ပြင်းထန်သော တိုက်ပွဲ
Vol. 9 Ch. 127
~လျိုချင်းယန်သည် ဖုန်းဝူချန်၏ အကြည့်ကို သတိပြုမိသွား၏။ သူလည်း တရားထိုင်နေသော ကျောင်းသားကို လှမ်းကြည့်လိုက်သည်။
"ယွမ်တန်ဘုံ ပဉ္စမ အလွှာ အဆင့်ပဲ...။ ကြည့်ရတာ အစ်ကိုဖုန်းက သူ့ကို တော်တော်လေး အလေးထားပုံပဲ..."
လင်ရှောင်ရှောင်ကလည်း တိုးညှင်းစွာ မှတ်ချက်ချလိုက်၏။
"ယွမ်တန်ဘုံ ပဉ္စမ အလွှာက သုံးယောက်တောင် ရှိနေတာ...။ သူ့ရဲ့ စွမ်းအားက အသန်မာဆုံးပဲ...။ ဒီတော့ အစ်ကိုကြီးဖုန်းက သူ့ကို အလေးထားတာ သဘာဝကျပါတယ်..."
ထိုအခါ ကျန်းကျွင့်လန်လည်း သူမစကားအား ခေါင်းညိတ် ထောက်ခံလိုက်ပြီး လေးနက်စွာ ပြောကြားခဲ့သည်။
"သူ့ရဲ့ အရှိန်အဝါက အတိုင်းအတာ တစ်ခုထိ ချုပ်တည်းထားတယ်...။ ဒါပေမဲ့ ဒီလူ အရမ်း အစွမ်းထက်တယ် ဆိုတာကိုတော့ ထင်ထင်ရှားရှား မြင်နေရတာပဲ..."
လင်ရှောင်ရှောင် တစ်ယောက်တည်းသာ မြင်နိုင်ခြင်း မဟုတ်ဘဲ တက်ရောက်လာသော စွမ်းအားကြီး ပုဂ္ဂိုလ်တိုင်းက ဤအချက်ကို ပြောနိုင်လေသည်။ ပါရမီရှင် ကျောင်းသားများ အားလုံးသည်လည်း ထိုလူငယ်ကို သူတို့၏ အသန်မာဆုံး ပြိုင်ဘက်အဖြစ် သတ်မှတ်ထားကြ၏။
ဖုန်းဝူချန် စင်မြင့်ပေါ်မှ ဆင်းသွားပြီးနောက် အကြီးအကျယ် ဒဏ်ရာရရှိသွားသော ချင်အန်းကိုလည်း ကုသမှု ခံယူရန် သယ်ထုတ်သွားကြတော့သည်။
ဒုတိယမြောက် သိုင်းပြိုင်ပွဲသည် ထို့နောက်တွင် ဆက်လက် ကျင်းပခဲ့သည်။
ဒုတိယ ပွဲစဉ်သည် ရွှေယွင် အကယ်ဒမီနှင့် ရှန်ဖုန်း အကယ်ဒမီမှ ကျောင်းသားများကြား ဖြစ်လေ၏။ ပြိုင်ပွဲဝင် နှစ်ဦးစလုံးသည် ယွမ်တန်ဘုံ စတုတ္ထအလွှာတွင် ရှိကြပြီး သူတို့၏ စွမ်းအားမှာ အလွန် ပြင်းထန်လှသည်။ ချင်အန်းထက် လုံးဝ အားမနည်းကြပါချေ။
သူတို့ နှစ်ဦးသည် ချက်ချင်းပင် သိုင်းပညာ ပြိုင်ပွဲ တစ်ခုကို စတင်လိုက်ကြ၏။ အားကောင်းသော နည်းစနစ်များ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။ ပြင်းထန်သော စွမ်းအင်လှိုင်းများ တိုက်ခတ်သွားပြီး စင်မြင့် ကြမ်းပြင်ကို အက်ကြောင်းများဖြင့် ပြည့်နှက်သွားစေခဲ့၏။
နောက်ဆုံးတွင်တော့ ရွှေယွင် အကယ်ဒမီမှ ပါရမီရှင် ကျောင်းသားက အောင်ပွဲ ရရှိသွားခဲ့လေသည်။
ရွှေယွင် အကယ်ဒမီမှ ကျောင်းသားများ၏ စွမ်းအားသည် အမြဲတမ်း အသန်မာဆုံး အမှတ်အသား တစ်ခု ဖြစ်ခဲ့ပါ၏။
မူရှန်သည် ရွှေယွင် အကယ်ဒမီမှ ပါရမီရှင် ကျောင်းသား တစ်ဦး၏ လက်ချက်ဖြင့် ရှုံးနိမ့်သွားခဲ့ရသည်။
တုံဝူရွှမ်းမှာမူ ပို၍ပင် ကံဆိုးခဲ့၏။ သူသည် ရွှေယွင် အကယ်ဒမီမှ ယွမ်တန်ဘုံ ပဉ္စမအလွှာ ပညာရှင် တစ်ဦးနှင့် မဲကျခဲ့သည်။ ထိုသူမှာ တရားထိုင်နေခဲ့သော ပါရမီရှင် ကျောင်းသား ပိုင်ခုံ ပင် ဖြစ်လေသည်။ လက်ဝါး တစ်ချက်တည်းဖြင့် ပိုင်ခုံသည် တုံဝူရွှမ်းကို စင်မြင့်ပေါ်မှ လွင့်စင်သွားစေခဲ့ပြီး သူ့အား ပြန်လည် တိုက်ခိုက်ရန် အခွင့်အရေး တစ်စုံတစ်ရာ မပေးခဲ့ပါချေ။
တုံဝူရွှမ်း၏ ရှုံးနိမ့်မှုသည် လုံးဝ ခုခံမှု ကင်းမဲ့ခဲ့သည်ဟု ဆိုနိုင်လေသည်။
ထျန်းယန် အကယ်ဒမီသည် ပထမ အချီမှာပင် ကျောင်းသား နှစ်ဦး ထုတ်ပယ်ခံလိုက်ရသည်။
တစ်ခုပြီးတစ်ခု စိတ်ဝင်စားဖွယ် ကောင်းပြီး ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပွားခဲ့၏။ အကယ်ဒမီ အသီးသီးမှ ကျောင်းသားများ၏ ကြောက်မက်ဖွယ် စွမ်းအားများကို ပြသနေခဲ့သည်။
ရွှေယွင် အကယ်ဒမီ၏ ကျောင်းအုပ်ကြီးက ကျယ်လောင်စွာ ကြေညာလိုက်၏။
"ပြိုင်ပွဲဝင် နံပါတ်ကိုး... သွမ့်ဟုန်ရှီး... ပြိုင်ပွဲဝင် နံပါတ်ကိုး... ကျန်းကျိချန်နဲ့ ယှဉ်ပြိုင်ရပါမယ်..."
