ဝူချန်ရှန်းအား အနိုင်ယူခြင်း
Vol. 9 Ch. 131
~တိမ်တိုက်လွင့် ဓားသိုင်းပညာသည် ဝူချန်ရှန်း၏ အသန်မာဆုံး သိုင်းပညာ ဖြစ်လေသည်။ မရေမတွက်နိုင်သော ပညာရှင်များ သူ၏ ဓားအောက်တွင် ကျဆုံးခဲ့ရဖူး၏။ ၎င်းတို့ အားလုံးမှာ တိမ်တိုက်လွင့် ဓားသိုင်းပညာကြောင့်သာ ဖြစ်၏။
တိမ်တိုက်လွင့် ဓားသိုင်းပညာ၏ အနှစ်သာရမှာ ဓား၏ အလင်းရောင်နှင့် စွမ်းအား အားလုံးကို တစ်နေရာတည်းတွင် စုစည်းလိုက်ပြီး ရန်သူအား အားပြင်းသော ထိုးနှက်မှု တစ်ခု ပြုလုပ်ကာ အစွမ်းကုန် ပေါက်ကွဲ ထုတ်ဖော်ခြင်း ဖြစ်လေသည်။ အလွန်အမင်း အစွမ်းထက်သော သိုင်းပညာ တစ်ခုပင်။
ဓားအလင်းရောင်၏ လွှမ်းမိုးနိုင်သော အရှိန်အဝါသည် ကျောင်းသားများနှင့် ဗိုလ်ချုပ်များ အားလုံးကို ကြောက်ရွံ့မှုများ ဖြစ်ပေါ်စေခဲ့သည်။
ကျောက်ဝူကျိက လေးနက်သော မျက်နှာအမူအရာဖြင့် ဆိုလိုက်၏။
"တိမ်တိုက်လွင့် ဓားသိုင်းပညာ...။ ဒါ၊ ဝူချန်ရှန်းရဲ့ လှည့်ကွက်ပဲ..."
ပိုင်ခုံ၏ အကြည့်များသည်လည်း ဝူချန်ရှန်းထံသို့ ကူးပြောင်းသွားခဲ့သည်။ ထိုဓားသိုင်းကွက်၏ ကြောက်မက်ဖွယ် စွမ်းအားသည် သူ အလေးအနက် ထားရမည့် အရာတစ်ခု ဖြစ်ကြောင်း ထင်ရှားနေခဲ့၏။
ထိုအခါ အကြီးအကဲ တစ်ဦးက ခပ်ဖွဖွ ပြုံးလျက် ကျေနပ်စွာ ခေါင်းတညိတ်ညိတ်ဖြင့် ချီးကျူးလာ၏။
"ချန်ရှန်းရဲ့ တိမ်တိုက်လွင့် ဓားသိုင်းပညာက ပြီးပြည့်စုံမှု အဆင့်ထိ ကျင့်ကြံထားပြီးပြီ...။ သူ့ရဲ့ စွမ်းအားက အတော်လေး ထည့်တွက်ရ
လောက်တယ်..."
"ဟုတ်ပါတယ်... သူ့ရဲ့ စွမ်းအားက ကြောက်စရာ ကောင်းလှတယ်...။ ဖုန်းဝူချန်တောင်မှ ဒါကို တောင့်ခံနိုင်ပါ့မလားတောင် မသိဘူး..."
အခြား အကြီးအကဲများကလည်း တစ်ယောက်ပြီးတစ်ယောက် ခေါင်းညိတ်လိုက်ကြသည်။ သူတို့သည် ဝူချန်ရှန်းအပေါ် အလွန် အကောင်းမြင် မျှော်လင့်နေကြ၏။
ထိုနောက် ထိုအကြီးအကဲက ထျန်းယန် အကယ်ဒမီ ကျောင်းအုပ် ရှင်းထျန်းဖုန်းထံသို့ လှည့်၍ မေးလိုက်သည်။
" ကျောင်းအုပ်ကြီးရှင်း.. ဖုန်းဝူချန်ရဲ့ ဓားသိုင်းကွက် အကြောင်းကို မေးလို့ ရမလား..."
