← Chapters

မင်းသမီးယွင်ဖေး

Vol. 1 Ch. 102

မင်းသမီးယွင်ဖေး

Vol. 1 Ch. 102

ကျန်းရီသည် သွေးရှင်တမ်းတွင် ပါဝင်ရန် ခေါင်းမာ နေရခြင်းသည် တရားဝင်ကျောင်းသား အဆင့်သို့ ရောက်ရှိနိုင်ရန် ဖြစ်သည်။ သူသာ ထူးချွန်အဆင့် ကျောင်းသား မဟုတ်လျှင် ဆရာလျောင်၏ အဆောင်ဝန်းထဲသို့ပင် ခြေချခွင့်မရှိဟု စုလောရွှယ်က ပြောခဲ့သည်။ သူသည် ကျန်းရှောင်နူကို အလျင်အမြန် ကုသ၍ ကျန်းယွင်ဟိုင်နှင့် အတူ ဘေးကင်းသော နေရာသို့ ထွက်သွားရန် အလျင်လိုနေသည်။ ထို့ကြောင့်ပင် သူသည် ဤအခွင့်အရေးကို မစွန့်လွှတ်နိုင်ခြင်း ဖြစ်သည်။

ကျန်းရိလျှိုသာ သူ့သရုပ်မှန်ကို သိသွားလျှင် သူ့ကို သတ်ရန် လူများ စေလွှတ်တော့မည်မှာ အနှေးနှင့် အမြန်ပင် ဖြစ်သည်။ ထို့ပြင် သင်တန်းကျောင်း အတွင်း၌ပင် အပြည့်အဝ လုံခြုံမှု မရှိပေ။ သင်တန်းကျောင်းထဲတွင် သေသွားမည်ကို ထိုင်စောင့်နေရမည့် အစား အပြင်ထွက်၍ ကံစမ်းကြည့်ချင်းက ပိုကောင်းပေသည်။ သူသာ သွေးရှင်းတမ်းကို အောင်မြင်စွာ ကျော်ဖြတ် နိုင်ခဲ့လျှင် တရားဝင် ကျောင်းသား တစ်ယောက် ဖြစ်လာလိမ့်မည်။ သင်တန်းကျောင်းကို ပြန်ရောက်လာပြီးနောက် သူသည် ထူးချွန်အဆင့်မှ ကျောင်းသား ငါးယောက်ကို စိန်ခေါ်လျှင် ထူးချွန် ကျောင်းသား တစ်ယောက် ဖြစ်လာလိမ့်မည်။ အရာအားလုံး ပြီးသွားလျှင် ဆရာလျောင် ပြန်လာသည့် အချိန်ကျရောက် လာပေလိမ့်မည်။

ထို့ပြင် သွေးရှင်းတမ်းကို ဝင်ပြိုင်ရခြင်းမှာ နောက်ထပ် အရေးပါသော အကြောင်းပြချက် တစ်ခုလည်း ရှိနေခဲ့သည်။ ၎င်းမှာ သတ်ဖြတ်ခြင်း အရှိန်အဝါဖြစ်သည်။

သူသည် သတ်ဖြတ်ခြင်း အရှိန်အဝါကို နှစ်လကျော်ကြာအောင် လေ့လာခဲ့သော်လည်း မည်သည့် သဘောတရားကိုမှ မဖမ်းဆုပ်နိုင် ဖြစ်နေခဲ့သည်။ သူသည် ကောင်းကင် ဧကရာဇ်၏ ဂူသင်္ချိုင်းသို့ သွားကာ ကံစမ်း ကြည့်ချင်သည်။ တိုက်ပွဲတစ်ခုခုတွင် သူသည် သတ်ဖြတ်ခြင်း အရှိန်အဝါကို မတော်တဆ ထုတ်လွှင့်မိလျှင် ၎င်းကို ထိန်းချုပ်ရန် အခွင့်အရေး ရလာနိုင်ပေသည်။

ကျန်းရိလျှိုသည် သူ့ခေါင်းထက်တွင် ဓားမိုးထားရာ သူသည် အချိန် မလုံလောက်သော်လည်း အင်အား တိုးလာစေရန် တတ်နိုင်သမျှ  ကြိုးစားရမည်။ သူသည် ဖြစ်လာသမျှကို ရင်ဆိုင်ရပေမည်။

