← Chapters

မင်္ဂလာလက်ဖွဲ့

Vol. 43 Ch. 616

မင်္ဂလာလက်ဖွဲ့

Vol. 43 Ch. 616

မင်း ငါ့ကို တစ်ချိန်လုံး ဒီလိုပဲ ခေါ်နေတော့မှာလား”

လိုက်ဆန်ဒါသည် လက်ပိုက်ထားရင်း မကျေမနပ်ဖြစ်နေဟန်ဖြင့် အာရန်အား မျက်မှောင်ကြုတ်၍ မေးလိုက်သည်။

အာရန်သည်လည်း အနည်းငယ်ကြောင်ကြည့်နေမိပြီးနောက် “ယောက္ခထီး” ဟူ၍ တိုးတိုးလေး ခေါ်ကြည့်လိုက်၏။

“ဟား ဟား ဟား အဲဒီလိုမှ ပိုပြီး ကောင်းသွားတာ။ တော်တယ် မင်းတော်တယ်”

လိုက်ဆန်ဒါသည် သူ၏ အစောပိုင်း မကျေမနပ်မှုများ အားလုံး ယူပစ်သလို ပျောက်ကွယ်သွားပြီးနောက် ကျယ်လောင်စွာ ရယ်မောကာ အာရန်၏ ပခုံးကို ပုတ်လိုက်သည်။

ထိုစဥ် သူသည် ရုတ်တရက် တစ်စုံတစ်ရာကို သတိရသွားသည့်ဟန်ဖြင့် ပတ်ဝန်းကျင်ကို တစ်ချက် ဝေ့ဝဲကြည့်လိုက်ကာ အာရန်၏ နားနားသို့ ကပ်၍ တိုးတိုးလေးပြောလိုက်၏။

“မင်း ငါ့သမီးလေးရဲ့ နှလုံးသားကို အပိုင်မရခင်အထိ သူ့ရှေ့မှာ ဒီလိုမျိုး မခေါ်မိစေနဲ့‌နော်။ ဒါပေမဲ့ သူ မရှိတဲ့အခါကျရင်တော့ မင်း စိတ်ကြိုက် လွတ်လွတ်လပ်လပ် ခေါ်လို့ရတယ်” ဟု ပြောလိုက်လေသည်။

လိုက်ဆန်ဒါသည် သူ၏ သမီးနှင့် အာရန်အကြား ဆက်ဆံရေး ပိုမို ဝေးကွာမသွားစေရန် သူ၏ အစီအစဉ်များကို သမီးဖြစ်သူအား မသိစေလိုပေ။

သို့သော်လည်း အာရန်အား သူ၏ သမက်လောင်းအဖြစ် လက်ခံထားပြီးဖြစ်၌ ထိုကဲ့သို့ ယောက္ခထီးဟု အခေါ်ခံလိုက်ရသောအခါ အလွန် ကျေနပ်ဖွယ်ကောင်းသည်ဟု ခံစားမိလိုက်၏။

အာရန်သည် လိုက်ဆန်ဒါမှ သူ့အား မည်သည့်နေရာသို့ သွားရောက်နေသနည်းဟု မေးမြန်းတော့မည် ထင်ထားခဲ့သော်လည်း ကံကောင်းစွာဖြင့် စကားဝိုင်းသည် ထိုနေရာသို့ ရောက်မသွားခဲ့ပေ။

“ကဲ မင်းလဲ ငါ့သမီးဆီ ပြန်သွားချေတော့”

လိုက်ဆန်ဒါသည်ပြောရင်းဆိုရင်း အာရန်အား အယ်လီနာတည်ရှိရာ လေလံဌာန ဗီအိုင်ပီခန်းဘက်သို့ တွန်းပို့လိုက်သည်။

“င့ါသမီးကို အဲဒီ ကောက်ကျစ်တဲ့ မြေခွေးမနဲ့ အတူရှိနေတာကို ငါ စိတ်မချနိုင်ဘူး”

အာရန်သည် လိုက်ဆန်ဒါအား သူ၏ သမီးသည် လိင်တူနှစ်သက်သူ တစ်ဦးမဟုတ်ကြောင်းနှင့် သူ၏ အတွေးလွန်နေခြင်းသာဖြစ်ကြောင်း ပြောသင့်မပြောသင့် ချိန်ဆနေလိုက်သည်။

သို့သော် နောက်ဆုံးတွင် ထိုအကြံအား စွန့်လွှတ်လိုက်ကာ ဘာမှမပြောပဲ ထွက်ခွာသွားတော့၏။

“ဪ ပြီးတော့ပြောဦးမယ်”

