ကျန်းချင်းနှင့် တိုက်ခိုက်ခြင်း
Vol. 8 Ch. 108
~"ဖုန်းဝူချန်ကတော့ တကယ် ကံဆိုးတာပဲ...။ ပထမဆုံး ပြိုင်ဘက်မှာတင် မင်းနဲ့ လာတွေ့ရတယ်...။ ဒါပေမဲ့... သူ ဘယ်လောက် သန်မာလဲ ဆိုတာ ကြည့်ရတာပေါ့"
လူငယ် တစ်ဦးက ခပ်ဖျော့ဖျော့ ပြုံးရင်း ဆိုသည်။
"မင်း ထင်သလောက်... သူနဲ့ တွေ့ရတာ မလွယ်ဘူး...။ ဖုန်းဝူချန်ရဲ့ မျက်လုံးတွေက အရမ်း ထူးခြားတယ်...။ သူ့ကို လျှော့တွက်မိရင်... မင်း သေချာပေါက် အဆုံးသတ် မလှဘူး"
ကျန်းချင်းက လေသံအေးအေးဖြင့် တုံ့ပြန်လိုက်ပြီး... ဖုန်းဝူချန်ကို တစ်ချက် လှမ်းကြည့်ကာ... ရင်ပြင်ကွင်းဆီသို့ ဖြည်းညင်းစွာ လျှောက်လှမ်းသွားတော့သည်။
"ဖုန်းဝူချန်ရဲ့ စွမ်းအားကို... လျှော့တွက်လို့ မရဘူး...။ သူက... အတော်လေး ကြောက်စရာကောင်းတဲ့ ပြိုင်ဘက်တစ်ယောက်ပဲ"
နောက်ထပ် လူငယ် တစ်ဦးက လေးနက်စွာ ဖြည့်စွက်လိုက်၏။
ကျန်းချင်း ရင်ပြင်ကွင်းပေါ်သို့ တက်လှမ်းသွားသည်နှင့်... ကျောင်းသားများစွာတို့က သူ၏ အမည်ကို စိတ်လှုပ်ရှားစွာ အော်ဟစ် ကြွေးကြော်လိုက်ကြလေပြီ။
ရင်ပြင်ကွင်းသည်ကား... ပြိုင်ပွဲကွင်းပင်တည်း။
အားလုံး အလွတ်တမ်း တိုက်ခိုက်နိုင်ရန် လုံလောက်စွာ ကျယ်ဝန်းလှ၏။
"အဲ့ဒါ ကျန်းချင်းပဲ"
ဖုန်းဝူချန်က ရင်ပြင်ကွင်းပေါ်မှ ကျန်းချင်းကို ကြည့်လိုက်သော်လည်း... သူ၏ မျက်နှာထက်၌ စိုးရိမ်သောက လုံးဝ မရှိနေပေ။
...
"ကြည့်ရတာ... လူတော်တော်များများက မင်းရဲ့ စွမ်းအားကို သိချင်နေကြပုံပဲ။ ကျန်းချင်းက မညံ့ဘူးနော်...။ မင်း... ပထမဆုံး တက်တိုက်ပြီး... ပထမဆုံး အထုတ်ခံရတဲ့လူ မဖြစ်အောင်တော့ ဂရုစိုက်ဦး"
သွမ့်ဟုန်ရှီးက သူတပါး ဒုက္ခရောက်မှာကို ပျော်ရွှင်သော လေသံဖြင့် ဆို၏။
"ယွမ်တန်ဘုံ ပထမအလွှာ... အထွတ်အထိပ် စွမ်းအား...။ အင်း... တကယ် သန်မာတာပဲ"
ဖုန်းဝူချန်က ခပ်ဖျော့ဖျော့ ပြုံးရင်း... ကြောက်ရွံ့ခြင်းမရှိဘဲ ဆိုလိုက်သည်။
"ခင်ဗျား... သူနဲ့ တိုက်ခိုက်ဖူးလား" ဟု သူက ပေါ့ပေါ့ပါးပါးပင် မေးလိုက်၏။
ထိုအခါ သွမ့်ဟုန်ရှီးက ဖုန်းဝူချန်၏ ပခုံးကို ကြွားဝါစွာ ပုတ်လိုက်ပြီး...
