ပြင်းထန်သော တိုက်ပွဲ
Vol. 9 Ch. 135
~"ဘုန်း။"
"ခွမ်း။"
ဖုန်းဝူချန်ထံမှ လက်သီး တစ်ချက်ဖြင့် စိမ်းပြာရောင် စွမ်းအင် အကာအကွယ်လွှာသည် မည်သည့် ခုခံမှုမျှ မရှိဘဲ ချက်ချင်းပင် ကွဲကြေသွားခဲ့၏။ ပိုင်ခုံ၏ မျက်နှာအမူအရာ သိသိသာသာ ပြောင်းလဲသွားပြီး သူ၏ လက်များကို ရှေ့တွင် အလျင်အမြန် ကန့်လန့်ဖြတ်ကာ ပိတ်ဆို့လိုက်ရတော့သည်။
'...သွားပြီ...'
ဖုန်းဝူချန်၏ လက်သီးချက်သည် ပိုင်ခုံ၏ အစစ်အမှန်ယွမ် ကိုယ်ခန္ဓာ ကာကွယ်ခြင်းကို ရိုက်ခွဲပစ်လိုက်လေရာ ပိုင်ခုံသည် ထိုစွမ်းအား၏ လွှမ်းမိုးနိုင်ပြီး ကြောက်မက်ဖွယ် ကောင်းလှသော အရှိန်ကို အတိုင်းသား ခံစားလိုက်ရတော့၏။
"...ဒီကောင့်... လက်သီးက... ပြင်းလိုက်တာ..."
"ဘုန်း။"
ဖုန်းဝူချန်၏ လက်သီးသည် ပိုင်ခုံ၏ လက်များပေါ်သို့ ထိမှန်သွားသောအခါ မိုးခြိမ်းသံကဲ့သို့ ပေါက်ကွဲသံကြီး ထွက်ပေါ်လာခဲ့သည်။ လွှမ်းမိုးနိုင်သော စွမ်းအားသည် ပိုင်ခုံကို မြေပြင်တစ်လျှောက် မီတာပေါင်း ဒါဇင်များစွာ လျှောတိုက် ပါသွားစေခဲ့သတည်း။
ပြင်းထန်သော နာကျင်မှု တစ်ခု သူ၏ လက်များမှတစ်ဆင့် ပျံ့နှံ့လာပြီး တစ်ကိုယ်လုံးသို့ လျင်မြန်စွာ ရောက်ရှိသွားခဲ့သည်။
'...ကျွတ်... ကျွတ်... ငါ့လက်တွေ... ကျိုးသွားပြီလား...'
ပိုင်ခုံ၏ လက်များမှာ ထုံကျဉ်ကာ တဆတ်ဆတ် တုန်ယင်နေခဲ့သည်။ သူ၏ အရိုးများ ကျိုးကြေသွားသကဲ့သို့ ခံစားလိုက်ရ၏။ ဖုန်းဝူချန်၏ လွှမ်းမိုးနိုင်သော စွမ်းအားသည် သူ၏ စိတ်ကူးထဲမှ ပုံရိပ်ကို များစွာ ကျော်လွန်နေခဲ့သည်။
"ဘုရား...ဘုရား"
ဤ လွှမ်းမိုးနိုင်သော မြင်ကွင်းကို မြင်တွေ့လိုက်ရသောအခါ ကျောင်းသားများနှင့် စစ်သည်တော်များသည် ကြောက်လန့်တကြား အသက်အောင့်မိကြပြီး သူတို့၏ မျက်နှာများ စက္ကူကဲ့သို့ ဖြူဖျော့သွားခဲ့ကြတော့သည်။
လျိုချင်းယန်၏ မျက်နှာသည် အကြောက်တရားဖြင့် ပြည့်နှက်နေခဲ့ပြီး ကြောက်ရွံ့မှုဖြင့် တုန်ယင်နေခဲ့သည်။
"အစ်... အစ်ကိုဖုန်းက... တကယ်ပဲ ဒီလောက် ကြောက်စရာကောင်းတဲ့ စွမ်းအားကို ဖုံးကွယ်ထားခဲ့တာပဲ..."
ကျန်းကျွင့်လန်မှာ ကြောက်လန့်တကြားရော မှင်သက်သွားခြင်းပါ ဖြစ်နေခဲ့သည်။
"ဒါ... ဒါက သိပ်ကို မယုံနိုင်စရာ ကောင်းလွန်းတယ်ဟ..."
မူရှန်နှင့် တုံဝူရွှမ်းတို့မှာ ကျောက်ရုပ်များအဖြစ် အေးခဲတောင့်တင်း သွားခဲ့ကြ၏။
ဖုန်းဝူချန်အကြောင်း အတော်အသင့် နားလည်ထားသော အင်ပါယာ၏ အထက်မြက်ဆုံး စစ်သည်တော်များပင်လျှင် ဖုန်းဝူချန် ဤမျှ အစွမ်းထက်လိမ့်မည်ဟု မယုံကြည်နိုင်ခဲ့ကြပါ။
ယဲ့ချန်းချုံးမှာ လုံးဝ ကြောင်ငေးသွားခဲ့ရသည်။
'...ဆရာဖုန်းက လူတိုင်းကို လှည့်စားထားခဲ့တာပဲ...။ ဒါကမှ သူ့ရဲ့ တကယ့် ကြောက်စရာ အကောင်းဆုံး လှည့်ကွက်ပဲ...'
