အထက်ကမ္ဘာသို့ ဖိတ်ခေါ်ခံရခြင်း
Vol. 43 Ch. 623
“ဒေါ်လေးမှာ အကြောင်းပြချက်တစ်ခုခုတော့ ရှိနေလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်”
အာရန်သည် သူ၏ စကားလုံးများကို ဂရုတစိုက် ရွေးချယ်ရင်း နောက်ဆုံးတွင် တုံ့ပြန်လိုက်သည်။
အာရန်သည် အဖြေကို အမှန်တကယ် သိချင်နေသေးသော်လည်း သူ၏ ပင်ကိုယ်အသိစိတ်မှ ထိုသို့ျထပ်မံမေးမြန်းခြင်းသည် ကောင်းမွန်သော ရွေးချယ်မှု မဟုတ်ကြောင်း ရှင်းရှင်းလင်းလင်း သတိပေးလျက်ရှိ၏။
အချို့အရာများမှာ သိရန်မကျိုးစားခြင်းက ပို၍ ကောင်းလေသည်။
အထူးသဖြင့် ထိုမျှ သတ်ဖြတ်လိုစိတ် ပြင်းထန်သော အော်ရာကို ထုတ်လွှတ်ပြခဲ့သူထံမှ ဖြစ်လေ၏။
ထရီဆာသည် အာရန်၏စကားကြောင့် သဘောကျစွာရယ်မောလိုက်သည်။
“မင်းက ပါးနပ်တဲ့ကလေးပဲ။ ပါးနပ်တဲ့သူတွေက ပိုပြီး အသက်ရှည်ရှည် နေနိုင်ကြတယ်။”
“ကမ္ဘာမြေဆိုတာ မင်း ဘယ်တော့မှ သွားဖို့ မစဉ်းစားသင့်တဲ့ နေရာဆိုတာတော့ သိထားပါ။ ဒါက... တားမြစ်ထားတယ်။ လူတိုင်းအတွက်ဆိုပေမဲ့ တကယ်က မင်းအတွက်ပါ။ ဘာမဟုတ်တဲ့ကိစ္စတစ်ခုအတွက် မင်းသေဆုံးသွားမှာမျိုး ငါတကယ် အဖြစ်မခံစေချင်ဘူး”
သူမ၏ လေသံသည် အစောပိုင်း ပေါ့ပျက်ပျက်ပုံမျိုးမဟုတ်တော့ပဲ လေးနက်မှုအပြည့်ဖြင့် ပြောလိုက်ခြင်းဖြစ်လေသည်။
“ကျွန်တော် နားလည်ပါတယ်”
အာရန်သည် နားလည်ဟန်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။
အာရန်သည် မေးခွန်းများ ထပ်မံမမေးမြန်းခဲ့သော်လည်း သူ၏ စိတ်ထဲတွင်မူ အမှန်တကယ် ရှုပ်ထွေးနေခဲ့သည်။
သူမ၏ အဆိုအရ မည်သည့်အရာက သူ၏ အသက်ကို အန္တရာယ်ဖြစ်စေနိုင်မည်နည်း။
သူမသည် ကမ္ဘာမြေရှိ လူသားများ မည်မျှ အားနည်းကြောင်း သိထားပြီး ဖြစ်ပေလိမ့်မည်။
ထို့ကြောင့် သူ့ကဲ့သို့ လူတစ်ဦးအတွက် ကမ္ဘာမြေသည် အန္တရာယ်ရှိနိုင်စရာအကြောင်းမရှိပေ။
အာရန်၏ လက်ရှိအဆင့်ဖြင့်ဆိုလျှင် သူသာ အလိုရှိပါက ထိုကမ္ဘာမြေတစ်ခုလုံးကိုပင် အုပ်ချုပ်၍ ရနိုင်နေသည်မဟုတ်ပါလား...။
သို့မဟုတ် ထိုကမ္ဘာမြေတွင် လူသားများပင် သိရှိနိုင်ခြင်းမရှိသည့် ဖြစ်တည်မှုအချို့ အမှန်တကယ်ပင် တည်ရှိနေ၍လော...။
ထိုသို့သော ပုဂ္ဂိုလ်ကြီးများစောင့်ရှောက်နေသောကြောင့် အခြားစင်္ကြာဝဠာမှ စွမ်းအားကြီးမားသော ဖြစ်တည်မှုများသည် ကမ္ဘာမြေသို့ ဝင်လာရန် မစွမ်းနိုင်ကြခြင်းလော...။
သူမ၏ သတိပေးချက်က အာရန်အား နှစ်ခါ ပြန်စဉ်းစားစေခဲ့သည်။
အာရန်သည် သူ့၏ ကမ္ဘာမြေတွင် ကျန်ရစ်ခဲ့သည့် ကိုယ်ခန္ဓာ အစစ်အမှန်အား ရှာဖွေခြင်းသည် လက်ရှိတွင် အမှန်တကယ်ကောင်းမွန်သော အစီအစဉ်တစ်ခု မဟုတ်တော့မှန်း သဘောပေါက်လိုက်သည်။