သူသည် အသက်ကို ရင်းထားခဲ့ပြီး ဖြစ်သည်။ သူငယ်စဉ်က ကျန်းယွင်ဟိုင်သည် သူ့ကို စိတ်ထဲတွင် စွဲနေအောင် စကားတစ်ခွန်း သင်ကြားပေးခဲ့သည်။

"သိုင်းသမားတစ်ယောက်က အကြောက်အလန့် ကင်းတဲ့ စိတ်နှလုံး မရှိရင် ဘယ်တော့မှ စစ်သည်တော်ကောင်း ဖြစ်မလာနိုင်ဘူး .... မင်းမှာသာ စစ်သည်တော်ကောင်း တစ်ယောက်ရဲ့ စိတ်နှလုံး မရှိဘူးဆိုရင် ကမ္ဘာကြီးကို ဘယ်လို အုပ်စိုးနိုင်မှာလဲ  ....  "

***

သုံးရက်သည် အလျင်အမြန် ကုန်ဆုံးသွားခဲ့သည်။

ကောင်းကင်တွင် အလင်းရောင် မထွက်ပေါ် လာခင်တည်းက သွေးရှင်းတမ်း ပြိုင်ပွဲဝင်များ အားလုံးသည် စောစောထကာ တောင်ဘက် ဂိတ်တံခါး အနီးရှိ မြေကွက်လပ်တွင် စုစည်းပြီး နေကြပြီ ဖြစ်သည်။

ကျန်းရီသည်လည်း အစောကြီး နိုးလာခဲ့သည်။ သူသည် ကိုယ်လက် သန့်ရှင်းပြီးသောအခါ တံခါးအပြင်တွင် ရပ်နေသော ချမ်ဝမ်ကွမ်ကို မြင်လိုက်ရ၍ အံ့အားသင့် သွားခဲ့သည်။ သူသည် အသာအယာ ပြုံးလိုက်ကာ ချမ်ဝမ်ကွမ်၏ ပခုံးကို ပုတ်လိုက်သည်။

"ဝမ်ကွမ် .... ငါ့ကို အပြင်ထိ လိုက်ပို့စရာ မလိုပါဘူး .... သွားပြီး ပြန်အိပ်တော့"

"ဟီးဟီး .... အစ်ကိုကြီး .... ကျွန်တော် အစ်ကိုကြီးကို လိုက်ပို့ဖို့ လုပ်နေတာ မဟုတ်ဘူး  ....  "

ချမ်ဝမ်ကွမ်သည် ပါးဖောင်းဖောင်းကြီးများ လှုပ်ယမ်းသွားသည် အထိ ရယ်မော လိုက်သည်။

"သင်တန်းကျောင်းက အခုဆို အရမ်းပျင်းစရာ ကောင်းသွားပြီ .... ဆရာမစုနဲ့ ကျွန်တော်က ခွင့်ယူပြီး ကျွန်တော်တို့ ဂိုဏ်းတွေဆီ ပြန်ဖို့ လုပ်ထားတာ .... ကျွန်တော်တို့ အစ်ကိုကြီးကို ကောင်းကင် ဧကရာဇ်ရဲ့ ဂူသင်္ချိုင်းကို ရောက်တဲ့အထိ အဖော်လုပ်ပေးမယ်"

"ဂူသင်္ချိုင်းက အနောက်တောင်ဘက်မှာ ရှိတာ .... တော်ဝင် နန်းမြို့တော်က အနောက် မြောက်ဘက်မှာ မဟုတ်ဘူးလား  ....  "

ကျန်းရီသည် နားမလည် ဖြစ်သွား၍ မျက်တောင် ပုတ်ခတ်ပုတ်ခတ် လုပ်မိသွားပြီးနောက် အလျင်အမြန် သဘောပေါက် သွားလေသည်။ ချမ်ဝမ်ကွမ်သည် သူ့ကို စိုးရိမ်နေ၍ သူ့ကို ဂူသင်္ချိုင်းအထိ လိုက်ပို့ပေးလိုခြင်း ဖြစ်သည်။ သူရှိနေလျှင် ကျန်းရိလျှိုသည် လမ်းတစ်လျှောက် လှုပ်ရှားလိမ့်မည် မဟုတ်ပေ။

