← Chapters

မိုရှောင်ရှောင်း

Vol. 3 Ch. 39

မိုရှောင်ရှောင်း

Vol. 3 Ch. 39

​ပြင်းထန်တဲ့ တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေပေမယ့် နှမြော စရာက ကြာကြာ တိုက်ခိုက် နေတာတောင် ဘုရင်အလံ က ထပ်မပေါ်လာတော့ပေ။

​တချို့လူတွေက လက်လျှော့ ဖို့ ရွေးချယ်ပြီး ရှုပ်ထွေးတဲ့ တိုက်ခိုက်မှု ကနေ ထွက်ခွာ သွားကြသည်။ ကျန်တဲ့ အချိန် ကို အသုံးချပြီး အခြား အလံများ ကို ရှာဖွေကာ စစ်ဆေးခြင်း ကို အောင်မြင်ဖို့ ကြိုးစားကြသည်။

​ဝိုင်းကာ ကြည့်နေတဲ့ တပည့် တွေလည်း တဖြည်းဖြည်း လူစုခွဲ သွားကြသည်။ ဘုရင်အလံ မရှိတော့ရင် ဒီက တိုက်ပွဲ တွေကလည်း အဓိပ္ပာယ် မရှိတော့ပေ။

​"သခင်လေးထန် မင်း ဆက်စောင့်အုံးမလား"

​ကုန်းချီ က သတိထားပြီး မေးသည်။

​ထန်ထျန်း စဉ်းစားပြီးနောက် "တော်ပြီ။ အဲဒီလူက ပုန်း သွားပြီဆိုတော့ ထပ်ပြီး ပေါ်လာ မှာ မဟုတ်ဘူး" ဟု ပြောသည်။

​"မင်း လည်း သွားတော့။ နောက် ပြိုင်ဘက် ရွေးရင် ကြိုတင် ပြင်ဆင်မှု ပိုလုပ်ဖို့ မမေ့ နဲ့"

​ကုန်းချီ က လွတ်ငြိမ်းချမ်းသာခွင့် ရသလိုမျိုး ကျေးဇူးတင် စကား အကြိမ်ကြိမ် ပြောပြီး လျင်မြန်စွာ ထွက်သွားလေ သည်။

​ထန်ထျန်းက ခေါင်းခါပြီး ရှုပ်ထွေးနေတဲ့ စစ်မြေပြင် ကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် လှည့် ပြီး ပေါ့ပါးစွာ ထွက်ခွာသွား သည်။

​အချိန် က လျင်မြန်စွာ ကုန်ဆုံးသွားပြီး စစ်ဆေးခြင်း ပြီးဆုံးခါနီးပြီပင်။

​ဘုရင်အလံ ဘယ်ရောက်သွားလဲဆိုတာ ဘယ်သူမှ မသိကြသေးပေ ။ လူတိုင်းက စစ်ဆေးခြင်း ပြီးဆုံးတာကို စောင့်နေကြပြီး မှော်ဆန် တဲ့သူ က ဘယ်သူလဲဆိုတာ သိချင်နေကြသည်။

​တောအုပ် နက်နက် ထဲက ချုံနွယ်ပိတ်ပေါင်း ထူထပ်တဲ့ နေရာတစ်ခုတွင်

​ကျောက်တုံးနှစ်ခု ကြားက အဟ ထဲမှာ အနက်ရောင် ပုံရိပ် တစ်ခု တိတ်ဆိတ်စွာ ထိုင်နေသည်။

​ဒါက နီဝူရွှမ်းပင်။

​သူမရဲ့ မျက်နှာ က ဖြူဖျော့ နေပြီး နှုတ်ခမ်းထောင့် မှာ ဖျော့တော့တဲ့ သွေးစ တွေ ကျန်နေတာကြောင့် ပြင်းထန်တဲ့ ထိခိုက်မှု ခံစားခဲ့ရတာ ထင်ရှားသည်။

​သူမရဲ့ ရင်ခွင် ထဲမှာ အလံ တစ်ခုရဲ့ ထောင့်စွန်း လေး ပေါ်နေပြီး ဖျော့တော့တဲ့ ရွှေရောင် အလင်း ကို ထုတ်လွှတ်နေသည်။

