်ရမည့် အရာ... မဟုတ်သောကြောင့်...။

...သတိထားခြင်းက... ပို၍ ကောင်းမွန်သည်...။

"ဓားပျံသန်းခြင်း...။ ပျံသန်းခြင်း သိုင်းပညာပဲ"

တောင်ထိပ် တစ်ခု၏ ထိပ်၌... တရားထိုင်နေသော လူတစ်ဦးသည်... ရုတ်တရက်... သူ၏ မျက်လုံးများကို... ထောက်လှမ်း အာရုံခံမှုဖြင့်... ဖွင့်လိုက်ပြီး... ကောင်းကင်သို့... ကြည့်လိုက်သည်။

သို့သော်... ထိုတစ်ချက် အကြည့်ဖြင့်ပင်... သူ၏ မျက်နှာ၌... ချက်ချင်း... တုန်လှုပ်သော အမူအရာ... ပေါ်ထွက်လာသည်။

"ဖုန်းဝူချန်က... 'အစစ်အမှန်ယွမ်' ကို... ထုတ်လွှတ်ပြီး... ဓားပျံသန်းခြင်းကို... တကယ် လုပ်နိုင်တယ်...။ အဲ့ဒါက... ထျန်းယွမ်ဘုံကို ရောက်တဲ့လူတွေပဲ... အောင်မြင်နိုင်တဲ့ အရာမျိုး...။ ဒါတောင်... သူ... လုပ်နိုင်ခဲ့တယ်"

ထိုလူမှာ... ထိတ်လန့်သွားပြီး... သူ၏ မျက်လုံးများမှာ... ပြင်းထန်သော လူသတ် စိတ်ဆန္ဒများဖြင့်... ပြည့်နှက်၍ လာခဲ့သည်။

"လူသတ် စိတ်ဆန္ဒ"

မြင့်မားသော ကောင်းကင်ထက်၌... ဖုန်းဝူချန်သည်... ရုတ်တရက်... မျက်မှောင်ကြုတ်လိုက်ပြီး... ပျံသန်းခြင်းကို... ရပ်တန့်လိုက်ကာ... ... ထိုသတ်ဖြတ်လိုသည့် အငွေ့အသက်၏ ရင်းမြစ်ဆီသို့..မျက်လုံး အကြည့်ပို့လွှတ်လိုက်သည်။

"ယွမ်တန်ဘုံ ပဉ္စမအလွှာ"

လင်ရှောင်ရှောင်၏ လှပသော မျက်ခုံးများ... အနည်းငယ်... တွန့်ချိုးသွားရ၏။ သူမသည်... ထိုတောင်ထိပ်ပေါ်မှ အမျိုးသား၏ ကျင့်ကြံမှုအဆင့်ကို... ထွင်းဖောက် မြင်လိုက်သည်။

"အစ်ကိုကြီးဖုန်း... သူ့ကို... သိလို့လား"

လျိုချင်းယန်က မေးလိုက်သည်။

"မသိဘူး...။ တစ်ခါမှ... မမြင်ဖူးဘူး"

ဖုန်းဝူချန်က ခေါင်းခါလိုက်သည်။

တောင်ထိပ်ပေါ်မှ လူကို... လေးနက်စွာ... စိုက်ကြည့်ရင်း... ဖုန်းဝူချန်သည်... ထိုလူ၏ မျက်လုံးများထဲမှ... ပြင်းထန်သော လူသတ် စိတ်ဆန္ဒအား.. ခံစားမိလိုက်သည်။ ၎င်းသည်... အလွန် အေးစက်ပြီး... အလွန် ကြောက်မက်ဖွယ် ကောင်းလှ၏...။

"မင်း... ဘယ်သူလဲ"

ဖုန်းဝူချန်က မေးလိုက်သည်။

ထိုအမျိုးသားက အေးစက်စွာ ဆိုသည်။

"မင်းရဲ့... ရန်သူပဲ"

" ဟေ့ကောင်၊ မင်း နာမည်ကို... မေးနေတာဟ"

လျိုချင်းယန်က ဆူပူလိုက်ပြီး... ထိုအမျိုးသားကို... ပြင်းထန်စွာ... စိုက်ကြည့်လိုက်သည်။