"ဝှစ်..."
ရွှေယွင် အကယ်ဒမီ ကျောင်းအုပ်ကြီး၏ စကား ဆုံးသည်နှင့် ရုတ်တရက် အရိပ်တစ်ခုသည် စင်မြင့်ပေါ်သို့ ပျံလွှား ရောက်ရှိလာခဲ့သည်။ ထိုသူမှာ အရပ်ရှည်ပြီး သွယ်လျသော လူငယ် တစ်ဦး ဖြစ်ပြီး အတော်လေး ကြည့်ကောင်း၏။ သူသည် အနက်ရောင် ပိုးထည်ကို ဝတ်ဆင်ထားပြီး ခန့်ညားသော အမူအရာ ရှိလေသည်။
ကျန်းကျိချန်က သွမ့်ဟုန်ရှီးကို တစ်ချက် ကြည့်လိုက်ပြီး ခပ်ဖွဖွ ပြုံးလျက် ဆိုလိုက်သည်။
"ထျန်းဝူ အင်ပါယာရဲ့ နံပါတ်တစ် ပါရမီရှင် မင်းသားလေး...။ တက်လာခဲ့ပါ...။ ခင်ဗျားရဲ့ စွမ်းအားကို ကျွန်တော် မြင်ခွင့်ပေးပါဦး..."
ကျန်းကျိချန်ထံမှ ထွက်ပေါ်နေသော အရှိန်အဝါသည် မယုံနိုင်လောက်အောင် အားကောင်းလှသည်။ သူသည် ယွမ်တန်ဘုံ စတုတ္ထအလွှာသို့ ခြေချနိုင်ခဲ့ပြီ ဖြစ်၏။ သူကား ထျန်းဝူ အကယ်ဒမီမှ ကျောင်းသား တစ်ဦး ဖြစ်လေသည်။
ထိုစဉ် စူးလဲ့ယန်က သွမ့်ဟုန်ရှီးအား လေးနက်စွာ သတိပေးလိုက်၏။
"တောမျောက်... သူ့ကို အထင်မသေးနဲ့...။ သူ့ရဲ့ စွမ်းအားကလည်း အရမ်းကို ကြောက်ဖို့ကောင်းတယ်..."
သွမ့်ဟုန်ရှီးက ခေါင်းညိတ်လိုက်ပြီး ပြောခဲ့သည်။
"ငါ သူနဲ့ အရင်က လက်ဆုံ ယှဉ်ပြိုင်ဖူးတယ်...။ သူက ထျန်းဝူ အင်ပါယာရဲ့ နန်းတွင်း ဆရာ့မြေးပဲ...။ ငါ့ထက် နှစ်နှစ် ပိုကြီးတယ်..."
"ဟမ့်...။ မင်းက ငါ့ကို ကြောက်မယ်များ ထင်နေတာလား..."
သွမ့်ဟုန်ရှီးက အရှက်မရှိဘဲ ဆိုလိုက်ပြီးနောက် စင်မြင့်ပေါ်သို့ ပျံသန်း တက်ရောက်သွားခဲ့သည်။
ကျန်းကျိချန်က ပြုံးလျက် လက်ယက် ခေါ်လိုက်၏။
"လာလေ...။ မင်းရဲ့ အစွမ်းအကုန် ထုတ်သုံးလိုက်..."
