← Chapters

စစ်ပွဲ၏ အစ

Vol. 8 Ch. 119

စစ်ပွဲ၏ အစ

Vol. 8 Ch. 119

~ယွင်ကျိုးနယ်မှ အစွမ်းထက် ပုဂ္ဂိုလ်ကြီးများ ထျန်းကျိုးနယ် အတွင်းသို့ လျှို့ဝှက်စွာ ဝင်ရောက်လာခြင်းသည် ဖုန်းမိသားစုအတွက် မမြင်နိုင်သော စွမ်းအင် အကာအကွယ် တစ်ခုသဖွယ် ဖြစ်နေခဲ့လေ၏။

ဤသို့ဖြင့်... ဖုန်းဝူချန်သည် ကောင်းကင် ပင်မဆောင်၌ စိတ်အေးလက်အေး ကျင့်ကြံနိုင်ခဲ့ပြီး... ပါရမီရှင် အဆင့်သတ်မှတ်ပွဲ ရောက်ရှိလာမည့် အချိန်ကို စောင့်ဆိုင်းနေတော့သည်။

ပါရမီရှင် အဆင့်သတ်မှတ်ပွဲသည် အင်ပါယာကြီး (၄) ခုမှ အကယ်ဒမီများ၏ အထက်တန်းလွှာ ကျောင်းသားများကို စုစည်းထားရာ... သူတို့အားလုံးမှာ မျိုးဆက်သစ် လူငယ်များထဲမှ ထူးချွန်ပြောင်မြောက်ပြီး ထူးကဲသော စွမ်းအားများ ပိုင်ဆိုင်ထားသူများ ဖြစ်ကြလေသည်။

ဖုန်းဝူချန်သည် နတ်ဘုရား တောင်ကြား၌ ကျင့်ကြံခွင့် ရရှိရန် အခွင့်အရေးတစ်ခုကို လိုလားတောင့်တနေမိသော်လည်း... သူ၏ လက်ရှိ ကျင့်ကြံမှုအဆင့်ဖြင့်မူ... ၎င်းမှာ လုံးဝ မဖြစ်နိုင်ပေ...။

နောက်ဆုံး ကျင်းပခဲ့သော ပါရမီရှင် အဆင့်သတ်မှတ်ပွဲတွင်... ပထမနေရာ ရရှိခဲ့သူ နျဲ့ယန်မှာ ယွမ်တန်ဘုံ ပဉ္စမအလွှာသို့ပင် ရောက်ရှိနေခဲ့ရာ... မယုံနိုင်လောက်အောင် ကြောက်မက်ဖွယ် ကောင်းသော စွမ်းအားပင်တည်း။

ထို့ကြောင့်... အကယ်၍ သူသာ နေရာ တစ်ခု ရယူလိုပါက... သူသည် ဤတစ်လအတွင်း ယွမ်တန်ဘုံ တတိယ အလွှာသို့ ရောက်ရှိရန် လိုအပ်ပြီး... ထိုမှသာ အခွင့်အရေး အနည်းငယ် ရှိနိုင်ပေလိမ့်မည်။

...

မျှော်လင့်ရသည်မှာ... ယခုနှစ် ပါရမီရှင် အဆင့်သတ်မှတ်ပွဲတွင်... အလွန်အမင်း ကြောက်မက်ဖွယ် ကောင်းသော ပါရမီရှင်များ... အများအပြား မပေါ်ထွက်လာရန်ပင်...။

အချိန်များ တစ်ရက်ပြီး တစ်ရက် ကုန်ဆုံးသွားသည်နှင့်အမျှ... ပြိုင်ဘက်ကင်းမြို့ရှိ အရာအားလုံးမှာ အတော်လေး တည်ငြိမ် အေးချမ်းနေဆဲ ဖြစ်လေ၏။

ဟွမ်ဖူကျန့်ထျန်းနှင့်အတူ ထွက်ခွာသွားပြီးနောက်... ဟွမ်ဖူမိသားစုထံမှ သတင်း တစ်စုံတစ်ရာ မကြားရတော့ပေ...။

ဟွမ်ဖူမိသားစုသည်... ဤ ဆုတ်ယုတ်မှုကို... တိတ်တဆိတ်... တကယ်ပင် ခံနိုင်ရည် ရှိနေကြသလော...။

ထျန်းယွင်ဂိုဏ်း၏ ပါရမီရှင် တပည့်တစ်ဦးအနေဖြင့်... ဟွမ်ဖူကျန့်ထျန်း၌ မြင့်မြတ်သော အဆင့်အတန်း ရှိနေလေ၏။

မိန်းကလေးငယ် တစ်ယောက်၏ လက်ချက်ဖြင့် ဒဏ်ရာ ရရှိခဲ့သည်ကို... သူ... လက်လျှော့လိုက်မည်လော...။

သို့သော်... အဘယ်ကြောင့်... ရက်ပေါင်းများစွာ ကြာမြင့်သည့်တိုင်... ဟွမ်ဖူ မိသားစုထံမှ လှုပ်ရှားမှု တစ်စုံတစ်ရာ မရှိခဲ့သနည်း...။

