ဖုန်းဝူချန်နှင့် ပိုင်ခုံတို့၏ တိုက်ပွဲ
Vol. 9 Ch. 133
~ဖုန်းဝူချန်၏ အသံ မဆုံးသေးခင်မှာပင် သူ၏ ပုံရိပ်သည် ကျိုးရန်၏ ရှေ့မှောက်တွင် ထူးဆန်းစွာ ပေါ်ထွက်လာခဲ့သည်။ တိတ်ဆိတ်စွာပင်... လေထုထဲတွင် မည်သည့် လှုပ်ခတ်မှုမျှ မရှိခဲ့ပါချေ။
ကျိုးရန်၏ မျက်နှာသည် အကြောက်တရားဖြင့် ပြည့်နှက်သွားပြီး သူ၏ ခန္ဓာကိုယ် တောင့်တင်းသွားခဲ့၏။
"ရွှတ်..."
ရုတ်တရက် ပေါ်ထွက်လာသော ပုံရိပ်သည် ကျိုးရန်ကို သတိလစ်မတတ် ကြောက်လန့်သွားစေခဲ့သည်။ သူ တစ္ဆေ တစ်ကောင်ကို မြင်တွေ့လိုက်ရသကဲ့သို့ပင်။
"
ကြမ်းတမ်းသော လက်သီး တစ်ချက်ဖြင့် ဖုန်းဝူချန်သည် ကျိုးရန်၏ ရင်ဘတ်ကို ထိုးနှက်လိုက်ရာ 'ဘုန်း' ခနဲ မြည်ဟည်းလာခဲ့၏။ ကြောက်မက်ဖွယ် စွမ်းအားသည် ကျိုးရန်ကို ချက်ချင်းပင် သွေးများ အန်ထုတ်စေပြီး သူ၏ ခန္ဓာကိုယ်သည် အမြောက်ဆန် တစ်ခုကဲ့သို့ မြောက်တက်သွားခဲ့သည်။
“ဝုန်း..”
ဖုန်းဝူချန်သည် ထိုလက်သီးချက်တွင် သနားညှာတာမှု တစ်စုံတစ်ရာ မပြသခဲ့ဘဲ ကျိုးရန်ကို စင်မြင့်ပေါ်မှ တိုက်ရိုက် လွင့်စင်သွားစေခဲ့တော့သည်။
"...."
ပိုင်ခုံ၏ မျက်နှာ သိသိသာသာ ပြောင်းလဲသွားခဲ့သည်။ ဖုန်းဝူချန် သူ၏ ရှေ့မှောက်မှ တိတ်ဆိတ်စွာ ပျောက်ကွယ်သွားသည်ကို သူ သတိမပြုမိလိုက်ခင်မှာပင် ကျိုးရန်သည် စင်မြင့်ပေါ်မှ လွင့်ထွက်သွားခဲ့လေပြီ။
"ဘုရားရေ..."
လူတိုင်း ကြောက်လန့်တကြား ပင့်သက်ရှိုက်မိကြ၏။ သူတို့၏ မျက်နှာအမူအရာများ ထုံထိုင်းသွားခဲ့သည်။
ဖုန်းဝူချန် မည်သည့်အချိန်တွင် လှုပ်ရှားလိုက်သည်ကို မည်သူမျှ သတိမပြုမိလိုက်ကြပါချေ။
သူတို့ မြင်တွေ့လိုက်ရသည်မှာ ကျိုးရန် ထူးဆန်းစွာ စင်မြင့်ပေါ်မှ လွင့်ထွက်သွားပြီး ပြင်းထန်စွာ ဒဏ်ရာရရှိကာ ခဏမျှ ရုန်းကန်ပြီးနောက် သတိလစ်သွားခဲ့ခြင်းသာ ဖြစ်လေ၏။
လက်သီး တစ်ချက်တည်းက ယွမ်တန်ဘုံ စတုတ္ထ အလွှာ တစ်ယောက်ကို သတိလစ်သွားစေခဲ့သည်။
ပိုင်ခုံ သူ၏ ခေါင်းကို လှည့်ကြည့်လိုက်သောအခါ ဖုန်းဝူချန်ကို မတွေ့ရှိရတော့ဘဲ ကျိုးရန် စင်မြင့်ပေါ်မှ လွင့်ထွက်သွားသည်ကိုသာ မြင်တွေ့လိုက်ရ၏။ သူ နောက်တစ်ကြိမ် ပြန်လှည့်ကြည့်လိုက်သောအခါ အစောပိုင်းက ပျောက်ကွယ်သွားခဲ့သော ဖုန်းဝူချန်သည် ပြန်လည် ပေါ်ထွက်လာခဲ့သည်။
ပိုင်ခုံသည် ဖုန်းဝူချန်ကို ထိတ်လန့်တုန်လှုပ်သော မျက်နှာအမူအရာဖြင့် ကြည့်လိုက်မိသည်။ သူ၏ ကျင့်ကြံမှု အဆင့်နှင့်ပင် ဖုန်းဝူချန်ကို မတွေ့ရှိနိုင်ခဲ့ပါချေ။
ထူးဆန်းလှသည်...။
ဒါက အမှန်တကယ်ပင် ထူးဆန်းလှပေသည်။
ဤသည်မှာ မည်သို့သော ကြောက်မက်ဖွယ် အမြန်နှုန်းမျိုး ဖြစ်ပါသနည်း။ လူတိုင်း၏ စိတ်ကူးထဲမှ ပုံရိပ်ကို လုံးဝ ကျော်လွန်သွားခဲ့သည်။
ဗိုလ်ချုပ်များနှင့် အကယ်ဒမီ၏ အထက်ပိုင်း လူကြီးများပင်လျှင် ရှင်းလင်းစွာ မမြင်တွေ့နိုင်ခဲ့ကြပါ။
ကျောင်းအုပ်ကြီး တစ်ဦးက မှင်သက်စွာ မေးလိုက်သည်။
"ဒီမှာ... ဘာတွေ ဖြစ်ကုန်တာလဲ..."