ထိုစကားကို ကြားသောအခါ ရှင်းထျန်းဖုန်းက သူ၏ မုတ်ဆိတ်မွေးကို ပွတ်သပ်လိုက်ပြီး ခပ်ဖွဖွ ပြုံးလျက် အဖြေပေးလိုက်သည်။
"ပို အားကောင်းတယ်..."
“ပို အားကောင်းတယ်…”
ဗိုလ်ချုပ်နှင့် အခြား ကျောင်းအုပ်ကြီးများ၏ မျက်နှာအမူအရာများ အနည်းငယ် ပြောင်းလဲသွားခဲ့ကြသည်။
အကြီးအကဲများက အသိအမှတ် ပြုခြင်း ခံရသည် ဆိုခြင်းကပင် ဝူချန်ရှန်း၏ ဓားသိုင်းကွက်၏ စွမ်းအားကို သက်သေပြနေခဲ့ပြီ ဖြစ်၏။
သို့သော် ယခု ရှင်းထျန်းဖုန်းက ဖုန်းဝူချန်၏ သိုင်းကွက်က ပို၍ပင် အားကောင်းသည်ဟု ဆိုလာသည်။ ၎င်းသည် မြေကမ္ဘာ အဆင့် သိုင်းပညာ တစ်ခု ဖြစ်နိုင်ပါမည်လား။
သံသယများ ပြည့်နှက်နေသော မျက်လုံးများသည် ဖုန်းဝူချန်ထံသို့ လှည့်သွားကြတော့သည်။
ဖုန်းဝူချန် အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။ ဓားအလင်းရောင်၏ စွမ်းအားသည် မယုံနိုင်လောက်အောင် တိုးဝင်လာနေခဲ့ပြီး သူ ၎င်းကို အထင်မသေးဝံ့ခဲ့ပါချေ။
"...ဓားသိုင်းပညာ ပါရမီရှင် တစ်ယောက် အမည်နဲ့ ထိုက်တန်ပါပေတယ်..."
ဝူချန်ရှန်းက အော်ဟစ်လိုက်သည်။ သူ၏ တိုက်ခိုက်လိုစိတ်များ တဟုန်ထိုး မြင့်တက်လာခဲ့၏။
"ဖုန်းဝူချန်...။ မင်းရဲ့ ဓားသိုင်းကွက်ကို ထုတ်ဖော်လိုက်စမ်း...။ မင်းရဲ့ ဓားသိုင်းကွက်က ကြောက်ဖို့ ကောင်းလား... ဒါမှမဟုတ် ငါ့ဟာက ပို အားကောင်းလား ကြည့်ကြတာပေါ့..."
"ကောင်းပြီလေ…”
ဖုန်းဝူချန်က စိတ်အားထက်သန်စွာ ပြန်လည် တုံ့ပြန်လိုက်သည်။
နဂါးနတ်ဘုရား၏ စွမ်းအားကို အပြည့်အဝ ထုတ်ဖော်လိုက်သည်နှင့် ဖုန်းဝူချန်၏ အရှိန်အဝါသည် တဟုန်ထိုး မြင့်တက်လာခဲ့၏။ နဂါးနတ်ဘုရား၏ စွမ်းအားကို မီးလျှံဓားထဲသို့ ထည့်သွင်းလိုက်သည်။ ဓားသွားသည် ရွှေရောင် အလင်းတန်းများဖြင့် လင်းလက်လာပြီး တစ်စထက်တစ်စ ပိုမို တောက်ပလာခဲ့၏။ အရူးအမူး ကြမ်းတမ်းသော ဓားအလင်းရောင် တစ်ခု ၎င်းထံမှ ထွက်ပေါ်လာခဲ့သည်။
တိုးဝင်လာသော အရှိန်အဝါသည် အရူးအမူး ဖောင်းပွလာခဲ့ပြီး ဖုန်းဝူချန်၏ အရှိန်အဟုန် အထွတ်အထိပ်သို့ ရောက်ရှိသွားသောအခါ ၎င်းသည် ကြောက်ရွံ့ဖွယ် တည်ရှိမှုကို ထုတ်လွှတ်နေခဲ့တော့သည်။
"ထင်ယောင်ထင်မှား ပျက်သုဉ်းခြင်း ဓားသိုင်းပညာ...။ ကောင်းကင်နှင့် မြေကြီး၏ ထင်ယောင်ထင်မှား ပျက်သုဉ်းခြင်း..."
