← Chapters

စုစည်းလာသော မုန်တိုင်း

Vol. 8 Ch. 118

စုစည်းလာသော မုန်တိုင်း

Vol. 8 Ch. 118

~"လိန်မူချန်...။ ဧကရာဇ်မြို့တော်ကို ချက်ချင်း ပြန်သွားပါ...။ ပြီးတော့... ဟွမ်ယန်နဲ့ ချောင်းရှန်ကို... စစ်သား တစ်ရာ... ထျန်းကျိုးနယ်ကို လွှတ်ခိုင်းလိုက်ပါ"

ဖုန်းဝူချန်က လေးနက်စွာ အမိန့်ပေးလိုက်သည်။

"စစ်သူကြီးချုပ်ရဲ့ အမိန့်အတိုင်း လိုက်နာပါ့မယ်"

လိန်မူချန်က ရိုသေစွာ တုံ့ပြန်လိုက်၏။

"တောက်ဖုန်း... ခင်ဗျားက... ဟွမ်ဖူမိသားစုရဲ့ လှုပ်ရှားမှုတိုင်းကို... စောင့်ကြည့်ပြီး... အချိန်နဲ့အမျှ... ကျွန်တော့်ကို သတင်းပို့ရမယ်"

ဖုန်းဝူချန်က ဆက်လက် အမိန့်ပေးသည်။

"စစ်သူကြီးချုပ်ရဲ့ အမိန့်အတိုင်း လိုက်နာပါ့မယ်"

တောက်ဖုန်းက ရိုသေစွာ တုံ့ပြန်လိုက်၏။

"ချီဟွမ်...။ ယွင်ကျိုးနယ်ကို ချက်ချင်း သွား...။ ရွှမ်းထျန်းဂိုဏ်းက အစွမ်းထက် ပုဂ္ဂိုလ်တွေကို... ထျန်းကျိုးနယ်ကို လာဖို့ အမိန့်ပေး...။ အားလုံး... ရုပ်ဖျက်ထားရမယ်...။ ထျန်းကျိုးနယ်က ဘယ်အင်အားစုမှ... သတိမထားမိစေနဲ့...။ အထူးသဖြင့်... ဟွမ်ဖူမိသားစု...။ သူတို့အားလုံး... မနက်ဖြန်မှာ... ပြိုင်ဘက်ကင်းမြို့ကို... ရောက်အောင် သေချာစီမံပါ"

ဖုန်းဝူချန်က အမိန့်ပေးလိုက်စဉ်.. သူ၏ မျက်လုံးများထဲ၌... ပို၍ ပြင်းထန်ပြီး... ပြင်းပြသော သတ်ဖြတ်လိုသည့် အရှိန်အဝါများ... ပေါ်ထွက်လာသည်။

ချီဟွမ်က အမိန့်ကို လက်ခံလိုက်၏။

"စစ်သူကြီးချုပ်ရဲ့ အမိန့်အတိုင်း လိုက်နာပါ့မယ်"

...

ချီဟွမ်ကို ကြည့်ရင်း... ဖုန်းဝူချန် မေးလိုက်သည်။

"ချီဟွမ်... ဟွမ်ယန်က... ပြစ်ဒဏ်ဝန်ကြီးဌာနက လူတွေကို... သိလား...။ ကျွန်တော် သိသလောက်တော့... သေဒဏ်ကျ အကျဉ်းသားတွေ အားလုံးကို... ပြစ်ဒဏ်ဝန်ကြီးဌာနက... စီမံခန့်ခွဲတာပဲ"

"စစ်သူကြီးချုပ်... အစ်ကိုကြီး ဟွမ်ယန် ခေါ်လာတဲ့ သေဒဏ်ကျ အကျဉ်းသားတွေက... သာမန်လူတွေ မဟုတ်ပါဘူး...။ သူတို့က... အလွန် ပြင်းထန် ကြမ်းတမ်းပြီး... အားလုံး... ယွမ်တန်ဘုံ ကျင့်ကြံသူတွေပါ...။ ပြီးတော့... သူတို့ကို... ပြစ်ဒဏ်ဝန်ကြီးဌာနက... စီမံခန့်ခွဲတာ မဟုတ်ဘဲ... ဗိုလ်ချုပ်ကြီးက... စီမံတာပါ...။ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့... သူတို့က... အစ်ကိုကြီး ဟွမ်ယန်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတာပါ...။ ဗိုလ်ချုပ်ကြီးက... သူတို့ကို... တကယ်တမ်း... ဘယ်တုန်းကမှ... စီမံခန့်ခွဲခဲ့တာ မဟုတ်ပါဘူး"

ဟု ချီဟွမ်က ပြန်ဖြေလိုက်သည်။

"သြော်... ဒီလိုလား"

ဖုန်းဝူချန်က ခေါင်းညိတ်ကာ ပြုံးလိုက်သည်။

"ကြည့်ရတာ... ဟွမ်ယန်မှာ... သူ့လက်ထဲမှာ... အတော်လေး အရင်းအမြစ်တွေ... ရှိနေပုံပဲ...။ ခင်‌ဗျား ပြန်ရောက်တဲ့အခါ... ဟွမ်ယန်ကို... ပါရမီ အသင့်အတင့် ရှိတဲ့ သေဒဏ်ကျ အကျဉ်းသား တချို့ကို... ရွေးပြီး... ကောင်းကင် ပင်မဆောင်ကို... ခေါ်လာခိုင်းလိုက်ပါ"

