← Chapters

ယွမ်တန်ဘုံသို့ အဆင့် ချိုးဖြတ်ခြင်း

Vol. 8 Ch. 111

ယွမ်တန်ဘုံသို့ အဆင့် ချိုးဖြတ်ခြင်း

Vol. 8 Ch. 111

~ရုပ်ပျက်ဆင်းပျက်...။ လုံးဝ ရုပ်ပျက်ဆင်းပျက်ပင်...။

ထိုကိစ္စမှာ... ယခု လက်ရှိ ဖုန်းဝူချန်၏ အခြေအနေကို ဖော်ပြရန် အသင့်တော်ဆုံးသော စကားလုံး ဖြစ်ပေလိမ့်မည်။

သွမ့်ဟုန်ရှီး၏ လွှမ်းမိုး ဖိနှိပ်နိုင်စွမ်းသော စွမ်းအားကို ရင်ဆိုင်ရာတွင်... ဖုန်းဝူချန်သည် တစ်ချက်မျှပင် မခံနိုင်ခဲ့ပေ...။

"'တောမျောက်'...။ 'တောမျောက်'"

ပရိသတ်ထဲမှ ကျောင်းသား အားလုံးသည် သွမ့်ဟုန်ရှီး၏ နာမည်ပြောင်ကို အော်ဟစ် ကြွေးကြော်နေကြ၏။ သူတို့၏ မျက်နှာများမှာ စိတ်လှုပ်ရှားမှုနှင့် အားတက် ရွှင်မြူးမှုတို့ဖြင့် ပြည့်နှက်နေသည်။

...'အစွမ်းကုန် ထုတ်သုံး တိုက်ခိုက်နေတာတောင်... လက်သီး နှစ်ချက်ကို ခံနိုင်ရည်ရှိပြီး... ဒဏ်ရာ အနည်းငယ်ပဲ ရသွားတယ်...။ ဖုန်းဝူချန်ရဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှုက... တကယ် ကြောက်စရာကောင်းတာပဲ'...

သွမ့်ဟုန်ရှီးသည် စိတ်ထဲမှ တုန်လှုပ်စွာ တွေးလိုက်မိသည်။ အကယ်၍ အခြား တစ်စုံတစ်ယောက်သာ ဖြစ်ခဲ့ပါက... ဤမျှ လျင်မြန်စွာ ပြန်လည် ထရပ်နိုင်လိမ့်မည် မဟုတ်ပေ...။

...

စူးလဲ့ယန်၊ မူရှန်နှင့် အခြားသူများမှာလည်း အလားတူပင် တုန်လှုပ် ခြောက်ခြားနေကြသည်။ ဖုန်းဝူချန်၏ ခန္ဓာကိုယ် ကြံ့ခိုင်မှု စွမ်းအားသည်... သူတို့၏ စိတ်ကူး အတိုင်းအတာကို ကျော်လွန်သွားခဲ့လေပြီ။

"ဖုန်းဝူချန်ရဲ့ ခန္ဓာကိုယ်က... မယုံနိုင်လောက်အောင် သန်မာတယ်...။ မနေ့က ကျွန်တော် သူနဲ့ တိုက်ခိုက်တုန်းက... ကျွန်တော့် တိုက်ခိုက်မှုတွေ အားလုံး... လုံးဝ အရာမထင်ခဲ့ဘူး"

ကျန်းချင်းက လေးနက်စွာ ဆိုလိုက်သည်။ ဖုန်းဝူချန်နှင့် တိုက်ခိုက်ဖူးသူများသာလျှင်... သူ၏ ခန္ဓာကိုယ် ကြံ့ခိုင်မှု မည်မျှ ကြောက်မက်ဖွယ် ကောင်းသည်ကို... အမှန်တကယ် သိရှိနိုင်ကြပေလိမ့်မည်။

ဖုန်းဝူချန် မတ်တပ်ထရပ်လိုက်၏။ သူ၏ မျက်နှာမှာ အနည်းငယ် ဖြူဖျော့နေပြီး... ဆံပင်များမှာလည်း ဖရိုဖရဲ ဖြစ်ကာ... အတော်လေး ရှုပ်ပွနေတော့သည်။

ဖုန်းဝူချန်၏ ဒဏ်ရာများမှာ မသေးလှသော်လည်း... သူ့ရုပ်ခန္ဓာအပေါ်၌ သိပ်ပြီး သက်ရောက်မှု မရှိလှပေ...။

အနည်းငယ် မော့ကြည့်လိုက်ပြီး... ဖုန်းဝူချန်က သွမ့်ဟုန်ရှီးကို စိုက်ကြည့်ကာ... ပြုံးလိုက်သည်။

"ခင်ဗျား... နည်းနည်း လိုသေးတယ်"

"ဘာ... ဘာလိုတာလဲ"

သွမ့်ဟုန်ရှီးက နားမလည်စွာ မေးလိုက်သည်။ ဖုန်းဝူချန် ဘာကို ဆိုလိုနေမှန်း သူ နားမလည်ခဲ့ပေ...။

သွမ့်ဟုန်ရှီးက ဂရုမစိုက်ဘဲ... ထပ်မံ တိုက်တွန်းလိုက်သည်။

"ဖုန်းဝူချန်... မင်းရဲ့ ဓားသိုင်းပညာကို... ငါ့ကို ပြစမ်း။ အဲ့ဒါ... တကယ် ဘယ်လောက် အစွမ်းထက်လဲ ဆိုတာ... ငါ မြင်ချင်တယ်"