ဖုန်းဝူချန်က ကျယ်လောင်စွာ ကြွေးကြော်လိုက်ပြီး မီးလျှံဓားကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ အောက်သို့ ခုတ်လွှဲလိုက်လေသည်။ ရွှေရောင် အလင်းတန်း တစ်ခု ဓားသွား၏ ထိပ်ဖျားမှ ပစ်ထွက်သွားပြီး ချက်ချင်းပင် မီတာပေါင်းများစွာ အရွယ်အစားအထိ အရွယ် ကြီးမားသွားခဲ့သည်။
"ဝှစ်..."
ရွှေရောင် ဓားအလင်းရောင်သည် လျှပ်စီးကဲ့သို့ လျင်မြန်လှ၏။ စူးရှသော လေထု ပေါက်ကွဲသံ တစ်ခုနှင့်အတူ ၎င်း၏ လွှမ်းမိုးနိုင်သော စွမ်းအားမှာ ကြောက်မက်ဖွယ် ကောင်းလှကာ မည်သည့်အရာမျှ ၎င်းကို တောင့်ခံနိုင်မည် မဟုတ်သကဲ့သို့ပင်။
ပိုင်ခုံက သူ၏ အကြည့်ကို ဖုန်းဝူချန်ထံသို့ အံ့ဩတကြီး လှည့်ကြည့်လိုက်ပြီး ဆိုလိုက်သည်။
"အိုး...။ တော်တော် ကြောက်စရာကောင်းတဲ့ အရှိန်အဝါပဲ..."
ဖုန်းဝူချန်၏ ဓားအလင်းရောင်၏ လွှမ်းမိုးနိုင်သော စွမ်းအားကို ခံစားမိသောအခါ ဝူချန်ရှန်း၏ မျက်နှာ သိသိသာသာ ပြောင်းလဲသွားခဲ့၏။ သူ၏ မျက်ဝန်းထဲတွင် ကြောက်ရွံ့မှု အရိပ်အယောင် တစ်ချက် လင်းလက်သွားခဲ့သည်။
"...ဒါ... ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ..."
"မြေကမ္ဘာအဆင့် သိုင်းပညာ..."
"ဟုတ်တယ်...။ ဒါက မြေကမ္ဘာအဆင့် သိုင်းပညာပဲ...။ အရှိန်အဝါက အရမ်း ကြောက်ဖို့ကောင်းတာပဲ..."
"ဖုန်းဝူချန်ရဲ့ ဓားသိုင်းကွက်က တကယ်ပဲ မြေကမ္ဘာအဆင့် သိုင်းပညာ တစ်ခု ဖြစ်နေတာပဲ..."
ထိုအခိုက်အတန့်တွင် တက်ရောက်လာသော ကျောင်းသားများနှင့် စစ်သူကြီးများ အားလုံး ထိတ်လန့်တကြား အော်ဟစ်လိုက်ကြသည်။ သူတို့၏ မျက်နှာများတွင် အကြောက်တရား ပိုမို ပြည့်နှက်နေခဲ့၏။
"တကယ်ပဲ... ဒါက မြေကမ္ဘာအဆင့် သိုင်းပညာပါပဲ...။ ဓားအလင်းရောင်က မယုံနိုင်လောက်အောင် လွှမ်းမိုးနိုင်စွမ်း ရှိလှတယ်..."
အကယ်ဒမီ၏ ထိပ်တန်း အဆင့်များသည် အားလုံး တုန်လှုပ်သွားခဲ့ကြသည်။ သူတို့၏ မျက်နှာအမူအရာများတွင် အံ့ဩမှုများ ထင်ဟပ်နေခဲ့၏။
" ဒိုင်း.."