"ဟုတ်ကဲ့"

ချီဟွမ်က ရိုသေစွာ တုံ့ပြန်လိုက်ပြီးနောက်... ခန်းမဆောင်ကြီးထဲမှ ထွက်ခွာသွားသည်။

ဖုန်းဝူချန် တစ်ခုပြီးတစ်ခု စနစ်တကျ အမိန့်ပေးနေသည်ကို ကြည့်ရင်း... ကျန်းကျွင့်လန်က လက်မထောင်ပြကာ ချီးကျူးလိုက်သည်။

"အမှန်ပဲ...။ သူမှာ... ဒေသ တစ်ခုရဲ့ အရှင်သခင် အငွေ့အသက်တွေ... ရှိနေတာပဲ" ဟု

လျိုချင်းယန်က တီးတိုး ချီးကျူးလိုက်သည်။

"အစ်ကိုကြီးဖုန်းက... ဟွမ်ဖူမိသားစုကို... ရှင်းပစ်ဖို့... ကြံနေတာလား...။ ဟွမ်ဖူကျန့်ထျန်းကတော့... ထျန်းယွင်ဂိုဏ်းနဲ့... ဘာမှ မဆိုင်ဘူးလို့... ပြောသွားတာပဲ...။ ဒါပေမဲ့... ထျန်းယွင်ဂိုဏ်းက... ဝင်ပါ၊ မပါ ဆိုတာကိုတော့... ဘယ်သူမှ... သေချာ မပြောနိုင်ဘူး နော်"

လျိုချင်ယန်း စကားအား

လင်ရှောင်ရှောင်က တိတ်တဆိတ် ခပ်ဖွဖွ ရယ်မောလိုက်ပြီး...

"အစ်ကိုကြီးဖုန်းက... အချိန် လိုနေတာ...။ သူ... လောလောဆယ်... လှုပ်ရှားမှာ မဟုတ်သေးဘူး...။ ဒါပေမဲ့... ဟွမ်ဖူ မိသားစုကိုတော့...ကျွန်မတို့... သတိ လျှော့ထားလို့... မရပါဘူး"

"အင်း... ဟုတ်တယ်"

လျိုချင်းယန်က သဘောတူညီစွာ ခေါင်းညိတ်လိုက်သည်။

"ရွှယ်ဖုန်း... ကျွန်တော့် အစ်ကိုကြီးနဲ့... အစ်ကိုလတ်ကို... ခင်ဗျားဆီ... အပ်ခဲ့မယ်...။ အခုကစပြီး... သူတို့... ကောင်းကင် ပင်မဆောင်မှာ... နေကြလိမ့်မယ်"

ဖုန်းဝူချန်က ရွှယ်ဖုန်းကို ညွှန်ကြားလိုက်သည်။

"ဟုတ်ကဲ့... စစ်သူကြီးချုပ်"

ရွှယ်ဖုန်းက ရိုသေစွာ နာခံ‌လိုက်၏။

"ညီသုံး... မင်းက... ငါတို့ကို... ကောင်းကင် ပင်မဆောင်မှာ... ကျင့်ကြံစေချင်တာလား"

ဖုန်းယွမ်က အံ့ဩစွာ မေးလိုက်ပြီး... ဖုန်းဝူချန်ကို ကြည့်လိုက်သည်။

ဖုန်းဝူချန်က လေးနက်စွာ ဆိုသည်။

"ကျွန်တော်... ကောင်းကင် ပင်မဆောင်မှာ... ဝိညာဉ် စုစည်းခြင်း အခင်းအကျင်း တစ်ခု... ချမှတ်ပေးမယ်...။ ဆေးလုံးတွေနဲ့... ဝိညာဉ် အရည်တွေရဲ့ အကူအညီနဲ့ဆို... ခင်ဗျားတို့ နှစ်ယောက်လုံး... ကျင့်ကြံမှုအဆင့်ကို... မြန်မြန် တိုးတက်လာအောင်... ကူညီပေးသင့်တယ်"

"အစ်ကိုဖုန်း... ခင်ဗျား... အခင်းအကျင်းတွေ... စီရင်တတ်တယ်လား"

လျိုချင်းယန်က တုန်လှုပ်စွာ မေးလိုက်ပြီး... ရွှယ်ဖုန်းနှင့် အခြားသူများမှာလည်း... မှင်တက်သွားကြသည်။

ဖုန်းဝူချန်က ခေါင်းညိတ်လိုက်ပြီးနောက် ပြောပြလိုက်သည်။

“ဝိညာဉ် စုစည်းခြင်း အခင်းအကျင်း စီရင်တာက... မခက်ခဲပါဘူး”

"ခွမ်းကျန့်... နျဲ့ကျုံး...။ ခင်ဗျားတို့က... သေဒဏ်ကျ အကျဉ်းသားတွေကို... လေ့ကျင့်ပေးဖို့... တာဝန်ယူရမယ်"

"ဟုတ်ကဲ့... စစ်သူကြီးချုပ်"