"ကောင်းပြီလေ...။ ခင်ဗျားကို... အဲ့ဒီ့စွမ်းအားကို... မြင်တွေ့စေရတာပေါ့"

ဖုန်းဝူချန်က ရဲရင့်စွာ ဟိန်းဟောက်လိုက်သည်။ နဂါးနတ်ဘုရား စွမ်းအားများ နောက်တစ်ကြိမ် ပေါက်ကွဲ ထွက်ပေါ်လာပြီး... မီးလျှံဓားထဲသို့ စီးဝင်သွားရာ... မယုံနိုင်လောက်အောင် အရိုင်းဆန်ပြီး လွှမ်းခြုံနိုင်သော အရှိန်အဝါတစ်ခုကို ထုတ်လွှတ်လိုက်သည်။

ထို အရိုင်းဆန်သော ဓားအရှိန်အဝါ ပျံ့နှံ့ထွက်ပေါ်လာသည့် ထိုအခိုက်အတန့်တွင်... ဖုန်းဝူချန်၏ အရှိန်အဝါမှာ... တဟုန်ထိုး မြင့်တက်လာတော့သည်။ သူ၏ ဆံပင်များမှာ... လေမတိုက်ဘဲ လှုပ်ရှားနေပြီး... မြေပြင်ပေါ်မှ ကျောက်စရစ်ခဲလေးများမှာ... အပေါ်သို့... ပျံဝဲတက်လာကြသည်။

ဖုန်းဝူချန်၏ အရိုင်းဆန်သော အရှိန်အဝါနှင့် ပြင်းထန်သော ဓားစွမ်းအင်ကို ခံစားမိကြသောအခါ... ကျောင်းသားများ၏ အသားအရေများမှာ... သိသိသာသာ ပြောင်းလဲသွားကြသည်။

"မြေကမ္ဘာအဆင့် သိုင်းပညာ...။ နောက်ထပ်... မြေကမ္ဘာအဆင့် သိုင်းပညာ တစ်ခု...။ ပြီးတော့... အဲ့ဒါက... ဓားသိုင်းပညာတဲ့"

"ဖုန်းဝူချန်က... ဘယ်ကနေများ... ဒီလောက် များတဲ့ မြေကမ္ဘာ အဆင့် သိုင်းပညာတွေကို... ရထားတာလဲ"

"ငါ... ငါ... မယုံနိုင်ဘူး"

ကျောင်းသားများမှာ တုန်လှုပ်စွာ အော်ဟစ်လိုက်ကြသည်။ ကျန်းချင်း၏ မျက်နှာမှာ ကြောက်လန့်တကြား ဖြူဖျော့သွားတော့၏။

စူးလဲ့ယန်နှင့် မူရှန်တို့၏ မျက်နှာများမှာလည်း တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေသည်။

သူ၏ လက်တစ်ချက် လှုပ်လိုက်သည်နှင့်... ရွှေရောင် အလင်းတန်း တစ်ခုက... မီးလျှံဓားပေါ်၌ ထွက်ပေါ်လာ၏။ လေထဲ၌ ပျံဝဲနေသော ကျောက်တုံးလေးများမှာ... 'ချီ' စွမ်းအင် ပေါက်ကွဲမှု တစ်ခုကြောင့်... ချက်ချင်းပင်... ကြေမွသွားတော့သည်။

"သန်မာလိုက်တဲ့ ဓားစိတ်ဆန္ဒ"

သွမ့်ဟုန်ရှီး အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။ ဖုန်းဝူချန်၏ ဓားအရှိန်အဝါ စွမ်းအားကို... သူ လျှော့မတွက်ရဲတော့ပေ...။

"ထင်ယောင်ထင်မှား ပျက်သုဉ်းခြင်း ဓားသိုင်းကွက်...။ ကောင်းကင်နှင့် မြေကြီး၏ ထင်ယောင်ထင်မှား ပျက်သုဉ်းခြင်း"

ဖုန်းဝူချန်သည် မီးလျှံဓားကို ကျွမ်းကျင်စွာ ကိုင်တွယ်၍... ဓားချက်တိုင်းမှာ... နတ်ဘုရားတို့ စိတ်ကူးဖြင့် ဖန်ဆင်းထားသည့်အလား...။ ဓားအလင်း လှုပ်ရှားမှုများမှာ... ပို၍ ကြောက်မက်ဖွယ် ကောင်းလာပြီး... မီးလျှံဓားမှ ထွက်ပေါ်လာသော ဓားအရှိန်အဝါ၏ စွမ်းအားမှာလည်း... တဖြည်းဖြည်း... ပို၍ ကြောက်မက်ဖွယ် ကောင်းလာတော့သည်။

"ဖုန်းဝူချန်ရဲ့ ဓားတောက် လမ်းစဉ် ကျွမ်းကျင်မှုက... တော်တော် နက်နဲတယ်...။ လှုပ်ရှားမှုတိုင်း... ပုံစံတိုင်းက... နက်ရှိုင်းတဲ့ နားလည်မှုကို ပြနေတယ်...။ ပြီးတော့... သူ့ရဲ့ ဓားသိုင်းပညာ စွမ်းအားက... အပြည့်အဝ ထုတ်ဖော်နိုင်စွမ်း ရှိတယ်...။ ...ဒီဓားသိုင်းပညာက... သူ့အတွက်... သီးသန့် ဖန်တီးထားသလိုပဲ"