သူ၏ ခန္ဓာကိုယ် အတွင်းမှ အစစ်အမှန်ယွမ်များ တိုးထွက်လာခဲ့ပြီး သူ၏ အရှိန်အဝါသည် လျင်မြန်စွာ တဟုန်ထိုး မြင့်တက်လာခဲ့သည်။
သွမ့်ဟုန်ရှီးသည် သူ၏ အစစ်အမှန်ယွမ်ကို အစွမ်းကုန် ထုတ်ဖော်လိုက်ရာ ကြမ်းကြုတ်သော အရှိန်အဝါများ ပေါက်ကွဲ ထွက်လာခဲ့၏။
သူ၏ လက်ကို လေထဲသို့ ဆန့်တန်း ဆုပ်ကိုင်လိုက်ရာ စစ်ဝိညာဉ် လှံတံသည် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ သူ၏ အရှိန်အဝါသည် နောက်တစ်ကြိမ် တဟုန်ထိုး မြင့်တက်လာပြန်၏။
ခန့်ညားပြီး သြဇာအာဏာ ရှိလှကာ စစ်နတ်ဘုရား တစ်ပါး ပြန်လည် ဝင်စားလာသည့်အသွင်ပင်။
ကျန်းကျိချန်၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားခဲ့သည်။ သွမ့်ဟုန်ရှီး၏ စစ်ဝိညာဉ် လှံတံကို မြင်တွေ့လိုက်ရသောအခါ သူ အံ့အားသင့်သွားခဲ့၏။
'...ဝိညာဉ်လက်နက် တစ်ခု...။ သွမ့်ဟုန်ရှီးရဲ့ စစ်ဝိညာဉ် လှံတံက ဘယ်တုန်းက ဝိညာဉ်လက်နက် ဖြစ်သွားတာလဲ...။ မင်းသားက သာလွန်အဆင့် ရတနာ တစ်ခုကို ဝိညာဉ်လက်နက် အဖြစ် ပြောင်းလဲပစ်နိုင်တဲ့ စွမ်းရည် မရှိသင့်ဘူး မဟုတ်လား...'
ကျောင်းသားများက အံ့ဩတကြီး အော်ဟစ်လိုက်ကြသည်။ သူတို့၏ မျက်ဝန်းများတွင် မနာလိုမှုနှင့် ငြူစူမှုများ ပြည့်နှက်နေခဲ့၏။
"ဒါက တကယ့် ဝိညာဉ်လက်နက်ပဲ..."
"ကြည့်ရတာ ထျန်းဝူ အင်ပါယာရဲ့ မင်းသားက သူ့ရဲ့ လက်နက်သန့်စင်ခြင်း အဆင့်ကို ထပ်ပြီး မြှင့်တင်လိုက်နိုင်ပြန်ပြီ ထင်တယ်..."
အဓိက အကယ်ဒမီကြီးများမှ ကျောင်းအုပ်များနှင့် အကြီးအကဲများ အားလုံး အလွန် အံ့အားသင့်သွားကြသည်။
သွမ့်ဟုန်ရှီးသည် စစ်ဝိညာဉ် လှံတံကို ဝှေ့ယမ်းလိုက်ရာ သူ၏ လှုပ်ရှားမှုများမှာ အလွန်အမင်း ထူးချွန် လှပပြီး ခန့်ညားကာ သြဇာအာဏာ ရှိလှ၏။
"စစ်ဝိညာဉ်..."
တက်ရောက်လာသော ပညာရှင်များသည် နောက်တစ်ကြိမ် ထိတ်လန့်သွားကြရပြန်သည်။ သူတို့သည် သွမ့်ဟုန်ရှီး၏ ကြောက်မက်ဖွယ် စစ်ဝိညာဉ်ကို ခံစားမိလိုက်ကြသောကြောင့် ဖြစ်၏။
သွမ့်ဟုန်ရှီး၏ လက်ရှိ ယွမ်တန်ဘုံ တတိယအလွှာ ကျင့်ကြံမှု အဆင့်နှင့် ဝိညာဉ်လက်နက် စစ်ဝိညာဉ် လှံတံတို့ ပေါင်းစပ်လိုက်သောအခါ သူ၏ တိုက်ခိုက်ရေး စွမ်းအားသည် လုံးဝ ကြောက်မက်ဖွယ် ကောင်းလှသည်။
သွမ့်ဟုန်ရှီးက ရုတ်တရက် အော်ဟစ်လိုက်၏။
"ငါ့လှံကို မြည်းလိုက်စမ်း..."
စစ်ဝိညာဉ် လှံတံကို သူ၏ လက်ထဲမှ လွှတ်ထုတ်လိုက်ရာ အပြာရောင် လျှပ်စီးတန်း တစ်ခုအဖြစ် ပြောင်းလဲသွားပြီး လွှမ်းမိုးနိုင်သော အရှိန်အဟုန်ဖြင့် ရှေ့သို့ ပစ်လွှတ်လိုက်သည်။
သွမ့်ဟုန်ရှီးသည် သူ၏ လှုပ်ရှားမှု သိုင်းကွက်ကို ထုတ်ဖော်ကာ ဝုန်းခနဲ ရှေ့သို့ ပြေးဝင်သွားခဲ့၏။
သွမ့်ဟုန်ရှီးက လေထဲသို့ ခုန်ကန်လိုက်ပြီး လှံတံ၏ လက်ကိုင်ရိုးကို ခြေဖြင့် ကန်လိုက်သည်။
“ဒိုင်း”
သဲ့သဲ့ ပေါက်ကွဲသံ တစ်ချက်နှင့်အတူ အရှိန်ပြင်းစွာ ထွက်သွားသော စစ်ဝိညာဉ် လှံတံ၏ အရှိန်သည် ရုတ်တရက် နှစ်ဆ တိုးမြင့်သွားခဲ့၏။
ကျန်းကျိချန်၏ မျက်နှာထား လေးနက်သွားသည်။ လက်ရှိ သွမ့်ဟုန်ရှီးကို ရင်ဆိုင်ရာတွင် သူ မပေါ့ဆဝံ့တော့ပါချေ။ ဝိညာဉ်လက်နက် ဆိုသည်မှာ မထီမဲ့မြင် ပြုလုပ်နိုင်သော အရာတစ်ခု မဟုတ်ပေ။
"ဖြောင်း။"
ကျန်းကျိချန်သည် သူ၏ လက်များကို ပြင်းထန်စွာ ရိုက်ခတ် ပူးကပ်လိုက်ပြီး အော်ဟစ်လိုက်သည်။
"ရွှမ်းအလင်း အကာအကွယ်လွှာ..."