အကြောင်းမှာ... လင်ရှောင်ရှောင် ချမှတ်ခဲ့သော လျှို့ဝှက်ဆန်းကြယ်ပြီး ကြောက်မက်ဖွယ် ကောင်းသည့် အတားအဆီးအပေါ် ကြောက်ရွံ့ခြင်း... နှင့်... သူမ၏ အရှိန်အဝါကို လေးစားခြင်းတို့ကြောင့်ပင်...။

ဟွမ်ဖူမိသားစုသည်... ဤရက်များအတွင်း... မလှုပ်ရှားဘဲ နေခဲ့ကြခြင်း မဟုတ်ပေ...။

အမှန်မှာ... သူတို့သည် လင်ရှောင်ရှောင်၏ နောက်ခံကို လျှို့ဝှက်စွာ စုံစမ်းနေခဲ့ကြပြီး... အခြေအနေကို ထျန်းယွင်ဂိုဏ်းသို့ တင်ပြခဲ့ကြသည်။

ကံမကောင်းစွာပင်... ရက်ပေါင်းများစွာ စုံစမ်းစစ်ဆေးခဲ့သော်ငြား... သူတို့သည် လင်ရှောင်ရှောင်နှင့် ပတ်သက်၍ တစ်စုံတစ်ရာ ရှာဖွေတွေ့ရှိနိုင်ခြင်း မရှိခဲ့ပေ...။

ခမ်းနားထည်ဝါသော ခန်းမဆောင်ကြီး အတွင်း၌... ဟွမ်ဖူမိသားစု၏ အဆင့်မြင့် အဖွဲ့ဝင်များမှာ ညှိုးငယ်သော မျက်နှာအမူအရာများ ရှိနေကြ၏..။. အေးစက်လှသော လူသတ် အရှိန်အဝါက လေထဲ၌ ပျံ့နှံ့နေ၏...။

"မိသားစု အကြီးအကဲထံ အစီရင်ခံပါတယ်...။ ဖုန်းဝူချန်... ဖုန်းမိသားစုမှာ မရှိပါဘူး...။ သူ ဘယ်ရောက်နေမှန်း... မသိရပါဘူး"

ယွမ်တန်ဘုံ ပညာရှင်တစ်ဦးက ရိုသေစွာ အစီရင်ခံလိုက်သည်။

"လင်အာရဲ့ သတင်း... ရသေးလား"

ဟွမ်ဖူယွင်ကျုံးက လေးလံသော လေသံဖြင့် မေးလိုက်၏။

"မရသေးပါဘူး...။ ပြိုင်ဘက်ကင်းမြို့ကနေ ထွက်ခွာသွားပြီးနောက်... လင်အာဆီက သတင်း တစ်စုံတစ်ရာ မရတော့ပါဘူး...။ သူ... ကံဆိုးမိုးမှောင် ကျသွားမှာကို... ကျွန်တော် စိုးရိမ်မိပါတယ်" ဟု လက်ရွေးစင် အဖွဲ့ဝင် တစ်ဦးက ရိုသေစွာ အစီရင်ခံလိုက်သည်။

ထို့နောက် အကြီးအကဲ တစ်ဦးက လေးနက်စွာ ထုတ်ဖော်လိုက်၏။

"မိသားစု အကြီးအကဲ... မကြာသေးခင် ရက်ပိုင်းတွေအတွင်းမှာ... တစ်စုံတစ်ယောက်က... ကျွန်တော်တို့ကို... လျှို့ဝှက် စောင့်ကြည့်နေပါတယ်...။ ကျွန်တော် စိုးရိမ်တာက... ဖုန်းဝူချန်... သူ့ရဲ့ နောက်အစီအစဉ်ကို... စတင် လှုပ်ရှားနေပြီလားလို့ပါ"

ဟွမ်ဖူယွင်ကျုံးက ခေါင်းညိတ်လိုက်ပြီး မျက်မှောင်ကြုတ်ကာ...

"ကျန့်ထျန်းက... ဂရုမစိုက်ဘဲ... မြွေကို... ခြောက်လန့်ခဲ့ပြီ...။ ဖုန်းဝူချန်က... ဖုန်းမိသားစုကို... ဘေးအန္တရာယ် ကျရောက်ဖို့... ဘယ်လိုနည်းနဲ့မှ... ခွင့်ပြုမှာ မဟုတ်ဘူး...။ ထျန်းကျိုးနယ်က... မတည်မငြိမ် ဖြစ်တော့မယ်"

"ဟမ့်...။ အဲ့ဒီကောင်မလေးသာ... မရှိခဲ့ရင်... ငါ... ဖုန်းဝူချန်ကို... သတ်ပစ်နိုင်တာ ကြာလောက်ပြီ"

ဟွမ်ဖူကျန့်ထျန်းက အေးစက်ပြီး ဒေါသတကြီး ကြုံးဝါးလိုက်သည်။

သို့သော်... လင်ရှောင်ရှောင် ချမှတ်ခဲ့သော ကြောက်မက်ဖွယ် အတားအဆီးကို တွေးမိလိုက်သောအခါ... သူ... ကြောက်စိတ် အကြွင်းအကျန်လေး.. ခံစားနေရဆဲ ဖြစ်၏...။