၎င်းသည် သူ၏ လက်ရှိ ဘဝနှင့်ပတ်သက်သော ခြိမ်းခြောက်မှုအချို့ကို ဖယ်ရှားပစ်နိုင်ခြင်းကဲ့သို့သော အားသာချက်အချို့ရှိလာနိုင်သော်လည်း သူ၏ လက်ရှိဘဝကို အန္တရာယ်တောထဲကျရောက်စေသည်အထိတော့ ပေးဆပ်ရန် မထိုက်တန်ချေ။
“ကျွန်တော် အဲဒီစကားတွေကို သေသေခြာခြာ မှတ်သားထားပါ့မယ်”
အာရန်သည် ထရီဆာအား ကျေးဇူးတင်ကြောင်း ဖော်ပြရင်း ခေါင်းငုံ့အရိုအသေပေးလိုက်၏။
သူမသည် သူ့အား အကြောင်းစုံ ရှင်းမပြခဲ့သော်လည်း သူမ ပြောပြခဲ့သည့် အရိပ်အမြွက်အချို့ကပင် သူ့အား အချို့အရာများကို နားလည်သွားစေရန် လုံလောက်လေသည်။
“ကောင်းပြီ ဒီကိစ္စတော်လိုက်ရအောင်။ ခု အထက်ကမ္ဘာအကြောင်း ဆက်ပြောကြစို့” ထို့နောက် ထပ်ပြောသောစကားများတွင်မူ ထရီဆာ၏ လေသံသည် အစောပိုင်းကကဲ့သို့ ပြန်လည် ပေါ့ပါးသွားခဲ့သည်။
“မင်း ငါ့သမီးနဲ့ ပိုပြီး နီးစပ်ချင်တဲ့အတွက် နေရာအသစ်တစ်ခုကို ခေါ်သွားချင်တယ်လို့ စောစောက ပြောခဲ့တယ်နော်။ အဲ့ဒီနေရာသစ်က အထက်ကမ္ဘာဆိုရင်ကော မင်း ဘယ်လို ထင်လဲ”
“မင်းတို့ လည်ပတ်ဖို့ဆိုရင် အထက်ကမ္ဘာက အသင့်တော်ဆုံး နေရာတစ်ခု ဖြစ်လိမ့်မယ်လို့ မထင်မိဘူးလား။ ငါ့သမီးလည်း ခုချိန်ထိ အဲဒီကို တစ်ခါမှ မရောက်ဖူးသေးဘူး။ ပြီးတော့ အဲဒီနေရာမှာဆိုရင် ငါကိုယ်တိုင်လဲ မင်းကို ကာကွယ်မှုအချို့ ပေးနိုင်လိမ့်မယ်”
ထိုစကားကြောင့် အာရန်၏ ရင်ခုန်သံများပင် တစ်ခဏခန့် ရပ်တန့်သွားခဲ့သည်။
ထိုအမျိုးသမီးသည် အယ်လီနာနှင့်အတူ သူ့အား အထက်ကမ္ဘာသို့ သွားရောက်ရန် အကြံပြုနေသည်တဲ့လား...။
သူမသည် ၎င်းအား သူ့အတွက် ယာယီ ခရီးထွက်ခြင်းမျှသာ ဖြစ်သည်ဟု ပြောဆိုနေသော်လည်း အမှန်တကယ်မှာမူကား ကြီးမားသော အခွင့်အရေးတစ်ခုပင် ဖြစ်လေ၏။
ဤငရဲဘုံမှ လူများသည် အထက်ကမ္ဘာများသို့ သွားရောက်ခွင့်ရရန် အသေရရအရှင်ရရ ဖြစ်နေကြချိန်တွင် ထိုအမျိုးသမီးကမူ ဘာမဟုတ်သည့် သာမန်ခရီးစဥ်လေး တစ်ခုပမာ အာရန်အား ဖိတ်ခေါ်လိုက်ခြင်းဖြစ်လေသည်။
ယခုအာရန်၌ ဂိတ်တံခါးပေါက် ကျောက်တုံး ရှိနေပြီဖြစ်သောကြောင့် ထိုဖိတ်ကြားချက်သည် ယခင်ကကဲ့သို့ သူ့အတွက် အရေးမကြီးတော့သော်လည်း အမှန်တကယ် အရေးကြီးသည်မှာ ဤဖိတ်ခေါ်သူ၏ အဆင့်အတန်းပင် ဖြစ်၏။
သူ့အနေနှင့် ဂိတ်တံခါးပေါက် ကျောက်တုံးအသုံးပြု၍ အထက်ကမ္ဘာတစ်ခုခုသို့ ရောက်သွားနိုင်သည့်တိုင်အောင် မည်သည့်နေရာသို့ ရောက်သွားမည်မှန်းမသိနိုင်ပေ။
အခန့်မသင့်ပါက ထိုအထက်ကမ္ဘာရှိ ခွန်အားကြီးမားသူများလက်ထဲတွင် ကျွန်အဖြစ်ပင် ရောင်းစားခံရနိုင်ချေ ရှိနေသည် မဟုတ်ပါလား...။
ထို့ပြင် လိုက်ဆန်ဒါကြောင့်လည်း သူသည် ဤငရဲဘုံမှ ထွက်ခွာ၍ မရနိုင်သေးပေ။
သူ့အနေနှင့် အိမ်ပြန်ရန် မစွမ်းနိုင်သေးလျှင်ပင် ဤနတ်ဘုရားနယ်မြေများသို့ သွားရောက်ရမည့် ခရီးစဉ်သည် သူ့အတွက် အခွင့်အရေးကောင်းများကို ဖန်တီးပေးနိုင်လေသည်။
ထိုစဥ်မှာပင် ရုတ်တရက်....
