← Chapters

ရှေးဟောင်း ရွှေနဂါး တံဆိပ်တော်

Vol. 8 Ch. 112

ရှေးဟောင်း ရွှေနဂါး တံဆိပ်တော်

Vol. 8 Ch. 112

~ဖုန်းဝူချန် ရပ်နေသည့် ရင်ပြင်ကွင်း၏ နေရာမှာ ပြိုကျ ပျက်စီးသွားပြီး... (၇) ကျန့်၊ (၈) ကျန့် (ပေ ၇၀..၈၀)ခန့် အရွယ်အစားရှိသော တွင်းနက်ကြီးတစ်ခု ဖြစ်ပေါ်လာသည်။ ထိုစွမ်းအားမှာ... မယုံနိုင်လောက်အောင်... ပြင်းထန်လှ၏။

အားကောင်းပြီး တုနှိုင်းမဲ့သော 'ချီ' အရှိန်အဝါတို့က အရပ်မျက်နှာ အားလုံးသို့ ပျံ့နှံ့ထွက်ပေါ်လာသည်။ သွမ့်ဟုန်ရှီးမှာ သူ၏ လက်များဖြင့် မျက်နှာကို ကာကွယ်ထားရပြီး... ခြေထောက်များမှာလည်း အဆက်မပြတ် နောက်ဆုတ်နေရကာ... အတော်လေး ရုန်းကန်နေရသည်မှာ ရှင်းလင်းလှသည်။

"ဒီကောင်လေး... လူကော ဟုတ်ရဲ့လား။ ယွမ်တန်ဘုံ ပထမအလွှာကို ထိုးဖောက်တာနဲ့... ဒီလောက်ကြီး လှုပ်ခတ်သွားရတယ်လို့"

သွမ့်ဟုန်ရှီးက ထိတ်လန့်တကြား အော်လိုက်မိသည်။

အကယ်၍... အသွင်ပြောင်းဘုံ နဝမအလွှာ အထွတ်အထိပ် အဆင့်ဖြင့် ဖုန်းဝူချန်သည် ဤမျှ ကြောက်မက်ဖွယ် ကောင်းနေခဲ့လျှင်... ယွမ်တန်ဘုံ ပထမအလွှာသို့ သူ၏ ထိုးဖောက်မှုသည်... ပို၍ပင်... ကြောက်မက်ဖွယ် ကောင်းလိမ့်မည် မဟုတ်ပါလား။

သွမ့်ဟုန်ရှီး စိုးရိမ်နေသည်မှာ ဤအချက် မဟုတ်ပေ...။ သူသည်... လွှမ်းမိုး ဖိနှိပ်နိုင်စွမ်းသော 'ချီ' အရှိန်အဝါကြောင့်... ဖိနှိပ်ခြင်း ခံနေရခြင်း ဖြစ်သည်။ အကယ်၍ သူသာ... ဤအတိုင်း... ရင်ပြင်ကွင်းမှ လွင့်စဉ် ကျသွားခဲ့လျှင်... ထိုကိစ္စမှာ... မတရားသော ရှုံးနိမ့်မှုကြီး ဖြစ်သွားလိမ့်မည် မဟုတ်ပါလား။

ကြမ်းတမ်းလှသော စွမ်းအားများက အရမ်းကာရော လှိုင်းထန်နေပြီး... ကျောင်းသားများနှင့် နည်းပြများမှာ... ထိတ်လန့်တကြား ဖြစ်သွားကြသည်။

ဖုန်းဝူချန်၏ အရှိန်အဝါက သူ၏ အထွတ်အထိပ်သို့ မြင့်တက်သွားချိန်တွင်... လှိုင်းထန်နေသော စွမ်းအားများမှာ... နောက်ဆုံး၌... ရပ်တန့်သွားပြီး... 'ချီ' အရှိန်အဝါများမှာလည်း... တဖြည်းဖြည်း... ပျောက်ကွယ်သွားတော့သည်။

...

ဤအခိုက်အတန့်တွင်... ရွှေရောင် အလင်းတန်းများဖြင့် လွှမ်းခြုံနေသော ဖုန်းဝူချန်သည်... အလင်းတန်းများ တဖြည်းဖြည်း မှေးမှိန်သွား

သည်နှင့်အမျှ... ပေါ်ထွက်လာခဲ့၏။... သူ၏ ပုံရိပ်မှာ... လူတိုင်း၏ မျက်စိရှေ့၌... ပေါ်လာတော့သည်။

မျက်လုံး အားလုံးမှာ... ချက်ချင်းပင်... သူ့ထံသို့... တုန်လှုပ်မှုများဖြင့် ပြည့်နှက်လျက်... အကြည့်အားလုံး စုပြုံရောက်ရှိသွားကြသည်။

ဖုန်းဝူချန်၏ နဖူး အလယ်ဗဟို၌... ရွှေရောင် အမှတ်အသားတစ်ခု ပေါ်ထွက်လာပြီး... ခဏတာမျှ... တဖျပ်ဖျပ် လက်သွားပြီးနောက်... တဖြည်းဖြည်း... ပျောက်ကွယ်သွားလေသည်။

ထိုအရာကား... သိုင်းဝိညာဉ် တံဆိပ်တော်ပင်တည်း။

"မင်း... မင်းတို့ မြင်လိုက်လား။ ခုနက... အဲ့ဒါ... ဘယ်လို သိုင်းဝိညာဉ် တံဆိပ်မျိုးလဲ"