သူ၏ သွေးမျိုးဆက် စွမ်းအားကို ထုတ်ဖော်လိုက်ခြင်းဖြင့် ဖုန်းဝူချန်သည် စွမ်းအား အသစ်တစ်ခုကို ပြသခဲ့၏။ ၎င်းသည် ယဲ့ချန်းချုံးနှင့် အခြားသူများကို ကြောက်မက်ဖွယ် အကောင်းဆုံးသော ဖုန်းဝူချန်ကို သိရှိသွားစေခဲ့၏။
ဖုန်းဝူချန်က သူ၏ လားရာဘက်သို့ လှမ်းကြည့်နေသော ပိုင်ခုံကို ခပ်ရေးရေး ပြုံးလျက် မေးလိုက်သည်။
"ဘယ်လိုလဲ...။ ငါ့ရဲ့ စွမ်းအားက မင်းကို စိတ်ပျက်မသွားစေခဲ့ဘူး မဟုတ်လား..."
'...စိတ်မပျက်ရုံလား... ငါ့ကို ကြောက်တောင် ကြောက်သွားစေခဲ့တာ...'
ထိုစကားကို ကြားသောအခါ လက်များ နာကျင်နေသော ပိုင်ခုံသည် မျက်မှောင်ကြုတ်လိုက်မိသည်။ ဖုန်းဝူချန်၏ စွမ်းအားသည် စိတ်မပျက်စရာ အဆင့်ကို များစွာ ကျော်လွန်သွားခဲ့ပြီး အမှန်တကယ်တွင် သူ့အား ကြောက်ရွံ့မှုများ ဖြစ်ပေါ်စေခဲ့၏။
'...ငါ တစ္ဆေ တစ်ကောင်ကို မြင်လိုက်ရသလိုပဲ...။ ယွမ်တန်ဘုံ တတိယအလွှာ အဆင့်လေးနဲ့ ဒီလောက် ကြောက်စရာကောင်းတဲ့ စွမ်းအားကို ပိုင်ဆိုင်ထားတာလား...'
ပိုင်ခုံက စိတ်ထဲတွင် မည်းမှောင်စွာ တွေးလိုက်မိသည်။ ယွမ်တန်ဘုံမှ မည်သူတစ်ဦးတစ်ယောက်မျှ ဤမျှ ခြိမ်းခြောက်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ဟု သူ ယုံကြည်သည်။ ဖုန်းဝူချန်ကဲ့သို့ သဘာဝလွန် သတ္တဝါမျိုး မှ လွဲ၍ပေါ့။
"နက်နဲခြင်းအဆင့် အလယ်အလတ်တန်းစား သိုင်းပညာ...။ ယင်ယန် လက်ညှိုး..."
ပိုင်ခုံသည် သူ၏ အစစ်အမှန်ယွမ်ကို လှုံ့ဆော်လိုက်ပြီး ဖုန်းဝူချန် ရှိရာဘက်သို့ ကောင်းကင်ယံကို ညွှန်ပြလိုက်၏။ အလွန် ကြောက်မက်ဖွယ် ကောင်းသော စွမ်းအား တစ်ခု သူ၏ လက်ညှိုး ထိပ်ဖျားတွင် စုစည်းလာခဲ့သည်။
"ဝှစ်..."
“ဝီ”
နောက်တစ်ခဏတွင် စိမ်းပြာရောင် စွမ်းအင် အလင်းတန်းကြီး တစ်ခု သူ၏ လက်ဖျားမှ ပစ်ထွက်သွားခဲ့၏။ လင်းလက် ပျံသန်းသွားသော စိမ်းပြာရောင် ကြယ်တံခွန် တစ်ခုကဲ့သို့ပင် ခန့်ညားလှပြီး အရာအားလုံးကို ထိုးဖောက်နိုင်စွမ်း ရှိပုံ ပေါ်သည်။
"လာခဲ့လေ...။ ဒါက ငါ့ရဲ့ လက်ရှိ စွမ်းအားကို စမ်းသပ်ဖို့ အခွင့်အရေးကောင်းပဲ…”
ဖုန်းဝူချန်က စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်သည်။
နတ်ဆိုး နဂါးနတ်ဘုရား၏ စွမ်းအားနှင့် သူ၏ သွေးမျိုးဆက် စွမ်းအားတို့ ပေါင်းစပ်လိုက်သောအခါ ဖုန်းဝူချန်၏ စွမ်းအားသည် လုံးဝ ကြီးစိုးလှ၏။
သူ့ထံသို့ တိုးဝင်လာသော စိမ်းပြာရောင် စွမ်းအင်ကို ကြည့်ရင်း ဖုန်းဝူချန်သည် လက်သီး တစ်ချက်ဖြင့် ရင်ဆိုင်ရန် အရူးအမူး ဆုံးဖြတ်လိုက်လေသည်။
“ဘုန်း..”
မိုးခြိမ်းသံကဲ့သို့ ပေါက်ကွဲသံ တစ်ချက်နှင့်အတူ စင်မြင့်သည် သူ၏ ပြင်းထန်သော စွမ်းအားကြောင့် နောက်တစ်ကြိမ် တုန်ခါသွားခဲ့ပြန်၏။
သို့သော်... လူတိုင်းကို ကြောက်မက်ဖွယ်ရာ ဖြစ်သွားစေသည်မှာ... ထို စိမ်းပြာရောင် စွမ်းအင်သည် ဖုန်းဝူချန်၏ လက်သီးချက်ကြောင့် အမှန်တကယ် ပျံ့ကြဲသွားခဲ့ခြင်း ဖြစ်သည်။
ဖုန်းဝူချန် မည်သည့် သိုင်းပညာကိုမျှပင် အသုံးမပြုခဲ့ဘဲ သူ၏ ရုပ်ခန္ဓာ စွမ်းအား တစ်ခုတည်းကိုသာ အားကိုးလျက် ပိုင်ခုံ၏ တိုက်ကွက်အား ချေဖျက်လိုက်သည်။
နက်နဲခြင်းအဆင့် အလယ်အလတ်တန်းစား သိုင်းပညာ တစ်ခုကို ရိုက်ခွဲပစ်လိုက်သော လက်သီး တစ်ချက်...။ ထိုစွမ်းအားသည် မည်မျှ ကြီးမားလိုက်ပါသနည်း။
"..............."