ဗိုလ်ချုပ် တစ်ဦးက ထိတ်လန့်တကြား ရေရွတ်လိုက်မိ၏။
"မြန်လိုက်တာ...။ လုံးဝ ခွဲခြားလို့ မရဘူး...။ ဖုန်းဝူချန်ရဲ့ ချက်ချင်း လှုပ်ရှားမှု စွမ်းအားကိုပဲ ခံစားလို့ ရတယ်..." ဟု အခြား ကျောင်းအုပ်ကြီး တစ်ဦးက ထင်ကြေးပေးလိုက်သည်။ သူ၏ မျက်ဝန်းများတွင် ထိတ်လန့်မှုနှင့် မယုံကြည်နိုင်မှုများ ပြည့်နှက်လို့ နေသည်။
"ယွမ်တန်ဘုံ တတိယ အလွှာမှာ ဒီလောက် ကြောက်စရာကောင်းတဲ့ အမြန်နှုန်း ရှိနိုင်စရာ အကြောင်း မရှိဘူး...။ ဖုန်းဝူချန် ဘယ်လို လှုပ်ရှားမှု သိုင်းကွက်မျိုးကို သုံးသွားလဲ မသိဘူး..."
ရှင်းထျန်းဖုန်းသည်လည်း ထိတ်လန့်တုန်လှုပ်နေခဲ့သည်ပင်။
သူသည် ဖုန်းဝူချန် ဤမျှ ဆန်းကြယ်သော လှုပ်ရှားမှု သိုင်းကွက်မျိုးကို အသုံးပြုသည်ကို တစ်ခါမျှ မမြင်ဖူးခဲ့ပါချေ။
'...ဖုန်းဝူချန်နဲ့ ကောင်းကင် ပင်မဆောင်က လူတွေကြားမှာ တကယ်ပဲ ဘယ်လို ဆက်နွယ်မှုမျိုး ရှိနေတာလဲ...။ သူတို့ရဲ့ လှုပ်ရှားမှု သိုင်းကွက်တွေနဲ့ ဖုန်းဝူချန်ရဲ့ သိုင်းကွက်က တစ်ထပ်တည်းပဲ...။ အင်ပါယာရဲ့ ကောင်းကင် အရိပ်တပ်ဖွဲ့ဝင်တွေနဲ့ အလံနက် တပ်မတော်တောင်မှ ဒီလို အံ့ဖွယ် လှုပ်ရှားမှု သိုင်းကွက်မျိုးကို ပိုင်ဆိုင်ထားကြတယ်...။ ဒါပေမဲ့ ဖုန်းဝူချန်ရဲ့ သိုင်းကွက်က ပို အားကောင်းနေတယ်...'
ကျန်းယွင်ထျန်းက တကိုယ်တည်း စဉ်းစားခန်းဝင်နေခဲ့သည်။
ဖုန်းဝူချန်၏ လှုပ်ရှားမှု သိုင်းကွက်ကို မြင်တွေ့လိုက်ရခြင်းသည် သူ့အား ပြိုင်ဘက်ကင်းမြို့မှ မဟာတိုက်ပွဲကြီးကို ပြန်လည် အမှတ်ရသွားစေခဲ့သည်။
အလံနက် တပ်မတော်နှင့် ကောင်းကင် အရိပ်တပ်ဖွဲ့ဝင်များ ဟွမ်ဖူမိသားစုကို လိုက်လံ ဖမ်းဆီးနေခဲ့သော သည်းထန်သည့် မြင်ကွင်းပင်။
လှုပ်ရှားမှု သိုင်းကွက်များမှာ အတူတူပင် ဖြစ်ပြီး မယုံနိုင်လောက်အောင် ဆန်းကြယ်လှသည်။ စွမ်းအား ကွာခြားမှု တစ်ခုတည်းသာ ရှိ၏။
ထို့ကြောင့် ကျန်းယွင်ထျန်းသည် ကောင်းကင် ပင်မဆောင်နှင့် ဖုန်းဝူချန်တို့ကြား ဆက်နွယ်မှု ရှိနေသည်ဟု သက်ာမကင်းဖြစ်လာမိ၏။
စင်မြင့် အောက်တွင် ကျောင်းသားများနှင့် စစ်သည်တော်များသည် အံ့ဩတကြီး ရေရွတ်နေကြပြီး ဖြစ်သည်။ ဖုန်းဝူချန် မည်သို့ မည်သည့်အချိန်တွင် လှုပ်ရှားလိုက်သည်ကို သူတို့ အချင်းချင်း မေးမြန်းနေခဲ့ကြ၏။
လျိုချင်းယန်က သူ၏ ပတ်ဝန်းကျင်မှ ထိတ်လန့်တုန်လှုပ်နေသော မျက်နှာများကို ကြည့်ရင်း ကျေနပ်စွာ အေးစက်စက် ပြုံးလိုက်သည်။
"အစ်ကိုကြီးဖုန်းကို ဒေါသထွက်အောင် လုပ်တဲ့သူက ဘယ်တော့မှ ကောင်းကောင်း အဆုံးသတ်ရလေ့ မရှိဘူး..."