"ငါ... ငါ မသိဘူး...။ အဲ့ဒါ... ငါ တစ်ခါမှ မမြင်ဖူးတဲ့ တံဆိပ်ပဲ"

"ဝံပုလွေ တံဆိပ်လား...။ အဲ့လိုလည်း မဟုတ်ဘူးနဲ့ တူတယ်...။ မီး.. မီး သိုင်းဝိညာဉ်နဲ့... ပိုတူသလိုပဲ"

ကျောင်းသား အားလုံး... တုန်လှုပ်စွာ အော်ဟစ်လိုက်ကြသည်။ သူတို့အားလုံး... ဖုန်းဝူချန်၏ နဖူးပေါ်၌ ပေါ်ထွက်လာသော တံဆိပ်ကို မြင်တွေ့လိုက်ကြသော်လည်း... မည်သူကမျှ... ၎င်းသည်... မည်သို့သော သိုင်းဝိညာဉ် တံဆိပ်မျိုး ဖြစ်သည်ကို... မသိရှိကြပေ...။

ရှင်းထျန်းဖုန်းနှင့် ကျန်းယွင်ထျန်းတို့ပင်လျှင်... ၎င်းကို... မခွဲခြားနိုင်ခဲ့ကြ...။ သို့သော်... သူတို့သည်... ထိုသိုင်းဝိညာဉ်၏ အဆင့်အတန်းကိုတော့... ခွဲခြား သိမြင်နိုင်ခဲ့ကြသည်။

"အ... အဋ္ဌမ... အဆင့်... သိုင်းဝိညာဉ်...။ ဘ... ဘယ်လို... ဘယ်လို ဖြစ်နိုင်မှာလဲ"

ကျန်းယွင်ထျန်းက တုန်ယင်နေသော အသံဖြင့်... ထိတ်လန့်တကြား ဆိုလိုက်သည်။

...ဖုန်းဝူချန်က... ဒုတိယအဆင့် သိုင်းဝိညာဉ်... မဟုတ်ဘူးလား။ ဘယ်လိုလုပ်... အဋ္ဌမအဆင့်... ဖြစ်သွားရတာလဲ...။

"မဟုတ်ဘူး"

ရှင်းထျန်းဖုန်းက တုန်လှုပ်စွာ ခေါင်းခါလိုက်ပြီး...ထပ်မံဖြည့်စွက်သည်။

"အဲ့ဒါ... အဋ္ဌမအဆင့် မဟုတ်ဘူး...။ ကြည့်ရတာ... ကြည့်ရတာ... နဝမအဆင့် သိုင်းဝိညာဉ်နဲ့... တူတယ်...။ ဒါပေမဲ့... အဲ့လိုလည်း... မဟုတ်ပြန်ဘူး"

"နဝမအဆင့်...။ ဒါ... ဒါ... ဖြစ်နိုင်လို့လား"

ကျောင်းသားများနှင့် နည်းပြများ အားလုံး... ကြောက်လန့်တကြားဖြင့်... မူးလဲလုမတတ် ဖြစ်သွားကြသည်။

အင်ပါယာ တစ်ခုလုံး၌... အဋ္ဌမအဆင့် သိုင်းဝိညာဉ် ပါရမီရှင်ကိုပင်... ရှာဖွေရန်... မဖြစ်နိုင်ပေ...။

နဝမအဆင့် ဆိုလျှင်... ပို၍ပင်...။ အင်ပါယာ၏ ထိပ်တန်း ပါရမီရှင်... သွမ့်ဟုန်ရှီးပင်လျှင်... အဋ္ဌမအဆင့်သို့... နီးစပ်ရုံသာ... ရှိသေးသည်။

ရှင်းထျန်းဖုန်းနှင့် အခြားသူများမှာ... ဤမျှ အစွမ်းထက်သော သိုင်းဝိညာဉ်မျိုးကို... တစ်ခါမျှ မကြုံတွေ့ဖူးခဲ့ကြသဖြင့်... ၎င်း၏ အဆင့်အတန်းကို... အတည်မပြုနိုင်ခဲ့ကြသလို... ၎င်းသည်... မည်သို့သော သိုင်းဝိညာဉ် တံဆိပ်မျိုး ဖြစ်သည်ကိုလည်း... မသိရှိခဲ့ကြပေ...။

ဖြစ်နိုင်သည်မှာ... လူအုပ်ထဲမှ လင်ရှောင်ရှောင် တစ်ဦးတည်းသာလျှင်... ထိုတံဆိပ်သည်... မည်သည့်အရာ ဖြစ်ကြောင်းနှင့်... ထိုသိုင်းဝိညာဉ်၏ အဆင့်အတန်းမှာ... မည်မျှ ရှိကြောင်းကို... သိရှိပေလိမ့်မည်...။

...'အစ်ကိုကြီးဖုန်းရဲ့ သွေးမျိုးဆက်က... အရမ်း သန့်စင်တယ်...။ ဒသမအဆင့်... ဒါမှမဟုတ်... ဒီထက်တောင်... မြင့်ဦးမယ်...။ နဂါးတံဆိပ် သိုင်းဝိညာဉ်ကလည်း... အရမ်း အစွမ်းထက်တာပဲ'...

