← Chapters

အလင်းအောက်မှ ဖုံးကွယ်ထားသော အမှောင်ခြမ်း

Vol. 43 Ch. 621

အလင်းအောက်မှ ဖုံးကွယ်ထားသော အမှောင်ခြမ်း

Vol. 43 Ch. 621

“င့ါသမီးက ဘာလို့ လက်မခံရမှာလဲ။ မင်းတို့ နှစ်ယောက် အတူတူ လမ်းလျှောက်လာတာကို မြင်ရုံနဲ့တင် မင်းတို့နှစ်ယောက်ရဲ့ အနာဂတ်ကို ငါ ကြိုမြင်နေရပြီ”

သူမသည် အာရန်၏ ဦးခေါင်းကို သူမ၏ သားအရင်းသဖွယ် ပွတ်သပ်ပေးလိုက်သည်။

“ဒါနဲ့ မင်း ညစာကော စားပြီးပြီလား”

ယခုမှသာ သူမသည် သူတို့ စံအိမ်အပြင်၌ ရပ်နေကြဆဲဖြစ်သည်ကို သတိပြုမိလိုက်ကာ ရုတ်တရက် မေးလိုက်ခြင်းဖြစ်သည်။

သူမသည် စိတ်လှုပ်ရှားလွန်းနေသဖြင့် အာရန်အား စံအိမ်အတွင်းသို့ပင် ဝင်ရောက်ခွင့်မပြုမိခဲ့ချေ။

“ကျွ...ကျွန်တော်”

အာရန်သည် ဗိုက်မဆာသေးဟု ပြန်ပြောပြရန် ပြင်လိုက်သည်။

သို့သော် သူ စကားမစမီမှာပင် လိုက်ဆန်ဒါ၏ အတွေးဖြင့်ဆက်သွယ်ချက်တစ်ခု သူ၏ ခေါင်းထဲသို့ ဝင်ရောက်လာခဲ့၏။

‘မင်း မငြင်းလိုက်နဲ့နော်’

“ဟုတ် ကျွန်တော် ဘာမှ မစားရသေးပါဘူး။”

အာရန်သည် သတိပေးချက်ကို အလေးအနက် မှတ်ယူလိုက်ကာ သူ၏ဗိုက်ကို ပွတ်သပ်ရင်း ဆာလောင်နေကြောင်း ပြသလိုက်၏။

ထို့နောက် အာရန်သည် လိုက်ဆန်ဒါဘေးမှ ကပ်၍ လိုက်ပါရင်း စံအိမ်အတွင်းသို့ ထိုအမျိုးသမီးနှင့်အတူ ဝင်ရောက်သွားခဲ့သည်။

သူသည် ထိုအမျိုးသမီးနှင့် စက္ကန့်အနည်းငယ်မျှသာ စကားပြောရသေးသော်လည်း အလွန် ပင်ပန်းနွမ်းနယ်ခဲ့ရသည်။

လိုက်ဆန်ဒါတစ်ယောက် သူမအား မည်သို့ ပိုးပန်းခဲ့ရမည်ဖြစ်ကြောင်း အာရန်တစ်ယောက် စိတ်ကူးကြည့်လိုက်မိသည်။

ဤနေရာတွင် တစ်ခုသေချာသည်မှာ ၎င်းတို့နှစ်ဦးသည် တစ်ဦးကိုတစ်ဦး အမှန်တကယ် ချစ်မြတ်နိုးနေကြခြင်းပင်။

ထပ်လောင်းပြောရလျှင် အာရန် မြင်ဖူးသမျှ စုံတွဲထဲတွင် ဤစုံတွဲသည် လိုက်လျောညီထွေအဖြစ်ဆုံး အချင်းချင်းနားလည်မှုအရှိဆုံး စုံတွဲတစ်တွဲဟုပင် ပြော၍ ရလေသည်။

“ဒေါ်လေးဟို ကျွန်တော် တစ်ခုလောက် မေးလို့ရမလား” အာရန်သည် လမ်းလျှောက်နေရာမှ တစ်စုံတစ်ခုကို မေးမြန်းရန်ပြင်လိုက်သည်။

“မြေးလေး ဖြစ်ဖြစ် မြေးမလေး ဖြစ်ဖြစ် ဘာဖြစ်ဖြစ် ငါအတွက် အဆင်ပြေတယ် အဲ့အတွက်တော့စိတ်မပူနဲ့”