"မင်းသာ သူ့ကို မနိုင်ရင်... ငါ့ကို နိုင်ဖို့ဆိုတာ ပိုတောင် အခွင့်အရေး နည်းသွားပြီ...။ ဒါပေမဲ့... မင်းက ဟွမ်ဖူချင်းကိုတောင် ဖြိုချနိုင်ခဲ့မှတော့... သူ့ကို ဖြေရှင်းရတာ... ပြဿနာ ရှိမနေသင့်ဘူး"
ဖုန်းဝူချန်က ခေါင်းခါလိုက်ပြီးနောက်... ရင်ပြင်ကွင်းဆီသို့ ထွက်ခွာသွားတော့သည်။
...'တစ်လတည်းနဲ့... မင်းက... ကောင်းကင်အရိပ် မြင်းသည်တော်တပ်ဖွဲ့နဲ့ အလံနက်တပ်မတော်ရဲ့ စွမ်းအားကို... ဒီလောက် သိသိသာသာ တိုးတက်အောင် လုပ်နိုင်ခဲ့တယ်...။ ပြီးတော့... သူတို့ရဲ့ အကြွင်းမဲ့ သစ္စာခံမှုကိုလည်း ရခဲ့တယ်...။ ခမည်းတော်.. (ဧကရာဇ်) က... မင်းကို... လက်နက်သန့်စင်သူ တစ်ယောက် ဖြစ်လို့... အလေးထားတာ... တစ်ခုတည်းတော့ မဟုတ်ဘူး...။ ဖုန်းဝူချန်... မင်းရဲ့ စွမ်းအားကို... ငါ့ကို ပြစမ်း'...
သွမ့်ဟုန်ရှီးက စိတ်ထဲမှ တွေးတောလိုက်ပြီး... သူ၏ အကြည့်တို့မှာ... ရင်ပြင်ကွင်း အတွင်းမှ ဖုန်းဝူချန်အပေါ်၌ စူးစိုက်နေလေသည်။
သူသည် ဖုန်းဝူချန်နှင့် ပတ်သက်၍ အတော်လေး အသိ နက်နဲလှပြီး... သူနှင့် သက်ဆိုင်သော အရာအားလုံးကို လက်တွေ့ကျကျ သိရှိထား၏။
ဤအချက်ကြောင့်ပင်... သွမ့်ဟုန်ရှီးသည် ဖုန်းဝူချန်ကို... ပို၍ပင်... စိတ်ဝင်စားလာခဲ့ခြင်း ဖြစ်သည်။
ဖုန်းဝူချန် ရင်ပြင်ကွင်းပေါ်သို့ တက်လှမ်းသွားသည်နှင့်... ကျောင်းသားများအားလုံး တိတ်ဆိတ် ငြိမ်သက်သွားကြပြီး... မျက်လုံး အားလုံးမှာ... သူ့အပေါ်သို့ ကျရောက်လာကြ၏။
ဖုန်းဝူချန်သည်... အကယ်ဒမီ၏ တစ်ဦးတည်းသော... "ဂုဏ်ထူးဆောင်" ကျောင်းသား ဖြစ်သည်။
လူတိုင်းသည်... သူ၏ အရည်အချင်း အတိုင်းအတာကို... အလွန်အမင်း သိမြင်လိုနေကြသည်။
"ဖုန်းဝူချန်... မင်းရဲ့ စွမ်းအားကို... ငါ့ကို ပြပါ"
ကျန်းချင်းက တည်ငြိမ်စွာ ဆိုလိုက်သည်...။
စကား အဆုံး၌ သူ၏ အတွင်း 'အစစ်အမှန်ယွမ်' စွမ်းအင်များ ရုန်းကြွလာပြီး... အလွန်အမင်း သန်မာသော အရှိန်အဝါ တစ်ခုကို ထုတ်လွှတ်လိုက်သည်။
အစွမ်းထက်သော စွမ်းအင် တစ်ခု ပေါက်ကွဲလာကာ... ရင်ပြင်ကွင်း၏ မြေပြင်မှ ဖုန်မှုန့်များကို လွင့်စဉ်သွားစေ၏။
...'သူ... တကယ် သန်မာတာပဲ'...
ဖုန်းဝူချန်က စိတ်ထဲမှ တွေးလိုက်ပြီး... သူ၏ မျက်နှာထားမှာ ပို၍ လေးနက်သွားသည်။
ဤမျှ သန်မာသော ပြိုင်ဘက်မျိုးနှင့် ရင်ဆိုင်ရသည်တွင်... ဖုန်းဝူချန်သည် လျှော့မတွက်ရဲတော့ပေ...။
သူ့ကိုယ်မှ နဂါးနတ်ဘုရား စွမ်းအားများလည်း... လှုပ်ရှား နိုးကြွလာတော့သည်။
ဤအခိုက်အတန့်တွင်... မျက်လုံး အားလုံးသည်... သူ့အပေါ်၌ စူးစိုက်နေကြ၏။
အစွမ်းထက်ပြီး ပြင်းထန်သော စွမ်းအားများက ဖုန်းဝူချန်၏ ခန္ဓာကိုယ်မှ ပေါက်ကွဲ ထွက်ပေါ်လာသည်။ သူ၏ ကိုယ်ရောင်ကိုယ်ဝါ တစ်ခုလုံးမှာ... ခပ်ဖျော့ဖျော့ ရွှေရောင်အလင်းဖြင့် တောက်ပလာပြီး... ရွှေရောင် စစ်နတ်ဘုရား တစ်ပါးအလား ထင်မှတ်ရလေသည်။