"အစ်ကိုဖုန်းရဲ့ လျှပ်တပြက် နေရာ ရွှေ့ပြောင်းသိုင်းက ကျွန်မတို့ထက် အများကြီး ပို အစွမ်းထက်တယ် လေ...ခစ်ခစ်"
ထိုသို့ မြောင်ချင်းချင်းကလည်း ဆိုလိုက်လေသည်။
လင်ရှောင်ရှောင်က ခပ်ဖွဖွ ရယ်မောလိုက်၏။
"အဟင်း…အစ်ကိုကြီးဖုန်းက သူ့ရဲ့ ယွမ်တန်ဘုံ တတိယအလွှာ ဘုံအဆင့်ကို ခိုင်မာအောင် လုပ်ပြီးသွားပြီလေ...။ ဒီတော့ သဘာဝကျကျပဲ... သူ့ရဲ့ လှုပ်ရှားမှု သိုင်းကွက်က အလွယ်တကူ ထုတ်ဖော်နိုင်တာပေါ့ရှင်..."
'...လျှပ်တပြက် နေရာ ရွှေ့ပြောင်းသိုင်း...။ ဒါက ဘယ်လို လှုပ်ရှားမှု သိုင်းကွက်မျိုးလဲ...'
ကျန်းကျွင့်လန်မှာ စိတ်ထဲတွင် အံ့အားသင့်နေခဲ့တော့သည်။
စင်မြင့်ပေါ်တွင် ပိုင်ခုံသည် ယခုထိတိုင် ထိတ်လန့်တုန်လှုပ်နေဆဲ ဖြစ်ပြီး သူ၏ မျက်ဝန်းများတွင် ကြောက်ရွံ့မှု အရိပ်အယောင် တစ်ချက် ကိန်းဝပ်နေခဲ့၏။
ချက်ချင်း လှုပ်ရှားမှု... ရန်သူကို လုံးဝ အမှတ်မထင် ဖြစ်သွားစေခြင်း...။
ထိုအရာက အမှန်တကယ်ပင် ဖုန်းဝူချန်၏ ကြောက်ဖို့ အကောင်းဆုံးသော အပိုင်း ဖြစ်ပေသည်။
သူ၏ စွမ်းအားသာမက သူ၏ အမြန်နှုန်းသည်လည်း ကြောက်မက်ဖွယ် ကောင်းလှ၏။
"ဘုန်း။"
မည်သည့် တွေဝေမှုမျှ မရှိဘဲ ဖုန်းဝူချန် တည့်တိုးပင် တိုက်ခိုက်လိုက်သည်။ သူ၏ လက်သီးချက်သည် ပိုင်ခုံ၏ ရင်ဘတ်ကို ထိမှန်သွားစဉ် ဘုန်းခနဲ မြည်ဟိန်းခဲ့၏။
ကြောက်မက်ဖွယ် စွမ်းအားသည် ပိုင်ခုံကို ဆယ်မီတာကျော်ခန့် ဒလိမ့်ခေါက်ကွေး ဖြစ်သွားစေခဲ့သည်။
နာကျင်သွားသော ပိုင်ခုံသည် သူ ထိမှန်သွားသည့် အခိုက်တွင် သတိပြန်ဝင်လာခဲ့ပြီး ဖုန်းဝူချန်၏ စွမ်းအားကို လျင်မြန်စွာ လမ်းလွှဲလိုက်သည်။
"မင်းရဲ့ အကယ်ဒမီက ထိပ်ဆုံး သုံးယောက်ထဲမှာ နေရာ နှစ်နေရာ လိုချင်တယ် ဆိုရင်တော့... ငါ သဘောတူ၊ မတူကို အရင် မေးရလိမ့်မယ်…”
ဖုန်းဝူချန်က အေးစက်စွာ ကဲ့ရဲ့လိုက်သည်။ သူ၏ ရက်စက်မှု ကင်းမဲ့သော သဘာဝမှာ ထင်ရှားလှ၏။
ပိုင်ခုံက သူ၏ ခန္ဓာကိုယ်ကို အားယူ ထိန်းလိုက်သည်။ သူသည် လက်သီးချက်အတွက် ပြင်ဆင်မထားခဲ့သော်ငြားလည်း ဒဏ်ရာ မရရှိခဲ့ပါချေ။ ကံကောင်းစွာဖြင့် စွမ်းအားကို လမ်းလွှဲလိုက်နိုင်
သောကြောင့် ဖြစ်သည်။
လေးနက်သော မျက်နှာအမူအရာဖြင့် ပိုင်ခုံသည် ဖုန်းဝူချန်ကို ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်၏။
"မင်းရဲ့ အမြန်နှုန်းက လက်ခံနိုင်လောက်ပါတယ်...။ ဒါပေမဲ့ မင်းရဲ့ စွမ်းအားက ငါ့ကို ဒဏ်ရာရအောင် လုပ်ဖို့ မလုံလောက်သေးဘူး..."