​ဒါက ဘုရင်အလံ ပင်။

​စစ်ဆေးခြင်း အချိန် နီးလာတာကို မြင်တော့ နီဝူရွှမ်း က နောက်ဆုံးတော့ သက်သာရာ ရတဲ့ အမူအရာ ပေါ်လာ သည်။

​ဒါပေမဲ့ ဒီအချိန်မှာ အသံ တစ်ခုက သူမရဲ့ ရှေ့မှာ ထွက်ပေါ်လာသည်။

​"ဒါက ကိုယ်ပျောက် ကျင့်စဉ် လား"

​"မင်း ဒါကို ကျွမ်းကျင် အဆင့်အထိ ကျင့်ကြံနိုင်လိမ့်မယ်လို့ တကယ် မထင်ထားခဲ့ဘူး။ တကယ် အစွမ်းထက် တယ်"

​နီဝူရွှမ်း ရဲ့ သတိထား တဲ့ အကြည့် အောက်မှာ ထန်ထျန်းရဲ့ ပုံရိပ် က ဖြည်းညှင်းစွာ ပေါ်လာ သည်။

​"နင် မြင်ခဲ့တာလား"

​နီဝူရွှမ်း က မျက်မှောင်ကြုတ် ပြီး မယုံနိုင်စွာ မေးသည်။

​ထန်ထျန်းက ခေါင်းညိတ်သည်။

​ကိုယ်ပျောက် ကျင့်စဉ် က အဝါရောင် အဆင့် ထိပ်တန်း ကျင့်စဉ် တစ်ခု ဖြစ်ပြီး ကျွမ်းကျင် အဆင့်အထိ ကျင့်ကြံနိုင်ရင် အရာဝတ္ထု အမျိုးမျိုးကို ပြောင်းလဲ နိုင်သည်။ သေချာ မစစ်ဆေးရင် အစစ်အမှန် ကို ခွဲခြားဖို့ ခက်ခဲသည်။

​ခုနက ရှုပ်ထွေးတဲ့ တိုက်ပွဲ မှာ ဘယ်သူမှ ဘယ်ကလာမှန်းမသိတဲ့ ဓားဝိညာဉ် တစ်ခုကို ဂရုမစိုက်ခဲ့ကြပေ ။ ဒီလိုနဲ့ နီဝူရွှမ်း က ဘုရင်အလံ ကို အောင်မြင်စွာ ရယူနိုင်ခဲ့ပြီး ကိုယ်ပျောက် ကျင့်စဉ် ကို ထပ်မံ အသုံးပြုပြီး တိုက်ပွဲကွင်းပြင်ကနေ လွတ်မြောက် သွားသည်။

​"မင်း ပထမဆုံး တိုက်ခိုက် တုန်းကတည်းက နောက် အစီအစဉ် ကို ဆွဲထား ပြီးသားပေါ့ "

​"ဒဏ်ရာ ရပြီး တိုက်ပွဲကွင်း ပြင် ကနေ ဆုတ်ခွာ သွားတဲ့အခါ လူတစ်ယောက်ယောက် သံသယ ဝင်ရင်တောင် မင်း ကို သံသယ ဝင်ဖို့ ခက်ခဲလိမ့်မယ်"

​"တကယ် ထက်မြက် တယ်"

​ထန်ထျန်းက ပြောသည်။

​နီဝူရွှမ်း ရဲ့ အမူအရာ က ရှုပ်ထွေး နေသည်။ ကောင်းကင်ကို ဖုံးကွယ် နိုင်လိမ့်မယ်လို့ ထင်ထားတဲ့ နည်းလမ်း ကို ထန်ထျန်းက ရှင်းရှင်းလင်းလင်း သိရှိသွားလိမ့်မယ်လို့ သူမ မထင်ထားခဲ့ပေ။

​သူက ပျော်ရွှင်မှု ကိုသာ သိတဲ့ ဂုဏ်ထူးဆောင်တပည့် မဟုတ်ဘူးလား

​"နင် ဘာလိုချင်တာလဲ"

​နီဝူရွှမ်း က အေးစက်တဲ့ အသံ နဲ့ မေးသည်။

​ထန်ထျန်းက ပြုံးပြီး "ငါ့ ရဲ့ ရည်ရွယ်ချက် က မင်း နဲ့ အတူတူပဲ။ ဘုရင်အလံ ပဲ" ဟု ပြောသည်။