"ဝှစ်"

သို့သော်... ထိုလူ၏ တုံ့ပြန်မှုမှာ... ကောင်းကင်သို့... ပစ်လွှတ်လိုက်သော... ကြောက်မက်ဖွယ် စိမ်းပြာရောင် စွမ်းအင် အလင်းတန်း တစ်ခုသာ... ဖြစ်ပြီး... ကျယ်လောင်သော အသံလှိုင်း ပေါက်ကွဲမှုနှင့်အတူ... ဖုန်းဝူချန်ကို... တည့်တည့်မတ်မတ်... ချိန်ရွယ်ထားသည်။

"ထျန်းယွင် လက်ညှိုးသိုင်း"

ဖုန်းဝူချန်၏ မျက်ခုံးများ... တွန့်ချိုးသွားသည်။ သူ... လျင်မြန်စွာ... ကိုယ်ကို ယ်ိမ်းနွဲ့ကာ ရှောင်တိမ်းလိုက်ပြီး... မျက်လုံးများ... ချက်ချင်း... အေးစက်သွားကာ... ခက်ထန်စွာ ပြောလိုက်သည်။

"မင်းက... ထျန်းယွင်ဂိုဏ်းက... တပည့်ပဲ"

"ထျန်းယွင်ဂိုဏ်း"

မြောင်ချင်းချင်း... အနည်းငယ်... တုန်လှုပ်သွားပြီး...

"အစ်ကိုဖုန်း... ထျန်းယွင်ဂိုဏ်းက... နောက်ဆုံးတော့... ဝင်ပါလာပြီပဲ"

ဖုန်းဝူချန်၏ မျက်နှာထား... သုန်မှုန်သွားပြီး... ထိုလူကို... အေးစက်စွာ... တစ်ချက် ကြည့်လိုက်ပြီးနောက်.. ဆော်သြလိုက်တော့သည်။

"သွားစို့...။ ဖုန်းမိသားစုကို... ပြန်မယ်"

ထိုလူက... အလွန် သန်မာလှပြီး... သာမန် ယွမ်တန်ဘုံ ပဉ္စမအလွှာ၏ စွမ်းအားကို... များစွာ... ကျော်လွန်နေသည်။ ဖုန်းဝူချန်နှင့် သူ၏ အဖော် သုံးယောက်... ပူးပေါင်း တိုက်ခိုက်သည့်တိုင်... သူတို့... ထိုသူကို... အနိုင်ယူနိုင်မည် မဟုတ်ပေ...။

အကယ်၍ ... ဓားပျံသန်းခြင်းကိုသာ... အသုံးမပြုခဲ့ပါက... ဖုန်းဝူချန်နှင့် သူ၏ အဖော်များသည်...... ထိုလူ၏ လက်ချက်ဖြင့်... သေဆုံးသွားခဲ့ပေလိမ့်မည်...။

ထို လျှို့ဝှက်ဆန်းကြယ်သော လူ၏ ပေါ်ထွက်လာမှုက... ဖုန်းဝူချန်အား... ဖုန်းမိသားစု၏ လုံခြုံရေးအတွက်... ပို၍ပင်... စိုးရိမ်သွားစေသည်။

အကယ်၍ ထျန်းယွင်ဂိုဏ်းသာ... လှုပ်ရှားခဲ့ပါက... ဖုန်းမိသားစု၏ စွမ်းအားဖြင့်... ၎င်းသည်... သံသယဖြစ်ဖွယ်မရှိ... ကြက်ဥဖြင့်... ကျောက်တုံးကို... ပစ်ပေါက်ခြင်းနှင့်... တူနေပေလိမ့်မည်...။

"ဖုန်းဝူချန်...။ ငါ... မင်းကို... လာရှာမယ်"

