နတ်ဖက်သောစုံတွဲ
Vol. 43 Ch. 620
“သမက်...”
ထိုအမျိုးသမီးသည် အာရန်၏ လက်ကို ဆုပ်ကိုင်ရင်း သမက်လေးဟု ခေါ်ရန်ပြင်လိုက်သည်။
သို့သော် သူမ စကားမဆုံးနိုင်ခင်မှာပင် လိုက်ဆန်ဒါသည် သူမ နောက်ဘက်တွင် ရုတ်တရက် ပေါ်လာခဲ့ကာ သူမ၏ ပါးစပ်ကို အချိန်မှီ ပိတ်ထားလိုက်ရ၏။
“ဟား ဟား ဟား... င့ါမိန်းမက ငါ့အပြင် ကမ္ဘာမြေက ရောက်လာတဲ့ အခြားဧည့်သည် တစ်ယောက်ကို ခုပထမဆုံးအကြိမ် မြင်ဖူးတာမို့ နည်းနည်း စူးစမ်းချင်နေတာပါ”
လိုက်ဆန်ဒါသည် သူ၏ သမီးအား ရှင်းပြရင်း အနည်းငယ်ကိုးရိုးကားယားနိုင်စွာ ရယ်မောလိုက်သည်။
ထို့နောက် ချက်ချင်းပင် သူ၏ ဇနီးသည်အား စိတ်ချင်းဆက်သွယ်၍ သတိပေးစကား အချို့ပို့လွှတ်လိုက်ရသည်။
“နင် ဘာမှလျှောက် မပြောမိစေနဲ့နော်။ မဟုတ်ရင် ဘာမှတောင်မဘာရသေးဘဲ နင့်သမီးရဲ့ မင်္ဂလာဆောင်ကိစ္စက အဆုံးသတ်သွားလိမ့်မယ်” ဟု တိုးတိုးလေး ပြောလိုက်၏။
ထိုအမျိုးသမီးသည် သူမပါးစပ်ကို ပိတ်ထားသော လိုက်စန်ဒါ၏ လက်ကို ကိုက်၍ ရုံးထွက်လိုက်သည်။
သူမကို တားမြစ်ရသည့် အကြောင်းရင်းအား အနည်းငယ် ဘဝင်မကျ ဖြစ်သွားခဲ့သော်လည်း လိုက်စန်ဒါ၏ သတိပေးချက်ကြောင့် ဖြစ်လာနိုင်သည့် အကျိုးဆက်များကိုတွေးမိလိုက်သောအခါ သူမသည် ထိုစကားကို လိုက်နာရန်ဆုံးဖြတ်လိုက်၏။
“ငါ့ရဲ့ ချစ်သမီးလေး ခရီးရှည်ကြီးကနေ ပြန်ရောက်လာပြီဆိုတော့ နဲနဲတော့ ပင်ပမ်းသွားမှာပေ့ါ။ ဒ့ါကြောင့် ခုနေ့တော့ စောစောသွားနားလိုက်နော်။ ပြီးတော့ ဖေဖေနဲ့ မေမေ ဆွေးနွေးစရာတွေလည်း နဲနဲ ရှိနေလို့”
ထိုသို့ပြောပြီးနောက် လိုက်ဆန်ဒါသည် အစောပိုင်း သူ့မိန်းမ ကိုက်ထားသော လက်တစ်ဖက်အား မသိမသာမြှောက်၍ သမီးဖြစ်သူအား ပြသလိုက်သည်။
အယ်လီနာသည် ထူးဆန်းစွာ ပြုမူနေကြသော မိဘနှစ်ပါးအား ငေးကြည့်နေမိသည်။
သူမသည် အကြောင်းရင်းကို နားမလည်ခဲ့သော်လည်း ခေါင်းညိတ်၍ သဘောတူလိုက်ရသည်။
သူမသည် အာရန်၏ ကိုင်ထားသောလက်ကို ဖြုတ်လိုက်ပြီး သူမ၏ အခန်းဘက်သို့ ထွက်သွားခဲ့၏။
