သွမ့်ဟုန်ရှီးနှင့် တိုက်ခိုက်ခြင်း
Vol. 8 Ch. 110
~"တကယ် စွမ်းအားကြီးတဲ့ မြေကမ္ဘာအဆင့် သိုင်းပညာပဲ။ ဖုန်းဝူချန်သာ တမင် လွဲချော်မပစ်ခဲ့ရင်... ကျန်းချင်း အခုလောက်ဆို သေနေလောက်ပြီ"
သွမ့်ဟုန်ရှီးသည် တုန်လှုပ်ခြောက်ခြားစွာဖြင့် မတ်တပ်ထရပ်လိုက်၏။ သူကိုယ်တိုင် ယွမ်တန်ဘုံ ဒုတိယအလွှာ ဖြစ်သည့်အားလျော်စွာ... ခုနက ရွှေရောင် အလင်းတန်းလေး မည်မျှ ကြောက်မက်ဖွယ် ကောင်းသည်ကို... သူ အတိအကျ သိရှိနေသည်။
ကျန်းချင်းက အစွမ်းထက်သော်လည်း... ဖုန်းဝူချန်က ပို၍ပင် အစွမ်းထက်လှသည်။ သူတို့၏ နောက်ဆုံး အကြိတ်အနယ် ယှဉ်ပြိုင်မှုတွင်... ဖုန်းဝူချန်က သူ၏ စွမ်းအားဖြင့် ကျန်းချင်းကို လုံးလုံး လွှမ်းမိုး အနိုင်ယူသွားခဲ့၏။
ထိုရွှေရောင် အလင်းတန်းမှာ မယုံနိုင်လောက်အောင် လျင်မြန်လှသဖြင့်... ကျန်းချင်း၌ တုံ့ပြန်ရန် အခွင့်အရေး တစ်စက်မျှ မရရှိခဲ့ပေ။
"အရမ်း... ကြောက်စရာကောင်းတာပဲ"
"မြေကမ္ဘာအဆင့် သိုင်းပညာရဲ့ စွမ်းအားက... အဆင့်အတန်း ကွာဟချက်ကို... လုံးဝ ဖြည့်ဆည်းပေးနိုင်တာပဲ"
...
"ကျန်းချင်း... တကယ် ရှုံးသွားတာပဲ"
ကျောင်းသား အားလုံး တုန်လှုပ်ခြောက်ခြား သွားကြသည်။ မြေကမ္ဘာအဆင့် သိုင်းပညာ၏ ကြောက်မက်ဖွယ်ရာ ကောင်းမှုက... သူတို့ကို ကြောက်ရွံ့ခြင်းနှင့် မနာလိုခြင်း နှစ်မျိုးလုံးကို ခံစားသွားစေသည်။ ...သူတို့ကိုယ်တိုင်လည်း... မြေကမ္ဘာအဆင့် သိုင်းပညာတစ်ခုကို ပိုင်ဆိုင်နိုင်ကြမည် ဆိုလျှင်...။
ထိုစဉ် ကျန်းယွင်ထျန်းသည် လှစ်ခနဲ လှုပ်ရှားလိုက်ပြီး... ကျန်းချင်းအား ကုစားဆေးလုံးတစ်လုံး မျိုချဖို့ ကူညီပေးလိုက်၏။
ဖုန်းဝူချန်သည်လည်း သူ၏ တိုက်ခိုက်မှုတွင် အတိုင်းအတာတစ်ခု ထိန်းသိမ်းထားခဲ့ပြီး... ကျန်းချင်း၏ အရေးကြီးသော အသက်နေရာများကို ရှောင်ရှားခဲ့သည်။ ...မဟုတ်ပါက... ကျန်းချင်းသည် သေချာပေါက် သေဆုံးသွားခဲ့ပေလိမ့်မည်...။
"ကျန်းချင်း... ခင်ဗျား... အဆင်ပြေရဲ့လား"
ဖုန်းဝူချန်က မေးလိုက်သည်။
"ငါ.. အဆင်ပြေပါတယ်...။ မင်း... တကယ် သန်မာတာပဲ...။ ... မြေကမ္ဘာအဆင့် သိုင်းပညာကို... လေ့ကျင့်ထားလိမ့်မယ်လို့... ငါ မထင်ခဲ့မိဘူး။ မင်းကို ရှုံးရတာ... မတရားဘူးလို့တော့... မဆိုလိုပါဘူး"
ကျန်းချင်းက ပြင်းထန်သော နာကျင်မှုကို မြိုသိပ်ရင်း... အတော်လေး ဖြူဖျော့နေသော မျက်နှာဖြင့် ဆိုလိုက်သည်။
ကျန်းယွင်ထျန်းက နှစ်သိမ့်လိုက်သည်။
"ဒဏ်ရာက သိပ်မပြင်းထန်ပါဘူး...။ လဝက်လောက်ဆို... ပြန်ကောင်းသွားမှာပါ"
"ကျေးဇူးတင်ပါတယ်... မဟာအကြီးအကဲ"
ကျန်းချင်းက ခေါင်းညိတ်လိုက်သည်။
"ဖုန်းဝူချန်... အနိုင်ရသည်"
ကျန်းယွင်ထျန်းက ကြေညာလိုက်၏။