လင်ရှောင်ရှောင်က အတွင်းစိတ်ထဲမှ တွေးတောလိုက်စဉ်... သူမ၏ လှပသော မျက်နှာလေးပေါ်၌... ရွှင်လန်းမှု အရိပ်အယောင်... ပေါ်ထွက်လာသည်။

ရင်ပြင်ကွင်း အတွင်း၌... ဖုန်းဝူချန်သည်... သူ၏ စွမ်းအားနှင့် အရှိန်အဝါများကို... လုံးဝ... ပြန်လည် ရုပ်သိမ်းလိုက်ပြီး... တည်ငြိမ် အေးချမ်းမှု... ပြန်လည် ရရှိသွားလေပြီ။

ဖုန်းဝူချန်၏ ဒဏ်ရာများ... ကုစား ပျောက်ကင်းသွားခဲ့ပြီး... သူ၏ 'ချီ' ပင်လယ်မှာလည်း... 'အစစ်အမှန်ယွမ်' စွမ်းအင်များဖြင့်... ပြည့်နှက်နေကာ... ယခု... သူ၏ အကောင်းဆုံး အခြေအနေသို့... ရောက်ရှိနေလေပြီ။

သူ၏ လက်များကို ကြည့်လိုက်ရင်း... ဖုန်းဝူချန်၏ မျက်လုံးများမှာ... တုန်လှုပ်မှုနှင့် မယုံနိုင်ခြင်းများဖြင့် ပြည့်နှက်နေကာ... တီးတိုး ရေရွတ်လိုက်သည်။

"ဒါဆို... ဒီအပူဓာတ် စီးကြောင်းက... သွေးမျိုးဆက်က လာတာကိုး...။ ပြီးတော့... နဂါးမျိုးနွယ်က...။ အဆင့်အတန်းက... အရမ်း မြင့်မားတယ်"

ထိုသွေးမျိုးဆက်၏ အရှိန်အဝါသည်... နတ်ဆိုးနဂါးနှင့်... အလွန် ဆင်တူလှသော်လည်း... နတ်ဆိုးနဂါး နတ်ဘုရား၏ သွေးမျိုးဆက်ထက်... ပို၍ သန်မာသဖြင့်... ဖုန်းဝူချန်သည်... ၎င်းမှာ... နဂါးမျိုးနွယ် သွေးမျိုးဆက် ဖြစ်ကြောင်း... သေချာသွားသည်။

"ရှေးဟောင်း ရွှေနဂါး တံဆိပ်တော်...။ ဒီသိုင်းဝိညာဉ် တံဆိပ်က... နဂါးမျိုးနွယ်ရဲ့ ရှေးဦးဘိုးဘေးတွေပဲ... ပိုင်ဆိုင်တဲ့ တံဆိပ်မျိုးနဲ့... တူတယ်...။ ဘယ်လိုလုပ်... ငါ့ဆီမှာ... ရောက်နေရတာလဲ"

ဖုန်းဝူချန်သည်... သူ၏ နှလုံးသားထဲ၌... ရှုပ်ထွေးစွာ... တွေးတောနေမိသည်။

ဖုန်းဝူချန်ထံ၌... အစောပိုင်းက... ပေါ်ထွက်လာခဲ့သော သိုင်းဝိညာဉ် တံဆိပ်မှာ... ရှေးဟောင်း ရွှေနဂါး တံဆိပ်တော်ပင် ဖြစ်သည်။

ရှေးဟောင်း ရွှေနဂါး တံဆိပ်တော်မှ သိုင်းဝိညာဉ်၏ အသုံးဝင်ပုံများနှင့် ပတ်သက်၍မူ... ဖုန်းဝူချန်သည်... ယာယီအားဖြင့်... မသိရှိသေးပေ...။ အဘယ်ကြောင့်ဆိုသော်... နတ်ဆိုးနဂါး နတ်ဘုရားပင်လျှင်... မသိရှိသောကြောင့်ပင်...။

လောကတွင်... မရေမတွက်နိုင်သော သိုင်းဝိညာဉ်များ... ရှိနေကြပြီး... ယွမ်တန်ဘုံသို့... တက်လှမ်းနိုင်မှသာလျှင်... သိုင်းဝိညာဉ် တစ်ခု၏ လုပ်ဆောင်ချက်ကို... အမှန်တကယ်... ထုတ်ဖော်နိုင်မည် ဖြစ်သည်။

ရိုးရှင်းစွာ ဆိုရလျှင်... ဥပမာအားဖြင့်... မီး သိုင်းဝိညာဉ် အသုံးပြုသူ တစ်ဦးသည်... မီးဓာတ် အမျိုးအစားအားလုံးနှင့် သက်ဆိုင်သော... ကျင့်ကြံခြင်း နည်းစနစ်များနှင့် ဓားသိုင်းပညာများ အပေါ်၌... ပိုမို မြင့်မားသော နားလည်နိုင်စွမ်း... ရှိလိမ့်မည်။ သူတို့သည်... မီးဓာတ် ကျွမ်းကျင်မှုများကို... ပိုမို လျင်မြန်သော အရှိန်ဖြင့်... လေ့ကျင့်နိုင်ပြီး... မီးဓာတ် မီးတောက်များမှ... 'သမာဓိ အစစ်အမှန် မီးတောက်' ကိုပင်... သန့်စင် ထုတ်ယူနိုင်လိမ့်မည်။

