ဟွမ်ဖူကျန့်ထျန်းအား သတ်ဖြတ်ခြင်း
Vol. 9 Ch. 122
~"...တော်တော် အစွမ်းထက်တဲ့ ဓားသိုင်းပဲ..."။
ဟွမ်ဖူကျန့်ထျန်းသည် ဖုန်းဝူချန်ကို .. လေးနက်သော အမူအရာဖြင့် .. စိုက်ကြည့်နေခဲ့၏။ .. သူသည် ယခုအခါ .. တည်ငြိမ်မှု ရှိနေရန် .. စတင် ကြိုးစားနေလေသည်။
ထျန်းယွင်ဂိုဏ်း၏ ပါရမီရှင် .. တပည့်တစ်ယောက် အနေနှင့်။ .. ဟွမ်ဖူကျန့်ထျန်းသည် .. သာမန်လူ တစ်ယောက်တော့ .. မဟုတ်ခဲ့ပါချေ။
ကြောက်မက်ဖွယ် ပြိုင်ဘက်နှင့် .. ရင်ဆိုင်ရသည့်အခါ။ .. ဟွမ်ဖူကျန့်ထျန်းသည် .. အလေးအနက် ထားကာ .. ဆက်ဆံလေ့ ရှိသည်။
"နဂါးနတ်ဘုရား အရိပ်။"
ဖုန်းဝူချန်ထံမှ တိုးညှင်းသော .. ကြွေးကြော်သံ ထွက်ပေါ်လာ၏။ .. သူသည် မီးလျှံဓားကို ဝှေ့ယမ်းလျက် .. ပိုမို လျင်မြန်သော အရှိန်ဖြင့် .. လှုပ်ရှားလိုက်သည်။ .. သူ၏ လှုပ်ရှားမှုမှာ .. တစ္ဆေတစ်ကောင်ကဲ့သို့ .. ပျောက်လိုက် ပေါ်လိုက် ဖြစ်နေသဖြင့်။ .. သူ၏ တည်နေရာကို .. ဆုပ်ကိုင်ရန် ခက်ခဲလှလေ၏။
'...ဒီကောင့် လှုပ်ရှားမှု သိုင်းကွက်ကလည်း .. မခေဘူးပဲ...။ .. မူယွင်ရှန်းသာ .. ငါ့ကို ဒဏ်ရာရအောင် .. မလုပ်ခဲ့ဘူးဆိုရင်... .. ဒီကောင်စုတ်လေးက .. ဒီလောက် သွေးကြွနေနိုင်မှာ မဟုတ်ဘူး...' ..
ဟွမ်ဖူကျန့်ထျန်းက .. ဒေါသတကြီး တွေးလိုက်မိသည်။ .. သူ၏ အကောင်းဆုံး အခြေအနေတွင် .. သူသည် ယွမ်တန်ဘုံ .. ဆဋ္ဌမအလွှာနှင့်ပင် .. ယှဉ်ပြိုင်နိုင်စွမ်း ရှိခဲ့၏။ .. သို့သော် ဒဏ်ရာရနေသော .. ဟွမ်ဖူကျန့်ထျန်းသည် .. ယခုအခါတွင် .. ယွမ်တန်ဘုံ ပဉ္စမအလွှာ၏ .. စွမ်းအားခန့်သာ .. အများဆုံး ပိုင်ဆိုင်ထားတော့သည်။
မျက်စိ တစ်မှိတ်ခန့် အတွင်းမှာပင် .. ဖုန်းဝူချန်သည် .. ပြန်လည် ပေါ်ထွက်လာခဲ့၏။ .. သူ၏ မီးလျှံဓားဖြင့် .. ရက်စက်စွာ လွှဲယမ်း တိုက်ခိုက်လိုက်ရာ.. ဓားအလင်းတန်းသည် .. မည်သူမျှ ယှဉ်နိုင်စွမ်း မရှိသကဲ့သို့ .. ထင်ရလေသည်။
ဟွမ်ဖူကျန့်ထျန်းသည် .. မြေပြင်ကို ခြေဖြင့်ကန်ကာ .. နောက်သို့ ဆုတ်ခွာလိုက်သည်။ .. သူ၏ အစစ်အမှန်ယွမ်ကို .. မြှင့်တင်လိုက်ပြီး .. လေထဲမှပင် .. လက်ဝါးတစ်ချက်ဖြင့် .. ပြန်လည် တိုက်ခိုက်ခဲ့၏။
"ကွဲဖြတ်စမ်း"
ဖုန်းဝူချန်ထံမှ .. ကျယ်လောင်သော အော်ဟစ်သံ .. ထွက်ပေါ်လာခဲ့သည်။ .. ဓားသွားထိပ်သည် .. လက်ဝါးပုံရိပ်ကို .. အားပြင်းစွာ ထိုးဖောက်သွားပြီး။ .. ဟွမ်ဖူကျန့်ထျန်းထံသို့ .. တိုက်ရိုက် တိုးဝင်သွားလေ၏။
သို့သော် ဖုန်းဝူချန်က .. လက်ဝါးပုံရိပ်ကို .. ထိုးဖောက်လိုက်သည့် .. ထိုအခိုက်အတန့်မှာပင်.. ဟွမ်ဖူကျန့်ထျန်းသည် .. ပျောက်ကွယ် သွားခဲ့ပြီး ဖြစ်သည်။
"ကောင်လေး... .. ငါ့ရှေ့မှာ .. ဒီလောက် မာနထောင်လွှား မနေစမ်းနဲ့"
ဟွမ်ဖူကျန့်ထျန်း၏ .. ဒေါသတကြီး အော်ဟစ်သံသည် .. ဖုန်းဝူချန်၏ .. နောက်ကျောဘက်မှ .. ရုတ်တရက် ထွက်ပေါ်လာခဲ့၏။ .. ထို့နောက်တွင်တော့ .. ပြင်းထန်သော လက်ဝါး တစ်ချက်က .. သူ့ထံသို့ ကျရောက်လာခဲ့သည်။
ဖုန်းဝူချန်သည် .. မျက်မှောင်ကြုတ် လိုက်သည်။ .. သူ ချက်ချင်း .. အန္တရာယ်ကို အာရုံခံမိပြီး .. နောက်သို့ လှည့်ကာ .. လက်ဝါးတစ်ချက်ဖြင့် .. ပြန်လည် ပိတ်ဆို့လိုက်လေ၏။
"ဘုန်း။"
“ဝှစ်..ဝှစ်”
တစ်စက္ကန့်အတွင်းမှာပင် .. လက်ဝါး နှစ်ခုသည် .. ထိတိုက်မိသွားကြ၏။ .. ပြင်းထန်သော စွမ်းအားသည် .. မြေပြင်ကို တုန်ခါသွားစေခဲ့သည်။ ..