ချမ်ဝမ်ကွမ်၏ မျက်နှာဝိုင်းဝိုင်းကို ကြည့်လိုက်ရင်း ကျန်းရီသည် နွေးထွေးမှုကို ခံစား လိုက်ရသည်။ သူသည် ဘာမှမပြောတော့ဘဲ ချမ်ဝမ်ကွမ်၏ ပခုံးကို ပုတ်ရုံသာ ပုတ်လိုက်ပြီး အပြင်သို့ ထွက်လာခဲ့သည်။

ကျန်းရီတွင် ထုတ်ဖော် မပြောဘဲ ရင်ထဲတွင် သိမ်းဆည်း ထားလိုက်သော အရာများစွာ ရှိလေသည်။

ချမ်ဝမ်ကွမ်သည် စိတ်ရင်းနှင့် ဖြစ်စေ၊ သူ့ကို ရှားပါးကုန် ပစ္စည်းလေးလို သဘောထားနေ၍ ဖြစ်စေ .... သူသည် ယခုမှစ၍ ချမ်ဝမ်ကွမ်ကို ညီအစ်ကို တစ်ယောက်လို ဆက်ဆံတော့မည် ဖြစ်သည်။

သူတို့ အဆောင်ဝန်းထဲမှ ထွက်လာ၍ မကြာမီမှာပင် ခပ်လှမ်းလှမ်းမှ လျှောက်လာသော ပုံရိပ်နှစ်ခုကို မြင်လိုက်ရသည်။ ချမ်ဝမ်ကွမ်၏ မျက်လုံးများသည် တောက်ပ သွားခဲ့ပြီး အော်ခေါ်လိုက်သည်။

"အစ်ကိုဝူရွှမ်း  ....   .... မိန်းကလေး လင်းအာ  ....  "

ကျန့်ဝူရွှမ်းနှင့် ကျန့်လင်းအာတို့သည် လျင်မြန်စွာ လျှောက်လာကြသည်။ မျက်နှာကာ ပဝါကို ဆင်မြန်းထားသော ကျန့်လင်းအာသည် သူမ၏ လှပသော မျက်လုံးများနှင့် ကျန်းရီကို ကြည့်ကာ နှုတ်ဆက် လိုက်သည်။

"အစ်ကိုကျန်းရီ"

ကျန်းရီသည် ပြုံးကာ ခေါင်းညိတ် ပြလိုက်သည်။ ကျန့်လင်းအာ၏ လျစ်လျူရှုခြင်း ခံလိုက်ရသောကြောင့် ဖက်တီးသည် ဆွံ့အ သွားရသည်။ ကျန့်ဝူရွှမ်းသည် ပြုံးကာ ပြောလာခဲ့သည်။

"ကျန်းရီ .... သွားစို့ .... ငါတို့အတူ သွားတာပေါ့… ချမ်ဝမ်ကွမ် .... မင်းက သွေးရှင်းတမ်းမှာ မပါဘူးမဟုတ်လား  ....   .... ပြန်တော့ .... ငါနဲ့ဆို ကျန်းရီ ဘေးကင်းတယ်"

ချမ်ဝမ်ကွမ်သည် မျက်လုံးများ ပိတ်သွားသည် အထိ ပြုံးလိုက်သည်။

"ဟီးဟီး .... ငါခွင့်ယူထားပြီးပြီ .... ငါက အပျော်လိုက်မလို့ .... ဒါပေမဲ့ ငါက မင်းတို့ ပြန်အလာကို ကောင်းကင် ဧကရာဇ်ရဲ့ ဂူသင်္ချိုင်း အပြင်ကနေ စောင့်နေမယ်"

"အိုး..."