ဓား သိုင်းဝိညာဉ် တံဆိပ်များ... ပိုင်ဆိုင်သော ကျင့်ကြံသူများ အနေဖြင့်မူ... ဓားသိုင်းပညာများ၏ အနှစ်သာရကို... နားလည် သဘောပေါက်ရန်... အလွန် အကျိုးရှိပြီး... ဓားတောက် လမ်းစဉ်အပေါ်၌... ပိုမို သန်မာသော... ဆုပ်ကိုင်မှုကို... ရရှိနိုင်ကြသည်။

ထို့အပြင်... ဝံပုလွေ သိုင်းဝိညာဉ် တံဆိပ်များ... ပိုင်ဆိုင်သူများမှာ... ကြမ်းတမ်း ပြင်းထန်သော သိုင်းပညာ အမျိုးမျိုးကို... မယုံနိုင်လောက်အောင်... လျင်မြန်စွာ... နားလည် သဘောပေါက်နိုင်ကြပြီး... ၎င်းတို့ကို... ပိုမို ပြင်းထန်ကာ... အရိုင်းဆန်စွာ... ထုတ်ဖော် အသုံးပြုနိုင်ကြသည်။

သိုင်းဝိညာဉ်... ပိုမို သန်မာလေလေ... ဆက်စပ်နေသော ကျွမ်းကျင်မှုများမှာ... ပိုမို အစွမ်းထက်လာလေလေ... ဖြစ်ပြီး... ကျင့်ကြံနှုန်းမှာလည်း... ပိုမို လျင်မြန်လာလေလေ... ဖြစ်သည်။

"ဖုန်းဝူချန်... ခုနက... အဲ့ဒါ... ဘယ်လို သိုင်းဝိညာဉ် တံဆိပ်မျိုးလဲ"

သွမ့်ဟုန်ရှီးက သူ၏ စူးစမ်းလိုစိတ်ကို... မထိန်းချုပ်နိုင်ဘဲ... မေးလိုက်သည်။

"ခင်ဗျား... ကျွန်တော့်ကို နိုင်ရင်... ပြောပြမယ်"

ဖုန်းဝူချန်က သူ၏ အကြည့်ကို... မြှင့်တင်လိုက်ပြီး... ခပ်ဖျော့ဖျော့ ပြုံးရင်း... ဆိုလိုက်သည်။

ယွမ်တန်ဘုံ ပထမအလွှာသို့... အဆင့်ချိုးဖြတ်သွားပြီးနောက်... ဖုန်းဝူချန်၏ စွမ်းရည် အလုံးစုံမှာ... သိသိသာသာ... ခုန်တက်သွားခဲ့ပြီ။... သူ၏ စွမ်းအားမှာ... ယခုအခါ... အဆင့် မချိုးဖြတ်ခင်ကထက်... အဆပေါင်းများစွာ... ပိုမို အစွမ်းထက်လာခဲ့လေပြီ။

ဤစကားကို ကြားသော်... သွမ့်ဟုန်ရှီးက ချက်ချင်းပင်... ဆူပူကြိမ်းမောင်းလိုက်သည်။

"ဘယ့်နှယ့်... ဖုန်းဝူချန်...။ မင်း... ယွမ်တန်ဘုံကို ထိုးဖောက်သွားရုံနဲ့... မင်းကိုယ်မင်း... တော်တော် ဟုတ်လှပြီ... ထင်နေတာလား...။ ကြည့်ထား... ငါ... မင်းကို... ဘယ်လို ဖြိုချမလဲ ဆိုတာ"

သူ၏ စကားသံမှာ... အလွန် ပေါ့ပေါ့ပါးပါးနိုင်သော်လည်း... သွမ့်ဟုန်ရှီးသည်... ဤအခိုက်အတန့်တွင်... အလွန်အမင်း... လေးနက်နေလေသည်။ ဖုန်းဝူချန်၏ ယခုအခါ... အလွန် တိုးတက်လာသော စွမ်းအားကို... သူ... အတိအကျ... သိရှိနေသည်။

"ဘန်း"

မြေပြင်ကို ဆောင့်နင်းလျက်... သွမ့်ဟုန်ရှီးသည်.. ရှေ့သို့... ပေါက်ကွဲ ထွက်ပေါ်လာပြီး... အစွမ်းကုန် တိုးဝင်လာသည်။

ဤအခိုက်အတန့်တွင်... ကွင်းပြင် တစ်ခုလုံး... နောက်တစ်ကြိမ်... တိတ်ဆိတ် ငြိမ်သက်သွားပြန်သည်။ ကျောင်းသား အားလုံး... အသက်ရှူ အောင့်ထားကြပြီး... ရင်ပြင်ကွင်းကို... စိုက်ကြည့်နေကြသည်။

ဖုန်းဝူချန်သည်... တိုက်ပွဲ အတွင်း၌... ယွမ်တန်ဘုံ ပထမအလွှာသို့... ထိုးဖောက်ခြင်းဖြင့်... သိသာထင်ရှားသော စွမ်းအား တိုးတက်မှုကို... ရရှိခဲ့သည်။