ဟွမ်ဖူကျန့်ထျန်း .. ဒဏ်ရာရနေသော်ငြားလည်း... သူ၏ စွမ်းအားက .. ကြောက်မက်ဖွယ် ကောင်းနေဆဲ ဖြစ်သည်။
လက်ဝါးတစ်ချက် .. ရိုက်ပြီးသည့်တိုင် .. ဟွမ်ဖူကျန့်ထျန်းသည် .. အရေးနိမ့်သည့် အခြေအနေသို့ .. မရောက်ရှိသွားခဲ့ပါချေ။
'...ဒဏ်ရာတွေနဲ့တောင် .. သူ့မှာ ဒီလောက် .. အားကောင်းနေတုန်းပဲလား...'
ဖုန်းဝူချန်က .. မျက်မှောင်ကြုတ်လျက် .. တွေးလိုက်မိသည်။ ..
"လွင့်စင်သွားစမ်း။"
ဟွမ်ဖူကျန့်ထျန်းက .. ရုတ်တရက် ဒေါသတကြီး .. ဟိန်းဟောက်လိုက်ပြီး။ .. သူ၏ စွမ်းအားကို .. ထပ်မံ ပေါက်ကွဲ ထုတ်လိုက်သည်။
ဖုန်းဝူချန်၏ .. မျက်နှာအမူအရာ .. အနည်းငယ် ပြောင်းလဲသွား၏။ ..
စွမ်းအားချင်း မယှဉ်နိုင်သောကြောင့် .. သူသည် မီတာ .. တစ်ဒါဇင်ကျော်ခန့် .. နောက်သို့ လွင့်ထွက်သွားခဲ့ရသည်။
"နက်နဲခြင်းအဆင့် .. အလယ်အလတ်တန်းစား သိုင်းပညာ။ .. ထျန်းယွင် လက်ညှိုးသိုင်း။"
ဖုန်းဝူချန်ကို .. နောက်သို့ တွန်းထုတ် လိုက်ပြီးနောက်.. ဟွမ်ဖူကျန့်ထျန်းသည် .. အခွင့်အရေးကို အရယူကာ .. သိုင်းပညာတစ်ခုကထု .. ထုတ်ဖော်လိုက်၏။ .. သူက ကျယ်လောင်စွာ မာန်သွင်းလိုက်ပြီး .. သူ၏ လက်ညှိုးကို ..ကောင်းကင်ထက်သို့ .. ထိုးညွှန်လိုက်သည်။
"ဝှစ်။"
ကြောက်မက်ဖွယ် .. အပြာရောင် အလင်းတန်းကြီး တစ်ခုသည် .. လေထုကို ထိုးခွဲကာ .. ထွက်ပေါ်လာခဲ့၏။ .. ၎င်းသည် လက်မောင်း တစ်ဖက်စာခန့် .. တုတ်ခိုင်ပြီး .. အထင်ကြီးဖွယ် အရှိန်အဝါကို .. သယ်ဆောင်လာခဲ့သည်။ .. ထိုအလင်းတန်းထဲတွင် .. ကောင်းကင်နှင့် မြေကြီးကို .. ထိုးဖောက်နိုင်သော စွမ်းအားများ .. ပြည့်နှက်နေခဲ့၏။
"တတိယအလွှာ .. ကောင်းကင် အမျက်ဒေါသ လက်ဝါး။"
သူ၏ ခန္ဓာကိုယ်ကို .. ဟန်ချက်ညီအောင် .. ထိန်းလိုက်နိုင်သည်နှင့် ဖုန်းဝူချန်က .. ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ .. သူသည် နဂါးနတ်ဘုရား၏ .. စွမ်းအားကို စုစည်းကာ .. လက်ဝါးသုံးချက်ကို .. လျင်မြန်စွာ ရိုက်ထုတ်လိုက်၏။ ..
ထပ်ဆင့် ကျနေသော .. လက်ဝါး သုံးချက်တွင် .. ကြောက်မက်ဖွယ် စွမ်းအင်များ .. ပါဝင်နေခဲ့သည်။
“ဝီ…ဝီ…”
အားကြီးသော .. စွမ်းအင်နှစ်ခု .. ထိတိုက်မိသည့် .. ထိုအခိုက်အတန့်တွင်.. .. ပြင်းထန်စွာ ပေါက်ကွဲလေ၏။ ..