သို့သော်... လူတိုင်းကို စိတ်ပျက်သွားစေသည့် အချက်မှာ... ဖုန်းဝူချန်၏ ကျင့်ကြံမှုအဆင့်သည်... အသွင်ပြောင်းဘုံ နဝမအလွှာ၌သာ ရှိနေခြင်းပင်တည်း။
"အထွတ်အထိပ် အဆင့် အသွင်ပြောင်းဘုံ နဝမအလွှာ"
ကျန်းချင်းမှာ ခေတ္တမျှ မှင်တက်သွားပြီး... ဖုန်းဝူချန်သည်... အသွင်ပြောင်းဘုံ နဝမအလွှာ အထွတ်အထိပ် အဆင့်၌သာ... ရှိနေသေးသည်ကို... မယုံကြည်နိုင် ဖြစ်သွားသည်။
"အသွင်ပြောင်းဘုံ နဝမအလွှာ...။ ဟုတ်လို့လား...။ ကျန်းချင်း မပြောနဲ့... သာမန် ယွမ်တန်ဘုံ ပထမအလွှာ တစ်ယောက်တောင်... သူ့ကို အနိုင်တိုက်နိုင်တယ်"
"ငါက... ဖုန်းဝူချန်ကို... တော်တော် သန်မာလိမ့်မယ် ထင်နေတာ...။ တကယ်ပဲ... မျှော်လင့်ချက် ကြီးလေ... စိတ်ပျက်ရတာ... များလေပဲ"
"စိတ်ပျက်စရာကြီး...။ ဒါပေမဲ့... တစ်နှစ်တည်းနဲ့... ဒီလောက် မြန်မြန် တိုးတက်လာတာကတော့... တကယ် ကြောက်စရာပဲ...။ 'တောမျောက်' (မင်းသားငယ်) တောင်... ဒီလောက် ကြောက်စရာကောင်းတဲ့ အရှိန်နဲ့... လေ့ကျင့်နိုင်မှာ မဟုတ်ဘူး"
ကျောင်းသားများစွာတို့က စိတ်ပျက်စွာ ခေါင်းခါလိုက်ကြသည်။ ကျန်းချင်းကို အနိုင်ယူနိုင်မည့်သူအဖြစ်... ဖုန်းဝူချန်အပေါ်... မည်သူမျှ အကောင်း မမြင်ကြတော့...။ သို့သော်... သူ၏ လေ့ကျင့်နှုန်းကတော့... သူတို့ကို ကြောက်လန့်တကြား ဖြစ်စေခဲ့သည်။
ကျင့်ကြံမှုအဆင့် ကွာဟချက်က... သိသာလွန်းလှသည်...။ ဖုန်းဝူချန်... ကျန်းချင်းကို အနိုင်ယူနိုင်မည့် နည်းလမ်း... လုံးဝ မရှိပေ...။
"ကျန်းချင်းက... စိုးရိမ်လွန်နေတာပါလို့... ငါ ပြောသားပဲ...။ အသွင်ပြောင်းဘုံ နဝမအလွှာလေးတင်...။ သူ... အဲ့လူကို... နှစ်ချက်၊သုံးချက်တည်းနဲ့..အနိုင်အရှုံးကွဲသွားအောင် လုပ်နိုင်တယ်"
ကျန်းချင်းကို သိသော ကျောင်းသားတစ်ဦးက မာနကြီးစွာ ဆိုလိုက်၏။
"ဖုန်းဝူချန်ရဲ့ 'အစစ်အမှန်ယွမ်' က... 'ချီ'စွမ်းအားက... ငါတို့နဲ့... လုံးဝ ကွဲပြားနေသလိုပဲ...။ အဲ့ဒါ... ဘယ်လို စွမ်းအားမျိုးလဲ မသိဘူး...။ ...ငါ ထင်တာတော့... ကျန်းချင်းတောင်... လွယ်လွယ်နဲ့ နိုင်မှာ မဟုတ်ဘူး"
ယွမ်တန်ဘုံ ဒုတိယ အလွှာမှ ကျောင်းသား တစ်ဦးက တွေးဆလိုက်သည်။
စွမ်းအား ပိုကြီးသော ကျောင်းသားဟောင်း အချို့မှာလည်း... ဖုန်းဝူချန်ကို လျှော့မတွက်ရဲကြပေ...။
အဘယ်ကြောင့်ဆိုသော်... သူ၏ 'အစစ်အမှန်ယွမ်' မှ 'ချီ' အငွေ့အသက်က... သူတို့အတွက်... အလွန် ထူးဆန်းနေသောကြောင့် ဖြစ်သည်။
သူ၏ ခဏတာ တုန်လှုပ်မှုမှ ပြန်လည် လွတ်မြောက်လာပြီးနောက်... ကျန်းချင်းက မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။