"မိသားစု အကြီးအကဲ... ဖုန်းဝူချန်က... အရမ်း မြန်မြန်... ကြီးထွားလာနေတယ်...။ ကျွန်တော်တို့... သူ့ကို... အမြန်ဆုံး... ဖယ်ရှားပစ်ရမယ်...။ မဟုတ်ရင်... သူ... ပိုသန်မာလာတာနဲ့... သူက... ကျွန်တော်တို့ ဟွမ်ဖူ မိသားစုအတွက်... ပိုကြီးမားတဲ့ ခြိမ်းခြောက်မှု... ဖြစ်လာလိမ့်မယ်"

နောက်ထပ် အကြီးအကဲ တစ်ဦးက လေးနက်စွာ ဆိုလိုက်၏။

"ဟမ့်...။ ချင်းအာနဲ့... မဟာအကြီးအကဲတို့... ဖုန်းဝူချန်ရဲ့ လက်ထဲမှာ... သေဆုံးခဲ့ရတယ်...။ ငါ... သူ့ကို... အလွတ်ပေးလိမ့်မယ်လို့... မင်းတို့... ထင်နေကြတာလား"

ဟွမ်ဖူယွင်ကျုံးက စားပွဲကို ရိုက်ချလိုက်ပြီး ဒေါသတကြီး ဆိုလိုက်သည်။

"ဖုန်းဝူချန်က... ပါရမီရှင် အဆင့်သတ်မှတ်ပွဲကို... ဝင်ပြိုင်ချင်နေတာ... မဟုတ်လား...။ သူ့ကို... နောက်ထပ် တစ်လ... အသက်ရှင်ခွင့်... ပေးလိုက်...။ အဲ့ဒီအချိန်ကျရင်... သူ... သေချာပေါက်... ထျန်းယန် အကယ်ဒမီကို... ပြန်လာလိမ့်မယ်"

"အဲ့ဒီ မိန်းကလေးက... သူ့နောက်ကို... အချိန်ပြည့်... လိုက်နေတာ...။ ကျွန်တော်တို့... အဲ့ဒီ လျှို့ဝှက် ဆန်းကြယ်တဲ့ စွမ်းအားကို... မထိုးဖောက်နိုင်ဘူး"

ဟွမ်ဖူကျန့်ထျန်းက ခက်ထန်ပြီး ဒေါသတကြီး ဆိုလိုက်သည်။

"ငါ့မှာ... နည်းလမ်းတွေ... ရှိတယ်"

ဟွမ်ဖူယွင်ကျုံးက ခက်ထန်စွာ ဆိုလိုက်ရာ... ရက်စက်မှု အရိပ်အယောင် တစ်ခု... သူ၏ မျက်နှာပေါ်၌... ပေါ်ထွက်လာသည်။

"ဝှစ်"

ဤအခိုက်အတန့်၌... ပုံရိပ်တစ်ခု... ရုတ်တရက်... ခန်းမဆောင်ကြီးထဲ၌... ပေါ်ထွက်လာသည်။

"အဘိုး"

ဟွမ်ဖူကျန့်ထျန်းက ပျော်ရွှင်စွာ ကြွေးကြော်လိုက်မိသည်။

"မိသားစု အကြီးအကဲဟောင်း"

အဆင့်မြင့် အဖွဲ့ဝင်များ... ရိုသေစွာ... ဦးညွှတ်လိုက်ကြသည်။

ရောက်ရှိလာသူမှာ... ဟွမ်ဖူမိသားစု၏ အသန်မာဆုံး အဖွဲ့ဝင်... ဟွမ်ဖူထျန်းပါးပင်တည်း။

ဟွမ်ဖူထျန်းပါး ရောက်ရှိလာသည်နှင့်... ခန်းမဆောင် တစ်ခုလုံးမှာ... ချက်ချင်းပင်... အလွန် ကြောက်မက်ဖွယ် ကောင်းသော အရှိန်အဝါဖြင့်... လွှမ်းခြုံသွားပြီး... လူတို့၏ နှလုံးသားများမှာ... ကြောက်ရွံ့မှုဖြင့်... တုန်ခါသွားကြသည်။

"အဖေ... ထျန်းယွင်ဂိုဏ်းမှာ... ရလဒ်... ဘယ်လိုပါလဲ"

ဟွမ်ဖူယွင်ကျုံးက စုံစမ်းလိုက်သည်။

ဟွမ်ဖူထျန်းပါး ခဏတာမျှ တိတ်ဆိတ်နေပြီးနောက်... လေးနက်စွာ ဆိုလိုက်သည်။

"ထျန်းယွင်ဂိုဏ်းရဲ့ ကာကွယ်စောင့်ရှောက်သူက... ဖုန်းဝူချန်ကို... အမြန်ဆုံး... ရှင်းပစ်ဖို့... ငါတို့ရဲ့ ဆုံးဖြတ်ချက်ကို... သဘောတူတယ်...။ ဒီကောင်လေးက... အရမ်း ကြီးမားတဲ့ ခြိမ်းခြောက်မှု... ဖြစ်နေတယ်"

"အဘိုး... ဂိုဏ်းချုပ်ကရော... ဘယ်လို သဘောရလဲ"

ဟွမ်ဖူကျန့်ထျန်းက အလျင်အမြန် မေးလိုက်သည်။

ဟွမ်ဖူထျန်းပါးက ပြန်ဖြေလိုက်သည်။

"သူက... အတည်မပြုခဲ့ဘူး...။ ဒါပေမဲ့... ကန့်ကွက်ခဲ့တာလည်း... မရှိဘူး"