အာရန်တစ်ယောက် လေလံဌာနအတွင်းပိုင်းသို့ ဝင်ရောက်တော့မည့် ဆဲဆဲအချိန်တွင် လိုက်ဆန်ဒါမှ ရုတ်တရက် လှမ်းခေါ်လိုက်သည်။

“မင်းရဲ့ အစောပိုင်း လုပ်ဆောင်ချက်တွေက တော်တော်လေး အထင်ကြီးစရာ ကောင်းတယ်။ အဲဒီ ကျောက်တုံးကို သေချာ ဂရုစိုက်သိမ်းထားနော် မင်းမှာ ရှိတာကို တခြားဘယ်သူမှ မသိစေနဲ့”

ထိုစကားများကို ကြားလိုက်ရသည်နှင့် အာရန်၏ ခြေလှမ်းများ ရုတ်တရက် ရပ်တန့်သွားခဲ့၏။

ထိုအချိန် အာရန်၏ စိတ်ထဲတွင် ပြောင်းဆန်အောင် ဂယက်ထသွားခဲ့သဖြင့်ပြီး နောက်သို့ လှည့်မကြည့်မိစေရန် ကိုယ့်ကိုယ်ကို ပြန်ထိမ်းထားလိုက်ရသည်။

ပထမ မူလကြယ်သည် အာရန်တစ်ယောက် ဂိတ်တံခါးပေါက် ကျောက်တုံးအား ရရှိထားပြီးဖြစ်သည်ကို သိရှိပြီးဖြစ်၏။

ထို့ကြောင့်လည်း အာရန်အား မည်သည့်နေရာမှ လာခဲ့သည်ကိုပင် မေးမြန်းခြင်းမပြုခဲ့ပေ။

ထို ပထမမူလကြယ်သည် အခြား မူလကြယ်များပင်လျှင် အနည်းငယ်မျှ အာရုံမခံနိုင်ခဲ့သောအရာများကို ဤတစ်ချိန်လုံး သိနေခဲ့သည်တဲ့လား....။

ထိုသို့ အရာအားလုံးကို သိရှိထားပြီးနောက်တွင်ပင် ပထမ မူလကြယ်သည် အာရန်ထံမှ ထိုကျောက်တုံးအား ပြန်တောင်းယူခြင်း မပြုခဲ့ပေ။

သူသည် ထိုကျောက်တုံးအား အစကတည်းက လုံးဝ ဂရုမစိုက်ခဲ့သည့်နှယ်ပင်။

သို့မဟုတ် ကျောက်တုံးအား သူကိုယ်တိုင် ထိန်းသိမ်းထားရန်ပင် မလိုအပ်ဟု ခံစားရလောက်အောင် သူ့ကို ယုံကြည်စိတ်ချထားခဲ့ခြင်းများလား....။

အာရန်သည် အတွေးများအတွင်းနစ်မြောနေစဥ် ပထမမူလကြယ် လိုက်ဆန်ဒါမှာမူ ထိုနေရာမှ ပျောက်ကွယ်သွားခဲ့ပြီဖြစ်၏။

ထို့နောက်တစ်နေရာတွင် ပြန်ပေါ်လာခဲ့က သက်ပြင်းတစ်ချက် ချလိုက်မိသည်။

“အဲဒီ ကျောက်တုံးကို ငါ့သမက်အတွက် မင်္ဂလာလက်ဖွဲ့အဖြစ် ပေးဖို့ စီစဥ်ထားခဲ့တာ။ ဒီလောက် ကိစ္စကြီးတွေ ရုတ်တရက် ကောက်ဖြစ်သွားလိမ့်မယ်လို့ ဘယ်သူက ထင်ထားမိမှာလဲ”

လိုက်ဆန်ဒါသည် အထက်ကမ္ဘာများသို့ သွားရောက်ရန် အနည်းငယ်မျှပင် စိတ်ဝင်စားမှု မရှိခဲ့သောကြောင့် ဂိတ်တံခါးပေါက် ကျောက်တုံးအား မက်မောခြင်း မျိုးလည်း မရှိပေ။

သူသည် လက်ရှိ ဤနေရာတွင် နေထိုင်ရသော ငြိမ်းချမ်းသည့် ဘဝကိုသာ ကျေနပ်သာယာနေသူတစ်ဦးလည်း ဖြစ်လေသည်။

အကယ်၍ သူ့အနေနှင့် သွားရောက်လည်ပတ်လိုသော နေရာတစ်ခုရှိမည်ဆိုပါက ၎င်းသည် သူ၏မွေးရပ်မြေဖြစ်သော မိခင် ကမ္ဘာမြေပင် ဖြစ်ပေလိမ့်မည်။

ထိုလေလံဌာနတွင် ဂိတ်တံခါးပေါက် ကျောက်တုံးအား မည်သူ ဝယ်ယူနိုင်ခဲ့သည်ဖြစ်စေ သူနှင့် မသက်ဆိုင်သည့်အတွက် ဂရုမစိုက်ခဲ့ပေ။

