← Chapters

လွယ်ကူသော အောင်ပွဲ

Vol. 9 Ch. 126

လွယ်ကူသော အောင်ပွဲ

Vol. 9 Ch. 126

~ချင်အန်း ကိုယ်တိုင်လည်း .. ထိုအချက်ကို .. သတိပြုမိသွား၏။ .. သူ၏ မျက်နှာအမူအရာသည် .. အနည်းငယ် ပိုမို .. လေးနက်သွားခဲ့သည်။

ချင်အန်း၏ .. ကျင့်ကြံမှု အဆင့်ဖြင့် .. သူ၏ တကယ့် .. တိုက်ခိုက်ရေး စွမ်းအားကို .. ထုတ်ဖော်လိုက်ပါက .. ယွမ်တန်ဘုံ စတုတ္ထအလွှာ .. ပညာရှင် တစ်ဦးကိုပင် .. ရင်ဆိုင်နိုင်စွမ်း ရှိ၏။ .. သူ၏ စွမ်းအားသည် .. လုံးဝ အားနည်းနေခြင်း .. မဟုတ်ပါချေ။

ချင်အန်းသည် .. အရပ်အမောင်း မြင့်မား

ပြီး .. ထွားကျိုင်းသူ ဖြစ်ရာ .. သူ၏ .. လွှမ်းမိုးနိုင်သော .. စွမ်းအားကြောင့် .. ကျော်ကြားသူ ဖြစ်သည်။ .. တိုက်ရိုက် .. ရင်ဆိုင် တိုက်ခိုက်မှုများကို .. သူ .. တစ်ခါမျှ .. မကြောက်ရွံ့ခဲ့ဖူးပါ။

'...ဒီကောင်လေးက .. နည်းနည်း .. ထူးဆန်းတယ်...။ .. သူက .. အရေးနိမ့်နေပုံ .. ပေါက်နေပေမဲ့... .. ငါ့ရဲ့ စွမ်းအားကို .. အပြည့်အဝ .. ခံနိုင်ရည် ရှိနေတယ်...။ .. သူ .. လုံးဝ .. ဒဏ်ရာ မရဘူး...။ .. ...သူ... .. ငါ့ကို .. ကစားနေတာလား...'

ချင်အန်းက .. စိတ်ထဲတွင် တွေးလိုက်မိသည်။ .. သူ၏ နှလုံးသားထဲတွင် .. ဒေါသများ .. တိုးပွားလာသည်ကို .. ခံစားလိုက်ရ၏။

အစပိုင်းတွင် .. ချင်အန်းသည် .. ဖုန်းဝူချန် .. အားနည်းသည်ဟု .. ထင်မှတ်ခဲ့သည်။ .. သူ့ကို .. ရိုးရှင်းသော .. လှုပ်ရှားမှု တစ်ချက်တည်းဖြင့် .. စင်မြင့်ပေါ်မှ .. ကန်ထုတ်ပစ်ရန် .. ရည်ရွယ်ခဲ့၏။ .. သို့သော် .. ယခုတော့ .. ထိုသို့ .. မလွယ်ကူတော့မှန်း .. သိလိုက်ရသည်။

ပြင်းထန်သော .. ထိတိုက်မှု တိုင်းက .. ဖုန်းဝူချန် .. လွင့်စင်သွားသကဲ့သို့ .. ထင်မှတ်စေခဲ့သည်။ .. သို့သော် .. သူသည် .. လုံးဝ .. ထိခိုက်မှု .. မရှိခဲ့သည့်အပြင် .. ချင်အန်း၏ .. စွမ်းအား အားလုံးကို .. ပိတ်ဆို့ထားနိုင်ခဲ့၏။

သူ၏ ကျားသဖွယ် .. မျက်လုံးများသည် .. ရက်စက်သော .. အရောင်အဝါများ .. ထွက်ပေါ်နေခဲ့၏။

ချင်အန်းက .. ကြမ်းကြုတ်စွာ ဆိုလိုက်သည်။ ..

"မင်းကို .. ငါ .. အထင်သေးသွားခဲ့မိတယ်...။ .. ပါရမီရှင် အဆင့် သတ်မှတ်ပွဲ .. သိုင်းပြိုင်ပွဲကို .. ဝင်ပြိုင်တဲ့သူတိုင်းက .. အရည်အချင်း မရှိဘဲ .. နေပါ့မလား..."

အားကောင်းသော .. အရှိန်အဝါ တစ်ခု .. စတင် .. တိုးပွားလာခဲ့သည်။ .. ကြံ့ခိုင်သော .. စွမ်းအားများသည် .. ချင်အန်း၏ .. ခန္ဓာကိုယ်မှ .. ပေါက်ကွဲ ထွက်လာ၏။ .. သူ၏ မျက်နှာအမူအရာမှာ .. တည်ငြိမ်နေခဲ့ပြီး .. သူ .. အလေးအနက် .. ထားရန် .. အသင့် ဖြစ်နေခဲ့ပြီ ဖြစ်သည်။

ဖုန်းဝူချန်က .. လေးနက်စွာ .. ဆိုလိုက်လေသည်။ .. တကယ့် .. တိုက်ပွဲက .. အခုမှ .. စတင်တော့မည် ဖြစ်၏။

"မင်းလည်း .. အားမနည်းပါဘူး..."

ထျန်းဝူ အကယ်ဒမီမှ .. ပါရမီရှင် ကျောင်းသား .. တစ်ဦးက .. ခပ်ရေးရေး .. သရော်ပြုံး ပြုံးလိုက်သည်။ .. သူသည် .. ချင်အန်း၏ .. စွမ်းအားအပေါ် .. ယုံကြည်မှု .. အပြည့် ရှိနေခဲ့၏။

"ချင်အန်းက .. အလေးအနက် .. ထားလိုက်ပြီ ဆိုတာနဲ့ .. ဖုန်းဝူချန်ရဲ့ .. စွမ်းအားက .. တော်ရုံတန်ရုံ .. ရှိကြောင်း .. ပြနေတာပဲ...။ .. ဒါပေမဲ့ .. အလေးအနက် .. ဖြစ်သွားတဲ့ .. ချင်အန်းက .. ပိုပြီးတော့တောင် .. အားကောင်းလာလိမ့်မယ်..."