"ဟေး…..ဖုန်းဝူချန်...။ ဖုန်းဝူချန်"
ကျောင်းသားများက ဖုန်းဝူချန်၏ အမည်ကို စိတ်လှုပ်ရှားစွာ အော်ဟစ် ကြွေးကြော်လိုက်ကြသည်။
လင်းယိုမှာ မျက်နှာတစ်ခုလုံး နီရဲလျက်... စိတ်ခံစားမှုများ မြင့်တက်ကာ အော်ဟစ်နေတော့သည်။
နောက်ဆက်တွဲ တိုက်ပွဲများမှာလည်း အတော်လေး စိတ်လှုပ်ရှားဖွယ် ကောင်းလှ၏။ ကျောင်းသားများက သူတို့၏ အစွမ်းကုန် ထုတ်သုံး တိုက်ခိုက်ခဲ့ကြပြီး... ယွမ်တန်ဘုံ အဆင့်မှ ပြင်းထန်သော ရင်ဆိုင် တိုက်ခိုက်မှုများမှာ... သူတို့၏ အစွမ်းထက်သော စွမ်းအားများကြောင့်... သွေးဆူ လှုပ်ရှားဖွယ် ကောင်းလှပေသည်။
အလွန် အင်အားကြီးမားသူမှာကား... သွမ့်ဟုန်ရှီးပင် ဖြစ်သည်။ သူသည် စင်မြင့်ပေါ်သို့ တက်လှမ်းလိုက်ပြီး... သူ၏ ပြိုင်ဘက်ကို လက်ဝါးတစ်ချက်တည်းဖြင့် ကွင်းပြင်မှ ပစ်လွင့်သွားအောင် ရိုက်ထုတ်ပစ်လိုက်၏။ သူ၏ စွမ်းအားမှာ... ကြောက်မက်ဖွယ် ကောင်းလောက်အောင် သန်မာလှသည်။
အကယ်ဒမီမှ ကျောင်းသားများသည် သွမ့်ဟုန်ရှီး၏ အစွမ်းအစကို ကောင်းစွာ သိရှိကြသည်။ ကျောင်းသားသစ်များထဲတွင်... သူ၏ စွမ်းအားမှာ... ပြိုင်ဘက်ကင်း ဖြစ်ပြီး... ကျောင်းသားဟောင်းများစွာပင်လျှင်... သူ၏ ပြိုင်ဘက် မဟုတ်ကြပေ...။
နေ့ကုန်ဆုံးချိန်တွင်... ပြိုင်ပွဲ၏ ပထမအဆင့် ပြီးဆုံးသွားခဲ့ပြီး... ကျောင်းသား (၁၅) ယောက် ရှေ့ဆက် တက်လှမ်းနိုင်ခဲ့ကာ... နောက်ထပ် (၁၅) ယောက်မှာမူ... ပြိုင်ပွဲမှ ထွက်ခွာခဲ့ရသည်။
ညတွင်းချင်းပင်... တက်လှမ်း သူများသည်... သူတို့၏ ဒဏ်ရာများကို ကုစားခြင်းနှင့် 'အစစ်အမှန်ယွမ်' စွမ်းအင်များကို ပြန်လည် ဖြည့်တင်းခြင်းတို့၌ အာရုံစိုက်ကာ... နောက်တစ်နေ့အတွက် ပြင်ဆင်နေကြသည်။
ကုစားဆေးလုံးများနှင့် 'အစစ်အမှန်ယွမ်' ပြန်လည် ဖြည့်တင်းရန် ဆေးရည်များကို ကျန်းယွင်ထျန်းက ထောက်ပံ့ပေးထားသဖြင့်... ကျောင်းသားများမှာ... အစွမ်းကုန် မတိုက်ခိုက်နိုင်မည်ကို... စိတ်မပူကြပေ။
ညသည်... မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့သည်။ နောက်တစ်နေ့ နံနက်စောစောတွင်... ရင်ပြင်ကွင်းကြီးမှာ... ကျောင်းသား အားလုံးဖြင့် ပြည့်နှက်နေပြီး... ဒုတိယအဆင့် ပြိုင်ပွဲ စတင်ရန်... စောင့်ဆိုင်းနေကြလေပြီ။
ဒုတိယအဆင့်တွင်... ကျောင်းသား (၈) ယောက်သာ ရှေ့ဆက် တက်လှမ်းနိုင်မည် ဖြစ်သည်။ သူတို့ထဲမှ... ကျောင်းသားတစ်ဦးမှာ... တိုက်ရိုက် တက်လှမ်းခွင့် ရရှိမည် ဖြစ်ပြီး... ထိုသူမှာကား... အကယ်ဒမီ တစ်ခုလုံး၏ အသန်မာဆုံး ကျောင်းသား... ယွမ်တန်ဘုံ စတုတ္ထအလွှာသို့ ရောက်ရှိနေသည့်... 'စူးလဲ့ယန်' ပင်တည်း။
