ကောင်းကင် ပင်မဆောင်
Vol. 8 Ch. 117
~နတ်ဘုရား ပြောင်းလဲခြင်းဘုံမှ ပညာရှင်များအား တိုက်ကြီးပေါ်တွင် ဒဏ္ဍာရီလာ ပုဂ္ဂိုလ်များအဖြစ် သတ်မှတ်ကြရာ၊ ခရမ်းရောင် စွမ်းအင် အကာအကွယ်လွှာတစ်ခု မည်မျှ ကြောက်မက်ဖွယ် ကောင်းသည်ကို စိတ်ကူးကြည့်ရုံမျှဖြင့် သိနိုင်ပေသည်။
ရှိနေသူများထဲတွင်... ဖုန်းဝူချန်နှင့် ကျန်းကျွင့်လန်တို့သာ ထိုခရမ်းရောင် စွမ်းအင်သည် အကာအကွယ်လွှာတစ်ခု ဖြစ်ကြောင်း သိရှိကြ၏။ အခြားမည်သူမျှ... ဟွမ်ဖူကျန့်ထျန်း အပါအဝင်... ဘာမှ သိရှိခြင်း မရှိကြချေ...။
မည်သူမျှ... ဤမျှ ကြောက်မက်ဖွယ် ကောင်းသော အကာအကွယ်လွှာမျိုးကို တစ်ခါမျှ မမြင်တွေ့ဖူးခဲ့ကြသလို... ၎င်းနှင့် ရင်းနှီးကျွမ်းဝင်မှုလည်း မရှိကြပေ...။
...'ဒီအကာအကွယ်လွှာရဲ့ အရှိန်အဝါက... အရမ်း ကြောက်စရာကောင်းတယ်...။ ရှောင်ရှောင်ကများ... ဖြစ်နိုင်မလား'...
ထိုအကာအကွယ်လွှာမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ် အရှိန်အဝါက... ဖုန်းဝူချန်အား လင်ရှောင်ရှောင်၏ ဇာစ်မြစ်နှင့် ပတ်သက်၍ သဲလွန်စ တစ်ခု ပေးလိုက်သည့်အလား ထင်ရသော်လည်း... သူ... မသေချာခဲ့ပေ...။
"သူတောင်းစားတွေ"
ဟွမ်ဖူကျန့်ထျန်းသည် ဒေါသတကြီး ဖြစ်နေပြီး... သူ၏ မျက်နှာမှာ ဒေါသကြောင့် မဲ့ရှုံ့နေ၏။
သူ... အတားအဆီး တစ်ခုကြောင့် ဒဏ်ရာရရှိခဲ့သည်ကို... မယုံကြည်နိုင်ခဲ့ပေ...။
သူ၏ လက်မောင်း တစ်ခုလုံးမှာ နာကျင်မှုဖြင့် တဆတ်ဆတ် တုန်ခါနေသည်။
...
ယွမ်တန်ဘုံ ပဉ္စမ အလွှာမှ ပညာရှင် တစ်ဦးက... ယွမ်တန်ဘုံ ပထမအလွှာမှ မိန်းကလေး တစ်ယောက်ကြောင့်... ဒဏ်ရာ ရရှိသွားခဲ့သည်...။ ဤမျှ... အရှက်ရဖွယ် ကောင်းသော အဖြစ်အပျက်...။ ဟွမ်ဖူကျန့်ထျန်း... မည်သို့လျှင်... ဒေါသမထွက်ဘဲ နေနိုင်မည်နည်း...။
သို့သော်... ဟွမ်ဖူကျန့်ထျန်းသည်... ဒုတိယအကြိမ် ကြိုးစားရန်... မဝံ့ရဲတော့ပေ...။ အကယ်၍ သူသာ... ထပ်မံ၍ မထိုးဖောက်နိုင်ဘဲ... ဒဏ်ရာ ထပ်ရသွားခဲ့လျှင်... သူ... ထွက်ပြေးရန် စွမ်းအားပင်... ကျန်ရှိပါဦးမည်လော...။
"ရှင်... နောက်တစ်ခါ... ထပ်စမ်းကြည့်ချင်သေးလား"
လင်ရှောင်ရှောင်က အေးစက်စွာ မေးလိုက်သည်။
ဟွမ်ဖူကျန့်ထျန်းက လင်ရှောင်ရှောင်ကို စိုက်ကြည့်လိုက်ရာ... သူ၏ မျက်လုံးများမှာ... ရက်စက်မှုနှင့် မလိုမုန်းတီးမှုတို့ဖြင့် ပြည့်နှက်နေသော်လည်း... သူမအား ရင်ဆိုင်ရန်... နည်းလမ်း တစ်စုံတစ်ရာ... မရှိခဲ့ပေ...။
ဤမျှ... ကြောက်မက်ဖွယ် ကောင်းသော အတားအဆီးမျိုး...။ ထျန်းယွင်ဂိုဏ်း၏ ဂိုဏ်းချုပ် ကိုယ်တိုင်... ရောက်လာသည့်တိုင်... အနည်းငယ်မျှပင်... တုန်လှုပ်စေနိုင်မည် မဟုတ်ပေ...။