သူ၏ ဟစ်ကြွေးသံ ဆုံးသည်နှင့် ကျန်းသုံးဆယ် (ပေ၃၂၀ ကျော်) ခန့် ကျယ်ဝန်းသော ကြီးမားသည့် စွမ်းအင် အလွှာ တစ်ခုသည် အားကောင်းသော ခုခံစွမ်းအားများ ထုတ်လွှတ်လျက် ကျန်းကျိချန်၏ ရှေ့မှောက်တွင် ထွက်ပေါ်လာခဲ့၏။
“ဝူး”
လျှပ်စီးကဲ့သို့ ပစ်လွှတ်လိုက်သော စစ်ဝိညာဉ် လှံတံသည် ပြင်းထန်စွာ ထိတိုက်မိသွားပြီး စူးရှသော “ချွင်” ဟူသော အသံတစ်ချက် ထွက်ပေါ်လာခဲ့သည်။
ကြောက်မက်ဖွယ် စွမ်းအားသည် ချက်ချင်း ပျံ့နှံ့သွားခဲ့ပြီး စင်မြင့်ကို ပေါက်ကွဲမတတ် တုန်ခါကာ ပဲ့တင်ထပ်သွားစေခဲ့၏။
ကျန်းကျိချန်က ထိတ်လန့်တကြား မျက်မှောင်ကြုတ်လျက် ဆိုလိုက်သည်။
"...ဝိညာဉ်လက်နက် တစ်ခုက ဒီလောက် ကြောက်စရာကောင်းတဲ့ စွမ်းအား ရှိလိမ့်မယ်လို့ မထင်ထားဘူး..."
ကျန်းကျိချန်၏ ကြောက်မက်ဖွယ် စွမ်းအားနှင့်ပင် သူသည် သွမ့်ဟုန်ရှီးကြောင့် မီတာ အနည်းငယ်ခန့် နောက်သို့ လွင့်စင်သွားခဲ့ရသည်။ ဤသည်မှာ သွမ့်ဟုန်ရှီး မည်မျှ အားကောင်းကြောင်းကို ပြသနေပါ၏။
"ကွဲစေ..."
အနီးကပ် လိုက်ပါလာသော သွမ့်ဟုန်ရှီးသည် လှံတံ၏ လက်ကိုင်ရိုးကို သူ၏ လက်ဝါးဖြင့် တစ်ကြိမ် ထပ်မံ ရိုက်ခတ်လိုက်ပြီး တစ်ချိန်တည်းမှာပင် အော်ဟစ်လိုက်သည်။ အားကောင်းသော စွမ်းအင်တစ်ခု ပေါက်ကွဲ ထွက်ပေါ်လာခဲ့၏။
ကျန်းကျိချန်၏ မျက်နှာ သိသိသာသာ ပြောင်းလဲသွားခဲ့သည်။
"...မကောင်းတော့ဘူး..."
"ဘုန်း။"
"ခွမ်း။"
ပြင်းထန်သော ပေါက်ကွဲသံကြီး ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး ရွှမ်းအလင်း အကာအကွယ်လွှာသည် အစိတ်စိတ် အမွှာမွှာ ကွဲကြေသွားခဲ့သည်။ ကျန်းကျိချန်သည်လည်း ဆယ်မီတာကျော်ခန့် လွင့်စင်သွားခဲ့ရ၏။
"ဘုရား...ဘုရား"
သွမ့်ဟုန်ရှီး၏ ယွမ်တန်ဘုံ တတိယအလွှာ စွမ်းအားသည် ကျောင်းသား အများအပြားကို ရင်သပ်ရှုမောသွားစေခဲ့သည်။
ဤသည်ကား ဝိညာဉ်လက်နက် တစ်ခု၏ လွှမ်းမိုးနိုင်သော စွမ်းအားပင်တည်း။
"ဟမ့်..."