ပိုင်ခုံ၏ မျက်နှာအမူအရာသည် ထိတ်လန့်တုန်လှုပ်မှု တစ်ခုတည်းသာ ဖြစ်နေခဲ့၏။ သူ စကားလုံးများပင် ဆုံးရှုံးသွားခဲ့ရသည်။
ကြည့်ရှုနေသူများ အားလုံး အကြောက်တရား ထင်ဟပ်နေသော မျက်နှာအမူအရာများဖြင့် တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ယင်နေခဲ့ကြသည်။ သူတို့၏ မျက်ဝန်းများတွင် မိစ္ဆာ တစ်ကောင်ကို မြင်တွေ့လိုက်ရသကဲ့သို့သော အကြည့်မျိုးများ ပြည့်နှက်လို့နေခဲ့၏။
ဖုန်းဝူချန် ပို၍ပင် စိတ်လှုပ်ရှားသွားခဲ့သည်။ သူ၏ သွေးမျိုးဆက် စွမ်းအားသည် သံသယ ကင်းမဲ့စွာပင် သူ၏ စွမ်းအား အကြီးမြတ်ဆုံးသော လှည့်ကွက် ဖြစ်လာခဲ့ချေပြီ။
မီးလျှံဓားကို ဝှေ့ယမ်းရန်ပင် မလိုအပ်ဘဲ သူ ဤမျှ ကြောက်ခမန်းလိလိ စွမ်းအားကို ပိုင်ဆိုင်ထားခဲ့ပြီး ဖြစ်သည်။ အကယ်၍သာ သူ မီးလျှံဓားကို ဝှေ့ယမ်းလိုက်မည် ဆိုပါက သူ၏ စွမ်းအားသည် သေချာပေါက် ပို၍ပင် ကြောက်မက်ဖွယ် ကောင်းလာပေလိမ့်မည်။
ဖုန်းဝူချန်က စိတ်လှုပ်ရှားနေသော မျက်လုံးများဖြင့် ပိုင်ခုံကို ကြည့်လိုက်သည်။ သူ၏ အသံတွင် ခပ်ရေးရေး အပြုံး တစ်ခု ပါဝင်နေခဲ့၏။ သူ၏ စွမ်းအား တဖြည်းဖြည်း မြင့်တက်လာသည်နှင့်အညီ တစ်ခဏအတွင်းမှာပင် ဖုန်းဝူချန် သူ၏ စွမ်းအား အားလုံးကို ထုတ်လွှတ်လိုက်သည်။
"ပိုင်ခုံ... နောက်ထပ် ချန်မထားနဲ့တော့...။ မင်းရဲ့ တကယ့် အရည်အချင်းတွေကို ငါ့ကို ပြစမ်း..."
၎င်းသည် အလွန်အမင်း လွှမ်းမိုးနိုင်စွမ်း ရှိလှပြီး အသက်ရှူ ကြပ်စေသော အရှိန်အဝါသည် အသက်ရှူ မှားသွားစေလောက်၏။
ဖုန်းဝူချန်၏ အရှိန်အဟုန်သည် နောက်တစ်ကြိမ် တဟုန်ထိုး မြင့်တက်လာခဲ့သည်။ ဤသည်မှာ သူ၏ စွမ်းအား၏ အထွတ်အထိပ် ဖြစ်မည်မှာ သေချာပါ၏။
တိုက်ပွဲ အစမှစ၍ ပိုင်ခုံသည် သူ၏ တကယ့် တိုက်ခိုက်ရေး အရည်အချင်းကို ထုတ်ဖော်ပြသခြင်း မရှိသေးပါချေ။
လေးနက်သော အကြည့် တစ်ခု ပိုင်ခုံ၏ မျက်နှာထက်တွင် ဖြတ်သန်းသွားခဲ့သည်။ ရုတ်ချည်းပင် သူ၏ ခန္ဓာကိုယ်သည် အဖြူရောင် အလင်းတန်းများဖြင့် ဖုံးလွှမ်းလာပြီး သူ၏ ဆံပင်များသည် သူ့အလိုလို ထောင်တက်လာခဲ့၏။
ပိုင်ခုံက သူ၏ လက်နက်ကို ဆင့်ခေါ်ရင်း ချီးကျူးလိုက်သည်။
"မင်းရဲ့ စွမ်းအားက တကယ်ပဲ ထူးခြားဆန်းကြယ်လှပါတယ်...။ အရင်က ဖုန်းဝူချန်နဲ့ ယှဉ်ရင် အဝေးကြီး ကွာခြားသွားပြီ..."