ထိုလူက အေးစက်စွာ ကြုံးဝါးလိုက်ပြီး... သူ၏ ပြင်းထန်သော သတ်ဖြတ်လိုသည့် အငွေ့အသက်များ... ကြမ်းတမ်းစွာ... လှိုင်းထန်လာသည်။ ဖုန်းဝူချန်နှင့် အခြားသူများ... ထွက်ပြေး လွတ်မြောက်သွားသည်ကို... ဒီအတိုင်း... ကြည့်နေရုံမျှဖြင့်... သူ... အလွန်... မကျေမနပ် ဖြစ်နေသည်။

စကားဆုံးသည်နှင့်... ထိုလူ၏ ပုံရိပ်... တုန်ခါသွားပြီး... ပျောက်ကွယ်သွားသည်။

သူက... ဖုန်းဝူချန်ကို... လိုက်လံ ရှာဖွေရန်... ရည်ရွယ်ထားကြောင်း... ဖော်ပြနေ၏...။

"အစ်ကိုကြီးဖုန်း... ဒီလူက... အရမ်း သန်မာတယ် နော်"

လင်ရှောင်ရှောင် မျက်မှောင်ကြုတ်လိုက်မိသည်။ ထိုလူ၏ အရှိန်အဝါ သက်သက်မှပင်... သူမ... ခံစားမိနိုင်သည်။

"အင်း…ထျန်းယွင်ဂိုဏ်းမှာ... ပါရမီရှင် တပည့်တွေ... အများကြီး ရှိတယ်...။ သူက... ထျန်းယွင်ဂိုဏ်းက တပည့် ဖြစ်နေမှတော့... သူ့ရဲ့ စွမ်းအားက... ထည့်တွက်လောက်စရာပဲ"

ဖုန်းဝူချန်က သဘောတူညီစွာ ခေါင်းညိတ်လိုက်သည်။

သို့သော်... ထိုသူ... မည်သူ ဖြစ်သည်ကိုတော့... သူ... မသိခဲ့ပေ...။

‘ထျန်းယွင်ဂိုဏ်း... နောက်ဆုံးတော့... မင်းတို့... ဝင်ပါလာကြပြီပေါ့လေ’

ဖုန်းဝူချန်က အေးစက်စွာ တွေးလိုက်ပြီး... သူ၏ မျက်လုံးများထဲ၌... ကြမ်းကြုတ်သော သတ်ဖြတ်လိုသည့် အငွေ့အသက် တစ်ချက်... လက်သွားသည်။

ဖုန်းဝူချန်ကို တစ်ချက် ကြည့်လိုက်ရင်း... လင်ရှောင်ရှောင်သည်... သူ၏ သတ်ဖြတ်လိုသော အရှိန်အဝါကို... ခံစားမိလိုက်ပြီး... သူမ၏ လှပသော မျက်နှာလေးမှာ... အေးစက်သွားကာ... တိတ်တဆိတ်... တွေးလိုက်သည်။

...'ထျန်းယွင်ဂိုဏ်း...နင်တို့... လူတွေကို... အတိုင်းအတာထက်... ပိုပြီး... မတွန်းပို့တာ... ကောင်းလိမ့်မယ်'...။

ဘေးမှ လျိုချင်းယန်နှင့် မြောင်ချင်းချင်းတို့မှာမူ... ဖုန်းဝူချန်၏ သေစေနိုင်သော အရှိန်အဝါကြောင့်... ကြောက်နေလျက်... စကားတစ်ခွန်းမျှ... မဆိုဝံ့ကြတော့ပေ...။

ဖုန်းဝူချန်တို့ လေးယောက် အုပ်စုသည်... ဖုန်းမိသားစုထံသို့... အလျင်အမြန်... ပြန်လာခဲ့ကြပြီး... ပြိုင်ဘက်ကင်းမြို့ထဲသို့... တိုက်ရိုက်... အရှိန်ပြင်းစွာ... ဝင်ရောက်ကာ... ကောင်းကင်မှ... သက်ဆင်းလာ

ခဲ့ကြသည်။

မသိရှိသူများ အနေဖြင့်မူ... ၎င်းမှာ... ထျန်းယွမ်ဘုံ အစွမ်းထက် ပုဂ္ဂိုလ်ကြီး တစ်ပါး... ဖြစ်လိမ့်မည်ဟု... ထင်မှတ်မိကြပေလိမ့်မည်...။