သူမသည် ထွက်သွားနေစဥ်မှာပင် သူမမိဘများ မည်သည့်အရာများ ဆွေးနွေးကြမည်ကို သိလိုသောကြောင့် တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ဖြေးညှင်းစွာထွက်ခွာသွားခြင်းမျိုး ဖြစ်လေသည်။
အစပိုင်းတွင် အာရန်အား သူမ ဖခင်၏ မွေးရပ်မြေဖြစ်သော ကမ္ဘာမြေမှ ရောက်လာသော ဧည့်သည်ဖြစ်သည့်အတွက် လက်ခံထားခြင်းဖြစ်မည်ဟု ယူဆထားခဲ့သည်။
သို့သော် အာရန်နှင့် ပို၍ဆက်ဆံမိလေလေ သူမသည် အချို့အရာများကို ပို၍ နားမလည်နိုင် ဖြစ်လာရလေသည်။
သူသည် ငြိမ်းချမ်းသော ကမ္ဘာမှ လာသူနှင့် သိပ်၍ တူဟန်မရပေ။
ထို့ပြင် သူမ၏ ခန့်မှန်းချက်အရ အာရန်၏ ခွန်အား သက်သက်သည်ပင် သူမနှင့် သိပ်၍ ကွာခြားမည့်ပုံ မပေါ်ပေ။
တစ်ခါတစ်ရံတွင် အာရန်သည်သာ အမှန်တကယ် အတည်တိုက်ခိုက်မည်ဆိုပါက သူမကိုပင် အနိုင်ယူနိုင်ကောင်းယူနိုင်လိမ့်မည်ဟု ခံစားမိခဲ့သည်။
သို့သော် ၎င်းသည် ခံစားချက်သက်သက်မျှသာ ဖြစ်သောကြောင့် တပ်အပ်တော့ သေချာမပြောနိုင်ပေ။
သူမအနေနှင့် အာရန်နှင့် အသက်လု တိုက်ပွဲမျိုး မတိုက်ခိုက်မိမချင်း ထိုအချက်ကို အတည်ပြုရန်မှာ မဖြစ်နိုင်ချေ။
ဤသို့ဖြင့် မကြာမီမှာပင် သူမသည် ခန်းမ တံခါးကို ဖြတ်၍ အိမ်တော်အတွင်းသို့ ဝင်ရောက် ပျောက်ကွယ်သွားခဲ့လေသည်။
...
“ကဲ ရှင်ဘာတွေစီစဥ်ထားလဲဆိုတာ ကျွန်မကို ပြောပြလို့ရပြီမလား” ထိုအမျိုးသမီးသည် လိုက်ဆန်ဒါအား စိုက်ကြည့်ရင်း မေးလိုက်သည်။
အာရန်သည် လိုက်ဆန်ဒါကဲ့သို့ အစွမ်းထက်သူတစ်ဦးအနေဖြင့် ယခုကဲ့သို့ ထိတ်လန့်နေခြင်းမျိုးအား မြင်ရခြင်းသည် ယခုသည် ပထမဆုံးအကြိမ် ဖြစ်လေ၏။
လိုက်ဆန်ဒါသည် ဤငရဲဘုံ၌ နတ်ဘုရားတစ်ပိုင်းအဆင့်ဖြစ်ကာ အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်တစ်ဦးဟု ခေါ်ဆိုနိုင်သော်လည်း အကဲခပ်မိသလောက်ဆိုလျှင် ထိုအမျိုးသမီးက ပို၍ပင် စွမ်းနေသည့်ပုံပင်။