ထိုစဉ်မှာပင် သူ့ကိုယ်မှ အားကောင်းသော အရှိန်အဝါ တစ်ခု ပတ်ဝန်းကျင်ကို ဖုံးလွှမ်းသွားခဲ့သည်။
ပိုင်ခုံက အနီရောင် ကျောက်စိမ်း ဆွဲသီး တစ်ခုကို ထုတ်ယူလိုက်၏။ ၎င်းသည် ထိပ်တန်းအဆင့် ရတနာ တစ်ခု ဖြစ်သည်။
အစစ်အမှန်ယွမ်များကို ကျောက်စိမ်း ဆွဲသီးထဲသို့ စီးဆင်းစေလိုက်သည်နှင့် ထိုလက်နက်သည် အနီရောင် အလင်းတန်းများ ထုတ်လွှတ်လာခဲ့ပြီး ပိုင်ခုံ၏ အရှိန်အဝါ သိသိသာသာ တိုးမြင့်လာခဲ့သည်။ သူ၏ စွမ်းအားသည် များစွာ အဆတိုးလာခဲ့၏။
ကျောက်စိမ်း ဆွဲသီးထဲသို့ သူ၏ စွမ်းအားကို ထုတ်လွှတ်ပြီးနောက် ၎င်းသည် ပိုင်ခုံ၏ နဖူး အလယ်ဗဟိုသို့ ဝင်ရောက်သွားခဲ့သည်။
သွမ့်ဟုန်ရှီး၏ မျက်လုံးများ ကျယ်ပြန့်သွားခဲ့ပြီး ထိတ်လန့်မှုများ ပြည့်နှက်နေခဲ့သည်။
"...ပိုင်ခုံရဲ့ စွမ်းအား တိုးလာပြန်ပြီ..."
စူးလဲ့ယန်က ဝန်ခံလိုက်သည်။
စွမ်းအား ကွာဟချက်သည် အလွန် ကြီးမားလှပြီး သူတို့ အပြည့်အဝ သက်သာလာခဲ့သည့်တိုင် အကူအညီ မပေးနိုင်ခဲ့ကြပါချေ။
"ဖုန်းဝူချန် ပိုင်ခုံကို အနိုင်ယူနိုင်မလား၊ မယူနိုင်ဘူးလား ဆိုတာကတော့ အခု သူ့အပေါ်မှာပဲ မူတည်နေပြီ..."
ပိုင်ခုံ၏ စွမ်းအား တိုးမြင့်လာသည်နှင့် တကယ့် တိုက်ပွဲသည် ယခုမှသာ စတင်ခဲ့လေပြီ။
"ဘုန်း။"
ပိုင်ခုံ၏ မျက်လုံးများ စူးရှစွာ လင်းလက်သွားခဲ့ပြီး သူ ရုတ်တရက် ရှေ့သို့ ပေါက်ကွဲ ထွက်လာခဲ့သည်။ သူ၏ အရှိန်သည် ယခုအခါ ပို၍ပင် ကြောက်မက်ဖွယ် ကောင်းလာခဲ့ပြီး သူ၏ အရှိန်အဟုန်မှာ လွှမ်းမိုးနိုင်စွမ်း ရှိလှ၏။
ဖုန်းဝူချန်သည်လည်း ရှေ့သို့ ပြေးဝင်ရန် မတွေဝေခဲ့ပါ။ သူ၏ လက်ရှိ တကယ့် စွမ်းအား အတိုင်းအတာ အပြည့်အစုံကို သူ သိရှိလိုခဲ့သည်။
"ဘုန်း... ဘုန်း... ဘုန်း..."
"ဝူး.."
တစ်ခဏအတွင်းမှာပင် ပြင်းထန်သော ရုပ်ခန္ဓာ တိုက်ပွဲ တစ်ခု စတင်ခဲ့လေပြီ။ စင်မြင့်ပေါ်တွင် ကြောက်မက်ဖွယ် ချီစွမ်းအင် လှိုင်းလုံးများ ပျံ့နှံ့ထွက်ပေါ်နေခဲ့၏။
ပေါက်ကွဲသံ လှိုင်းများသည် လေထုထဲတွင် ပဲ့တင်ထပ်နေခဲ့သည်။ စင်မြင့်၏ တုန်ခါမှုသည် ဘယ်သောအခါမှ မရပ်တန့်ခဲ့ဘဲ လူတိုင်း၏ သွေးများကို ဆူပွက်လာစေခဲ့သည်။
ကြောက်လန့်တကြား ဖြစ်နေသော ကျောင်းသားများနှင့် စစ်သည်တော်များ အားလုံး စိတ်လှုပ်ရှားစွာ အော်ဟစ် အားပေးလာကြတော့သည်။
သူ၏ စွမ်းအား မြင့်တက်လာသည်နှင့် ပိုင်ခုံသည် ယခုအခါ ဖုန်းဝူချန်နှင့် ယှဉ်ပြိုင်နိုင်စွမ်း ရှိနေခဲ့ပြီ ဖြစ်သည်။
စွမ်းအား ဖြစ်စေ၊ အမြန်နှုန်း ဖြစ်စေ ၎င်းသည် ဖုန်းဝူချန်ထက် မည်သည့်နည်းနှင့်မျှ နိမ့်ကျခြင်း မရှိခဲ့ပါချေ။ တိုက်ပွဲတွင် မှော်ရတနာများ၏ အရေးပါမှုကို ပြသနေခဲ့သည်။
တိုက်ခိုက်သူ နှစ်ဦးစလုံး၏ စွမ်းအားသည် ယွမ်တန်ဘုံ ဆဋ္ဌမအလွှာနှင့် နှိုင်းယှဉ်နိုင်စွမ်း ရှိနေခဲ့ပြီး အကယ်ဒမီမှ အကြီးအကဲ အချို့ပင်လျှင် သူတို့၏ ပြိုင်ဘက် မဟုတ်ခဲ့ကြပါချေ။
"နက်နဲခြင်းအဆင့် အဆင့်မြင့် သိုင်းပညာ...။ ကြယ်ခုနစ်လုံး တိမ်တိုက် သိုင်းကွက်..."