"တတိယ သခင်လေး"

အစောင့်မှာ... အနည်းငယ်... မှင်တက်သွားပြီးနောက်... အလျင်အမြန်... ပြေးလာကာ... စိုးရိမ်တကြီး ဆိုလိုက်သည်။

"တတိယ သခင်လေး... ပြန်လာပြီ...။ ကျွန်တော်တို့ ဖုန်းမိသားစုမှာ... လူထူးဆန်း တစ်ယောက်က... တတိယ သခင်လေးကို... ရှာနေတယ်လို့... အော်ဟစ်နေပါတယ်"

"လူထူးဆန်း...။ ဘယ်သူလဲ"

ဖုန်းဝူချန်က မျက်မှောင်ကြုတ်လျက် မေးလိုက်၏။

"ထျန်းယွင်ဂိုဏ်းကများ... ဖြစ်နေမလား"

လျိုချင်းယန်က စိုးရိမ်တကြီး ဆိုလိုက်သည်။

"ကျွန်တော်တို့လည်း... မသိပါဘူး...။ သူ... မနေ့က... ရောက်လာတာ...။ နာမည်က... ကျန်းကျွင့်လန်... တဲ့"

ထိုအစောင့်က သတင်းပို့လိုက်သည်။

"ကျန်းကျွင့်လန်"

ဖုန်းဝူချန်၊ လျိုချင်းယန်နှင့် မြောင်ချင်းချင်းတို့... အားလုံး... တစ်ချိန်တည်းမှာပင်... မှင်တက်သွားကြပြီး... တောင်ကြားထဲ၌... သူတို့... တွေ့ဆုံခဲ့သော... စတုတ္ထအဆင့် လက်နက်သန့်စင်သူ... ကျန်းကျွင့်လန်ကို... ချက်ချင်း... တွေးမိလိုက်ကြသည်။

လျိုချင်းယန်က သက်ပြင်းတစ်ချက် ရှိုက်ထုတ်လိုက်ပြီး...

"ဟူး...။ သူကိုး...။ ငါက... ထျန်းယွင်ဂိုဏ်းကလို့... ထင်နေတာ"

ဘေး၌... မြောင်ချင်းချင်းက ခပ်ဖွဖွ ရယ်မောလိုက်ပြီး...

"အစ်ကိုဖုန်း... ကြည့်ရတာ... ရှင်... အခုတော့... မလွတ်မြောက်နိုင်တော့ဘူး...။ ခစ်ခစ်.

.သူ... ဖြစ်နိုင်တာက... ရှင့်ရဲ့ အရှိန်အဝါကိုလည်း... သိသွားလောက်ပြီ"

ကျန်းကျွင့်လန်ကို တွေးမိလိုက်သည်နှင့်... ဖုန်းဝူချန်... ခေါင်းကိုက်လာသလို... ခံစားလိုက်ရသည်။

ထိုကောင်လေးအား... လွှတ်လိုက်နိုင်ပြီဟု... ထင်မှတ်ထားခဲ့သော်လည်း... လအနည်းငယ် ကြာပြီးနောက်... ဖုန်းမိသားစုကို... ရှာတွေ့သွားခဲ့သည်လား...။

"တတိယ သခင်လေး... သူ့ကို... သိလို့လား"

အစောင့်က အံ့ဩစွာ မေးလိုက်သည်။

"သွားစို့"

ဖုန်းဝူချန်က အကူအညီမဲ့စွာ ခေါင်းခါရင်း ဆိုလိုက်သည်။

"မိသားစု အကြီးအကဲ... တတိယ သခင်လေး... ပြန်ရောက်လာပါပြီ"

အခြား အစောင့်တစ်ဦးမှာ... အတွင်းဝင်းထဲသို့... အော်ဟစ်ရင်း... ပြေးဝင်သွားပြီး ဖြစ်သည်။

"တတိယ သခင်လေး...။ အဲ့ဒါ... ဖုန်းဝူချန်... မဟုတ်ဘူးလား...။ ဒီ... စုတ်ပဲ့လေး... နောက်ဆုံးတော့... ပြန်လာပြီပေါ့လေ"