သွမ့်ဟုန်ရှီးက ပြင်းထန်စွာ နှာမှုတ်လိုက်ပြီး စစ်ဝိညာဉ် လှံတံကို ကိုင်ဆောင်ကာ လျင်မြန်စွာ လှုပ်ရှားလိုက်သည်။
ကျန်းကျိချန်၏ မျက်နှာအမူအရာ တင်းမာသွား၏။ သူသည်လည်း သူ၏ ခန္ဓာကိုယ် အတွင်းမှ အစစ်အမှန်ယွမ်များကို အစွမ်းကုန် ထုတ်ဖော်လိုက်ရာ ခပ်မှိန်မှိန် ခရမ်းရောင် အလင်းတန်း တစ်ခု သူ၏ ခန္ဓာကိုယ် ပတ်လည်တွင် ရစ်ဝဲလာခဲ့သည်။ ပြင်းထန်သော စွမ်းအား တစ်ခုသည် ကြမ်းတမ်းသော ရေလွှမ်းမိုးမှု တစ်ခုကဲ့သို့ တိုးထွက်လာခဲ့၏။ မြေပြင်ကို အနည်းငယ် တုန်ခါသွားစေပြီး များပြားလှသော ကျောက်တုံးများကို မြောက်တက်စေခဲ့သည်။
ကျန်းကျိချန်က တည်ငြိမ်စွာ ပြောလိုက်သည်။ သို့သော် သူ၏ အရှိန်အဝါမှာ မယုံနိုင်လောက်အောင် ကြမ်းတမ်းနေခဲ့၏။
"တစ်နှစ်တာ ကွာခြားသွားရုံနဲ့ မင်းရဲ့ စွမ်းအားက ဒီလောက် တိုးတက်လာခဲ့တယ်...။ မင်းက ထျန်းဝူ အင်ပါယာရဲ့ နံပါတ်တစ် ပါရမီရှင် တစ်ယောက် ဖြစ်ထိုက်တန်ပါတယ်…”
“ဟိတ်ယား”
သွမ့်ဟုန်ရှီးက မာန်သွင်း၍ အော်ဟစ်လိုက်သည်။ လှံတံ၏ ထိပ်ဖျားသည် တောက်ပသော အပြာရောင် အလင်းတန်းများဖြင့် လင်းလက်လာပြီး အလွန်တရာ အားကောင်းသော လှံစွမ်းအင် တစ်ခု ပြင်းထန်စွာ ပေါက်ကွဲ ထွက်လာခဲ့၏။
"မင်းရဲ့ စွမ်းအားကလည်း အများကြီး တိုးတက်လာခဲ့တာပဲ...။ ဒါပေမဲ့ ငါ မင်းကို မရှုံးဘူး ဆိုတာတော့ အာမခံနိုင်တယ်..."
" အင်မော်တယ် စစ်ဝိညာဉ် လှံတံ...။ ကြယ်တာရာများကို ကြေမွစေခြင်း..."
သူ၏ ကြွေးကြော်သံနှင့်အတူ သွမ့်ဟုန်ရှီးသည် ကျန်းကျိချန်နှင့် ဆယ်မီတာကျော်ခန့် အကွာအဝေးမှနေ၍ စစ်ဝိညာဉ် လှံတံကို အထက်သို့ ပစ်လွှတ်လိုက်သည်။
တိုက်ပွဲသည် အစကတည်းက ပြင်းထန်နေခဲ့၏။ သွမ့်ဟုန်ရှီးသည် သူ၏ အစွမ်းအကုန် ထုတ်သုံးနေခဲ့ပြီး ဘာကိုမျှ ချန်မထားခဲ့ပါ။ သူက လျင်မြန်သော အဆုံးအဖြတ် တစ်ခုကို ရည်မှန်းနေခဲ့လေ၏။
"ဝှစ်..."
ပေပေါင်း ဒါဇင်များစွာ အရွယ်အစား ရှိသော အပြာရောင် လှံအလင်းတန်းကြီးသည် စင်မြင့်၏ မြေပြင်တစ်လျှောက် ပေါက်ကွဲလာခဲ့သည်။ ၎င်း ဖြတ်သန်းသွားရာ နေရာတိုင်းမှ အလွှာများကို ပြိုကျသွားစေခဲ့၏။
"မြေကမ္ဘာအဆင့် သိုင်းပညာ...။ ကြောက်စရာကောင်းတဲ့ စွမ်းအားပဲ..."
"သွမ့်ဟုန်ရှီးရဲ့ စွမ်းအားက ယွမ်တန်ဘုံ စတုတ္ထအလွှာနဲ့ ယှဉ်ပြိုင်နိုင်ဖို့ လုံလောက်နေပြီ..."
ကြောက်မက်ဖွယ် လှံအလင်းတန်းကို ရင်ဆိုင်ရင်း ကျောင်းသားများနှင့် စစ်သည်တော်များ အားလုံး ထိတ်လန့်တကြား အံ့ဩတကြီး အော်ဟစ်လိုက်ကြသည်။
"နက်နဲခြင်းအဆင့် အဆင့်မြင့် သိုင်းပညာ...။ လေပြင်း ဓားသွား..."