ရှင်းထျန်းဖုန်းက မျက်မှောင်ကြုတ်ရင်း... ဖုန်းဝူချန်ကို အလွန် အလေးထားစွာ ဆိုလိုက်သည်။

"ဓားတောက် လမ်းစဉ်ရဲ့... ပါရမီရှင်ပဲ"

ကျန်းယွင်ထျန်းက တိုတိုတုတ်တုတ် မှတ်ချက်ချ၏။

"ဝှစ်"

မီးလျှံဓားကို လွှဲယမ်းလိုက်သည်နှင့်... ဖုန်းဝူချန်ထံမှ... 'ဝှစ်' ခနဲ... စူးရှသော အသံတစ်သံ ထွက်ပေါ်လာသည်။ (၂) ကျန့် ရှည်လျားသော ရွှေရောင် ဓားအရှိန်အဝါ တစ်ခုက... လေကို ထိုးခွဲလျက်... မရပ်တန့်နိုင်သော အရှိန်အဟုန်ဖြင့်... သွမ့်ဟုန်ရှီးထံသို့... တိုးဝင်သွားတော့သည်။

ဓားအရှိန်အဝါ၏ အစွမ်းမှာ... အလွန် ကြောက်မက်ဖွယ် ကောင်းလှ၏။ ၎င်း ဖြတ်သန်းသွားလေရာ... မြေပြင်၌... အက်ကွဲကြောင်းများ... ပေါ်ထွက်လာပြီး... ကျောင်းသားများမှာ... အသက်ရှူရန်ပင် မေ့လျော့ကာ... မျက်လုံး အပြူးသားဖြင့်... ထိုဓားအရှိန်အဝါကို... စိုက်ကြည့်နေကြသည်။

"ကောင်းကောင်း ထိုးနှက်လိုက်စမ်း"

သွမ့်ဟုန်ရှီးက ကြွေးကြော်လိုက်ရာ... သူ၏ သွေးများမှာ... စိတ်လှုပ်ရှားမှုဖြင့်... ဆူပွက်လာတော့သည်။

သွမ့်ဟုန်ရှီးက သူ၏ လက်များဖြင့်... မုဒြာပုံစံများ စတင် ဖွဲ့လိုက်ရာ... အပြာရောင် အလင်းတန်းများ... လက်ခနဲ ဖြစ်သွားပြီး... အလွန်အမင်း သန်မာပြီး... ပြင်းထန်သော စွမ်းအားတစ်ခုကို... ထုတ်လွှတ်လိုက်သည်။

"နက်နဲခြင်းအဆင့် အလယ်အလတ်တန်းစား သိုင်းပညာ...။ ရှစ်မျက်နှာ ပျက်သုဉ်းခြင်း မူလပြန်လည် ဓားချက်"

ဟိန်းဟောက်သံနှင့်အတူ... သွမ့်ဟုန်ရှီးက သူ၏ လက်မောင်းကို လွှဲယမ်းလိုက်ရာ... (၂) ကျန့် ကြီးမားသော အပြာရောင် စွမ်းအင် ဓားချက်ကြီးတစ်ခု... ပစ်လွှတ် ထွက်ပေါ်လာသည်။ ၎င်း၏ စွမ်းအားမှာ... ဖုန်းဝူချန်၏ ဓားအရှိန်အဝါထက်... မလျော့နည်းပေ...။

"ဘုန်း... ဘုန်း... ဘုန်း"

"ဗဇ်... ဗဇ်"

မျက်စိတစ်မှိတ် အတွင်းမှာပင်... ကြောက်မက်ဖွယ် စွမ်းအား နှစ်ခုတို့... တိုက်မိသွားပြီး... ချက်ချင်းပင်... ပေါက်ကွဲသွားတော့သည်။ မြေပြင်မှာ... 'ဗဇ်ဗဇ်' အသံများနှင့်အတူ... တုန်ခါသွားပြီး... စွမ်းအင် လှိုင်းဂယက်များက... အရပ်မျက်နှာသို့... အရမ်းကာရော... ပျံ့နှံ့သွားသည်။ ဖုန်းဝူချန်မှာ... လွင့်စဉ်သွားခဲ့ပြီး... သွမ့်ဟုန်ရှီးပင်လျှင်... မီတာ အနည်းငယ်ခန့်... နောက်သို့... တွန်းထုတ်ခံလိုက်ရသည်။

အရမ်းကာရော ပျံ့နှံ့သွားသော စွမ်းအင် လှိုင်းဂယက်များက... ကျောင်းသားများကို... ပြင်းထန်သော လေပြင်းများကဲ့သို့... တိုက်ခတ်သွားပြီး... သူတို့ထဲမှ အများအပြားမှာ... ကြောက်လန့်တကြား... တုန်ယင်သွားကြသည်။

"စွမ်းအားက... တကယ်... ကြောက်စရာကောင်းတာပဲ"

သွမ့်ဟုန်ရှီးက အတွင်းစိတ်ထဲမှ တုန်လှုပ်စွာ ကြွေးကြော်လိုက်ပြီး... ဖုန်းဝူချန်ကို... အနည်းငယ်... မှင်တက်စွာ... ကြည့်လိုက်မိသည်။