"ဖုန်းဝူချန်... မင်း... ဒီနေ့... ကံကောင်းသွားတယ်...။ မင်း... မိန်းမ တစ်ယောက်ရဲ့ နောက်ကွယ်မှာ... တစ်သက်လုံး... ပုန်းနေနိုင်မယ်လို့... ငါ... မယုံဘူး...။ မင်းကို... မသတ်ရမချင်း... ငါ... အနားမယူဘူး"
ဟွမ်ဖူကျန့်ထျန်းက ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ အခြား မည်သို့မျှ မတတ်နိုင်တော့သဖြင့်... သူ... လောလောဆယ်... နောက်ဆုတ်ရန်မှတစ်ပါး... ရွေးချယ်စရာ မရှိတော့ပေ...။
ဟွမ်ဖူကျန့်ထျန်း ထွက်ခွာသွားသည်နှင့်... ဖုန်းဝူချန်နှင့် အခြားသူများမှာ... သူ့အား တားဆီးရန်... စွမ်းအား... ကင်းမဲ့နေကြသည်။
ယနေ့... သူတို့၏ အသက်များမှာ... လင်ရှောင်ရှောင်၏ ကြားဝင် ကူညီမှုကြောင့်သာ... ချမ်းသာရာ ရခဲ့ခြင်း ဖြစ်၏။ ...မဟုတ်ပါက... အကျိုးဆက်များမှာ... စိတ်ကူးဖြင့်ပင်... မမှန်းဆနိုင်ဖွယ်... ရှိနေသည်။
"ဖုန်းဝူချန်... ပွင့်ပွင့်လင်းလင်း ပြောစမ်းပါ...။ အဲ့ဒီ မိန်းကလေးက... ဘယ်သူလဲ...။ သူ့ရဲ့... အကာအကွယ်လွှာက သာမန် အရာ... မဟုတ်ဘူး"
ကျန်းကျွင့်လန်က အလျင်အမြန်... အသံတိုးတိုးဖြင့် မေးလိုက်သည်။
"မင်းက... အဲ့ဒါကို... အကာအကွယ်လွှာမှန်း... သိနိုင်မှတော့... မင်းရဲ့ ဇာစ်မြစ်ကလည်း... သာမန်တော့... မဟုတ်လောက်ဘူး"
ဖုန်းဝူချန်က လေသံအေးအေးဖြင့် တုံ့ပြန်လိုက်သည်။
ထိုစဉ် လင်ရှောင်ရှောင်က စိုးရိမ်ပူပန်စွာ မေးလိုက်သည်။
"အစ်ကိုကြီးဖုန်း... အဆင်ပြေရဲ့လား”
"ငါ... အဆင်ပြေပါတယ်...။ ဒီဒဏ်ရာက... မနက်ဖြန်ဆို... ပျောက်သွားမှာပါ...။ ရှောင်ရှောင်... မင်းရဲ့ အကူအညီအတွက်... ကျေးဇူးတင်ပါတယ်"
ဖုန်းဝူချန်က ခပ်ဖျော့ဖျော့ ပြုံးရင်း ဆိုလိုက်ပြီး... သူ၏ ကျေးဇူးတင်မှုကို... ဖော်ပြရန်... မမေ့ခဲ့ပေ...။
လင်ရှောင်ရှောင်၏ ချိုမြိန်သော အပြုံး ပေါ်ထွက်လာပြီး... သူမ ဆိုလိုက်သည်။
"အစ်ကိုကြီးဖုန်းက... ယဉ်ကျေးလွန်းနေပြီ...။ ကျွန်မက... အစ်ကိုကြီးဖုန်း... အနိုင်ကျင့်ခံနေရတာကို... မမြင်ချင်ဘူး...။ အထူးသဖြင့်... ဟွမ်ဖူကျန့်ထျန်းလို လူမျိုးပေါ့...။ အစ်ကိုကြီးဖုန်းသာ... ယွမ်တန်ဘုံ တတိယအလွှာကို... ထိုးဖောက်သွားနိုင်ခဲ့ရင်... သူ... ဘယ်လိုလုပ်... ဒီလောက်... မောက်မာနိုင်ဦးမှာလဲ ရှင်"
ဖုန်းဝူချန်က ပြန်မဖြေဘဲ... ပြုံးလိုက်သည်။
သူ၏ နှလုံးသားထဲ၌... လင်ရှောင်ရှောင်အပေါ်... အလွန်..ကျေးဇူးတင်နေမိသည်။
လင်ရှောင်ရှောင်၏ တကယ့် ဇာစ်မြစ်ကို... မသေချာ မသိပါ။
သူမက... သူတို့ကြား၌... သိသာထင်ရှားသော ဆက်နွယ်မှု တစ်စုံတစ်ရာ မရှိဘဲ....သူ၏ လောကထဲသို့... ဝင်ရောက်လာခဲ့ပြီး... သူ့အတွက်... သူမ၏ အသက်ကို... စွန့်စားရန်... ဝန်မလေးခဲ့ပေ...။
သူမ၏ စိတ်ရင်းမှန်မှာ... ဖုန်းဝူချန်... သူမကို လက်ခံရန်... လုံလောက်နေခဲ့လေပြီ။