မြေပြင်ပေါ်တွင် .. ကြီးမားသော တွင်းနက်ကြီး တစ်ခု .. ဖြစ်ပေါ်သွားခဲ့ပြီး .. အပျက်အစီးများ ..လေထဲ ဝဲကုန်သည်။ .. လူနှစ်ဦးစလုံးသည် .. စွမ်းအင် လှိုင်းဂယက်များကြောင့် .. နောက်သို့ ဆုတ်ခွာ သွားခဲ့ရ၏။
'...ဖုန်းဝူချန်ရဲ့ သိုင်းကွက်က .. ထျန်းယွင် လက်ညှိုးသိုင်းထက် .. မနိမ့်ပါလား...။ .. ဟွမ်ဖူချင်း .. သူ့လက်ထဲမှာ သေခဲ့ရတာ .. မတရားဘူးလို့ .. ပြောလို့မရတော့ဘူး...' .. ဟွမ်ဖူကျန့်ထျန်းက .. မျက်မှောင်ကြုတ်ရင်း .. တိတ်တဆိတ် တွေးလိုက်မိသည်။
ဖုန်းဝူချန်က .. ပို၍ ကြောက်မက်ဖွယ် .. ကောင်းလာလေလေ။ .. ဟွမ်ဖူကျန့်ထျန်း၏ .. နှလုံးသားထဲမှ .. သတ်ဖြတ်လိုစိတ်က .. ပို၍ ပြင်းထန်လာလေလေ ဖြစ်၏။
နတ်ဆိုး တစ်ကောင်လို .. ပါရမီရှင်မျိုးကို .. အခုအချိန်မှာ .. အပြတ် မရှင်းနိုင်ခဲ့လျှင်.. နောင်တစ်ချိန်မှာ .. ဟွမ်ဖူမိသားစု၏ .. ပျက်စီးခြင်းကိုသာ .. ယူဆောင်
လာလိမ့်မည်။
ဟွမ်ဖူကျန့်ထျန်း .. တွေးလေလေ .. သူ၏ မျက်ဝန်းထဲမှ .. သတ်ဖြတ်လိုစိတ်က .. ပိုမို အားကောင်းလာလေလေ ဖြစ်၏။
'...ငါ့ဒဏ်ရာတွေနဲ့ .. ဒီတိုက်ပွဲကို .. အချိန်ဆွဲထားလို့ မဖြစ်ဘူး...။ .. မဟုတ်ရင် .. ငါ့အတွက် အရမ်း .. အခြေအနေ မကောင်းနိုင်ဘူး...'
ဟွမ်ဖူကျန့်ထျန်းက .. စိတ်ထဲမှ တွေးလိုက်သည်။ သူ၏ ဒဏ်ရာများက .. မပြင်းထန် သော်ငြားလည်း ပြင်းထန်သော တိုက်ပွဲများကြောင့် .. ပိုမို ဆိုးရွားလာနိုင်၏။
"ဖုန်းဝူချန်။ .. မင်းမှာ .. နောက်ဆုံး စကား .. တစ်ခုခု ရှိသေးရင် .. အခု ပြောလိုက်တော့။"
ဟွမ်ဖူကျန့်ထျန်းက .. ဒေါသတကြီး အော်ဟစ်လိုက်သည်။ .. ရုတ်တရက် သူ၏ အရှိန်အဝါသည် .. ရုတ်တရက် မြင့်တက်လာ၏။ .. ကြောက်မက်ဖွယ် .. အစစ်အမှန်ယွမ် စွမ်းအင်များ .. အဆက်မပြတ် ပေါက်ကွဲသည်။
တောက်ပသော .. အပြာရောင် အလင်းတန်းများ .. လင်းလက်လာပြီး .. မြေပြင်ပေါ်မှ ကျောက်တုံးများကို .. မြောက်တက်စေခဲ့သည်။
ဟွမ်ဖူကျန့်ထျန်းသည် .. သူ၏ စွမ်းအား အားလုံးကို .. ထုတ်ဖော်လိုက်ပြီ ဖြစ်၏။
ဖုန်းဝူချန်၏ .. မျက်နှာထားမှာ .. လေးနက်သွားရ၏။ .. ဟွမ်ဖူကျန့်ထျန်း၏ .. ကြောက်မက်ဖွယ် စွမ်းအားက .. သူ့ကို .. အနည်းငယ် ထိတ်ခနဲ ခံစားသွားစေခဲ့၏။
"ခင်ဗျားကို သတ်ဖို့ပဲ။"
ဖုန်းဝူချန်က .. အေးစက်စွာ .. ပြန်လည် တုံ့ပြန်လိုက်သည်။ .. ၎င်းသည် ဖုန်းဝူချန်၏ .. နောက်ဆုံး စကားပင် ဖြစ်၏။
"ဝုန်း။"
ဖုန်းဝူချန်သည်လည်း .. နဂါးနတ်ဘုရား၏ .. စွမ်းအား အားလုံးကို .. ထုတ်ဖော်လိုက်တော့သည်။ .. သူ၏ ခန္ဓာကိုယ်သည် .. ရွှေရောင် အလင်းတန်းများဖြင့် .. တောက်ပနေ၏။ .. ပြင်းထန်ပြီး .. ကြံ့ခိုင်သော စွမ်းအားများသည် .. ရေလွှမ်းမိုးသကဲ့သို့ .. တိုးထွက်လာခဲ့သည်။ .. မြေပြင်ကို တုန်ခါစေပြီး .. လေပြင်းများ .. တိုက်ခတ်သွားစေခဲ့၏။
"စကားကြီး စကားကျယ်တွေ .. ပြောနေတာပဲ။"
ဟွမ်ဖူကျန့်ထျန်းက .. ဒေါသတကြီး .. အော်ဟစ်လိုက်သည်။ .. သူ၏ မျက်နှာသည် .. ကြောက်မက်ဖွယ် အမူအရာဖြင့် ..ရှုံ့မဲ့နေခဲ့၏။
"နက်နဲခြင်းအဆင့် .. အဆင့်မြင့် သိုင်းပညာ။ .. ထျန်းယွင် ဝိညာဉ်ဖြတ် လက်ဝါး။"
ဟွမ်ဖူကျန့်ထျန်းက .. ဟိန်းဟောက်လိုက်ပြီး .. လေထဲသို့ .. မြင့်မားစွာ ခုန်တက်လိုက်သည်။ .. သူ၏ ကြမ်းကြုတ်သော .. အကြည့်များသည် .. ဖုန်းဝူချန်အပေါ်တွင် .. စူးစိုက်နေခဲ့ပြီး နောက် ရုတ်ချည်းပင် .. လက်ဝါး .. တစ်ချက် ရိုက်သွင်းလိုက်လေသည်။
"ဝှစ်။"
ကြီးမားသော .. အစိမ်းရောင် စွမ်းအင် .. လက်ဝါးပုံရိပ်ကြီး တစ်ခု .. အောက်သို့ .. ထိုးဆင်း ကျလာခဲ့သည်။ .. ၎င်းနှင့်အတူ .. ကျယ်လောင်သော .. လေထု ပေါက်ကွဲသံကြီး .. ထွက်ပေါ်လာခဲ့၏။ .. သူ၏ အရှိန်အဝါက .. အလွန် ကြီးမားလှပြီး .. သူ၏ စွမ်းအားမှာ .. အသုံးပြုခဲ့သော .. ယခင် သိုင်းပညာများထက် .. များစွာ ပိုမို ကြောက်မက်ဖွယ် ကောင်းလှသည်။
၎င်းသည် .. မော့လင်းအာ အသုံးပြုခဲ့သော .. ထျန်းယွင် ဝိညာဉ်ဖြတ် လက်ဝါးနှင့် .. လုံးဝ နှိုင်းယှဉ်၍ .. မရနိုင်ခဲ့ပါ။ ..