"နဂါးနတ်ဘုရား အရိပ်..."
ပြင်းထန်သော အနီးကပ် တိုက်ပွဲ အလယ်တွင် နှစ်ဦးစလုံး သူတို့၏ အစွမ်းထက် သိုင်းကွက်များကို ထုတ်ဖော်လိုက်ကြသည်။
အလွန် လျင်မြန်စွာ လှုပ်ရှားနေကြသဖြင့် အနက်ရောင် သဏ္ဍာန် နှစ်ခု စင်မြင့်ပေါ်တွင် လျင်မြန်စွာ ထိတိုက်နေသည်ကိုသာ မြင်တွေ့နိုင်ခဲ့၏။
ကျင့်ကြံမှု အဆင့် နိမ့်ကျသူများသည် သူတို့၏ ပုံရိပ်များကို ရှင်းလင်းစွာ မမြင်တွေ့နိုင်ခဲ့ကြဘဲ တိုးဝင်လာသည့် ကြောက်မက်ဖွယ် ကောင်းသော စွမ်းအားကိုသာ ခံစားနေခဲ့ကြရသည်။
သို့သော်... ပိုင်ခုံ ဖုန်းဝူချန်နှင့် ယှဉ်ပြိုင်နိုင်ခဲ့သည့်တိုင် သူတို့၏ ရုပ်ခန္ဓာများကြားမှ ကွာဟချက်သည် ကြီးမားနေဆဲ ဖြစ်သည်။ အချိန် ကြာလာသည်နှင့်အမျှ ပိုင်ခုံ တဖြည်းဖြည်း အရေးနိမ့်သည့် အခြေအနေသို့ ကျရောက်လာခဲ့သည်။
ထိုအခိုက်အတန့်မှာ ဖုန်းဝူချန်က ပြင်းထန်သော တိုက်ပွဲ အလယ်တွင် မည်သည့် ဖိအားမျှ မရှိဘဲ တည်ငြိမ်စွာ ပြုံးလျက် ပြောဆိုလိုက်သည်။
"...အဆင့်မြင့် မှော်ရတနာ တစ်ခုရဲ့ စွမ်းအားက အခုထိ အားနည်း
နေတုန်းပဲ..."
'...ဖုန်းဝူချန်ရဲ့ ခန္ဓာကိုယ်က အလွန် ကြောက်ဖို့ ကောင်းတာပဲ...။ တိုက်ခိုက်မှု အားလုံးက ပျက်ပြယ်သွားပြီး သူ့ကို နည်းနည်းလောက်တောင် သက်ရောက်မှု မရှိပုံပဲ...။ ဒါ့အပြင်... သူ့ရဲ့ အစစ်အမှန်
ယွမ်ကလည်း ကုန်ဆုံးသွားပုံ မပေါ်ဘူး...'
ပိုင်ခုံက ရင်တွင်း… မှတ်ချက်ချလိုက်သည်။
“ဘုန်း”
“ခွပ်”
ပြင်းထန်သော လက်ချင်း ယှဉ်ပြိုင် တိုက်ခိုက်ပွဲသည် နောက်ဆုံးတွင် အားကောင်းသော လက်သီး တစ်ချက်ဖြင့် အဆုံးသတ်သွားခဲ့သည်။ ကြောက်မက်ဖွယ် စွမ်းအား တစ်ခု အရူးအမူး တိုက်ခတ်သွားပြီး တိုက်ခိုက်သူ နှစ်ဦးစလုံး နောက်သို့ ဆုတ်ခွာသွားခဲ့ရ၏။
တစ်မိနစ် မပြည့်သော အချိန်အတွင်း ကြာမြင့်ခဲ့သော်လည်း ပိုင်ခုံသည် သူ၏ လက်သီးများနှင့် ခြေထောက်များ တုန်ယင်နေသည်ကို ခံစားနေခဲ့ရပြီး နာကျင်မှုသည် သူ၏ တစ်ကိုယ်လုံးတွင် ခပ်မှိန်မှိန် ပျံ့နှံ့နေခဲ့သည်။
ပြင်းထန်သော ရုန်းကန်မှု အလယ်တွင် ဖုန်းဝူချန်မှာမူ မျက်နှာအရောင် ပြောင်းလဲခြင်း မရှိခဲ့ဘဲ ဆန့်ကျင်ဘက် အနေနှင့် ၎င်းက သူ့အား ပို၍ပင် စိတ်လှုပ်ရှားစေခဲ့ပုံ ပေါ်နေလေသည်။
"ကမ္ဘာပျက် ကောင်းကင်ဘုံ၏ ဒဏ်ခတ်ခြင်း ဓားချက်..."
သူ၏ ဟန်ချက်ကို ပြန်လည် ထိန်းလိုက်သည်နှင့် ဖုန်းဝူချန်က ရုတ်တရက် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး မျက်စိ ကျိန်းသွားစေသော ရွှေရောင် အလင်းတန်း တစ်ခု လင်းလက်သွားခဲ့၏။
သူ၏ ခန့်ညားသော အရှိန်အဝါသည် ကောင်းကင်ထက်သို့ တဟုန်ထိုး တက်သွားပြီး သူ၏ လက်ကို ကြမ်းတမ်းစွာ လွှဲယမ်းလိုက်သည်။
"ဝှစ်..."