"သခင်မလေး ရှောင်ရှောင်... ချန်အာကို... ကယ်တင်ပေးခဲ့တဲ့အတွက်... ပြီးတော့... ကျွန်မတို့ ဖုန်းမိသားစုကို... ကယ်တင်ပေးခဲ့တဲ့အတွက်... ကျေးဇူးတင်ပါတယ်ရှင့်"
ဖုန်းကျိန့်ရှုံးနှင့် ရှောင်ချင်းချင်းတို့လည်း... သူတို့၏ ကျေးဇူးတင်မှုကို... ဖော်ပြလိုက်ကြသည်။
ပျော်ရွှင်မှုများဖြင့်... လွှမ်းခြုံလျက်... ရှောင်ချင်းချင်းသည်... လင်ရှောင်ရှောင်ကို... တင်းကြပ်စွာ... ပွေ့ဖက်လိုက်ပြီး... ပျော်ရွှင်မှုဖြင့်... ငိုကြွေးနေတော့၏။
"ဟွမ်ဖူ မိသားစု"
ဖုန်းဝူချန်က ဟွမ်ဖူကျန့်ထျန်း ထွက်ခွာသွားသော လားရာသို့... လှမ်းကြည့်လိုက်ရာ... အေးစက်မှု အရိပ်အယောင် တစ်ခု... သူ၏ မျက်လုံးများထဲ၌... လက်ခနဲ ဖြစ်သွားသည်။
ဟွမ်ဖူကျန့်ထျန်း... ဖုန်းကျိန့်ရှုံးကို... ဒဏ်ရာ ရရှိစေခဲ့သည့် ထိုအခိုက်အတန့်၌... သူသည်... ဖုန်းဝူချန်ကို... လုံးလုံးလျားလျား... ဒေါသထွက်စေခဲ့လေပြီ။
ဟွမ်ဖူမိသားစု... နောက်ဆုတ်သည် ဖြစ်စေ... မဆုတ်သည် ဖြစ်စေ... ဖုန်းဝူချန်သည်... ဟွမ်ဖူကျန့်ထျန်းကို... အလွတ်ပေးလိမ့်မည်... မဟုတ်ပေ...။
ဟွမ်ဖူကျန့်ထျန်း၏ ပေါ်ထွက်လာမှုက... ဖုန်းမိသားစုအပေါ်၌... ကြီးမားသော ခြိမ်းခြောက်မှု တစ်ခု... ဖြစ်ပေါ်စေခဲ့သည်...။ ဟွမ်ဖူ မိသားစု... တည်ရှိနေသမျှ ကာလပတ်လုံး... ဖုန်းဝူချန်သည်... ဘယ်သောအခါမှ... စိတ်အေးနိုင်မည်... မဟုတ်ပေ...။
"အခုတော့... အချိန် မဟုတ်သေးဘူး...။ အခိုက်အတန့်က... မကျရောက်သေးဘူး...။ ချီဟွမ်ရဲ့ အင်အားစုတွေက... လုံလောက်အောင်... မသန်မာသေးဘူး...။ ငါ့ကို... နှစ်ဝက်လောက်... အချိန်ပေး...။ မဟုတ်ဘူး... သုံးလ...။ ငါ့ကို... သုံးလ... အချိန်ပေး...။ ငါ... ဟွမ်ဖူမိသားစုနဲ့... ယှဉ်ပြိုင်နိုင်စွမ်း... ရှိလာလိမ့်မယ်"
ဖုန်းဝူချန်က ယုံကြည်မှု အပြည့်ဖြင့် ဆိုလိုက်ပြီး... သူ၏ မျက်လုံးများမှာ... ခိုင်မာနေသည်။
ရိုးရှင်းစွာ ဆိုရလျှင်... ဖုန်းမိသားစုမှာ... အလွန် အားနည်းလှပြီး... ဖုန်းဝူချန်၏ စွမ်းအားမှာလည်း... လုံလောက်စွာ... ကြောက်မက်ဖွယ် ကောင်းခြင်း... မရှိသေးပေ...။ ...မဟုတ်ပါက... ဟွမ်ဖူကျန့်ထျန်းသည်... ယနေ့... သေချာပေါက်... ပြန်လှည့်နိုင်ခဲ့မည် မဟုတ်ပေ...။
"အကြီးအကဲတို့... မေမေ...။ ဖေဖေ့ကို... ကုစားဖို့... ပြန်ခေါ်သွားကြပါ...။ အစ်ကိုကြီး... အစ်ကိုလတ်...။ ကျွန်တော်နဲ့... နေရာတစ်ခုကို... လိုက်ခဲ့ပါ"
ဖုန်းဝူချန်က လေးနက်စွာ မှာကြားလိုက်၏။
ဖုန်းယွမ်နှင့် ဖုန်းကျန့်တို့မှာ... ရှုပ်ထွေးစွာ... တစ်ယောက်ကိုတစ်ယောက်... ကြည့်လိုက်ကြပြီး... ဖုန်းဝူချန်က... သူတို့ကို... မည်သည့်နေရာသို့... ခေါ်ဆောင်သွားမည်ကို... မသေချာ ဖြစ်နေကြသည်။
"ချန်အာ... သတိထားဦး"
ဖုန်းကျိန့်ရှုံးက သတိပေးလိုက်သည်။