ကံကောင်းစွာပင်... သွမ့်ဟုန်ရှီးသည်... သူ၏ အစွမ်းကုန်ဖြင့်... တိုက်ခိုက်နေခဲ့၍သာ...။ ...မဟုတ်ပါက... သူသည်... ထိုတုန်ခါမှု လှိုင်းဂယက်ကြောင့်... ဒဏ်ရာ ရရှိသွားနိုင်ခဲ့သည်။

ဖုန်းဝူချန်၏ ဓားအရှိန်အဝါ စွမ်းအားမှာ... အလွန် အံ့မခန်း ဖြစ်လှသဖြင့်... ကျောင်းအုပ်ကြီးနှင့် အကြီးအကဲများပင်လျှင်... မှင်တက်သွားကြပြီး... နည်းပြ ဒါဇင်ပေါင်းများစွာတို့မှာလည်း... ကြက်သေ သေသွားကြတော့သည်။

...ဒါ... လူသား... ဟုတ်သေးရဲ့လား...။ အသွင်ပြောင်းဘုံ နဝမအလွှာ အထွတ်အထိပ် အဆင့်ဖြင့်... မြေကမ္ဘာအဆင့် ဓားသိုင်းပညာကို... ကိုင်စွဲလျက်... သွမ့်ဟုန်ရှီးကို... မီတာ (၁၀) ကျော်ခန့်... နောက်သို့... တွန်းထုတ်နိုင်ခဲ့သည်...။

"ဖုန်းဝူချန်သာ... အစကတည်းက... သူ့ရဲ့ ဓားသိုင်းပညာကို... သုံးခဲ့မယ်ဆိုရင်... ငါ... သူ... ငါ့ကို... တစ်ချက်တည်းနဲ့... အနိုင်ယူသွားနိုင်လောက်တယ်"

ကျန်းချင်းက ကြောင်ငေးစွာ ရေရွတ်လိုက်ပြီး... သူ၏ ခန္ဓာကိုယ်မှာ... တုန်ယင်လာတော့သည်။

ရင်ပြင်ကွင်းကြီးမှာ... မီးခိုးရောင် အခိုးအငွေ့များဖြင့်... ပြည့်နှက်နေပြီး... ဖုန်မှုန့်များ... လေထဲ၌... လွင့်မျောနေသည်။

"နောက်တစ်ခါ လာဦးမယ်"

ဖုန်းဝူချန်က ကြွေးကြော်လိုက်ရာ... သူ၏ တိုက်ခိုက်လိုစိတ်များ... တဟုန်ထိုး... မြင့်တက်လာသည်။

"ဒင်"

မီးလျှံဓားကို မြေပြင်၌ စိုက်ထိုးလိုက်သည်နှင့်... ဖုန်းဝူချန်က သူ၏ လက်ဝါး နှစ်ဖက်ကို ပူးကပ်လိုက်သည်။ သူ၏ ခြေထောက် အောက်မှ မြေပြင်၌... ရွှေရောင် အခင်းအကျင်း တစ်ခု... ချက်ချင်း ပေါ်ထွက်လာပြီး... နားလည်ရခက်သော ရွှေရောင် သင်္ကေတများ... ဖြည်းညင်းစွာ... မြင့်တက်လာကာ... ထို့နောက်... အလင်းတန်း တစ်ခုက... ကောင်းကင်သို့... ထိုးတက်သွားတော့သည်။

"ဒါ... ဘယ်လို ဓားသိုင်းပညာမျိုးလဲ...။ ဓားစိတ်ဆန္ဒက... ပိုပြီး... ကြောက်စရာ ကောင်းလာပြီ"

သွမ့်ဟုန်ရှီးက ဆိုလိုက်ရာ... သူ၏ အမူအရာမှာ... မျှော်လင့်ချက် နှင့် လေးနက်မှု နှစ်မျိုးလုံး... ပါဝင်နေသည်။

"အရှိန်အဝါရော... စွမ်းအားရော... နှစ်ခုလုံး... တိုးလာတယ်...။ ဓားစိတ်ဆန္ဒက... ပိုပြီး... ကြောက်စရာ ကောင်းလာပြီ...။ ဖုန်းဝူချန်မှာ... ဘယ်လောက်များတဲ့... ကြောက်မက်ဖွယ် သိုင်းပညာတွေကို... ဖုံးကွယ်ထားသေးတာလဲ"

စူးလဲ့ယန်က ထိတ်လန့်တကြား ကြွေးကြော်လိုက်ပြီး... သူ၏ မျက်နှာမှာ... မယုံနိုင်ခြင်းများဖြင့်... ပြည့်နှက်နေသည်။

ကျောင်းသားများ၏ ထိတ်လန့်နေသော အကြည့်များမှာ... ကောင်းကင်သို့ တက်သွားသော အလင်းတန်းပေါ်၌... စူးစိုက်နေကြပြီး... တဟုန်ထိုး တက်လာသော ဓားအရှိန်အဝါ၏ စွမ်းအားက... သူတို့၏ အသက်ရှူမှုကို... ရပ်တန့်သွားစေသည်။

"တစ်ခုပြီးတစ်ခု... အံ့ဩစရာတွေချည်းပဲ...။ ဖုန်းဝူချန်ရဲ့ ဖုံးကွယ်ထားတဲ့ အကွက်တွေ အားလုံးက... တစ်ခုထက်တစ်ခု... ပိုပြီး ကြောက်စရာ ကောင်းနေတယ်"