"ဝီ..."
လခြမ်းကွေး တစ်ခုကဲ့သို့ ဧရာမ ရွှေရောင် စွမ်းအင် ဓားချက်ကြီး တစ်ခု ဖျက်ဆီးလိုသော အရှိန်အဟုန်ဖြင့် ပိုင်ခုံထံသို့ တိုးဝင်သွားခဲ့သည်။
ပြင်းထန်သော လေထု ပေါက်ကွဲသံ တစ်ခုက နားများကို အနည်းငယ် အူသွားစေခဲ့၏။ ၎င်း ဖြတ်သန်းသွားရာ နေရာတိုင်းတွင် လေဟာနယ်ပင်လျှင် တုန်ခါသွားခဲ့ရသည်။
"...နောက်ထပ် မြေကမ္ဘာ အဆင့် သိုင်းပညာ တစ်ခု..."
ပိုင်ခုံ၏ မျက်နှာ အနည်းငယ် ပြောင်းလဲသွားခဲ့၏။
" ဟေး…မြေကမ္ဘာ အဆင့် သိုင်းပညာ...။ ဖုန်းဝူချန်က နောက်ထပ် မြေကမ္ဘာ အဆင့် သိုင်းပညာ တစ်ခုကို ထုတ်ဖော်လိုက်ပြန်ပြီ..."
ကျောင်းသားများနှင့် စစ်သည်တော်များ လွှမ်းမိုးနိုင်သော စိတ်လှုပ်ရှားမှုဖြင့် အော်ဟစ်လိုက်ကြသည်။
"ဖုန်းဝူချန်မှာ နောက်ထပ် မြေကမ္ဘာအဆင့် သိုင်းပညာ တစ်ခု ရှိနေသေးတာပဲ..."
အကယ်ဒမီ၏ အထက်ပိုင်း လူကြီးများ သူတို့၏ မျက်နှာရောင် ပြောင်းလဲသွားသည်နှင့်အတူ ရေရွတ်လိုက်ကြသည်။
စဉ်းစားရန် အချိန် မရလိုက်ဘဲ ပိုင်ခုံသည် သူ၏ အစစ်အမှန်ယွမ် အားလုံးကို ထုတ်ဖော်လိုက်ပြီးနောက် လက်ကို ဝှေ့ယမ်း၍ ဧရာမ ဓားကြီး တစ်လက်အား လေထဲမှ ထုတ်ယူလိုက်၏။
ဓားကြီးက အလွန် လေးလံပုံ ပေါ်ပြီး ကြံ့ခိုင်သော အရှိန်အဝါ တစ်ခု ထုတ်လွှတ်နေခဲ့သည်။
အစစ်အမှန်ယွမ်များ ဧရာမ ဓားကြီးထဲသို့ စီးဝင်သွားသည်နှင့် အံ့ဩဖွယ် ဓားအသိစိတ် တစ်ခု ဖြစ်ပေါ်လာခဲ့သည်။ တိုးဝင်လာသော ဓားအလင်း စွမ်းအားသည် ကြမ်းတမ်းစွာ လည်ပတ် လာခဲ့၏။
ဖုန်းဝူချန်က အံ့ဩတကြီး ရေရွတ်လိုက်သည်။ ပိုင်ခုံ ဓားသိုင်းပညာ လမ်းကြောင်း ကျင့်ကြံသူ တစ်ဦး ဖြစ်လိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့မိပါချေ။
"အိုး...။ ဘယ်လို ထူးခြားတဲ့ ဓားမျိုးလဲ..."
"နက်နဲခြင်းအဆင့် ထိပ်တန်း သိုင်းပညာ...။ ချင်းဟုန် ဓားသိုင်းကွက်...။ ချင်းဟုန် ကောင်းကင်ထက်သို့ တက်ခြင်း..."
ပိုင်ခုံက ကျယ်လောင်စွာ မာန်သွင်းလိုက်ပြီး ဧရာမ ဓားကြီးကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ အပေါ်မှ အောက်သို့ ခုတ်ပိုင်းချလိုက်သည်။
'ကျန်း' ပေါင်းများစွာ ကြီးမားပြီး အားကောင်းသော အစိမ်းရောင် ဓားအလင်းကြီး တစ်ခု မရပ်တန့်နိုင်စွာ ပစ်ထွက်လာခဲ့၏။
အဆင့်မြင့် မှော်ရတနာ နှစ်ခု ပေါင်းစပ်လိုက်သည်နှင့် ပိုင်ခုံ၏ တိုက်ခိုက်ရေး စွမ်းအားသည် သံသယ ကင်းမဲ့စွာ ကြောက်မက်ဖွယ် ကောင်းလှသည်။
“ဂျုန်း..ဂျုန်း”
မျက်စိ တစ်မှိတ်အတွင်းမှာပင် ကြောက်မက်ဖွယ် စွမ်းအား နှစ်ခု ထိတိုက်မိသွားပြီး ပေါက်ကွဲမှု တစ်ခု ဖြစ်ပေါ်လာခဲ့၏။
ထိုအခိုက်အတန့်မှာပင် သူတို့ နှစ်ဦးစလုံး ထိတ်လန့်မှုကြောင့် သွေးများ အန်ထုတ်လိုက်ရသည်။
ဖုန်းဝူချန်ပင်လျှင် သူ၏ အားကောင်းသော ခန္ဓာကိုယ်ဖြင့် ဖျက်ဆီးအား ပြင်းသော စွမ်းအင် လှိုင်းဂယက်များကို တောင့်မခံနိုင်ခဲ့ပါချေ။
"ဟီး..."