"ဖေဖေ... စိတ်မပူပါနဲ့"
ဖုန်းဝူချန်က ယုံကြည်မှု အပြည့်ဖြင့်... တစ်ချက် ကြည့်လိုက်ပြီးနောက်... အတွင်းဝင်းထဲမှ... ဦးစွာ... ထွက်ခွာသွားသည်။
လင်ရှောင်ရှောင်နှင့် လျိုချင်းယန်တို့မှာလည်း... ရှုပ်ထွေးနေကြပြီး... အလျင်အမြန်... နောက်မှ... လိုက်ပါသွားကြသည်။
"ဦးလေးဖုန်း... ကျေးဇူးပြုပြီး... ကောင်းကောင်း... အနာကျက်အောင် လုပ်ပါ...။ ကျွန်တော်... သွားကြည့်လိုက်ဦးမယ်"
ကျန်းကျွင့်လန်က ယဉ်ကျေးစွာ... အော်ဟစ်လိုက်ပြီးနောက်... အမီလိုက်ရန်... အလျင်စလို... ထွက်ခွာသွားသည်။
ထိုအုပ်စုသည်... ဖုန်းဝူချန်၏ နောက်မှ... တောအုပ်များ တစ်လျှောက်... အရှိန်ပြင်းစွာ... လိုက်ပါသွားကြပြီး... နာရီဝက်ခန့် ကြာပြီးနောက်... မြို့တော်အနီးမှ တောင်တန်း တစ်ခုသို့... ရောက်ရှိလာခဲ့ကြသည်။
မြင့်မားလှသော တောင်ထိပ်များမှာ... မျက်စိတစ်ဆုံး... ဆန့်တန်းနေကြပြီး... တစ်ခုပြီးတစ်ခု... ထိုးထွက်လျက်... မြင့်မား ခန့်ညားလှ၏...။
ရှေ့တည့်တည့် မလှမ်းမကမ်းမှ တောင်တန်း၌... ကြည်လင်သော ရေကန်ကြီး တစ်ခု ရှိနေပြီး... ထူးခြား ထင်ရှားသော တောင်ထိပ်တစ်ခု... ၎င်း၏ အလယ်ဗဟိုမှ... ထိုးထွက်နေသည်။ ထို ခမ်းနားသော တောင်ထိပ်၏ ပတ်ပတ်လည်၌... သံကြိုးတံတား အများအပြား ရှိနေပြီး... ရေကန်၏ ကမ်းစပ်များနှင့်... ချိတ်ဆက်ထားသည်။ တောင်ထိပ်၌မူ... ခန့်ညားထည်ဝါသော ပင်မဆောင် တစ်ခု... တည်ရှိနေ၏...။
ဤပင်မဆောင်အား... ကောင်းကင် ပင်မဆောင်ဟု... လူသိများကြသည်။
"ညီသုံး... ငါတို့ကို... ကောင်းကင် ပင်မဆောင်ကို... ဘာလို့... ခေါ်လာတာလဲ"
ဖုန်းယွမ်က နားမလည်စွာ မေးလိုက်သည်။
"ကောင်းကင် ပင်မဆောင်ဆိုတာ... ထျန်းကျိုးနယ်မှာ... မကြာသေးခင်ကမှ... ပေါ်ထွက်လာတဲ့... လျှို့ဝှက်ဆန်းကြယ်တဲ့ အင်အားစု တစ်ခုပဲ...။ အဲ့ဒါကို... အစွမ်းထက် ပညာရှင် (၈) ယောက်က... စောင့်ကြပ်နေပြီး... လုံခြုံရေးက... တင်းကြပ်တယ်...။ ဘယ်သူမှ... အနားကပ်ဝံ့ကြဘူး...။ သူတို့... အရင်က... ပြိုင်ဘက်ကင်းမြို့မှာ... ပေါ်ထွက်လာခဲ့ဖူးတယ်...။ ကြောက်မက်ဖွယ် စွမ်းအားကို... ပြသခဲ့တယ်...။ အဲ့ဒီတုန်းက... သူတို့... ဘယ်သူ့ကို... လိုက်လံ ရှာဖွေနေမှန်း... ဘယ်သူမှ... မသိခဲ့ကြဘူး"
ဖုန်းကျန့်က ထပ်ဖြည့်၍ ဆိုလိုက်သည်။
"ဟုတ်တယ်...။ ပြီးတော့... သူတို့က... မြို့တော်က လူတွေနဲ့လည်း... ဆက်သွယ်မှုတွေ... ရှိတယ်"
ဖုန်းယွမ်က လေးနက်စွာ ထောက်ခံလိုက်၏။
"သွားစို့...။ ကြည့်လိုက်ကြရအောင်ဗျ"
ဖုန်းဝူချန်က ခပ်ဖျော့ဖျော့ ပြုံးရင်း ဆိုလိုက်သည်။
ဖုန်းယွမ်... သူ့အား... မတားဆီးနိုင်ခင်မှာပင်... ဖုန်းဝူချန်က.. အလျင်အမြန်... ထွက်ခွာသွားခဲ့လေပြီ။
"လူ (၈) ယောက်"
