← Chapters

ကျဉ်းထဲကျပ်ထဲ

Vol. 8 Ch. 120

ကျဉ်းထဲကျပ်ထဲ

Vol. 8 Ch. 120

~"နက်နဲခြင်းအဆင့် အလယ်အလတ်တန်းစား သိုင်းပညာ...။ မိုးကြိုး လျှပ်စီး အလေးချိန်"

ဟွမ်ဖူထျန်းပါးက ပြင်းထန်စွာ ဟိန်းဟောက်လိုက်သည်နှင့်... ကြောက်မက်ဖွယ် မိုးကြိုးဓာတ် စွမ်းအားများ ပေါက်ကွဲ ထွက်ပေါ်လာလေ၏။ သူ၏ လက်များကို ကောင်းကင်သို့ ရုတ်ခြည်း မြှောက်တင်လိုက်ရာ... မီတာ ဒါဇင်ပေါင်းများစွာ မြင့်မားသော လျှပ်စီးများဖြင့် ရက်ယှက်ထားသည့် ကြီးမားလှသော လျှပ်စီး ပိုက်ကွန်ကြီးတစ်ခု ပေါ်ထွက်လာတော့သည်။

ထို ဧရာမ လျှပ်စီး ပိုက်ကွန်ကြီးက လူတိုင်း၏ ထွက်ပြေး လွတ်မြောက်ရာ လမ်းကြောင်းကို ပိတ်ဆို့ထားလိုက်လေ၏။

လျှပ်စီး၏ ကြောက်မက်ဖွယ် စွမ်းအားကြောင့် ဟွမ်ယန်မှာ နောက်သို့ ဆုတ်ခွာသွားရပြီး အနားသို့ ကပ်ဝံ့ခြင်း မရှိတော့ပေ။

ယွမ်တန်ဘုံ ပညာရှင်များစွာမှာ ကြောက်လန့်တကြားဖြင့် မျက်နှာများ ဖြူဖျော့သွားကာ ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေကြတော့သည်။

"ဟွမ်ဖူထျန်းပါး... ခင်ဗျားရဲ့ စွမ်းအား တစ်ခုတည်းနဲ့... ကျုပ်တို့ကို တားဆီးနိုင်မယ်လို့... တကယ် ထင်နေတာလား"

မူယွင်ရှန်းက လေးနက်စွာ မေးလိုက်သည်။

အကယ်၍သာ သူတို့ အနည်းငယ် ပိုမြန်ခဲ့ပါလျှင်... ဖြစ်နိုင်သည်မှာ ဟွမ်ယန်သည် လျှပ်တပြက် နေရာ ရွှေ့ပြောင်းသိုင်းကွက်ကို အသုံးပြု၍ မူယွင်ရှန်းအား ခေါ်ဆောင်သွားနိုင်

ခဲ့ပေလိမ့်မည်။

...

"မင်းတို့အားလုံး... စစ်သူကြီးချုပ်ကို အားဖြည့်ဖို့ ဘာပဲလုပ်ရ..လုပ်ရ လုပ်ကြ...။ ငါ... ဟွမ်ဖူထျန်းပါးကို ရှင်းမယ်"

မူယွင်ထျန်းက လေးနက်စွာ ဆိုလိုက်သည်နှင့် သူ၏ ယွမ်တန်ဘုံ နဝမ အလွှာမှ ကြောက်မက်ဖွယ် 'အစစ်အမှန်ယွမ်' စွမ်းအင်များလည်း လှုံ့ဆော်ခြင်း ခံလိုက်ရသည်။

"ဒီလောက် နှစ်တွေ ကြာသွားတာတောင်... မင်းရဲ့ ကျင့်ကြံမှုက ပိုသန်မာလာတာပဲ...။ ဒါပေမဲ့ ကံဆိုးတာက... ဒီနေ့ ငါ လာတာ မင်းနဲ့ တိုက်ခိုက်ဖို့ မဟုတ်ဘူး"

ဟွမ်ဖူထျန်းပါးက မျက်မှောင်ကြုတ်လျက် ဆိုလိုက်သည်။ သူ၏ မျက်နှာအမူအရာမှာ အလွန် လေးနက်နေ၏။

ဟွမ်ဖူထျန်းပါးနှင့် မူယွင်ထျန်းတို့သည် ခေတ်ကာလ တူညီသော အစွမ်းထက် ပညာရှင်များ ဖြစ်ကြပြီး သူတို့၏ စွမ်းအားများမှာ ယှဉ်ပြိုင်နိုင်စွမ်း ရှိကြသည်။

"ဟွမ်ဖူထျန်းပါး... ဟွမ်ဖူမိသားစုက မှားယွင်းတဲ့ ဆုံးဖြတ်ချက်ကို ချခဲ့ပြီးပြီ...။ အခုတော့ နောက်ပြန်လှည့်ဖို့ မဖြစ်နိုင်တော့ဘူး"

မူယွင်ထျန်းက လေးနက်စွာ ဆိုလိုက်ပြီး သူ၏ ခန္ဓာကိုယ် တစ်ခုလုံးမှ စွမ်းအားများကို စုစည်းကာ ရုတ်တရက် သူ၏ လက်ကို ဝှေ့ယမ်းလိုက်သည်။