အခြား ကျောင်းသား တစ်ဦးက .. ဆိုလိုက်သည်။

"ဖုန်းဝူချန်ရဲ့ .. စွမ်းအားက .. အကောင်းဆုံး .. ရှိလှမှ .. ယွမ်တန်ဘုံ .. တတိယအလွှာ .. အထွတ်အထိပ်ပဲ...။ .. သူက .. ချင်အန်းရဲ့ .. ပြိုင်ဘက် .. မဟုတ်နိုင်ပါဘူး..."

" ဂျုန်း။"

ချင်အန်းသည် .. ကြမ်းကြုတ်သော .. စွမ်းအားဖြင့် .. ပေါက်ကွဲ ထွက်လိုက်ရာ .. မိုးခြိမ်းသံကဲ့သို့ .. အသံတစ်ချက် .. ထွက်ပေါ်လာသည်။ .. သူသည် .. ဖုန်းဝူချန်ဆီသို့ .. အရှိန်အပြည့်ဖြင့် .. ပြေးဝင်သွား၏။ .. သူ၏ စွမ်းအားနှင့် .. အရှိန်သည် .. ယခင်ကထက် .. အဆပေါင်းများစွာ .. ပိုမို .. အားကောင်းနေခဲ့လေသည်။

ဖုန်းဝူချန်သည်လည်း .. အားနည်းကြောင်း .. ပြသရန် .. ဆန္ဒမရှိဘဲ .. ရှေ့သို့ .. တိုးဝင်သွားခဲ့၏။

.. သူ၏ အရှိန်သည်လည်း .. အလားတူ .. တိုးမြှင့်လာခဲ့သည်။

"ဘုန်း။"

“ဝှစ်”

မျက်စိ တစ်မှိတ်အတွင်းမှာပင် .. သူတို့ နှစ်ဦးသည် .. လက်သီး တစ်ချက်စီဖြင့် .. ထိတိုက်မိသွားကြရာ .. နားကွဲမတတ် .. ပေါက်ကွဲသံကြီး .. ထွက်ပေါ်လာခဲ့သည်။ .. ရက်စက် ကြမ်းကြုတ်သော .. စွမ်းအားသည် .. စင်မြင့်ကို .. တုန်ခါသွားစေ၏။ .. မြေပြင်ကို .. ကွဲအက်စေပြီး .. ပြင်းထန်သော .. ချီစွမ်းအင် .. မုန်တိုင်း တစ်ခုကို .. အပြင်ဘက်သို့ .. တိုက်ခတ်သွားစေခဲ့သည်။

ချင်အန်းက . .. ဖုန်းဝူချန်ကို .. အနည်းငယ် .. မယုံကြည်နိုင်စွာ .. ကြည့်လိုက်၏။

သူ အံ့ဩတကြီး .. အော်ဟစ်လိုက်သည်။ ..

"အိုး... .. မင်းမှာ .. တကယ်ပဲ .. ဒီလို စွမ်းအားတွေ .. ရှိနေတာလား..."

ဖုန်းဝူချန်က .. ပေါ့ပေါ့ပါးပါး .. ပြန်လည် .. ပြောကြားလိုက်သည်။

"မင်း .. ကိုယ်တိုင် .. ပြောခဲ့တာပဲ .. မဟုတ်လား...။ .. ဘာ .. အရည်အချင်းမှ .. မရှိဘဲနဲ့ .. ပါရမီရှင် အဆင့် သတ်မှတ်ပွဲ .. သိုင်းပြိုင်ပွဲကို .. ဘယ်သူက .. ဝင်ပြိုင်ရဲမှာလဲ..."

ဤ လက်သီးချင်း .. တိုက်ရိုက် .. ထိတိုက်မိမှုတွင် .. ဖုန်းဝူချန်သည် .. ယခင်ကဲ့သို့ .. လွင့်စင်သွားခြင်း .. မရှိခဲ့တော့ပါ။ .. သူသည် .. ခြေတစ်လှမ်း၏ .. တစ်ဝက်မျှပင် .. နောက်သို့ .. မဆုတ်ခဲ့ပါချေ။

ချင်အန်း .. သူ၏ .. တကယ့် စွမ်းအားကို .. အသုံးပြုသည့်တိုင် .. သူသည် .. ဖုန်းဝူချန်ကို .. တစ်လက်မမျှ .. ရွေ့လျားသွားအောင် .. မလုပ်နိုင်ခဲ့ပါ။ .. သူ၏ .. မျက်မှောင်များပင် .. ကြုတ်သွားခြင်း .. မရှိခဲ့ချေ။

"...အားကောင်းလိုက်တာ...။ .. သူ့ရဲ့ စွမ်းအားက .. ချင်အန်းထက်တောင် .. မနိမ့်လောက်ဘူး..."

"...ဒီကောင်လေးက .. တော်တော် .. နက်နက်နဲနဲ .. ဖုံးကွယ်ထားတာပဲ...။ .. ငါတို့တောင် .. သူ့ကို .. လုံးဝ .. လှည့်စား ခံလိုက်ရတော့မလို့..."