လျိုချင်းယန်.. ရေရွတ်ကာ.. အနည်းငယ်... မျက်မှောင်ကြုတ်လိုက်မိသည်။
ဆယ်မိနစ်ခန့် ကြာပြီးနောက်... ဖုန်းဝူချန်နှင့် အခြား (၇) ယောက်သည်... ရေကန်ဘေးမှ သံကြိုးတံတား တစ်ခု၏ အစွန်းသို့... ရောက်ရှိလာခဲ့ကြသည်။
သံကြိုးတံတားကို... အနက်ရောင် ဝတ်စုံများ ဝတ်ဆင်ထားသော လူများက... အမှန်တကယ်ပင်... စောင့်ကြပ်နေကြသည်။
"ကောင်းကင် ပင်မဆောင်က... ကန့်သတ်နယ်မြေပဲ...။ ချက်ချင်း... ထွက်သွားကြ"
အနက်ရောင် ဝတ်စုံနှင့် လူတစ်ဦးက အေးစက်စွာ ဆိုလိုက်၏။
"ညီသုံး... စိတ်လိုက်မာန်ပါ... မလုပ်နဲ့"
ဖုန်းယွမ်က အလျင်အမြန်... သူ့အား... ဖျောင်းဖျရန်... ကြိုးစားလိုက်သည်။
"ဝှစ်... ဝှစ်... ဝှစ်"
ထိုအခိုက်အတန့်၌ပင်... အနက်ရောင် အရိပ် (၈) ခု... ရုတ်တရက်... လှစ်ခနဲ... ပေါ်ထွက်လာပြီး... သတိပေးခြင်း မရှိဘဲ... ပေါ်ထွက်လာသော... ဝိညာဉ်များကဲ့သို့... လူတိုင်းအား... လုံးဝ... အံ့အားသင့်သွားစေသည်။
" လျှပ်တပြက် နေရာ ရွှေ့ပြောင်းခြင်း"
လင်ရှောင်ရှောင်က ထို ပုံရိပ် (၈) ခုကို ကြည့်ရင်း... အံ့ဩစွာ ကြွေးကြော်လိုက်မိသည်။
"ကြောက်စရာ ကောင်းလိုက်တဲ့ လှုပ်ရှားမှု သိုင်းကွက်ပဲ"
ကျန်းကျွင့်လန်... အနည်းငယ်... မျက်မှောင်ကြုတ်လိုက်မိပြီး... အတွင်းစိတ်ထဲထိ... တုန်လှုပ်သွားသည်။
"စစ်သူကြီးချုပ်ကို... ဂါရဝပြုပါတယ်"
ထို ပုံရိပ် (၈) ခုမှာ... ရုတ်တရက်... ဒူးတစ်ဖက်... ထောက်ချလိုက်ပြီး... ရိုသေစွာ... နှုတ်ဆက်လိုက်ကြသည်။
"စစ်သူကြီးချုပ်ကို.. ဂါရဝပြုပါတယ်"
ကောင်းကင် ပင်မဆောင် အနီး၌... တပ်စွဲထားသော အစောင့်များ အားလုံး... ရိုသေစွာ... အော်ဟစ်လိုက်ကြသည်။ သူတို့၏ အသံများမှာ... ပတ်ဝန်းကျင် တောင်တန်းများ တစ်လျှောက်... ပဲ့တင်ထပ်သွားပြီး... အဆက်မပြတ်... ပြန်လည် မြည်ဟည်းနေကာ... သူတို့၏ အရှိန်အဝါမှာ... လွှမ်းမိုးနိုင်စွမ်း ရှိလှသည်။
လမ်းကို... ဟန့်တားနေခဲ့သော အစောင့်များမှာ... ချက်ချင်းပင်... ချွေးစေးများ... ပြန်လာကြသည်။ သူတို့၏ ရှေ့မှောက်မှ လူငယ်လေးသည်... အမှန်တကယ်တွင်... ကောင်းကင် ပင်မဆောင်၏... ပင်မဆောင် သခင်... ဖြစ်နေလိမ့်မည်ဟု... မသိရှိခဲ့ကြပေ...။
သို့သော်... ဖုန်းဝူချန်၌... သူတို့ကို... အပြစ်တင်ရန်... ရည်ရွယ်ချက်... မရှိခဲ့ပေ...။
‘ထကြပါ”
ဖုန်းဝူချန်က ခပ်ဖျော့ဖျော့ ပြုံးရင်း ဆိုလိုက်သည်။
"ကျေးဇူးတင်ပါတယ်... စစ်သူကြီးချုပ်"
သူတို့၏ အသံများ... ပတ်ဝန်းကျင် တောင်တန်းများ တစ်လျှောက်... နောက်တစ်ကြိမ်... ပံ့တင်သွားပြန်သည်။
"ဖုန်းဝူချန်... မင်း... ကိုယ်ပိုင် အင်အားစုတွေတောင်... ရှိနေလိမ့်မယ်လို့... ငါ... တကယ်... မမြင်ခဲ့မိဘူး...။ ရည်မှန်းချက်... ကြီးသား ပဲ ဟေ.."