သူတို့နှစ်ဦးလုံး... ရိုသေစွာ... အမိန့်ကို လက်ခံလိုက်ကြသည်။

"စစ်သူကြီးချုပ်... ကျွန်တော်တို့ကရော"

ဖုန်းဝူချန် နောက်ထပ် အမိန့်များ မပေးတော့သည်ကို မြင်သော်... သွမ့်ထျန်းဖုန်းက စိတ်အားထက်သန်စွာ မေးလိုက်သည်။

"ခင်ဗျားတို့က... ဝိညာဉ် စုစည်းခြင်း အခင်းအကျင်းအတွက်... လိုအပ်တဲ့ ပစ္စည်းတွေကို... ပြင်ဆင်ရမယ်"

ဖုန်းဝူချန်က တည်ငြိမ်စွာ ဆိုလိုက်ပြီးနောက်... စာရင်းတစ်ခုကို... သွမ့်ထျန်းဖုန်းနှင့် ဟော့မင်တို့ထံ... ပေးအပ်လိုက်သည်။

"ကျွန်တော်... ဒီတစ်လ... ကောင်းကင် ပင်မဆောင်မှာပဲ... ကျင့်ကြံနေမယ်...။ ချင်းယန်... ချင်းချင်း...။ မင်းတို့ နှစ်ယောက်လည်း... ဒီမှာပဲ... နေပြီး... ကျင့်ကြံကြ"

ဖုန်းဝူချန်က ဆက်ပြောသည်။

"ကောင်းတယ်...။ ဝိညာဉ် စုစည်းခြင်း အခင်းအကျင်းရဲ့ စွမ်းအားကို... မြင်တွေ့ရတာပေါ့"

လျိုချင်းယန်က စိတ်လှုပ်ရှားစွာ ကြွေးကြော်လိုက်သည်။

ကျန်းကျွင့်လန်က အလျင်အမြန် မေးလိုက်သည်။

"ဖုန်းဝူချန်... မင်း... ဘယ်တော့... ငါနဲ့... လက်နက်သန့်စင်ခြင်း... ယှဉ်ပြိုင်မှာလဲ"

"ခင်ဗျား... အရင်ဆုံး... ယွမ်တန်ဘုံ ပထမအလွှာကို... ထိုးဖောက်အောင်... လုပ်လိုက်ပါဦး...။ ခင်ဗျားရဲ့ လက်ရှိ... မီးကို ထိန်းချုပ်နိုင်စွမ်းက... 'အစစ်အမှန်ယွမ်' တွေကို... အများကြီး... သုံးစွဲလွန်းတယ်...။ ပြီးတော့... တစ်လ ကြာရင်... ကျွန်တော်... ပါရမီရှင် အဆင့်သတ်မှတ်ပွဲကို... ဝင်ပြိုင်ရမှာ...။ အချိန် ရှိမှာ မဟုတ်ဘူး"

ဖုန်းဝူချန်က ခေါင်းခါလိုက်သည်။

"ကောင်းပြီလေ...။ တစ်လ ကြာရင်... ငါနဲ့... လက်နက်သန့်စင်ခြင်း... ယှဉ်ပြိုင်ရမယ်...။ 'စိတ်ဖြင့်လက်နက်ဖန်ဆင်းခြင်း' ဆိုတဲ့... နတ်ဘုရားတမျှ ကျွမ်းကျင်မှုကို... ငါ... မျက်ဝါးထင်ထင်... မြင်တွေ့ချင်တယ်"

ကျန်းကျွင့်လန်က အကူအညီမဲ့စွာ ဆိုလိုက်သည်။ သူ... ဖုန်းဝူချန်၏ လက်ရှိ အခြေအနေကို... မြင်တွေ့နိုင်ပြီး... ပြဿနာ တစ်စုံတစ်ရာ... မဖြစ်ပေါ်စေလိုခဲ့ပေ...။

တစ်နာရီ ကြာပြီးနောက်

သွမ့်ထျန်းဖုန်းနှင့် ဟော့မင်တို့သည်... ဖုန်းဝူချန် လိုအပ်သော... အခင်းအကျင်းအတွက်... လိုအပ်သည့် ပစ္စည်းများကို... ပြန်လည် ယူဆောင်လာခဲ့ကြ၏။

နန်းတော် ရင်ပြင်ကွင်းပေါ်၌... ဖုန်းဝူချန်က နဂါးနတ်ဘုရား စွမ်းအားကို... အသက်သွင်းလိုက်ပြီး... အခင်းအကျင်း ပစ္စည်းများထဲသို့... ထည့်သွင်းလိုက်သည်။

"ဝှစ်... ဝှစ်... ဝှစ်"

သူ၏ လက်ကို လွှဲယမ်းလိုက်သည်နှင့်... ပစ္စည်း အမျိုးမျိုးတို့သည်... အရပ်မျက်နှာ အားလုံးသို့... ပစ်ထွက်သွားကြသည်။ ဖုန်းဝူချန်၏ လက်များမှာ... မယုံနိုင်လောက်သော အရှိန်နှင့်... ရှုပ်ထွေး နက်နဲသော မုဒြာပုံစံများ... ဖွဲ့နေပြီး... ပစ္စည်း ဒါဇင်ပေါင်းများစွာတို့မှာ... ဖုန်းဝူချန် ထိန်းချုပ်ထားသော လမ်းကြောင်းများ တစ်လျှောက်... လှုပ်ရှားနေကြ