ထိုအမျိုးသမီးသည် အာရန်၏ မေးခွန်းကိုပင် မစောင့်တောဘဲ ပြန်ဖြေ‌ပေးလိုက်သည်။

ထိုကဲ့သို့ ဒဲ့ဒိုး ဆန်ဆန် အဖြေတစ်ခုကို ကြားလိုက်ရသဖြင့် ယောင်္ကျားလေးဖြစ်သည့် အာရန်ကိုယ်တိုင်သည်ပင် ခေါင်းနပမ်းကြီးသွားခဲ့ရသည်။

“အဟွတ်.. အဲ့ဒါပြောမလို့ မဟုတ်ပါဘူး။ ကျွန်တော် အယ်လီနာရှေ့မှာ ဟို ဒေါ်လေးကို ဘယ်လို ခေါ်ဝေါ်ရမလဲလို့ မေးချင်လို့ပါ။ဒေါလေးလို့ပဲခေါ်ရမှာလား”

“ဪ ဟုတ်သားပဲ။ နာမည်တောင်မိတ်မဆက်ရသေးဘူး ငါ့နာမည်က ထရီဆာ။ မင်း ငါ့ကို အမထရီဆာလို့ ခေါ်ရင်လည်း ငါ စိတ်မဆိုးပါဘူး။ အမ် ဒါပေမဲ့ ဒါက ငါ့သမီး မျက်လုံးထဲမှာ နဲနဲ ရှုပ်ထွေးသွားစေနိုင်တယ်။ ဒါကြောင့် အင်.... ထားလိုက်ပါ မင်း ငါ့ကို ခုခေါ်သလို ဒေါ်လေးလို့ပဲ ဆက်ခေါ်ပါ”

အာရန်သည် ထိုထရီဆာဆိုသူ အမျိုးသမီးမှာ အနည်းငယ် ကလေးဆန်နေပုံရသည်ဟု ထင်ရသော်လည်း ၎င်းက သူမအတွက် အရေးပါသည်ဟု ယူဆထားသော လူနည်းစု‌ရှေ့တွင်သာ ထုတ်ပြတတ်သည့် အမူအရာမျိုး ဖြစ်ကြောင်း ခံစားမိနေဆဲပင်။

အာရန်သည် သူမ၏ အခြားအမှောင်ဘက်ခြမ်းကိုမူ လုံးဝ မြင်တွေ့လိုခြင်းမရှိချေ။

“ကျွန်တော့်မှာ နောက်ထပ် မေးခွန်းတစ်ခု ရှိပါသေးတယ်။ မေးခွန်းဆိုတာထက် ကျွန်တော့်ရဲ့ စူးစမ်းလိုစိတ်လို့ ပြောရင်ပိုမှန်လိမ့်မယ်။ ဟိုလေ ဒေါလေးတို့ နှစ်ယောက်စလုံး သမီးကို ဟိုမိန်းကလေးနဲ့ ရင်းနှီးသွားမှာကို စိုးရိမ်နေကြပုံပဲ။ အဲ့ဒီမှာ ကျွန်တော်သိချင်တာက ဒီငရဲဘုံမှာ ဒေါလေးတို့ နှစ်ယောက်စလုံးက ဘယ်သူ့ကိုမဆို အလွယ်တကူ ဖယ်ရှားပစ်နိုင်တဲ့ အဆင့်မျိုးမှာ ရှိနေကြတဲ့သူတွေမဟုတ်လား။ ဒါဆို သူမကိုကျတော့ အဲ့လိုဘာလို့ မလုပ်ခဲ့ကြတာလဲ”

၎င်းတို့နှစ်ဦးအား ထပ်မံ၍ နားလည်မှုလွဲမှားမည်ကို မလိုလားသောကြောင့် အာရန်မှ ထပ်မံ ရှင်းပြလိုက်သည်။

“ကျွန်တော် ဆိုလိုတာက ကျွန်တော့် အရင် ကမ္ဘာမြေမှာတော့ ဒီလိုလုပ်ရပ်မျိုးကို ဥပဒေဆိုတဲ့အရာတွေနဲ့ ထိမ်းချုပ်ထာတာမျိုးရှိကြပေမဲ့ ဒီငရဲဘုံမှာကျ ဒီလို ခြိမ်းခြောက်မှုတွေကို ဖယ်ရှားပစ်တာဟာ သာမန်ဖြစ်ရိုးဖြစ်စဥ်တစ်ခုလို့ပဲ မြင်တယ်။ ဒါ့ကြောင့် ဘာလို့ အဲ့ဒီလို မလုပ်ရလဲဆိုတဲ့ အကြောင်းရင်းကို အခွင့်ရှိရင်သိချင်မိပါတယ်”