သူ၏ သမီးအား ထိုကျောက်တုံးကို လေလံဝင်ဆွဲရန် ညွှန်ကြားခဲ့သည့် တစ်ခုတည်းသော အကြောင်းရင်းမှာ နောင်တစ်ချိန်တွင် သမက်ဖြစ်လာတော့မည့် အာရန်အား ကောင်းမွန်သော မင်္ဂလာလက်ဖွဲ့တစ်ခုအဖြစ် ပေးအပ်လိုသောကြောင့်သာ ဖြစ်လေ၏။

ထိုကျောက်တုံးသည် ယခုကဲ့သို့ လေလံဌာနအတွင်း၌ပင် အခိုးခံရလိမ့်မည်ဟု သူ့အနေနှင့် လုံးဝ မျှော်လင့်မထားခဲ့ချေ။

သူ ဤနေရာသို့ ရောက်ရှိပြီးနောက် ဖြစ်ပျက်ခဲ့သည့်အရာများကို ကြားသိလိုက်သည့် အချိန်မှာပင် ထိုကျူးကျော်သူ သူခိုး၏ တည်နေရာကို ချက်ချင်း ရှာဖွေနိုင်ခဲ့သည်။ သို့သော် သူ့အနေနှင့် တကူးတက ဝင်ပါချင်သည် အထိတော့ စိတ်ဝင်စားမှု မရှိခဲ့ပေ။

သူ၏ သမက်လောင်းဖြစ်သူမှ ထိုကျုးကျော်သူသူခိုးအား သွားရောက် တိုက်ခိုက်နေသည့် မြင်ကွင်းကို မြင်တွေ့ရသည့်အခါမှသာ အနည်းငယ် စိတ်ဝင်စားလာခဲ့ခြင်း ဖြစ်လေသည်။

သူသည် သမက်လောင်းအား ကူညီရန်ပင် စဉ်းစားမိခဲ့သော်လည်း ထိုကောင်လေးသည် သူ၏ အကူအညီကို လိုအပ်ခြင်းမရှိသည်မှာ ရှင်းလင်းနေခဲ့၏။

သူ၏ ပရိယာယ်မာယာ အချို့သည် ငရဲဘုံ၏ ကြောက်မက်ဖွယ်အကောင်းဆုံး တည်ရှိမှု တစ်ခုဖြစ်သည့် ပထမမူလကြယ်ကိုပင် အထင်ကြီးသွားစေခဲ့သည်။

လိုက်ဆန်ဒါသည် သူရှာဖွေတွေ့ရှိခဲ့သော သမက်လောင်းလေး၏ ထိုကဲ့သို့သော အရည်အချင်းများကြောင့် ပို၍ပင် ကျေနပ်အားရမိခဲ့သည်။

ထိုကောင်လေးသည် အနာဂါတ်တစ်ချိန်ချိန်တွင် ၎င်းတို့ မူလကြယ် ခုနှစ်ပါးထက်ပင် သာလွန်သွားနိုင်ကြောင်းလည်း ယုံကြည်လာမိသည်။

“ဟူး င့ါအနေနဲ့ တခြားလက်ဆောင်တစ်ခုခု ထပ်ရှာရတော့မယ်ထင်တယ်။ သူက ဘယ်လိုအရာတွေ ကြိုက်တတ်လဲ မသိဘူး။ ဒဏ္ဍာရီအဆင့် သားရဲ တစ်ကောင်ကောင်ဆိုရင်ကော...”

ထို့နောက် လိုက်ဆန်ဒါသည် အခြား မူလကြယ်များ၏ လှုပ်ရားနေမှုများအား အကဲခပ်ရန် ပေါက်ကွဲမှု ဖြစ်ပွားရာဘက်သို့ ထွက်ခွာသွားတော့၏။

မကြာမီမှာပင် သူသည်လည်း အခြား မူလကြယ်များနှင့်အတူ အဝေးတစ်နေရာဆီသို့ သွားရောက်ကာ မြင်ကွင်းအတွင်းမှ ပျောက်ကွယ်သွားတော့သည်။

၎င်းတို့သည် ထိုမြေအောက် ဥမင်းလှိုင်‌ခေါင်း

အတွင်း၌ မည်သည့် အော်ရာ အငွေ့အသက်ကိုမျှ အာရုံမခံမိခဲ့ကြပေ။

ထိုနေရာတွင် တစ်ခုတည်းသော ကျန်ရစ်သည့်အရာမှာ ယဇ်ပလ္လင်အဖြစ် အသုံးပြုထားခဲ့သည့် အစိတ်အပိုင်းအချို့သာ ဖြစ်လေသည်။