ထိုအခါ ဟွမ်ဖူကျန့်ထျန်းက အေးစက်စွာ ပြုံးလိုက်ပြီး... သူ၏ အမူအရာမှာ... ကျေနပ် အားရမှုများဖြင့်... ပြည့်လျှံနေသည်။

"ဒါဆို... သူ... သဘောတူလိုက်ပြီပေါ့...။ ကျွန်တော်... တောင်ပေါ်က မထွက်ခွာခင်တုန်းက... ဂိုဏ်းချုပ်ကလည်း... သူ... ကျွန်တော့် ဆုံးဖြတ်ချက်ကို... ထောက်ခံတယ်လို့... ပြောခဲ့သေးတယ်...။ ဒါ့အပြင်... ထျန်းယွင်ဂိုဏ်းကလည်း... ဖုန်းဝူချန်... ပိုသန်မာလာတာကို... လိုလားမှာ... မဟုတ်ဘူး"

သူ၏ မျက်လုံးများထဲ၌... ရက်စက်မှု တစ်ချက်... လင်းလက်သွားပြီး... ဟွမ်ဖူကျန့်ထျန်းက ဆက်ပြောလာသည်။

"ဆယ်ရက် မပြည့်ခင်မှာပဲ... ဖုန်းဝူချန်... ဘယ်လို မှော်ဆန်တဲ့ ဆေးလုံးတွေ... စားသုံးလိုက်လဲ... ကျွန်တော် မသိဘူး...။ သူ့ရဲ့ ကျင့်ကြံမှုက... အသွင်ပြောင်းဘုံ နဝမအလွှာကနေ... ယွမ်တန်ဘုံ ဒုတိယအလွှာကို... ခုန်တက်သွားတယ်...။ ဒီလို... တိုးတက်နှုန်းမျိုးက... အရမ်း ကြောက်စရာကောင်းလွန်းလို့... အင်ပါယာ တစ်ခုလုံးမှာ... ဒုတိယ တစ်ယောက်တောင်... ရှာမတွေ့နိုင်ပါဘူး"

ဟွမ်ဖူကျန့်ထျန်း... အကြောက်ရွံ့ဆုံး အရာမှာ... ဖုန်းဝူချန်... သူ၏ 'ချီ' အရှိန်အဝါ ခြောက်ဆယ် ရာခိုင်နှုန်းကို... ခံနိုင်ရည် ရှိခဲ့ခြင်းပင်။

ဟွမ်ဖူယွင်ကျုံးက ခက်ထန်စွာ ရှင်းပြလိုက်၏။

"ဖုန်းကျိန့်ရှုံးရဲ့ မွေးနေ့ပွဲကြီးမှာ... အဲ့ဒီ ထူးဆန်းတဲ့ ကောင်မလေးက... သူ့ကို... သွေးကျောက်စိမ်း ဗောဓိလို့... အမည်ရတဲ့ ရတနာ တစ်ခု... ပေးခဲ့တယ်...။ အဲ့ဒါက... ဖုန်းကျိန့်ရှုံးရဲ့ ကျင့်ကြံမှုကို... ချက်ချင်း... အဆင့် တစ်ဆင့်... တိုးတက်စေခဲ့တယ်...။ ဖုန်းဝူချန်သာ... အဲ့ဒါကို... စားသုံးခဲ့မယ်ဆိုရင်... သူ... ယွမ်တန်ဘုံ ဒုတိယ အလွှာကို... ထိုးဖောက်

သွားနိုင်တာ... အံ့ဩစရာ မရှိဘူး"

"ငါတို့ကို... သူလျှိုလုပ်နေတဲ့ လူတွေကို... ရှင်းပစ်ဖို့... တစ်ယောက်ယောက်ကို... စေလွှတ်လိုက်...။ ငါတို့ ဟွမ်ဖူမိသားစုကို... သူလျှိုလုပ်ဝံ့တဲ့... သတ္တိက... သေလမ်းကို... ရှာနေတာပဲ"

ဟု ဟွမ်ဖူယွင်ကျုံးက အေးစက်စွာ ထပ်မံ ပြောလိုက်သည်။

…

တစ်လ... ။

အချိန် တစ်လက လျင်မြန်စွာ... ကုန်ဆုံးသွားခဲ့လေပြီ။

ဟွမ်ယန်နှင့် လွမ်ရှန်းတို့သည်... ယွမ်တန်ဘုံ တတိယအလွှာသို့... ချောမွေ့စွာ... ထိုးဖောက် အောင်မြင်သွားခဲ့ကြသည်။ သူတို့... ယူဆောင်လာခဲ့သော သေဒဏ်ကျ အကျဉ်းသားများ အသုတ်မှာလည်း... စွမ်းအား၌... များစွာ တိုးတက်လာခဲ့ကြပြီး... ကောင်းကင် ပင်မဆောင်၏ အင်အားကို... သိသိသာသာ... အားဖြည့်ပေးခဲ့သည်။