ကောင်းကင်နှင့် မြေကြီး .. ကွာခြားသကဲ့သို့ပင် ဖြစ်၏။
လက်ဝါးပုံရိပ်၏ .. စွမ်းအားသည် .. ဖိနှိပ်ချုပ်ချယ်နိုင်စွမ်း ရှိလှပြီး.. လူတစ်ဦးအား .. ယှဉ်ပြိုင်နိုင်စွမ်း မရှိသကဲ့သို့ .. ခံစားရစေခဲ့သည်။
"ထင်ယောင်ထင်မှား .. ပျက်သုဉ်းခြင်း ဓားသိုင်းကွက်။ .. နဝမ ကောင်းကင်၏ .. ထင်ယောင်ထင်မှား ပျက်စီးခြင်း။"
ခေတ္တမျှ .. အာရုံ စူးစိုက်ပြီးနောက်.. ဖုန်းဝူချန်က .. အားပြင်းစွာ ဟစ်ကြွေးလိုက်သည်။ .. သူ၏ မီးလျှံဓားကို .. မြေကြီးထဲသို့ .. စိုက်ထည့်လိုက်၏။ .. ရွှေရောင် အခင်းအကျင်း တစ်ခု .. ဖြစ်ပေါ်လာခဲ့ပြီး .. များပြားလှသော .. အမှတ်သင်္ကေတများ .. ပျံ့နှံ့သွားသည်။ .. ရွှေရောင် အလင်းတန်း တစ်ခု .. ကောင်းကင်ထက်သို့ .. ထိုးတက်သွားခဲ့၏။ .. ကြောက်မက်ဖွယ် ဓားစိတ်ဆန္ဒသည် .. အသက်ရှူ ကြပ်စေလောက်သည်။ .. အရှိန်အဝါက .. လွှမ်းမိုးနိုင်စွမ်း ရှိလှပြီးတောက်ပသော .. ရွှေရောင် အလင်းတန်းသည် .. ကြီးမားသော .. စွမ်းအင်ဓားကြီး တစ်လက်အဖြစ် .. စုစည်းသွားခဲ့သည်။ .. ၎င်းထဲတွင် .. ပျက်သုဉ်းခြင်း စွမ်းအားများ .. ပါဝင်နေခဲ့၏။
"ဝှစ်။"
ဖုန်းဝူချန်သည် .. ပြတ်သားစွာ .. လှုပ်ရှားလိုက်သည်။ .. ဓားတစ်ချက်ကို .. အောက်မှ အပေါ်သို့ .. လွှဲယမ်း ပင့်တင်လိုက်ရာ .. ပေါက်ကွဲမှုနှင့်အတူ .. စူးရှသော အသံတစ်ချက် .. ထွက်ပေါ်လာခဲ့၏။ .. အလွန် အားပြင်းသော .. ရွှေရောင် ဓားအလင်းတန်းသည် .. ကောင်းကင်ထက်သို့ .. တဟုန်ထိုး တက်သွားသည်။ .. ဟွမ်ဖူကျန့်ထျန်း၏ .. လက်ဝါးပုံရိပ်ထံသို့ .. ဖျက်ဆီးလိုသော .. အရှိန်အဟုန်ဖြင့် .. တိုးဝင်သွားလေသည်။
"...မြေကမ္ဘာအဆင့် .. ဓားသိုင်းပညာ...။ .. ဒါ .. တကယ့်ကို .. ယုံနိုင်စရာ မကောင်းဘူး..."
ဟွမ်ဖူကျန့်ထျန်း၏ .. မျက်နှာသည် .. အလွန်အမင်း .. မည်းမှောင်သွားခဲ့သည်။ .. ဖုန်းဝူချန်သည် .. မှော်ဆန်သော .. လှုပ်ရှားမှု သိုင်းကွက် .. ကျွမ်းကျင်ထားသည့်အပြင် .. မြေကမ္ဘာအဆင့် သိုင်းပညာပါ .. ပိုင်ဆိုင်ထားလိမ့်မည်ဟု .. သူ လုံးဝ .. ထင်မှတ်မထားခဲ့မိပါ။
တစ်စက္ကန့်အတွင်းမှာပင် .. လက်ဝါးပုံရိပ်သည် .. အလွန် အားကောင်းသော .. ဓားအလင်းတန်းနှင့် .. ထိတိုက်မိသွားသည်။ ..