ကြောက်မက်ဖွယ် ဓားအလင်းရောင် နှစ်ခုသည် လူအုပ်ကြီး၏ ထိတ်လန့်တကြား အကြည့်များ အလယ်တွင် ထိတိုက်မိသွားကြသည်။ ကျယ်လောင်သော ပေါက်ကွဲသံ တစ်ချက်နှင့်အတူ မြေပြင်သည် တုန်ခါသွားပြီး ဖျက်ဆီးအား ပြင်းသော စွမ်းအင် လှိုင်းလုံး တစ်ခု အရူးအမူး တိုက်ခတ်သွားခဲ့၏။ ဝူချန်ရှန်း၏ ပါးစပ်မှ သွေးများ ပန်းထွက်လာခဲ့ပြီး သူ သိသိသာသာ ဒဏ်ရာရရှိသွားခဲ့သည်။
ဖုန်းဝူချန်ပင်လျှင် ဤ ကြောက်မက်ဖွယ် လှုပ်ခတ်မှုကြောင့် တုန်လှုပ်သွားခဲ့ရပြီး သူ၏ သွေးများ ဆူပွက်လာခဲ့သည်။ သူ၏ ကြံ့ခိုင်သော ခန္ဓာကိုယ်ကြောင့်သာ မဟုတ်ပါက သူလည်း ဒဏ်ရာ ရရှိသွားဖွယ် ရှိနေခဲ့သည်။
‘....ယွမ်တန်ဘုံ ပဉ္စမအလွှာ တစ်ယောက်က ထုတ်ဖော်လိုက်တဲ့ ဓားသိုင်းကွက်က တကယ် အားကောင်းတာပဲ...။ မြေကမ္ဘာ အဆင့် သိုင်းပညာသာ မဟုတ်ခဲ့ရင်... သူ့ကို ယှဉ်နိုင်ဖို့ အခွင့်အရေးတောင် ရှိမှာ မဟုတ်ဘူး....’
ဖုန်းဝူချန် စိတ်ထဲတွင် သုံးသပ်လိုက်သည်။
အလွန်အမင်း ပြင်းထန်သော စွမ်းအင် လှိုင်းလုံးများသည် အရပ်လေးမျက်နှာသို့ တဝူးဝူး ရုတ်ပုတ်နေခဲ့သည်။ ကျောင်းသားများနှင့် ဗိုလ်ချုပ်များ ကြောက်လန့်တကြား နောက်သို့ အလျင်အမြန် ဆုတ်ခွာသွားကြရ၏။
" ဝရော..."
“ဘုန်း…”
ပြင်းထန်နေသော ဓားအလင်းရောင် နှစ်ခုသည် စက္ကန့် အနည်းငယ်မျှသာ ထိတိုက်မိခဲ့ပြီးနောက် ပေါက်ကွဲသွားခဲ့သည်။ ဖျက်ဆီးအား ပြင်းသော စွမ်းအင်သည် ပတ်ဝန်းကျင်အား နောက်တစ်ကြိမ် ရိုက်ခတ်သွားခဲ့၏။ ဖုန်းဝူချန်နှင့် ဝူချန်ရှန်း နှစ်ဦးစလုံး ကိုယ်စီပင် နီရဲသော သွေးများ အန်ထုတ်လိုက်ရပြီး နောက်သို့ အဟုန်ပြင်းစွာ ပြိုလဲသွားခဲ့ကြသည်။
သူ၏ အားကောင်းသော ခန္ဓာကိုယ်နှင့်ပင် ဖုန်းဝူချန်သည် ထို ကြောက်မက်ဖွယ် စွမ်းအားကို တောင့်မခံနိုင်ခဲ့ပါချေ။
ပြိုင်ပွဲဝင် နှစ်ဦးစလုံး ပြင်းထန်သော ထိတိုက်မှုကြောင့် အနည်းနှင့်အများ ဒဏ်ရာများ ရရှိသွားကြသည်။
မြေကမ္ဘာအဆင့် သိုင်းပညာများ မည်မျှ အစွမ်းထက်သည် ဖြစ်စေကာမူ ဝူချန်ရှန်းသည် တစ်ခုတည်းကြောင့် ဤမျှ ပြင်းထန်သော ပျက်စီးမှုကို ကြုံတွေ့ရလိမ့်မည်ဟု မျှော်လင့်မထားခဲ့မိပါ။
ကြောက်မက်ဖွယ် စွမ်းအားသည် အကြီးအကဲများကိုပင် လန့်ဖျတ်သွားစေခဲ့သည်။