သွမ့်ဟုန်ရှီး... ဖုန်းဝူချန်ကို... အနိုင်ယူနိုင်ဦးမည်လား ဆိုသည်ကို... ယခုအခါ... မည်သူကမျှ... မပြောနိုင်တော့ပေ...။

သွမ့်ဟုန်ရှီး၏ အရှိန်မှာ... အံ့မခန်း ဖြစ်လှသည်။ မျက်စိတစ်မှိတ် အတွင်းမှာပင်... သူ... ရှေ့သို့ တိုးဝင်လာပြီး... ဖုန်းဝူချန်ထံသို့... လက်သီးတစ်လုံး... ထိုးနှက်လိုက်သည်။

“ခွပ်”

မိုးခြိမ်းသံကဲ့သို့... အသံတစ်သံ... ပေါက်ကွဲ ထွက်ပေါ်လာပြီး... မယုံနိုင်လောက်အောင်... ပြင်းထန်သော 'ချီ' အရှိန်အဝါများ... ပျံ့နှံ့ထွက်ပေါ်လာသည်။... မြေပြင်ကို... နောက်တစ်ကြိမ်... ကြေမွသွားစေပြီး... ရင်ပြင်ကွင်းမှ... အနည်းငယ်... တုန်ခါမှုကို... ဖြစ်ပေါ်စေသည်။

လက်သီးတစ်ချက် ထိုးနှက်ပြီးနောက်... သွမ့်ဟုန်ရှီးမှာ... မျက်မှောင်ကြုတ်သွား၏။ သူ၏ နှလုံးသားထဲတွင်... တုန်လှုပ်မှုများဖြင့်... လွှမ်းမိုးသွားပြီး... လှိုင်းလုံးကြီး တစ်ခု... ရိုက်ခတ်သွားသည့်အလား... ထင်မှတ်ရသည်။

"အလို.."

ကြည့်ရှုနေသော ကျောင်းသားများမှာ... အံ့ဩမှုဖြင့်... အသက်ရှူ မှားသွားကြပြီး... မျက်လုံးများ... ပြူးကျယ်လျက်... လုံးဝ... ကြက်သေ သေနေကြသည်။

ယခင်က... သွမ့်ဟုန်ရှီး၏ လက်သီးတစ်ချက်သည်... ဖုန်းဝူချန်ကို... လွင့်စဉ်သွားစေပြီး... သွေးများ အန်ထုတ်စေရန်... လုံလောက်ခဲ့သည်။

သို့သော်... ယခု... သွမ့်ဟုန်ရှီး၏ လက်သီးတစ်ချက်က... ဖုန်းဝူချန်၏ ရင်ဘတ်ကို... တည့်တည့်မတ်မတ်... ထိမှန်သွားခဲ့သော်လည်း... ဖုန်းဝူချန်ကို... ခြေတစ်လှမ်းမျှပင်... မတုန်လှုပ်စေနိုင်ခဲ့ပေ။

ဖုန်းဝူချန်... မျက်မှောင်ပင်... မကြုတ်ခဲ့ပေ။

သွမ့်ဟုန်ရှီး၏ စွမ်းအား အားလုံးမှာ... ဖုန်းဝူချန်၏ ခန္ဓာကိုယ်ကြောင့်... လုံးဝ... တန်ပြန်ခံလိုက်ရပြီး... ကြမ်းတမ်းသော လေပြင်းအဖြစ်သို့... ပြောင်းလဲသွားသော လက်သီးစွမ်းအင်ကသာ... ဖုန်းဝူချန်၏ ဆံပင်ရှည်များကို... လွင့်မျောစေခဲ့သည်။

ယွမ်တန်ဘုံ ပထမအလွှာသို့... ယခုလေးတင်... ထိုးဖောက် အောင်မြင်ခဲ့သော ဖုန်းဝူချန်သည်... တကယ်ပင်... ဤမျှ... သန်မာလာခဲ့ပြီလော။

"ဖုန်းဝူချန်... ဘယ်လောက်တောင်... သန်မာလာတာလဲ"

ရှင်းထျန်းဖုန်းက အတွင်းစိတ်ထဲမှ မျက်မှောင်ကြုတ်လိုက်ပြီး... သူ၏ အိုမင်းသော မျက်လုံးများမှာလည်း... တုန်လှုပ်မှုများဖြင့်... ပြည့်နှက်နေသည်။

ဤအခိုက်အတန့်တွင်... ဖုန်းဝူချန်သည်... လူတိုင်းအား... သူ... အလွန် ကြောက်မက်ဖွယ် ကောင်းကြောင်း... ခံစားချက်ကို... ပေးနေလေသည်။

"အစ်ကိုကြီးဖုန်း... ဒီတစ်ခါလည်း.. သေချာပေါက်... နိုင်မှာ"

လင်ရှောင်ရှောင်က ပျော်ရွှင်စွာ ရယ်မောရင်း... ကြွေးကြော်လိုက်သည်။ ဖုန်းဝူချန်၏ စွမ်းအားအပေါ်၌... အတော်လေး... ယုံကြည်မှု ရှိနေဟန်တူသည်။

လျိုချင်းယန်နှင့် မြောင်ချင်းချင်းတို့မှာ... မလှုပ်မယှက်... ရပ်နေကြပြီး... ရင်ပြင်ကွင်းပေါ်မှ ဖုန်းဝူချန်ကို... တုန်လှုပ်စွာ... ကြည့်ရှုနေကြသည်။