“ချွင် ချွင်”
အဆက်မပြတ် .. ထိတိုက်ပြီးနောက်။ .. ၎င်းတို့သည် .. ကျယ်လောင်သော အသံကြီးဖြင့် .. ပေါက်ကွဲသွားခဲ့၏။ .. ကြီးမားသော .. စွမ်းအင် လှိုင်းဂယက်များသည် .. စက်ဝိုင်းခြမ်းပုံ .. စွမ်းအင်လုံးကြီး အဖြစ် .. ဖြစ်ပေါ်လာခဲ့သည်။ .. ၎င်းသည် .. လျင်မြန်စွာ အရွယ်အစား ကြီးမားလာပြီး .. တစ်ခဏအတွင်း .. နေရာအနှံ့သို့ .. တိုက်ခတ်သွား၏။ .. ဖုန်းဝူချန်နှင့် .. ဟွမ်ဖူကျန့်ထျန်း နှစ်ဦးစလုံး .. သွေးများ အန်ထုတ်လိုက်ရပြီး .. လွင့်စင်သွားခဲ့ကြသည်။
"ဘုန်း ဘုန်း"
ကိုက် တစ်ဒါဇင် အတွင်းရှိ .. မြေပြင်သည် .. တုန်ခါနေခဲ့၏။ .. ထိုနေရာသည် .. .. သဲကန္တာရငယ် တစ်ခုအဖြစ် .. ပြောင်းလဲသွားခဲ့၏။ .. ၎င်း၏ ဖျက်ဆီးအားသည် .. မယုံနိုင်လောက်အောင် .. ပြင်းထန်လှသည်။
"...ဖုန်းဝူချန် ..မင်း .. ဒီလို မြေကမ္ဘာအဆင့် .. သိုင်းပညာမျိုးကို .. ဘယ်ကမ္ဘာကများ .. ရခဲ့တာလဲ...။ .. ထျန်းယွင်ဂိုဏ်းရဲ့ .. မြေကမ္ဘာအဆင့် သိုင်းပညာတွေတောင် .. ဒီလောက် .. ကြောက်ဖို့ မကောင်းဘူး..." ဟု ဟွမ်ဖူကျန့်ထျန်းက .. မည်းမှောင်သော .. မျက်နှာထားဖြင့် .. ဟိန်းဟောက်
လိုက်သည်။
သူသည် .. သူ၏ အစွမ်းထက် .. သိုင်းပညာကို အသုံးပြုပြီး .. ဖုန်းဝူချန်ကို .. ပြင်းထန်စွာ .. ဒဏ်ရာရစေရန် .. ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။ .. သို့သော် .. ဖုန်းဝူချန်တွင် .. ပိုမို အားကောင်းသော .. မြေကမ္ဘာအဆင့် .. ဓားသိုင်းပညာ .. ရှိနေလိမ့်မည်ဟု .. မမျှော်လင့်ထားခဲ့မိပါ။
ဤသို့ .. တိုက်ရိုက် ရင်ဆိုင်မှုကြောင့် .. ဟွမ်ဖူကျန့်ထျန်း၏ .. ဒဏ်ရာများသည် .. အဆပေါင်းများစွာ .. ပိုမို ဆိုးရွား သွားခဲ့လေသည်။
တိုက်ပွဲက .. အချိန် ကြာလာလေလေ .. ဟွမ်ဖူကျန့်ထျန်း အတွက် .. အခြေအနေက .. ပိုမို ဆိုးရွားလာလေလေ ဖြစ်၏။
"ထျန်းယွင်ဂိုဏ်းမှာ .. တခြား အစွမ်းထက်တဲ့ .. သိုင်းပညာတွေ .. ရှိသေးရင်လည်း .. ထုတ်သုံးလိုက်ဦးလေ..."
စွမ်းအင် လှိုင်းဂယက်များ .. ပြယ်လွင့်သွားချိန်တွင် .. ဖုန်းဝူချန်က .. အနည်းငယ် .. အေးစက်စွာ .. ရယ်မောရင်း ပြောလိုက်သည်။
ဖုန်းဝူချန်သည် .. တဖြည်းဖြည်း .. ပြယ်လွင့်နေသော .. ဖုန်မှုန့်များထဲမှ .. ထွက်ပေါ်လာခဲ့၏။ .. သူ၏ လက်ထဲတွင် .. မီးလျှံဓားကို ကိုင်ဆောင်ထားလျက် .. အရှိန်အဝါ ကြီးမားကာ .. ကြောက်မက်ဖွယ် ကောင်းလှသည်။
"ဟမ့်။"
ဟွမ်ဖူကျန့်ထျန်းက .. ကြမ်းကြုတ်စွာ .. နှာမှုတ်လိုက်၏။
သူက ဖုန်းဝူချန်ထံသို့ .. လက်တစ်ချက် ညွှန်ပြ လိုက်ရာ .. စိမ်းပြာရောင် .. စွမ်းအင် အလွှာတစ်ခုက .. ဖုန်းဝူချန်ကို ချက်ချင်း .. ချုပ်နှောင်လိုက်လေသည်။
"အခုတော့ .. လှုပ်လို့ မရတော့ဘူး .. မဟုတ်လား..."
ဟွမ်ဖူကျန့်ထျန်းက .. လှောင်ပြောင်သော .. အပြုံးဖြင့် .. သရော်လိုက်သည်။
ဟွမ်ဖူကျန့်ထျန်း .. မည်သည့် သိုင်းပညာကို .. အသုံးပြုလိုက်သည် မသိ။ .. သို့သော် ဖုန်းဝူချန်သည် .. မမျှော်လင့်ဘဲ .. လှုပ်ရှား၍ မရတော့သလို .. သူ၏ အစစ်အမှန်ယွမ်ကိုလည်း .. ထုတ်ဖော် အသုံးချ၍ .. မရတော့ပါချေ။
"စိတ်ဝင်စားစရာပဲ..."
ဖုန်းဝူချန်က .. တည်ငြိမ်စွာပင် .. လှောင်ပြုံးလျက် ပြောလိုက်သည်။ ..
"...သိုင်းကွက်က .. မဆိုးပါဘူး... .. ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ .. ခင်ဗျားက .. ကျုပ် ဘယ်သူလဲ ဆိုတာကို .. မေ့နေပုံရတယ်..."