​" ဒီလောက် ကျယ်ကျယ်လောင်လောင် အော် ပြီးမှ မရဘူးဆိုရင် ရှက်စရာပဲ လို့ ဆိုရမယ်"

​"မင်း ဘုရင်အလံ ကို ငါ့ ကို ပေးပါ။ငါက ဆုငွေ စိတ်ဝိညာဉ်ကျောက် သန်းတစ်ရာ ကို ပေးမယ်"

​နီဝူရွှမ်း ချက်ချင်း မျက်မှောင်ကြုတ် ပြီး ပြတ်ပြတ်သားသား ပြောသည်။ "မဖြစ်နိုင် ဘူး"

​"ကျွန်မက ဘုရင်အလံ ကိုပဲ လိုချင်တယ်။ ဘယ်လောက်ပဲ စိတ်ဝိညာဉ်ကျောက် များများ မရဘူး"

​ထန်ထျန်း အံ့အားသင့် သွားသည်။ ဒီအချိန်ရောက်တဲ့အထိ သူမက ဒီလောက် ခိုင်မာ နေလိမ့်မယ်လို့ မထင်ထားခဲ့ပေ။

​ဒါပေမဲ့ ဘုရင်အလံ ကို သူ ယူရမှာပဲပင်။

​"ငါ မင်း ကို တိုင်ပင် နေတာ မဟုတ်ဘူး"

​ထန်ထျန်းက ပြောသည်။ "မင်းရဲ့ အခုလို အခြေအနေ နဲ့ ဘုရင်အလံ ကို ဆက်ပြီး ထိန်းသိမ်း ထားနိုင်မယ်လို့ ထင်နေတုန်းပဲလား"

​"ငါ့ မှာ ရွှေအလံ တစ်ခု ရှိသေးတယ်။ ငါ တို့ လဲလှယ် နိုင်တယ်။ စိတ်ဝိညာဉ်ကျောက် ကို ယူချင်ရင် ယူ။ မယူချင်ရင်လည်း ရတယ်"

​"မိန်းကလေး ၊ မင်း စစ်ဆေးခြင်း ပြီးဆုံးခါနီးမှာ ထွက် သွားရတာမျိုး မဖြစ်ချင်ဘူး မဟုတ်လား"

​နီဝူရွှမ်း က တိတ်ဆိတ် သွားပြီး နောက်ဆုံး စိတ်ခံစားချက် ကို လွန်ဆွဲ နေပုံရသည်။

​ဒါပေမဲ့ ရုတ်တရက် အားကောင်းတဲ့ အော်ရာ တစ်ခုက သူမရဲ့ ခန္ဓာကိုယ်ကနေ ပေါက်ကွဲ ထွက်လာပြီး ဓားသွား ဒါဇင်ပေါင်းများစွာ လေထဲကနေ ရုတ်တရက် ပေါ်လာကာ ထန်ထျန်းကို ဝိုင်းရံ လိုက်ပြီး ထိုးဖောက် ခဲ့သည်။

​ထန်ထျန်းရဲ့ မျက်လုံး ထဲမှာ တောက်ပတဲ့ အလင်း တစ်ခု ဖြတ်ပြေးသွားသည်။ ပတ်ဝန်းကျင်က နေရာလွတ် က ချက်ချင်း အေး ခဲ သွားသည်။ ဓားသွား တွေက အရမ်း ထက် မြ ပေမယ့် အဲဒီ ပုံသဏ္ဌာန်မဲ့ အတားအဆီး ကို ဘယ်တော့မှ မဖြတ်ကျော် နိုင်ခဲ့ပေ။

​နီဝူရွှမ်း က နေရာမှာတင် အံ့အားသင့် သွားပြီး မျက်နှာတစ်ခုလုံး မယုံနိုင်စရာ အမူအရာ ဖြစ်နေသည်။

​"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

​သူမက အံ့သြ စွာ အော်ဟစ်သည်။

​"လျှို့ဝှက်ချက် တွေလည်း တော်တော် များ တာပဲ"

​ထန်ထျန်းက ဖျော့တော့စွာ ပြုံး ပြီး လက်ဝှေ့ ယမ်းလိုက်ရာ ဓားသွား တွေ အားလုံး ကြေ မွ သွားသည်။