"နောက်ပြန်လှည့်ဖို့ မရှိဘူး...။ မင်းတို့လို လူစားတွေနဲ့ပဲ ငါ့ရဲ့ ဟွမ်ဖူမိသားစုကို ချေမှုန်းနိုင်မယ် ထင်နေတာလား...။ ဟမ့်"

ဟွမ်ဖူထျန်းပါးက အေးစက်စွာ ဟမ့်ခနဲ မြည်တွန်လိုက်သည်။ "ဖုန်းဝူချန်က ချင်းအာကို သတ်ခဲ့တယ်...။ ငါ ဘယ်လိုလုပ် လက်လွှတ်ထားနိုင်မှာလဲ...။ ဒီနေ့ ဖုန်းဝူချန် သေကို သေရမယ်"

"ဟွမ်ဖူမိသားစုက အထက်လူတွေကို အကြိမ်ကြိမ် ဆန့်ကျင်ခဲ့တယ်...။ နန်းတွင်း အကြံပေးရဲ့ အမိန့်တွေကို လျစ်လျူရှုခဲ့တယ်...။ ဒီတစ်ကြိမ်တော့ ထျန်းယွင်ဂိုဏ်းတောင် ဟွမ်ဖူမိသားစုကို မကာကွယ်နိုင်တော့ဘူး"

ချီဟွမ်က ဒေါသတကြီး အော်ဟစ်လိုက်ရာ သူ၏ မျက်လုံးများမှာ ပြင်းထန်မှုနှင့် အေးစက်သော လူသတ် စိတ်ဆန္ဒများဖြင့် ပြည့်နှက်နေသည်။

"ဟမ့်...။ အင်ပါယာကို သုံးပြီး ငါ့ရဲ့ ဟွမ်ဖူမိသားစုကို ဖိနှိပ်ဖို့ မကြိုးစားနဲ့"

ဟွမ်ဖူထျန်းပါးက ဒေါသတကြီး ဟိန်းဟောက်လိုက်၏။ သူ၏ အရှိန်အဝါမှာ တဟုန်ထိုး မြင့်တက်လာကာ လေးလံသော သတ်ဖြတ်လိုသည့် အငွေ့အသက်များဖြင့် ပြည့်နှက်နေ၏။

ဟွမ်ဖူထျန်းပါးက သူ၏ 'အစစ်အမှန်ယွမ်' စွမ်းအင်ကို လှုံ့ဆော်လိုက်ပြီး အလျင်အမြန်ပင် ထိုလျှပ်စစ် ပိုက်ကွန်ကြီးထဲသို့ သွန်းလောင်းထည့်လိုက်သည်။

"ဝှစ်"

"ဘုန်း"

"ဝှစ်.."

ကြောက်မက်ဖွယ် အားကောင်းသော အပြာရောင် စွမ်းအင် ဓားသွား တစ်ခု လျှပ်စီးကဲ့သို့ ပစ်ထွက်သွားပြီး ၎င်း၏ အရှိန်အဟုန်မှာ လွှမ်းမိုးနိုင်စွမ်း ရှိလှ၏။ မျက်စိတစ်မှိတ် အတွင်းမှာပင် ၎င်းသည် လျှပ်စီး ပိုက်ကွန်ကြီးပေါ်၌ ပေါက်ကွဲသွားကာ ပြင်းထန်သော စွမ်းအား ဝဲဂယက်များ အရပ်မျက်နှာ အားလုံးသို့ ပျံ့နှံ့ထွက်ပေါ်သွားသည်။

ကြောက်မက်ဖွယ် စွမ်းအားများ တိုက်မိသွားသော်ငြား လျှပ်စီး ပိုက်ကွန်ကြီးမှာ ပျောက်ကွယ်

သွားခဲ့လေပြီ။

ဟွမ်ဖူထျန်းပါး၏ ကြောက်မက်ဖွယ် လျှပ်စီးပိုက်ကွန်ကြီးကို အားစိုက်ထုတ်စရာ မလိုဘဲ ဖျက်ဆီးပစ်လိုက်ခြင်းက မူထျန်းယွင်၏ လွှမ်းမိုးနိုင်စွမ်းသော စွမ်းအားကို သက်သေပြနေခဲ့သည်။

"မြန်မြန် သွားကြစို့"

မူထျန်းယွင်က အော်ဟစ်လိုက်၏။

"လျှပ်တပြက် နေရာ ရွှေ့ပြောင်းခြင်း"

ဟွမ်ယန်သည် ချက်ချင်းပင် လျှပ်တပြက် နေရာ ရွှေ့ပြောင်းခြင်းသိုင်းကွက်ကို အသုံးပြု၍ မူယွင်ရှန်းနှင့်အတူ ပျောက်ကွယ်သွားတော့သည်။

"ကျောင်းအုပ် ရှန်း... သွားကြစို့"

ချီဟွမ်နှင့် အခြားသူများမှာလည်း လျှပ်တပြက် နေရာ ရွှေ့ပြောင်းခြင်းသိုင်းကွက်ကို အသုံးပြု၍ ပျောက်ကွယ်သွားကြရာ အလွန် လျှို့ဝှက်ဆန်းကြယ်လှ၏။