စူးလဲ့ယန်သည်... အကယ်ဒမီ၏ တတိယ အကြီးအကဲ၏ မြေးဖြစ်ပြီး... သတ္တမတန်းစား သိုင်းဝိညာဉ် ပါရမီရှင် ဖြစ်သည်။ အကယ်ဒမီ၏ အသက်အကြီးဆုံး ကျောင်းသား တစ်ဦး အနေဖြင့်... စူးလဲ့ယန်သည်... ပါရမီရှင် စာရင်း သိုင်းပြိုင်ပွဲ အပြီးတွင်... ဘွဲ့ရတော့မည် ဖြစ်သည်။
စူးလဲ့ယန် တိုက်ရိုက် အဆင့်တက်ခွင့် ရရှိခြင်းမှာ... သူက တတိယ အကြီးအကဲ၏ မြေး ဖြစ်သောကြောင့် မဟုတ်ဘဲ... သူ၏ စွမ်းအားကြောင့်သာ ဖြစ်သည်။ အခြား မည်သည့် ကျောင်းသားမျှ... သူတို့၏ စွမ်းအားက... စူးလဲ့ယန်ထက် သာလွန်သည်ဟု မခံစားရမချင်း... ဤအပေါ်၌... တစ်စုံတစ်ရာ စောဒက မတက်ကြပေ...။
ပြိုင်ပွဲဝင် ကျောင်းသားများမှာ... အမှန်တကယ်တွင်... စူးလဲ့ယန် တိုက်ရိုက် အဆင့်တက်သွားရန်... မျှော်လင့်နေကြသည်။ ထိုသို့ဆိုလျှင်... သူတို့အတွက်... ကြောက်မက်ဖွယ် ပြိုင်ဘက်တစ်ဦး လျော့နည်းသွားပြီး... သူတို့ကိုယ်တိုင် ချိုးဖြတ်ရန် အခွင့်အရေး... ပိုမို များပြားလာမည် မဟုတ်ပါလား။
ဒုတိယအဆင့် ပြိုင်ပွဲ စတင်လာပြီး... ဖုန်းဝူချန်သည်... ပထမဆုံးအဖြစ်... ထပ်မံ ယှဉ်ပြိုင်ရသည်။ မမျှော်လင့်ဘဲ... သူ၏ ပြိုင်ဘက်က... အရှုံးပေးရန် ရွေးချယ်လိုက်၏။
ယခင်နေ့က... ဖုန်းဝူချန်၏ ကြောက်မက်ဖွယ် စွမ်းအားကို... မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ပြီးနောက်... ထိုကျောင်းသားသည်... သူက ကျန်းချင်း၏ ပြိုင်ဘက်ပင် မဟုတ်ကြောင်း... သိရှိသွားခဲ့သည်။ ...ဖုန်းဝူချန်ကို ယှဉ်ပြိုင်ဖို့ ဆိုလျှင်... ပို၍ပင်...။ တိုက်ခိုက်ရန် မျှော်လင့်ချက် တစ်စုံတစ်ရာ မမြင်သဖြင့်... အရှုံးပေးလိုက်ခြင်းက... ပို၍ ကောင်းမွန်သည် မဟုတ်ပါလား...။
မွန်းတည့်ချိန်တွင်... ဒုတိယအဆင့် ပြီးဆုံးသွားခဲ့သည်။
ဖုန်းဝူချန်နှင့် သွမ့်ဟုန်ရှီး အပါအဝင်... လူ (၈) ယောက် ပါဝင်သွားခဲ့ကြသည်။
ဤ (၈) ယောက်ထဲတွင်... ဖုန်းဝူချန်သည်... အစွမ်းအနည်းဆုံး ဖြစ်သော်လည်း... အခြား (၇) ယောက်မှာမူ... ကျန်းချင်းကို အနိုင်ယူနိုင်သည့် စွမ်းအားများ... ပိုင်ဆိုင်ထားကြသည်။
ထို (၇) ယောက်ထဲမှ... သူတို့အားလုံး မျှော်လင့်နေသည်မှာ... သူတို့၏ နောက်ပြိုင်ဘက်သည်... ဖုန်းဝူချန်... ဖြစ်လာရန်ပင်။ သူတို့၏ စွမ်းအားက... ကျန်းချင်းထက် သာလွန်သဖြင့်... သူတို့အားလုံး၌... ဖုန်းဝူချန်ကို အနိုင်ယူပြီး... အဆင့်တတ်ရန် အခွင့်အရေး ရှိနေကြသည်။ အခြား တစ်စုံတစ်ယောက်နှင့် ရင်ဆိုင်ရမည် ဆိုပါက... ဤမျှ လွယ်ကူလိမ့်မည် မဟုတ်ပေ...။
(၈) ယောက်ထဲမှ... အကယ်ဒမီက... အကြိုက်ဆုံးသူများမှာ... စူးလဲ့ယန်... သွမ့်ဟုန်ရှီးနှင့်... ယွမ်တန်ဘုံ တတိယအလွှာမှ 'မူရှန်' တို့ ဖြစ်ကြလေ၏။
သူတို့သည်... အကယ်ဒမီ၏ ထိပ်ဆုံး သုံးယောက်ပင်တည်း။