​"ဒါကို မင်း ရဲ့ နောက်ဆုံး ဆုံးဖြတ်ချက် လို့ပဲ ငါ မှတ်ယူလိုက်မယ်"

​ထို့နောက် သူက လက် ကို အနည်းငယ် မြှောက် လိုက်သည်။ နီဝူရွှမ်း ကို မခုခံ နိုင်တဲ့ စွမ်းအား တစ်ခုက ဘုရင်အလံ ကို သူမရဲ့ ရင်ခွင် ထဲကနေ တိုက်ရိုက် ဆွဲထုတ် လိုက်ပြီး ထန်ထျန်းရဲ့ လက် ထဲမှာ ဆုပ်ကိုင် ထားလိုက်သည်။

​"မင်း ရဲ့ စွမ်းဆောင်ရည် ကို အကြီးအကဲ အားလုံးက မြင် သွားလောက်ပြီလို့ ယုံကြည်တယ်"

​"နောက်မှ တွေ့ကြ မယ်"

​ပြောပြီးနောက် ထန်ထျန်းက ချက်ချင်း ပျောက်ကွယ် သွားသည်။

​နီဝူရွှမ်း ရဲ့ အမူအရာ က ရှုပ်ထွေး နေသည်။ အမှားအယွင်းမရှိ ဘူးလို့ ထင်ထားတဲ့ အရာက ထန်ထျန်းရဲ့ လက် ထဲမှာ ကျရှုံး သွားလိမ့်မယ်လို့ မထင်ထားခဲ့ပေ။

​ဒါက သူမ လုံးဝ မစဉ်းစား ခဲ့တဲ့ ကိစ္စပင်။

​ဒီ သခင်လေး က ပျော်ရွှင်မှု ကိုသာ သိတဲ့ ဂုဏ်ထူးဆောင်တပည့် တွေနဲ့ ကွဲပြား နေပုံရသည်။

​စဉ်းစားနေတုန်းမှာ အလင်းတန်း တစ်ခု ကောင်းကင်ကနေ ကျဆင်းလာပြီး သူမရဲ့ ခန္ဓာကိုယ် ကို ဖုံးလွှမ်း လိုက်သည်။ ခဏအကြာမှာ ဒီနေရာကနေ ပျောက်ကွယ် သွားသည်။

​စစ်ဆေးခြင်း တရားဝင် ပြီးဆုံး သွားပြီ

​ထန်ထျန်း အပြင်ဘက် ကို ပေါ်လာတဲ့အခါ တောက်ပတဲ့ ရွှေရောင် အလင်း တစ်ခုက သူ့ကို ချက်ချင်း ဖုံးလွှမ်း လိုက်သည်။

​ထို့နောက် သူ့လက်ထဲက ဘုရင်အလံ က အားကောင်းတဲ့ စွမ်းအား တစ်ခုရဲ့ ဆွဲဆောင်မှု နဲ့ တောအုပ် အပြင်ဘက်က ကျောက်ပြား တစ်ခုဆီကို ပျံသန်းသွားသည်။

​ဘုရင်အလံ က ကျောက်ပြား ရဲ့ အပေါ်ဆုံး မှာ စိုက် ထားပြီး ထန်ထျန်းရဲ့ နာမည် ကလည်း ချက်ချင်း ပေါ်လာသည်။

​ထို့နောက် ရွှေအလံ နဲ့ ငွေအလံ ရရှိခဲ့တဲ့ တပည့် တွေကလည်း ထန်ထျန်းရဲ့ အောက် မှာ သူတို့ရဲ့ နာမည် တွေကို ပြထားသည်။

​"တကယ်ပဲ ထန်ထျန်း က ဘုရင်အလံ ကို ရရှိသွားတာပေါ့ "

​"သူ ဘယ်လို ရ သွားတာလဲ"

​" ဘယ်လို ဖြစ်နိုင်မှာလဲ။ တစ်စုံတစ်ယောက် က ဘုရင်အလံ ကို ရတော့ လျှို့ဝှက် ပြီး သူ့ကို ရောင်း လိုက်တာ ဖြစ်ရမယ်"

​" မင်း ရဲ့ ချဉ်နေ တဲ့ လေသံ ကို ကြည့်ပါအုံး။ မင်း မှာ အရည်အချင်းရှိရင် စိတ်ဝိညာဉ်ကျောက် သန်းတစ်ရာ ကို ဆုငွေ ပေးလိုက်ပါလား..."