ပါရမီရှင် ကျောင်းသားများ .. အားလုံး .. အတော်လေး .. အံ့အားသင့် .. သွားခဲ့ကြသည်။ ဗိုလ်ချုပ်များပင်လျှင် .. သူတို့ .. အကဲဖြတ် .. မှားယွင်းသွားသလို .. ခံစားလိုက်ရ၏။

"ဘုန်း ဘုန်း ဘုန်း။"

"ဝှစ်…"

ပြင်းထန်သော .. တိုက်ပွဲသည် .. ဆက်လက် .. ဖြစ်ပွားနေခဲ့သည်။ .. ချင်အန်းသည် .. ဖုန်းဝူချန်အား .. ကြမ်းကြုတ်စွာ .. တိုက်ခိုက်နေခဲ့၏။ .. ပေါက်ကွဲသံများ .. ဘယ်သောအခါမှ .. မရပ်တန့်ခဲ့သလို .. စွမ်းအင် .. လှိုင်းဂယက်များလည်း .. အဆုံးမသတ်နိုင် .. ဖြစ်နေခဲ့သည်။

ပြင်းထန်မှု မြင့်မားသော .. ထိတိုက်မှုများ .. အလယ်တွင် .. ဖုန်းဝူချန်သည် .. နောက်ကျကျန်ရစ်ခြင်း .. မရှိခဲ့ပါချေ။

ကြည့်ရှုနေသော .. ကျောင်းသားများနှင့် .. ဗိုလ်ချုပ်များမှာ .. အံ့အားသင့် .. မှင်တက်သွားကြသည်။ .. ဖုန်းဝူချန်သည် .. ယွမ်တန်ဘုံ .. တတိယအလွှာ .. အဆင့်ဖြင့် .. တတိယအလွှာ .. အထွတ်အထိပ်ကို .. တန်းတူ .. ရင်ဆိုင်နိုင်စွမ်း .. ရှိနေခဲ့၏။ .. ချင်အန်း၏ .. ကြောက်မက်ဖွယ် .. စွမ်းအားများဖြင့်ပင် .. သူသည် .. ဖုန်းဝူချန်အပေါ် .. လက်သီး တစ်ချက်မျှပင် .. ထိမှန်အောင် .. မစွမ်းဆောင်နိုင်ခဲ့ပါ။

သွမ့်ဟုန်ရှီးက .. မျက်မှောင်ကြုတ်လျက် .. ဆိုလိုက်သည်။ .. သူသည် .. ကြည့်ရင်း .. ကြည့်ရင်း .. စိုးရိမ်လာခဲ့၏။

"ဖုန်းဝူချန်က .. တကယ်ပဲ .. ဘာတွေ .. လုပ်နေတာလဲ..."

စူးလဲ့ယန်က .. နားမလည်နိုင်စွာ .. ထင်ကြေးပေးလိုက်သည်။ .. သူသည် .. ဖုန်းဝူချန်၏ .. ကြောက်မက်ဖွယ် .. စွမ်းဆောင်ရည်များကို .. မျက်မြင် .. တွေ့ရှိပြီးသား .. ဖြစ်၏။

"သူ... .. ခွန်အား .. ချွေတာနေတာလား..."

သူတို့၏ .. ဖုန်းဝူချန်အပေါ် .. နားလည်ထားမှု .. အပေါ် .. အခြေခံရလျှင် .. ယွမ်တန်ဘုံ .. တတိယအလွှာသို့ .. တက်လှမ်းသွားခဲ့သော .. ဖုန်းဝူချန်သည် .. အနည်းဆုံးတော့ .. ယွမ်တန်ဘုံ .. ပဉ္စမအလွှာမှ .. တစ်စုံတစ်ယောက်ကို .. ရင်ဆိုင်နိုင်စွမ်း .. ရှိသင့်သည်။

ထိုစဉ်မှာ လင်ရှောင်ရှောင်က .. နူးညံ့စွာ .. ပြုံးလျက် .. သူတို့အား ရှင်းပြလိုက်လေသည်။

"ဖုန်းအစ်ကိုကြီးက .. သူရဲ့ .. ယွမ်တန်ဘုံ .. တတိယအလွှာကို .. ခိုင်မာအောင် .. လုပ်နေတာပါ...။ .. သူက .. အခုမှ .. အဆင့် တက်လာခဲ့တာလေ...။ .. သူ့ရဲ့ ဘုံအဆင့်ကို .. ခိုင်မာအောင် .. လုပ်ပြီးမှ... .. သူက .. ယွမ်တန်ဘုံ .. တတိယအလွှာရဲ့ .. တကယ့် စွမ်းအားကို .. ထုတ်သုံးလို့ .. ရမှာ...။ .. တိုက်ခိုက်ခြင်းက .. ကျင့်ကြံဘုံအဆင့်ကို .. ခိုင်မာအောင် လုပ်ဖို့ .. အမြန်ဆုံး .. ဖြတ်လမ်းပဲ..."

ထိုသို့ ကြားလိုက်ရသောအခါ သွမ့်ဟုန်ရှီး၏ မျက်နှာသည် .. မနာလိုမှုများဖြင့် .. ပြည့်နှက်နေသော်လည်း .. မတတ်နိုင်သော .. ခံစားချက်မျိုးလည်း .. ရှိနေခဲ့၏။

"ဒီကောင်က .. တကယ်ကို .. သဘာဝလွန်လွန်းတယ်...။ .. တစ်လအတွင်းမှာ .. အဆင့်နှစ်ဆင့် .. တက်သွားတယ်..."

ချင်အန်းသည် .. တိုက်ခိုက်လေလေ .. ပိုမို .. ထိတ်လန့်လာလေလေ .. ဖြစ်၏။ ..