"ဒါ... 'အထွတ်အထိပ် ခန္ဓာကိုယ်' ပိုင်ဆိုင်ထားခြင်းရဲ့... အားသာချက်လား...။ မင်းရဲ့ ခန္ဓာကိုယ်က... တဖြည်းဖြည်း... ပိုပို သန်မာလာတယ်"

သွမ့်ဟုန်ရှီးက လေးနက်စွာ ဆိုလိုက်သည်။

ဖုန်းဝူချန်က လေသံအေးအေးဖြင့် ဆိုသည်။

"ကျွန်တော့် ခန္ဓာကိုယ်ရဲ့ စွမ်းအား တစ်ခုတည်းနဲ့တော့... ခင်ဗျားရဲ့ တိုက်ခိုက်မှုကို... ခံနိုင်ရည် ရှိဦးမှာ... မဟုတ်သေးဘူး...။ ခင်ဗျား တိုက်ခိုက်လိုက်တဲ့ အခိုက်အတန့်မှာ... ကျွန်တော်... စွမ်းအား တစ်ဝက်ကို... ဖျက်သိမ်းပြီးသား...။ ကျန်တဲ့ တစ်ဝက်ကတော့... အခု... ကျွန်တော့်ကို... မနာကျင်စေနိုင်တော့ဘူး"

"ဒါဆို... ဒီလိုကိုး...။ ယွမ်တန်ဘုံကို ထိုးဖောက်လိုက်တာနဲ့... မင်းရဲ့ စွမ်းအားက... တကယ်ပဲ... အများကြီး... တိုးတက်လာတာပဲ...။ ဟားဟားဟား၊ လာ... စိတ်လှုပ်ရှားစရာ ကောင်းတဲ့ တိုက်ပွဲတစ်ပွဲ... ဆင်နွှဲကြရအောင်"

သွမ့်ဟုန်ရှီးက စိတ်လှုပ်ရှားစွာ ရယ်မောရင်း ဆိုလိုက်သည်။ ဖုန်းဝူချန်... ပိုမို သန်မာလာလေလေ... သူ၏ တိုက်ခိုက်လိုစိတ်မှာ... ပိုမို ပြင်းထန်လာလေလေ... ဖြစ်သည်။

သွမ့်ဟုန်ရှီး၏ စွမ်းအားသည်... ယွမ်တန်ဘုံ တတိယအလွှာနှင့်... ညီမျှပြီး... ဖုန်းဝူချန်၏ စွမ်းအားမှာလည်း... အတူတူလောက်ပင်... ရှိနေရာ... သူတို့နှစ်ဦးမှာ... အင်အားတူ... ဖြစ်နေကြသည်။

အင်ပါယာ၏ မင်းသားနှင့်... စစ်သူကြီးချုပ်တို့ကြားမှ ယှဉ်ပြိုင်မှုတွင်... မည်သူ... အနိုင်ရရှိမည်နည်း။

"ဘုန်း... ဘုန်း... ဘုန်း

စကားသံ ကျဆုံးသည်နှင့်... သွမ့်ဟုန်ရှီးက... အရင်ဆုံး... ပြင်းထန်သော တိုက်ခိုက်မှုတစ်ခုကို... စတင်လိုက်ပြီး... အားမာန် ပြင်းပြင်းနှင့်... စိတ်လှုပ်ရှားဖွယ် ကောင်းသော... အနီးကပ် တိုက်ပွဲတစ်ပွဲကို... ဖြစ်ပေါ်စေသည်။

ရင်ပြင်ကွင်းကြီးမှာ... တိုက်ခိုက်မှု အသံများနှင့်... သိမ်မွေ့သော တုန်ခါမှုများဖြင့်... လွှမ်းခြုံသွားတော့သည်။

"သန်မာလိုက်တာ...။ သန်မာလိုက်တာ"

"ဖုန်းဝူချန်က... ယွမ်တန်ဘုံ ပထမအလွှာကို... ယခုလေးတင်... ထိုးဖောက်သွားတာ...။ သူက... 'တောမျောက်' နဲ့... ယှဉ်ပြိုင်နိုင်နေပြီ...။ သူ... ဘယ်လောက်တောင်... တိုးတက်သွားတာလဲ"

"ဆန်းကြယ်လိုက်တာ...။ ဖုန်းဝူချန်က... 'တောမျောက်' ထက်တောင်... ပိုပြီး ကြောက်စရာ ကောင်းသေးတယ်"

တိုက်ပွဲကို ကြည့်ရှုနေသော ကျောင်းသားများမှာ... အလွန်အမင်း... စိတ်လှုပ်ရှားနေကြသည်။

ယွမ်တန်ဘုံ ပထမအလွှာသို့... ထိုးဖောက် အောင်မြင်သွားပြီးနောက်... ဖုန်းဝူချန်သည်... စွမ်းအားနှင့် အရှိန် နှစ်မျိုးလုံး၌... သွမ့်ဟုန်ရှီးကို... လုံးဝ... လွှမ်းမိုးသွားပြီး... သွမ့်ဟုန်ရှီးအား... တန်ပြန် တိုက်ခိုက်ရန် စွမ်းအားပင်... မရှိတော့အောင်... ပြုလုပ်လိုက်သည်။