လေသည်။

ထို စွဲမက်ဖွယ် ကောင်းပြီး... ကျွမ်းကျင်လှသော နည်းစနစ်က... ကျန်းကျွင့်လန်နှင့် အခြားသူများကို... အံ့အားသင့်သွားစေသည်။

"ဝိညာဉ် စုစည်းခြင်း အခင်းအကျင်း...။ အသက်သွင်းစေ"

ဖုန်းဝူချန်က သူ၏ လက်ဝါး နှစ်ဖက်ကို ပူးကပ်လိုက်ပြီး... ကျယ်လောင်စွာ... အော်ဟစ်လိုက်သည်။

ပတ်ပတ်လည်၌... ပြန့်ကျဲနေသော ပစ္စည်းများမှာ... ဖုန်းဝူချန်၏ ဟစ်ကြွေးသံနှင့်အတူ... ရုတ်တရက်... ရွှေရောင် အလင်းတန်း တစ်မျှင်စီ... တောက်ပလာကြပြီး... နန်းတော်၏ အထက်မှ ကောင်းကင်၌... ကြီးမားလှသော ရွှေရောင် အခင်းအကျင်း ဖွဲ့တည်လာသည်။

ကြီးမားလှသော ရွှေရောင် အခင်းအကျင်းသည်... ကောင်းကင် ပင်မဆောင်ကို... လွှမ်းခြုံသွားပြီး... ခဏတာမျှ... တဖျပ်ဖျပ် လက်သွားပြီးနောက်... ပျောက်ကွယ်သွားသည်။

ကောင်းကင် ပင်မဆောင်၏ အစောင့်များမှာ... မှင်တက်သွားကြ၏။

‘တကယ်ပဲ... ဝိညာဉ် စုစည်းခြင်း အခင်းအကျင်းပါလား...။ ဒီ ဖုန်းဝူချန်က... တကယ်... တစ်ခုခုပဲ...။ ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့... လက်နက် သန့်စင်သူ... ဆေးပညာရှင်... ပြီးတော့... အခင်းအကျင်းတွေ ဖွဲ့စည်းတာမှာလည်း... ကျွမ်းကျင်သေးတယ်...။ အယုံနိုင်စရာ အကောင်းဆုံးက... သူ... ယွမ်တန်ဘုံ ဒုတိယ အလွှာကို... ရောက်နေပြီ...။ ဒီလောက်... တရားလွန်တဲ့ ပါရမီရှင်မျိုးက... တိုက်ကြီးရဲ့... တခြား ဘယ်နေရာမှာမှ... ရှာတွေ့နိုင်မှာ... မဟုတ်လောက်ဘူးဟေ…’

ကျန်းကျွင့်လန်က အံ့ဩတကြီး တွေးလိုက်မိသည်။

"အစ်ကိုဖုန်း... အခင်းအကျင်းက... ပြီးသွားပြီလား...။ ဒါ... မြန်လွန်းတယ်... မဟုတ်လား"

အခင်းအကျင်း ပျောက်ကွယ်သွားသည်ကို မြင်သော်... လျိုချင်းယန်က မေးလိုက်သည်။

ဖုန်းဝူချန်သည်... ဝိညာဉ် စုစည်းခြင်း အခင်းအကျင်းကို... သူ၏ လက်များကို လွှဲယမ်းရုံမျှဖြင့်... စီရင်လိုက်သည့်အလား... လျိုချင်းယန် ခံစားလိုက်ရသည်။

“ဝါး …ဝိညာဉ် စွမ်းအင်တွေ... အများကြီး... ပိုသိပ်သည်းလာတယ်”

မြောင်ချင်းချင်းက ကြွေးကြော်လိုက်သည်။ ဝိညာဉ် စွမ်းအင်များ... တဖြည်းဖြည်း... ပို၍ ပို၍... စုစည်းလာသည်ကို... သူမ... ရှင်းရှင်းလင်းလင်း... အာရုံခံမိနေသည်။

ဖုန်းကျန့်က တုန်လှုပ်စွာ ခေါင်းခါလိုက်သည်။

"တကယ်ပဲ...။ ဝိညာဉ် စွမ်းအင်တွေက... အဆက်မပြတ်... ကျယ်ပြန့်လာနေတယ်"

ဖုန်းဝူချန်က ခပ်ဖျော့ဖျော့ ပြုံးရင်း ဆိုလိုက်သည်။

"ဒါက... သာမန် ဝိညာဉ် စုစည်းခြင်း အခင်းအကျင်း တစ်ခုပါပဲ...။ အစွမ်းထက်တဲ့ တစ်ခုကို ချမှတ်ဖို့ဆို... တန်ဖိုးကြီး ပစ္စည်းတွေ... အများကြီး... လိုအပ်လိမ့်မယ်...။ အားလုံး... သွားကျင့်ကြံကြတော့"