ကျန့်ဝူရွှမ်းသည် ချမ်ဝမ်ကွမ်ကို ကြည့်ကာ အံ့အားသင့် သွားခဲ့သည်။ သူသည် လက်ကို ဆန့်ထုတ်ကာ ချမ်ဝမ်ကွမ်၏ ပခုံးကို ပုတ်လိုက်သည်။

"ကောင်းသားပဲ  ....   .... မဆိုးဘူး  ....   .... မင်းမှာ ညီအစ်ကို စိတ်ဓာတ်တော့ ရှိသားပဲ .... သွားကြစို့  ....  "

ကျန့်ဝူရွှမ်း၏ ပခုံးပုတ်လိုက်မှုသည် ချမ်ဝမ်ကွမ်ကို ပျော်ရွှင် သွားစေသည်။ သူသည် ကျန့်ဝူရွှမ်းနှင့် မိတ်ဆွေများ ဖြစ်ရန် အမြဲ ကြိုးစားခဲ့သော်လည်း တိုးတက်မှု မရှိခဲ့ပေ။ ယခုမူ ကျန့်ဝူရွှမ်းသည် သူ့ကို လက်ခံစ ပြုလာပြီဟု ထင်ရသည်။ ခရီးကို သူတို့အတူ သွားကြမည် ဖြစ်ရာ ကျန့်ဝူရွှမ်းသည် ရွေးစရာမရှိဘဲ သူ့ကို မိတ်ဆွေအဖြစ် လက်ခံလိုက်ခြင်း ဖြစ်ပေမည်။

ကျန်းရီသည် သူတို့ကို ကြည့်လိုက်ရင်း နွေးထွေး လာသောကြောင့် နှုတ်ခမ်း ကိုက်လိုက်မိသည်။ သူသည် တိတ်ဆိတ်၍သာ နေလိုက်ပြီး တောက်ဘက် အဆောင်သို့ လျှောက်သွား လိုက်သည်။ မကြာခင်တွင် သူတို့ လေးယောက်သည် တောင်ဘက် အဆောင်ဝန်းဆီ ရောက်လာခဲ့ကြသည်။ ကျန်းရီသည် တောင်ဘက်တံခါးမှ ထွက်လျှင် ထွက်လိုက်ခြင်း မျက်လုံးပေါင်း များစွာတို့သည် သူ့ထံ ကျရောက် လာကြသည်။ ကျန်းရီသည် ဝေ့ကြည့်လိုက်သောအခါ ရင်းနှီးသော မျက်နှာများစွာကို မြင်လိုက်ရသည်။

ကျန်းဟန်ရွှေ၊ လျှိုဟဲ၊ ကျီထင်ယွီ၊ ကျန်းချီလင်း၊ ကျန်းစွန်းဖေးဟူ .... ကျန်းရိလျှို ....

ထိုအုပ်စုသည် အဖွဲ့တစ်ခုအနေနှင့် ရပ်နေကြပြီး လူများစွာတို့က သူတို့ကို ဝန်းရံ ထားကြသည်။ သူတို့သည် ကျန်းရိလျှိုနှင့် သူ့ဘေးရှိ အနက်ရောင်ဝတ် သခင်လေးကို ဗဟိုထား၍ ဝန်းရံ ထားကြသည်မှာ ထင်ရှားသည်။

ကျန်းရီသည် ကျန်းဟန်ရွှေနှင့် လျှိုဟဲတို့၏ ရှုပ်ထွေးသော အမူအရာများကို လျစ်လျူရှု ထားလိုက်သည်။ သူ့အကြည့်သည် ကျီထင်ယွီထံ ရောက်ရှိသွားကာ တိတ်တဆိတ် သက်ပြင်း ချလိုက်သည်။ သူမနှင့် မိန်းကလေး တစ်ယောက်သည် ကျန်းရိလျှိုတို့ အုပ်စု၏ ဘေးဘက်တွင် သီးသန့် ရပ်နေကြသည်။ သို့သော် သူမသည် ကျန်းရိလျှိုတို့ အုပ်စုဘေးတွင် ရပ်နေခြင်းကပင် အချက်ပြခြင်း တစ်မျိုး ဖြစ်သည်။