ကောင်းကင်ထက်သို့ တက်သွားသော ကြီးမားသည့် တိမ်တိုက်သဏ္ဍာန် မီးခိုးလုံးကြီးကို ကြည့်ရင်း ယွမ်တန်ဘုံ တတိယ သို့မဟုတ် စတုတ္ထအလွှာမှ ကျောင်းသားများသည် မြေပြင်ပေါ်သို့ ဖင်ထိုင်ရက် လဲကျသွားကြပြီး စက္ကူကဲ့သို့ မျက်နှာ အရောင် ဖြူဖျော့နေခဲ့ကြသည်။ သူတို့၏ ဝိညာဉ် အတွင်းပိုင်း နက်ရှိုင်းရာမှ ကြောက်ရွံ့မှုသည် ထိန်းချုပ်မရနိုင် ဖြစ်နေခဲ့သည်။
ဖုန်းဝူချန်၏ ကြောက်မက်ဖွယ် ကောင်းမှုသည် ကျောင်းအုပ်ကြီးများနှင့် အကြီးအကဲများကို သူ့အား နောက်တစ်ကြိမ် ထပ်မံ အကဲဖြတ်စေခဲ့သည်။
နှစ်မိနစ်ခန့် ကြာမြင့်ပြီးနောက် စွမ်းအင် အားလှိုင်းများ ပြယ်လွင့်သွားပြီး ဖုန်မှုန့်များ ငြိမ်သက်သွားခဲ့၏။ ပတ်ဝန်းကျင် ကြည်လင်သွားသောအခါ သူတို့ နှစ်ဦးသည် လူတိုင်း၏ မြင်ကွင်းထဲသို့ နောက်တစ်ကြိမ် ပေါ်ထွက်လာခဲ့သည်။
ဝူချန်ရှန်းသည် ဖြူဖျော့နေပြီး အသက်ကို ပြင်းထန်စွာ ရှူရှိုက်နေရသည်။ ဖရိုဖရဲ ဖြစ်နေပုံ ပေါ်ပြီး သူ၏ ဒဏ်ရာများမှာ ပြင်းထန်လှ၏။
ဖုန်းဝူချန်၏ မျက်နှာသည်လည်း ဖြူဖျော့နေခဲ့သည်။ သို့သော် သူသည် ဝူချန်ရှန်းထက် ပိုမို အကောင်းမြင်နိုင်သေးပြီး သူ၏ ဒဏ်ရာများမှာ ထိုမျှ ပြင်းထန်ခြင်း မရှိခဲ့ပါ။
ဓားသိုင်းကွက်များ ယှဉ်ပြိုင်မှုတွင် ဖုန်းဝူချန်၏ သိုင်းကွက်က ပိုမို အားကောင်းသည်မှာ ရှင်းလင်းနေခဲ့ပြီ ဖြစ်သည်။
မြေကမ္ဘာအဆင့် သိုင်းပညာ၏ စွမ်းအားနှင့် ပတ်သက်၍ သံသယ ဖြစ်စရာ မရှိပါချေ။ ၎င်းသည် ပြိုင်ဘက်ကင်းပင်။
ဝူချန်ရှန်း၏ ဒဏ်ရာများမှာ ပြင်းထန်လှပြီး အစစ်အမှန်ယွမ် အများအပြား ကုန်ဆုံးသွားခဲ့ရာ သူ၏ အရှိန်အဝါမှာ များစွာ အားနည်းသွားခဲ့လေသည်။
ဝူချန်ရှန်းက သူ၏ လေးစားမှုကို အားယူ ထုတ်ဖော် ပြောကြားလိုက်ရသည်။
"မြေကမ္ဘာအဆင့် သိုင်းပညာရဲ့ စွမ်းအားက ငါ ထင်ထားတာထက် ပို ကြောက်ဖို့ကောင်းတာပဲ...။ တော်တယ်... ဖုန်းဝူချန်..."
ထိုစကားကို ကြားသောအခါ ဖုန်းဝူချန်က အပြုံး တစ်ပွင့် ဖြစ်ပေါ်လာပြီး ဆိုလိုက်၏။
"မင်းလည်း မဆိုးပါဘူး...။ နက်နဲခြင်းအဆင့် အဆင့်မြင့် သိုင်းပညာ တစ်ခုနဲ့ ဒီလောက် မြင့်မားတဲ့ စွမ်းရည် အဆင့်ကို ရောက်ရှိနိုင်တာက တကယ်ပဲ အထင်ကြီးစရာ ကောင်းလှပါတယ်..."