ကျန်းကျွင့်လန်က အံ့ဩတကြီး ပြုံးရင်း ဆိုလိုက်သည်။
ထို လူ (၈) ယောက်ထံသို့... ကြည့်လိုက်ရင်း... ဖုန်းဝူချန်က ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး...ဆို၏။
"ချီဟွမ်... ခင်ဗျားရဲ့ ကျင့်ကြံမှုက... တော်တော် မြန်မြန်... တိုးတက်လာတာပဲ"
ထိုအခါ ချီဟွမ်က သူ၏ မျက်နှာဖုံးကို... ချွတ်လိုက်ပြီး... ရိုသေစွာ... ပြန်ဖြေလိုက်သည်။
"စစ်သူကြီးချုပ်ရဲ့... သင်ကြားပြသမှုအတွက်... ကျေးဇူးတင်ပါတယ်"
ချီဟွမ်၏ ကျင့်ကြံမှုမှာ... ယွမ်တန်ဘုံ တတိယအလွှာသို့... တက်လှမ်းသွားခဲ့လေပြီ။ လိန်မူချန်... သူတို့ထဲမှ... အစွမ်းအနည်းဆုံး ဖြစ်သူမှလွဲ၍... အခြား (၇) ယောက်မှာလည်း... ယွမ်တန်ဘုံသို့... တက်လှမ်းသွားခဲ့ကြပြီး... သူတို့၏ စွမ်းအားများမှာ... ခုန်ပျံ ကျော်လွှားလျက်... တိုးတက်လာခဲ့ကြသည်။
"စစ်သူကြီးချုပ်...။ ခင်ဗျားတို့က... အင်ပါယာရဲ့... စစ်သားတွေလား"
ဖုန်းယွမ်က အလွန်အမင်း တုန်လှုပ်စွာ ဆိုလိုက်သည်။
"ညီလေး... မင်း... မင်းက... ကောင်းကင် ပင်မဆောင်ရဲ့... ပင်မဆောင် သခင်လား"
"ကောင်းကင် ပင်မဆောင်က... တကယ်ပဲ... မင်းရဲ့... အင်အားစု ဌာနချုပ်ကိုး"
ဖုန်းကျန့်က မယုံနိုင်သော မျက်နှာဖြင့် အော်ဟစ်လိုက်သည်။
"အစ်ကိုကြီး ဖုန်းယွမ်... သူတို့က... အင်ပါယာရဲ့ ကောင်းကင်အရိပ် မြင်းသည်တော်တပ်ဖွဲ့နဲ့... အလံနက်တပ်မတော်က... အထက်တန်းလွှာ စစ်သားတွေပဲ...။ ဒါပေမဲ့... အခုတော့... မဟုတ်တော့ဘူးဗျ"
လျိုချင်းယန်က စိတ်လှုပ်ရှားစွာ ပြုံးရင်း ရှင်းပြလိုက်လေသည်။
ထို (၈) ယောက်၏ အရှိန်အဝါကို... သူ... ခန့်မှန်းမိလိုက်ပါသည်။
"လျိုချင်းယန်... မင်း... ငါ့ကို... မှတ်မိတာလား"
လိန်မူချန်က သူ၏ မျက်နှာဖုံးကို... ချွတ်လိုက်ပြီး... အပြုံး အရိပ်အယောင် တစ်ခု... ဖော်ပြလိုက်သည်။
"အစ်ကိုကြီး လိန်"
လျိုချင်းယန်က စိတ်လှုပ်ရှားစွာ ကြွေးကြော်လိုက်သည်။
"အထင်ကြီးစရာပဲ...။ အသွင်ပြောင်းဘုံ... အဋ္ဌမအလွှာတဲ့"
" ထပ်တွေ့ရပြီ နော်.အစ်ကိုကြီး လိန်"
မြောင်ချင်းချင်းကလည်း... ပျော်ရွှင်စွာ... နှုတ်ဆက်လိုက်သည်။
လိန်မူချန်က ခေါင်းညိတ်လိုက်ပြီးနောက်... ဖုန်းဝူချန်ကို... ရိုသေစွာ... ပြောဆိုလိုက်သည်။
"စစ်သူကြီးချုပ်... ကျေးဇူးပြုပြီး"
"ကောင်းကင် ပင်မဆောင်ကို... ကောင်းကောင်း... တည်ဆောက်ထားတာပဲ...။ ခင်ဗျားတို့အားလုံး... အများကြီး... ကြိုးစားထားခဲ့ကြတယ်"
ဖုန်းဝူချန်က ချီးကျူးလိုက်ပြီး... ကောင်းကင် ပင်မဆောင်အပေါ်၌... အလွန်အမင်း... ကျေနပ်နေမိသည်။
ထိုကိစ္စမှာလည်း... ဖုန်းဝူချန်၏ ပထမဆုံးအကြိမ် လာရောက်ခြင်း ဖြစ်
၏။ သူက... နေရာကိုသာ... သိရှိခဲ့ပြီး... တစ်ခါမျှ... မရောက်ဖူးခဲ့ပေ...။
ပထမဆုံး အကြိမ် မြင်တွေ့ရသည်နှင့်... သူ... အလွန်အမင်း... ကျေနပ်သွားခဲ့သည်။
"စစ်သူကြီးချုပ်... ကျေနပ်သမျှ ကာလပတ်လုံး... ကျွန်တော်တို့... စိတ်အေးနိုင်ပါပြီ"