သူ၏ .. ကြမ်းကြုတ်သော .. တိုက်ခိုက်မှုများ .. အားလုံးသည် .. လုံးဝ .. အကျိုးသက်ရောက်မှု .. မရှိခဲ့ပါ။ .. ဖုန်းဝူချန်က .. ၎င်းတို့ကို .. ကြိုတင် .. မြင်တွေ့နေရသကဲ့သို့ပင်။ .. .. သူ၏ .. လှုပ်ရှားမှုများကို .. မတိုက်ခိုက်မီကပင် .. ကြိုတင် .. ခန့်မှန်းနေခဲ့သည်။

ဖုန်းဝူချန်နှင့် .. အနီးကပ် တိုက်ခိုက်မိမှသာ .. ချင်အန်းသည် .. သူ၏ .. ကြောက်မက်ဖွယ် .. စွမ်းအားကို .. နားလည် .. သဘောပေါက်သွားခဲ့၏။ .. ပြင်းထန်သော .. ယှဉ်ပြိုင်မှု .. အကြိမ်ပေါင်းများစွာ .. ပြီးနောက်တွင် .. သူ့ခြေလက်များ .. ထုံကျဉ်လာသလိုပင် .. ခံစားလာရသည်။

ဗိုလ်ချုပ် တစ်ဦးက .. သုံးသပ်လိုက်သည်။

"ဖုန်းဝူချန်ရဲ့ .. စွမ်းအားက .. ထူးခြားဆန်းကြယ်တယ်...။ .. မဟုတ်ဘူး... .. တိတိကျကျ .. ပြောရရင်... .. သူ့ရဲ့ .. ခန္ဓာကိုယ် .. စွမ်းအားက .. အရမ်း .. အားကောင်းတာ...။ .. ပြီးတော့ .. သူက .. ချင်အန်းရဲ့ .. နည်းစနစ်တွေ .. အားလုံးကို .. ကြိုမြင်နေရသလိုပဲ...။ .. ချင်အန်းရဲ့ .. တိုက်ခိုက်မှုတွေက .. အနည်းငယ်မျှတောင် .. အကျိုးသက်ရောက်မှု .. မရှိဘူး..."

အခြား ..ဗိုလ်ချုပ် တစ်ဦးက .. စူးစမ်းစွာ .. မေးမြန်းလိုက်သည်။

"ဗိုလ်ချုပ်ကြီးယဲ့... .. ဒီ ဖုန်းဝူချန်ရဲ့ .. နောက်ခံက .. ဘာများလဲ...။ .. သူ့ရဲ့ စွမ်းအားက .. အရမ်း .. ကြောက်ဖို့ကောင်းပုံပဲ..."

ထိုစကားကို ကြားသော် .. ယဲ့ချန်းချုံးက .. ခပ်ဖွဖွ .. ပြုံးလျက် .. ပြန်ဖြေလိုက်၏။

"သူ့ပြိုင်ဘက်ကို .. အထင်သေးတဲ့သူကတော့ .. ကောင်းမွန်တဲ့ .. အဆုံးသတ်မျိုး .. ရမှာ .. မဟုတ်ဘူး..."

"အိုး... .. ဒီလောက်တောင် .. အားကောင်းတာလား..."

အခြား .. ဗိုလ်ချုပ်.. သုံးဦးမှာ .. အံ့အားသင့် .. သွားကြသည်။ .. ယဲ့ချန်းချုံး၏ .. မှတ်ချက်ကြောင့် .. စစ်သူကြီး သုံးဦးသည် .. ပို၍ပင် .. မျှော်လင့် .. တကြီး .. ဖြစ်သွားကြ၏။

ကျောင်းသားများနှင့် .. ဗိုလ်ချုပ်များသည် .. တိတ်ဆိတ် နေခဲ့ကြသည်။ ..

အစောပိုင်းက .. လှောင်ပြောင်ခံခဲ့ရသော .. ဖုန်းဝူချန်သည် .. ယခုအခါ .. သူတို့၏ .. အသိအမှတ်ပြုမှု .. ရရှိစေမည့် .. စွမ်းအား အဆင့်တစ်ခုကို .. ပြသနေခဲ့ပြီ ဖြစ်သည်။

"နက်နဲခြင်းအဆင့် .. အလယ်အလတ်တန်းစား .. သိုင်းပညာ...။ .. ပြင်းထန်သဲ လက်ဝါး..."

ပြင်းထန်သော .. အနီးကပ် .. တိုက်ပွဲ အလယ်တွင် .. ဒေါသများ ပြည့်နှက်နေသော .. ချင်အန်းသည် .. သူ၏ .. သိုင်းပညာကို .. အသုံးပြုရင်း .. ဟိန်းဟောက်လိုက်သည်။

.. ဖျက်ဆီးအား .. ပြင်းသော .. လက်ဝါး တစ်ချက်သည် .. စင်မြင့်ကို .. စုတ်ဖြဲလိုက်ပြီး .. တုန်ခါသွားစေခဲ့၏။

ချင်အန်း .. သူ၏ .. သိုင်းပညာဖြင့် .. လှုပ်ရှားလိုက်သည်နှင့် .. ဖုန်းဝူချန်သည် .. လျင်မြန်စွာ .. နောက်သို့ .. ဆုတ်ခွာလိုက်သည်။

အကွာအဝေး .. အနည်းငယ် .. ဖန်တီးလိုက်ပြီးနောက် .. ဖုန်းဝူချန်သည် .. သူ၏ .. အစစ်အမှန်ယွမ်ကို .. တိုးမြှင့်ကာ .. ဟိန်းဟောက်လိုက်၏။ ..

“တတိယအလွှာ .. ကောင်းကင်အမျက်ဒေါသ .. လက်ဝါး…”

သူသည် .. ရုတ်တရက် .. လက်ဝါး သုံးချက်ကို .. ရိုက်ထုတ်လိုက်ပြီး .. လက်ဝါး သုံးချက်၏ .. စွမ်းအားသည် .. ချက်ချင်း .. ပေါင်းစပ်သွားကာ .. ၎င်းတို့၏ .. အစွမ်းမှာ .. အံ့ဩဖွယ် .. ကောင်းလှသည်။

“အုန်း”

“ဝှစ်...ဝှစ်”

သူတို့၏ .. လက်ဝါးချက်များသည် .. ချက်ချင်း .. ထိတိုက်မိသွားပြီး .. ပေါက်ကွဲသံများက .. တောင်ခြေရင်း .. ပတ်လည်တွင် .. ပဲ့တင်ထပ်သွားခဲ့သည်။