"ဖုန်းဝူချန်... နောက်ဆုံးတော့... မင်းကို... ငါ ရပြီ။ ပြီးတော့... ပထမဆုံး ပွဲစဉ်မှာတင်ပဲ...။ မင်းမှာ... အခွင့်အရေး မရှိတော့ဘူး"
သွမ့်ဟုန်ရှီးက သူ၏ မျက်ခုံးများကို လှုပ်ယမ်းလျက်... ရယ်မောလိုက်ပြီး... သူ ဆွဲနှိုက်လိုက်သော အမည်ကို... မြှောက်ပြလိုက်သည်။ ထိုအမည်မှာ... အမှန်တကယ်ပင်... ဖုန်းဝူချန်၏ အမည် ဖြစ်နေသည်။
အခြား ကျောင်းသားများမှာ... စိတ်ပျက်စွာ... တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပြီး... သူတို့၏ ကံကြမ္မာကို... လက်ခံလိုက်ကြတော့သည်။
ဖုန်းဝူချန်နှင့် သွမ့်ဟုန်ရှီးတို့ကြားမှ တိုက်ပွဲသည်... သံသယဖြစ်ဖွယ်မရှိ... အလွန်အမင်း စိတ်လှုပ်ရှားဖွယ် ကောင်းသော တိုက်ပွဲတစ်ပွဲ ဖြစ်လာမည်မှာ သေချာလေ၏...။
ကျောင်းသားများကြား၌... စိတ်လှုပ်ရှားမှုကို... ဖြစ်ပေါ်စေသည်။
သွမ့်ဟုန်ရှီးသည်... အင်ပါယာ၏ ထိပ်တန်း ပါရမီရှင် ဖြစ်၏... သူ၏ စွမ်းအားမှာ... ငြင်းဆိုဖွယ် မရှိပေ...။
"အင်ပါယာရဲ့ ထိပ်တန်း ပါရမီရှင်ရဲ့ စွမ်းအားကို... မြင်တွေ့ရမယ့်... အခွင့်အရေးကောင်းပဲ"
ဖုန်းဝူချန်က ခပ်ပြုံးပြုံးနှင့် ဆိုလိုက်ပြီး... စိုးရိမ်သော အရိပ်အယောင် တစ်စုံတစ်ရာ မပြပေ။
...ဒါက... ပြိုင်ပွဲ တစ်ခုသာ ဖြစ်သည်။ ရှုံးလျှင် ရှုံးမည်... နိုင်လျှင် နိုင်မည်...။
သူက...ဒီအပေါ်၌.... အလေးအနက် သိပ်မထားပေ...။
ထိုစဉ် ကျန်းယွင်ထျန်းက ကွင်းပြင်ပေါ်သို့ ခုန်တက်လိုက်ပြီး... မြေဓာတ် 'အစစ်အမှန်ယွမ်' စွမ်းအင်ကို လှုံ့ဆော်လိုက်ရာ... အံ့ဩဖွယ် မြင်ကွင်းတစ်ခု... ဖြစ်ပေါ်လာတော့သည်။
ကြီးမားသော အက်ကွဲကြောင်းများနှင့် တွင်းနက်များဖြင့် ပြည့်နှက်နေသော ရင်ပြင်ကွင်းကြီးမှာ... မျက်မြင်အားဖြင့်... ပြန်လည် ကုစားလာပြီး... သူ၏ မူလ အခြေအနေသို့... ပြန်ရောက်သွားလေသည်။
ပြိုင်ပွဲ၏ တတိယအဆင့် စတင်လာ၏။...
မဆိုင်းမတွပင် ဖုန်းဝူချန်သည်... သွမ့်ဟုန်ရှီးနှင့် တစ်ချိန်တည်း... ကွင်းပြင်ပေါ်သို့... တက်လှမ်းသွားရာ... ကျောင်းသားများထံမှ... ဟိန်းညံသော အားပေးသံများ... ထွက်ပေါ်လာ၏။
တစ်ဦးမှာ... အင်ပါယာ၏ ထိပ်တန်း ပါရမီရှင်...။
နောက်တစ်ဦးမှာ... အသွင်ပြောင်းဘုံ နဝမအလွှာမှ... ထူးကဲ ဆန်းကြယ်သော... အစွမ်းထက်သူ ဖြစ်ပြီး... မြေကမ္ဘာအဆင့် သိုင်းပညာကို... ပိုင်ဆိုင်ထားသူ...။
ဖုန်းဝူချန်အပေါ်... လောင်းကြေးထပ်သူ... သိပ်မများလှသော်လည်း... တိုက်ပွဲကတော့... သွေးဆူ လှုပ်ရှားဖွယ် ကောင်းမည်မှာ... သေချာလှသည်။
"ရှောင်ရှောင်... အစ်ကိုကြီးဖုန်း... နိုင်မယ်လို့... မင်း ထင်လား"
လျိုချင်းယန်က မေးလိုက်သည်။
ထိုအခါ လင်ရှောင်ရှောင်က ခေါင်းခါလိုက်ပြီး...