"အားလုံး... လူခွဲကြ"

ချူဝူဟန်သည် ချက်ချင်းပင် ပညာရှင်များစွာကို ဦးဆောင်ကာ လှုပ်ရှားမှု သိုင်းကွက်များကို အဆက်မပြတ် အသုံးပြုလျက် အလျင်အမြန် ထွက်ခွာသွားကြတော့သည်။

"ဟမ့်"

ဟွမ်ဖူထျန်းပါးက ရက်စက်စွာ မဲ့ပြုံးလိုက်ပြီး သူ၏ ပုံရိပ်မှာ ရုတ်တရက် ပျောက်ကွယ်သွားကာ မူထျန်းယွင်ကို လုံးဝ လျစ်လျူရှုလိုက်သည်။

ဟွမ်ဖူထျန်းပါးသည် ထိုနေရာ၌ တားဆီးရန်သာ ရှိနေခြင်းဖြစ်ပြီး မူထျန်းယွင်နှင့် တိုက်ခိုက်ရန် မဟုတ်ပေ။

"မူထျန်းယွင်... ငါ... မင်းရဲ့ ရန်သူ မဖြစ်ချင်ဘူး...။ မင်း... ငါ့ကို... အတင်း ဖိအားပေးခဲ့တာ နော်"

ဟွမ်ဖူထျန်းပါးက ဒေါသတကြီး ဟိန်းဟောက်လိုက်ရာ ဒေါသများဖြင့် ဆူပွက်နေ၏။

"သတိထား"

ချူဝူဟန်က ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။ ဟွမ်ဖူထျန်းပါး တိုက်ခိုက်ရန် ချဉ်းကပ်လာနေသည်ကို သူ အာရုံခံမိလိုက်ပြီး ဖြစ်သည်။

"ဘုန်း ဘုန်း ဘုန်း"

ဟွမ်ဖူထျန်းပါးသည် မြင့်မားသော နေရာတစ်ခုမှနေ၍ ပြန့်ကျဲနေသော ပညာရှင်များအပေါ်သို့ အပြင်းအထန် စတင် ဖိနှိပ်လိုက်သည်။

သူ၏ ကြောက်မက်ဖွယ် လက်ဝါးပုံရိပ်များ အဆက်မပြတ် ပေါက်ကွဲ ထိမှန်သွားပြီး ပေါက်ကွဲသံများ တောအုပ်များ တစ်လျှောက် ပဲ့တင်ထပ်နေ၏။ ခဏတာ အတွင်းမှာပင် ပညာရှင် ဒါဇင်ကျော် ဒဏ်ရာရရှိခြင်း သို့မဟုတ် သေဆုံးသွားခဲ့ကြသည်။

တောအုပ်ကြီးမှာ ထူထပ်သော မီးခိုးငွေ့များဖြင့် ဖုံးလွှမ်းနေပြီး လုံးဝ ဖရိုဖရဲ ဖြစ်နေသော မြင်ကွင်းဖြစ်ကာ ဖျက်ဆီးအားမှာ အလွန် ကြောက်မက်ဖွယ် ကောင်းလှသည်။

ဟွမ်ဖူထျန်းပါး၏ ကြောက်မက်ဖွယ် စွမ်းအားကို ရင်ဆိုင်ရာတွင် ထိမှန်သွားသော ပညာရှင်များမှာ ခုခံရန် စွမ်းအား လုံးဝ ကင်းမဲ့နေကြသည်။

"မင်း... ဘယ်နှစ်ယောက်ကို ကယ်တင်နိုင်မလဲဆိုတာ... ငါ... ကြည့်ရသေးတာပေါ့...။ ဟမ့်"

မူထျန်းယွင်က အေးစက်စွာ ဆိုလိုက်ပြီးနောက် သူ၏ အရိုးကွဲမတတ် အေးစက်သော သတ်ဖြတ်လိုသည့် အငွေ့အသက်များ ပျံ့နှံ့ထွက်ပေါ်လာသည်။ သူသည် သူ၏ လှုပ်ရှားမှု သိုင်းကွက်ကို အသုံးပြု၍ လိုက်လံ ရှာဖွေလိုက်၏။

ဟွမ်ဖူထျန်းပါးသည် ဤအရာကို အာရုံခံမိလိုက်သည်နှင့် ချက်ချင်းပင် လှုပ်ရှားမှု သိုင်းကွက်တစ်ခုကို အသုံးပြု၍ နေရာ ပြောင်းလိုက်သည်။ သူသည် ယွင်ကျိုးနယ်မှ ပညာရှင်များကို တားဆီးရမည် သို့မဟုတ် အနည်းဆုံးအားဖြင့် သူတို့ကို နှောင့်နှေးစေရမည် ဖြစ်ကြောင်း သိရှိနေ၏။

သို့သော် မူထျန်းယွင်သည်လည်း အလားတူ သန်မာလှသဖြင့် ဟွမ်ဖူထျန်းပါး နောက်တစ်ကြိမ် လှုပ်ရှားရန်မှာ မဖြစ်နိုင်တော့ပေ။ မူထျန်းယွင်သည် အဆက်မပြတ် လိုက်လံ ရှာဖွေနေပြီး ဟွမ်ဖူထျန်းပါးအား တိုက်ခိုက်ရန် အခွင့်အရေး တစ်စက်မျှ မပေးခဲ့ပေ။