ရှင်းထျန်းဖုန်းမှာ... သူ၏ အံ့အားသင့်မှုကို... အသံထွက်၍... ဖော်ပြလိုက်ခြင်းမှ... မထိန်းချုပ်နိုင်တော့ပေ...။

"ဖုန်းဝူချန်...။ လာခဲ့"

သွမ့်ဟုန်ရှီးက စိတ်လှုပ်ရှားစွာ ကြွေးကြော်လိုက်ပြီး... နောက်ထပ်... မစောင့်ဆိုင်းနိုင်တော့ပေ...။

ဖုန်းဝူချန်က သူ၏ ဦးခေါင်းကို မော့လိုက်ပြီး... ကြောက်မက်ဖွယ် မျက်လုံး တစ်စုံဖြင့်... သွမ့်ဟုန်ရှီးထံသို့... လှမ်းကြည့်လိုက်သည်။ ၎င်းသည်... ပြင်းထန်ပြီး... ကြောက်မက်ဖွယ် ကောင်းသော အကြည့် ဖြစ်သော်လည်း... သတ်ဖြတ်လိုသော အရှိန်အဝါ.. မပါဝင်ပေ...။

"ထင်ယောင်ထင်မှား ပျက်သုဉ်းခြင်း ဓားသိုင်းကွက်...။ နဝမ ကောင်းကင်၏ ထင်ယောင်ထင်မှား ပျက်စီးခြင်း"

ဖုန်းဝူချန်က ရင်ဘတ်ရှေ့၌ လက်ချောင်းများ ယှက်ကာ

ဓား ပုံစံ ပုံဖော်လိုက်သည်။ ရွှေရောင် အလင်းတန်း တစ်ခုက... ကောင်းကင်သို့... ဝေ့ဝဲ တက်သွားပြီး... ချက်ချင်းပင်... အလွန် ကြောက်မက်ဖွယ် ကောင်းသော စွမ်းအားများ... ပါဝင်နေသည့်... ဓားစွမ်းအင် ဓားကြီး တစ်လက်အဖြစ်သို့... ပြောင်းလဲသွားသည်။

"ဝှစ်"

သူ၏ လက်ချောင်းများကို... လှုပ်ရှားလိုက်သည်နှင့်... ထိုစွမ်းအင် ဓားကြီးမှာ... ဖျက်ဆီးခြင်း အရှိန်အဟုန်ဖြင့်... ပေါက်ကွဲ ထွက်ပေါ်လာပြီး... မိုးခြိမ်းသံကဲ့သို့... မြည်ဟိန်းလာသည်။ ၎င်း၏ လမ်းကြောင်းမှ မြေပြင်မှာ... အနည်းငယ်... တုန်ခါသွား၏...။

"ဘုရားရေ"

ဤ ခမ်းနားသော မြင်ကွင်းကြောင့်... ကျောင်းသားများ အားလုံး... တုန်လှုပ်စွာ... အသက်ရှူ မှားသွားကြပြီး... သူတို့၏ အကြည့်များမှာ... ဓားအလင်းနှင့်အတူ... လှုပ်ရှားနေကြသည်။

"နက်နဲခြင်းအဆင့် အဆင့်မြင့် သိုင်းပညာ...။ ဝိညာဉ်မဲ့ ကောင်းကင်ဖြတ် လက်ဝါး"

သွမ့်ဟုန်ရှီးက ကြွေးကြော်လိုက်ပြီး... သူ၏ စွမ်းအား အားလုံးကို... စုစည်းကာ... တုံ့ဆိုင်းခြင်း မရှိဘဲ... ပစ်လွှတ်လိုက်သည်။

ကြောက်မက်ဖွယ် အပြာရောင် လက်ဝါးပုံရိပ်က ကြမ်းတမ်းသော စွမ်းအားများဖြင့်... ပြည့်နှက်လျက်... အရှိန်ပြင်းပြင်း... ပစ်ခတ်လာပြီး... ရင်ပြင်ကွင်း တစ်ခုလုံးအား… လေပြင်းများ တိုက်ခတ်သွားတော့သည်။

ဓားအလင်းနှင့် လက်ဝါးပုံရိပ်တို့မှာ... မယုံနိုင်လောက်သော အရှိန်များဖြင့်... လှုပ်ရှားနေကြပြီး... လူတိုင်း၏ အံ့အားသင့်မှုများ ကြားထဲ၌... စွမ်းအား နှစ်ခုတို့... ချက်ချင်း... တိုက်မိသွားကြသည်။ နားကွဲမတတ် ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး... ပြင်းထန်သော စွမ်းအားများ... ပျံ့နှံ့သွားသည်။ ဖုန်းဝူချန်မှာ... ပါးစပ်မှ သွေးများ... ပန်းထွက်သွားပြီး... နောက်သို့... လွင့်စဉ်သွားတော့သည်။

ဤမျှ ကြောက်မက်ဖွယ် ကောင်းသော စွမ်းအားကို ရင်ဆိုင်ရာတွင်... ဖုန်းဝူချန်မှာ... ပြင်းထန်သော ဒဏ်ရာများ... ရရှိသွားသည်။