"ဖုန်းဝူချန်...။ ဒါ... မင်းရဲ့ စွမ်းအား... အကုန်ပဲလား"
ကျန်းချင်း၏ စကားလုံးများထဲတွင်... သံသယနှင့် မထီမဲ့မြင် ပြုမှုတို့ ရောနှော ပါဝင်နေ၏။
ဖုန်းဝူချန်၏ ကျင့်ကြံမှု အဆင့်သည်... အနည်းဆုံး ယွမ်တန်ဘုံ အထက်တွင် ရှိလိမ့်မည်ဟု... သူ ထင်မှတ်ထားခဲ့သည်။
သို့သော်... ယခု... ထိုသူသည်... ထိုအဆင့်သို့ပင်... မထိုးဖောက်နိုင်သေး...။
"မဟုတ်ရင်ရော"
ဖုန်းဝူချန်က လေသံအေးအေးဖြင့် တုံ့ပြန်လိုက်သည်။
ဖုန်းဝူချန်၏ လုံးဝ အလေးမထားဟန်ကို မြင်သော်... ကျန်းချင်းက မျက်မှောင် ထပ်ကြုတ်လိုက်မိ၏။
...'ဒီလူ... အားနည်းသလိုလို... အားကြီးသလိုလို'...။
ထိုကိစ္စမှာ... သူ တစ်ခါမျှ မခံစားဖူးသော ခံစားချက်ပင် ဖြစ်သည်။
"ဘုန်း"
ဖုန်းဝူချန်က ပထမဆုံး စတင် တိုက်ခိုက်လိုက်သည်။ သူ၏ ခြေထောက် မြေပြင်ကို ဆောင့်နင်းလိုက်သည့် ထိုအခိုက်... 'ဘုန်း' ခနဲ အသံတစ်သံ ထွက်ပေါ်လာပြီး... သူ၏ ပုံရိပ်မှာ... ဒုံးပျံ တစ်စင်းကဲ့သို့ ပစ်ထွက်သွားကာ... အံ့မခန်းသော အရှိန်အဟုန်ဖြင့်... ကျန်းချင်းထံသို့ တိုးဝင်သွားတော့သည်။
ဖုန်းဝူချန်၏ အရှိန်အဝါမှာ အလွန် ပြင်းထန်လှပြီး... အရာအားလုံးကို လွှမ်းမိုး ဖိနှိပ်နိုင်သည့်အလား ထင်ရ၏။
"မြန်လိုက်တာ"
ကျန်းချင်း၏ မျက်နှာ အမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး... ဖုန်းဝူချန်၏ မယုံနိုင်ဖွယ် အရှိန်ကြောင့် တုန်လှုပ်သွားသည်။
မျက်စိတစ်မှိတ် အတွင်းမှာပင်... ဖုန်းဝူချန်က အနားသို့ ရောက်ရှိလာပြီး... ချက်ချင်းပင် ကျန်းချင်းထံသို့ လက်သီးတစ်လုံး ထိုးနှက်လိုက်သည်။ သူ၏ လက်သီးမှာ ကျားတစ်ကောင်ကဲ့သို့ ပြင်းထန်လှပြီး... ပေါက်ကွဲအားများဖြင့် ပြည့်နှက်နေ၏။
ကျန်းချင်း၏ မျက်နှာထားမှာ လေးနက်သွားသည်။ သူ ထိုတိုက်ခိုက်မှုကို လျှော့မတွက်ရဲဘဲ... လက်သီးဖြင့် ပြန်လည် တုံ့ပြန် ထိုးလိုက်သည်။
"အုန်း"
သူတို့၏ လက်သီးများ ပြင်းထန်စွာ တိုက်မိသွားပြီး... စူးရှသော အသံကြီး ထွက်ပေါ်လာလေသည်။ ကြမ်းတမ်းလှသော စွမ်းအင် အား လှိုင်း အကြွင်းအကျန်များက အရပ်မျက်နှာသို့ ပြင်းထန်စွာ ပျံ့နှံ့သွားပြီး... မြေပြင်မှာလည်း အက်ကွဲသွားတော့သည်။
သို့သော်... လူတိုင်းကို တုန်လှုပ်သွားစေသည့် အချက်မှာ... ကျန်းချင်းသည်... ဖုန်းဝူချန်၏ လက်သီးကြောင့်... ခြေလှမ်း အနည်းငယ်... နောက်သို့... ဆုတ်သွားခဲ့ရခြင်းပင်။
"ဒါ... ဒါ... ဘယ်လို ဖြစ်နိုင်မှာလဲ"
ကျန်းချင်း၏ မျက်နှာ အမူအရာ ချက်ချင်း ပြောင်းလဲသွားပြီး... မျက်လုံး အပြူးသားဖြင့်... ဖုန်းဝူချန်ကို စိုက်ကြည့်နေမိသည်။
...'ခုနက... ဖုန်းဝူချန်ရဲ့ လက်သီးထဲက စွမ်းအားကို... ငါ... ရှင်းရှင်းလင်းလင်း သိလိုက်တယ်'...