ဟွမ်ဖူထျန်းပါးသည် သူ လှုပ်ရှားသွားသည်နှင့် လျင်မြန်စွာ နေရာများ ပြောင်းလဲနေပြီး မူထျန်းယွင်မှာမူ အဆက်မပြတ် လိုက်လံ ရှာဖွေနေသည်။

“ဝှစ် ဝှစ် ဝှစ်”

တောအုပ် အတွင်း၌ အရိပ်နှစ်ခု လျင်မြန်စွာ လှစ်ခနဲ လှစ်ခနဲ ဖြစ်ပေါ်နေပြီး မျက်စိတစ်မှိတ် အတွင်းမှာပင် သူတို့ တောအုပ်ထဲသို့ ပျောက်ကွယ်သွားကြတော့သည်။

ဖုန်းဝူချန်၏ အခြေအနေသို့ ပြန်လှည့်ကြည့်လျှင်... ဟွမ်ဖူယွင်ကျုံးနှင့် သူ၏ လူများ လှုပ်ရှားတော့မည် ဖြစ်ဟန်တူပြီး အကူအညီပေးရန် ရောက်ရှိလာသူ တစ်ဦးတစ်ယောက်မျှ မရှိသေးပေ။

ဤအခိုက်အတန့်၌ပင် ဖုန်းဝူချန်သည်လည်း စတင်စိုးရိမ်ပူပန်လာခဲ့လေပြီ။

ဟွမ်ဖူမိသားစု၌ မူထျန်းယွင်နှင့် အခြား အစွမ်းထက် ပညာရှင်များစွာကို ကြားဖြတ် တားဆီးနိုင်စွမ်း ရှိနေသည်။ ဖုန်းဝူချန် ခန့်မှန်းမိသည်မှာ ဟွမ်ဖူထျန်းပါး လှုပ်ရှားခဲ့ခြင်း ဖြစ်ရမည်ဟုပင်။

"ကောင်စုတ်လေး...။ မင်း... ချင်းအာကို သတ်ခဲ့တယ်...။ မင်း... ဒီနေ့... ဒီနေရာကနေ... အသက်ရှင်လျက်... ထွက်သွားနိုင်ဖို့ စိတ်မကူးနဲ့"

ဟွမ်ဖူယွင်ကျုံးက အေးစက်စွာ ဆိုလိုက်၏။ တဆက်တည်း၌ သူ၏ 'အစစ်အမှန်ယွမ်' စွမ်းအားများ လှိုင်းထန်လာကာ ဟွမ်ဖူချင်းအတွက် လက်စားချေရန် ဖုန်းဝူချန်ကို ကိုယ်တိုင် သတ်ဖြတ်ရန် ပြင်ဆင်လိုက်သည်။

"အစ်ကိုဖုန်း... ငါတို့... အခု... ဘာလုပ်ကြမလဲ"

လျိုချင်းယန်က ထိတ်လန့်တကြား မေးလိုက်သည်။

"မင်းတို့အားလုံး... ပြေးကြ...။ သူတို့... သတ်ချင်တာ...ငါ့ကို"

ဖုန်းဝူချန်၏ မျက်နှာအမူအရာမှာ အလွန် လေးနက်နေသည်။

"ရှင်ကရော... ဘာလုပ်

မှာလဲ..အစ်ကိုဖုန်း"

မြောင်ချင်းချင်းက ထိတ်လန့်တကြား မေးလိုက်သည်။ သူတို့ လင်ရှောင်ရှောင် မည်သို့ ဖြစ်နေသည်ကို မသိရှိကြသေးပေ။

ကျန်းကျွင့်လန်မှာမူ ဟွမ်ဖူယွင်ကျုံးနှင့် သူ၏ လူများကို တစ်ချက် ကြည့်လိုက်ပြီးနောက် သက်ပြင်းတစ်ချက် ချကာ ပခုံးတွန့်လိုက်ပြီး ဆိုလိုက်သည်။

"ခင်ဗျားတို့... ဖုန်းဝူချန်ကို သတ်ချင်ရင်... အဲ့ဒါ... ကျွန်တော့် ကိစ္စ မဟုတ်ဘူး...။ ကျွန်တော်... ဒီကိစ္စနဲ့... ဘာမှ... မပတ်သက်ဘူး"

ထိုသို့ ဆိုပြီးနောက် ကျန်းကျွင့်လန်သည် သိတတ်သော ဟန်ပန်ဖြင့် ဘေးသို့ ဆုတ်သွားလိုက်သည်။

"ဟမ့်...။ မင်း... ကိုယ့်နေရာကိုယ်... သိတတ်လို့... ငါတို့... မင်းကို... အလွတ်ပေးလိုက်မယ်...။ အခု... ထွက်သွားတော့"

ဟွမ်ဖူကျန့်ထျန်းက မထီမဲ့မြင် ဟမ့်ခနဲ မြည်တွန်လိုက်သည်။

"ကျန်းကျွင့်လန်...။ ... သူတောင်းစား"