ကောင်းကင် ပင်မဆောင်သည်... ၎င်း၏ ကနဦး ဖွံ့ဖြိုးတိုးတက်မှု အဆင့်၌သာ... ရှိနေသေးပြီး... အဖွဲ့ဝင်... များစွာ... မရှိသေးပေ...။ သေဒဏ်ကျ အကျဉ်းသားများ အားလုံး... ပေါင်းလိုက်သည့်တိုင်... တစ်ရာပင်... မပြည့်ပေ...။ သို့သော်... သူတို့၏ စွမ်းအားကိုမူ... လျှော့တွက်၍... မရနိုင်ပေ...။

သူ၏ သီးခြား ကျင့်ကြံမှုမှ ထွက်ခွာလာပြီးနောက်... ဖုန်းဝူချန်သည်... လင်ရှောင်ရှောင်နှင့် အခြားသူများနှင့်အတူ... ထျန်းယန် အကယ်ဒမီသို့... ဦးတည် ထွက်ခွာသွားတော့သည်။

ချီဟွမ်နှင့် ဟွမ်ယန်တို့မှာ... လျှို့ဝှက်စွာ... အနောက်မှ... လိုက်ပါသွားကြ၏။

ပါရမီရှင် အဆင့်သတ်မှတ်ပွဲ... စတင်ရန်... သုံးရက်သာ... လိုတော့သည်။

ဖုန်းဝူချန်သည်... အကယ်ဒမီ၌... ပြန်လည် စုစည်းရမည်ဖြစ်ပြီး... ရှင်းထျန်းဖုန်းနှင့် အကြီးအကဲများက... နတ်ဘုရား တောင်ကြားသို့... ဦးဆောင် ခေါ်သွားကြမည် ဖြစ်သည်။

ထျန်းယန် အကယ်ဒမီသို့... သွားရာ လမ်းခုလတ်၌... တောက်ဟွမ်... ရုတ်တရက်... ပေါ်ထွက်လာသည်။

"အစီရင်ခံပါတယ်..စစ်သူကြီးချုပ်......။ ဟွမ်ဖူမိသားစုက... ချုံခို တိုက်ခိုက်ဖို့... ပြင်ဆင်ထားပါတယ်...။ ထျန်းယွဲ့တောင်မှာပါ...။ ကျွန်တော်တို့... ဖြတ်သန်းသွားရမယ့် နေရာပါ...။ ဟွမ်ဖူထျန်းပါးက... လှုပ်ရှားလာနိုင်ခြေ... အရမ်း များပါတယ်"

တောက်ဟွမ်က ရိုသေစွာ အစီရင်ခံလိုက်သည်။

ဤစကားကို ကြားသော်... ဖုန်းဝူချန်၏ မျက်ခုံးများ... တွန့်ချိုးသွားပြီး... သူ... ထက်ရှသော အသံဖြင့် ကြုံးဝါးလိုက်သည်။

"ကြည့်ရတာ... သူတို့... ဒီအခွင့်အရေးကို... အချိန်ပြည့်... စောင့်ဆိုင်းနေခဲ့ကြတာပဲ...။ တစ်လလုံးလုံး... လှုပ်ရှားမှု မရှိခဲ့တာ... အံ့ဩစရာ မရှိတော့ဘူး...။ ဒါပေမဲ့... တစ်ဖန်... ငါကရော... ဒီအခွင့်အရေးကို... စောင့်ဆိုင်းနေခဲ့တာ... မဟုတ်ဘူးလား"

"ဟွမ်ဖူထျန်းပါး"

လျိုချင်းယန်၏ မျက်လုံးများ... ကြောက်ရွံ့မှုဖြင့်... လက်ခနဲ ဖြစ်သွားပြီးနောက်... သူ၏ စိုးရိမ်ပူပန်မှုကို... ဖော်ပြလိုက်သည်။

"အစ်ကိုဖုန်း... သူတို့... ဒီအချိန်မှာ... ကြားဝင် နှောင့်ယှက်တာက... ကျွန်တော်တို့ကို... အချိန် အများကြီး... ကုန်သွားစေလိမ့်မယ်...။ ပြီးတော့... အကယ်ဒမီရဲ့ ကျောင်းအုပ်ကြီးတွေ

ကလည်း... စောင့်နေကြပါပြီ"

ဖုန်းဝူချန်က သူတို့... ခရီးဆက်နေစဉ်မှာပင်... အမိန့်ပေးလိုက်သည်။

"ဟွမ်ယန်... ချောင်းရှန်...။ ရွှမ်းထျန်းဂိုဏ်းကို... ထျန်းယွဲ့တောင်ကို... ချက်ချင်း... ဦးတည် ထွက်ခွာဖို့... အမိန့်ပေးလိုက်...။ လျင်မြန်တဲ့ တိုက်ပွဲ... လျင်မြန်တဲ့ ဖြေရှင်းမှုပဲ"

သူတို့နောက်မှ လိုက်ပါလာသော အရိပ်များ... ဟွမ်ယန်နှင့် ချောင်းရှန်တို့မှာ... ထိပ်တန်း အရှိန်ဖြင့်... အမိန့်ကို... အကောင်အထည်ဖော်ရန်... ထွက်ခွာသွားခဲ့ကြလေပြီ။

"အစ်ကိုဖုန်း... ဖုန်းမိသားစုကရော"