အကယ်၍ အာရန်အနေနှင့် တစ်စုံတစ်ခုကို ဝန်ခံရမည်ဆိုပါလျှင် ထိုအမျိုးသမီးသည် အလင်းနတ်ဘုရားမ ဖရေယာနှင့်ပင် ပို၍ တူနေသည်ဟု ခံစားရလေသည်။
သူမထံမှ ၎င်းနတ်ဘုရားမကဲ့သို့ မြင့်မြတ်သော ခံစားချက်တစ်ခုကို ရရှိနေသောကြောင့်ပင်။
သူမသည် နတ်ဘုရားတစ်ပိုင်းအဆင့် ရောက်နေရုံသာမကဘဲ ထိုအဆင့်အား ကျော်လွန်ထားသူတစ်ဦးပင် ဖြစ်တန်ရာ၏။
လိုက်ဆန်ဒါသည် သူ၏ သမီး ထွက်သွားပြီဖြစ်ကြောင်း အတည်ပြုပြီးနောက်တွင်ပင် ၎င်းတို့ပတ်လည်၌ အသံကို အလုံပိတ်ထားနိုင်သည့် အကာအကွယ်လွှာတစ်ခုကို ဖန်တီးထားလိုက်သေး၏။
ထိုအကာအကွယ်လွှာဖန်တီးပြီးသည်နှင့် သူသည် အာရန်နှင့် ပြုလုပ်ထားသော သဘောတူညီချက်အပါအဝင် အရာအားလုံးနီးပါးကို ဇနီးသည်အား ပြန်လည် ဖောက်သည်ချ ပြောပြတော့သည်။
ဤသို့ ပြောနေစဥ်အတွင်းမှာပင် အာရန်အား သူတို့ ရှာဖွေတွေ့ရှိခဲ့သမျှ လူငယ်များထဲတွင် သူ့သမီးနှင့်အသင့်တော်ဆုံးသော သို့မဟုတ် အကောင်းဆုံးသော သမက်လောင်းတစ်ဦးဖြစ်ကြောင်း ပြောဆိုချီးမွမ်းရန်လည်း မမေ့လျော့ခဲ့ပေ။
ထိုအမျိုးသမီးသည် အာရန်အား ငေးကြည့်နေရင်းဖြင့် ခင်ပွန်းဖြစ်သူ၏ ရှင်းပြချက်ကို တိတ်ဆိတ်စွာ နားထောင်နေခဲ့သည်။
အာရန်သည် သူ့ကိုယ်သူ အဏုကြည့်မှန်ဘီလူးတစ်ခုအောက်မှ နမူနာ ပိုးမွှားတစ်ကောင်ကဲ့သို့ ခံစားလိုက်ရသဖြင့် တံတွေးတစ်ချက်မျိုချလိုက်မိ၏။
အာရန်သည် လိုက်ဆန်ဒါ နှင့်အတူရှိနေချိန်တွင်ပင် ဤမျှပြင်းထန်သော ဖိနှိပ်မှုမျိုးကို မခံစားမိခဲ့ချေ။
အကယ်၍ သေပြေးရှင်ပြေး ထွက်ပြေးရမည်ဆိုပါက သူ့အနေနှင့် ဤနေရာမှ လွတ်မြောက်ရန် ဖြစ်နိုင်ခြေ ရှိ၊ မရှိကိုပင် မသေချာတော့ပေ။
အနည်းဆုံးတော့ ထာဝရ ပဲ့တင်သံအစွမ်းကို အောင်မြင်စွာ အသုံးမပြုနိုင်မချင်း လွတ်မြောက်ရန် လမ်းမမြင်ချေ။
အာရန်သည် ဘဝတစ်လျှောက်လုံးတွင် နတ်ဘုရားတစ်ပါးကိုတစ်ကြိမ်သတ်ဖူးခဲ့ပြီး ၎င်းသည်လည်း ထာဝရ ပဲ့တင်သံအစွမ်း၏ အကျိုးသက်ရောက်မှုအောက်တွင် ရှိစဉ်အချိန်က ဖြစ်လေသည်။