လျိုချင်းယန်က ဒေါသတကြီး ကျိန်ဆဲလိုက်သည်။

"ဘန်း"

နောက်တစ်စက္ကန့်တွင် ဟွမ်ဖူယွင်ကျုံးသည် ရုတ်တရက် မြေပြင်ကို ဆောင့်နင်းလိုက်ပြီး ဖုန်းဝူချန်ထံသို့ ပြင်းထန်စွာ တိုးဝင်လာသည်။ သူ၏ အရှိန်အဟုန်မှာ ခန့်ညားလှပြီး စွမ်းအားများမှာ ကြောက်မက်ဖွယ် ကောင်းလောက်အောင် လှိုင်းထန်နေ၏။

"ပြေး"

ဖုန်းဝူချန်က အရေးတကြီး သတိပေးလိုက်ပြီး တစ်ချိန်တည်းမှာပင် လျှပ်တပြက် နေရာ ရွှေ့ပြောင်းခြင်းအား ထုတ်ဖော်၍ ရှောင်တိမ်းလိုက်သည်။

"ဝုန်း"

ဟွမ်ဖူယွင်ကျုံးသည် မျက်စိတစ်မှိတ် အတွင်း ပေါ်ထွက်လာပြီး လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်ရာ 'ဘုန်း' ခနဲ ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။

အလွန် ကြောက်မက်ဖွယ် ကောင်းသော စွမ်းအားက မြေပြင်ထဲသို့ ကျန့်ပေါင်းများစွာ ကျယ်ဝန်းသော တွင်းနက်ကြီးတစ်ခုကို ပေါက်ကွဲ ဖြစ်ပေါ်စေပြီး ၎င်းအား တုန်ခါသွားစေလျက် ကြီးမားသော အက်ကွဲကြောင်းများ ပွင့်ထွက်သွားစေသည်။

ကံကောင်းစွာပင် ဖုန်းဝူချန်သည် အချိန်မီ သတိပေးခဲ့၍သာ လျိုချင်းယန်နှင့် မြောင်ချင်းချင်းတို့ လျှပ်တပြက် နေရာ ရွှေ့ပြောင်းခြင်းသိုင်းကွက်ကို အသုံးပြု၍ ရှောင်တိမ်းနိုင်ခဲ့ကြသည်။

‘ဖုန်းဝူချန်နဲ့... တခြားလူတွေက... အဲ့ဒီကောင်မလေးရဲ့... အံ့ဖွယ် လှုပ်ရှားမှု သိုင်းကွက်ကို... တကယ်... သုံးနိုင်ကြပါလား’

ဟွမ်ဖူကျန့်ထျန်း မျက်မှောင်ကြုတ်လိုက်ပြီး လောဘကြီးသော အကြည့်တစ်ခု သူ၏ မျက်လုံးများထဲ၌ ပေါ်ထွက်လာသည်။

"မင်း... ဘယ်လောက်ကြာကြာ... ရှောင်နိုင်မလဲဆိုတာ... ကြည့်ကြသေးတာပေါ့"

သို့သော် ဟွမ်ဖူယွင်ကျုံး၏ လက်ဝါးမှာ လေဟာနယ်ကိုသာ ရိုက်ခတ်မိလိုက်ပြီး သူ အတော်လေး အံ့ဩသွား၏။

သူ၏ မျက်နှာ ပုပ်သိုးသွားပြီး ချက်ချင်းပင် ဖုန်းဝူချန်ထံသို့ နောက်တစ်ကြိမ် ပေါက်ကွဲ ထွက်ပေါ်သွားသည်။

သူ၏ အရှိန်မှာ ပို၍ပင် ကြောက်မက်ဖွယ် ကောင်းလှ၏။

တစ်ချိန်တည်းမှာပင် ဟွမ်ဖူကျန့်ထျန်း၏ ဆိုးယုတ်သော အကြည့်က လျိုချင်းယန်နှင့် မြောင်ချင်းချင်းတို့ထံသို့ ဝေ့ကြည့်လိုက်ပြီး... တုံ့ဆိုင်းခြင်း မရှိဘဲ သူတို့ထံသို့ တိုးဝင်သွားတော့သည်။

"မကောင်းတော့ဘူး"

လျိုချင်းယန်၏ မျက်နှာ သိသိသာသာ ပြောင်းလဲသွားပြီး မြောင်ချင်းချင်းကို အလျင်အမြန် တွန်းထုတ်လိုက်သည်။

လျိုချင်းယန် တည့်တည့်မတ်မတ် ထိမှန်သွားပြီး 'ဘုန်း' ခနဲ ပေါက်ကွဲသံနှင့်အတူ သူ၏ ပါးစပ်မှ လတ်ဆတ်သော သွေးများ ပန်းထွက်သွားကာ အနက်ရောင် မျဉ်းတစ်ကြောင်းကဲ့သို့ အရုပ်ကြိုးပြတ် လွင့်စဉ်သွားသည်။

ရှေးဟောင်း သစ်ပင်ကြီး တစ်ပင်ကို ပြင်းထန်စွာ တိုက်မိသွားပြီး သစ်ရွက်များ မိုးဖွဲကဲ့သို့ ကြွေကျသွားစေ၏။