"ကျွန်မ... မသိဘူး...။ သွမ့်ဟုန်ရှီးက... အရမ်း သန်မာတယ်...။ အစ်ကိုကြီးဖုန်း... သူ့ကို... နိုင်မှာ မဟုတ်လောက်ဘူး"
...'အစ်ကိုကြီးဖုန်းရဲ့... သွေးမျိုးဆက်သာ... နိုးထလာရင်... သူ... ချက်ချင်း... ယွမ်တန်ဘုံကို... ဝင်ရောက်သွားနိုင်ပြီး... သွမ့်ဟုန်ရှီးကို... အနိုင်ယူနိုင်လောက်တယ်...။ ဒါပေမဲ့... အစ်ကိုကြီးဖုန်းရဲ့ သွေးမျိုးဆက်က... ဘယ်တော့... နိုးထလာမလဲ... မသေချာဘူးလေ'...
လင်ရှောင်ရှောင်က စိတ်ထဲမှ တွေးတောနေသည်။
သူမသည်... ဖုန်းဝူချန်၏ အောင်နိုင်မှု သို့မဟုတ် ရှုံးနိမ့်မှုအပေါ်... စိုးရိမ်ပူပန်ခြင်း မရှိဘဲ... သူ၏ သွေးမျိုးဆက် နိုးထလာမည့် အရေးကိုသာ... ပို၍ အာရုံစိုက်နေ၏။
လျိုချင်းယန်က ရုတ်တရက် စိုးရိမ်လာသည်။
"ဒါဆို... အဆင့်တက်ဖို့... အခွင့်အရေး မရှိတော့ဘူးပေါ့...။ သူ ရှုံးသွားရင်... ပါရမီရှင် စာရင်း သိုင်းပြိုင်ပွဲကို... ဝင်ပြိုင်ခွင့်... ရတော့မှာ မဟုတ်ဘူး"
"အာ…မင်း..အဲ့အကြောင်း... စဉ်းတောင် မစဉ်းစားနဲ့တော့...။ အဲ့ 'တောမျောက်' က... အရမ်း အစွမ်းထက်တယ်...။ မူရှန်ထက်တောင်... သန်မာသေးတယ်ဟ"
ကျောင်းသား တစ်ဦးက ခေါင်းခါရင်း ရှင်းပြလာသည်။
"ဟုတ်တယ်...။ မူရှန်က... ယွမ်တန်ဘုံ တတိယအလွှာပဲ...။ သူတောင်... သွမ့်ဟုန်ရှီးရဲ့ ပြိုင်ဘက် မဟုတ်ဘူး...။ အဲ့ 'တောမျောက်' က... ပုံမှန် မဟုတ်ဘူး လေ"
"မရှိဘူး.. မရှိဘူး..ဖုန်းဝူချန်မှာ... မျှော်လင့်ချက် မရှိဘူး"
ကျောင်းသားများက တစ်ယောက်ပြီးတစ်ယောက် ခေါင်းခါလိုက်ကြသည်။
အကယ်ဒမီ၌ ရှိနေကြသူများ ဖြစ်သဖြင့်... သူတို့သည်... သွမ့်ဟုန်ရှီး၏ စွမ်းအားကို... ကောင်းကောင်းကြီး အကျွမ်းဝင်ကြလေသည်။
ကျောင်းသားများ မပြောနှင့်... ရှင်းထျန်းဖုန်းနှင့် ကျန်းယွင်ထျန်းတို့ပင်လျှင်... ဖုန်းဝူချန်သည်... သေချာပေါက်... ရှုံးနိမ့်မည်ဟု... ထင်မှတ်နေကြသည်။
ဖုန်းဝူချန်နှင့် ကျန်းချင်းတို့ကြားမှ တိုက်ပွဲကို ကြည့်ခြင်းအားဖြင့်... ဖုန်းဝူချန်သည်... ကျန်းချင်းထက်... အနည်းငယ်သာ... ပို၍ သန်မာကြောင်း... မြင်တွေ့နိုင်သည်။
... သူ၏ စွမ်းအားကို... ဖုံးကွယ်ထားခဲ့သည့်တိုင်... ဖုန်းဝူချန်သည်... သွမ့်ဟုန်ရှီး၏ ပြိုင်ဘက်... မဟုတ်ပေ...။
"ဖုန်းဝူချန်... မင်းရဲ့ စွမ်းအား အကုန် ထုတ်သုံး...။ ဘာမှ ချန်မထားနဲ့...။ မဟုတ်ရင်... မင်း... အကြီးအကျယ် ရှုံးသွားလိမ့်မယ်"
ရင်ပြင်ကွင်းပေါ်၌... သွမ့်ဟုန်ရှီးက အနည်းငယ် စိတ်လှုပ်ရှားသော လေသံဖြင့် သတိပေးလိုက်သည်။
သူ၏ ပတ်ပတ်လည်တွင် 'အစစ်အမှန်ယွမ်' စွမ်းအင်များ... အရူးအမူး စီးဆင်းလာပြီး... အပြာရောင် အလင်းတန်းများ... တောက်ပလာကာ... သူ၏ အရှိန်အဝါမှာ... အံ့မခန်း ဖြစ်နေ၏။
သွမ့်ဟုန်ရှီး၏ 'အစစ်အမှန်ယွမ်' စွမ်းအင်မှာ... မယုံနိုင်လောက်အောင်... အစွမ်းထက်ပြီး... ပြင်းထန်လှရာ... ယခုလေးတင်... ပြန်လည် ပြုပြင်ထားသော မြေပြင်မှာ... နောက်တစ်ကြိမ်... အက်ကွဲလာ
တော့သည်။
သွမ့်ဟုန်ရှီး၏ စွမ်းအားကို ခံစားမိကြသောအခါ... ကျောင်းသားများမှာ... အလွန်အမင်း စိတ်လှုပ်ရှားသွားကြ၏။
‘သူ... အင်ပါယာရဲ့ နံပါတ်တစ် ပါရမီရှင် ဆိုတဲ့ ဂုဏ်ပုဒ်နဲ့... တကယ် ထိုက်တန်တာပဲ...။ တကယ်... အထင်ကြီးစရာပဲ’