ကံမကောင်းစွာဖြင့် ထိုအချိန်က အလင်းနတ်ဘုရားမကို သူ့အနေနှင့် မည်သို့ အနိုင်ယူနိုင်ခဲ့သည်ဆိုသည့်အကြောင်းကိုပင် မှတ်မိရန် မဖြစ်နိုင်ခြင်းပင်။
ဖြစ်နိုင်ပါက အာရန်သည် ဤနေရာတွင် ထိုကဲ့သို့သော လောင်းကစာမျိုးကို ထပ်မံ၍ မပြုလုပ်ချင်ပေ။
“ဒါနဲ့ မင်း နာမည်က အာရန်လား”
လိုက်ဆန်ဒါ၏ ရှင်းပြချက် ပြီးဆုံးသည်နှင့် ထိုအမျိုးသမီးသည် အာရန်အား စူးစမ်းသော အကြည့်ဖြင့်ထပ်မံစိုက်ကြည့်ရင်း မေးလိုက်၏။
အာရန်က ထိုအမျိုးသမီးအနေဖြင့် မည်သည့်အရာများ တွေးနေမည်ကို စဉ်းစားရင်း ခေါင်းညိတ်ပြလိုက်သည်။
“မင်းက ဘာအမှားလုပ်မိထားလို့ ဒီလောက်တောင် စိတ်လှုပ်ရှားနေရတာလဲ” ထိုအမျိုးသမီးသည် မျက်မှောင်ကြုတ်လိုက်ရာ သူမ၏ အကြည့်သည် အာရန်၏ အတွေးကိုပင် ဖောက်ထွင်းမြင်နိုင်သည့်အား လုံးဝစူးရှလွန်းနေခဲ့၏။
“ယောက္ခမကြီး...အာ ဆောရီး ဒေါ်လေးကို ကျွန်တော့်အနေနဲ့က ခုမှ ပထမဆုံးအကြိမ် ဆုံတွေ့ဘူးတာပါ ဒါ့ကြောင့် ဘယ်လိုပြောမလဲ နည်းနည်း စိတ်လှုပ်ရှားနေတယ်ပြောရမလားပဲ...”
အာရန်သည် သူ၏ စကားလုံးများတွင် ‘ယောက္ခမ’ ဟူသော အသုံးအနှုန်းကို တမင်ရည်ရွယ်ချက်ရှိရှိ ထည့်သွင်းခေါ်ဆိုလိုက်ခြင်းဖြစ်ကာ သူမ၏ တုံ့ပြန်မှုကို သိရှိနိုင်ရန် အနည်းငယ် စွန့်စားမှုပြုလုပ်ရင်း ပြန်ပြောလိုက်လေသည်။
“ဒေါလေးကို မြင်တွေ့ပြီးမှပဲ အယ်လီနာရဲ့ အလှတွေက ဘယ်ကနေ အမွေဆက်ခံလာတယ်ဆိုတာကို ကျွန်တော် နားလည်သွားခဲ့တယ်”
“ခွေးကောင်လေး မင်းက ငါ့ကို ရုပ်ဆိုးတယ်လို့ ပြောချင်နေတာလား”
လိုက်ဆန်ဒါသည် အာရန်အားဆူငေါက်လိုက်သော်လည်း သူ၏ နှုတ်ခမ်းတွင်မူ ပြုံးနေဆဲပင်။
“အဲ့လို လုံးဝ မဟုတ်ပါဘူး ယောက္ခထီးကလည်း ယောင်္ကျားပီသပြီး အရမ်းခန့်ညားလွန်းပါတယ်။ ခုက ယောက္ခထီးသာ မိတ်ဆက်မပေးခဲ့ဘူးဆိုရင် ဒေါလေးကိုဟို အယ်လီနာနဲ့ ညီအမတွေလို့တောင် ထင်မိမှာအမှန်ပဲလို့ အဲ့ဒါကိုပြောချင်တာပါ”
အမျိုးသမီးတိုင်းသည် ၎င်းတို့အား ချီးမွမ်းခြင်းကို နှစ်သက်ကြလေသည်။