ခြောက်မီတာ၊ ခုနစ်မီတာခန့် ကြီးမားသော အမှောင် စွမ်းအင် မှိုပွင့်သဏ္ဌာန် မီးခိုးလုံးကြီး တစ်ခု မြင့်မားသော ကောင်းကင်ထက်သို့ တဟုန်ထိုး တက်သွားခဲ့၏။ ပေါက်ကွဲမှုမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ် ချီစွမ်းအင်သည် ကျောင်းသားများနှင့် စစ်သည်တော် အများအပြားကို နောက်သို့ ဆုတ်ခွာသွားစေခဲ့သည်။ စင်မြင့်မှ မြေပြင်အထိ အက်ကြောင်းများ ကွဲအက်သွားခဲ့ပြီး ဖြစ်၏။
ဤတိုက်ပွဲသည် မလွဲမသွေပင် ယခင် မည်သည့် ယှဉ်ပြိုင်မှုထက်မဆို ပိုမို ဖျက်ဆီးအား ပြင်းထန်လှသည်။
"ဓားသိုင်းကွက်ရဲ့ စွမ်းအားက တကယ်ပဲ ကြောက်မက်ဖွယ် ကောင်းတာပဲ..."
ဖုန်းဝူချန်က စိတ်လှုပ်ရှားစွာ ချီးကျူးလိုက်ပြီး သူ၏ မီးလျှံဓားကိုလည်း ထုတ်ယူလိုက်လေသည်။
ဒဏ်ရာရရှိသွားခဲ့သော်လည်း ထိုသို့သော ဒဏ်ရာများသည် သူ့အတွက် အရေးမပါလှပါ။
ဆန့်ကျင်ဘက် အနေနှင့် ပိုင်ခုံ၏ အခြေအနေမှာမူ ထိုမျှ မကောင်းခဲ့ပါ။ သူ၏ ဒဏ်ရာများမှာ အနည်းငယ် ပြင်းထန်လှပြီး သူ၏ မျက်နှာရောင်မှာ ပိုမို ဖြူဖျော့သွားခဲ့သည်။ သူ၏ အစစ်အမှန်ယွမ်များလည်း သိသိသာသာ ကုန်ဆုံးသွားခဲ့လေပြီ။
ဖုန်းဝူချန်က အော်ဟစ်လိုက်သည်။ သူ၏ တိုက်ခိုက်လိုစိတ်များ တဟုန်ထိုး မြင့်တက်လာခဲ့၏။
"ပိုင်ခုံ...။ ဒါ ငါတို့ရဲ့ နောက်ဆုံး ယှဉ်ပြိုင်မှုပဲ..."
ပိုင်ခုံက စိတ်အားထက်သန်စွာ ပြန်လည် တုံ့ပြန်လိုက်သည်။
"ကောင်းပြီလေ...။ ငါလည်း ငါ့ရဲ့ အစွမ်းအကုန် သုံးပြီး မင်းနဲ့ အဆုံးထိ တိုက်ခိုက်မယ်..."
“ဝုန်း”
သူ့စကားအဆုံး၌ မီးလျှံဓားသည် စင်မြင့်၏ မြေပြင်ထဲသို့ ထိုးစိုက်ဝင်ရောက်သွားခဲ့သည်။
ဖုန်းဝူချန်က သူ၏ စွမ်းအားကို ထုတ်ဖော်လိုက်ရာ ရွှေရောင် အခင်းအကျင်း တစ်ခု ပေါ်ထွက်လာခဲ့ပြီး ရွှေရောင် အလင်းတန်း တစ်ခု ကောင်းကင်ထက်သို့ တဟုန်ထိုး တက်သွားခဲ့သည်။ လေထုထဲတွင် ကြီးမားကျယ်ပြန့်သော သင်္ကေတများဖြင့် ပြည့်နှက်သွားခဲ့၏။
လူအုပ်ကြီးက စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြသည်။
"မြေကမ္ဘာအဆင့် သိုင်းပညာ ဓားသိုင်းကွက်ပဲဟေး..."
တိုးမြင့်လာသော စွမ်းအားဖြင့် ဖုန်းဝူချန်သည် ဓားသိုင်းကွက်ကို နောက်တစ်ကြိမ် အသုံးပြုလိုက်ရာ ၎င်း၏ အစွမ်းထက်မှုမှာ ပို၍ပင် ကြောက်မက်ဖွယ် ကောင်းလာခဲ့သည်။
"ထင်ယောင်ထင်မှား ပျက်သုဉ်းခြင်း ဓားသိုင်းကွက်...။ နဝမ ကောင်းကင်၏ ထင်ယောင်ထင်မှား ပျက်စီးခြင်း အသက်ဝင်စေ..."
ဖုန်းဝူချန်က ဟိန်းဟောက်လိုက်ပြီး သူ၏ တိုက်ခိုက်မှုကို အစွမ်းကုန် ထုတ်ဖော်လိုက်၏။ ရွှေရောင် စွမ်းအင် ဓားကြီး တစ်လက် လမ်းကြောင်းပေါ်ရှိ အရာအားလုံးကို ဖျက်ဆီးပစ်နိုင်သော စွမ်းအားဖြင့် ပေါက်ကွဲ ထွက်လာခဲ့သည်။ ပြင်းထန်သော လေထု ပေါက်ကွဲသံသည် စူးရှပြီး နားအူလှ၏။
"ချင်းဟုန် ဓားသိုင်းကွက်... တတိယ အကွက်...။ ချင်းဟုန် ကောင်းကင်ယံကို ချိုးဖျက်ခြင်း..."