“ဒါကတကယ်တော့ ငါ့ ခင်ပွန်းကြောင့်ပါပဲ”

ထရီဆာသည် သက်ပြင်း ချရင်း ပြန်ပြောလိုက်သည်။

“ဂျီနီယာရဲ့ အဖေကလည်း အရင်က မူလကြယ်တစ်ပါး ဖြစ်ခဲ့ဖူးတယ်”

လိုက်ဆန်ဒါသည် ဆက်လက်၍ ရှင်းပြလိုက်သည်။

“သူက ငါ ဒီငရဲကို ပထမဆုံးအကြိမ် စရောက်တုန်းက ငါ့အတွက် အကူအညီတွေ အများကြီးပေးခဲ့တဲ့ ငါ့ရဲ့ သူငယ်ချင်းကောင်း တစ်ဦးလည်း ဖြစ်တယ်။”

“အဲ့ဒီအတွက် င့ါမှာ သူ့အပေါ် အကြွေးအချို့ တင်နေတယ်လို့ ပြောရင်တောင်ရတယ်။ ဒါကြောင့် ငါ အဲဒီမိန်းကလေးကို မကြိုက်ဘူးဆိုရင်တောင် သတ်ပစ်ဖို့ အထိကျ လုပ်ဖို့ မဖြစ်ဘူး။ ထရီဆာကလည်း ငါ့အတွက် စဉ်းစားပေးတဲ့အနေနဲ့ သူမကိုဘာမှ မလုပ်ပဲ လွှတ်ထားပေးခဲ့တာ”

“ငါ အဲဒီမိန်းကလေးကို မောင်းထုတ်ဖို့ ကြိုးစားခဲ့ဖူးတယ်။ ဒါပေမဲ့ အကြိမ်တိုင်း ငါ့သမီးက ငါ့ကို ဆန့်ကျင်ပြီး သူ့ရဲ့ ငယ်သူငယ်ချင်းမကို ပြန်ခေါ်လာခဲ့တယ်လေ။ ဒါကြောင့် ငါ ဘာလုပ်ရမလဲဆိုတာ စဉ်းစားရင်း ဒီပရမ်းပတာအခြေအနေတစ်ခုထဲမှာ အချိန်အတော်ကြာ ပိတ်မိနေခဲ့တာပဲ။ အဲဒီအချိန်မှာ မင်း ရောက်လာခဲ့တယ်ဆိုပါတော့ ...”

“မင်းနဲ့ ခုလို တွေ့ခွင့်ရတာ တကယ်ကို မင်္ဂလာတစ်ပါးပဲ။ သိပ်မဝေးတော့တဲ့ အနာဂတ်မှာ မင်းလည်း ငါတို့ မိသားစုရဲ့ တစ်စိတ်တစ်ပိုင်း အမှန်တကယ် ဖြစ်လာလိမ့််မယ်လို့ တကယ်ကို မျှော်လင့်နေမိတယ်”

လိုက်ဆန်ဒါမှ အာရန်အား ကြည့်လိုက်သောအကြည့်တွင် အမှန်တကယ် စိတ်သက်သာရာ ရနေပုံရသည်။

အာရန်သည် ၎င်းတို့၏ စကားများတွင် ဟာကွက်ကို ရှာမတွေ့နိုင်ခဲ့သော်လည်း ၎င်းတို့နှစ်ဦးစလုံးသည် သူ့အား အကြောင်းအရာအပြည့်အစုံ ‌ပြောပြနေခြင်း မဟုတ်ဟုတော့ နားလည်မိလိုက်သည်။

၎င်းတို့နှစ်ဦးစလုံးသည် သူတို့၏ သမီး အနာဂါတ်ကို စိုးရိမ်နေကြသောကြောင့် သမက်လောင်းတစ်ဦးကို ရှာဖွေရန် အမှန်တကယ်ပင် စိတ်အားထက်သန်နေကြခြင်းလော....။

၎င်းကို မေးခွန်းထုတ်ရန် အာရန်၌ အကြောင်းပြချက် မရှိနေသော်လည်း သူ့စိတ်တွင် ပြက်ရယ်ပြုနေသည့် အတွေးတစ်ခုတော့ ရှိနေသေး၏။