ထို့ကြောင့် သူသည် ဤကဲ့သို့ ထုတ်ဖော်ချီးမွမ်းခန်းဖွင့်ရန် ကျိုးစားလိုက်ခြင်း ဖြစ်လေ၏။
“တကယ်တော့ ဦးလေးနဲ့ ဒေါလေး နှစ်ယောက်စလုံးက တကယ့်ကို ကောင်းကင်ဘုံက လက်ဆက်ပေးထားတဲ့ စုံတွဲတစ်တွဲလိုပါပဲ အရမ်းလိုက်ဖက်လွန်းတယ်”
အာရန်သည် လိုက်ဆန်ဒါကိုလည်း ထည့်၍ ချီးမွန်းလိုက်ရကာ လိုက်ဆန်ဒါ၏ ဇနီးသည်အား သူ့အနေနှင့် မြူဆွယ်သလိုဖြစ်သွားမည်စိုးသဖြင်း ထိုသို့ မဟုတ်ကြောင်း ရှင်းလင်းစွာ ပြောပြရန်လည်း မမေ့လျော့ခဲ့ပေ။
ထိုသို့ ချီးမွမ်းခန်းများဖွင့်နေစဉ်မှာပင် အာရန်သည် ထိုအမျိုးသမီး၏ အသေးငယ်ဆုံး တုံ့ပြန်မှုလေးများကိုပင် သတိထား စောင့်ကြည့်နေခဲ့မိသည်။
သို့သော် ကံမကောင်းစွာဖြင့် မည်သည့်အရာကိုမျှ သူ့အနေနှင့် သတိမထားမိခဲ့ချေ။ သူမသည် တိတ်ဆိတ်လျက်ရှိပြီး မည်သည့်တုံ့ပြန်မှု တစ်ခုတစ်လေမျှ မပြသခဲ့ပေ။
အာရန်သည် သူ အမှားတစ်ခုခုများ လုပ်မိလိုက်သလားဟု စတင် တွေးတောမိလာသည်။
“သူ ပြောတာကို ရှင် ကြားလိုက်တယ်နော်”
အမျိုးသမီးသည် သူမ ခင်ပွန်းဖြစ်သူဘက်သို့ ပြန်လှည့်ကာ ပြောလိုက်သည်။
“သူက ကျွန်မကို ယောက္ခမကြီးလို့ ခေါ်တာ ရှင်လဲ ကြားလိုက်တယ်မလား”
သူမ၏ နှုတ်ခမ်းထောင့်များသည် ဖြည်းညင်းစွာ အပေါ်ဘက်သို့ ကွေးတက်လာခဲ့၏။
အမှန်တကယ်တွင် ထိုစကားများသည် သူမအတွက် အလွန် နားဝင်ချိုလွန်းနေခဲ့သည်။
သူမ၏ သမီးသည် နောက်ဆုံး၌ ဘဝလက်တွဲဖော်တစ်ဦးကို ရှာတွေ့ကာ ထိုလူငယ်က သူမအား ယောက္ခမဟုခေါ်ဟု ခေါ်လာမည့်အချိန်ကို အကြိမ်ပေါင်းများစွာ စိတ်ကူးယဉ်ခဲ့ဖူးလေသည်။
ယခု သူမ၏စိတ်ကူးထဲမှအရာတစ်ခု အမှန်တကယ် ဖြစ်လာသည်ကို မြင်တွေ့လိုက်ရသောအခါ လုံးဝမယုံနိုင်အောင်ပင် အံ့သြဝမ်းသာသွားခဲ့ရလေသည်။
အာရန်သည် သူ၏ ချီးမွမ်းစကားများမှာ သူမအပေါ် ဤမျှအထိ သက်ရောက်မှု ရှိသွားလိမ့်မည်ဟု အမှန်တကယ်ပင် မမျှော်လင့်မိခဲ့ချေ။
အာရန်သည် သူ၏ ရင်တွင်းခံစားချက်များကိုမူ မျက်နှာပေါ်တွင် မဖော်ပြခဲ့ပေ။