မြောင်ချင်းချင်းက စိုးရိမ်ပူပန်စွာ မေးလိုက်သည်။

"စိတ်မပူပါနဲ့...။ ငါ... လိန်မူချန်ကို... ဗိုလ်ချုပ်ကြီးနဲ့... တော်ဝင်မြို့တော်ရဲ့ မြို့တော်သခင်ကို... အသိပေးဖို့... စီစဉ်ထားပြီးသား"

ဟူ ဖုန်းဝူချန်က လေးနက်စွာ ပြောပြလိုက်သည်။

—----

ဖုန်းဝူချန်နှင့် သူ၏ အုပ်စု... ထွက်ခွာသွားပြီး... မကြာမီမှာပင်... ဆံပင်များ... နှင်းကဲ့သို့... ဖြူဖွေးနေပြီး... နက်ရှိုင်းသော အကြည့်များ၌... မမြင်နိုင်သော ရက်စက်မှုများ... တဖျပ်ဖျပ် လက်နေသည့်... ပုံရိပ်တစ်ခု... ရုတ်တရက်... ပေါ်ထွက်လာသည်။

ဤ အကြီးအကဲကား... ဟွမ်ဖူထျန်းပါးအပြင်... အခြား မည်သူ ဖြစ်နိုင်မည်နည်း...။ သို့သော်... သူသည်... ဖုန်းဝူချန်ကို... ဟန့်တားခဲ့ခြင်း မရှိသလို... လှုပ်ရှားခဲ့ခြင်းလည်း... မရှိပေ...။

နာရီဝက် ကြာပြီးနောက်... ဖုန်းဝူချန်နှင့် သူ၏ အဖော်များသည်... ထျန်းယွဲ့တောင် ရှေ့မှ တောအုပ်သို့... ရောက်ရှိလာခဲ့ကြလေပြီ။ သူတို့၏ မျက်နှာအမူအရာများမှာ... အလွန် လေးနက်သွားကြပြီး... ပတ်ဝန်းကျင်ကို... သတိကြီးစွာဖြင့်... စူးစမ်း ကြည့်ရှုနေကြသည်။

ဖုန်းဝူချန်နှင့် အခြားသူများမှာ... ထျန်းယွဲ့တောင် အတွင်းသို့... အလျင်စလို... ဝင်ရောက်သွားခြင်း မရှိခဲ့ပေ...။ သူတို့သည်... မူထျန်းယွင်ကဲ့သို့သော... အစွမ်းထက် ပုဂ္ဂိုလ်ကြီးများ... ရောက်ရှိလာရန်... စောင့်ဆိုင်းပြီးမှသာလျှင်... အတွင်းသို့... ဝင်ရောက်ဝံ့ကြပေလိမ့်မည်...။

"တစ်ခုခု... ပုံမမှန်ဘူး"

ကျန်းကျွင့်လန်က လေးနက်စွာ ဆိုလိုက်ပြီး... စိတ်မသက်မသာ... ခံစားနေရသည်။

"အားလုံး... သတိထားကြပါ"

ဖုန်းဝူချန်က သတိပေးလိုက်သည်။ သူသည်လည်း... စိတ်မသက်မသာ ဖြစ်နေသော ခံစားချက် တစ်ခုကို... ခံစားနေရသည်။

"ဝှစ်... ဝှစ်... ဝှစ်"

ရုတ်တရက်... အရပ်မျက်နှာ အားလုံးမှ... အသံလှိုင်း ပေါက်ကွဲသံ ဒါဇင်ပေါင်းများစွာ... ထွက်ပေါ်လာပြီး... လက်မောင်းလုံးခန့် ထူထဲသော... စူးရှသည့်... ဆူးချွန် သစ်ကိုင်းများ... သူတို့ထံသို့... ပစ်လွှတ်လာကြသည်။

ချုံခို တိုက်ခိုက်မှု တစ်ခုကို... ဤတောအုပ်ထဲ၌... ကြာမြင့်စွာကပင်... ပြင်ဆင်ထားခဲ့သည်မှာ... ရှင်းလင်းလှ၏...။

"သတိထား"

ဖုန်းဝူချန်က အသံနှိမ့်ကာ သတိပေးလိုက်၏။ သူတို့... လျင်မြန်စွာ... ရှောင်တိမ်းလိုက်ကြသည်။

"မြေအောက်မှာ... လူတွေ ရှိတယ်"

လင်ရှောင်ရှောင်က မြေပြင်၌... လှုပ်ရှားမှုများကို... သတိပြုမိလိုက်ပြီး... ချက်ချင်း... သတိပေးလိုက်သည်။

သူမ၏ စကား... မဆုံးသေးခင်မှာပင်... လူ (၆) ယောက်... မြေအောက်မှ... ဘွားခနဲ ထွက်ပေါ်လာပြီး... ဖုန်းဝူချန်ကို... အထူး... ချိန်ရွယ်လျက်... ပြင်းထန်စွာ တိုက်ခိုက်လာလေသည်။

တိုက်ခိုက်သူ (၆) ယောက်လုံးမှာ... အားနည်းခြင်း မရှိဘဲ... တစ်ဦးစီတိုင်း၌... ယွမ်တန်ဘုံ ပထမအလွှာနှင့်... တတိယအလွှာကြားမှ ကျင့်ကြံမှုများ... ပိုင်ဆိုင်ထားကြသည်။

"အစ်ကိုကြီးဖုန်း... သတိထား"