သို့သော်... သွမ့်ဟုန်ရှီးသည်လည်း...... အတော်ကလေး လိမ္မာပါးနပ်လှပြီး... အလျင်အမြန်ပင် ဖုန်းဝူချန်၏ သန်မာသော ခန္ဓာကိုယ်ဖြင့်... သူတို့ နှစ်ဦးကြား၌...... အကွာအဝေး တစ်ခု... ဖန်တီးလိုက်လေသည်။

...'ဖုန်းဝူချန်ရဲ့ စွမ်းအားက... အခု... ငါ့ထက်... မနိမ့်ကျတော့ဘူး...။ ငါ ပြန်ရောက်ရင်... 'အထွတ်အထိပ် ခန္ဓာကိုယ်' ကျင့်စဉ်ကို... လေ့ကျင့်ရမယ်'...

သွမ့်ဟုန်ရှီးက ပြင်းထန်သော တိုက်ပွဲအတွင်း၌... စိတ်ထဲမှ တွေးတောလိုက်၏။... ဖုန်းဝူချန် မည်မျှ ကြောက်မက်ဖွယ် ကောင်းသည်နှင့်... ခန္ဓာကိုယ် စွမ်းအား၏ အကျိုးကျေးဇူးများကို...သူ နားလည် သဘောပေါက်သွား၏။

တစ်မိနစ် မပြည့်ခင်မှာပင်... လက်သီးချက်များနှင့် ခြေကန်ချက်များကြောင့်... ဖြစ်ပေါ်လာသော နာကျင်မှုများက... သူ့ကို... အလွန်... မသက်မသာ... ဖြစ်စေသည်။

"ဝှစ်... ဝှစ်... ဝှစ်"

အကွာအဝေး ဖန်တီးလိုက်သည့် ထိုအခိုက်အတန့်၌... သွမ့်ဟုန်ရှီးက သူ၏ လက်ကို... ရုတ်တရက်... လွှဲယမ်းလိုက်ပြီး... စွမ်းအင် ဓားချက်များစွာကို... ပစ်လွှတ်လိုက်သည်။

တစ်ချိန်တည်းမှာပင်... သွမ့်ဟုန်ရှီး၏ ပုံရိပ်မှာ... နေရာမှာပင်... ပျောက်ကွယ်သွားသည်။

"အုန်း... အုန်း... အုန်း"

လက်သီး စွမ်းအား သက်သက်ဖြင့်ပင်... ဖုန်းဝူချန်သည်... ထိုစွမ်းအင် ဓားချက်များကို... လွယ်ကူစွာ... ကြေမွသွားစေသည်။

သူ၏ စွမ်းအားမှာ... အလွန်တရာ... ပြင်းထန်လှလေရာ.. ကျောင်းသားများစွာတို့မှာ... ကြောက်လန့်တကြား... တံတွေးများ... မျိုချလိုက်မိကြတော့သည်။

"ရေခဲ မီးတောက်"

"ရေ ဝိညာဉ်"

"မြေ ကွမ်"

"မိုးကြိုး တိုင်"

သွမ့်ဟုန်ရှီးသည်... အံ့မခန်းသော အရှိန်ဖြင့်... လှုပ်ရှားနေပြီး... ဖုန်းဝူချန်က ထိုစွမ်းအင် ဓားချက်များကို... ဖျက်ဆီးလိုက်သည့် အခိုက်အတန့်ကို... အခွင့်ကောင်းယူကာ... သူ၏ ပတ်ပတ်လည်၌... လှစ်ခနဲ... ပေါ်ထွက်လာပြီး... သူ ရပ်တန့်လိုက်သည့် နေရာတိုင်း၌... အော်ဟစ်လိုက်သည်...။

စုစုပေါင်း... နေရာ (၄) ခု...။

နေရာ တစ်ခုစီတိုင်းမှာ... ဓာတ်စွမ်းအင် အမျိုးအစား တစ်ခုစီကို... ကိုယ်စားပြုနေသည်။

"ဖျက်ဆီးမယ်"

"ဘုန်း"

သွမ့်ဟုန်ရှီးက ကျယ်လောင်စွာ ကြွေးကြော်လိုက်ပြီး... သူ၏ လက်ဝါးဖြင့်... မြေပြင်ကို... အားကုန်... ရိုက်ခတ်လိုက်သည်။ .. ပေါက်ကွဲသံ တစ်သံ... ထွက်ပေါ်လာပြီး... ကြမ်းတမ်းလှသော စွမ်းအင်များ... မြေပြင်မှ... ပျံ့နှံ့ထွက်ပေါ်လာကာ... ထိုနေရာ (၄) ခု၏ စွမ်းအားကို... ချက်ချင်း... လှုံ့ဆော်လိုက်တော့၏။

"ဝှစ်... ဝှစ်... ဝှစ်"

ဖုန်းဝူချန်၏ ပတ်ပတ်လည်၌... နေရာ (၄) ခုမှ... ရုတ်တရက်... မယုံနိုင်လောက်အောင်... ပြင်းထန်သော ဓာတ်စွမ်းအင် အမျိုးအစား (၄) မျိုး... ထုတ်လွှတ်လိုက်၏။... အားလုံးမှာ... ဗဟိုနေရာ... ဖုန်းဝူချန် ရှိနေသည့် နေရာသို့... ချိန်ရွယ်ထားကြသည်။