သို့သော် အတွင်းစိတ်၌မူ ဤ စွမ်းအားကြီးမားသော စုံတွဲ၏ လွန်စွာရိုးရှင်းသော ပြုမူနေထိုင်ပုံများအား မြင်တွေ့လိုက်ရခြင်းကြောင့် အတော်လေး အံ့အားသင့်ခဲ့ရသည်။
၎င်းတို့သည် သူတို့၏ သမီးအား လွန်စွာချစ်မြတ်နိုးနေကြဟန်ရကာ သူမ၏ အနာဂတ်အတွက်လည်း အချိန်အတော်ကြာ စိုးရိမ်နေခဲ့ကြပုံလည်း ရလေသည်။
အကယ်၍ အာရန်သည်သာ ပထမမူလကြယ်အကြောင်း အတိုင်းအတာတစ်ခုအထိ ကောင်းကောင်း မသိထားပါက ၎င်းတို့နှစ်ဦးအား အနည်းငယ် ရူးသွပ်နေသူများဟု ထင်မိခဲ့ပေလိမ့်မည်။
သို့သော်လည်း ထိုဖြစ်နိုင်ခြေကို သူ့အနေနှင့် လုံးဝ ပယ်ချ၍မူ မရသေးချေ။
“ကြည့်ပါဦး သူက အရမ်းလိမ္မာတာပဲ။ သူ ကျွန်မကို ချီးမွမ်းနေတာ ရှင် ကြားတယ်မဟုတ်လား။ ရှင်လည်း သူ့ဆီကနေ သင်ယူသင့်တယ်နော်”
သူမသည် ခင်ပွန်းဖြစ်သူအား အနည်းငယ် မကျေနပ်ဟန်ဖြင့် ပြောလိုက်သည်။
ထို့နောက် ထိုအမျိုးသမီးသည် ခင်ပွန်းသည်၏ အဖြေကိုပင် မစောင့်တော့ဘဲ အာရန်ဘက်သို့ ပြန်လှည့်လိုက်သည်။
“င့ါရဲ့ ချစ်သမက်လေးရေ မင်း ငါ့သမီးရဲ့ လက်ကို စောစောက ကိုင်ထားခဲ့တယ် မဟုတ်လား။ မင်းတို့ နှစ်ယောက် အချင်းချင်း ဘာညာ ပြီးသွားကြပြီမလား။ ပြီးတော့ ဘယ်အချိန်လောက် မင်္ဂလာပွဲ စီစဉ်ပေးရမလဲ”
“ဟိုလေ...ကျွန်တော် အယ်လီနာ့ကို စတွေ့ကတည်းက မြင်မြင်ချင်း ချစ်မိသွားခဲ့တာပါ။ ဒါပေမဲ့ အယ်လီနာက ကျွန်တော့်ကို လက်ခံချင်လာနိုင်အောင် ကျွန်တော့်ရဲ့ ရိုးသားမှုကို ပြသဖို့ ကြိုးစားနေတုံးအဆင့်မှာပဲ ရှိပါသေးတယ်”
အာရန်သည် အနာဂတ် မင်္ဂလာပွဲအတွက် အဆင်သင့် ဖြစ်နေပြီဟု မပြောလိုခဲ့သလို ၎င်းတို့အား အတုအယောင် မျှော်လင့်ချက်များကိုလည်း မပေးလိုခဲ့ပေ။
သို့သော် သူ့အနေနှင့် လွန်စွာ နောက်ကျသွားခဲ့ပြီဖြစ်၏။
အကယ်၍ သူသည်သာ မပြတ်မသား ဝိုးတဝါး အဖြေများကိုသာ ဆက်လက်ပေးနေခဲ့မည်ဆိုပါက ထိုအမျိုးသမီး မည်သို့ ပြောင်းလဲသွားမည်ကို သူ့အနေနှင့် ခန့်မှန်း၍ မရနိုင်ခဲ့ပေ။