← Chapters

ကောင်းကင်ဧကရာဇ်၏ ဂူသင်္ချိုင်း

Vol. 1 Ch. 100

ကောင်းကင်ဧကရာဇ်၏ ဂူသင်္ချိုင်း

Vol. 1 Ch. 100

"ကိစ္စမရှိဘူး .... ကောင်းကင်ဘုံက ငါ့အသက်ကို လိုချင်နေရင် ငါ့မှာ ရွေးစရာ မရှိဘူး"

ကျန်းရီသည် သူ့ဟာသူ ရေရွတ်လိုက်ပြီး ထပ်မံတွေးတော မနေတော့ပေ။ သူသည် ချမ်ဝမ်ကွမ်ကို ကြည့်ကာ မေးလိုက်သည်။

"ဒုတိယတစ်ခုက ဘာလဲ  ....  "

ချမ်ဝမ်ကွမ်သည် ကျန်းရီ၏ တည်ငြိမ်မှုကို တိတ်တဆိတ် ချီးကျူး လိုက်သည်။ သူ့ကို လူအများက  သတ်ရန် ကြိုးစားနေသည်ကို သိလိုက်ရလျှင် လူတိုင်းသည် တုန်လှုပ် ချောက်ချား သွားကြမည်သာ ....  သို့သော် ကျန်းရီသည် အခြားလူများနှင့် မတူပေ ....  ထိုလူမျိုးက ရှားပါးလှသည်။

သူသည် ခဏလောက် ရပ်တန့်လိုက်ပြီး ဆက်ပြောလာခဲ့သည်။

"နဂါးတစ်သောင်း တောင်ကြားက ကောင်းကင်ဧကရာဇ်ရဲ့ ဂူသင်္ချိုင်းက နောက်တစ်လလောက် နေရင် ဖွင်တော့မယ် ....  ကျောင်းရဲ့ ဒုတိယ အကြိမ်မြောက် သွေးရှင်းတမ်းကို အဲ့မှာ ကျင်းပမယ်လို့ ကျွန်တော်ထင်တယ် .... ဘာပဲဖြစ်ဖြစ်  ကောင်းကင် ဧကရာဇ်ရဲ့ ဂူသင်္ချိုင်းက နှစ်ပေါင်း ငါးဆယ်ကြာမှ တစ်ခါဖွင့်တာ ဒါက ရှားပါးတဲ့ အခွင့်အရေးပဲ .... "

"ကောင်းကင် ဧကရာဇ်ရဲ့ ဂူသင်္ချိုင်း  ....   .... အဲဒါက ဘာလဲ  ....  "

ကျန်းရီသည် မျက်မှောင်ကြုတ်လိုက်သည်။ 'ကောင်းကင်ဧကရာဇ်'ဟူသော ဘွဲ့မျိုးသည် သတ်ဖြတ်ခြင်း ဧကရာဇ်ကဲ့သို့သော ပြိုင်ဘက်ကင်း ဆရာသခင်များကိုသာ ပေးလေ့ရှိသည်။ ကောင်းကင် ဧကရာဇ်၏ ဂူသင်္ချိုင်းသည် ဂုဏ်အဆင့်အတန်း မြင့်သော နေရာတစ်ခုဖြစ်သည်။ ဘယ်သူက အဲ့တာကို မလေးမစား လုပ်ရဲမှာလဲ  ....   .... သင်တန်းကျောင်းက  ကောင်းကင်ဧကရာဇ်ရဲ့ ဂူသင်္ချိုင်းထဲမှာ ဘာလို့ သွေးရှင်းတမ်းပြိုင်ပွဲ ကျင်းပမှာလဲ  ....

"အစ်ကိုကြီး .... မင်းက အဲဒါကို မသိဘူး"

ချမ်ဝမ်ကွမ်သည် ရှင်းပြလာခဲ့သည်။

"ဒီနဂါးတစ်သောင်းတောင်ကြား၊ ကောင်းကင်ဧကရာဇ်ရဲ့ ဂူသင်္ချိုင်းက ထူးခြားတဲ့နေရာ တစ်ခုပဲ ....  အဲဒါက ရှန်ဝူနိုင်ငံ၊ ရှားနိုင်ငံနဲ့ ရှန့်လင်နိုင်ငံ သုံးနိုင်ငံရဲ့ နယ်စပ်မှာ ရှိတယ် ....  အဲဒီနေရာက နိုင်ငံသုံးခုလုံးရဲ့ နယ်နိမိတ်ထဲမှာ မပါဝင်ဘူး ....  နဂါးတစ်သောင်း ကောင်းကင်ဧကရာဇ်က လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်သောင်းကျော်က အရှင်သခင် တစ်ပါးပဲ ....  သူက လက်နက်တွေကို နှစ်သက်တယ် ....  သူအသက်ရှင်စဉ်က နယ်မြေတစ်ခုလုံးရဲ့ လက်နက်တွေ၊ ကျင့်စဉ်တွေ တစ်ဝက်လောက်ကို လုယူခဲ့တယ်..."