"ဂျုန်း"

အစွမ်းထက်သော စွမ်းအား (၄) ခုတို့... ဖုန်းဝူချန်ကို... တစ်ပြိုင်နက်တည်း... တိုက်ခတ်သွားပြီး... နားကွဲမတတ်... ပေါက်ကွဲသံကြီး... ဖြစ်ပေါ်လာသည်။

စွမ်းအားများမှာ...အပြင်းအထန်ပင်... ကောင်းကင်သို့... လိပ်တက်သွားပြီး... မျက်စိကျိန်းလောက်အောင်... တောက်ပနေတော့သည်။

"အစ်ကိုဖုန်း"

လျိုချင်းယန်က စိုးရိမ်စွာ အော်ဟစ်လိုက်သည်။

"ထိ... ထိသွားပြီ"

"ဒီလောက် ကြောက်စရာကောင်းတဲ့ စွမ်းအား...။ ဖုန်းဝူချန်... ခံနိုင်မှာ... မဟုတ်လောက်ဘူး"

"အင်ပါယာရဲ့ ထိပ်တန်း ပါရမီရှင်... တိုက်ပွဲ ပါရမီရှင် ဆိုတဲ့ ဂုဏ်ပုဒ်နဲ့... တကယ် ထိုက်တန်တာပဲ"

ကျောင်းသားများမှာ... အံ့ဩစွာ... အော်ဟစ်လိုက်ကြပြီး... နည်းပြများမှာမူ... အဆုံးမရှိ... ချီးကျူးနေကြသည်။

ဓာတ်စွမ်းအင် (၄) မျိုး... တစ်ပြိုင်နက်တည်း... တိုက်ခိုက်ခြင်းမှာ... စိတ်ကူးဖြင့်ပင်... မမှန်းဆနိုင်လောက်အောင်... သန်မာလှသည်။

"ဖုန်းဝူချန်... မင်းရဲ့ ခန္ဓာကိုယ်... ဘယ်လောက်ပဲ သန်မာနေပါစေ... ဒီတစ်ချက်ကိုတော့... ခံနိုင်မှာ မဟုတ်လောက်ဘူး... မဟုတ်လား"

သွမ့်ဟုန်ရှီးသည်လည်း... သူ၏ ကိုယ်ပိုင် စွမ်းအားအပေါ်၌... ယုံကြည်မှု ရှိနေပြီး... ကျေနပ်သော အပြုံးတစ်ခု... သူ၏ မျက်နှာပေါ်၌... ပေါ်ထွက်လာသည်။

သို့သော်... သူ ကံမကောင်းစွာပင်... နောက်တစ်စက္ကန့်တွင်... သွမ့်ဟုန်ရှီး၏ အပြုံးမှာ... သူ၏ မျက်နှာပေါ်၌... အေးခဲသွားတော့သည်။

"ဂဟားဟားဟား…ဒီလောက် စွမ်းအားမျိုး... ဒါ... အဆင့်မြင့် နက်နဲခြင်းအဆင့် သိုင်းပညာ... ဖြစ်ရမယ်... မဟုတ်လား။ ဓာတ်စွမ်းအင် (၄) မျိုးကို... ပေါင်းစပ်ထားတာက... တကယ်... ထူးခြားတာပဲ"

ကြောက်မက်ဖွယ် ပေါက်ကွဲမှု၏ ဗဟိုနေရာမှ... ရုတ်တရက်... ဖုန်းဝူချန်၏ ပေါ့ပါးသော ရယ်သံ... ထွက်ပေါ်လာသည်။

ထိုအခိုက်အတန့်တွင်... သွမ့်ဟုန်ရှီး၏ ကျေနပ်သော အပြုံးမှာ... တောင့်တင်းသွားသည်။

ကျောင်းသားများနှင့် နည်းပြများမှာ... နောက်တစ်ကြိမ်... ကျောက်ရုပ်များ ဖြစ်သွားကြသည်။

အဘယ်ကြောင့်ဆိုသော်... သူတို့သည်... အမှန်တကယ်... ကြောက်မက်ဖွယ် ကောင်းသော မြင်ကွင်းတစ်ခုကို... မျက်ဝါးထင်ထင်... မြင်တွေ့လိုက်ရသောကြောင့်တည်း...။

ရှင်းထျန်းဖုန်းနှင့် အကြီးအကဲများမှာ... ကြောက်လန့်တကြားဖြင့်... မြေပြင်ပေါ်သို့... လဲကျမလို... ဖြစ်သွားကြသည်...။

..သူတို့..တစ္ဆေ တစ်ကောင်ကို... မြင်တွေ့လိုက်ရသည်လား...။

ဓာတ်စွမ်းအင် (၄) မျိုး ပေါက်ကွဲမှု၏ ဗဟိုနေရာမှ... ဖုန်းဝူချန်သည်... လုံးဝ... ဒဏ်ရာ တစ်စုံတစ်ရာ မရရှိဘဲ... ပြန်ပေါ်လာသည်။

ဟုတ်သည်...။

ဖုန်းဝူချန်သည်... ပေါက်ကွဲမှု၏ ဗဟိုနေရာမှ... အေးအေးဆေးဆေးပင်... ထွက်ပေါ်လာခဲ့‌လေသည်။

All Chapters