နတ်ဆိုးနဂါး နတ်ဘုရား၏ မှတ်ဉာဏ်များနှင့် အတွေ့အကြုံများ ရှိနေသဖြင့်... သာမန် ဝိညာဉ် စုစည်းခြင်း အခင်းအကျင်း တစ်ခုမျှသည်... ဖုန်းဝူချန်အတွက်... စိန်ခေါ်မှု တစ်စုံတစ်ရာ... မဖြစ်ပေါ်စေခဲ့ပေ...။

…

ဧကရာဇ်မြို့တော် စစ်တန်းလျားများ...။

ကောင်းကင်အရိပ် မီးလျှံ မြင်းသည်တော်တပ်ဖွဲ့နှင့်... အလံနက်တပ်မတော်မှ စစ်သားများ... သပ်ရပ်သော တန်းစီမှုများဖြင့်... ရပ်နေကြသည်။ သူတို့၏ ဟန်ပန်မှာ... မြင့်မြတ်လှပြီး... အရှိန်အဝါမှာ... ထူးကဲလှ၏...။

ဟွမ်ယန်နှင့် လွမ်ရှန်းတို့မှာ... ခက်ထန်ပြီး... အေးစက်သော မျက်နှာအမူအရာများ... ရှိနေကြပြီး... ကြောက်မက်ဖွယ် ကောင်းသော... သံမဏိသွေး အငွေ့အသက်များဖြင့်... ပြည့်နှက်နေသည်။

"အခု... စစ်သူကြီးချုပ်... ဒုက္ခရောက်နေတယ်...။ ငါတို့... ဘာလုပ်သင့်တယ်လို့... မင်းတို့... ပြောမလဲ"

ဟွမ်ယန်က အေးစက်စွာ မေးလိုက်သည်။

"စစ်သူကြီးချုပ်အတွက်ဆို... ကျွန်တော်တို့... မီးထဲ ရေထဲ... ချီတက်သွားဖို့... ဝန်မလေးပါဘူး"

စစ်သားများက ကျယ်လောင်စွာ အော်ဟစ်လိုက်ကြရာ... သူတို့၏ သတ်ဖြတ်လိုစိတ်များ... ကောင်းကင်သို့... တက်သွားပြီး... အရှိန်အဝါမှာ... မြေကြီးကို... တုန်ခါသွားစေသည်။

"စစ်သား တစ်ရာ... ချက်ချင်း... ပုံဖျက်ပြီး... ထျန်းကျိုးနယ်က... ပြိုင်ဘက်ကင်းမြို့ကို... အမြန် ချီတက်ကြ"

ဟွမ်ယန်က ကျယ်လောင်စွာ အမိန့်ပေးလိုက်ပြီး... သူ၏ ဝိညာဉ်လက်နက် လှံရှည်မှာ... လွှမ်းမိုးနိုင်သော စွမ်းအားဖြင့်... လေထဲ၌... ဝှေ့ယမ်းသွားသည်။

"ဟုတ်ကဲ့"

စစ်သားများက နောက်တစ်ကြိမ်... ဟိန်းဟောက်လိုက်ကြသည်။

"လွမ်ရှန်း... သေဒဏ်ကျ အကျဉ်းသား တစ်ဖွဲ့ကို... ခေါ်ပြီး... ညတွင်းချင်း... ထွက်ခွာသွားပါ...။ ပါရမီ အသင့်အတင့်ရှိတဲ့... နောက်တစ်ဖွဲ့ကို... ရွေးချယ်ထား...။ စစ်သူကြီးချုပ်က... သူတို့ကို... လေ့ကျင့်ပေးဖို့... စီစဉ်ထားနိုင်တယ်"

ဟွမ်ယန်က လေးနက်စွာ ဆိုလိုက်၏။

"နားလည်ပါပြီ...။ ကျုပ်တို့... ထျန်းကျိုးနယ်မှာ... တွေ့ကြမယ်"

လွမ်ရှန်းက ခေါင်းညိတ် တုံ့ပြန်လိုက်သည်။

…

ယွင်ကျိုးနယ်၏ ရွှမ်းထျန်းဂိုဏ်း...။

ခန့်ညားထည်ဝါသော ရင်ပြင်ကွင်းပေါ်၌... အင်ပါယာ စစ်တပ်မှ စစ်သားတစ်ဦးက ကြွေးကြော်လိုက်သည်။

"စစ်သူကြီးချုပ်ရဲ့ အမိန့်အရ... ရွှမ်းထျန်းဂိုဏ်းရဲ့ ဂိုဏ်းချုပ်... ဂိုဏ်းချုပ်ဟောင်း... ကာကွယ်စောင့်ရှောက်သူနဲ့... မဟာအကြီးအကဲ သုံးယောက်တို့... ထျန်းကျိုးနယ်ကို... သွားရောက်ကြရမယ်...။ သူတို့... ပုံဖျက်ထားရမယ်... ပြီးတော့... ထျန်းကျိုးနယ်က ဘယ်အင်အားစုကိုမှ... သတိမထားမိစေရဘူး...။ သူတို့... နောက်ဆုံးထားပြီး... မနက်ဖြန်မှာ... ရောက်ရှိရမယ်...။ ပျက်ကွက်လို့... မရဘူး"

"ကျုပ်တို့... စစ်သူကြီးချုပ်ရဲ့ အမိန့်တွေကို... လိုက်နာပါ့မယ်...... ထျန်းကျိုးနယ်ကို... ချက်ချင်း... ဦးတည် ထွက်ခွာပါမယ်"