လိုက်ဆန်ဒါနှင့် သူ၏ ဇနီးသည်ကို သံသယဝင်ခြင်းထက် အာရန်သည် သူ၏ ကံကြမ္မာကိုသာ သံသယဝင်နေခဲ့ခြင်းဖြစ်လေသည်။

သူ၏ ကံသည် အမှားအယွင်း တစ်စုံတစ်ရာ မရှိဘဲ ထိုမျှ အစွမ်းထက်သော ယောက္ခမများကို ရုတ်တရက် ကောက်ခါငင်ကာ ရရှိသွားသည်အထိ အမှန်တကယ်ပင် ကောင်းလွန်းနိုင်ပါ့မလား....။

အာရန်သည် ဤငရဲဘုံ‌စရောက်ကတည်းက သူ၏ ကံနိမ့်ဆင်းသွားမှုကြောင့် အကြိမ်ပေါင်းများစွာ ပြသနာများတက်ခဲ့ရလေသည်။

အရာအားလုံးက ယခုကဲ့သို့ လုံးဝအခက်အခဲမရှိ အဆင်ပြေနေပုံပေါက်နေခြင်းသည် သူ့အား ယုံကြည်ရန် ပို၍ ခက်ခဲစေခဲ့သည်။

ကံမကောင်းစွာဖြင့် အာရန်တွင် ထိုကဲ့သို့ မေးခွန်းများရှိနေခဲ့သော်လည်း ၎င်းအား အတည်ပြုနိုင်ရန် မည်သည့်နည်းလမ်းမျှ ရှိမနေခဲ့ပေ။

ယခုအချိန်တွင်မူ အာရန်သည် သူ့ကိုယ်သူ အလွန်အကျွံ တွေးတောမိခြင်းမျိုးသာ ဖြစ်ပါစေဟု ကြိတ်၍ ဆုတောင်းရန်သာ တတ်နိုင်တော့သည်။

“ဦးလေး ဟိုလေ ကျွန်တော့်မှာ အကြံပြုချင်တာလေး တစ်ခု ရှိပါတယ်။ ကျွန်တော် အယ်လီနာနဲ့ ပိုပြီး အချိန်ဖြုန်းနိုင်မယ်ဆိုရင် သူမရဲ့ နှလုံးသားကို အနိုင်ယူနိုင်ဖို့ ပိုပြီးလွယ်ကူသွားလိမ့်မယ်။ ဒါကြောင့် သူမကို ကျွန်တော့်ရဲ့ မူလ ကမ္ဘာမြေကို ခဏ အလည်ခေါ်သွားပြီး အဲ့က ပတ်ဝန်းကျင်ကို လိုက်ပြပေးမယ်ဆိုရင်ကော အဆင်ပြေနိုင်မလား....”

အာရန်သည် လိုက်ဆန်ဒါ ဖြစ်စေချင်သည့်အရာများနှင့် သူ၏ ကိုယ်ပိုင် ရည်မှန်းချက်များကို ချိန်ဆရင်း နှစ်ဦးနှစ်ဖက် အဆင်ပြေစေမည့် နည်းလမ်းတစ်ခုကို စဥ့်စားမိကာ ထိုသို့အကြံပြုလိုက်မိခြင်းဖြစ်လေသည်။

၎င်းသည် လိုက်ဆန်ဒါအား ကမ္ဘာမြေသို့ သွားရောက်ရာ ဂိတ်တံခါးပေါက်ရှိ ချိတ်စည်းကို ဖယ်ရှားစေပြီး သူ၏ ကိုယ်ခန္ဓာအား ပြန်လည် ရယူရန် ကောင်းမွန်သော အခွင့်အရေးတစ်ခုလည်း ဖြစ်လေ၏။

အနည်းဆုံးတော့ အာရန်သည် ထိုသို့ တွေးမိခဲ့သည်။

သို့သော် အာရန်၏ စကားဆုံးသည်နှင့် သေခြင်းတရား၏ အငွေ့အသက်များသည် သူ့ကိုယ်ပေါ်သို့ ရုတ်တရက်ရောက်ရှိလာသည်ဟု ခံစားလိုက်ရကာ ကြောက်မက်ဖွယ် သတ်ဖြတ်လိုစိတ်များ ပြင်းထန်နေသည့် အော်ရာသက်ရောက်မှုတစ်ခုအား ခဏတာမျှခံစားလိုက်ရသည်။