သူ့စကားအဆုံး၌.. ဧရာမ စွမ်းအား တစ်ခု ပေါက်ကွဲ ထွက်လာခဲ့သည်။ ပိုင်ခုံ၏ အရှိန်အဝါသည် အရူးအမူး ပေါက်ကွဲလာပြီး သူ၏ ချီစွမ်းအင်သည် ကြမ်းတမ်းသော လေပြင်းအဖြစ် ပြောင်းလဲကာ တိုက်ခတ်သွားခဲ့၏။ ထိုစွမ်းအား တစ်ခုတည်းကပင် ဖုန်းဝူချန်ကို ခြေလှမ်း အနည်းငယ်ခန့် နောက်သို့ ဆုတ်သွားစေခဲ့သည်။
ပိုင်ခုံက အေးစက်စွာ ရေရွတ်ကာ ဖုန်းဝူချန်အပေါ် အောင်ပွဲခံရန် သေချာနေသော သဘောထားမျိုး ရှိနေခဲ့၏။
"အဲ့ဒါက ဝူချန်ရှန်းနဲ့ တိုက်ခိုက်တုန်းက မင်းရဲ့ အစွမ်းအကုန်ပဲ ဆိုရင်တော့... မင်း ရှုံးနိမ့်ဖို့ သေချာနေပြီ..."
တက်ရောက်လာသော ပါရမီရှင် ကျောင်းသား အများအပြားထဲတွင် ပိုင်ခုံ တစ်ဦးတည်းသာလျှင် ဖုန်းဝူချန်အား ဤသို့ မထီမဲ့မြင် ပြုသော လေသံဖြင့် စကားပြောဝံ့သူ ဖြစ်ပေလိမ့်မည်။
ပိုင်ခုံ၏ ကြောက်မက်ဖွယ် စွမ်းအားကို ခံစားမိသောအခါ ကြောက်ရွံ့မှုသည် ကျောင်းသား အားလုံး၏ မျက်နှာများထက်တွင် ပျံ့နှံ့သွားခဲ့သည်။
အကယ်ဒမီ၏ အထက်ပိုင်း လူကြီးများပင်လျှင် ပိုင်ခုံ၏ စွမ်းအား၏ ကြောက်မက်ဖွယ် ကောင်းမှုကို ဝန်ခံရပေလိမ့်မည်။ ၎င်းသည် ယခင် သိုင်းပြိုင်ပွဲမှ ထိပ်သီး ပါရမီရှင် နျဲ့ယန်ထက် မနိမ့်ကျခဲ့ပါချေ။
ယခင် သိုင်းပြိုင်ပွဲတွင် နျဲ့ယန်သည် တိုက်ပွဲ တစ်ပွဲတည်းဖြင့် ကျော်ကြားလာခဲ့ပြီး သူ၏ ပြိုင်ဘက်များကို လွှမ်းမိုးနိုင်သော စွမ်းအားဖြင့် အနိုင်ယူကာ အင်ပါယာကြီး လေးခုလုံးကို တုန်လှုပ်သွားစေခဲ့သည်။
ယခုတစ်ကြိမ်တွင် ပိုင်ခုံသည်လည်း ထိုနည်းတူ ပြုလုပ်နေခဲ့သည်။ ပြိုင်ပွဲ တစ်လျှောက်လုံး သူ၏ ပြိုင်ဘက်များကို လွှမ်းမိုးနိုင်သော စွမ်းအားဖြင့် အနိုင်ယူနေခဲ့၏။
ဖုန်းဝူချန်၏ လက်ရှိ စွမ်းအားဖြင့် သူသည် အမှန်တကယ်ပင် ပိုင်ခုံ၏ ပြိုင်ဘက် မဟုတ်ခဲ့ပါချေ။
ဖုန်းဝူချန်က မီးလျှံဓားကို ထုတ်ယူလိုက်သည်။ ဤမျှ ကြောက်မက်ဖွယ် ကောင်းသော ရန်သူကို ရင်ဆိုင်ရန် သူသည် ဤ အဆင့်မြင့် ရတနာ၏ စွမ်းအားကို အားကိုးရပေတော့မည်။ တိုက်ရိုက် ရင်ဆိုင်မှုသည် အရှုံးသာ ဖြစ်ပေလိမ့်မည်။
"ဒါဆိုရင် ငါ့ကို စမ်းကြည့်လေ…”
ဟု ဖုန်းဝူချန်က ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။ သူသည် ကြောက်ရွံ့မှု အရိပ်အယောင် တစ်စုံတစ်ရာ မရှိခဲ့ပါချေ။
ရန်သူက အားကောင်းလေလေ ဖုန်းဝူချန်၏ တိုက်ခိုက်လိုစိတ်က ပိုမို ပြင်းထန်လာလေလေ ဖြစ်၏။
သူသည် တိုက်ပွဲကို ဘယ်သောအခါမှ မကြောက်ရွံ့ခဲ့ပါ။
"ဘုန်း။"
ပိုင်ခုံ နောက်ထပ် စကားများများ မပြောတော့ဘဲ ရုတ်တရက် မြေပြင်ကို ဆောင့်နင်းကာ ရှေ့သို့ ပြေးဝင်သွားခဲ့သည်။ သူ၏ အရှိန်မှာ အလွန် လျင်မြန်လှသဖြင့် ဟိန်းဟောက်သံ တစ်ခု ပဲ့တင်ထပ်သွားပြီး ချက်ချင်းနီးပါး ဖုန်းဝူချန်၏ အနီးသို့ ရောက်ရှိသွားခဲ့သည်။
"ဒါကို ယူလိုက်စမ်း…”
ပိုင်ခုံက ဟိန်းဟောက်လိုက်သည်။ သူသည် သနားညှာတာမှု တစ်စုံတစ်ရာ မပြသဘဲ လက်ဝါး တစ်ချက် ရိုက်ထုတ်လိုက်၏။
"သိပ် နှေးတာပဲ…”
ဖုန်းဝူချန်က အေးစက်စွာ ရှုံ့ချလိုက်ပြီး မီးလျှံဓားကို ဝှေ့ယမ်းကာ ပိုင်ခုံ၏ ဘယ်ဘက်ခြမ်းသို့ ရွှေ့လျားသွားခဲ့သည်။
"ဘုန်း။"
"ဟီး..."