မူယွင်ရှန်းက ကြေညာလိုက်ပြီး... သူ၏ လက်သီးဆုပ်ကာ... အရိုအသေပြုလိုက်သည်။

…

ဖန်ထျန်း တောင်ကြား၌...။

"စစ်သူကြီးချုပ်က... အမိန့်ပေးထားတယ်...။ ဖန်ထျန်း တောင်ကြားရဲ့ တောင်ကြားသခင်... စုယွမ်ရှန်းနဲ့... တတိယ အကြီးအကဲတို့ကို... နောက်ဆုံးထားပြီး... မနက်ဖြန်မှာ... ထျန်းကျိုးနယ်ကို... ရောက်ရှိစေရမယ်...။ ထျန်းကျိုးနယ်က ဘယ်အင်အားစုကိုမှ... သတိမထားမိစေနဲ့...။ အမှားအယွင်းတွေ... မရှိစေရဘူး"

ဖန်ထျန်း တောင်ကြားမှ စစ်သားတစ်ဦးလည်း... ဖုန်းဝူချန်၏ အမိန့်များကို... သယ်ဆောင်ရန်... ရောက်ရှိလာခဲ့သည်။

စုယွမ်ရှန်းက ရိုသေစွာ တုံ့ပြန်လိုက်သည်။

"ကျုပ်တို့... စစ်သူကြီးချုပ်ရဲ့ အမိန့်... နာခံပါ့မယ်"

…

ထျန်းတု လေလံပွဲရုံ၌လည်း...။

"စစ်သူကြီးချုပ်က... အမိန့်ပေးထားတယ်...။ ထျန်းတုရဲ့ မြို့တော်သခင်... ချူဝူဟန်နဲ့... လေလံရုံရဲ့ အကြီးအကဲတွေ... ရှန်းယန်နဲ့ ဝေ့ယွင် အပါအဝင်... ချက်ချင်း... ထျန်းကျိုးနယ်ကို... ဦးတည် ထွက်ခွာကြရမယ်...။ ထျန်းကျိုးနယ်က ဘယ်အင်အားစုကိုမှ... သတိမထားမိစေနဲ့... ပြီးတော့... အမှားအယွင်းတွေ... မလုပ်မိစေနဲ့"

"ချူဝူဟန်... အမိန့်ကို... လက်ခံပါတယ်"

ချူဝူဟန်က ရိုသေစွာ ဆိုလိုက်သည်။

အမိန့်များကို လက်ခံရရှိသူများမှာ... ယွင်ကျိုးနယ်၏ အစွမ်းထက် အင်အားစုများ ဖြစ်ကြသည်။

အဓိက အင်အားစုများ၏ အစွမ်းထက် ပုဂ္ဂိုလ်ကြီးများမှာ... ဖြစ်နိုင်ခြေများကို... နည်းနည်းများများ... ခန့်မှန်းမိလိုက်ကြပြီး... အချိန်အတန်ကြာ... အမိန့်များ လက်ခံရရှိခဲ့သော အဓိက အင်အားစုများ၏ အစွမ်းထက် ပုဂ္ဂိုလ်ကြီးများ အားလုံး... ပြင်ဆင်မှုများ... စတင်နေကြလေပြီ။

သူတို့... လက်အောက်ခံပြီး ဖြစ်သည့်အတွက်... ဖုန်းဝူချန်၏ အမိန့်များကို... သူတို့... နာခံရပေမည်...။

မုန်တိုင်းတစ်ခု... ထျန်းကျိုးနယ် တစ်လျှောက်... တိုက်ခတ်တော့မည် ဖြစ်သည်။

ဖန်ထျန်း တောင်ကြား... ထျန်းတုမြို့တော်နှင့်... လေလံရုံတို့မှ အစွမ်းထက် ပုဂ္ဂိုလ်ကြီးများမှာ... ညတွင်းချင်း... ထွက်ခွာသွားခဲ့ကြလေပြီ။

ညသန်းခေါင်ယံတွင်... စုယွမ်ရှန်းနှင့် ချူဝူဟန်တို့သည်... အခြား အစွမ်းထက် ပုဂ္ဂိုလ်ကြီးများနှင့်အတူ... ထျန်းကျိုးနယ် အတွင်းသို့... ဝင်ရောက်သွားခဲ့ကြလေပြီ။

ပုံဖျက်ထားသဖြင့်... မည်သူကမျှ... သူတို့ကို... မမှတ်မိနိုင်ခဲ့ကြပေ...။

နောက်တစ်နေ့တွင်... အစွမ်းထက် ပုဂ္ဂိုလ်ကြီးများ အုပ်စုကြီး တစ်ခု... ထျန်းကျိုးနယ်၏ နယ်မြေ အတွင်းသို့... လျှို့ဝှက်စွာ... ဝင်ရောက်လာခဲ့ကြသည်။ သူတို့သည်... သတိဖြင့်... လှုပ်ရှားခဲ့ကြပြီး... မည်သည့် အင်အားစုကိုမျှ... သတိမထားမိစေခဲ့ကြပေ...။