ကျောင်းသား အားလုံး... မှင်တက်သွားကြပြီး... လုံးဝ တိတ်ဆိတ် ငြိမ်သက်သွားကြ၏။
ကျန်းယွင်ထျန်းမှလွဲ၍... ကျောင်းအုပ်ကြီး... အခြား အကြီးအကဲများနှင့် နည်းပြများ အားလုံးလည်း... လုံးဝ မှင်တက် အံ့အားသင့်နေကြသည်။
...'အသွင်ပြောင်းဘုံ နဝမအလွှာ အထွတ်အထိပ်က... တကယ်ပဲ... ဒီလောက် ကြောက်စရာကောင်းတဲ့ စွမ်းအားကို... ပိုင်ဆိုင်နိုင်လို့လား'...
"ဖုန်းဝူချန်ရဲ့ စွမ်းအားက... ယွမ်တန်ဘုံနဲ့... ယှဉ်ပြိုင်ဖို့... လုံလောက်နေပြီ"
ရှင်းထျန်းဖုန်းက ကြေညာလိုက်သော်လည်း... သူ၏ မျက်လုံးများမှာ... တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေဆဲ...။
"ဟွမ်ဖူချင်းက... ဖုန်းဝူချန်ရဲ့ လက်ထဲမှာ... သေခဲ့တာ...။ ဟွမ်ဖူချင်းရဲ့ စွမ်းအားနဲ့ဆို... သူက... ကျန်းချင်းထက်... နည်းနည်းလေးပဲ... အားနည်းတာ" ဟု ကျန်းယွင်ထျန်းက ခပ်ဖျော့ဖျော့ ပြုံးရင်း ထုတ်ဖော် ပြောလိုက်သည်။
"ဟင်...။ ဟွမ်ဖူချင်းက... ဖုန်းဝူချန် သတ်လိုက်တာလား"
ရှင်းထျန်းဖုန်းနှင့် အခြား အကြီးအကဲများ အားလုံး... တုန်လှုပ်သွားကြပြန်သည်။
ဟွမ်ဖူ မိသားစု၏ ပညာရှင်များစွာ သေဆုံးခဲ့ကြောင်းကိုသာ သူတို့ သိရှိထားကြပြီး... ဟွမ်ဖူချင်းအား ဖုန်းဝူချန်က သတ်ဖြတ်ခဲ့သည်ကိုမူ... သူတို့ မသိရှိခဲ့ကြပေ...။
ကျန်းယွင်ထျန်းက ခေါင်းညိတ်လိုက်ပြီး...
"ဟုတ်တယ်...။ အဲ့ဒီတုန်းကဆို... ဖုန်းဝူချန်က... အသွင်ပြောင်းဘုံ နဝမအလွှာ အထွတ်အထိပ်ကိုတောင်... မရောက်သေးဘူး"
အသွင်ပြောင်းဘုံ နဝမအလွှာ အထွတ်အထိပ်သို့ပင် မရောက်ရှိသေးဘဲ... ယွမ်တန်ဘုံ ပထမအလွှာမှ တစ်စုံတစ်ယောက်ကို... သတ်ဖြတ်နိုင်ခဲ့ခြင်းသည်... ဖုန်းဝူချန်၏ စွမ်းအား မည်မျှ ကြောက်မက်ဖွယ် ကောင်းကြောင်းကို... လုံလောက်စွာ ပြသနေလေပြီ။
။ရှင်းထျန်းဖုန်းနှင့် အခြားသူများ... အဘယ်ကြောင့် ဤမျှ အံ့အားသင့်နေကြသည်ကို... အံ့ဩစရာ မရှိတော့ပေ...။
ရှည်လျားသော တိတ်ဆိတ်မှုအပြီးတွင်... ကျောင်းသားများထံမှ... ကောင်းကင်ကို ထိုးခွဲမတတ်... ကြွေးကြော်သံများ... ရုတ်တရက် ပေါက်ကွဲ ထွက်ပေါ်လာတော့သည်။
"ကျန်းချင်း... ခင်ဗျား... အစွမ်းကုန် မသုံးဘူးဆိုရင်... ရှုံးသွားတဲ့လူက... ခင်ဗျားပဲ... ဖြစ်သွားလိမ့်မယ်"
ဖုန်းဝူချန်က လေသံအေးအေးဖြင့် ဆိုလိုက်သည်။
"ငါ... မင်းကို... လျှော့တွက်ခဲ့မိတယ်...။ ခုနက... လက်သီးထဲက စွမ်းအားက... ယွမ်တန်ဘုံ ပထမ အလွှာထက်... မနည်းဘူး...။ မင်းရဲ့ စွမ်းအားက... ယွမ်တန်ဘုံ ပထမအလွှာနဲ့... ယှဉ်ပြိုင်ဖို့... အပြည့်အဝ လုံလောက်နေပြီ...။ ပြီးတော့... မင်း... အခုထိ... အစွမ်းကုန်... ထုတ်မသုံးသေးဘူး... မဟုတ်လား"