“ဒါက သူတို့ဟာ အထက်ဘုံတစ်ခုခုက လာတယ်ဆိုတာကို အတည်ပြုပေးလိုက်တာပဲ” ဟု တတိယ မူလကြယ်သည် ယဇ်ပလ္လင် အပိုင်းအစတစ်ခုကို ကောက်ယူရင်း ထိုအရာပေါ်တွင် ရေးထွင်းထားသော စာများကို စစ်ဆေးကြည့်ရင်း ပြောလိုက်သည်။

“ဒါကဆိုလိုတာ ပေါက်ကွဲမှု မဖြစ်ခင်လေးမှာမှ ဒီယဇ်ပလ္လင်ကို အသက်သွင်းနိုင်ခဲ့တာပဲ။ သူတို့ မထွက်ခွာခင် ဒီ နေရာကို ပေါက်ကွဲပျက်စီးသွားအောင် စီစဉ်ခဲ့ကြပုံပဲ”

“ဒါက ဘယ် အထက်ဘုံကမ္ဘာနဲ့ ချိတ်ဆက်ထားတယ်ဆိုတာ မင်း စစ်ဆေးကြည့်နိုင်မလား”

ဒုတိယ မူလကြယ်မှ တတိယမူလကြယ်အား အေးစက်စွာ မေးလိုက်သည်။

သူသည် လိုက်ဆန်ဒါပြီးနောက် ဤငရဲဘုံ၌ ခွန်အားအကြီးဆုံး မူလကြယ်တစ်ပါး ဖြစ်နေသော်လည်း ထိုကဲ့သို့ ကိစ္စရပ်များနှင့် ပတ်သက်လာလျှင်မူ သူ၏ အသိပညာ ဗဟုသုတသည် အခြားမူလကြယ်များကြားတွင် အားအနည်းဆုံး ဖြစ်လေ၏။

“ဒါက သိပ်တော့ မခက်ခဲပါဘူး။ အဲ့ဒါထက် ပိုကောင်းတဲ့ အရာတွေတောင် ငါတို့ ရှာတွေ့ချင်ရှာတွေ့နိုင်ဦးမယ်...”

ဤသို့ဖြင့် တတိယ မူလကြယ်သည် ကျန်ရစ်ခဲ့သော ယဇ်ပလ္လင်၏ အကြွင်းအကျန် အပိုင်းအစများကို စတင်၍ စုဆောင်းတော့သည်။

...

အာရန်သည် ဗီအိုင်ပီ အခန်းတစ်ခန်း၏ ရှေ့သို့ ပြန်ရောက်ရှိလာပြီးနောက် အပြင်ဘက်တံခါးဝတွင် ရပ်နေခဲ့သည်။

အာရန်သည် အကြောင်းပြချက်တစ်ခုခုပေး၍ တံခါးအားတွန်းဖွင့် ထွက်လာရန် သူ၏ ကိုယ်ပွားငယ်အား ညွှန်ကြားချက် ပေးတော့မည့်ဆဲဆဲအချိန်မှာပင် တံခါးတွန်းဖွင့်သံတစ်ခုအား ရုတ်တရက် ကြားလိုက်ရသည်။

ထို့နောက် ထိုတံခါး မပွင့်မီလေးမှာပင် အာရန်သည် အရိပ်အသွင်သို့ အလျှင်အမြန် ပြန်ပြောင်းလိုက်ကာ တံခါးအောက်၌ မိမိကိုယ်ကို ပျောက်ကွယ်စေခဲ့သည်။

အယ်လီနာနှင့် ဂျီနီယာတို့သည် အခန်းထဲမှ ထွက်လာကြပြီး အာရန်၏ ကိုယ်ပွားမှာ နောက်မှ ကပ်လိုက်လာခဲ့သည်။

ထို့နောက် အာရန်သည် အချိန်ကိုက် အရိပ်ထဲမှ ထွက်လာကာ သူ၏ ကိုယ်ပွားနေရာကို အစားဝင်ယူလိုက်သည်။

ဤသို့ဖြင့် အာရန်သည် သူ အလိုရှိသည့် အရာအားလုံးကို ရယူနိုင်ခဲ့ပြီဖြစ်လေသည်။

အချို့အရာများမှာ သူ မျှော်လင့်ထားခဲ့သည်ထက် များစွာ ကျော်လွန်သွားခဲ့သော်လည်း အဆုံးသတ် ရလဒ်မှာမူ သူ့အား အတိုင်းအတာတစ်ခုအထိ ကျေနပ်စေခဲ့သည်။

ဤသို့ဖြင့် အာရန်သည် သူအတွက် ခြိမ်းခြောက်မှု အားလုံးနီးပါး ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်ဟု ယူဆမိသွားတော့သည်။

All Chapters