ခန်းမဆောင်ထဲ၌... ဤစကားကို ကြားသည်နှင့်... ကျန်းကျွင့်လန်သည်... ချက်ချင်း... ခုန်ထလိုက်ပြီး... အပြင်သို့... ပြေးထွက်လာတော့သည်။

"ဖုန်းဝူချန်...။ မင်း... ခွေးကောင်...။ ငါ့ကို... လှည့်စားရဲတယ်"

ကျန်းကျွင့်လန်က ဟိန်းဟောက်လိုက်ပြီး... သူ၏ အစွမ်းထက်သော 'အစစ်အမှန်ယွမ်' စွမ်းအင်များ... လှိုင်းထန်လာကာ... ဖုန်းဝူချန်ထံသို့..တန်းတန်းမတ်မတ်ပင်... လက်သီးတစ်လုံး...ပစ်သွင်းလိုက် လေသည်။

"အသွင်ပြောင်းဘုံ နဝမအလွှာ"

လျိုချင်းယန်က တုန်လှုပ်စွာ ကြွေးကြော်လိုက်မိသည်။ လအနည်းငယ်မျှသာ... မတွေ့ခဲ့ရဘဲ... ကျန်းကျွင့်လန်သည်... ကျင့်ကြံမှုအဆင့် (၃) လွှာ... တက်လှမ်းသွားခဲ့သည်။

"ဘန်း"

ကျန်းကျွင့်လန်၏ တိုက်ခိုက်မှုကို ရင်ဆိုင်ရာတွင်... ဖုန်းဝူချန်၏ လက်ဝါးမှာ... လက်သည်းခွံ ပုံစံသို့... ပြောင်းလဲသွားပြီး... 'ဘန်း' ခနဲ... အသံတစ်သံနှင့်အတူ... သူ... ၎င်းကို... လွယ်ကူစွာ... ဖမ်းဆုပ်လိုက်သည်။

"သူ့ရဲ့ စွမ်းအားက... ငါ့ကို... ကျော်လွန်သွားပြီ...။ ဒါ... သေချာပေါက်... ယွမ်တန်ဘုံရဲ့ စွမ်းအားပဲ"

ကျန်းကျွင့်လန်က မျက်မှောင်ကြုတ်လိုက်ပြီး... ဖုန်းဝူချန်၏ ကျင့်ကြံမှု၌... အံ့မခန်း တိုးတက်လာမှုကို... တိတ်တဆိတ်... အံ့ဩနေမိသည်။

"ကျန်းကျွင့်လန်... စိတ်လှုပ်ရှား မနေပါနဲ့"

ဖုန်းဝူချန်က လေသံအေးအေးဖြင့် ဆိုလိုက်ပြီး... သူ၏ လက်ကို... ဖြည်းညင်းစွာ... လွှတ်လိုက်သည်။

"ချန်အာ... ဘာလို့... တိုက်ခိုက်နေကြတာလဲ"

ထိုအခိုက်အတန့်၌... ဖုန်းကျိန့်ရှုံးနှင့် ရှောင်ချင်းချင်းတို့မှာ... ဆူညံသံကို ကြားပြီး... အလျင်အမြန်... ထွက်လာကြပြီး ဖြစ်သည်။

ကျန်းကျွင့်လန်က ပြုံးလိုက်ပြီး...ပြောလိုက်၏။

"ဦးလေးဖုန်း... ကျွန်တော်... ဖုန်းဝူချန်ရဲ့ စွမ်းအားကို... စမ်းသပ်ကြည့်နေတာပါ...။ ပြင်းထန်တဲ့ ကိစ္စ... မဟုတ်ပါဘူး"

သို့သော်..သူသည်... ဖုန်းဝူချန်အပေါ်သို့... နောက်တစ်ကြိမ်... ပြန်ကြည့်လိုက်သောအခါ..