စင်မြင့်သည် .. တုန်ခါသွားပြီး .. စွမ်းအင် လှိုင်းလုံးများသည် .. အရူးအမူး .. လှည့်ပတ်သွားကာ .. ဖုန်မှုန့်များနှင့် .. ကျိုးပဲ့နေသော .. ကျောက်စိုင်များကို .. လွင့်စင်စေခဲ့၏။

အားကောင်းလှသော .. ချင်အန်းသည် .. သိုင်းပညာချင်း .. ယှဉ်ပြိုင်ပြီးနောက် .. ထိတ်လန့်ဖွယ်ရာ .. မီတာ အနည်းငယ်ခန့် .. နောက်သို့ .. ဆုတ်သွားခဲ့ရသည်။

ဆန့်ကျင်ဘက် အနေနှင့် .. ဖုန်းဝူချန်မှာတော့ .. လှုပ်ရှားမှုပင် .. မရှိခဲ့ပါချေ။

စွမ်းအား .. ပြသမှုသည် .. ကြည့်ရှုနေသော .. ကျောင်းသားများနှင့် .. စစ်သူကြီးများကို .. နောက်တစ်ကြိမ် .. ထိတ်လန့် .. သွားစေခဲ့ပြန်သည်။

..ချင်အန်းမှာ .. သူ့ကိုယ်သူ အားမနည်းသည့်အတွက် .. တော်သေးသည်ဟု ..ကျေးဇူးတင်မိလိုက်၏။ .. သို့မဟုတ်ပါက .. ထိုခိုင်မာသော .. ယှဉ်ပြိုင်မှုပြီးနောက် .. သူ .. သေချာပေါက် .. ဒဏ်ရာ .. ရရှိသွားပေလိမ့်မည်။

ချင်အန်းက .. လေးနက်စွာ .. ရေရွတ်လိုက်သည်။

"နက်နဲခြင်း အဆင့် .. အလယ်အလတ်တန်းစား .. သိုင်းပညာက .. တကယ်ပဲ .. ဒီလို စွမ်းအား .. ရှိနေတာလား...။ .. ဒါက .. အဆင့်မြင့် .. နက်နဲခြင်းအဆင့် .. သိုင်းပညာနဲ့တောင် .. နှိုင်းယှဉ်နိုင်စွမ်း .. ရှိနေတယ်..."

ထျန်းဝူ အကယ်ဒမီမှ .. ကျောင်းသားများသည် .. အတိုင်းအတာထက် .. ကျော်လွန်၍ .. ထိတ်လန့် .. သွားကြသည်။ ..

"ဖုန်းဝူချန်က .. ယွမ်တန်ဘုံ .. တတိယအလွှာမှာပဲ .. ရှိနေသေးတာ...။ .. သူ .. ဒီလောက် .. လွှမ်းမိုးနိုင်စွမ်း .. မရှိသင့်ဘူး..."

ကျောင်းအုပ်ကြီးနှင့် ..

အကြီးအကဲများပင်လျှင် .. မယုံကြည်နိုင် .. ဖြစ်နေခဲ့ကြ၏။

ဖုန်းဝူချန်က‌တော့ .. နှုတ်ခမ်များ ညွတ်ကွေးကာ ပြုံးလိုက်သည်။ ..

...ယခုလေးတင် .. တိုက်ခိုက်ခဲ့သော .. တိုက်ပွဲသည် .. သူ၏ ဘုံအဆင့်ကို .. တဖြည်းဖြည်း .. ခိုင်မာသွားစေခဲ့ပြီ ဖြစ်၏။

"အချိန်တန်ပြီ..."

"ဝှစ်၊ ဝှစ်၊ ဝှစ်။"

ဖုန်းဝူချန်သည် .. ရုတ်တရက် .. သူ၏ .. တိုက်ခိုက်မှုကို .. အံ့ဩဖွယ် .. အမြန်နှုန်းဖြင့် .. စတင်လိုက်သည်။ .. သူ၏ .. ပုံရိပ်သည် .. ဘယ်ညာ .. ယိမ်းထိုးသွား၏။ .. မျက်စိ .. တစ်မှိတ်အတွင်းမှာပင် .. သူသည် .. ချင်အန်း၏ .. ဘယ်ဘက်ခြမ်းသို့ .. ရောက်ရှိသွားပြီး .. လက်သီး တစ်ချက် .. ထိုးနှက်လိုက်သည်။

"ဟမ့်။"

ချင်အန်းက .. ဒေါသတကြီး .. နှာမှုတ်လိုက်ပြီး .. လက်သီး တစ်ချက်ဖြင့် .. ပြန်လည် .. ရင်ဆိုင်လိုက်၏။

"ဘုန်း။"

သူတို့၏ .. လက်သီးများ .. ထိတိုက်မိသည့် .. ချက်ချင်းမှာပင် .. ချင်အန်း၏ .. မျက်နှာသည် .. သိသိသာသာ .. ပြောင်းလဲသွားခဲ့သည်။ .. လွှမ်းမိုးနိုင်သော .. စွမ်းအား လှိုင်းလုံး တစ်ခု .. သူ၏ .. ခန္ဓာကိုယ်ထဲသို့ .. ကြမ်းကြုတ်စွာ .. ကျူးကျော် .. ဝင်ရောက်လာသည်ကို .. ခံစားလိုက်ရ၏။ .. ထို .. ပထမဆုံး .. ယှဉ်ပြိုင်မှုမှာပင် .. သူ့အား .. ခြောက်မီတာ .. ခုနစ်မီတာခန့် .. နောက်သို့ .. ဆုတ်သွားစေခဲ့သည်။

"စွမ်းအားရော .. အမြန်နှုန်းရော .. နှစ်ခုလုံး .. မြင့်တက်လာတယ်..."