ဟူ၍ ကျန်းချင်းက မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။
'အစစ်အမှန်ယွမ်' စွမ်းအင်များ သူ၏ ခန္ဓာကိုယ် အတွင်းမှ ပေါက်ကွဲ ထွက်ပေါ်လာပြီး... ပို၍ ကြောက်မက်ဖွယ် ကောင်းသော စွမ်းအားများ ပျံ့နှံ့လာသည်။
ကျန်းချင်းက ဆက်၍...ပြောလာ၏။
"ဖုန်းဝူချန်... ငါ... သဘောကောင်းတော့မှာ မဟုတ်ဘူး"
ထိုသို့ ဆိုလိုက်သည်နှင့်... သူက တိုက်ခိုက်မှုကို စတင်လိုက်ပြီး... ရှေ့သို့ တဟုန်ထိုး တိုးဝင်လာသည်။
"ဘုန်း... ဘုန်း... ဘုန်း"
ပြင်းထန်သော အနီးကပ် တိုက်ပွဲတစ်ပွဲ... စတင် ဖြစ်ပွားလာသည်။ ကျန်းချင်းက အစွမ်းကုန် ထုတ်သုံးလျက်... အလွန်အမင်း ပြင်းထန်လှ၏။
ပေါက်ကွဲသံများက... ရင်ပြင်ကွင်းမှ မြည်ဟည်း ထွက်ပေါ်လာပြီး... ကြောက်မက်ဖွယ် 'ချီ' စွမ်းအင် လှိုင်းဂယက်များက... ပြင်းထန်သော လေပြင်းများကဲ့သို့... ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားကာ... ရင်ပြင်ကွင်း၏ မြေပြင်ကို... ပေါက်ကွဲ အက်ကွဲသွားစေသည်။ တိုက်ခိုက်နေသော လူနှစ်ယောက်၏ စွမ်းအားကို... မခံနိုင်တော့သည့်နှယ်...။
"ဟူး…"
ထို ပြင်းထန်သော တိုက်ပွဲကို ကြည့်ရှုရင်း... ကျောင်းသားများမှာ... တုန်လှုပ် ခြောက်ခြားစွာ... အသက်ရှူ မှားသွားကြပြီး... သူတို့ထဲမှ အများအပြားမှာ... တုန်ယင်နေကြလေပြီ။
"အသွင်ပြောင်းဘုံ နဝမအလွှာ အထွတ်အထိပ်က... ယွမ်တန်ဘုံ ပထမအလွှာ အထွတ်အထိပ်နဲ့... တကယ် ယှဉ်ပြိုင်နေတာ...။ ဖုန်းဝူချန်က... လူကော ဟုတ်ရဲ့လား"
"ငါတို့... သူ့ကို... တကယ် လျှော့တွက်ခဲ့မိတာပဲ...။ ဖုန်းဝူချန်ရဲ့ တိုက်ခိုက်ရေး စွမ်းရည်က... ဒီလောက် သန်မာလိမ့်မယ်လို့... ဘယ်သူ ထင်မှာလဲ"
"ဒါ... ဒါ... မယုံနိုင်စရာကြီးပဲ...။ ဒီလောက် ကြောက်စရာကောင်းတဲ့... အသွင်ပြောင်းဘုံ နဝမအလွှာမျိုး... ငါ... တစ်ခါမှ... မမြင်ဖူးဘူး"
ကျောင်းသားများမှာ... အဆက်မပြတ် အော်ဟစ် ကြွေးကြော်နေကြပြီး... ဖုန်းဝူချန် ပြသလိုက်သော စွမ်းအားကြောင့်... လုံးဝ... အကြောက်တရား ဝင်သွားကြတော့သည်။
ပြင်းထန်သော တိုက်ပွဲအတွင်း၌... အရှိန် ဖြစ်စေ... စွမ်းအား ဖြစ်စေ... ဖုန်းဝူချန်သည်... လုံးဝ... အောက်ကျို့ခြင်း မရှိဘဲ... တဖြည်းဖြည်းချင်း... အသာစီး ရရှိလာသည်။
ကျန်းချင်း၏ ပြင်းထန်သော တိုက်ခိုက်မှုများ အားလုံး... လက်သီးတစ်ချက်မျှပင်... မထိမှန်ခဲ့ပေ...။
...'သူ့ရဲ့ နည်းစနစ်တွေ အားလုံးကို... ဖုန်းဝူချန်က... အကုန် မြင်နေရသလိုပဲ'...။ သူ၏ လိမ္မာပါးနပ်မှု အားလုံးမှာ... အရာမထင် ဖြစ်နေလေသည်။
"သန်မာတယ်...။ ကြောက်စရာ ကောင်းလောက်အောင်... သန်မာတယ်"