"သူနာမကျန်းဖြစ်တော့ .... သူ့မှာ အမွေဆက်ခံသူ တစ်ယောက်မှ မရှိခဲ့ဘူး .... ဒါကြောင့် သူ့ရဲ့ ဂူသင်္ချိုင်းထဲမှာ ရတနာတွေ အားလုံးကို ထည့်သွင်း ထားခဲ့တယ် .... အဲဒီနောက် သူက ဂူသင်္ချိုင်းကို ချိတ်ပိတ်လိုက်ပြီး စိတ်ဝိညာဉ်မျောလွင့် ခရီးသည် အဆင့်အောက်က လူတိုင်း ရတနာတွေ ရှာဖွေလို့ရအောင် နှစ်ငါးဆယ် အကြာမှာတစ်ခါ ပွင့်စေခဲ့တယ် .... ဒါက နယ်မြေရဲ့ နယ်မြေရဲ့ ရတနာသိုက်ကြီး သုံးခုထဲက တစ်ခု ဖြစ်လာခဲ့တယ် .... "

"ဒီလိုကိုး .... "

ထိုကောင်းကင် ဧကရာဇ်သည် သူ့ပိုင်နက်အတွင် ပြဿနာ ရှာခိုင်းနေခြင်း မဟုတ်ဘဲ ဆက်ခံသူရှာခြင်း ဖြစ်ကြောင်း ကျန်းရီ သဘောပေါက် လိုက်သည်။ သို့သော် သူသေချာ နားမလည်သေးပေ။

"ဂူသင်္ချိုင်းက အရွယ်အစား တိတိကျကျတော့ ရှိမှာပဲ .... အဲဒါက နှစ်ပေါင်း နှစ်သောင်းကျော် ကြာနေပြီ .... ပြီးတော့ စိတ်ဝိညာဉ် မျောလွင့် ခရီးသည်အဆင့်တွေပဲ မဝင်နိုင်တာလေ .... ရတနာတွေက ပြောင်နေလောက်ပြီ မဟုတ်ဘူးလား .... အဲ့အထဲမှာ သွေးရှင်းတမ်းကို ပြိုင်ခိုင်းဖို့ လိုသေးလို့လား  ....  "

"ဟား...ဟား  ....  "

ချမ်ဝမ်ကွမ်သည် ရယ်ချလိုက်ကာ ပြောလာခဲ့သည်။

"အစ်ကိုကြီး .... မင်းကတကယ့်ကို တုံးတာပဲ  ....   ....   ကောင်းကင် ဧကရာဇ်ရဲ့ ဂူသင်္ချိုင်းကို ဂူသင်္ချိုင်း သေးသေးလေးလို့ ထင်နေတာလား  ....   .... အဲ့ဒါက ဆန်းကြယ်တဲ့ နေရာတစ်ခုပဲ .... အထဲကို ဝင်ဖူးတဲ့ ငါတို့ဂိုဏ်းက လူတွေပြောတာတော့ ဂူသင်္ချိုင်းထဲက ဧရိယာက ငါတို့ စိတ်ကူး နိုင်တာထက်တောင် ကျယ်ဝန်းတယ်တဲ့ .... တစ်ချိန်တည်းမှာ လူတစ်သောင်းလောက် ဝင်မယ် ဆိုရင်တောင် တစ်နှစ်အတွင်း ဂူသင်္ချိုင်း တစ်ခုလုံး နှံ့အောင် မသွားနိုင်ဘူးတဲ့ .... .ပြီးတော့ ရတနာတွေက အတွင်းစည်းထဲကနေ ကျပန်း ထွက်ထွက်လာတတ်တယ်တဲ့ .... အခုထိတော့ အတွင်းစည်းထဲကို ဘယ်သူမှ မရောက်ဖူးကြသေးဘူး .... "

"ဆန်းကြယ်လွန်းတယ်  ....    ....  "

ကျန်းရီသည် အကြမ်းဖျင်း သဘောပေါက် သွားသော် စိတ်များ လှုပ်ရှားလာရသည်။ ဘယ်သူက ရတနာတွေ မကြိုက်ပဲ နေမှာလဲ  ....