အကြည့်မှာ..... ရုတ်တရက်... ပြင်းထန်သွားပြီး... ဆူပူလိုက်သည်။

"ဖုန်းဝူချန်...။ မင်း... ငါ့ကို... တော်တော် ဆိုးဆိုးရွားရွား... လှည့်စားခဲ့တယ်...။ ငါ... ယွင်ကျိုးနယ်မှာ... မင်းကို... လပေါင်းများစွာ... ရှာခဲ့ရတယ်...။ ကျင့်ကြံရင်း... ရှာဖွေရင်း... ငါ့အချိန်တွေ... အများကြီး... ဖြုန်းတီးပစ်လိုက်ရတယ်...။ မဟုတ်ရင်... ငါ... အခုလောက်ဆို... ယွမ်တန်ဘုံကို... ထိုးဖောက်သွားလောက်ပြီ...။ မြန်မြန်လုပ်...။ ငါနဲ့... လက်နက်သန့်စင်ခြင်း... ယှဉ်ပြိုင်စမ်း"

"လက်နက်သန့်စင်ခြင်း"

ဖုန်းကျိန့်ရှုံးနှင့် အခြားသူများ... ကျန်းကျွင့်လန်ကို... အံ့ဩစွာ... ကြည့်လိုက်ကြသည်။

သူတို့... အမှန်တကယ်ပင်... ကျန်းကျွင့်လန်သည်... လက်နက်သန့်စင်သူ တစ်ဦးနှင့်... မည်သည့်နေရာ၌... တူညီသည်ကို... မပြောနိုင်ခဲ့ကြပေ...။

ယွင်ကျိုးနယ်၏ ကျော်ကြားလှသော ဆရာဖုန်းကို... စိန်ခေါ်ရန်... သတ္တိကို... သူ... မည်သည့်နေရာမှ... ရရှိခဲ့သည်ကို... မပြောနိုင်ကြပေ...။

"ဟုတ်တာပေါ့...။ ဦးလေးဖုန်း... သူ... ကျွန်တော့်ကို... ဆရာဖုန်းက... ယွင်ကျိုးနယ်ရဲ့ ထျန်းတုမှာ... ရှိတယ်လို့... လှည့်စားခဲ့တာ...။ ကျွန်တော်... ယွင်ကျိုးနယ် တစ်ခုလုံးကို... ရှာခဲ့ပေမဲ့... သူ့ကို... မတွေ့ခဲ့ဘူး...။ နောက်မှ... ဆရာဖုန်းက... ထျန်းကျိုးနယ်ကို... ရောက်လာပြီ ဆိုတာ... သိလိုက်ရတယ်...။ ပြီးတော့... ထျန်းကျိုးနယ်ကို... ရောက်မှပဲ... ဆရာဖုန်းဆိုတာ... ဖုန်းဝူချန်... ဖြစ်နေမှန်း... ကျွန်တော်... နားလည်သွားခဲ့တာ"

ကျန်းကျွင့်လန်က မကျေမနပ် ဖြစ်နေသော လေသံဖြင့် ဆိုလိုက်သည်။

ဘေး၌... လင်ရှောင်ရှောင်နှင့် မြောင်ချင်းချင်းတို့မှာ...... တိတ်တဆိတ်... ရယ်မောနေကြ လေသည်။

ဖုန်းဝူချန်... ချက်ချင်း... ခေါင်းကိုက်လာပြီးနောက်... အကူအညီမဲ့စွာ ပြောလိုက်သည်။

"ရောင်းရင်းကျန်း... ငါ... အဲ့ဒီတုန်းက... အဲ့လို လုပ်ဖို့... ဖိအားပေးခံခဲ့ရတာပါ"

"စကားတွေ... တော်တော့...။ ငါနဲ့... လက်နက်သန့်စင်ခြင်း... အခု... ယှဉ်ပြိုင်စမ်း...။ မဟုတ်ရင်... ငါ... မင်းကို... အလွတ်မပေးဘူးနော်"

ကျန်းကျွင့်လန်က ဆူပူလိုက်သည်။

"ဘုန်း... ဘုန်း"

"အား"

ထိုအခိုက်မှာပင်... ဖုန်းမိသားစု၏ တံခါးစောင့် အစောင့် နှစ်ဦး... ရုတ်တရက်... အတွင်းသို့... လွင့်စဉ်လာပြီး... သွေးများ အန်ထုတ်ကာ... မြေပြင်ပေါ်သို့... ပြင်းထန်စွာ... လဲကျသွားသည်။