ဝူချန်ရှန်းက ခပ်ရေးရေး ပြုံးလိုက်သည်။ သူသည် သူ၏ ခန္ဓာကိုယ် အတွင်းမှ သွေးချီများကို ဖိနှိပ်ထားပြီး ဖြစ်လေသည်။
"ဒီလောက် စိတ်လှုပ်ရှားစရာ ကောင်းတဲ့ တိုက်ပွဲမျိုး ငါ မတိုက်ခိုက်ရတာ အချိန် အတော်ကြာပြီ...။ တကယ်ပဲ စိတ်လှုပ်ရှားစရာ ကောင်းတာပဲ..."
ခေတ္တမျှ ရပ်တန့်ပြီးနောက် ဝူချန်ရှန်းက ထပ်ပြောလိုက်၏။
"ငါ့ရဲ့ ဓားသိုင်းကွက်က မင်းကို အနိုင်ယူနိုင်လိမ့်မယ်လို့ ငါ ထင်ခဲ့တာ...။ ဒါပေမဲ့ ငါ မင်းကို အထင်သေးသွားခဲ့မိပုံပဲ...။ ငါက လှည့်ကွက် တချို့ကို ပိုင်ခုံအတွက် ချန်ထားမလို့ စဉ်းစားနေခဲ့တာ...။ ဒါပေမဲ့ အခုတော့ အဲ့ဒါတွေကို မသုံးဘဲ ရွေးချယ်စရာ မရှိတော့ဘူး ထင်တယ်..."
ဖုန်းဝူချန်က အံ့ဩတကြီး ဆိုလိုက်သည်။
"အိုး...။ မင်းမှာ နောက်ထပ် လှည့်ကွက်တွေ ရှိနေသေးတာလား..."
ပိုင်ခုံ၏ အကြည့်များသည်လည်း ဝူချန်ရှန်းထံသို့ အံ့ဩတကြီး လှည့်သွားခဲ့သည်။ မည်သို့သော လှည့်ကွက်မျိုးက ဝူချန်ရှန်းအား ဤမျှ ယုံကြည်မှု ရှိနေစေသည်ကို သူ သိချင်နေပုံ ပေါ်၏။
တက်ရောက်လာသူ အားလုံးသည်လည်း အံ့အားသင့်သွားကြသည်။ ဝူချန်ရှန်းတွင် ပိုင်ခုံကို စိန်ခေါ်ရန် လုံလောက်သော ယုံကြည်မှု ရှိနေစေသည့် မည်သို့သော လှည့်ကွက်မျိုး ရှိနေပါသနည်း။
"နက်နဲခြင်းအဆင့် အဆင့်မြင့် သိုင်းပညာ...။ ဝိညာဉ်ကိုးပါး အမိန့်..."
ဝူချန်ရှန်းက အခင်းအကျင်းကို ထုတ်ဖော်လိုက်သည်။ သူ၏ ဘယ်ဘက်လက်က ဓားသက်ေတ တစ်ခု ဖွဲ့စည်းလိုက်သည့်အခါ အဖြူရောင် အလင်းတန်း တစ်ခု သူ၏ တစ်ကိုယ်လုံးတွင် လင်းလက်လာခဲ့၏။ အရပ်လေးမျက်နှာမှ ကြီးမားလှသော စွမ်းအင် ပမာဏများသည် သူ့ထံသို့ အရူးအမူး စုစည်းလာခဲ့ကြပြီး အားလုံးသည် ဝူချန်ရှန်းထံသို့ စီးဝင်သွားခဲ့ကြသည်။
ခဏအကြာတွင် မယုံနိုင်လောက်အောင် ကြံ့ခိုင်သော အရှိန်အဝါ တစ်ခု အရူးအမူး တိုးထွက်လာခဲ့ပြီး ကြောက်မက်ဖွယ် စွမ်းအား တစ်ခု နောက်တစ်ကြိမ် ဖွဲ့တည်လာခဲ့သည်။
ဖုန်းဝူချန်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
"သူ့ရဲ့ တိုက်ခိုက်ရေး စွမ်းအား တိုးလာပြန်ပြီ..."
"...ကောင်းကင်နဲ့ မြေကြီးရဲ့ စွမ်းအားကို စုပ်ယူပြီး ကိုယ့်ရဲ့ စွမ်းအားအဖြစ် ပြောင်းလဲနိုင်တဲ့ အံ့ဩစရာကောင်းတဲ့ သိုင်းပညာပဲ..."