လက်ဝါး တစ်ချက်တည်းဖြင့် လျိုချင်းယန် ပြင်းထန်စွာ ဒဏ်ရာရရှိသွားပြီး သေလုမျောပါး ဖြစ်နေလေပြီ။

"အစ်ကိုလျို"

မြောင်ချင်းချင်း ထိတ်လန့်တကြား ဖြစ်သွားသည်။

"ချင်းယန်"

ဖုန်းဝူချန်၏ မျက်နှာ သိသိသာသာ ပြောင်းလဲသွားပြီး ဒေါသများ သူ၏ နှလုံးသားထဲမှ လှိုင်းထန်လာသည်။

ကံမကောင်းစွာပင် ဖုန်းဝူချန်သည် ထိုအခိုက်အတန့်၌ သူ့ကိုယ်သူပင် ကာကွယ်ရန် ခက်ခဲနေခဲ့သည်။ ဟွမ်ဖူယွင်ကျုံးသည် မိုးကြိုး လျှပ်စီး အလေးချိန်၏ အရှိန်အဟုန်ဖြင့် သူ့ထံသို့ တိုးဝင်လာနေပြီး သူ့အား လျိုချင်းယန်ကို ဂရုစိုက်ရန် စွမ်းအား ကင်းမဲ့စေခဲ့သည်။

ဟွမ်ဖူယွင်ကျုံး၏ တိုက်ခိုက်မှုကို ရင်ဆိုင်ရာတွင် ဖုန်းဝူချန်သည် ရုတ်ခြည်း နေရာပြောင်းသိုင်းကွက်ကို အသုံးပြု၍ ရှောင်တိမ်းရန်သာ တတ်နိုင်ခဲ့ပြီး ထိုသို့ ပြုလုပ်သည့်တိုင် အန္တရာယ်နှင့် နီးကပ်နေခဲ့သည်။

"လှုပ်ရှားမှု သိုင်းကွက်ကို... ပေး...။ ဒါဆို... ငါ... မင်းအသက်ကို... ချမ်းသာပေးမယ်"

ဟွမ်ဖူကျန့်ထျန်းက အေးစက်စွာ ခြိမ်းခြောက်လိုက်ပြီး မြောင်ချင်းချင်းကို လည်ပင်းမှ ဆွဲကိုင်ကာ မြှောက်တင်လိုက်သည်။

ဤအခိုက်အတန့်အတွင်း... လူတိုင်း၏ အာရုံစိုက်မှု လွဲချော်သွားစဉ်မှာပင် ဘေးမှ တိုက်ပွဲကို စောင့်ကြည့်နေသော ကျန်းကျွင့်လန်သည် ရုတ်တရက် လှုပ်ရှားလိုက်တော့သည်။

ကျန်းကျွင့်လန်သည် အသင့်ပြင်ထားပြီး ဖြစ်ကာ ချက်ချင်းပင် သူ၏ စွမ်းအား အားလုံးကို စုစည်းလျက် မြေအောက်သို့ လျှို့ဝှက်စွာ ရွေ့လျားသွားသည်။

"ပုန်းလျှိုးကွယ်လျှိုး လုပ်တတ်တဲ့ ကောင်စုတ်လေး"

မြေအောက်မှ အစွမ်းထက် ပုဂ္ဂိုလ်ကြီး သတိပြုမိသွားပြီး ဒေါသတကြီး ပေါက်ကွဲထွက်လာသည်။

"ဟမ့်...။ သေစမ်း"

ကျန်းကျွင့်လန်က ရက်စက်စွာ ဟမ့်ခနဲ နှာမှုတ်လိုက်ပြီး အလိုအလျောက်ပင် ဓားရှည်တစ်ချောင်း လေဟာနယ်ထဲမှ သူ၏ လက်ထဲ၌ ပေါ်ထွက်လာသည်။ ၎င်းသည် အလယ်အလတ်တန်းစား ဝိညာဉ်လက်နက် တစ်ခုပင် ဖြစ်နေသေးသည်။

ကျန်းကျွင့်လန်သည် ကြောက်မက်ဖွယ် အရှိန်ဖြင့် လှုပ်ရှားလိုက်ပြီး အပြာရောင်နှင့် ရွှေရောင် အလင်းတန်း တစ်ချက် လက်ဖြာသွားသည်။

မျက်စိတစ်မှိတ် အတွင်းမှာပင် သူသည် မြေအောက်၌ ပုန်းအောင်းနေသော ယွမ်တန်ဘုံ ဒုတိယအလွှာ ပညာရှင်ကို သတ်ဖြတ်လိုက်ပြီးနောက် လင်ရှောင်ရှောင်နှင့်အတူ မြေကြီးထဲမှ ထွက်ပေါ်လာခဲ့သည်။

"ကလိမ်ကကျစ် ကြွက်စုတ်လေး...။ ဒါဆို... မင်း... အစကတည်းက... ဒါကို... အကုန်... ကြံစည်ထားခဲ့တာပေါ့"