ထို့ပြင် ထိုသွေးရှင်းတမ်း ပြီးလျှင် သူသည် တရားဝင် ကျောင်းသားတစ်ယောက် ဖြစ်လာလိမ့်မည်။ နောက်ထပ် သွေးရှင်းတမ်း ပြိုင်ပွဲတစ်ခု ထပ်ပြီးသွားလျှင် သူဝည် ထူးချွန် ကျောင်းသား တစ်ယောက်တောင် ဖြစ်လာနိုင်သေးသည်။ ကောင်းကင်အဆင့် ကုသသူ ဆရာလျောင် ပြန်လာလျှင် ကျန်းရှောင်နူကို ကုသပေးရန် စုလောရွှယ်မှ တစ်ဆင့် အကူအညီ တောင်းနိုင် ပေတော့မည်။ ကျန်းရှောင်နူကို ကုသပြီးသွားသည်နှင့် သူသည် ကျန်းယွင်ဟိုင်နှင့် ချက်ချင်း ထွက်သွား၍ ပုန်းအောင်းရန် နေရာတစ်ခုရှာကာ အနာဂတ်အတွက် အစီအစဉ်များ ချရမည်။

သို့သော် မကြာခင်မှာပင် သူ၏ စိတ်ကူးလေးများသည် လွင့်ပါး ပျောက်ကွယ် သွားရသည်။ သူသည် ကောင်းကင် ဧကရာဇ်၏ ဂူသင်္ချိုင်းရှိ သွေးရှင်းတမ်း ပြိုင်ပွဲသို့ သွားချင်လျှင် ဝိညာဉ် သားရဲ သင်တန်းကျောင်းမှ ထွက်ခွာရပေမည်။ ကျောင်းသားများကို ဦးဆောင်ရန် ဆရာတစ်ယောက် ပါမည် ဖြစ်သော်လည်း အပြင်ရောက်သည်နှင့် သူ့ကို လုပ်ကြံရန် ကျန်းရိလျှိုတွင်  အခွင့်အရေး ရသွားမည် ဖြစ်သည်။

ချမ်ဝမ်ကွမ်ကလည်း ကျန်းရီ၏ အတွေးကို သိပေသည်။ သူသည် ခေါင်းညိတ် လိုက်သည်။

"သွေးရှင်းတမ်းက ကောင်းကင်ဧကရာဇ်ရဲ့ ဂူသင်္ချိုင်းမှာ တကယ် ကျင်းပမယ် ဆိုရင် အစ်ကိုကြီး .... မင်းမှာ အန္တရာယ် ရှိတယ် .... ကျောင်းက အစောင့်တွေက သွားတဲ့ လမ်းတစ်လျှောက်မှာ ပါမယ်ဆိုရင်တောင် သင်္ချိုင်းဂူထဲမှာ မင်းသေသွားနိုင်တယ်  ....   .... ဒါကြောင့် ကျွန်တော့် အမြင်မှာတော့ အစ်ကိုကြီး .... ဒီတစ်ခေါက် သွေးရှင်းတမ်းကို လက်လျှော့ လိုက်သင့်တယ်..."

"လက်လျှော့ရမယ်  ....  "

ကျန်းရီသည် ခေါင်းရမ်းလိုက်ပြီး အခိုင်အမာ ပြောလိုက်သည်။

"မဖြစ်နိုင်ဘူး  ....   .... ငါက တရားဝင် ကျောင်းသား အဆင့်ကို အမြန်ဆုံး တက်ရောက်ဖို့ လိုတယ် .... ဘယ်လိုလုပ်ပြီး လက်လျှော့ရမှာလဲ  ....   .... ပြီးတော့ သင်တန်း ကျောင်းထဲမှာလည်း အပြည့်အဝ ဘေးကင်း လုံခြုံနေတာမှ မဟုတ်တာ .... ဖြစ်ရမယ့်ဟာတွေက အနှေးနဲ့အမြန်ကို ဖြစ်လာမှာပဲ .... ရှောင်လွှဲလို့ မရဘူး ....   ကောင်းကင် ဧကရာဇ်ရဲ့ ဂူသင်္ချိုင်းက အကျယ်ကြီးပဲလို့ မင်းပြောခဲ့တယ်မလား  ....   .... ငါ ကျန်းရိလျှိုရဲ့ လူတွေနဲ့တော့ မတိုးလောက်ပါဘူး .... "