ယွမ်တန်ဘုံ .. စတုတ္ထအလွှာမှ .. ကျောင်းသား တစ်ဦးက .. အံ့ဩတကြီး .. အော်ဟစ်လိုက်သည်။

"ဒီကောင်လေးက .. ချင်အန်းထက် .. တကယ် .. အားကောင်းနေတာပဲ..."

"အားကောင်းလိုက်တာ...။ .. အရမ်း .. အားကောင်းတာပဲ..."

ပါရမီရှင် ကျောင်းသားများ .. တစ်ယောက်ပြီးတစ်ယောက် .. အံ့ဩတကြီး .. အော်ဟစ်လိုက်မိကြတော့သည်။

ချင်အန်း၏ .. မျက်လုံးများသည် .. ထိတ်လန့်မှုကြောင့် .. ပြူးကျယ်သွားပြီး .. ဖုန်းဝူချန်ကို .. စိုက်ကြည့်နေမိသည်။ .. သူ၏ .. စိတ်ထဲတွင် .. မယုံကြည်နိုင်မှုများ .. ပြည့်နှက်လို့ နေ၏။

"...ဒါက .. ဘယ်လို .. ဖြစ်နိုင်မှာလဲ..."

ချင်အန်း .. သူ့ကိုယ်ကို .. ဟန်ချက်ညီအောင် .. မထိန်းနိုင်မီမှာပင် .. ဖုန်းဝူချန်က .. ထပ်မံ .. လှုပ်ရှားလာခဲ့ပြီး .. နောက်ထပ် .. လက်သီး တစ်ချက်ဖြင့် .. သူ့ထံသို့ .. ရောက်ရှိလာခဲ့သည်။

"ဘုန်း။"

ချင်အန်းသည် .. သူ၏ .. စွမ်းအား .. အားလုံးကို .. အသုံးပြုကာ ..လက်သီး ဆုပ်ကာဖြင့် ခုခံလိုက်သည်။ .. ကျယ်လောင်သော .. ပေါက်ကွဲသံ တစ်ချက်နှင့်အတူ .. ချင်အန်း၏ .. မျက်နှာသည် .. ရုတ်တရက် .. နာကျင်မှုကြောင့် .. ရှုံ့မဲ့သွားခဲ့၏။ ..

နာကျင်မှုသည် .. သူ၏ .. လက်မှတစ်ဆင့် .. တစ်ကိုယ်လုံးသို့ .. ပျံ့နှံ့သွားသည်။ .. သူသည် .. နောက်ထပ် .. ခြောက်မီတာ .. ခုနစ်မီတာခန့် .. နောက်သို့ .. ဆုတ်သွားခဲ့ရပြန်သည်။

"ဒါက .. ယုတ္တိမတန်ဘူး...။ .. ဒီကောင်လေးက .. ဒီလောက် အားကောင်းတဲ့ .. စွမ်းအားကို .. အစကတည်းက .. ဖုံးကွယ်ထားခဲ့တာပဲ..."

ချင်အန်းက .. အံကြိတ်လျက် .. ဆိုလိုက်သည်။ .. ...ဖုန်းဝူချန်သည် .. သူ့အား .. အစအဦးကတည်းက .. အလေးအနက် .. ထားခဲ့ခြင်း .. မရှိဟု .. သူ .. ခံစားလိုက်ရသည်။

"နက်နဲခြင်းအဆင့် .. အလယ်အလတ်တန်းစား .. သိုင်းပညာ..."

ဒေါသထွက်နေသော .. ချင်အန်းသည် .. သူ၏ .. စွမ်းအား .. အားလုံးကို .. အသုံးပြုကာ .. ပြန်လည် .. တိုက်ခိုက်ရန် .. ပြင်ဆင်လိုက်တော့သည်။

"ဝှစ်။"

သို့သော် .. ဖုန်းဝူချန်သည် .. သူ့အား .. သိုင်းပညာ .. အသုံးပြုရန် .. အခွင့်အရေး .. မပေးခဲ့ပါ။ .. သူ၏ .. ပုံရိပ် .. တစ်ချက် .. လင်းလက်သွားကာ .. အနီးကပ် .. တိုးကပ်လာခဲ့ပြန်သည်။

"ဘာ..."

ချင်အန်း၏ .. မျက်နှာသည် .. နောက်တစ်ကြိမ် .. ပြောင်းလဲသွားခဲ့၏။ .. ဖုန်းဝူချန်၏ အမြန်နှုန်းသည် .. ပို၍ပင် .. တိုးမြှင့်လာခဲ့သည်။

ချင်အန်း .. လက်ဟန်များ .. လေထဲ၌ ရေးဆွဲနေစဉ်မှာပင် .. ဖုန်းဝူချန်၏ .. လက်သီးသည် .. ကျရောက်လာခဲ့သည်။

“ဘုန်း”

ပေါက်ကွဲသံ .. သဲ့သဲ့နှင့်အတူ ၎င်းသည် ချင်အန်း၏ ဘယ်ဘက် ပါးပြင်ကို ထိမှန်သွားခဲ့၏။

"ဘုန်း၊ ဘုန်း၊ ဘုန်း။"

ဖုန်းဝူချန်သည် .. အရူးအမူး .. ထိုးစစ်ဆင်လိုက်သည်။ .. အားပြင်းစွာ .. ပြန်လည် .. တိုက်ခိုက်နေ၏။ .. သူ၏ လက်သီးချက်များ၊ .. ခြေကန်ချက်များမှာ .. ရက်စက်မှု .. မရှိတော့ဘဲ .. တစ်ချက်ထက် .. တစ်ချက် .. ပိုမို .. ပြင်းထန်လာခဲ့သည်။ .. ချင်အန်းတွင် .. ပြန်လည် .. တိုက်ခိုက်ရန် .. စွမ်းအား .. မရှိတော့ဘဲ .. အကြိမ်ကြိမ် .. ထိမှန်နေခဲ့ရသည်။ .. သူ၏ .. တစ်ကိုယ်လုံးတွင် .. ပြင်းထန်သော .. နာကျင်မှုများ .. ပျံ့နှံ့နေခဲ့၏။