ရင်ပြင်ကွင်း၏ မြေပြင်မှာ... မျက်မြင်အားဖြင့်... အံ့မခန်းသော အရှိန်ဖြင့်... အက်ကွဲ ကြေမွသွားပြီး... ပေပေါင်းများစွာ နက်သော... ကြီးမားသည့် တွင်းနက်ကြီး တစ်ခုအဖြစ်... ပြိုကျသွားတော့သည်။ ၎င်း၏ ဖျက်ဆီးအားမှာ... အလွန်အမင်း... တုန်လှုပ်ဖွယ် ကောင်းလှ၏...။

သွမ့်ဟုန်ရှီးသည်လည်း... မီတာ အနည်းငယ်ခန့်... လွင့်စဉ်သွားပြီး... သူ၏ ကိုယ်ဟန်ကို... မထိန်းနိုင်ခင်မှာပင်... ညည်းညူသံ တစ်ချက် ပြုလိုက်ကာ...

ပါးစပ်ထောင့်မှ... သွေးများ... စီးကျလာသည်။ ထိုတိုက်ခိုက်မှုကြောင့်... သူ... ဒဏ်ရာ ရရှိသွားသည်မှာ... ရှင်းလင်းလှ၏...။

"ဒီဓားသိုင်းပညာက... တရားလွန်... သန်မာလွန်းတယ်...။ ခုနက... သူ သုံးလိုက်တဲ့... ရွှေရောင် အလင်းတန်းလိုပဲ... ကြောက်စရာ ကောင်းတယ်"

သွမ့်ဟုန်ရှီးက ထိတ်လန့်တကြား ကြွေးကြော်လိုက်သည်။

တိုက်ပွဲကို ကြည့်ရှုနေကြသော ကျောင်းသားများမှာ... ကြောက်လန့်တကြား... တိတ်ဆိတ် ငြိမ်သက်သွားကြသည်။ စူးလဲ့ယန်နှင့် သူ၏ အဖွဲ့ အပါအဝင်... အားလုံး... လုံးဝ... ကြက်သေ သေနေကြသည်။

ပြိုင်ပွဲဝင် အခြား ကျောင်းသားများမှာ... သူတို့၏ ပြိုင်ဘက်အဖြစ်... ဖုန်းဝူချန်ကို... မဲမနှိုက်မိခဲ့သည့်အတွက်... တိတ်တဆိတ်... ဝမ်းမြောက်နေကြသည်။ အဘယ်ကြောင့်ဆိုသော်... ထို ကြောက်မက်ဖွယ် ဓားအလင်းကို... သူတို့... ခံနိုင်ရည် ရှိမည်ဟု... မပြောရဲသောကြောင့်...။

သွမ့်ဟုန်ရှီး၏ ထူးကဲသော အရည်အချင်းများသာ... မရှိခဲ့ပါက... သူသည်လည်း... ထိုအရာကို... ခံနိုင်ရည် ရှိမည်... မဟုတ်ပေ...။

ကွင်းပြင် တစ်ခုလုံး၌... ပျံ့နှံ့နေသော စွမ်းအင် လှိုင်းဂယက်များ၏ အသံနှင့်... မြေပြင် တုန်ခါသံများသာ... ပဲ့တင်ထပ်နေတော့သည်။

အင်ပါယာ၏ နံပါတ်တစ် ပါရမီရှင်ကို... ဒဏ်ရာ ရရှိစေသည်...။ ထိုကိစ္စမှာ... မည်သို့သော... ကြီးမားလှသည့် စွမ်းအားမျိုး... ဖြစ်ရမည်နည်း...။

ကံမကောင်းစွာပင်... ဖုန်းဝူချန်သည်... သူ၏ အစွမ်းကုန် ထုတ်သုံးခဲ့သည့်တိုင်... သွမ့်ဟုန်ရှီးကို... အနိုင်ယူနိုင်ခြင်း... မရှိခဲ့ပေ...။ သူ... ပြုလုပ်နိုင်ခဲ့သည်မှာ... သူ့အပေါ်၌... ဒဏ်ရာ အနည်းငယ်... ရရှိစေခြင်း... သက်သက်သာ... ဖြစ်သည်။

"ဖုန်းဝူချန်... မင်း... တကယ်... တစ်ခုခုပဲ...။ မင်းရဲ့ အားပြင်းတဲ့ ဓားသိုင်းပညာ အကြောင်း... ငါ... ကြားတာ ကြာပြီ...။ ဒါပေမဲ့... မင်း... ငါ့ကို... ဒဏ်ရာ ရအောင်... လုပ်နိုင်လိမ့်မယ်လို့... ငါ...... မထင်ထားမိဘူး"

သွမ့်ဟုန်ရှီးက ဝန်ခံလိုက်၏

... သူ၏ အမူအရာမှာ... တုန်လှုပ်ခြင်း... ကြောက်မက်ဖွယ် ကောင်းခြင်း... နှင့်... စိတ်လှုပ်ရှားခြင်းတို့... ရောနှောနေသည်။

ပြင်းထန်စွာ ဒဏ်ရာ ရရှိထားသော ဖုန်းဝူချန်သည်... မီးလျှံဓားကို အားပြုလျက်... တုန်ယင်စွာ... မတ်တပ်ထရပ်လိုက်သည်။ သူ၏ အသားအရေမှာ... စက္ကူကဲ့သို့... ဖြူဖျော့နေပြီး... အသက်ကို..အားယူ.... ရှူရှိုက်နေရကာ... သူ၏ ဒဏ်ရာများမှာ... ပြင်းထန်လှ၏...။