ကျန်းရီသည် သူ့အကြည့်ကို အမြန် ရုတ်သိမ်းလိုက်ကာ ခပ်လှမ်းလှမ်းရှိ ကျန်းရိလျှို၏ မျက်လုံးထဲသို့ တည့်တည့် စိုက်ကြည့်လိုက်သည်။ သူတို့နှစ်ယောက်လုံးသည် တစ်ယောက်စီ၏ မျက်လုံးထဲမှ ကြောက်စရာ အရိပ်အယောင်တို့ကို မြင်နေရပေသည်။

"ကျန်းရီ  ....  "

ကျန်းစွန်းဝူကျိသည်လည်း အဝေးမှ ကျန်းရီကို ကြည့်နေခဲ့သည်။ သူ့မျက်လုံးများတွင် ရက်စက်သော အရိပ်အယောင်များ ဖြာထွက် နေသော်လည်း သူ့အာရုံကို တောင်ဘက် ဂိတ်တံခါးမှ ထွက်လာသော ပုံရိပ်သုံးခုက ဆွဲဆောင်သွားသည်။ သူ့အမူအရာသည် ချက်ချင်းပင် အချစ်ရိပ်များ လွှမ်းသွားကာ ပြုံးယောင်ယောင် ဖြစ်သွားခဲ့သည်။

"မင်းသမီးယွင်ဖေး  ....   "

လူအုပ်ထဲမှ တစ်ယောက်သည် အလန့်တကြား ရေရွတ် လိုက်သည်။ ကျန်းရီသည် သူ့အကြည့်ကို ရုတ်သိမ်းလိုက်ကာ ကျန့်ဝူရွှမ်း၊ ချမ်ဝမ်ကွမ်တို့နှင့် အတူ လှည့်ကြည့်လိုက်သည်။ သူတို့၏ မျက်လုံး သုံးစုံသည် တောက်ပ သွားခဲ့သည်။

မိန်းကလေး သုံးယောက်သည် လမ်းလျှောက် လာခဲ့သည်။ သူတို့သည် ဆွဲဆောင်မှုရှိသော အဖိုးတန် အဝတ်အစားများကို ဝတ်ဆင်ထားကြသည်။ အထူးသဖြင့် သေးသွယ်သော ပေါင်တံများ ပေါ်သည်အထိ အနီရောင် သားရေ စကပ်ကို ဝတ်ဆင်ထားသော အလယ်မှ မိန်းကလေးပင် .... သူမသည် ခြေထောက်တွင် ဖိနပ်ရှည် တစ်စုံကို ဝတ်ဆင်ထားပြီး သူမ၏ ရင်သားအလှကို ထင်ရှား ပေါ်လွင်စေသော အနီရောင် သံချပ်ကာကို ဝတ်ဆင်ထားသည်။ သူမသည် ခပ်ရိုင်းရိုင်း အလှ တစ်မျိုးကို ဖြစ်ပေါ်စေသော သူမ၏ ချပ်ရပ်နေသည့် ဝမ်းဗိုက်ကိုပင် လှစ်ဟ ပြသထားသည်။

ဒီမိန်းကလေးက အရမ်း ဆွဲဆောင်မှု ရှိတယ်  ....

ကျန်းရီသည် စိတ်ထဲမှ မှတ်ချက် ချလိုက်သည်။ သူမသည် ဂျုံအဆင်းလို အသားအရေ ရှိသည်။ သူမ၏ အရိုင်း ဆန်ဆန်လှသော မျက်လုံးများသည် ရှိနေကြသော ပုရိသ အပေါင်းကို သွေးဆောင် နေသည့်နှယ် ....