ပိုင်ခုံ၏ လက်ဝါးအောက်သို့ ကျရောက်သွားခဲ့ပြီး စင်မြင့်၏ မြေပြင်တွင် ကြီးမားသော တွင်းနက်ကြီး တစ်ခု ထွင်းထုသွား၏။ ကျိုးပဲ့နေသော ကျောက်တုံးများ နေရာအနှံ့ ပျံဝဲနေပြီး ကြောက်မက်ဖွယ် ဖျက်ဆီးအားကို ပြသနေလေ၏။
ပိုင်ခုံ၏ ဘယ်ဘက်ခြမ်းသို့ လျင်မြန်စွာ ရွှေ့လျားလိုက်ပြီး ဖုန်းဝူချန်သည် မီးလျှံဓားကို အလျားလိုက် လွှဲယမ်းလိုက်သည်။ ဖိနှိပ်နိုင်သော ဓားချီ တစ်ခု ထုတ်လွှတ်လိုက်ပြီး ကြမ်းတမ်းစွာ စတင် တိုက်ခိုက်လိုက် တော့၏။
ပိုင်ခုံ အေးစက်စွာ နှာမှုတ်လိုက်သည်။ သူ၏ လက်က စွန်ကုတ် ပုံစံ ဖွဲ့စည်းလိုက်ပြီး တိုက်ခိုက်မှုကို လှည့်၍ ရင်ဆိုင်လိုက်၏။
"အရှိန် ရှိပြီး စွမ်းအား မရှိတာကလည်း အသုံးမဝင်ဘူးပဲ..."
“ဝူ”
ပိုင်ခုံ၏ လက်သည် စိမ်းပြာရောင် အလင်းဖြင့် ရစ်သိုင်းနေကာ မီးလျှံဓားကို ပိတ်ဆို့လိုက်စဉ် စူးရှသော မြည်သံတစ်ချက် ထွက်ပေါ်လာခဲ့သည်။ သူက မီးလျှံဓား၏ စွမ်းအားကို လျင်မြန်စွာ လမ်းလွှဲလိုက်၏။
"ဟမ့်... ဒါက မင်းရဲ့ စွမ်းအား အတိုင်းအတာပဲလား…”
ပိုင်ခုံက လှောင်ပြောင်လိုက်ပြီး သူ၏ စွန်ကုတ်ဖြင့် ပြင်းထန်စွာ နောက်သို့ ဆွဲလိုက်သည်။
ဖုန်းဝူချန်၏ မျက်နှာအမူအရာ သိသိသာသာ ပြောင်းလဲသွားခဲ့ပြီး သူ၏ တစ်ကိုယ်လုံး ရှေ့သို့ ဆွဲငင်ခံလိုက်ရသည်။
"ဗိုင်း။"
သူ၏ ခန္ဓာကိုယ် ရှေ့သို့ ဆွဲငင်ခံလိုက်ရစဉ် ပိုင်ခုံက နောက်ထပ် လက်ဝါး တစ်ချက်ကို 'ဗိုင်း' ခနဲ အသံနှင့်အတူ ရိုက်ထုတ်လိုက်သည်။ ဖုန်းဝူချန်၏ ရင်ဘတ်အား တည့်တည့် ထိမှန်သွားပြီး သူ့အား နောက်သို့ လွင့်ထွက်သွားစေခဲ့၏။
'...ဒီလောက် အားကောင်းတဲ့ စွမ်းအား...'
ဖုန်းဝူချန်က ထိတ်လန့်တကြား တွေးလိုက်မိသည်။
သူ၏ ကြောက်မက်ဖွယ် ကောင်းသော ခန္ဓာကိုယ် စွမ်းအားနှင့်ပင် သူ၏ ပါးစပ် ထောင့်စွန်းမှ သွေးစ တစ်ခု စီးကျလာခဲ့သည်။
ပိုင်ခုံက ဖုန်းဝူချန်ကို လက်ဝါး တစ်ချက်တည်းဖြင့် ဒဏ်ရာရအောင် လုပ်နိုင်ခဲ့ခြင်းသည် သူ၏ ကြောက်မက်ဖွယ် စွမ်းအားကို များစွာ သက်သေပြနေခဲ့သည်။
"အစ်ကိုဖုန်း..."