ချမ်ဝမ်ကွမ်သည် သက်ပြင်းတစ်ချက် ချလိုက်ပြီး ဘာမှ ဆက်မပြောတော့ပေ။ အားလုံးကို ဆုံးဖြတ်ပြီးပြီ ဆိုမှတော့ ဆက်ပြောနေ၍လည်း ထူးတော့မည် မဟုတ်ပေ။

***

ချမ်ဝမ်ကွမ်၏ ခန့်မှန်းချက်သည် အတိအကျပင်။ ရက်အနည်းငယ် ကြာပြီးနောက် သင်တန်းကျောင်းသည် သွေးရှင်းတမ်းကို ကောင်းကင်ဧကရာဇ်၏ ဂူသင်္ချိုင်း အတွင်း ကျင်းပမည်ဟု ကြေငြာခဲ့သည်။ ကျောင်းအုပ်ချီသည် ကြီးကြပ်သူ ဖြစ်သည်။ အပြင်ဆောင် ကျောင်းသားများသည် သွေးရှင်းတမ်းကို အောင်မြင်ရန် ဂူသင်္ချိုင်းအတွင်းမှ ရတနာ သုံးခု လိုအပ်ပြီး တရားဝင်သာမန် ကျောင်းသားများသည် ရတနာခြောက်ခု ရှာရမည် ဖြစ်ကာ ထူးချွန်ကျောင်းသားများသည် ရတနာ ဆယ့်နှစ်ခု လိုလိမ့်မည် ဖြစ်သည်။

တစ်ချိန်တည်းမှာပင် သင်တန်းကျောင်းသည် ကောင်းကင် ဧကရာဇ်၏ ဂူသင်္ချိုင်းအတွင်း ရတနာများ ရှာဖွေရခြင်းမှာ အလွန်အန္တရာယ်များကြောင်း သတိပေးချက် ထုတ်ပြန်ခဲ့သည်။ နိုင်ငံသုံးခုလုံးမှ ခရမ်းရောင် နန်းတော်ရှင် များစွာတို့သည်လည်း ဂူသင်္ချိုင်းအတွင်း ဝင်ရောက်ကြမည် ဖြစ်သည်။ ကျောင်းသားများသည် ဂူသင်္ချိုင်းအတွင်း အန္တရာယ်များစွာနှင့် ကြုံတွေ့ရမည် ဖြစ်သောကြောင့် မဝင်ခင် သေသေချာချာ စဉ်းစား ဆုံးဖြတ်ခိုင်းသည်။ ဂူသင်္ချိုင်းအတွင်း သေဆုံးသွားခဲ့လျှင် သင်တန်းကျောင်းက တာဝန်ယူမည် မဟုတ်ပေ။

သင်တန်းကျောင်း၏ ဆိုလိုရင်းသည် ရှင်းပေသည်။ သူတို့သည် ကျောင်းသားများ၏ လုံခြုံရေးကို လမ်းတွင်သာ စောင့်ရှောက် ပေးနိုင်ပေမည်။ ဂူသင်္ချိုင်းအတွင်း သေဆုံးမှုများကို ကျောင်းက ဖြေရှင်းပေးမည် မဟုတ်ပေ။ ဂူသင်္ချိုင်းအတွင်းတွင် အသေအပျောက် အလွန် များပြားသောကြောင့် ဖြစ်သည်။

ကျန်းရီသည် သတင်းများ ရသောအခါ ချမ်ဝမ်ကွမ်၏ ဖျောင်းဖျ တားမြစ်မှုကို ဂရုမစိုက်ပဲ စာရင်း ပေးလိုက်လေသည်။ သူသည် သေရမည်ကို မကြောက်သော လူများစွာကိုလည်း တွေ့လိုက်ရသည်။ တစ်ခဏအတွင်းမှာပင် လိုက်ရန် စာရင်းပေးသော လူအရေအတွက်သည် ရာချီသွားခဲ့ပေပြီ။