"ဒါက တကယ်ပဲ စွမ်းရည် တစ်ချို့ ရှိနေတာပဲ..."
အကယ်ဒမီ၏ အထက်ပိုင်း လူကြီးများက အံ့ဩတကြီး ရေရွတ်လိုက်ကြသည်။
"အဆုံးအစ မရှိတဲ့ စွမ်းအား ထောက်ပံ့မှုလား..."
ပိုင်ခုံ အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။ ဤသို့ ကြောက်မက်ဖွယ် ကောင်းသော သိုင်းပညာသည် အမှန်တကယ်ပင် သူ့အား အနည်းငယ် စိုးရိမ်ပူပန်စေခဲ့၏။
"ဝံပုလွေ သိုင်းဝိညာဉ်..."
ဝူချန်ရှန်းက နောက်တစ်ကြိမ် အော်ဟစ်လိုက်ပြီး သူ၏ သိုင်းဝိညာဉ် တံဆိပ်ကို ထုတ်ဖော်လိုက်သည်။ အဖြူရောင် ဝံပုလွေ ခေါင်း တစ်ခု သူ၏ မျက်ခုံးများကြားမှ ထွက်ပေါ်လာခဲ့ပြီး ဝူချန်ရှန်း၏ တိုက်ခိုက်ရေး စွမ်းအားသည် နောက်တစ်ကြိမ် တဟုန်ထိုး မြင့်တက်လာခဲ့ကာ ရက်စက် ကြမ်းကြုတ်လာခဲ့သည်။
သူ၏ သိုင်းဝိညာဉ် တံဆိပ်ကို ထုတ်ဖော် လိုက်ခြင်းသည် ဝူချန်ရှန်း သူ၏ စွမ်းအား အားလုံးကို အသုံးပြုနေပြီ ဖြစ်ကြောင်း ရှင်းလင်းစွာ ပြသနေခဲ့တော့၏။
ကြောက်မက်ဖွယ် စွမ်းအင် လှိုင်းလုံးများသည် အရူးအမူး လှိမ့်တက်လာခဲ့ပြီး စင်မြင့်ကို လုံးဝ ပြိုကျသွားစေခဲ့သည်။ ကြီးမားသော အက်ကြောင်းများသည် မြေပြင်ပေါ်တွင် ပျံ့နှံ့သွားခဲ့၏။
ဤအခိုက်အတန့်တွင် ဝူချန်ရှန်းသည် သူ၏ လုံးဝ အထွတ်အထိပ် အခြေအနေတွင် ရှိနေခဲ့ပြီ ဖြစ်သည်။
"တိမ်တိုက်လွင့် ဓားသိုင်းပညာ... ဒုတိယ ပုံစံ...။ လျိုယွင် ကောင်းကင်ဘုံ ဝိညာဉ် ဓားချက်..."
ဝူချန်ရှန်း အော်ဟစ်ကာ ဓားကို နောက်ပြန် ဆုပ်ကိုင်လိုက်ပြီး သူ၏ နောက်ကျောဘက်တွင် နေရာချထားလိုက်၏။ သူ၏ စွမ်းအား အားလုံး ဓားရှည်ထဲသို့ စီးဝင်သွားသည်နှင့် သူသည် ရုတ်တရက် ကျယ်လောင်စွာ ကြွေးကြော်လိုက်ပြီး သူ၏ အရှိန်အဟုန်သည် ချက်ချင်းပင် ပေါက်ကွဲ ထွက်လာခဲ့တော့သည်။
"ဝှစ်..."
"ဝီ…ဝီ…"
ပေ ပေါင်းများစွာ ရှည်လျားသော ကြီးမားသည့် အဖြူရောင် ဓားအလင်းတန်း တစ်ခု လေထုကို ထိုးခွဲလာခဲ့သည်။ ပထမ ပုံစံ၏ ဓားအလင်းတန်းထက်ပင် ပိုမို ကြောက်မက်ဖွယ် ကောင်းလှ၏။ ကြောက်မက်ဖွယ် အစွမ်းထက်မှုသည် လေဟာနယ်ကိုပင် အနည်းငယ် တုန်ခါသွားစေခဲ့သည်။
နောက်တစ်ကြိမ် ကျောင်းသားများနှင့် စစ်သည်တော်များ၏ မျက်နှာများတွင် အကြောက်တရားများ ပြည့်နှက်သွားခဲ့ကြပြန်သည်။
"...ဒီလောက် အဆုံးအစ မရှိတဲ့ စွမ်းအား ထောက်ပံ့မှု ရှိနေရင်တောင်... သိုင်းဝိညာဉ်ကို ဆင့်ခေါ်ထားရင်တောင်... သူ့ရဲ့ စွမ်းအားက ဒီလောက်ပဲ..."