မြောင်ချင်းချင်းနှင့် လျိုချင်းယန်တို့ အလွန်အမင်း စိုးရိမ်သွားကြပြီး သူတို့၏ လက်ဖဝါးနှစ်ဖက်မှာ ချွေးများဖြင့် စိုရွှဲလာ တော့သည်။
တုံဝူရွှမ်းက သူ၏ မျက်နှာပေါ်တွင် အလျင်လိုမှုများ ထင်ဟပ်နေလျက် သုံးသပ်လိုက်၏။
"ပိုင်ခုံက သိပ် အားကောင်းလွန်းတယ်...။ ဖုန်းဝူချန်က သူ့ရဲ့ ပြိုင်ဘက် လုံးဝ မဟုတ်ဘူး..."
ကျောက်ဝူကျိနှင့် ဝူချန်ရှန်းတို့ကဲ့သို့ ပါရမီရှင် ကျောင်းသားများသည် ပိုင်ခုံ၏ ကြောက်မက်ဖွယ် စွမ်းအားကြောင့် စိတ်ထဲတွင် ထိတ်လန့်နေခဲ့ကြသည်။ သူတို့နှင့် ပိုင်ခုံတို့ကြားမှ ကြီးမားလှသော ကွာဟချက်ကို အပြည့်အဝ သဘောပေါက်သွားခဲ့ကြ၏။
စင်မြင့်ပေါ်တွင် ပြင်းထန်စွာ ဒဏ်ရာရနေသော သွမ့်ဟုန်ရှီးနှင့် စူးလဲ့ယန်တို့မှာ ကြည့်ရှုနေရုံမှတစ်ပါး ဖုန်းဝူချန်ကို ကူညီရန် လုံးဝ စွမ်းအား မရှိခဲ့ကြပါချေ။ သူတို့သည်လည်း ဖုန်းဝူချန် ပိုင်ခုံကို အနိုင်ယူနိုင်ရန် ဆုတောင်းနေခဲ့ကြသည်။
"နဂါးနတ်ဘုရား အရိပ်..."
သူ၏ ခန္ဓာကိုယ် အတွင်းမှ လှုပ်ခတ်နေသော ချီနှင့် သွေးများကို ဖိနှိပ်လိုက်ရင်း ဖုန်းဝူချန်သည် သူ၏ လှုပ်ရှားမှု သိုင်းကွက်ကို အသုံးပြုကာ လျင်မြန်စွာ ရှေ့သို့ ပေါက်ကွဲ ထွက်လာခဲ့သည်။ ဘယ်ညာ လျင်မြန်စွာ ရွေ့လျားနေသဖြင့် ဖမ်းဆုပ်ရန် လုံးဝနီးပါး မဖြစ်နိုင်ခဲ့ပါချေ။
မျက်စိ တစ်မှိတ်အတွင်းမှာပင် ဖုန်းဝူချန်သည် ပိုင်ခုံ၏ ရှေ့မှောက်တွင် ဘွားခနဲ ပေါ်ထွက်လာခဲ့၏။ ဓားသည် မယုံနိုင်လောက်အောင် ကြောက်မက်ဖွယ် ကောင်းသော ထိခတ်မှု စွမ်းအားဖြင့် ကြမ်းကြုတ်စွာ ထိုးစိုက်ဝင်ရောက်လာခဲ့သည်။
“ထန်”
“ဝီ…”
ဖုန်းဝူချန်၏ မရပ်မနား တိုက်ခိုက်မှုကို ပိုင်ခုံက ချက်ချင်း သိရှိလိုက်ပြီး စူးရှသော လေတိုးသံတစ်ချက်နှင့်အတူ သူသည် မီးလျှံဓား၏ ထိပ်ဖျားကို လက်ညှိုး နှစ်ချောင်းကြားတွင် ညှပ်ဖမ်းလိုက်၏။
ကြမ်းတမ်းသော စွမ်းအားသည် စင်မြင့်ကို လေမုန်တိုင်း တစ်ခု မွှေ့ယမ်းနေသကဲ့သို့ လှုပ်ခါသွား
စေခဲ့သည်။ သို့တိုင် ပိုင်ခုံမှာမူ မတုန်လှုပ်ခဲ့ပါချေ။
"ဟမ့်..."
မာန ထောင်လွှားသော လှောင်ပြုံး တစ်ခု ပိုင်ခုံ၏ မျက်နှာထက်တွင် ပေါ်ထွက်လာခဲ့သည်။
ဖုန်းဝူချန် မျက်မှောင်ကြုတ်လိုက်မိပြီး တရကြမ်း တိုက်ကွက်ဖော်ထုတ်လိုက်၏
"ဝုန်း.. ဝုန်း..ဝုန်း"
ဖုန်းဝူချန်သည် ပိုင်ခုံ၏ ပတ်ပတ်လည် အရပ်လေးမျက်နှာမှ ကြောက်မက်ဖွယ် အမြန်နှုန်းဖြင့် တိုက်ခိုက်မှုများကို ထုတ်ဖော်လိုက်၏။ သို့သော် သူ မည်မျှ လျင်မြန်သည် ဖြစ်စေ၊ မည်မျှ ကြမ်းကြုတ်သည် ဖြစ်စေ ပိုင်ခုံသည် ၎င်းတို့ အားလုံးကို လက်တစ်ဖက်တည်းဖြင့် ပိတ်ဆို့ထားနိုင်ခဲ့သည်။
ပိုင်ခုံ၏ ပုံရိပ်သည် မယိမ်းယိုင်ဘဲ သူ၏ ကြောက်မက်ဖွယ် စွမ်းအားက စင်မြင့်ကို အဆက်မပြတ် တုန်ခါစေခဲ့သည်။
ပိုင်ခုံက အေးစက်စွာ ရယ်မောလိုက်၏။
"ဖုန်းဝူချန်... မင်းရဲ့ အမြန်နှုန်းက တကယ်ပဲ အံ့ဩစရာ ကောင်းလှပါတယ်...။ ဒါပေမဲ့ ငါ့ရဲ့ အမြန်နှုန်းကလည်း မင်းထက် မနိမ့်ပါဘူး..."