လိန်မူချန်က ပြုံးရင်း တုံ့ပြန်လိုက်ပြီး... အတော်လေး... ဂုဏ်ယူနေဟန်တူသည်။ ကောင်းကင် ပင်မဆောင်ကို... သူကိုယ်တိုင်... ဒီဇိုင်းဆွဲခဲ့သည့်အလားပင်...။
"ဒီအစောင့်တွေရဲ့... နောက်ခံက... ဘာလဲ"
ဖုန်းဝူချန်က စုံစမ်းလိုက်သည်။
"စစ်သူကြီးချုပ်... သူတို့အားလုံးက... အင်ပါယာရဲ့... သေဒဏ်ကျ အကျဉ်းသားတွေပါ...။ မျှော်လင့်ချက်နဲ့... အခွင့်အရေး... ပေးထားပြီးမှတော့... သူတို့... သစ္စာဖောက်နိုင်ဘူးလို့... ကျွန်တော်တို့... ယုံကြည်ပါတယ်"
ချီဟွမ်က ရိုသေစွာ ပြန်ဖြေလိုက်သည်။
"သေဒဏ်ကျ အကျဉ်းသားတွေ"
ဖုန်းဝူချန်က ချီဟွမ်ကို... အံ့ဩစွာ... ကြည့်လိုက်မိသည်။
"ဒီအစောင့်တွေ... အားလုံးက... သေဒဏ်ကျ အကျဉ်းသားတွေ"
မြောင်ချင်းချင်းနှင့် လျိုချင်းယန်တို့ နှစ်ဦးလုံး... အလွန်အမင်း... အံ့အားသင့်သွားကြသည်။
ဖုန်းဝူချန်၏ စိုးရိမ်ပူပန်မှုများကို... အာရုံခံမိသည့်အလား... ချီဟွမ်က အလျင်အမြန်... ထပ်ဖြည့်လိုက်သည်။
"စစ်သူကြီးချုပ်... စိတ်ချပါ...။ ဒီအကြောင်းကို... ဘယ်သူမှ... မသိပါဘူး...။ ဟွမ်ယန်က... သူတို့ကို... လျှို့ဝှက်ပြီး... ခေါ်ထုတ်လာခဲ့တာပါ...။ ထျန်းကျိုးနယ်ရဲ့... တပ်မှူးတောင်... ဒီကိစ္စကို... မသိပါဘူး"
"ခင်ဗျားတို့ရဲ့ လုပ်ဆောင်ချက်တွေကို... ယုံကြည်ပါတယ်...။ ကျွန်တော်... အံ့ဩသွားရုံ... သက်သက်ပါ...။ အမှန်ပဲ... သေဒဏ်ကျ အကျဉ်းသားတွေက... ရွေးချယ်မှု ကောင်းတစ်ခုပါပဲ...။ နည်းနည်းလေး... လိုနေတာက လွဲလို့"
ဖုန်းဝူချန်က ကျေနပ်စွာ ပြုံးရင်း ဆိုလိုက်သည်။
ဤစကားကို ကြားသော်... ချီဟွမ်... သက်ပြင်းတစ်ချက်... ရှိုက်ထုတ်လိုက်မိသည်။
"စစ်သူကြီးချုပ်... ဟွမ်ဖူမိသားစုရဲ့ အခြေအနေက... ဘယ်လိုလဲ"
ချီဟွမ်က စုံစမ်းလိုက်သည်။ ဖုန်းမိသားစုနှင့် ဟွမ်ဖူမိသားစုတို့ကြားမှ ပြဿနာများကို... သူတို့... သိရှိပြီးသား ဖြစ်သည်မှာ... ထင်ရှားလှ၏။ သို့သော်... သူတို့သည်... ဖုန်းဝူချန်ထံမှ အမိန့်များ မရှိဘဲ... လှုပ်ရှားခဲ့ခြင်း မရှိပေ...။ အဘယ်ကြောင့်ဆိုသော်... သူတို့သည်... အင်ပါယာ၏ စစ်သားများ... မဟုတ်ကြတော့ဘဲ... ဖုန်းဝူချန်၏ လက်အောက်ငယ်သားများ... ဖြစ်နေသောကြောင့်...။
ဖုန်းဝူချန်က လေးနက်စွာ ဆိုလိုက်သည်။
"ကျွန်တော်... အဲ့ဒီကိစ္စ အတွက်ပဲ... လာခဲ့တာ"
သံကြိုးတံတားကို... ဖြတ်ကျော်ပြီးနောက်... ချီဟွမ်က ဖုန်းဝူချန်နှင့် အခြားသူများကို... ခန့်ညားထည်ဝါသော နန်းတော်ထဲသို့... ဦးဆောင် ခေါ်သွားသည်။
"ဝိုး...။ လှလိုက်တာ...။ ခန့်ညားလိုက်တာ"
မြောင်ချင်းချင်းမှာ... အံ့ဩမှုနှင့် နှစ်သက်မှုတို့ဖြင့်... ပြည့်နှက်နေသည်။
"အစ်ကိုကြီးဖုန်း... ဒီနေရာက... တကယ်... ခမ်းနားတာပဲ နော်"
လင်ရှောင်ရှောင်မှာ... ပထမတစ်ချက် အကြည့်ဖြင့်ပင်... အလွန် ပျော်ရွှင်သွားပြီး... သူမ၏ လှပသော မျက်နှာလေးမှာ... ချိုမြိန်ပြီး... စွဲမက်ဖွယ် ကောင်းသော အပြုံးပန်း တစ်ခု... ဖူးပွင့်လာသည်။
ဖုန်းဝူချန်က ကျေနပ်စွာ ပြုံးလိုက်ပြီး...