"အစ်ကိုကြီးဖုန်းရဲ့ ဒဏ်ရာတွေက... အရမ်း ပြင်းထန် နေတာ...။ သူ... ဆက်ပြီး... တိုက်ခိုက်နိုင်တော့မှာ... မဟုတ်လောက်ဘူး"

လင်ရှောင်ရှောင်က စိုးရိမ်စွာ ဆိုလိုက်ပြီး... သူမ၏ လှပသော မျက်ခုံးများ... တွန့်ချိုးသွားသည်။

"ငါတို့... အစွမ်းကုန် ထုတ်သုံးခဲ့ကြပေမဲ့... အဲ့ 'တောမျောက်' ကို... အနိုင်မယူနိုင်ခဲ့ဘူး"

လျိုချင်းယန်က အကူအညီမဲ့သော ခံစားချက်ဖြင့် ဆိုလိုက်သည်။

မှေးမှိန်နေသော မျက်လုံးများဖြင့်... သွမ့်ဟုန်ရှီးကို... စိုက်ကြည့်ရင်း... ဖုန်းဝူချန်က... အားယူကာ ဆိုလိုက်သည်။

"ငါ့... ငါ့ခန္ဓာကိုယ်က... အရမ်း ပူနေတယ်...။ ဖြစ်... ဖြစ်တော့မယ်...။ ရောက်... ရောက်တော့မယ်"

"သူ... ဘာတွေ ပြောနေတာလဲ"

သွမ့်ဟုန်ရှီးမှာ... နားမလည် ဖြစ်သွားသည်။ ဖုန်းဝူချန်သည်... အတန်ကြာကတည်းက... ထူးဆန်းစွာ... ပြုမူနေသည်ဟု... သူ ခံစားမိနေခဲ့သည်။ ထို့နောက်... သူ... တစ်လှမ်းချင်း... ချဉ်းကပ်လာပြီး...

"ဖုန်းဝူချန်... မင်း... ရှုံးပြီ"

ဖုန်းဝူချန်မှာ... အသက်ကို... မမှန်မကန်... ရှူရှိုက်နေဆဲ...။ သူ၏ ပါးစပ်ထောင့်များမှာ... ခက်ခဲစွာ... ပြုံးလိုက်ပြီး...

"လာ... လာတော့မယ်"

ထိုအခိုက်အတန့်တွင်... ဖုန်းဝူချန်၏ အရှိန်အဝါမှာ... ရုတ်တရက်... ပြောင်းလဲသွားပြီး... မယုံနိုင်လောက်အောင်... ကြမ်းတမ်းသော အနှစ်သာရတစ်ခု... ပေါက်ကွဲ ထွက်ပေါ်လာသည်။... ရွှေရောင် အလင်းတန်းများဖြင့်... သူ့ကို... လွှမ်းခြုံသွားသည်။ ပြင်းထန်သော ဒဏ်ရာများ ရှိနေသည့်တိုင်... ဖုန်းဝူချန်ထံမှ... ကြောက်မက်ဖွယ် စွမ်းအားများ... ပေါက်ကွဲ ထွက်ပေါ်လာသည်။

ချဉ်းကပ်လာသော သွမ့်ဟုန်ရှီးမှာ... ချက်ချင်းပင်... ထိတ်လန့်သွားပြီး... ချွေးစေးများ... ပြန်လာသည်။

"ဖုန်းဝူချန်... ဘာ... ဘာဖြစ်နေတာလဲ"

သွမ့်ဟုန်ရှီးက ဖုန်းဝူချန်ကို... ထိတ်လန့်နေသော မျက်လုံးများဖြင့်... စိုက်ကြည့်ရင်း... နေရာမှာပင်... တောင့်တင်းသွားသည်။

လူတိုင်း... နားမလည် ဖြစ်သွားကြသည်။ ...ဤမျှ ပြင်းထန်သော ဒဏ်ရာများဖြင့်... သူ... မည်သို့လျှင်... ဤမျှ ကြောက်မက်ဖွယ် စွမ်းအားမျိုးကို... ထုတ်လွှတ်နိုင်သေးသနည်း...။ သံသယ နှင့် အံ့ဩနေသော အကြည့်များ... ဖုန်းဝူချန်ထံသို့... လှည့်သွားကြသည်။

"ဒါ... သူ့ရဲ့ သွေးမျိုးဆက်ပဲ...။ အစ်ကိုကြီးဖုန်းရဲ့ သွေးမျိုးဆက်... နိုးထလာပြီ"

လင်ရှောင်ရှောင်က အတွင်းစိတ်ထဲမှ ကြွေးကြော်လိုက်ပြီး... ပျော်ရွှင်သော အပြုံးတစ်ခု... သူမ၏ မျက်နှာပေါ်၌... ပေါ်ထွက်လာသည်။

"အစ်ကိုကြီးဖုန်း... ဘာ... ဘာဖြစ်နေတာလဲ"

လျိုချင်းယန်နှင့် မြောင်ချင်းချင်းတို့မှာ... နားမလည်နိုင် ဖြစ်လျက်... လုံးဝ... မှင်သက်နေကြသည်။