သူ စကား အဆုံးမသတ်ခင်မှာပင် ဖုန်းဝူချန်၏ ကြမ်းတမ်းသော တိုက်ခိုက်မှု အလယ်တွင် ပိုင်ခုံ၏ ပုံရိပ်သည် ပျံသန်းသွားပြီး ပျောက်ကွယ်သွားခဲ့သည်။
ဖုန်းဝူချန်၏ နောက်ဆုံး ဓားထိုးချက်သည် ၎င်း၏ ပစ်မှတ်ကို လွဲချော်သွားခဲ့၏။
တိုက်ပွဲ တစ်လျှောက်လုံးတွင် ဖုန်းဝူချန် ကြမ်းတမ်းသော တိုက်ခိုက်မှုများကို ထုတ်ဖော်နေသော်လည်း မည်သည့် အသာစီးမျှ မရရှိခဲ့ဘဲ ဆန့်ကျင်ဘက် အနေနှင့် အရေးနိမ့်နေသည့် အသွင် ပေါက်နေခဲ့သည်။
'...ဒါက ငါ အားနည်းလို့ မဟုတ်ဘူး...။ ပိုင်ခုံက သိပ် အားကောင်းလွန်းနေတာ...။ ယုတ္တိမတန်လောက်အောင်ကိုပဲ...'
ဖုန်းဝူချန် အသံတိတ် မှတ်ချက်ပြုလိုက်မိသည်။
"...ပိုင်ခုံရဲ့ စွမ်းအားက တကယ်ပဲ ဟွမ်ဖူကျန့်ထျန်းလောက် ကြောက်ဖို့ကောင်းတာပဲ..."
ပိုင်ခုံ နောက်တစ်ကြိမ် ပေါ်ထွက်လာသောအခါ သူသည် ဖုန်းဝူချန်၏ နောက်ကျောဘက် တည့်တည့်တွင် ရှိနေခဲ့၏။
ပိုင်ခုံ ပေါ်ထွက်လာသည့် အခိုက်တွင် ဖုန်းဝူချန် သူ့ကို အာရုံခံမိလိုက်ပြီး ဓားကို လွှဲယမ်းလိုက်၏။
"နောက်ဆက်တွဲ အရိပ်..."
မီးလျှံဓားသည် ပိုင်ခုံ၏ ခန္ဓာကိုယ်ကို ဖြတ်သန်းသွားပြီး သူ့ကို နှစ်ပိုင်းပိုင်းလိုက်၏။
သို့သော် ကံမကောင်းစွာဖြင့် ၎င်းက နောက်ဆက်တွဲ အရိပ် တစ်ခုသာ ဖြစ်နေခဲ့သည်။
"ဘုန်း။"
"ဝေါ့။"
ဓားက အောက်သို့ ကျဆင်းလာသည်နှင့် ရုတ်တရက် ကျယ်လောင်သည့် ဆူညံသံကြီး ထွက်ပေါ်လာခဲ့သည်။ နောက်ကျောဘက်မှ လက်ဝါး တစ်ချက် ရိုက်ခတ်မှုကြောင့် ဖုန်းဝူချန် နီရဲသည့် သွေးများ အန်ထုတ်လိုက်ရပြီး သူ၏ ပုံရိပ်သည် ရှေ့သို့ လွင့်ထွက်သွားခဲ့၏။
ပိုင်ခုံ၏ ဤလက်ဝါးချက်၏ စွမ်းအားသည် ယခင်ကထက်ပင် ပိုမို အားကောင်းနေခဲ့ပြီး သူ့အား ချက်ချင်းပင် သွေးများ အန် ထွက်လာစေခဲ့သည်။
"ပိုင်ခုံရဲ့ စွမ်းအားက သိပ် ကြောက်ဖို့ကောင်းလွန်းတယ်...။ ဖုန်းဝူချန်က သူ့ရဲ့ ပြိုင်ဘက် မဟုတ်ဘူး..."
"ပိုင်ခုံက သူ့ရဲ့ အစွမ်းအကုန်တောင် ထုတ်မသုံးသေးဘူး...။ ဖုန်းဝူချန်က ဒဏ်ရာရနေပြီ..."
"ကြည့်ရတာ ပါရမီရှင် အဆင့် သတ်မှတ်ပွဲ တိုက်ပွဲက ပိုင်ခုံအတွက်ပဲ ဖြစ်လိမ့်မယ်..."