သို့သော်... သူတို့၏ အဆုံးစွန် ဦးတည်ရာမှာ... ပြိုင်ဘက်ကင်းမြို့... နှင့်... အနီးအနားမှ မြို့များနှင့် တောင်တန်းများ... ဖြစ်ကြသည်။

အမိန့်ပေးသူမှာ... ဖုန်းဝူချန် ဖြစ်သည့်အတွက်... သူတို့သည်... အချိန်တိုင်း... အသင့်ပြင်

ထားရန်မှတစ်ပါး... ရွေးချယ်စရာ... မရှိခဲ့ပေ...။

ကောင်းကင်အရိပ် မြင်းသည်တော် တပ်ဖွဲ့နှင့်... အလံနက် တပ်မတော်တို့မှ... လက်ရွေးစင် စစ်သား တစ်ရာ... ယွင်ကျိုးနယ် အဓိက အင်အားစုများမှ... အစွမ်းထက် ပုဂ္ဂိုလ်များစွာတို့နှင့်အတူ...။

ထိုကိစ္စမှာ... ဟွမ်ဖူမိသားစုကို... လွယ်ကူစွာ... ဝိုင်းရံ တိုက်ခိုက်နိုင်သည့်... ကြောက်မက်ဖွယ် လူစုလူဝေး တစ်ခု... ဖြစ်သည်။

"စစ်သူကြီးချုပ်... စစ်သားတွေ... ထျန်းကျိုးနယ်... ပြိုင်ဘက်ကင်းမြို့ အနီးကို... ရောက်ရှိပြီး ဖြစ်ပါတယ်...။ ယွင်ကျိုးနယ်က အစွမ်းထက် ပုဂ္ဂိုလ်ကြီးတွေလည်း... ရောက်ရှိလာခဲ့ကြပါပြီ"

ဟွမ်ယန်က ကောင်းကင် ပင်မဆောင် ခန်းမဆောင်ထဲ၌... ရိုသေစွာ... သတင်းပို့လိုက်သည်။

"အကောင်းဆုံးပဲ...။ ဒီလိုဆိုတော့... ကျွန်တော်... စိတ်အေးလက်အေးနဲ့... ပါရမီရှင် အဆင့်သတ်မှတ်ပွဲကို... ဝင်ပြိုင်နိုင်ပြီ"

ဖုန်းဝူချန်က ခေါင်းညိတ်လိုက်ပြီး... ဤ အစွမ်းထက် ပုဂ္ဂိုလ်ကြီးများ... ရောက်ရှိလာခဲ့သည့်အတွက်... စိတ်သက်သာရာ ရသွားသည်။

ဟွမ်ဖူမိသားစုသည်... အစွမ်းထက်ပြီး... ဟွမ်ဖူကျန့်ထျန်းကလည်း... လှုပ်ရှားခဲ့ပြီး ဖြစ်သဖြင့်... ဟွမ်ဖူမိသားစုသည်... လက်ပိုက် ကြည့်နေလိမ့်မည် မဟုတ်ပေ...။

ဤ အစွမ်းထက် ပုဂ္ဂိုလ်ကြီးများ၏ အထောက်အပံ့ မရှိဘဲ... ဖုန်းမိသားစုသည်... ဟွမ်ဖူမိသားစုကို... သေချာပေါက်... ခုခံနိုင်လိမ့်မည် မဟုတ်ပေ...။

"စစ်သူကြီးချုပ်... ဟွမ်ဖူမိသားစုက... အကြိမ်ကြိမ်... မနာခံမှု ပြုလုပ်ခဲ့တယ်...။ သေဒဏ် ထိုက်တန်တဲ့... ခွင့်လွှတ်လို့ မရတဲ့... ပြစ်မှုပဲ...။ ဘယ်တော့... လှုပ်ရှားကြမှာလဲ...။ ကျေးဇူးပြုပြီး... အမိန့်ကို... ထုတ်ပြန်ပေးပါ"

လွမ်ရှန်းက စုံစမ်းလိုက်ပြီး... ပြင်းထန်သော သတ်ဖြတ်လိုသည့် အငွေ့အသက် တစ်ခု... သူ၏ မျက်လုံးများထဲ၌... လက်ခနဲ ဖြစ်သွားသည်။ ဟွမ်ဖူမိသားစုကို... ဖျက်ဆီးပစ်ရန်... စိတ်အားထက်သန်နေ၏...။

ဖုန်းဝူချန်က လေသံအေးအေးဖြင့် တုံ့ပြန်လိုက်သည်။

"ရန်သူ... မလှုပ်ရှားရင်... ကျွန်တော်... မလှုပ်ရှားဘူး...။ သူတို့ကို... အရင်ဆုံး... လှုပ်ရှားခိုင်းလိုက်လေ...။ ဒါမှ... ကျွန်တော်တို့... တရားမျှတစွာနဲ့... ဟွမ်ဖူမိသားစုကို... ရှင်းလင်းနိုင်မှာ"