လင်ရှောင်ရှောင်က အလျင်စလို... ရှေ့သို့... တိုးဝင်သွားသည်။

"လူအများကြီးနဲ့... အနိုင်ကျင့်ရတာ... ဘာများ... ကျွမ်းကျင်စရာ... ရှိလို့လဲ"

ကျန်းကျွင့်လန်နှင့် အခြားသူများမှာလည်း... တုံ့ဆိုင်းခြင်း မရှိဘဲ... တိုက်ခိုက်လိုက်ကြသည်။

"သေလမ်းကို... ရှာနေတာ"

ဖုန်းဝူချန်က ဟိန်းဟောက်လိုက်ပြီး... သူ၏ လွှမ်းမိုးနိုင်သော စွမ်းအားများ... ပေါက်ကွဲ ထွက်ပေါ်လာသည်။ ရွှေရောင် အလင်းတန်းများ... ကြမ်းတမ်းစွာ... လက်ခနဲ ဖြစ်သွားပြီး... သူ၏ ပြင်းထန်သော 'ချီ' အရှိန်အဝါများ... ပတ်ပတ်လည်သို့... အရမ်းကာရော... ပျံ့နှံ့သွားသည်။

တိုက်ခိုက်သူများ၏ မျက်နှာများ... တုန်လှုပ်မှုနှင့် ကြောက်ရွံ့မှုတို့ဖြင့်... သိသိသာသာ... ပြောင်းလဲသွားကြပြီး... သူတို့... အလျင်အမြန်... နောက်ဆုတ်သွားကြသည်။

"ယွမ်တန်ဘုံ တတိယအလွှာ...။ ဒီကောင်လေး... တကယ်ပဲ... နောက်တစ်ကြိမ်... အဆင့်တက်သွားပြန်ပြီ"

တတိယအလွှာ ယွမ်တန်ဘုံ ပညာရှင်များထဲမှ တစ်ဦးက ထိတ်လန့်တကြား ကြွေးကြော်လိုက်မိသည်။ သူ... တူညီသော အဆင့်၌... ရှိနေသည့်တိုင်... ဖုန်းဝူချန်၏ ကြမ်းတမ်းလှသော စွမ်းအားကြောင့်....ရင်တွင်း အကြောက်တရား ဝင်သွားခဲ့သည်။

"သတ်"

အေးစက်သော လူသတ် အရှိန်အဝါ တစ်ခုက... ဖုန်းဝူချန်ကို... လွှမ်းခြုံသွားပြီး... သူ၏ ပြင်းထန်သော အကြည့်က... ထို (၆) ယောက်ကို... ဝေ့ကြည့်လိုက်သည်။ လက်ဟန် တစ်ချက်မျှဖြင့်... သူ၏ မီးလျှံဓား... လေဟာနယ်ထဲမှ... ပေါ်ထွက်လာပြီး... ထိုးနှက်ရန်... အသင့်ပြင်လိုက်၏။

သို့သော်... ထိုအခိုက်မှာပင်... ဖုန်းဝူချန်၏ နောက်ကျော၌... လင်ရှောင်ရှောင်၏ အောက်မှ မြေပြင်မှာ... ရုတ်တရက်... ပွင့်ထွက်လာပြီး... လက်တစ်ဖက်... ထွက်ပေါ်လာကာ... သူမ၏ ခြေကျင်းဝတ်ကို... ဖမ်းဆုပ်လိုက်ပြီး... သူမအား... ချက်ချင်းပင်... မြေကြီးထဲသို့... ဆွဲသွင်းသွားတော့သည်။

"ရှောင်ရှောင်"

ဖုန်းဝူချန်၏ မျက်နှာ... သိသိသာသာ... ပြောင်းလဲသွားသည်။

"မကောင်းတော့ဘူး"

လျိုချင်းယန်... ကြောက်ရွံ့မှုဖြင့်... ချွေးစေးများ... ပြန်လာသည်။

အစွမ်းထက်သော ရန်သူတစ်ဦး... မြေအောက်၌... ပုန်းအောင်းနေသေးသည်။

ဖုန်းဝူချန်နှင့် သူ၏ အဖော်များ... သူမအား... ကယ်တင်လိုကြသော်လည်း... နောက်ကျသွားခဲ့လေပြီ...။

"ဖုန်းဝူချန်...။ တစ်လတည်းနဲ့... မင်း... နောက်တစ်ကြိမ်...အဆင့်တက်သွားပြန်ပြီ...။ တကယ်... အံ့ဩစရာ ကောင်းပြီး... မမျှော်လင့်စရာပဲ"

မောက်မာပြီး... အေးစက်သော ရယ်သံတစ်ခု... ထွက်ပေါ်လာပြီးနောက်... ပုံရိပ်တစ်ခု... ရုတ်တရက်... ပုံဖော် ဖြစ်ပေါ်လာသည်။

ပေါ်ထွက်လာသူမှာ... ဟွမ်ဖူကျန့်ထျန်းပင်တည်း။

"ဝှစ်... ဝှစ်... ဝှစ်"

သူ၏ နောက်၌... ပုံရိပ် အများအပြား... လှစ်ခနဲ... ပေါ်ထွက်လာကြသည်။ သူတို့အားလုံးမှာ... ဟွမ်ဖူမိသားစု၏ အဆင့်မြင့် အဖွဲ့ဝင်များ ဖြစ်ကြပြီး... ဟွမ်ဖူယွင်ကျုံးမှာလည်း... သူတို့ထဲ၌... ပါဝင်နေသည်။