ဖုန်းဝူချန်က ကြိတ်၍ ချီးကျူးလိုက်ပြီး... သူ၏ နဂါးနတ်ဘုရား စွမ်းအား အားလုံးကို... မချန်လှပ်ထားဘဲ... ထုတ်ဖော်လိုက်သည်။
သူ၏ အရေပြားပေါ်၌... ခပ်ဖျော့ဖျော့ ရွှေရောင် အလင်းတန်းများ... ထွက်ပေါ်လာပြီး... လေဟာနယ်ထဲသို့... လက်ဆန့်လိုက်ရာ... မီးလျှံဓား... ပေါ်ထွက်လာသည်။ သူ၏ အရှိန်အဝါမှာ... နောက်တစ်ကြိမ်... မြင့်တက်လာပြန်၏။
"သာလွန်အဆင့် ရတနာ"
ကျောင်းသားများက အော်ဟစ်လိုက်ကြပြီး... သူတို့၏ မျက်လုံးများမှာ... မနာလိုမှုများဖြင့်... ပြည့်နှက်နေသည်။
"ဖုန်းဝူချန်... တကယ်ပဲ... သူ့ရဲ့ စွမ်းအားကို... ဖုံးကွယ်ထားခဲ့တာပဲ"
ကျန်းချင်းက ပြောဆိုကာ မျက်မှောင်ကြုတ်လိုက်သည်။
ထိုစဉ် မူရှန်က လေးနက်စွာ ဆိုသည်။
"'တောမျောက်' က... အရမ်း အစွမ်းထက်တယ်...။ ဖုန်းဝူချန်... အစွမ်းကုန် ထုတ်သုံးရလိမ့်မယ်...။ မဟုတ်ရင်... သူ... အကြီးအကျယ် ရှုံးနိမ့်သွားလိမ့်မယ်...။ ပြီးတော့... သူ... ဒီတစ်ခါ... သူ့စွမ်းအားကို... ချန်ထားမှာ မဟုတ်တော့ဘူး"
"သူ... အစွမ်းကုန် တိုက်ခိုက်ရင်တောင်... 'တောမျောက်' ရဲ့ ပြိုင်ဘက်... မဟုတ်သေးဘူး...။ စွမ်းအား ကွာဟချက်က... ကြီးလွန်းတယ်"
စူးလဲ့ယန်က ခေါင်းခါလိုက်သည်။
ရင်ပြင်ကွင်းပေါ်၌... ဖုန်းဝူချန်သည်... မီးလျှံဓားကို ကိုင်ဆောင်ထားလျက်... သူ၏ မျက်နှာထားမှာ... လေးနက်နေ၏။
"ဖုန်းဝူချန်...။ လာခဲ့"
သွမ့်ဟုန်ရှီးက စိတ်လှုပ်ရှားစွာ စိန်ခေါ်လိုက်သည်။ ဤအခိုက်အတန့်ကို... သူ... အချိန်အတော်ကြာ... စောင့်ဆိုင်းနေခဲ့ရသည်လေ။
"ဝုန်း"
ဖုန်းဝူချန်၏ မျက်လုံးများ... ပြင်းထန်စွာ... လင်းလက်သွားပြီး... သူ၏ ခြေထောက်များဖြင့်... မြေပြင်ကို... ပေါက်ကွဲစေလျက်... ပြင်းထန်သော တိုက်ခိုက်မှုတစ်ခုကို... စတင်လိုက်သည်။
"နဂါးနတ်ဘုရား အရိပ်"
ဖုန်းဝူချန်က အသံတိုးတိုးဖြင့် ကြွေးကြော်လိုက်ပြီး... သူ၏ အရှိန်မှာ... နှစ်ဆ တိုးမြင့်သွားကာ... လျင်မြန်စွာ... လှုပ်ရှားလိုက်သည်။
စက္ကန့်ပိုင်း အတွင်းမှာပင်... ဖုန်းဝူချန်သည်... သွမ့်ဟုန်ရှီး၏ ရှေ့မှောက်သို့... ရုတ်တရက်... ပေါ်ထွက်လာပြီး... မီးလျှံဓားဖြင့်... နှောင့်နှေးခြင်း... တုံ့ဆိုင်းခြင်း မရှိဘဲ... တစ်ချက်တည်း... ထိုးစိုက်လိုက်သည်။
သွမ့်ဟုန်ရှီးက လျင်မြန်စွာ လှုပ်ရှားလိုက်ပြီး... ‘ချွင်’ဟူသော ... ပြတ်သားသော အသံ တစ်သံ ထွက်ပေါ်လာသည်။ သူသည်... ဖုန်းဝူချန်၏ ဓားဖျားကို... လက်ညှိုး နှစ်ချောင်းဖြင့်... ဖမ်းညှပ်လိုက်ပြီး... မီးလျှံဓားကို... လက်မဝက်ပင်... ရှေ့ဆက် မတိုးနိုင်အောင်... တားဆီးလိုက်သည်။
ဖုန်းဝူချန်၏ စွမ်းအားမှာ... သွမ့်ဟုန်ရှီးကြောင့်... ချက်ချင်းပင်... တန်ပြန် ခုခံခြင်း... ခံလိုက်ရသည်။
ဖုန်းဝူချန်... အနည်းငယ်... မျက်မှောင်ကြုတ်လိုက်မိသည်။
...'ဟာကွက် ကင်းမဲ့တယ်...။ သူ့ရဲ့ စွမ်းအားက... ကျန်းချင်းထက်... အများကြီး... သာတာပဲ..။ သူတို့နှစ်ယောက်က... ယှဉ်လို့တောင် မရဘူး...။ ဒီလူက... ယွမ်တန်ဘုံ တတိယ အလွှာနဲ့တောင်... ယှဉ်ပြိုင်ဖို့... လုံလောက်နေလောက်ပြီ'...။
"ထန်...ထန်…ထန်.."