ဟွမ်ဖူကျန့်ထျန်းက ကျန်းကျွင့်လန်ကို စားမတတ်၊ ဝါးမတတ် ကြည့်လိုက်ပြီး သူ၏ လက်ထဲမှ ဝိညာဉ်လက်နက်ကို မြင်တွေ့လိုက်ရသောအခါ သူ... တုန်လှုပ်စွာ လွှတ်ခနဲ အော်မိသွားသည်။

"အလယ်အလတ်တန်းစား ဝိညာဉ်လက်နက်"

"ရှောင်ရှောင်... အဆင်ပြေရဲ့လား"

ဖုန်းဝူချန်က လျှပ်တပြက် နေရာ ရွှေ့ပြောင်းခြင်းဖြင့် လွတ်မြောက်နေစဉ် မေးလိုက်သည်။

"အစ်ကိုကြီးဖုန်း... ကျွန်မ... အဆင်ပြေပါတယ်"

လင်ရှောင်ရှောင်က တုံ့ပြန်လိုက်ပြီး သူမ၏ ချစ်စရာ မျက်နှာလေးမှာ အလွန် အေးစက်နေသည်။ ထို့နောက် သူမသည် ရုတ်ခြည်း နေရာပြောင်းသိုင်းကွက်ကို အသုံးပြု၍ လျိုချင်းယန်၏ ဘေးသို့ ရောက်ရှိသွားသည်။

လျိုချင်းယန်မှာ ပြင်းထန်စွာ ဒဏ်ရာရရှိထားပြီး လုံးဝ သတိလစ် မေ့မြောနေလေပြီ။

လင်ရှောင်ရှောင်က အလျင်အမြန် ဆေးလုံးတစ်လုံး ထုတ်ယူလိုက်ပြီး သူ့အား မျိုချစေလိုက်သည်။

‘မင်းတို့အားလုံး... အဲ့ဒီမှာ... ဘာရပ်လုပ်နေကြတာလဲ...။ လှုပ်ရှားကြ...။ အဲ့ဒီကောင်စုတ်ကို... ငါ့အတွက်... သတ်ကြ”

ဟွမ်ဖူကျန့်ထျန်းက ဟွမ်ဖူမိသားစု၏ အစွမ်းထက် ပညာရှင်များထံသို့ ဟိန်းဟောက်လိုက်သည်။

အစွမ်းထက်သော 'အစစ်အမှန်ယွမ်' စွမ်းအင်များ ပေါက်ကွဲ ထွက်ပေါ်လာပြီး ဟွမ်ဖူမိသားစုမှ အစွမ်းထက် ပညာရှင် ဒါဇင်ပေါင်းများစွာထဲမှ သုံးယောက်မှာ ချက်ချင်းပင် ကျန်းကျွင့်လန်ထံသို့ တိုးဝင်သွားကြသည်။

"ငါ့ကို... သတ်မယ်...။ ဟား.. ငါ့ကို... အဲ့လောက်... အနိုင်ကျင့်လို့... လွယ်မယ် ထင်လား"

ကျန်းကျွင့်လန်က ခပ်ပေါ့ပေါ့ ပြက်ရယ်ပြုလိုက်ပြီး ကျယ်ပြန့်ပြီး အရိုင်းဆန်သော အရှိန်အဝါ တစ်ခုကို ထုတ်လွှတ်လိုက်သည်။

အလယ်အလတ်တန်းစား ဝိညာဉ်လက်နက် တစ်ခု လက်ထဲ၌ ရှိနေပြီး ယွမ်တန်ဘုံ ပထမ အလွှာသို့ ထိုးဖောက် အောင်မြင်ထားသဖြင့် ကျန်းကျွင့်လန်၏ စွမ်းအားမှာ အကြွင်းမဲ့ ကြောက်မက်ဖွယ် ကောင်းလှသည်။

"ကောင်မလေး...။ မင်း... သုံးခဲ့တဲ့ လှုပ်ရှားမှု သိုင်းကွက်ကို... ပေး...။ မဟုတ်ရင်... ငါ... သူ့ခေါင်းကို... လိမ်ချိုးပစ်မယ်"

ဟွမ်ဖူကျန့်ထျန်းက လင်ရှောင်ရှောင်ကို ခြိမ်းခြောက်လိုက်သည်။

"ရှင်... လွန်သွားပြီ"

လင်ရှောင်ရှောင်၏ အရှိန်အဝါမှာ ချက်ချင်းပင် ကမ္ဘာမြေကို တုန်ခါသွားစေလောက်အောင် ပြောင်းလဲသွားသည်။

သူမ၏ အေးစက်ပြီး ခက်ထန်သော မျက်နှာမျိုးကို ယခင်က တစ်ခါမျှ မမြင်တွေ့ဖူးခဲ့ကြပေ။

သူမ၏ အတွင်းမှ လှိုင်းထန်နေသော စွမ်းအားများမှာ ရေလွှမ်းမိုးမှု တစ်ခုကဲ့သို့ ပေါက်ကွဲ ထွက်ပေါ်လာသည်။

သူမ၏ ခန္ဓာကိုယ်မှာ ခရမ်းရောင် အလင်းတန်းများဖြင့် လုံးဝ လွှမ်းခြုံသွားပြီး ခရမ်းရောင် စွမ်းအင် အမျှင်တန်းများ သူမ၏ ပတ်ပတ်လည်၌ မြင့်တက်လာသည်။