​တပည့် တွေက တီးတိုး ပြောဆိုကြသည်။ စစ်ဆေးခြင်း ရဲ့ ဖြစ်စဉ် က နည်းနည်း မထင်မှတ် ထားပေမယ့် ရလဒ် ကတော့ မျှော်လင့် ထားတဲ့အတိုင်းပဲ ဖြစ်ခဲ့သည်။

​ဘာလို့လဲဆိုတော့ စိတ်ဝိညာဉ်ကျောက် အများကြီးရဲ့ ဆွဲ ဆောင်မှု ကို ခုခံ နိုင်သူ အလွန်နည်းသည်။

​"အစ်ကိုထန် အောင်ပွဲ နဲ့ ပြန်လာတာ ဂုဏ်ယူ ပါတယ်"

​ပြန်လာပြီးနောက် ဝမ်ကျိယွီ က ပြုံး ပြီး ပြောသည်။

​ထန်ထျန်းက ပခုံးတွန့်လိုက်သည်။ "မတော်တဆ သေးသေးလေး ဖြစ်ခဲ့ပေမယ့် ချောချောမွေ့မွေ့ တော့ ဖြစ်ခဲ့ပါတယ်ကွာ "

​ဝမ်ကျိယွီက ပြုံးကာ "မင်း ရဲ့ နာမည် က တောင်ဘက် တောင်ထိပ် မှာ လုံးဝ နာမည်ကြီး သွားပြီ"

​"ဒါပေမဲ့ ဘုရင်အလံ ရခဲ့ရင်တောင် အကြီးအကဲ တွေက မင်း ကို လာရှာမှာ မဟုတ်ဘူးလို့ ငါ ထင်တယ်။ အဲဒီ အသက်ကြီးပြီး ပျင်းရိတဲ့သူ တွေက သူတို့ကိုယ်သူတို့ သန့်စင်သူ လို့ ထင်ပြီး ငါ တို့လို ဂုဏ်ထူးဆောင်တပည့် တွေကို အထင်သေး ကြတယ်"

​ထန်ထျန်းက ဂရုမစိုက် ဘဲ "ကိစ္စမရှိဘူး။ အပျော်ပါပဲကွာ " ဟု ပြောသည်။

​ကိုယ်ပိုင်တပည့် အဖြစ် လက်ခံရတာမျိုးကို သူ စိတ်မဝင်စား ပေ။

​သုံးစွဲမှုအမှတ် ပိုရရင် အရာအားလုံး ရှိလာမှာပင်။

​ခဏတာ စကားပြောပြီးနောက် ထန်ထျန်းက ဒီနေရာကနေ ထွက်သွား ဖို့ ပြင်လိုက်သည်။

​ဒါပေမဲ့ ဒီအချိန်မှာ အနက်ရောင် ဂါဝန် ဝတ်ထားတဲ့ အမျိုးသမီး တစ်ဦးက သူ့ရဲ့ ရှေ့မှာ ရပ် လိုက်သည်။

​"ထန်ထျန်း၊ နင့် ရဲ့ ဂုဏ်သတင်း ကို ကြားဖူးတာ ကြာပြီ "

​အမျိုးသမီး က ထန်ထျန်းနဲ့ အရပ် အတူတူလောက်ပင်။ လှုပ်ရှားမှု တိုင်းမှာ အော်ရာ ပါ လွှတ်တတ်သည်။

​ဒါက တောင်ဘက် တောင်ထိပ် ရဲ့ သခင်မလေး နှစ်ဉီး ထဲက တစ်ဦးဖြစ်တဲ့ မိုရှောင်ရှောင်း ပင်။

​"ဘာကိစ္စ ရှိလို့လဲ"

​ထန်ထျန်းက မျက်မှောင်ကြုတ် သည်။

​မိုရှောင်ရှောင်း က "နင် က ခရမ်းရောင်ဝါးခြံဝင်း အိမ် မှာ နေတာဆိုတော့ တောင်ဘက် တောင်ထိပ် ရဲ့ လူတစ်ယောက်ပဲ" ဟု ပြောသည်။

​"အနာဂတ်မှာ အပြင်မှာ အခက်အခဲ တွေ့ရင် ကျွန်မ ရဲ့ နာမည် ကို ပြောလိုက်ရုံပဲ"

​ထန်ထျန်း: ...