ဖုန်းဝူချန်၏ ပုံရိပ်မှာ... လျင်မြန်စွာ... လှုပ်ရှားနေပြီး... သွမ့်ဟုန်ရှီး၏ ပတ်ပတ်လည်မှ... တိုက်ခိုက်မှုများကို... စတင်လိုက်သည်။ သို့သော်... ဖုန်းဝူချန်ကို... အံ့အားသင့်သွားစေသည်မှာ... သွမ့်ဟုန်ရှီးသည်... နေရာမှ... လှုပ်ရှားခြင်း မရှိဘဲ... သူ၏ တိုက်ခိုက်မှု အားလုံးကို... လက်ညှိုး နှစ်ချောင်းတည်းဖြင့်သာ... တားဆီးနေခြင်းပင်...။
သွမ့်ဟုန်ရှီး၏ စွမ်းအားမှာ... အလွန် သန်မာလှသည်။
...မယုံနိုင်လောက်အောင်... သန်မာလှ ပေသည်။
"ဒါ... ဒါ... သန်မာလွန်းတာ... မဟုတ်ဘူးလား"
လျိုချင်းယန်၏ မျက်လုံးများမှာ...လင်ဗန်းလို ပြူးထွက်နေသည်။
မြောင်ချင်းချင်းက ခါးသီးစွာ ပြုံးလိုက်ပြီး...
"ကြည့်ရတာ... သူ... နိုင်မှာ မဟုတ်တော့ဘူး"
ရင်ပြင်ကွင်း ပတ်ပတ်လည်၌... ကျောင်းသားများမှာ... အရူးအမူး... အားပေး ကြွေးကြော်နေကြပြီး... သူတို့၏ စိတ်လှုပ်ရှားမှုမှာ... အဆုံးအစ မရှိ ဖြစ်နေတော့သည်။
နတ်ဆိုးနဂါး၏ ပေါများလှသော တိုက်ခိုက်ရေး အတွေ့အကြုံများ ရှိနေသည့်တိုင်... ဖုန်းဝူချန်သည်... အလွန်အမင်း အစွမ်းထက်သော ပြိုင်ဘက်မျိုးနှင့် ရင်ဆိုင်ရသည့်အခါ... များစွာ မတတ်နိုင်ခဲ့ပေ...။
မီးလျှံဓား၏ တိုက်ခိုက်မှုမှာ... အရာမထင်သဖြင့်... ဖုန်းဝူချန်က... ချက်ချင်းပင်... ဘယ်ဘက် လက်သီးဖြင့်... ထိုးနှက်လိုက်သည်။
"ဘုန်း"
ဖုန်းဝူချန် လက်သီး ထိုးနှက်လိုက်သည့် ထိုအခိုက်... သွမ့်ဟုန်ရှီးက... လှုပ်ရှားလိုက်ပြီး... ထိုလက်သီးကို... သူ၏ လက်သီးဖြင့်... ရင်ဆိုင်လိုက်သည်။
ဖုန်းဝူချန်၏ အသားအရေမှာ... ရုတ်တရက်…
ပြောင်းလဲသွားကာ... သွမ့်ဟုန်ရှီး၏ အလွန်အမင်း အစွမ်းထက်သော စွမ်းအားကြောင့်... ပစ်လွင့်သွားတော့သည်။
"ဖုန်းဝူချန်... ငါ ပြောသားပဲ...။ ငါ... သဘောကောင်းမှာ မဟုတ်ဘူးလို့"
ဖုန်းဝူချန်... မြေပြင်ပေါ်သို့... မကျရောက်သေးခင်မှာပင်... သွမ့်ဟုန်ရှီး၏ အသံကို... သူ၏ နားထဲ၌... ကြားလိုက်ရသည်။
‘မြန်လိုက်တာ’
ဖုန်းဝူချန်၏ မျက်နှာ အမူအရာ... နောက်တစ်ကြိမ်... ပြောင်းလဲသွားပြန်သည်။
"အုန်း"
သွမ့်ဟုန်ရှီး၏ အရှိန်မှာ... ကြောက်မက်ဖွယ် ကောင်းလောက်အောင်... လျင်မြန်လှ ၏။... ဝိုးတဝါး လှုပ်ရှားကာ... အနားသို့ ရောက်ရှိလာပြီး... ဖုန်းဝူချန်၏ ရင်ဘတ်ကို... လက်သီးဖြင့် ထိုးနှက်လိုက်သည်။