ပိုင်ခုံက ထိုသို့ ရေရွတ်လိုက်သည်။ သူသည် ဝူချန်ရှန်း၏ ကြောက်မက်ဖွယ် စွမ်းအားကို အလေးအနက် ထားပုံ မပေါ်ပါချေ။
ဖုန်းဝူချန်၏ မျက်နှာအမူအရာ လေးနက်သွားခဲ့ပြီး သူ အခြေအနေကို အထင်မသေးဝံ့ခဲ့ပါ။ မီးလျှံဓားကို မြေကြီးထဲသို့ စိုက်ထည့်လိုက်ပြီး သူ၏ လက်များကို ၎င်းအပေါ်တွင် ဆုတောင်းသကဲ့သို့ ပူးကပ်လိုက်၏။
“ချွင်…”
ရွှေရောင် အခင်းအကျင်း တစ်ခု သူ၏ ခြေထောက်များ အောက်တွင် ပေါ်ထွက်လာခဲ့ပြီး အလွန် အားပြင်းသော ရွှေရောင် စွမ်းအင်က ကောင်းကင်ထက်သို့ တိုးထွက်သွားခဲ့သည်။
သူ၏ ဓားစိတ်ဆန္ဒသည် ကြီးမားလှပြီး ရွှေရောင် အခင်းအကျင်းသည် ရှုပ်ထွေးပြီး နက်နဲသော မှော်စာလုံးများကို ထုတ်ဖော်ပြသကာ ကမ္ဘာပျက်ကပ်အသွင် အဖျက် အငွေ့အသက် တစ်ခု ရစ်ဝဲလာခဲ့၏။
ဖုန်းဝူချန်၏ ကိုယ်သည် ရွှေရောင် အလင်းတန်းများဖြင့် ဖြာထွက်နေခဲ့ပြီး ကောင်းကင်ဘုံမှ နတ်ဘုရား တစ်ပါး ဆင်းသက်လာသကဲ့သို့ပင် သူ၏ အရှိန်အဝါသည် ကောင်းကင်ဘုံကို လွှမ်းမိုးထားခဲ့သည်။
‘....မြေကမ္ဘာ အဆင့် သိုင်းပညာ တစ်ခုကို ထုတ်ဖော်ဖို့က အစစ်အမှန်ယွမ် ပမာဏ အများကြီး ဖြုန်းတီးရတယ်...။ ယွမ်တန်ဘုံ တတိယ အလွှာလေးပဲ ရှိသေးတဲ့ ဖုန်းဝူချန်က... မြေကမ္ဘာ အဆင့် သိုင်းပညာ တစ်ခုကို နောက်တစ်ကြိမ် ထုတ်ဖော်ဖို့ ဒီလောက် ကြီးမားတဲ့ အစစ်အမှန်ယွမ် ပမာဏကို ဘယ်လိုလုပ် ပိုင်ဆိုင်ထားနိုင်တာလဲ....’
ပိုင်ခုံက သူ၏ စိတ်ထဲတွင် တွေးလိုက်မိသည်။
ထို ကြောက်မက်ဖွယ် စွမ်းအားကြောင့် သူ ထိတ်လန့် တုန်လှုပ်နေခဲ့၏။
"မြေ …မြေကမ္ဘာ အဆင့် သိုင်းပညာ...။ နောက်ထပ် မြေကမ္ဘာ အဆင့် သိုင်းပညာ တစ်ခုပဲ..."
"ဒါက ဓားသိုင်းကွက်ရဲ့ ဒုတိယ ပုံစံလား...။ အရှိန်အဝါက လုံးဝ ကွဲပြားနေတာပဲ..."
“ဖုန်းဝူချန်မှာ တကယ်ပဲ လှည့်ကွက် တစ်ခု ရှိနေခဲ့တာပဲ…”