ခဏတာ ရပ်တန့်ပြီးနောက်... ဖုန်းဝူချန် ထပ်မံ ဖြည့်စွက် ပြောကြားလိုက်သည်။

"ခင်ဗျားတို့ရဲ့ ရောက်ရှိလာမှုက... အချိန်ကိုက်ပဲ...။ ကောင်းကင် ပင်မဆောင်မှာ... နေပြီး... ကျင့်ကြံကြ...။ ကျွန်တော်... ဝိညာဉ် စုစည်းခြင်း အခင်းအကျင်း တစ်ခု... ချမှတ်ထားတယ်...။ အဲ့ဒါက... ခင်ဗျားတို့ရဲ့ ကျင့်ကြံမှုကို... တိုးတက်အောင်... သိသိသာသာ... ကူညီပေးလိမ့်မယ်...။ ဆေးလုံးတွေရဲ့ အကူအညီနဲ့ဆို... တစ်လ အတွင်း... ယွမ်တန်ဘုံ တတိယအလွှာကို... ထိုးဖောက်တာက... ပြဿနာ မရှိလောက်ပါဘူး"

"ဝိညာဉ် စုစည်းခြင်း အခင်းအကျင်း...။ ကောင်းကင် ပင်မဆောင်ထဲက ဝိညာဉ် စွမ်းအင်တွေ... ဒီလောက် သိပ်သည်းနေတာ... အံ့ဩစရာ မရှိတော့ပါဘူး"

လွမ်ရှန်းနှင့် ဟွမ်ယန်တို့မှာ... အတိုင်းအဆမရှိ... တုန်လှုပ်သွားကြသည်။

ဖုန်းဝူချန်... အခင်းအကျင်းများ... ချမှတ်နိုင်သည်အထိ... မည်မျှ ကြောက်မက်ဖွယ် ကောင်းသည်ကို... သူတို့ မမှန်းဆနိုင်ခဲ့ကြပေ...။

ဖုန်းဝူချန်က မဲ့ပြုံး ပြုံးလိုက်ပြီး...

"ဟုတ်တယ်...။ ကျွန်တော်... အခု... အချိန်ဆွဲနေတာ...။ ပြီးတော့... ဘာမဆို ဖြစ်နိုင်တာမို့... ဟွမ်ဖူကျန့်ထျန်းက...ကျွန်တော့်အဖေကို... ဒဏ်ရာရအောင် လုပ်ခဲ့တယ်...။ သူ... သေကို သေရမယ်"

ဟွမ်ယန်က ဒေါသတကြီး... အံကြိတ်လိုက်ပြီး... သူ၏ မျက်နှာမှာ... အလွန်... မည်းမှောင်သွားသည်။

“ဟွမ်ဖူကျန့်ထျန်းက... ရဲတင်းလိုက်တာ...။ ထျန်းယွင်ဂိုဏ်းရဲ့ အထောက်အပံ့ကို... အားကိုးပြီး... ဒီလောက်... မောက်မာရသလား”

"သူ... ကြာကြာ... မောက်မာနိုင်မှာ... မဟုတ်တော့ဘူး...။ ဟွမ်ဖူမိသားစုသာ... လှုပ်ရှားဝံ့ရင်... ကျွန်တော်တို့... သူတို့ကို... တည်ရှိမှုကနေ... သေချာပေါက်... ဖယ်ရှားပစ်ပါမယ်"

ဟွမ်ယန်က ကြမ်းတမ်းစွာ ဆိုလိုက်၏။

"အမိန့် ထုတ်ပြန်လိုက်...။ လူတိုင်းကို... အချိန်တိုင်း... အသင့်ပြင်ထားခိုင်းပါ...။ ဟွမ်ဖူမိသားစု... လှုပ်ရှားမှု တစ်ခုခု... ပြုလုပ်ခဲ့ရင်... တောက်ဟွမ်က... ပထမဆုံး... ပြန်လာလိမ့်မယ်...။ ပြီးတော့... ကောင်းကင် ပင်မဆောင်မှာ... ကျွန်တော် ရှိနေတာကို... မဖော်ထုတ်ပါနဲ့"

ဟု ဖုန်းဝူချန်က ခက်ထန်စွာ အမိန့်ပေးလိုက်သည်။

"ဟုတ်ကဲ့... စစ်သူကြီးချုပ်"

ဟွမ်ယန်နှင့် လွမ်ရှန်းတို့... ရိုသေစွာ ဆိုလိုက်ပြီးနောက်... ခန်းမဆောင်ထဲမှ... ဆုတ်ခွာသွားကြသည်။

"ဟွမ်ဖူယွင်ကျုံး... မင်း... ဘယ်လို ရွေးချယ်မှု... လုပ်မလဲ ဆိုတာ... ငါ... ကြည့်ချင်သေးတယ်...။ ဟွမ်ဖူမိသားစုသာ... လှုပ်ရှားဝံ့ရင်... ငါ... သူတို့ကို... နာကျင်ဖွယ်ရာ... တန်ဖိုးတစ်ခု... ပေးဆပ်စေရမယ်...။ သူတို့... မလှုပ်ရှားဘူး ဆိုရင်လည်း... မကြာခင်... ဒါမှမဟုတ်... နောက်ကျ... ငါ... ဟွမ်ဖူမိသားစုကို... တိုက်ခိုက်မှာပဲ...။ ဟွမ်ဖူကျန့်ထျန်း... သေကို သေရမယ်"

ဖုန်းဝူချန်က ရက်စက်စွာ....ကြုံးဝါးလိုက်သည်။

All Chapters