ကျန်းကျိချန်က လေသံတိုးတိုးဖြင့် ဟစ်ကြွေးလိုက်ပြီး လေထဲ၌ ကျင်လည်စွာ လက်ဟန်များ ဖွဲ့စည်းလိုက်သည်။ သူ၏ စွမ်းအား အားလုံးကို ညာဘက် လက်ထဲသို့ စုစည်းလိုက်ပြီး ကြမ်းကြုတ်စွာ လွှဲယမ်းလိုက်ရာ ပေပေါင်း ဒါဇင်များစွာ ကျယ်ဝန်းသော စိမ်းပြာရောင် လေဓားသွားကြီး တစ်ခု ဖွဲ့တည်၍ လေထုကို စုတ်ဖြဲလာခဲ့သည်။
“ဝေါ…ဝေါ…”
ကြောက်မက်ဖွယ် လေမုန်တိုင်း တစ်ခုကို ဖြစ်ပေါ်စေခဲ့၏။
ကျန်းကျိချန်သည် သွမ့်ဟုန်ရှီး၏ မြေကမ္ဘာအဆင့် သိုင်းပညာ၏ စွမ်းအားကို ကြုံတွေ့ဖူးပြီး ဖြစ်ရာ ၎င်း၏ ကြောက်မက်ဖွယ် စွမ်းအားကို မည်သူ့ထက်မဆို ပိုမို ရှင်းလင်းစွာ သိရှိနေခဲ့သည်။
"ဘုန်း။"
"ဝေါ့..."
အားကောင်းသော စွမ်းအင် နှစ်ခု ထိတိုက်မိသည့် အခိုက်တွင် ပြင်းထန်သော စွမ်းအင် အားများ ကြမ်းကြုတ်စွာ ပျံ့နှံ့သွားခဲ့သည်။ လူနှစ်ဦးစလုံး သွေးများ အန်ထုတ်လိုက်ရပြီး သူတို့၏ မျက်နှာများ ဖြူဖျော့သွားခဲ့ကြ၏။
လျိုချင်းယန်က စိုးရိမ်တကြီး ဆိုလိုက်သည်။
"သူတို့ရဲ့ စွမ်းအားတွေက တူတူလောက်ပဲ...။ သူတို့ နှစ်ယောက်လုံး ဒဏ်ရာရပြီး အဆုံးသတ်သွားမှာတော့ မဟုတ်ပါဘူးနော်..."
ဖုန်းဝူချန်က ပေါ့ပေါ့ပါးပါး ဆိုလိုက်လေသည်။
"သွမ့်ဟုန်ရှီးက ပြီးခဲ့တဲ့ တစ်လအတွင်းမှာ အများကြီး တိုးတက်လာခဲ့တယ်...။ ပြီးတော့ သူ့လက်ထဲမှာ ဝိညာဉ်လက်နက် တစ်ခုလည်း ရှိနေသေးတယ်...။ သူ ရှုံးနိမ့်မှာ မဟုတ်ပါဘူး..."
မျက်လုံး အားလုံးသည် ရင်ပြင်ပေါ်တွင် စူးစိုက်နေကြသည်။ ခမ်းနားပြီး ပြင်းထန်သော တိုက်ပွဲသည် သူတို့၏ သွေးများကို ဆူပွက်လာစေခဲ့၏။
"ဝုန်း..."
"
အားကောင်းသော စွမ်းအင် နှစ်ခုကြား ဆယ်စက္ကန့်ကျော်ကြာ ပြင်းထန်စွာ ထိတိုက်မှုများ ဖြစ်ပွားပြီးနောက် ၎င်းတို့သည် ရုတ်တရက် ပေါက်ကွဲသွားခဲ့ကြသည်။ စင်မြင့် တစ်ခုလုံးကို အလင်းတန်းများဖြင့် ဖုံးလွှမ်းသွားစေပြီး ပိုမို ကြောက်မက်ဖွယ် ကောင်းသော စွမ်းအင် လှိုင်းဂယက်များကို ထုတ်လွှတ်လိုက်၏။ ၎င်းတို့သည် လမ်းကြောင်းပေါ်ရှိ အရာအားလုံးကို တိုက်ခတ်သွားခဲ့သည်။
“ဝေါ့…”
သူတို့ နှစ်ဦးစလုံး နောက်တစ်ကြိမ် သွေးများ အန်ထုတ်လိုက်ရပြီး သူတို့၏ ခန္ဓာကိုယ်များ နောက်သို့ လွင့်စင်သွားခဲ့ကြသည်။
အားကြီးသော ချီစွမ်းအင်သည် အရပ်လေးမျက်နှာသို့ တိုက်ခတ်သွားပြီး စင်မြင့် ပတ်ပတ်လည်မှ ကျောင်းသားများနှင့် စစ်သည်တော်များထံသို့ တိုးဝင်သွားခဲ့၏။
ကြောက်မက်ဖွယ် စွမ်းအားသည် ထုံးကျောက် စင်မြင့်ကြီးထဲတွင် ကြီးမားသော တွင်းနက်ကြီး တစ်ခုကို ပေါက်ကွဲ ဖြစ်ပေါ်စေခဲ့သည်။ ၎င်း၏ ဖျက်ဆီးအားသည် အမှန်တကယ်ပင် ထိတ်လန့်ဖွယ် ကောင်းလှ၏။
စွမ်းအား ကုန် သုံးကာ ယှဉ်ပြိုင်ပြီးနောက် နှစ်ဦးစလုံး ပြင်းထန်စွာ ဒဏ်ရာ ရရှိသွားကြပြီး သူတို့၏ မျက်နှာရောင်များမှာ သေလောက်အောင် ဖြူဖျော့နေခဲ့သည်။
ကျန်းကျိချန်က မျက်မှောင် အကြီးအကျယ် ကြုတ်လိုက်သည်။ သူသည် သွမ့်ဟုန်ရှီး၏ စွမ်းအားကို လုံးဝ အထင်သေးထားခဲ့မိသည်။
"...ငါ ဒီလောက် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားလိမ့်မယ်လို့ မထင်ထားဘူး..."