"ဘန်း။"
သူ၏ စကားသံ .. ဆုံးသည်နှင့် .. ရုတ်တရက် .. ပေါက်ကွဲသံ သဲ့သဲ့ .. ထွက်ပေါ်လာခဲ့၏။ .. စိမ်းပြာရောင် မီးတောက်များသည် .. ဖုန်းဝူချန်၏ .. တစ်ကိုယ်လုံးတွင် .. သူ့အလိုလို .. တောက်လောင်လာခဲ့သည်။ ..
ထိုမီးတောက်များက .. အလွန် ကြောက်မက်ဖွယ် .. အငွေ့အသက် တစ်မျိုးကို .. ထုတ်လွှတ်နေခဲ့၏။
"စိမ်းပြာရောင်... .. မီးတောက်တွေ..."
ဟွမ်ဖူကျန့်ထျန်း၏ .. မျက်နှာသည် .. ထိတ်လန့်မှုများဖြင့် .. ပြည့်နှက်သွားသည်။ .. သူသည် .. လုံးဝ စိမ်းပြာရောင် .. ဖြစ်နေသော မီးတောက်မျိုးကို .. တစ်ခါမျှ .. မမြင်ဖူးခဲ့ပါချေ။
ခဏ အတွင်းမှာပင် .. ဖုန်းဝူချန်ကို .. ချုပ်နှောင်ထားသော .. စိမ်းပြာရောင် .. စွမ်းအင် အလွှာသည် .. ချက်ချင်း .. ပျောက်ကွယ်သွားခဲ့၏။ .. ၎င်းသည် .. မီးတောက်များ၏ .. လောင်ကျွမ်းခြင်းကို .. ခံလိုက်ရခြင်း ဖြစ်သည်။
ဟွမ်ဖူကျန့်ထျန်း၏ .. နှလုံးသား .. တုန်လှုပ်သွားခဲ့ပြီး။ .. သူ၏ အမူအရာမှာ .. အနည်းငယ် .. ကြောင်ငေးသလို ဖြစ်သွားသည်။
'...ဒါက .. ဘယ်လိုမျိုး .. ကြောက်စရာကောင်းတဲ့ .. မီးတောက်မျိုးလဲ...။ .. အစစ်အမှန်ယွမ်ကိုတောင် .. ဝါးမြိုနိုင်စွမ်း .. ရှိနေတယ်...'
"ဝှစ်။"
ဖုန်းဝူချန်က .. သူ၏ လက်ချောင်းများကို .. လှုပ်ယမ်းလိုက်ရာ .. စိမ်းပြာရောင် .. မီးတောက် သွယ်လျလျ တစ်ခုသည် .. စူးရှသော အသံနှင့်အတူ .. ပစ်လွှတ် ထွက်သွားခဲ့သည်။
ဟွမ်ဖူကျန့်ထျန်း၏ .. မျက်နှာရောင် .. ပြောင်းလဲသွားပြီး .. ထိတ်လန့်တကြား .. ရှောင်တိမ်းလိုက်ရ၏။
"မင်းရဲ့ .. တကယ့် အစွမ်းအစကို .. ထုတ်ပြလိုက်တော့။ .. ဒါ... .. မင်းအတွက် .. နောက်ဆုံး အခွင့်အရေးပဲ..."
ဖုန်းဝူချန်က .. အေးစက်စွာ ဆိုလိုက်သည်။ .. ပြင်းထန်သော .. သတ်ဖြတ်လိုသည့် .. အငွေ့အသက်များ .. သူ့ ပတ်ပတ်လည်တွင် .. ပျံ့နှံ့လာခဲ့၏။ .. သူသည် .. ဟွမ်ဖူကျန့်ထျန်းကို .. အမြန်ဆုံး .. အဆုံးသတ်ချင်နေပြီ ဖြစ်သည်။
အချိန်က .. ကုန်ဆုံးတော့မည် .. ဖြစ်သည်။ .. ဖုန်းဝူချန်သည် .. အကယ်ဒမီသို့ .. အမြန် သွားရဦးမည် .. ဖြစ်ရာ .. သူ အချိန် .. ပိုမို .. မဖြုန်းတီးလိုတော့ပါ။
"မင်းမှာ .. မြေကမ္ဘာအဆင့် .. သိုင်းပညာ ရှိရုံနဲ့ .. ကိုယ့်ကိုယ်ကိုယ် .. သိပ်ဟုတ်လှပြီလို့ .. မထင်လိုက်စမ်းနဲ့..."
ဟွမ်ဖူကျန့်ထျန်းက .. ဒေါသတကြီး .. ဟိန်းဟောက်လိုက်သည်။ .. သူ၏ ညာဘက်လက်ကို .. လက်သည်းကုတ် ပုံစံ .. ပြုလုပ်လိုက်ရာ .. အဖြူရောင် .. အလင်းတန်း တစ်ချက်နှင့်အတူ .. စိမ်းပြာရောင် .. ပုတီးလုံး တစ်လုံး .. ရုတ်တရက် .. ထွက်ပေါ်လာခဲ့၏။
"အဆင့်မြင့် .. ရတနာ ပစ္စည်းတစ်ခုပဲ...။ .. ကြည့်ရတာ .. ထျန်းယွင်ဂိုဏ်းက .. မင်းကို .. တော်တော် တန်ဖိုးထားပုံပဲ...။ .. မင်း သေသွားပြီးရင် .. သူတို့က .. မင်းအတွက် .. လက်စား လာချေပေးမလား .. မသိဘူးနော်..."
ဖုန်းဝူချန်က .. အေးစက်စွာ .. ရယ်မောရင်း ပြောလိုက်သည်။
အဆင့်မြင့် .. ရတနာ ပစ္စည်းနှင့်သာဆိုလျှင် .. ဖုန်းဝူချန်၏ .. မြေကမ္ဘာအဆင့် .. သိုင်းပညာကို .. တန်ပြန် တိုက်ခိုက်ရန် .. အခွင့်အရေး .. ရှိနေနိုင်သေးသည်။
ဟွမ်ဖူကျန့်ထျန်း၏ .. မျက်နှာသည် .. နောက်တစ်ကြိမ် .. ရှုံ့မဲ့သွားပြန်၏။ ..