မရှုမလှ... ဒဏ်ရာ ရရှိသွားကြ၏...။

ဖုန်းမိသားစုမှ လူများ... ချက်ချင်း... ထိတ်လန့်သွားကြသည်။

"ဒီလောက်... အေးစက်တဲ့ သတ်ဖြတ်လိုစိတ်...။ ယွမ်တန်ဘုံ ပဉ္စမအလွှာ"

ဖုန်းကျိန့်ရှုံး မျက်မှောင်ကြုတ်လိုက်ပြီး... သူ၏ မျက်နှာမှာ... အလွန်... တည်တင်းသွားသည်။

ယွမ်တန်ဘုံ ပဉ္စမအလွှာ အစွမ်းထက် ပုဂ္ဂိုလ်ကြီး တစ်ဦးသည်... ဖုန်းမိသားစုအတွက်... မနိုင်သော ရန်သူ... ဖြစ်သည်။

"ဒုက္ခရောက်တော့မယ်"

ဖုန်းချန်ယန်က စိုးရိမ်ပူပန်စွာ ဆိုလိုက်သည်။

"ဖုန်းဝူချန်...။ ငါ... မင်းကို... လာရှာမယ်လို့... ပြောခဲ့တယ်"

အေးစက်လှသော အသံတစ်ခု... အပြင်ဘက်မှ... ထွက်ပေါ်လာပြီး... စကားလုံး တစ်လုံးစီတိုင်းမှာ... အေးခဲနေသော သတ်ဖြတ်လိုသည့် အငွေ့အသက်များဖြင့်... ပြည့်နှက်နေသည်။

"အဲ့အသံက... အစ်ကိုကြီးဖုန်း... အဲ့ဒါ... အစောပိုင်းက... ငါတို့ တွေ့ခဲ့တဲ့... ထျန်းယွင်ဂိုဏ်းက... တပည့်ပဲ"

လျိုချင်းယန်၏ မျက်နှာ... ဖြူဖျော့သွားသည်။

"ဘာ...။ ထျန်းယွင်ဂိုဏ်း"

ဖုန်းမိသားစုမှာ... ထိတ်လန့်သွားကြပြီး... 'ထျန်းယွင်ဂိုဏ်း' ဟူသော စကားလုံး သုံးလုံးက... သူတို့ကို... ကြောက်လန့်တကြား... ဖြစ်သွားစေသည်။

"ထျန်းယွင်ဂိုဏ်း...။ သူတို့... သန်မာလို့လား"

ဖုန်းကျိန့်ရှုံးနှင့် အခြားသူများ၏ ထိတ်လန့်မှုကို မြင်သော်... ကျန်းကျွင့်လန်က နားမလည်စွာ မေးလိုက်သည်။

"သူတို့... ဒီလောက် မြန်မြန်... ရောက်လာတာပဲ...။ ယွမ်တန်ဘုံ ပဉ္စမအလွှာ တစ်ယောက်ဖြစ်ဖို့... ထိုက်တန်ပါတယ်လေ"

ဖုန်းဝူချန်က အေးစက်စွာ ဆိုလိုက်ပြီး... တံခါးဝဆီသို့... လှည့်ကြည့်လိုက်သည်။

အနက်ရောင် ပိုးထည် ဝတ်ရုံ.. ဝတ်ဆင်ထားသော အမျိုးသားတစ်ဦး... အတွင်းသို့... လျှောက်လှမ်း ဝင်ရောက်လာသည်။

ကြောက်မက်ဖွယ် သတ်ဖြတ်ခြင်း အရှိန်အဝါများ... သူ့ထံမှ... ထွက်ပေါ်နေပြီး... ထိုသူသည်... အမှန်တကယ်ပင်... အစောပိုင်းက... တောင်ထိပ်ပေါ်၌... သူတို့... မြင်တွေ့ခဲ့ရသော... ထျန်းယွင်ဂိုဏ်းမှ... တပည့်ပင် ဖြစ်သည်။

All Chapters