"နက်နဲခြင်းအဆင့် အလယ်အလတ်တန်းစား သိုင်းပညာ...။ ဝူကျိ လေဓားသွား..."
စွမ်းအင် လှိုင်းဂယက်များ လုံးဝ မပြယ်လွင့်သေးမီမှာပင် ကျန်းကျိချန်က ဟိန်းဟောက်လိုက်ပြီး ဖြစ်သည်။ သူ၏ လေဓာတ် အစစ်အမှန်ယွမ်များ ပေါက်ကွဲ ထွက်လာပြီး ကြမ်းတမ်းသော လေပြင်း တစ်ခု ထွက်ပေါ်လာစေခဲ့၏။ သူ၏ ပတ်ပတ်လည်တွင် စိမ်းပြာရောင် စွမ်းအင် ဓားသွား တစ်ဒါဇင်ကျော်ကို ဖွဲ့တည်သည်။
"ဝှစ် ဝှစ် ဝှစ်..."
ကျန်းကျိချန်၏ ထိန်းချုပ်မှုအောက်တွင် စွမ်းအင် ဓားသွား တစ်ဒါဇင်ခန့်သည် ပြင်းထန်သော လေထု ပေါက်ကွဲသံများနှင့်အတူ ပစ်လွှတ် ထွက်သွားခဲ့၏။
"ဘုန်း၊ ဘုန်း၊ ဘုန်း..."
သွမ့်ဟုန်ရှီးသည် လျင်မြန်စွာ ရှောင်တိမ်းရန် သူ၏ လှုပ်ရှားမှု သိုင်းကွက်ကို ထုတ်ဖော်လိုက်သည်။ စင်မြင့်သည် အဆက်မပြတ် ပေါက်ကွဲနေစဉ် လေဓားသွားများကို သူက ကိုယ်ကို ယိမ်းထိုး၍ ရှောင်တိမ်းနေခဲ့ရ၏။
ကျန်းကျိချန်က သွမ့်ဟုန်ရှီး၏ လှုပ်ရှားမှုများကို ပိတ်ဆို့ထားပြီး သူ၏ လမ်းကြောင်းကို တွက်ဆပြီးသည်နှင့် သွမ့်ဟုန်ရှီး နောက်ဆုံး လေဓားသွားကို ရှောင်တိမ်းလိုက်စဉ် ကျန်းကျိချန်သည် ရှေ့သို့ ပျံသန်း ရောက်ရှိလာခဲ့ပြီး ဖြစ်သည်။
ကျန်းကျိချန်က ကျယ်လောင်စွာ ညာသံပေးလိုက်သည်။ မျက်စိ တစ်မှိတ် လျှပ်တစ်ပြက် အတွင်းမှာပင် သူသည် သွမ့်ဟုန်ရှီး၏ အနီးသို့ ရောက်ရှိလာခဲ့၏။
"သွမ့်ဟုန်ရှီး...။ ဒီလက်ဝါးကို ယူလိုက်စမ်း..."
ထိုအခါ သွမ့်ဟုန်ရှီး၏
မျက်နှာထား သိသိသာသာ ပျက်ယွင်းသွားခဲ့သည်။
"...မကောင်းတော့ဘူး..."
"ဘုန်း။"
ကျန်းကျိချန်၏ ကြမ်းကြုတ်သော လက်ဝါးသည် တွေဝေခြင်းမရှိဘဲ ကျရောက်လာခဲ့သည်။ ကျယ်လောင်သော ပေါက်ကွဲသံကြီးနှင့်အတူ စင်မြင့်သည် တုန်ခါသွားခဲ့၏။
"ထင်ယောင်ထင်မှား ကိုယ်ပွားများ..."
ထိုအခါ ကျန်းကျိချန်၏ မျက်နှာအမူအရာ သိသိသာသာ ပြောင်းလဲသွားခဲ့သည်။ သူ၏ လက်ဝါးသည် လေဟာနယ်ကိုသာ ထိမှန်သွားခဲ့၏။
နောက်တစ်စက္ကန့်တွင် ပုံတူ လေးခုသည် ကျန်းကျိချန်၏ ပတ်ပတ်လည်မှ ရုတ်တရက် ပေါက်ကွဲ ထွက်ပေါ်လာခဲ့သည်။
"နက်နဲခြင်းအဆင့် အလယ်အလတ်တန်းစား သိုင်းပညာ...။ ဝိညာဉ်မဲ့ ကောင်းကင်ဖြတ် လက်ဝါး..."
ပုံတူ လေးခုစလုံးက တစ်ချိန်တည်းတွင် အော်ဟစ်လိုက်ပြီး အားကောင်းသော စွမ်းအင် လှိုင်းလုံး လေးခု အနီးကပ် တိုးဝင်လာခဲ့သည်။ အကယ်၍သာ ထိမှန်သွားခဲ့ပါက ကျန်းကျိချန်သည် ပြင်းထန်စွာ ဒဏ်ရာရရှိသွားမည်မှာ သေချာပါ၏။
ထိတ်လန့်တကြားဖြင့် ကျန်းကျိချန်သည် မြေအောက်သို့ တိုးဝင်ရန် မြေလျှိုးသိုင်းကို အလျင်အမြန် အသုံးပြုလိုက်သည်။
"မြေလျှိုးသိုင်း..."