ကျန်းရီနှင့် ချမ်ဝမ်ကွမ်သည် အနောက်ဘက် အဆောင်သို့ ပြန်လာသောအခါ ရင်းနှီးနေသော ပုံရိပ်တစ်ခုကို တွေ့လိုက်ရသည်။ အဖြူရောင် ဝတ်ရုံသည် ပြီးပြည့်စုံသော ခန္ဓာကိုယ်ထက်တွင် နေရာယူထားသည်။ အေးစက်ပြီး တည်ကြည်သော မျက်နှာလေးသည် မည်သည့် ခံစားချက်မှ ထင်ဟပ် မနေသော်လည်း မျက်လုံးအစုံသည် တဖျတ်ဖျတ် လက်နေခဲ့သည်။

"ကျန်းရီ .... မင်း စာရင်းပေးခဲ့ပြီလား  ....  "

ကျန်းရီနှင့် ချမ်ဝမ်ကွမ် ပြန်လာသည်ကို တွေ့သောအခါ စုလောရွှယ်၏ မျက်လုံးများစည် အေးစက်သွားခဲ့သည်။ ကျန်းရီသည် သူမ၏ မေးခွန်းကို ခေါင်းညိတ်၍ အတည်ပြုပေးသောအခါ သူမသည် ခေါင်းရမ်းကာ သက်ပြင်း ချလိုက်သည်။ သူမသည် မည်သည့်စကားမှ မဆိုတော့ဘဲ လှည့်ထွက် သွားခဲ့သည်။

"ရှပ်...ရှပ်...ရှပ်  ....  "

စုလောရွှယ် ထွက်ခွာ သွားပြီးပြီးချင်း ခပ်လှမ်းလှမ်းမှ ပုံရိပ်နှစ်ခုသည် အလျင်အမြန် လျှောက်လာ ခဲ့ကြသည်။ တစ်ယောက်သည် အသားညိုညိုနှင့် အမျိုးသား တစ်ယောက် ဖြစ်၍ အခြားတစ်ယောက်သည် မျက်နှာကို ပုဝါတစ်ခုနှင့် ဖုံးအုပ်ထားသော အနက်ရောင်ဝတ် မိန်းကလေးတို့ ဖြစ်ကြသည်။ အမျိုးသားသည် ကျန်းရီကို တွေ့သောအခါ ခပ်လှမ်းလှမ်းထဲက အော်ပြော လာခဲ့သည်။

"ကျန်းရီ .... သွေးရှင်းတမ်းပြိုင်ပွဲမှာ စာရင်းမပေးနဲ့  ....    ....  "

"အစ်ကိုကျန့် .... ကျွန်တော် စာရင်းပေးပြီးနေပြီ"

ကျန်းရီသည် ချမ်ဝမ်ကွမ်နှင့် မျက်လုံးချင်း ဆုံသွားခဲ့ပြီး ပြန်ပြောလိုက်သည်။

ကျန့်ဝူရွှမ်းသည် ခဏလောက် တိတ်ဆိတ်သွားခဲ့ပြီး စကား ပြောလာခဲ့သည်။

"ဒါဆို အတူသွားကြတာပေါ့ .... ကျွန်တော်နဲ့ဆို ပိုပြီး လုံခြုံလိမ့်မယ်"

ကျန်းရီသည် လက်နှစ်ဖက်ကို ဆုပ်ကာ ကျေးဇူးတင်ကြောင်း ဦးညွှတ် ပြလိုက်သည်။

"ကျေးဇူးတင်ပါတယ် .... အစ်ကိုကျန့်"

ကျန့်ဝူရွှမ်းနှင့် ကျန့်လင်းအာကို နှုတ်ဆက်ပြီးနောက် ချမ်ဝမ်ကွမ်နှင့် ကျန်းရီသည် အဆောင်ရှိရာ ပြန်လာခဲ့ကြသည်။ ထိုအချိန်တွင် အဝါရောင် ပုံရိပ်လေး တစ်ခုသည် ရောက်ရှိလာခဲ့သည်။ ကျန်းရီသည် ကျီထင်ယွီ သူ့ကို လာရှာလိမ့်မည်ဟု မထင်ထားခဲ့၍ မှင်တက် သွားမိသည်။

ကျီထင်ယွီသည် အဆောင်ဝန်း၏ ဝင်ပေါက်တွင် ရပ်နေခဲ့သော်လည်း အတွင်းသို့ ဝင်မလာခဲ့ပေ။ သူမသည် ခပ်လှမ်းလှမ်းမှ ကျန်းရီကို လှမ်းကြည့်ရင်း ပြောလာခဲ့သည်။