ထို သတ်ဖြတ်လိုစိတ်ပြင်းထန်နေသည့်အော်ရာသည် စက္ကန့်ပိုင်းမျှသာ ပေါ်လာခဲ့ခြင်းဖြစ်ကာ လျင်မြန်စွာပင် ပြန်လည် ပျောက်ကွယ်သွားခဲ့၏။

ထိုရည်ရွယ်ချက်သည် လိုက်ဆန်ဒါ သို့မဟုတ် ထရီဆာ နှစ်ဦးကြားရှိ တစ်ယောက်ယောက်ထံမှ ထွက်ပေါ်လာသည်မှာ သေချာလေသည်။

သို့သော် အဘယ်ကြောင့်နည်း။

ကမ္ဘာမြေနှင့်သက်ဆိုင်သည့် မည်သည့်အရာကများ ၎င်းတို့ထဲမှ တစ်ဦးဦးအား ဤမျှအထိ စိတ်လွတ်သွားစေခဲ့သနည်း။

“မင်း ဘာပြောလိုက်တယ်”

လိုက်ဆန်ဒါသည် အစောပိုင်းစကားကို သိပ်မကြားလိုက်ဟန်ဖြင့် နောက်တစ်ကြိမ်ထပ်မေးလိုက်သည်။

“ဪ ဘာမှ မဟုတ်ပါဘူး။ ပေါက်ကရအတွေးတစ်ခု ဝင်လာမိလို့ ဒီတိုင်းပြောလိုက်မိတာပါ”

အာရန်သည် ထို သတ်ဖြတ်လိုစိတ်များ ပြင်းထန်လွန်းနေသည့် အော်ရာများ ထုတ်လွှတ်လိုက်သူကို မခန့်မှန်းနိုင်သဖြင့် သူ၏ မေးခွန်းကို ပြန်လည်ရုပ်သိမ်းလိုက်ရသည်။

ဤသို့ဖြင့် အာရန်တို့ သုံးဦးသည် စံအိမ်အတွင်းရှိ စားသောက်ခန်းအတွင်းသို့ ဝင်ရောက်သွားခဲ့ကြသည်။

သို့သော် ၎င်းတို့သုံးဦးလုံးသည် စားသောက်ခန်းအတွင်းသို့ ရောက်သည်အထိ မည်သည့်စကားမျှ ထပ်မံ၍ မဆိုဖြစ်ကြတော့ပေ။

ထို့နောက် အစားအစာများ စားပွဲပေါ်သို့ ရောက်ရှိလာသည့်အချိန်ထိတိုင် ပတ်ဝန်းကျင်သည် ပုံမှန်အတိုင်း ပြန်ဖြစ်ရန် ခဏမျှ အချိန်ထပ်ယူခဲ့ရသည်။

ထရီဆာက အယ်လီနာအား လှမ်းခေါ်လိုက်သဖြင့် သူမသည်လည်း ဤနေရာသို့ မကြာမီ ပြန်လည်ရောက်ရှိလာခဲ့၏။

ဤ ညစာစားပွဲမှာမူ တိုတောင်းပြီး လျင်မြန်စွာပင် ပြီးစီးသွားခဲ့သည်။

ထို‌နောက်တွင်မူ အစောပိုင်းက မည်သည့်အရာမှ မဖြစ်ပျက်ခဲ့သကဲ့သို့ပင် စကားဝိုင်းသည် ပြန်လည်၍ အသက်ဝင်လာခဲ့၏။

ဤသည်ကား မည်သို့သော အခြေအနေမျိုး ဖြစ်သည်ကို အာရန်ကိုယ်တိုင်ပင် မခန့်မှန်းနိုင်တော့ပေ။

ထို့နောက်အာရန်သည် အစောပိုင်းက ဘာမှမဖြစ်သကဲ့သို့ အလိုက်အထိုက်နေထိုင်ရန် အတော်လေး ကျိုးစားလိုက်ရကာ ထိုခဏက ပြင်းထန်လွန်းသော သတ်ဖြတ်လိုစိတ်အား ခံစားမိခဲ့သော မှတ်ဉာဏ်များကိုလည်း ပြန်လည် ဖိနှိပ်ရန် ကြိုးစားနေရသည်။

All Chapters