ထိုအခိုက်အတန့်တွင် လင်ရှောင်ရှောင်၏ ကျင့်ကြံမှုအဆင့်မှာ လျင်မြန်စွာ တဟုန်ထိုး မြင့်တက်လာပြီး သူမ ထုတ်လွှတ်လိုက်သော သတ်ဖြတ်လိုသည့် အရှိန်အဝါမှာ အကောင်အထည် ဖြစ်တည်လုနီးပါး ဖြစ်ကာ သူမ၏ ပတ်ပတ်လည်မှ လူတိုင်းကို ထိတ်လန့်သွားစေသည်။

ယွမ်တန်ဘုံ ဒုတိယ အလွှာ။

ယွမ်တန်ဘုံ တတိယ အလွှာ။

လင်ရှောင်ရှောင်၏ ကျင့်ကြံမှုအဆင့်မှာ အမှန်စင်စစ် ယွမ်တန်ဘုံ တတိယ အလွှာ၌ ရှိနေခဲ့သည်။ သူမသည် ပထမ အလွှာမှ တတိယ အလွှာသို့ ချက်ချင်း ခုန်တက်သွားခဲ့လေသည်။

လင်ရှောင်ရှောင်သည် သူမ၏ တကယ့် ကျင့်ကြံမှုအဆင့်ကို ဖုံးကွယ်ထားခဲ့သည်ပင်။

"ရှောင်ရှောင်"

ဖုန်းဝူချန်မှာ လင်ရှောင်ရှောင်ကို ကြည့်ရင်း လုံးဝ တုန်လှုပ်သွားခဲ့သည်။

သူမ၏ ဒေါသနှင့် ထို အလွန် ကြောက်မက်ဖွယ် ကောင်းသော စွမ်းအားကို အာရုံခံမိလိုက်၏။

"သူ... တကယ်ပဲ... သူ့ရဲ့ ကျင့်ကြံမှုအဆင့်ကို... ဖုံးကွယ်ထားခဲ့တာပဲ"

ကျန်းကျွင့်လန်နှင့် ဟွမ်ဖူကျန့်ထျန်းတို့သည် အခြားသူများ အပါအဝင် အားလုံး မှင်တက်သွားကြသည်။

ဟွမ်ဖူကျန့်ထျန်းသည် လင်ရှောင်ရှောင်ကို ထိတ်လန့်တကြား ကြည့်လိုက်ပြီး ပထမဆုံးအကြိမ်အဖြစ် ကြောက်ရွံ့မှုကို ခံစားလိုက်ရသည်။ ဝိညာဉ်မှ လာသော ကြောက်ရွံ့မှုမျိုး ဖြစ်၏။

"ဒါ... ဘယ်လို စွမ်းအားမျိုးလဲ"

ဖုန်းဝူချန်ကို လိုက်လံ ရှာဖွေနေသော ဟွမ်ဖူယွင်ကျုံးသည် လင်ရှောင်ရှောင်ကို ထိတ်လန့်သော အကြည့်ဖြင့် စိုက်ကြည့်လိုက်ပြီး ထို ကြောက်မက်ဖွယ် စွမ်းအားကြောင့် တုန်ယင်နေမိသည်။

တစ်လှမ်းချင်းစီ လင်ရှောင်ရှောင် ရှေ့သို့ တိုးလာပြီး သူမ၏ ရှေ့မှောက်၌ နူးညံ့သိမ်မွေ့သော ပုံဆောင်ခဲ ရေခဲဓား တစ်ချောင်း လေဟာနယ်ထဲမှ ပေါ်ထွက်လာသည်။ ၎င်း၏ အေးစက်မှုမှာ ကြောက်မက်ဖွယ် ကောင်းလှ၏။

လင်ရှောင်ရှောင် ရေခဲဓားကို ဆုပ်ကိုင်လိုက်သည်နှင့် လေပွေတစ်ခု ဓားသွားမှ ပေါ်ထွက်လာပြီး အသက်ရှူ မှားလောက်အောင် ကြောက်မက်ဖွယ် ကောင်းသော ဓားစိတ်ဆန္ဒများ ရစ်ဝဲလာ၏။ ၎င်း၏ အစွမ်းမှာ အံ့ဩဖွယ် ကောင်းလှသည်။

ထိုအခိုက်အတန့်တွင် လင်ရှောင်ရှောင်သည် သံသယဖြစ်ဖွယ်မရှိ အကြီးအကျယ် ဒေါသထွက်နေသော အခြေအနေ၌ ရှိနေပြီး ထူးကဲစွာ ကြောက်မက်ဖွယ် ကောင်းလှသည်။

"ကောင်မလေး...။ မင်း... နောက်တစ်လှမ်း... ရှေ့တိုးရဲရင်...သူ့ခေါင်းကို... ကြိတ်ချေပစ်မယ်"

ထိုသို့ ဟွမ်ဖူကျန့်ထျန်းက ထိတ်လန့်တကြား ခြိမ်းခြောက်လိုက်ပြီး မြောင်ချင်းချင်းကို မြင့်မားစွာ မြှောက်တင်လိုက်သည်။

All Chapters