သူ၏ အရှိန်အဝါသည် .. သုံးဆခန့် .. မြင့်တက်လာခဲ့သည်။ .. သူ၏ ပတ်ပတ်လည်တွင် .. ကြောက်မက်ဖွယ် စွမ်းအားများ .. ပြင်းထန်စွာ .. တိုးပွားလာနေခဲ့သည်။
ဟွမ်ဖူကျန့်ထျန်းသည် .. သူ၏ လက်ဖဝါးနှစ်ဖက်ကို .. ပူးကပ်လိုက်ပြီး .. ရုတ်တရက် .. တိုက်ကွက် ထုတ်ဖော်လိုက်သည်။ ..
"နက်နဲခြင်းအဆင့် .. အဆင့်မြင့် သိုင်းပညာ။ .. မိုးကြိုး လှံတံ။”
စိမ်းပြာရောင် အလင်းတန်းများ .. ပေါက်ကွဲ ထွက်လာပြီး .. အလွန် ကြောက်မက်ဖွယ် .. စွမ်းအားတစ်ခု .. သူ့ကိုယ်မှ .. စုစည်းလာခဲ့၏။ .. သူနှင့် နှစ်ကိုက် အကွာအဝေးရှိ .. လေထုကိုပင် .. လှိုင်းထသွားစေခဲ့သည်။
ဟွမ်ဖူကျန့်ထျန်းက .. သူ၏ လက်များကို .. ဖြန့်ကားလိုက်ရာ .. စိမ်းပြာရောင် .. စွမ်းအင် လှံတံ တစ်ချောင်း .. ဖြစ်တည်လာခဲ့သည်။ .. ၎င်းထဲတွင် .. နှိုင်းယှဉ်၍ မရနိုင်သော .. ပြင်းထန်သည့် စွမ်းအားများ .. ပြည့်နှက်နေခဲ့၏။
" သေပေတော့။"
ဟွမ်ဖူကျန့်ထျန်းက .. ကြမ်းကြုတ်စွာ .. အော်ဟစ်လိုက်ပြီး .. စွမ်းအင် လှံတံကို .. ဆုပ်ကိုင်ကာ .. ဖုန်းဝူချန်ထံသို့ .. ပစ်လွှတ်လိုက်သည်။
"ဝှစ်။"
စွမ်းအင် လှံတံသည် .. လျှပ်စီးကဲ့သို့ .. ပျံသန်းသွား၏။ .. ၎င်း၏ .. ကြောက်မက်ဖွယ် အရှိန်အဟုန်သည် .. စိမ်းပြာရောင် .. ကြယ်တံခွန် တစ်ခုကဲ့သို့ .. ဖုန်းဝူချန်ထံသို့ .. တိုးဝင်သွားသည်။ .. အလွန်တရာ .. ခြိမ်းခြောက်နိုင်စွမ်း ရှိလှ၏။
ဖုန်းဝူချန်၏ .. မျက်နှာထားသည် .. အနည်းငယ် .. လေးနက်သွားခဲ့သည်။ .. သူက အေးစက်စွာ .. မေးမြန်းလိုက်၏။ ..
"...ဓား တစ်လက်တည်းကို သုံးပြီး .. မတူညီတဲ့ .. သိုင်းပညာတွေကို .. ထုတ်သုံးနိုင်တဲ့ လူမျိုးကို .. ခင်ဗျား .. မြင်ဖူးသလား..."
ထိုစကားကို ကြားသောအခါ .. ဟွမ်ဖူကျန့်ထျန်း၏ .. မျက်ခုံးများ .. တွန့်ချိုးသွားခဲ့ပြီး .. စိုးရိမ်သွားဟန် .. ပေါက်နေသည်။
ဖုန်းဝူချန်သည် .. သူ၏ ဘယ်ဘက်လက်ဖြင့် ..လေထဲတွင် လက်ဟန်များ .. ဖော်ဆောင်လိုက်သည်။ .. နဂါးနတ်ဘုရား၏ .. ပြင်းထန်သော စွမ်းအားကို .. အားကုန် .. ထုတ်ဖော်လိုက်ရာ .. သူ၏ ဆံပင်များသည် .. လေမတိုက်ဘဲ .. တဟူးဟူး လွင့်လာခဲ့၏။ ..
နောက်ဆုံးတွင် .. သူ၏ ဓားလက်ညှိုး ပုံစံကို .. ဓားသွားပေါ်သို့ .. ဖိနှိပ်လိုက်ပြီး .. မီးလျှံဓားထဲသို့ .. စွမ်းအင်များ .. ထည့်သွင်းလိုက်လေသည်။
ထိုအခိုက်အတန့်မှာပင် လွှမ်းမိုးနိုင်သော .. ကြောက်မက်ဖွယ် စွမ်းအား တစ်ခု .. ထိုးထွက်လာခဲ့ပြီး... ၎င်း၏ အရှိန်အဟုန်သည် .. လမ်းကြောင်းပေါ်ရှိ .. အရာ အားလုံးကို .. ကြေမွသွား
စေနိုင်လောက်သည်။
"ကမ္ဘာပျက် .. ကောင်းကင်ဘုံ၏ .. ဒဏ်ခတ်ခြင်း ဓားချက်။"
ဖုန်းဝူချန်က .. ဟိန်းဟောက်လိုက်သည်။
.. သူ၏ လက်များက .. မီးလျှံဓားကို .. တင်းကြပ်စွာ .. ဆုပ်ကိုင်ထားပြီး .. အောက်သို့ .. ခုတ်ပိုင်းချလိုက်ရာ .. ဓားအလင်းတန်းများ .. လင်းလက်သွားခဲ့၏။
"ဝှစ်…"
"ဝီ…."