ကျန်းချင်းသည်... တိုက်ခိုက်လေ... တုန်လှုပ်လေ ဖြစ်လာပြီး... ဖုန်းဝူချန်သည်... သူ... တစ်ခါမှ မတွေ့ဖူးခဲ့သော... အကြောက်မက်ဖွယ် အကောင်းဆုံး... အသွင်ပြောင်းဘုံ နဝမအလွှာ... ဖြစ်ကြောင်း... နားလည် သဘောပေါက်သွားတော့သည်။
ကျန်းချင်း မသိရှိခဲ့သည့် အချက်မှာ... ဖုန်းဝူချန်၏ ခန္ဓာကိုယ်သည်... မယုံနိုင်လောက်အောင် သန်မာလှပြီး... 'အထွတ်အထိပ် ခန္ဓာကိုယ်' ကျင့်စဉ်ကို လေ့ကျင့်ထားသဖြင့်... သူ၏ စွမ်းအားမှာ... ယွမ်တန်ဘုံ ပထမအလွှာမှ... မည်သူ့ကိုမဆို... အကြွင်းမဲ့ ယှဉ်ပြိုင်နိုင်ခြင်းပင်...။
မဟုတ်ပါက... ဟွမ်ဖူချင်းသည်... ဖုန်းဝူချန်၏ ဓားအောက်၌... သက်ဆင်းသွားခဲ့မည် မဟုတ်ပေ...။
"ထင်ယောင်ထင်မှား အမိန့်"
ကျန်းချင်းက ကျယ်လောင်စွာ ကြွေးကြော်လိုက်ပြီး... သူ၏ လှုပ်ရှားမှု သိုင်းကွက်ကို ထုတ်ဖော်လိုက်ရာ... သူ၏ အရှိန်မှာ... ချက်ချင်းပင်... နှစ်ဆ တိုးမြင့်သွားပြီး... ပုံရိပ်မှာ... အဆက်မပြတ် လှုပ်ရှားနေတော့သည်။
ကျန်းချင်းက အစွမ်းထက်သော တန်ပြန် တိုက်ခိုက်မှု တစ်ခုကို စတင်လိုက်ပြီး... ဖုန်းဝူချန်အပေါ်... ဖိအားပေးလာသည်။
သူ၏ အရှိန် နှစ်ဆ တိုးမြင့်သွားပြီးနောက်... ဖုန်းဝူချန်မှာလည်း... ကျန်းချင်း၏ တိုက်ခိုက်မှုများကို... ခုခံရန်... ခက်ခဲလာသည်ကို တွေ့ရှိရသည်။
"ဘန်း"
အခွင့်အရေးကို အရယူလျက်... ကျန်းချင်း၏ လက်သီး တစ်ချက်က... ဖုန်းဝူချန်၏ ရင်ဘတ်ပေါ်သို့... 'ဘန်း' ခနဲ အသံနှင့်အတူ... ကျရောက်သွားပြီး... ဖုန်းဝူချန်ကို... (၆) မီတာ... (၇) မီတာခန့်... လွင့်စဉ်သွားစေသည်။
"သူ... တကယ်... ဘာမှ မဖြစ်ဘူး"
ကျန်းချင်း၏ မျက်မှောင်များ... တင်းတင်း ကြုတ်သွား၏။
ဖုန်းဝူချန် မော့ကြည့်လိုက်သည့် ထိုအခိုက်... ကျန်းချင်းက... လေထဲသို့... မြင့်မားစွာ... ခုန်တက်လိုက်ပြီး... လက်သီးတစ်လုံးဖြင့်... အရှိန်ပြင်းစွာ... ထိုးဆင်းလာသည်။
"စွမ်းအားက... တကယ်... သန်မာတာပဲ"
ဖုန်းဝူချန်က တွေးလိုက်ပြီး... သူ၏ မျက်နှာထားမှာ... အနည်းငယ်... ပို၍ လေးနက်သွားသည်။
ဖုန်းဝူချန်၏ တုံ့ပြန်မှုမှာ... အလွန် လျင်မြန်လှသည်။ သူက မြေပြင်ကို... ခြေဖျားဖြင့် ပုတ်ခတ်လိုက်ပြီး... လေထဲသို့... ခုန်တက်ကာ... ကျန်းချင်း၏ ပြင်းထန်သော လက်သီးချက်ကို... ရှောင်တိမ်းလိုက်သည်။
"ဘုန်း"
အစွမ်းထက်သော စွမ်းအားက... မြေပြင်ပေါ်သို့... ထိုးကျသွားပြီး... ကြီးမားသော တွင်းနက်ကြီးတစ်ခု... ဖြစ်ပေါ်လာကာ... ကျောက်တုံးများ... လွင့်စဉ်သွားတော့သည်။
"မြေကမ္ဘာအဆင့် အဆင့်မြင့် သိုင်းပညာ...။ သွေးနီလဝန်း ဓား"
ကျန်းချင်းက ကျယ်လောင်စွာ မာန်သွင်းလိုက်ပြီး... သူ၏ ညာဘက် လက်ထဲ၌..စွမ်းအားများ…. စုစည်းသွား၏။...