တွေဝေခြင်း မရှိဘဲ ပိုင်ခုံက
ဟိန်းဟောက်လိုက်သည်။ သူက ကြောက်ရွံ့ခြင်း ကင်းမဲ့စွာ သူ၏ စွမ်းအား အားလုံးကို ဧရာမ ဓားကြီးထဲသို့ ထည့်သွင်းလိုက်ပြီး မြင့်မားစွာ ခုန်တက်ကာ ဖုန်းဝူချန်ထံသို့ ခုတ်ပိုင်းချလိုက်လေသည်။
'ကျန်း' ပေါင်းများစွာ ကြီးမားသော အစိမ်းရောင် ဓားအလင်းကြီး တစ်ခု တောင်ပြိုသကဲ့သို့ ကြီးမားသော စွမ်းအားဖြင့် အောက်သို့ ထိုးဆင်းလာခဲ့သည်။ ကြမ်းတမ်းပြီး မရပ်တန့်နိုင်စရာပင်။
"အားလုံး... ဆယ်'ကျန်း' ထိ နောက်ဆုတ်ကြ..."
ရွှေယွင် အကယ်ဒမီ ကျောင်းအုပ်ကြီး၏ ဟိန်းဟောက်သံ ထွက်ပေါ်လာသည်နှင့် ကျောင်းသားများ၊ စစ်သည်တော်များအားလုံး အလန့်တကြား နောက်သို့ တဖျပ်ဖျပ် ဆုတ်ခွာသွားကြရလေ၏။
“ဒုန်း”
လူတိုင်း၏ မှင်တက်အံ့ဩနေသော၊ တစ်ချိန်တည်းမှာပင် ရူးသွပ်မတတ် စိတ်လှုပ်ရှားနေသော အကြည့်များ အလယ်ဗဟိုတွင်... အရာဝတ္ထုနှစ်ခု၏ ကြမ်းတမ်းပြင်းထန်လှသော ထိတိုက်မှုကြီး ဖြစ်ပွားသွားခဲ့သည်။
ထိုနောက်တွင်တော့ နားများကိုပင် ကွဲထွက်သွားစေမည့် ပေါက်ကွဲမှု ဂယက်သံကြီးများက ပတ်ဝန်းကျင် တောင်တန်းများတစ်ခွင် ပဲ့တင်ထပ်သွားခဲ့လေ၏။
ပြိုင်စံရှား အဖျက်စွမ်းအင် လှိုင်းလုံးကြီးများသည် လျှပ်စီးတန်းများသဖွယ် အရှိန်အဟုန်ဖြင့် ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။ ထိုစွမ်းအင်တို့က ဖုန်းဝူချန်နှင့် ပိုင်ခုံ... ထိုနှစ်ဦးလုံးကို ချက်ချင်းပင် ဝါးမျိုလွှမ်းခြုံသွားခဲ့တော့၏။
“ဝုန်း”
'ကျန်း' ပေါင်း ဒါဇင်များစွာ ကျယ်ဝန်းလှသော တိုက်ခိုက်ရေး စင်မြင့်ကြီး တစ်ခုလုံးသည် မျက်စိရှေ့မှာပင် တစစီ ကြေမွပျက်စီးသွားခဲ့သည်။
ပတ်ဝန်းကျင်မှ ပန်းမန်မြက်ခင်းများသည် မြေပြင်မှ လန်ထွက်သွားခဲ့ရပြီး... ရှေးဟောင်း သစ်ပင်တန်းကြီးများမှာမူ အမြစ်မှ ကျွတ်ထွက်ကာ တဂျွတ်ဂျွတ် ပြိုလဲကျသွားခဲ့သည်။
ဤသည်ကား... အသည်းထိတ်လောက်ဖွယ် ဖျက်ဆီးစွမ်းအားပင်တည်း။
အကယ်ဒမီ ကျောင်းအုပ်ကြီး၊ အကြီးအကဲများနှင့်တကွ ဗိုလ်ချုပ်ကြီးများအားလုံးသည်လည်း အလျင်အမြန်ပင် နောက်သို့ ပျံလွှားဆုတ်ခွာလိုက်ကြရသည်။ ထို့နောက်... သူတို့၏ အစစ်အမှန်ယွမ် စွမ်းအင်များကို အလျှံအပယ် ထုတ်လွှတ်ကာ ဤ ကြောက်မက်ဖွယ် စွမ်းအင် လှိုင်းလုံးကြီး၏ ရိုက်ခတ်မှုကို အံတု ခုခံလိုက်ကြရတော့လေသည်။
အကယ်၍သာ...
ဤအဖြစ်အပျက်၊ ဤမြင်ကွင်းကို ၎င်းတို့ကိုယ်တိုင် မျက်ဝါးထင်ထင် တွေ့မြင်နေရခြင်း မဟုတ်ခဲ့ပါလျှင်...
ဤမျှ ကြောက်မက်ဖွယ် တုန်လှုပ်ဖွယ်ရာ စွမ်းအားပကားသည်... အကယ်ဒမီ၏ ပါရမီရှင် မျိုးဆက်သစ် ကျောင်းသားများကြားမှ သာမန် ယှဉ်ပြိုင်မှုတစ်ခု၏ ရလဒ်မျှသာ ဖြစ်သည်ဟု... မည်သူက ယုံကြည်နိုင်စွမ်း ရှိပါမည်နည်း...။
မည်သူက... ယုံကြည်ဝံ့မည် ဆိုပါအံ့နည်း...။