ချင်အန်းသည် .. အတွင်းစိတ်ထဲတွင် .. မယုံနိုင်လောက်အောင် .. ကြောက်ရွံ့ .. ထိတ်လန့်နေခဲ့သည်။ .. ဖုန်းဝူချန် .. ဤမျှ .. ကြမ်းကြုတ်သော .. စွမ်းအားကို .. ဖုံးကွယ်ထားနိုင်လိမ့်မည်ဟု .. သူ .. မယုံကြည်နိုင်ခဲ့ပါ။ .. သူသည် .. ဖုန်းဝူချန်၏ .. ပြိုင်ဘက် .. မဟုတ်ခဲ့ပါချေ။

'...ဖုန်းဝူချန်က .. သိပ်ကို .. အားကောင်းလွန်းတယ်...' ..

ချင်အန်း .. ထိတ်လန့်တကြား .. တွေးလိုက်မိသည်။ .. သူ .. အစွမ်းကုန် .. ထုတ်သုံးခဲ့သည့်တိုင် .. အနည်းငယ်မျှပင် .. အသာစီး .. ရရှိနိုင်မည် .. မဟုတ်ကြောင်း .. သူ .. သဘောပေါက်သွားခဲ့သည်။

"ဘုန်း၊ ဘုန်း၊ ဘုန်း။"

ကြမ်းကြုတ်သော .. တိုက်ခိုက်မှုသည် .. သနားညှာတာမှု .. မရှိဘဲ .. ဆက်လက် .. ဖြစ်ပွားနေခဲ့သည်။ .. ချင်အန်း၏ .. ဒဏ်ရာများမှာ .. ပြင်းထန်လာခဲ့ပြီး .. သွေးများ .. တပွက်ပွက် .. အန်ထုတ်နေရသည်။ .. ပြင်းထန်လှသော .. နာကျင်မှုသည် .. သူ၏ .. အသားမှ .. အတွင်း .. ရိုးတွင်းခြင်ဆီအထိ .. ပျံ့နှံ့နေခဲ့၏။

"..."

ဖုန်းဝူချန်၏ .. မရပ်မနား .. တိုက်ခိုက်မှုကို .. ကြည့်ရင်း .. နေရာတစ်ခုလုံး .. တိတ်ဆိတ် သွားခဲ့သည်။ .. ကျောင်းသားများနှင့် .. စစ်သူကြီးများသည် .. အံ့အားသင့် .. မှင်တက်သွားကြပြီး... .. သူတို့၏ .. မျက်နှာအမူအရာများမှာ .. အေးခဲ တောင့်တင်း .. သွားကာ .. စကားတစ်ခွန်းမျှ .. မပြောနိုင်တော့ဘဲ .. ဖြစ်သွားကြသည်။

ယွမ်တန်ဘုံ .. တတိယအလွှာ၏ .. ကျင့်ကြံမှု .. အဆင့်သည် .. အမှန်တကယ်ပင် .. ဤမျှ .. လွှမ်းမိုးနိုင်သော .. စွမ်းအား .. ရှိနေနိုင်ပါသလား။

ဖုန်းဝူချန် .. မည်မျှ .. အားကောင်းသည်ကို .. မည်သူမျှ .. မသိနိုင်ခဲ့ပါ။ .. သူ .. သူ၏ စွမ်းအား အကုန် .. ထုတ်သုံးခဲ့ခြင်း .. ရှိ၊ မရှိကိုလည်း .. မည်သူမျှ .. မသိနိုင်ခဲ့ကြပါချေ။

"ဘုန်း။"

နောက်ဆုံး .. လက်သီး တစ်ချက်သည် .. ချင်အန်း၏ .. ရင်ဘတ်ပေါ်သို့ .. မိုးခြိမ်းသံကဲ့သို့ .. ဟိန်းညံစွာ .. ကျရောက်သွားခဲ့သည်။ .. ချင်အန်း၏ .. ခန့်ညားသော .. ခန္ဓာကိုယ်သည် .. မြေပြင်တစ်လျှောက် .. ဆယ်မီတာကျော်ခန့် .. ဒလိမ့်ခေါက်ကွေး ပစ်လွင့်သွားခဲ့၏။

ချင်အန်းသည် ..ပြင်းပြင်းထန်ထန် .. ဒဏ်ရာ .. ရရှိသွားခဲ့ပြီး .. ကြီးမားသော .. နာကျင်မှုကို .. ခံစားနေရသည်။ .. သူ၏ .. တစ်ကိုယ်လုံးတွင် .. ပွန်းပဲ့ဒဏ်ရာ .. များစွာ .. ရှိနေခဲ့ပြီး .. သူ .. မတ်တပ်ရပ်နိုင်ရန် .. စွမ်းအား .. မရှိတော့ပါချေ။

ဖုန်းဝူချန်က .. ခပ်ရေးရေး .. ပြုံးလျက် .. ပြောလိုက်သည်။

"မင်း .. တော်တော် .. ကြင်နာတတ်တာပဲ..."

မြေပြင်ပေါ်တွင် .. လဲလျောင်းရင်း .. ချင်အန်းက .. ဖုန်းဝူချန်ကို .. တစ်ချက် ကြည့်လိုက်ပြီး .. အားနည်းစွာ .. ပြန်ပြောလိုက်သည်။

"မင်း... .. ဒီလောက် .. အားကောင်းလိမ့်မယ်လို့ .. ငါ .. တကယ် .. မထင်ထားခဲ့ဘူး...။ .. မင်း .. အခုထိ .. အစွမ်းကုန် .. မထုတ်သုံးသေးဘူး .. မဟုတ်လား..."