သူက လေထဲမှ ဖုန်းဝူချန်ထံသို့... လွှဲယမ်း တိုက်ခိုက်လိုက်ရာ... (၁) ကျန့် (ဆယ်ပေ) အရွယ်အစားရှိသော... အဖြူရောင် စွမ်းအင် ဓားအလင်း တစ်ခု... ကောင်းကင်သို့... ပျံတက်သွားသည်။
"မကောင်းတော့ဘူး"
ဖုန်းဝူချန်၏ မျက်နှာ အမူအရာ... ချက်ချင်း ပြောင်းလဲသွား၏။
လေထဲ၌... ပျံသန်းနိုင်စွမ်း မရှိဘဲ... သူသည်... ပစ်မှတ်ကောင်းတစ်ခု... ဖြစ်နေလေပြီ...။
"ဖြောင်း"
ဖုန်းဝူချန်က သူ၏ လက်ဝါး နှစ်ဖက်ကို... ပူးကပ်လိုက်ရာ... ဆူညံသံ ထွက်ပေါ်လာသည်။
ရေခဲဓာတ် 'အစစ်အမှန်ယွမ်' စွမ်းအင်များ... ပေါက်ကွဲ ထွက်ပေါ်လာပြီး... ကြီးမားလှသော ရေခဲနံရံကြီး တစ်ခုကို... သူ၏ ရှေ့၌... လျင်မြန်စွာ... ပုံဖော်လိုက်သည်။
"ဘုန်း"
ချက်ချင်း ဆိုသလိုပင်... စွမ်းအင် ဓားအလင်းက... ရေခဲနံရံကို... ဝင်တိုက်ပြီး....အပိုင်းပိုင်း.. ကြေမွသွားစေသည်။ အလွန်အမင်း အစွမ်းထက်သော စွမ်းအားက... ဖုန်းဝူချန်ကို... နောက်တစ်ကြိမ်.. (၁၀) မီတာ ကျော်ခန့်...အဟုန်ပြင်းစွာ ပစ် လွင့်သွားစေသည်။
ဖုန်းဝူချန်မှာ... လုံးဝ... အသာမရ ဖြစ်နေလေပြီ...။
သို့သော်... သူ့မှာ... ဒဏ်ရာ တစ်စုံတစ်ရာ မရရှိခဲ့ဘဲ... သူ၏ ရုပ်ခန္ဓာမှာ... အလွန်အမင်း... ကြံ့ခိုင်လှသည်။
ကျန်းချင်းသည်... ဖုန်းဝူချန်ကို... အသက်ရှူချိန်... တစ်စက္ကမျှ... ပေးရန်... ရည်ရွယ်ထားခြင်း မရှိချေ...။ ဖုန်းဝူချန် မြေပြင်ပေါ်သို့... ကျရောက်သည်နှင့်... ကျန်းချင်းက... လျင်မြန်သော လှုပ်ရှားမှုဖြင့်... သူ့ထံသို့... တိုးဝင်လာပြီး ဖြစ်သည်။
"နဂါး နတ်ဘုရား အရိပ်"
ဖုန်းဝူချန်က အသံတိုးတိုးဖြင့် ရေရွတ်လိုက်ပြီး... သူ၏ လှုပ်ရှားမှု သိုင်းကွက်ကို... ထုတ်ဖော်လိုက်ရာ... ပို၍ ကြောက်မက်ဖွယ် ကောင်းသော... အရှိန်အဟုန်ဖြင့်... ရှေ့သို့... တိုးဝင်သွားတော့သည်။
"သူ့အရှိန်က... ငါ့ထက်တောင်... မြန်နေသေးတယ်...။ ဒါ... ဒါ... ဘယ်လို လှုပ်ရှားမှု သိုင်းကွက်မျိုးလဲ"
ကျန်းချင်း၏ နှလုံးသားထဲတွင်... အကြီးအကျယ်... ထိတ်ပျာသွားသည်။
အသွင်ပြောင်းဘုံ နဝမအလွှာ အထွတ်အထိပ် အဆင့်လေးသာ ရှိသေးသော်လည်း... လှုပ်ရှားမှု သိုင်းကွက်ကို... ထုတ်သုံးလိုက်ချိန်တွင်... သူ၏ အရှိန်ကိုပင်... ကျော်လွန်သွားခဲ့သည်တဲ့လား...။
"ဘုန်း"
လူနှစ်ယောက်မှာ... နောက်တစ်ကြိမ်... လက်သီးချင်း... တိုက်မိသွားကြပြီး... ကြမ်းတမ်းလှသော စွမ်းအားများ... စီးဆင်းလာသည်။ ဤ ပြင်းထန်သော တိုက်ခိုက်မှုတွင်... မည်သူကမျှ... အသာစီး မရရှိခဲ့ကြပေ...။
"အုန်း... အုန်း... အုန်း"
ကြောက်မက်ဖွယ် အနီးကပ် တိုက်ပွဲကြီး... နောက်တစ်ကြိမ်... ပြန်လည် ဖြစ်ပွားလာပြန်သည်။
အံ့မခန်းသော အရှိန်အဟုန်နှင့်... အဆက်မပြတ်သော... လှုပ်ရှားမှုများဖြင့်...
တိုက်ပွဲက... ပို၍... သည်းထန်လာလေလေ... ကြည့်ရှုနေသော ကျောင်းသားများမှာ... ပို၍...အံ့ဩမှင်သက်ကာ... စိတ်လှုပ်ရှားလာကြလေလေ... ဖြစ်သည်။