ထိတ်လန့်တုန်လှုပ်နေသော ကျောင်းသားများသည် ပိုင်ခုံ၏ ကြောက်မက်ဖွယ် စွမ်းအားကြောင့် လုံးဝ လွှမ်းမိုးခံလိုက်ရပြီ ဖြစ်သည်။
ဖုန်းဝူချန်က သူ၏ လက်ဝါးဖြင့် မြေပြင်ကို ထောက်ကန်လိုက်ပြီး သူ၏ ဟန်ချက်ကို ထိန်းချုပ်ကာ လေထုတွင် လှည့်ပတ်လိုက်သည်။
သူ၏ ခြေထောက် နှစ်ဖက်ဖြင့် မြေပြင်ပေါ်သို့ ကျဆင်းလိုက်ပြီး မြေပြင်တစ်လျှောက် မီတာ အနည်းငယ်ခန့် ဒရွတ်ဆွဲပါသွားပြီးမှ ရပ်တန့်သွားခဲ့၏။
မီးလျှံဓားကို မြေကြီးထဲသို့ စိုက်ထူလိုက်ပြီး ဖုန်းဝူချန်က လက်ဟန်များ ဖွဲ့စည်းလိုက်သည်။ နဂါးနတ်ဘုရား စွမ်းအား အတွင်းတွင် တိုးဝင်လာသည်နှင့် ရွှေရောင် အခင်းအကျင်း တစ်ခု ပေါ်ထွက်လာခဲ့၏။
လွှမ်းမိုးနိုင်သော စွမ်းအား တစ်ခု ပေါက်ကွဲ ထွက်လာပြီး ရွှေရောင် အလင်းတန်း တစ်ခု ကောင်းကင်ထက်သို့ တဟုန်ထိုး တက်သွားခဲ့သည်။
"ထင်ယောင်ထင်မှား ဓားသိုင်းကွက်...။ နဝမ ကောင်းကင်၏ ထင်ယောင်ထင်မှား ပျက်စီးခြင်း..."
ဆန်းကြယ်သော သင်္ကေတများဖြင့် ပြည့်နှက်နေသော ရွှေရောင် အခင်းအကျင်းသည် တိုးထွက်လာခဲ့သည်။ ဖုန်းဝူချန် ကြွေးကြော်လိုက်သည်နှင့် ကောင်းကင်ထက်သို့ တက်သွားသော ရွှေရောင် အလင်းတန်းသည် ကြီးမားလှသော စွမ်းအင် ဓားကြီး တစ်လက်အဖြစ် စုစည်းသွားခဲ့၏။
"ဝှစ်။"
စွမ်းအင် ဓားကြီးသည် လွှတ်တင်လိုက်သော ဒုံးပျံ တစ်စင်းကဲ့သို့ ပစ်ထွက်သွားခဲ့သည်။ ၎င်း၏ တောက်ပသော ရွှေရောင် အလင်းတန်းသည် ပတ်ဝန်းကျင် တောင်ခြေများကို ဖုံးလွှမ်းသွားစေခဲ့ပြီး ခန့်ညားသော အရှိန်အဟုန် ရှိနေခဲ့သည်။
“မြေကမ္ဘာအဆင့် သိုင်းပညာရဲ့ စွမ်းအားကို ငါ မျက်မြင် တွေ့ခွင့်ရဖို့ အချိန်ကိုက်ပဲ...။ ဝူချန်ရှန်းကို အနိုင်ယူနိုင်ခဲ့တာဆိုတော့ ဒါက အားကောင်းရမယ်…”
ပိုင်ခုံက အကြောက်တရား ကင်းမဲ့စွာ ရေရွတ်ကာ သူ၏
အစစ်အမှန်ယွမ်များ စီးဆင်းစေကာ လက်ဟန်များ ဖန်တီးလိုက်၏။
"နက်နဲခြင်းအဆင့် အဆင့်မြင့် သိုင်းပညာ...။ ယင်-ယန် နက်နဲ လက်သည်း..."
ပိုင်ခုံက တိုးညှင်းသော ကြွေးကြော်သံ တစ်ချက် ပြုလုပ်လိုက်သည်။
သူ၏ လက်ဝါးများသည် ကြောက်မက်ဖွယ် စွမ်းအား တစ်ခုကို စုစည်းလျက် နောက်တစ်ကြိမ် စွန်ကုတ် ပုံစံ ဖွဲ့စည်းကာ ကြမ်းတမ်းစွာ ရိုက်ထုတ်လိုက်၏။
'ကျန်း' ပေါင်း ဒါဇင်များစွာ အရွယ်အစား ရှိသော ဧရာမ စိမ်းပြာရောင်၊ အရိုးစု လက်သည်းကြီး တစ်ခု လေထုကို စုတ်ဖြဲကာ ထွက်ပေါ်လာခဲ့သည်။
၎င်းသည် နက်နဲခြင်းအဆင့် အဆင့်မြင့် သိုင်းပညာ တစ်ခု ဖြစ်သော်ငြားလည်း ၎င်း၏ စွမ်းအားသည် ဖုန်းဝူချန်၏ ဓားအလင်းတန်း အထက်တွင် ရှိနေခဲ့သည်။
ပိုင်ခုံ၏ မျက်နှာသည် ယုံကြည်မှုများဖြင့် ပြည့်နှက်နေခဲ့လေသည်။