"မြေကမ္ဘာ ကောင်းကင်မီး..."
စင်မြင့်သည် ရုတ်တရက် တုန်ခါလာခဲ့သည်။ မြေအောက်မှ ကျန်းကျိချန်၏ ကျယ်လောင်သော ကြွေးကြော်သံ ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ် မီးဓာတ် အစစ်အမှန်ယွမ်များသည် စင်မြင့် တစ်ခုလုံးကို ပျံ့နှံ့သွားခဲ့၏။
ခဏအကြာတွင် မီးပင်လယ်ကြီး တစ်ခုသည် စင်မြင့် တစ်ခုလုံးတွင် တောက်လောင်လာပြီး အပူချိန်ကို သိသိသာသာ မြင့်တက်လာစေခဲ့သည်။
ကျန်းကျိချန်၏ အသံသည် မြေအောက်မှ ထွက်ပေါ်လာခဲ့သည်။
"သွမ့်ဟုန်ရှီး...။ မင်း ဘယ်ကို ပြေးနိုင်မလဲ ကြည့်ကြသေးတာပေါ့..."
"ဟမ့်...။ ခင်ဗျားက ကျွန်တော့်ကို ဘာလုပ်နိုင်မှာမို့လို့လဲ..."
သွမ့်ဟုန်ရှီးသည် တုန်လှုပ်ခြင်းမရှိဘဲ သူ၏ ရေခဲဓာတ် စွမ်းအင်ကို အရူးအမူး တိုးမြှင့်လိုက်ပြီး အော်ဟစ်လိုက်သည်။
“ မိုင် တထောင်ရေခဲတံဆိပ်…”
အားကောင်းသော ရေခဲဓာတ် စွမ်းအားသည် အရူးအမူး ပျံ့နှံ့သွားပြီး စင်မြင့် တစ်ခုလုံးကို အေးခဲသွားစေခဲ့ရာ မီးပင်လယ်ကြီးသည်လည်း ပျောက်ကွယ်သွားခဲ့၏။
ကျန်းကျိချန်က ဟိန်းဟောက်လိုက်သည်။
"အရေးမပါတဲ့ လှည့်ကွက်..."
"ဘုန်း၊ ဘုန်း၊ ဘုန်း။"
ထိုအခိုက်အတန့်တွင် မီးတိုင်ကြီးများသည် စင်မြင့်၏ မြေပြင်မှ ထိုးထွက်လာခဲ့သည်။
သွမ့်ဟုန်ရှီး၏ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး သူသည် မြေပြင်ကို အလျင်အမြန် ဆောင့်ကန်ကာ ကောင်းကင်ထက်သို့ မြင့်မားစွာ ပျံလွှားခုန်တက်လိုက်သည်။
"နက်နဲခြင်းအဆင့် အလယ်အလတ်တန်းစား သိုင်းပညာ...။ ရှစ်မျက်နှာ ပျက်သုဉ်းခြင်း မူလပြန် ဓားချက်..."
မီတာပေါင်း ဆယ်ဂဏန်းခန့် ခုန်တက်သွားပြီးနောက် သွမ့်ဟုန်ရှီးက ကြွေးကြော်လိုက်သည်။ အပြာရောင် အလင်းတန်း တစ်ချက် လင်းလက်သွားပြီး သူ၏ လက်ကို ဝှေ့ယမ်းလိုက်ရာ ကြမ်းကြုတ်သော စွမ်းအင် ဓားချက်ကြီး တစ်ခု အောက်သို့ ထိုးဆင်းသွားခဲ့၏။
ကျန်းကျိချန်က မြေအောက်မှ ထွက်ပေါ်လာပြီး မထီမဲ့မြင် ဆိုလိုက်သည်။
"ဟမ့်...။ မင်းက ပျံနိုင်လို့လား..."
ဤအခိုက်အတန့်တွင် သွမ့်ဟုန်ရှီးသည် လွယ်ကူသော ပစ်မှတ်တစ်ခုကဲ့သို့ ဖြစ်နေခဲ့သည်။
ကျန်းကျိချန်က လေလယ်မှ ပြုတ်ကျလာသော သွမ့်ဟုန်ရှီးကို လက်ညှိုးထိုးလိုက်ပြီး အော်ဟစ်လိုက်၏။
"လေခွင်း လက်ညှိုး..."
ပြုတ်ကျလာသော သွမ့်ဟုန်ရှီးက ရုတ်တရက် လှောင်ပြုံး ပြုံးလိုက်သည်။
"ကျန်းကျိချန်...။ မင်း လှည့်စားခံလိုက်ရပြီ..."
"ရေခဲမီးတောက်...။ ရေဝိညာဉ်...။ မြေကမ္ဘာ ကောင်းကင်...။ မိုးကြိုး တိုင်..."
တဆက်တည်း၌ သွမ့်ဟုန်ရှီးသည် လက်တစ်ဖက်ဖြင့် လက်ဟန်များ ဖွဲ့စည်းရင်း ရွတ်ဆိုလိုက်သည်။
ရုတ်တရက် စင်မြင့်၏ မြေပြင်သည် ကြောက်မက်ဖွယ် စွမ်းအင် လေးမျိုးဖြင့် ဖုံးလွှမ်းသွားခဲ့တော့သည်။