ကိုက်ပေါင်း .. ဆယ်ဂဏန်းခန့် ရှည်လျားသော .. ကြီးမားသည့် .. ရွှေရောင် စွမ်းအင် ဓားချက်ကြီး တစ်ခု .. လျှပ်စီးကဲ့သို့ .. ပစ်ခွင်းသွားသည်။ .. ၎င်းသည် .. မြေပြင်ကို .. တုန်ခါစေပြီး .. စုတ်ဖြဲသွားကာ .. သဲမုန်တိုင်းများကို .. ဖြစ်ပေါ်စေခဲ့၏။
ဤ ကြောက်မက်ဖွယ် .. စွမ်းအားကို .. ခံစားမိသောအခါ .. ဟွမ်ဖူကျန့်ထျန်း၏ .. မျက်နှာသည် .. သိသိသာသာ .. ပြောင်းလဲသွားခဲ့သည်။ .. သူက ထိတ်လန့်တကြား .. အော်ဟစ်လိုက်၏။
.. "...ဒါက .. မြေကမ္ဘာအဆင့် .. အလယ်အလတ်တန်းစား .. သိုင်းပညာပဲ..."
"အုန်း အုန်း အုန်း။"
ကြောက်မက်ဖွယ် .. စွမ်းအင် နှစ်ခုသည် .. တစ်ခဏအတွင်း .. ထိတိုက်မိသွားပြီး .. တောအုပ်များကို .. တသိမ့်သိမ့် တုန်ခါသွားစေသည်။ ..
ပေါက်ကွဲမှု၏ .. အခိုက်အတန့်မှာပင် .. ဟွမ်ဖူကျန့်ထျန်းသည် .. သွေးတစ်ပွက် .. အန်ထုတ်လိုက်ရ၏။ ..
ဖုန်းဝူချန်သည်လည်း .. သူ၏ ကြံ့ခိုင်သော .. ခန္ဓာကိုယ်ဖြင့်ပင် .. ခဏမျှသာ .. တောင့်ခံနိုင်ခဲ့ပြီး .. သွေးများ .. အန်ထုတ်လိုက်ရသည်။
ထို တိုက်ရိုက် .. ရင်ဆိုင်မှုတွင် .. နှစ်ဦးစလုံး .. နောက်တစ်ကြိမ် .. ဒဏ်ရာ ရရှိသွားကြပြန်သည်။
ဖျက်ဆီးအား .. ပြင်းလှသော .. စွမ်းအင် လှိုင်းဂယက်များသည် .. မိုးကြိုးပစ်သကဲ့သို့ .. စွမ်းအားဖြင့် .. ပတ်ဝန်းကျင်မှ .. အရာအားလုံးကို .. ဝါးမြိုသွားခဲ့၏။
"ဒါ... .. ဒါက .. မဖြစ်နိုင်ဘူး..."
ဟွမ်ဖူကျန့်ထျန်း၏ .. မျက်နှာသည် .. ကြောက်ရွံ့မှုများဖြင့် .. ပြည့်နှက်နေခဲ့သည်။ ..
သူ .. အစွမ်းကုန် .. ထုတ်သုံးပြီး .. သူ၏ ရတနာကိုပါ .. ထုတ်သုံးခဲ့သည့်တိုင် .. ဖုန်းဝူချန်ကို .. အနိုင်မယူနိုင်ခဲ့သည်ကို .. .. မယုံကြည်နိုင်ခဲ့ပါချေ။
လွင့်စင်သွားသော .. ဟွမ်ဖူကျန့်ထျန်းသည် .. မရှုမလှ .. ဒဏ်ရာများ .. ရရှိသွားခဲ့သည်။
"ဟွမ်ဖူကျန့်ထျန်း။ ..ခင်ဗျား သေရမယ့် အချိန် .. ရောက်လာပြီ။"
ဖုန်းဝူချန်က .. သူ၏ ပြင်းထန်သော .. ဒဏ်ရာများကို .. အောင့်အည်းရင်း .. ဒေါသတကြီး .. အော်ဟစ်လိုက်သည်။ ..
သူသည် .. မီးလျှံဓားကို ဝှေ့ယမ်းကာ .. လေထဲမှ .. လျင်မြန်စွာ .. ခုန်ပျံဝင်ရောက်လာခဲ့၏။
ထိုအခါ ဟွမ်ဖူကျန့်ထျန်း၏ .. မျက်နှာသည် .. ထိတ်လန့်မှုများဖြင့် .. ပြည့်နှက်သွားပြီး .. သူက .. ကြောက်လန့်တကြား .. အော်ဟစ်လိုက်သည်။ ..
"...ဖုန်းဝူချန်... .. ငါက .. ထျန်းယွင်ဂိုဏ်းရဲ့ .. ပါရမီရှင် တပည့်တစ်ယောက်ပဲ... မင်း .. ငါ့ကို .. သတ်လို့ မရဘူး..."
"အဲ့ဒီစကားကို .. ငရဲပြည်က .. တာဝန်ခံကို သွားပြောလိုက်။"
ဖုန်းဝူချန်က .. အေးစက်စွာ .. ပြန်ပြောလိုက်သည်။ ..
သူသည် .. လျှပ်စီးကဲ့သို့ .. တိုးဝင်လာခဲ့ပြီး .. သူ၏ ဓားအလင်းတန်းက .. ဝင်းလက်သွား၏။
မီးလျှံဓားသည် .. ဟွမ်ဖူကျန့်ထျန်း၏ .. နှလုံးသားကို .. ထိုးဖောက် ဝင်ရောက်သွားခဲ့လေသည်။
"မင်း... .. မင်းက .. ငါ့... .. ငါ့ကို .. သတ်... .. သတ်ရဲတယ်..."
ထိုသို့ ရေရွတ်နေစဉ်မှာပင် ဟွမ်ဖူကျန့်ထျန်း၏ .. မျက်လုံးများသည် .. မျှော်လင့်ချက် .. ကင်းမဲ့မှုများဖြင့် .. ပြည့်နှက်နေခဲ့ပြီး။ .. သူသည် .. တဖြည်းဖြည်း .. လဲကျ
သွားလေတော့သည်။