"ဝေါ့”
ကြမ်းတမ်းလှသော စွမ်းအားကြောင့်... ဖုန်းဝူချန်မှာ... သွေးတစ်လုတ် အန်ထုတ်လိုက်ရပြီး... သူ၏ ပုံရိပ်မှာ... အနက်ရောင် မျဉ်းတစ်ကြောင်းကဲ့သို့... ပစ်ထွက်သွားတော့သည်။
စွမ်းအား ကွာဟချက်မှာ... ကြီးမားလွန်းလှသဖြင့်... ဖုန်းဝူချန်သည်... တစ်ချက်တည်းပင်... မခံနိုင်သည့်အလား... ထင်ရသည်။
သူ၏ အစွမ်းထက်သော ခန္ဓာကိုယ် ရှိနေသည့်တိုင်... ဖုန်းဝူချန်သည်... သွမ့်ဟုန်ရှီး၏ စွမ်းအားကို... မခုခံနိုင်ခဲ့ပေ...။
မီးလျှံဓားကို မြေပြင်၌ စိုက်ထိုးလိုက်ပြီး... မီတာ အနည်းငယ်ခန့်... လျှောတိုက်သွားပြီးမှ... ဖုန်းဝူချန်သည်... သူ၏ ကိုယ်ဟန်ကို... နောက်ဆုံး၌... တည်ငြိမ်အောင်... ထိန်းနိုင်လိုက်သည်။
"သန်မာလိုက်တာ"
ဖုန်းဝူချန်သည်လည်း... အတွင်းစိတ်ထဲ၌... အလွန်အမင်း... တုန်လှုပ်ခြောက်ခြားသွားသည်။ သွမ့်ဟုန်ရှီး... ဤမျှ အစွမ်းထက်လိမ့်မည်ဟု... သူ... မမျှော်လင့်ခဲ့ပေ...။
ပထမဆုံး အကြိမ်အဖြစ်... ဖုန်းဝူချန်သည်... မယှဉ်နိုင်သလို... ခံစားလိုက်ရသည်။
"ဖုန်းဝူချန်... ဘယ်လိုလဲ။ ငါ့ရဲ့ စွမ်းအားက... မင်းကို... စိတ်ပျက်အောင်... မလုပ်ခဲ့ဘူး... မဟုတ်လား"
သွမ့်ဟုန်ရှီး၏ အသံက... ထပ်မံ ထွက်ပေါ်လာပြန်သည်။ သူသည်... ဖုန်းဝူချန်၏ နောက်ကျော၌... ပေါ်ထွက်လာပြီး ဖြစ်သည်။
"ခင်ဗျားက... ကျွန်တော် ထင်ထားတာထက်... ပိုသန်မာတယ်...။ အင်ပါယာရဲ့ နံပါတ်တစ် ပါရမီရှင် ဆိုတဲ့ ဂုဏ်ပုဒ်နဲ့... တကယ် ထိုက်တန်တာပဲ"
ဖုန်းဝူချန်က တည်ငြိမ်စွာ ပြန်ပြောလိုက်ပြီး... ပါးစပ်ထောင့်မှ ပေနေသော သွေးများကို... သုတ်လိုက်သည်။
ထိုသို့ ဆိုပြီးနောက်... ဖုန်းဝူချန်က... ကိုယ်ကို လှည့်ပတ်လိုက်ပြီး...မီးလျှံ ဓားဖြင့်... လွှဲယမ်း တိုက်ခိုက်လိုက်သည်။
သွမ့်ဟုန်ရှီးမှာ...... မြန်ဆန်စွာ ရှောင်တိမ်းလိုက်ပြီး... နောက်တစ်စက္ကန့်တွင်... မိုးခြိမ်းသံကဲ့သို့... ပေါက်ကွဲသံကြီး ထွက်ပေါ်လာ၏။
"ဘုန်း"
ဖုန်းဝူချန်မှာ... သွေးများ... ထပ်မံ အန်ထုတ်လိုက်ရပြီး... သူ၏ ပုံရိပ်မှာ... (၁၀) မီတာ ကျော်ခန့်အထိ... အဟုန်ပြင်းစွာ ပစ်လွှင့်သွားတော့သည်။
သွမ့်ဟုန်ရှီး၏ လက်သီး နှစ်ချက်ကို... ခံလိုက်ရပြီးနောက်... ဖုန်းဝူချန်၏ ဒဏ်ရာများမှာ... ယခုအခါ... အတော်လေး... ပြင်းထန်နေလေပြီ။