ဖုန်းဝူချန်က .. ပြုံးလိုက်သော်လည်း .. ပြန်လည် .. ဖြေကြားခြင်း .. မရှိခဲ့ပါ။

ပြင်းထန်သော .. တိုက်ပွဲ .. တစ်ခု .. ပြီးဆုံးသွားသည့်တိုင် .. ဖုန်းဝူချန်သည် .. အသက်ရှူပင် .. မမောဟိုက်ခဲ့ဘဲ .. လုံးဝ .. မတိုက်ခိုက်ခဲ့ရသကဲ့သို့ပင် .. ဖြစ်နေခဲ့သည်။

ဤတိုက်ပွဲသည် သူ့အတွက် .. သံသယ .. ဖြစ်ဖွယ်မရှိ .. အောင်ပွဲ .. တစ်ခု .. ဖြစ်ခဲ့ပြီး .. အလွန်ပင် .. လွယ်ကူခဲ့လေသည်။

ဤအခိုက်အတန့်တွင် .. ကျောင်းသားများ .. ဖုန်းဝူချန်ကို .. ကြည့်သည့် .. အကြည့်များ .. ပြောင်းလဲသွားခဲ့သည်။ .. မထီမဲ့မြင် .. အပြုအမူ .. အရိပ်အယောင် .. တစ်စုံတစ်ရာမျှ .. မရှိတော့ဘဲ .. လေးနက်သော .. အမူအရာများသာ .. ရှိနေခဲ့တော့သည်။

အကြီးအကဲ တစ်ဦးက .. အံ့ဩတကြီး .. ရေရွတ်လိုက်သည်။

"ဒီ ဖုန်းဝူချန်က .. တကယ်ပဲ .. အရမ်း .. အားကောင်းတာပဲ...။ .. ဒါက .. သူ့ရဲ့ .. အစွမ်းအကုန်လား...။ .. ချင်အန်းကို .. ရင်ဆိုင်ရာမှာ .. သူ .. ဒီလောက် .. တည်ငြိမ်နေခဲ့တာ .. အံ့ဩစရာ .. မရှိတော့ဘူး..."

အခြား .. အကယ်ဒမီမှ .. အကြီးအကဲ တစ်ဦးက .. ခေါင်းခါလိုက်သည်။

"ဖုန်းဝူချန်ရဲ့ .. စွမ်းအားက .. တကယ်ပဲ .. မနည်းပါဘူး...။ .. ဒါပေမဲ့ .. ဒီလို .. စွမ်းအား .. အဆင့်မျိုးနဲ့ .. သူ .. ထိပ်ဆုံး .. သုံးယောက်ထဲ .. ဝင်ဖို့က .. မဖြစ်နိုင်ဘူး...။ .. စူးလဲ့ယန်လို .. လူမျိုးကတော့ .. ဒီ .. အလားအလာ .. ရှိနိုင်တယ်..."

ထိုအခါ ထျန်းယန် အကယ်ဒမီမှ .. ကျန်းယွင်ထျန်းက .. ခပ်ဖွဖွ .. ပြုံးလျက် .. ဆိုလိုက်သည်။

"အဲ့ဒါကတော့ .. သိပ် .. မသေချာသေးဘူး .. ပြောရမယ်..."

ထိုစကားကို ကြားသော် .. အကြီးအကဲ တစ်ဦးက .. ကျန်းယွင်ထျန်းကို .. လှမ်းကြည့်လိုက်ပြီး .. ပြုံးလျက် .. မေးလိုက်၏။

"ခင်ဗျားက .. ဖုန်းဝူချန် .. ထိပ်ဆုံး .. သုံးယောက်ထဲ .. ဝင်နိုင်လိမ့်မယ်လို့ .. ဆိုလိုချင်တာလား..."

ကျန်းယွင်ထျန်းက .. ပေါ့ပေါ့ပါးပါး .. အပြုံးဖြင့် .. ပြန်ဖြေလိုက်သည်။

"ပြောရခက်တယ်... .. ပြောရခက်တယ်..."

"လာစမ်းပါ... .. ကျန်း အကြီးအကဲရယ်... .. ပြောပြစမ်းပါ..."

အခြား .. အကယ်ဒမီမှ .. အကြီးအကဲများက .. အဖြေကို .. စိတ်အားထက်သန်စွာ .. တိုက်တွန်း .. မေးမြန်းကြသော်လည်း .. ကျန်းယွင်ထျန်းက .. မည်သည့် သဲလွန်စမှ .. မပေးဘဲ .. နေခဲ့လေသည်။

ရွှေယွင် အကယ်ဒမီ၏ .. ကျောင်းအုပ်ကြီးက .. ကျယ်လောင်စွာ .. ကြေညာလိုက်သည်။ .. သူကိုယ်တိုင်ပင် .. ဖုန်းဝူချန်ကို တစ်ချက် ပြန်ကြည့်လိုက်မိ၏။

"ဖုန်းဝူချန် .. အနိုင်ရပါတယ်..."

စင်မြင့်ပေါ်မှ .. ဆင်းလာရင်း .. ဖုန်းဝူချန်သည် .. ရွှေယွင် အကယ်ဒမီမှ .. ကျောင်းသား တစ်ဦးထံ အကြည့် .. ရောက်ရှိသွားလေသည်။ .. ထိုသူသည် .. အစကတည်းက .. တရားထိုင်လျက် .. နေခဲ့ပြီး .. စင်မြင့်ပေါ်မှ .. တိုက်ပွဲကို .. လုံးဝ .. စိတ်မဝင်စားသကဲ့သို့ .. ဖြစ်နေခဲ့သည်။ ..

၎င်းက .. သူနှင့် .. ဘာမှ .. မသက်ဆိုင်သကဲ့သို့ပင်။

ဖုန်းဝူချန်သည် .. ထိုလူ့အား တစ်ချက်သာ .. ကြည့်လိုက်ပြီးနောက် .. စင်မြင့်ပေါ်မှ .. ဆင်းသက်

လာခဲ့တော့သည်။

All Chapters