"အမှန်ပဲ...။ အရမ်း ခန့်ညားတယ်...။ ချီဟွမ်က .. ကောင်းကောင်း... လုပ်ထားတာပဲ"
"စစ်သူကြီးချုပ်... ဒါတွေအားလုံးက... လိန်မူချန်... စဉ်းစားခဲ့တာပါ...။ ဒီလူလေးက... သူ့ပခုံးပေါ်မှာ... ခေါင်းကောင်း တစ်ခု... ရှိတယ်"
ချီဟွမ်က ရယ်မောရင်း ဆိုလိုက်သည်။
"ဟင်...။ လိန်မူချန်ရဲ့... အတွေးလား"
ဖုန်းဝူချန်က လိန်မူချန်ကို... အံ့ဩစွာ... ကြည့်လိုက်ပြီး... ချီးကျူးလိုက်သည်။
"မဆိုးဘူးပဲ...။ နန်းတော်က... တော်တော်... ခန့်ညားတယ်"
"ကျေးဇူးပြုပြီး... ထိုင်ပါ... စစ်သူကြီးချုပ်"
လိန်မူချန်က ပျော်ရွှင်စွာ ဆိုလိုက်ပြီး... ရိုသေစွာ... ဖိတ်ခေါ်လိုက်သည်။
ဖုန်းဝူချန်က ခေါင်းညိတ်လိုက်ပြီးနောက်... ပင်မခန်းမဆောင်ရှိ... ပင်မနေရာ၌... ဝင်ထိုင်လိုက်သည်။ သူ၏ တည်ရှိမှုမှာ... ဩဇာအာဏာ ကြီးမားလှပြီး... ပင်မဆောင် သခင် တစ်ဦးနှင့်... အမှန်တကယ်... ထိုက်တန်လှပေသည်။
ကျန်းကျွင့်လန်က ပြုံးလိုက်ပြီး... မှတ်ချက်ချလိုက်သည်။
"အမှန်ပဲ..သူ့မှာ... ပင်မဆောင် သခင် တစ်ယောက်ရဲ့... အရှိန်အဝါ... ရှိနေတာပဲ"
"တကယ်... ဩဇာကြီးတာပဲ"
လျိုချင်းယန်က မနာလိုစွာ ဆိုလိုက်သည်။
"ငါတို့... ဘယ်တော့များမှ... အစ်ကိုဖုန်းလောက်... အထင်ကြီးစရာ... ကောင်းလာမှာလဲ"
"ပင်မဆောင် သခင်အား... ဂါရဝပြုပါတယ်"
ဖုန်းဝူချန် ထိုင်ချလိုက်သည့် ထိုအခိုက်အတန့်၌... ချီဟွမ်နှင့် အခြား (၇) ယောက်သည်... ရိုသေစွာ... ဒူးတစ်ဖက်... ထောက်ချလိုက်ကြပြီး... သူတို့၏ မျက်နှာအမူအရာများမှာ... ကိုးကွယ်မှုများဖြင့်... ပြည့်နှက်နေသည်။
"ကျွန်တော်တို့အားလုံး... ဒီမှာ... သူငယ်ချင်းတွေပဲ...။ ဒီလို... အဆောင်အယောင်တွေ... မလိုအပ်ပါဘူး...။ ထကြပါ.. "
ဖုန်းဝူချန်က အလျင်အမြန် တား လိုက်သည်။
"စစ်သူကြီးချုပ်... ကျွန်တော်တို့... ဒီနေ့... ဒီကို... ဟွမ်ဖူမိသားစုရဲ့ ကိစ္စအတွက်... ရောက်နေကြမှတော့... ကျေးဇူးပြုပြီး... ခင်ဗျားရဲ့ အမိန့်တွေကို... ပေးပါ"
လိန်မူချန်က လေးနက်စွာ ဆိုလိုက်ပြီး... ဖုန်းဝူချန်၏ အရေးအတွက်... မည်သည့် အန္တရာယ်ကိုမဆို... ရင်ဆိုင်ရန်... အသင့်ပြင်ထားလေပြီ။