"ဖုန်းဝူချန်... ဒီနေ့... မင်း... အတောင်ပံတွေ... ရှိနေရင်တောင်... လွတ်မြောက်နိုင်မှာ... မဟုတ်ဘူး"

ဟွမ်ဖူယွင်ကျုံးက အေးစက်စွာ ဆိုလိုက်သည်။

"ခင်ဗျားတို့... ရှောင်ရှောင်ရဲ့ ဆံပင် တစ်မျှင်ကိုတောင်... ထိခိုက်ကြည့်..... ကျုပ် ဟွမ်ဖူမိသားစုကို... ပြာမှုန် ဖြစ်သွားအောင်... လုပ်ပစ်မယ်"

ဖုန်းဝူချန်၏ အေးစက်လှသော အသံမှာ... သတ်ဖြတ်လိုသည့် ဒေါသဖြင့်... တုန်ယင်နေပြီး... အရမ်းကာရော... ပျံ့နှံ့ထွက်ပေါ်သွား၏။

"မင်းတို့...အနည်းစုလေးနဲ့ပဲ...လား"

ဟွမ်ဖူကျန့်ထျန်းက မထီမဲ့မြင် ပြက်ရယ်ပြုလိုက်သည်။

"ဟီးဟီး..ဖုန်းဝူချန်... မင်းရဲ့ လူတွေ... ရောက်မလာနိုင်တော့ဘူး"

"ဘာ"

ဤစကားကို ကြားသော်... လျိုချင်းယန်နှင့် အခြားသူများ... သိသိသာသာ...မျက်နှာအမူအရာ ပြောင်းလဲသွားကြသည်။

ဖုန်းဝူချန်၏ မျက်နှာမှာ... လုံးဝ... ခက်ထန် တည်ကြည်သွား၏။

…

ထျန်းယွဲ့တောင်သို့... သွားရာ လမ်းခုလတ်၌... မူထျန်းယွင်နှင့်... ယွင်ကျိုးနယ်မှ အခြား အစွမ်းထက် ပုဂ္ဂိုလ်များစွာတို့မှာ... တစ်စုံတစ်ယောက်ကြောင့်... ရုတ်တရက်... တားဆီးခြင်း... ခံလိုက်ရသည်။

"ဟွမ်ဖူထျန်းပါး"

မူထျန်းယွင်... အလွန်အမင်း... အံ့အားသင့်သွားသည်။

"ယွမ်တန်ဘုံ နဝမအလွှာ"

ချူဝူဟန်နှင့် အခြားသူများ၏ မျက်နှာများ... ဖြူဖျော့သွားကြသည်။ ထို လှိုင်းထန်နေသော ဖိအားက... သူတို့အား... ထိတ်လန့်မှုကို... ခံစားသွားစေသည်။

"မင်းတို့... ဖုန်းဝူချန်ကို... ကူညီဖို့... ထျန်းကျိုးနယ်ကို... လာလိမ့်မယ်လို့... ငါ... ခန့်မှန်းပြီးသားပဲ... မူထျန်းယွင်...။ ဒါပေမဲ့... မင်းတို့... သူ့ကို... အခု... မကယ်တင်နိုင်တော့မှာကို... ငါ... စိုးရိမ်မိတယ်"

ဟွမ်ဖူထျန်းပါးက ဖြည်းညင်းစွာ... ဆိုလိုက်သည်။

မူထျန်းယွင်... အလွန်အမင်း... မျက်မှောင်ကြုတ်လိုက်ပြီး... လေးနက်စွာ ဆိုသည်။

"ငါ... သူ့ကို... တားထားမယ်...။ မင်းတို့အားလုံး... စစ်သူကြီးချုပ်ကို... အားဖြည့်ဖို့... ချက်ချင်း... သွားကြ"

"ဂိုဏ်းချုပ် မူ...။ ကျွန်တော်... ခင်ဗျားကို... ခေါ်သွားမယ်"

ဟွမ်ယန်က အသံတိုးတိုးဖြင့် အော်ဟစ်လိုက်ပြီး... ချက်ချင်းပင်... နေရာ ရွှေ့ပြောင်းကျွမ်းကျင်မှု တစ်ခုကို... အသုံးပြုကာ... မူယွင်ရှန်းနှင့်အတူ... လျှပ်တပြက်ပျောက်ကွယ်သွားသည်။

ဟွမ်ဖူထျန်းပါးက ရုတ်တရက်... သူ၏ လက်ဝါး နှစ်ဖက်ကို ပူးကပ်လိုက်သည်။ သူ၏ နဝမအလွှာ ယွမ်တန်ဘုံ၏ ကြောက်မက်ဖွယ် စွမ်းအားများ အရူးအမူး...... ပေါက်ကွဲလာပြီး... မြေပြင်... တုန်ခါသွားကာ... လေပြင်းများ... ဟိန်းဟောက် တိုက်ခတ်လာသည်။

"မင်းတို့... ဖြတ်သွားနိုင်မှာ... မဟုတ်ဘူး"

ဟွမ်ဖူထျန်းပါးက ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။

All Chapters