​သောက်ကျိုးနဲ၊ ဒီလောက်တောင် အာဏာ ရှိ တာလား

​"အင်း... ကျေးဇူးတင် ပါတယ်"

​သူက တစ်ခဏ အတွင်း ဘာပြောရမှန်း မသိတော့ပေ။

​ငါ တို့ နှစ်ယောက် ပထမဆုံး တွေ့ ဖူးတာ မဟုတ်လား

​မိုရှောင်ရှောင်း ကတော့ ထူးဆန်း တယ်လို့ မခံစားရပေ။ "နင် က ဂုဏ်ထူးဆောင်တပည့် ဖြစ်တာ မကြာသေးတော့ တောင်ထိပ်ငါးခု ရဲ့ အခြေအနေ ကို သိပ် နားမလည်သေးဘူး"

​"တစ်လ ကြာရင် ပင်မတောင်ထိပ် မှာ တောင်ထိပ်ငါးခု ဖလှယ်ပွဲ ရှိတယ်။ အဲဒီကို နင် လည်း လာခဲ့"

​ထန်ထျန်းက ထပ်မံ တိတ်ဆိတ် သွားသည်။

​ဒါပေမဲ့ ဘေးက ဝမ်ကျိယွီ က အရမ်း စိတ်လှုပ်ရှား နေပုံရပြီး ထန်ထျန်းကို ချက်ချင်း သဘောတူ ဖို့ လျှို့ဝှက် အချက်ပြသည်။

​"ကောင်းပါပြီ"

​ထန်ထျန်းက ပြောသည်။ "ဒါဆို ကျွန်တော် ... ဘယ်လို သွား ရမလဲ။ ဖိတ်စာ တွေ ဘာတွေ မလိုဘူးလား"

​မိုရှောင်ရှောင်း က စိတ်အေးလက်အေး ပြောသည်။ "ကျွန်မရဲ့ နာမည် ကို ပြောလိုက်ရုံပဲ"

​ပြောပြီးနောက် သူမက ချက်ချင်း လှည့် ပြီး ထွက်သွားသည်။

​ထန်ထျန်း အံ့အားသင့် သွားသည်။ မင်း ရဲ့ နာမည် က စွယ်စုံရ တာလား ဒီလောက်တောင် စွမ်းအားကြီး တာလား

​သူ အံ့သြ နေတဲ့ အကြည့် အောက်မှာ မိုရှောင်ရှောင်း က သူမရဲ့ လက်အောက်ခံ တွေနဲ့အတူ ထွက်သွားသည်။

​သူမရဲ့ အနောက် က အဖွဲ့ ထဲမှာ ထန်ထျန်းက ရင်းနှီးတဲ့ ပုံရိပ် တစ်ခုကိုလည်း တွေ့လိုက်ရသည်။

​ဒါက ခုနကမှ စစ်ဆေးခြင်း ပြီးဆုံး သွားတဲ့ နီဝူရွှမ်း ပင်။

​"ရှင် က အရမ်း သန်မာ တယ်"

​"အခွင့်အရေး ရရင် ကျွန်မ ရှင် နဲ့ မျှတတဲ့ တိုက်ပွဲ တစ်ခုကို ရင်ဆိုင် ဖို့ အရမ်း မျှော်လင့်မိ တယ်"

​နီဝူရွှမ်း က စကား တစ်ခွန်း ချန် ခဲ့ပြီး မိုရှောင်ရှောင်း နဲ့အတူ ထွက် သွားလေ သည်။

​ထန်ထျန်းက နှာခေါင်း ကို ပွတ်သည်။

​မမျှော်လင့်ပဲ သူပေးတာ သူပြန်ရလိုက်တာပဲ ပင်။

​ဒီ နှစ်ယောက် ရဲ့ စိတ်နေစိတ်ထား က ပုံစံခွက် တစ်ခုတည်းကနေ ထုတ်ထားသလိုပင်။

​ခေါင်းခါပြီး ထန်ထျန်းလည်း ကုရှောင်းရွှယ် တို့နဲ့အတူ ဒီနေရာကနေ ထွက်သွား လိုက်သည်။

All Chapters