ဖုန်းဝူချန်၏ အရှိန်အဝါမှာ.အကြီးအကျယ်..... မြင့်တက်လာပြီး... သူ၏ စွမ်းအားမှာ... ပို၍... ပို၍... ပြင်းထန်လာသည်။

"ဒါ... ဒါက... ဖုန်းဝူချန်... အဆင့်ချိုးဖြတ်တော့မလို့ပဲ"

ရှင်းထျန်းဖုန်းသည်... အတန်ကြာ... စောင့်ကြည့်နေပြီးနောက်... ရုတ်တရက်... သူ၏ မျက်နှာ အမူအရာ... ပြောင်းလဲသွားကာ... ထိတ်လန့်တကြား... အော်ဟစ်လိုက်သည်။

"ဟုတ်တယ်...။ ပြီးတော့... ဒါက... ကျင့်ကြံမှု အကန့်အသတ်ကို... ရောက်ရှိသွားလို့... ဖြစ်လာတဲ့... အဆင့်ချိုးဖြတ်မှုပဲ"

ကျန်းယွင်ထျန်းကလည်း... ကြွေးကြော်လိုက်ပြီး... အလွန်အမင်း... တုန်လှုပ်နေသည်။

"အဆင့်ချိုးဖြတ်မှု..။ ဒီ... ဒီအချိန်မှာ"

အကယ်ဒမီမှ ကျောင်းသားများမှာ... အံ့ဩမှုဖြင့်... ကျောက်ရုပ်များ ဖြစ်သွားကြသည်။

"ဒါ... ဒါ... ဘယ်လို ဖြစ်နိုင်မှာလဲ...။ ဒီလောက် ပြင်းထန်တဲ့ ဒဏ်ရာတွေနဲ့... သူ... ဘယ်လို ထိုးဖောက်နိုင်မှာလဲ"

စူးလဲ့ယန်မှာ... မှင်သက်စွာ... ရပ်နေမိသည်။

"ဖုန်းဝူချန် ပတ်လည်က အရှိန်အဝါက... အရမ်း ထူးဆန်းတယ်...။ အဲ့ဒါ... ဘယ်လို အရှိန်အဝါမျိုးလဲ ဆိုတာတောင်... ငါ... မသိဘူး"

ထိုသို့ ဆိုကာ ရှင်းထျန်းဖုန်းက ဝေဝါးစွာ မျက်မှောင်ကြုတ်လိုက်သည်။ ဖုန်းဝူချန်၏ အတွင်း၌... တဖြည်းဖြည်း... ဖောင်းပွလာသော... လျှို့ဝှက်ဆန်းကြယ်သည့် အနှစ်သာရ တစ်ခုကို... သူ... အာရုံခံမိနေပြီး... ထိုအရာက... သူ့ကို... နားမလည်နိုင်... ဖြစ်စေသည်။

"အား"

သူ့ကိုယ်အထဲ၌... စွမ်းအားများ... လှိုင်းထန်နေသည်နှင့်... ဖုန်းဝူချန်က... ရုတ်တရက်... ကောင်းကင်သို့... ဟိန်းဟောက် ကြွေးကြော်လိုက်ရာ... ကြမ်းတမ်းလှသော စွမ်းအားများ... ချက်ချင်း... ပျံ့နှံ့သွား၏။

ထိုစဉ် ... တောက်ပလှသော ရွှေရောင် အလင်းတန်း တစ်ခု... အပေါ်သို့... ထိုးတက်သွားသည်။

ဖုန်းဝူချန်၏ ဟိန်းဟောက်သံထဲ၌... နဂါးတစ်ကောင်၏ ဟိန်းဟောက်သံ အရိပ်အယောင်... ပါဝင်နေပြီး... ကြောက်မက်ဖွယ် စွမ်းအားနှင့်... လွှမ်းမိုးနိုင်သော အရှိန်အဝါတို့ဖြင့်... ပြည့်နှက်နေလေ၏။... ဘုရင် တစ်ပါး၏ အရှိန်အဝါ အရိပ်အငွေ့ပင်... အနည်းငယ်... ပါဝင်နေသေးသည်။

သူ၏ ဒဏ်ရာများမှာ... အံ့ဖွယ်နည်းဖြင့်... လျင်မြန်စွာ... ကုစားလာပြီး... သူ... သုံးစွဲခဲ့သော... 'အစစ်အမှန်ယွမ်' စွမ်းအင်များပင်လျှင်... လျင်မြန်စွာ... ပြန်လည် ပြည့်တင်းလာသည်။

ထိုအချက်ကား... သူ၏ သွေးမျိုးဆက်... နိုးထလာခြင်းကြောင့်... ဖြစ်ပေါ်လာသော... မှော်ဆန်သည့် အကျိုးသက်ရောက်မှုပင်...။

ဖုန်းဝူချန်၏ အရှိန်အဝါမှာ... အရူးအမူး... တက်လာနေဆဲ ဖြစ်ပြီး... မျက်စိတစ်မှိတ် အတွင်းမှာပင်... သူသည်... ယွမ်တန်ဘုံ ပထမအလွှာသို့... တက်လှမ်းသွားခဲ့လေပြီ...။

ဟုတ်သည်...။

ယွမ်တန်ဘုံ ပထမအလွှာ...။

ဖုန်းဝူချန်... အဆင့်ချိုးဖြတ်မှု အောင်မြင်သွားခဲ့လေပြီ...။

All Chapters