"ကျန်းရီ ....  ကောင်းကင် ဧကရာဇ်ရဲ့ ဂူသင်္ချိုင်းကို မသွားပါနဲ့ .... မဟုတ်ရင် ရှင် နဂါးတစ်သောင်း တောင်ကြားမှာ ကောင်းကင် ဧကရာဇ်နဲ့အတူ မြှုပ်နှံ ခံရလိမ့်မယ်"

ကျန်းရီသည် ပေါ့ပေါ့ပါးပါး ရယ်မောလိုက်သည်။

"ငါ ကောင်းကင်ဧကရာဇ်ရဲ့ ဂူသင်္ချိုင်းကို သေချာပေါက်ကို သွားမှာ .... ငါက နဂါးတစ်သောင်း တောင်ကြားမှာ  ကောင်းကင် ဧကရာဇ်လို လူမျိုးနဲ့ မြှုပ်နှံခံရမယ်ဆိုရင်တောင် ဂုဏ်ယူနေရမှာပါ"

"ဟူး .... ဒါဆို ရှင် သွေးရှင်းတမ်းကို အောင်အောင်မြင်မြင် ကျော်ဖြတ်နိုင်ဖို့ ကျွန်မမျှော်လင့်ပါတယ်  ....   .... ရှင်ကံကောင်းပါစေ  ....  "

ကျီထင်ယွီသည် ခေါင်းရမ်းကာ သက်ပြင်းချ၍ လှည့်ထွက် သွားခဲ့သည်။ ကျန်းရီသည် သူမ၏ နောက်ကျောကို ငေးကြည့်နေရင်း နွေးထွေးမှုကို ခံစားလိုက်ရသည်။ အနာဂတ်တွင် ဘာဖြစ်မည်က ကိစ္စမရှိတော့ပေ။ ကျီထင်ယွီသည် ယခုတိုင် သူ့ကို မိတ်ဆွေ တစ်ယောက်လို ဆက်ဆံသေးရာ သူကလည်း သူမကို မိတ်ဆွေအဖြစ် အသိအမှတ် ပြုရပေမည်။

အန္တရာယ်နှင့် ကြုံတွေ့ရတော့မည် ဖြစ်သော်လည်း စိတ်ပူနေသူ မိတ်ဆွေများစွာကို မြင်ရခြင်းက ကျန်းရီအား သက်သောင့်သက်သာ ခံစားရစေသည်။ သူသည် ဝိညာဉ်သားရဲ သင်တန်းကျောင်းသို့ လာသောခရီးတွင် မိတ်ဆွေများစွာ ရရှိခဲ့ဟန်တူသည်။

"အစ်ကိုကြီး .... မင်း ဒီသွေးရှင်းတမ်းက ထွက်လိုက်တာ ပိုကောင်းမယ် ထင်တယ်နော်  ....  "

ချမ်ဝမ်ကွမ်သည် ထိုအကြောင်းကို တွေးလေလေ တစ်ခုခု မှားနေသည်ဟု ခံစားရလေလေ ဖြစ်သည်။

"ကျန်းရိလျှိုက အစ်ကိုကြီးကို ရှင်းပစ်ချင်ရင် သေချာပေါက် ကျန်းဂိုဏ်းနဲ့ ကျန်းစွန်းဂိုဏ်းက ပူးပေါင်းမှာပဲ .... ကျွန်တော့်ရဲ့ အင်အားကြောင့် ကျွန်တော့်ဂိုဏ်းက ဂူသင်္ချိုင်းထဲကို ဝင်ခွင့်မပြုဘူး .... ကျန့်ဝူရွှမ်းကလည်း အစ်ကိုကြီးအတွက်နဲ့ အဲ့ဂိုဏ်းနှစ်ခုလုံးကို အပြည့်အဝ ဆန့်ကျင်ပေးမှာ မဟုတ်ဘူး .... "

"မစိုးရိမ်နဲ့ .... ဝမ်ကွမ်"

ကျန်းရီသည် ဆုံးဖြတ် ထားပြီးပြီ ဖြစ်သည်။

သူသည် ပေါ့ပေါ့ပါးပါး ရယ်မောလိုက်ကာ ဖက်တီး၏ ပခုံးကို ပုတ်လိုက်သည်။

"ငါ အသက်ရှင်လျက် ပြန်လာမယ်လို့ ကတိပေးတယ် .... ဘယ်သူမှ ငါ့အသက်ကို မရစေရဘူး .... ကျန်းရိလျှို ဆိုရင်တောင်မှပဲ  ....    ....  "

*****

All Chapters