"အရမ်းမိုက်တဲ့ မိန်းကလေးပဲ  ....  "

ကျန့်ဝူရွှမ်းသည်လည်း ဆွဲဆောင် ခံလိုက်ရသည်။ ဘေးရှိ ကျန့်လင်းအာသည် နှာခေါင်း ရှုံ့လိုက်သည်။

"ကျန့်ဝူရွှမ်း .... နင်က အမြဲတမ်း ခံ့ညားနေတာပဲ မဟုတ်လား  ....   .... ဒီမင်းသမီးယွင်ဖေးကို ရအောင် ကြိုးစားစမ်းပါ .... ငါနင့်ကို လုံးဝ ယုံကြည်လိုက်မယ်"

"အမှန်ပဲ  ....  "

ချမ်ဝမ်ကွမ်သည် ထောက်ခံလိုက်သည်။

"မင်းသမီး ယွင်ဖေးက ဒီနှစ်မှ ဆယ့်ခုနှစ်နှစ်ပဲ ရှိသေးတာ .... သူမက ခရမ်းရောင် နန်းတော်ရှင် ဆဋ္ဌမ အဆင့်တောင် ရောက်နေပြီ .... သူမက ရှန်မိနိုင်ငံတော်ရဲ့ မှော်အတတ်ကိုလည်း ပိုင်ဆိုင် ထားသေးတယ် .... ဒီလို မိန်းကလေးမျိုးက အစ်ကိုဝူရွှမ်းနဲ့ လိုက်ဖက်တယ်  ....  "

ကျန့်ဝူရွှမ်းသည် ယုံကြည်မှုရှိစွာ ရယ်မောလိုက်သည်။

"ယောက်ျားတစ်ယောက်က သတ်ဖြတ်ဖို့နဲ့ အောင်မြင်မှုတွေ ရဖို့ အသက်ရှင်တယ် .... ဒီလို ဆက်ဆံရေးတွေနဲ့ ဘာအကျိုးကျေးဇူး ရမှာလဲ  ....   .... ကျန်းရီ .... မင်းသွားနိုင်တယ် .... ဒီကြက်မလေးက မင်းနဲ့ သင့်တော်တယ်"

"ဝှစ်  ....   .... ဝှစ်  ....   .... ဝှစ်  ....  "

ကျန့်ဝူရွှမ်း၏ အသံသည် အတော်လေး ကျယ်လွန်းရာ မင်းသမီးယွင်ဖေးတို့ အုပ်စုသည် ကြားသွားခဲ့ဟန် တူသည်။ ကျန်းစွန်းဝူကျိတို့ အုပ်စုသည်ပင် ဆွံ့အ သွားခဲ့လေသည်။ လူများစွာတို့သည် ကြည့်နေကြသော်လည်း မင်းသမီးယွင်ဖေးသည် တည်ငြိမ်စွာ ပြုံးလိုက်သည်။ သူမသည် ကျန့်ဝူရွှမ်းကို တစ်ချက်ကြည့်လိုက်ကာ လှောင်ပြောင် လိုက်သည်။

"ကျန့်ဝူရွှမ်း  ....   .... စစ်နတ်ဘုရားဂိုဏ်းရဲ့ တိုက်ရိုက် မျိုးဆက်တဲ့လား  ....   .... ဘာလို့ ဒီလောက် အားနည်းနေရတာလဲ  ....   .... ဒဏ္ဍာရီလာ စစ်နတ်ဘုရား ဂိုဏ်းက ထင်ထား သလောက်လည်း အားမကောင်းဘူး ထင်ရတာပဲ .... ဟုတ်တယ်မလား  ....  "

ကျန့်လင်းအာ၏ မျက်လုံးတွင် ဒေါသများ ယှက်သန်းသွားခဲ့ပြီး တစ်ခုခုပြောရန် ပြင်လိုက်သည်။ သို့သော် သူမသည် ကျန့်ဝူရွှမ်းက လက်ကာ ပြသောကြောင့် ငြိမ်နေလိုက်သည်။ ကျန့်ဝူရွှမ်းသည် ရယ်မောကာ ပြန်ပြောလိုက်သည်။

"မင်းသမီးယွင် .... တစ်ပွဲလောက် တိုက်ကြည့်ချင်လား  ....   .... ငါရှုံးရင် တစ်နှစ်တိတိ မင်းရဲ့ အစေခံ လုပ်ပေးမယ် .... မင်းရှုံးသွားရင် ငါမင်းကို မခိုင်းရဲဘူး .... ဒါကြောင့် ဒီက ငါ့ရဲ့အစ်ကိုကျန်းကို အနမ်း တစ်ပွင့်ပေးရမယ် .... ဘယ်လိုလဲ  ....  "

*****

All Chapters