[ရွေးချယ်မှု တစ် - ထရီဆာနှင့် အယ်လီနာတို့နှင့်အတူ အထက်ကမ္ဘာသို့ လိုက်သွားပါ။
ဆုလာဘ်: နတ်ဘုရားတစ်ပိုင်းအဆင့်၏ အစိတ်အပိုင်းတစ်ခု]
[ရွေးချယ်မှု နှစ် - အထက်ကမ္ဘာသို့ ဖိတ်ကြားချက်အား ငြင်းဆန်ပါ။
ဆုလာဘ်: ထရီဆာ၏ ရန်လိုမှု +၅၀]
....
‘ဒီတစ်ခါ ဘာလို့ ရွေးချယ်စရာ နှစ်ခုပဲ ရှိနေရတာလဲ။ ဟိုအရင်တစ်ခေါက်ကတောင် သုံးခုလောက်ရှိသေးတယ်။ ပြီးတော့ ဒုတိယ ရွေးချယ်မှုဆိုတာက ဘာကြီးလဲ။ ဒါကြီးက ထည့်ပေးထားဖို့တောင်လိုသေးလို့လား။ တကယ်က ရွေးချယ်စရာ နှစ်ခုသာပြောတယ် တစ်ခုတည်းရှိတာကို..’
စနစ်ဆီမှ ရွေးချယ်စရာများ ပေါ်မလာခဲ့လျှင်ပင် အာရန်အနေနှင့် ငြင်းပယ်ခြင်း၏ ရလဒ်သည် မည်သို့ ဖြစ်လာနိုင်မည်ကို ကြိုတင် ခန့်မှန်းပြီးသား ဖြစ်လေသည်။ ထိုရွေးချယ်စရာများက သူ၏ အတွေးများကို ပို၍ သေခြာစေခဲ့သည်။
“ဒေါ်လေးရဲ့ အကြံပြုချက်က တကယ့်ကို ကောင်းမွန်ပါတယ်။ တကယ်လို့ ဒေါ်လေးကိုသာ ဒုက္ခပေးသလို မဖြစ်ဘူးဆိုရင် ကျွန်တော်လဲ အယ်လီနာနဲ့အတူ အဲ့ဒီကို လိုက်လာချင်မိပါတယ်”
အာရန်သည် အယ်လီနာအကြောင်း ပြောသောအခါ အနည်းငယ် ရှက်ရွံ့သွားဟန်ဖြင့် သူ၏ ဦးခေါင်းကို ပြန်ကုတ်နေလိုက်သည်။
ထရီဆာသည် အာရန်၏ အပြုအမူကြောင့် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး အာရန်၏ ဦးခေါင်းအား ပုတ်ပေးလိုက်သည်။
အာရန်၏ ရှက်ရွံ့နေပုံသည် ကလေးတစ်ဦးကဲ့သို့ ချစ်စဖွယ်ကောင်းလွန်းသည်ဟု ထရီဆာတစ်ယောက် တွေးမိလိုက်၏။
“ဒီလိုဆိုရင်တော့ ကောင်းတာပေါ့။ ငါ ဒီမှာ တစ်ပတ်လောက် နေဦးမယ်။ ငါ ခင်ပွန်းဆီကနေလဲ ခွင့်ပြုချက် ယူရဦးမယ်။ ဒီရက်ပိုင်းအတွင်း ငါ့သမီးလေးအနားမှာ အဖော်ပြုပေးဖို့ ကြိုးစားပါ”
သူမသည် အာရန်၏ ဦးခေါင်းကို လွှတ်ပေးလိုက်ပြီး လှည့်ထွက်လာခဲ့သည်။
“စုံတွဲတွေကြားမှာ ဝေးကွာမိတဲ့ တစ်ရက်တာအချိန်လေးဆိုရင်တောင်မှ အခိုင်မာဆုံး နှောင်ကြိုးတွေကို ဖြတ်တောက်နိုင်တဲ့ ဓားတစ်လက်အဖြစ် ပြောင်းလဲသွားနိုင်တယ်လို့ ဆိုရိုးစကားတွေရှိထားတယ် မဟုတ်လား”
သူမသည် အာရန်အတွက် မက်ဆေ့ချ်တစ်ခု ချန်ထားခဲ့ပြီးနောက် ထိုနေရာမှ ထွက်ခွာသွားတော့သည်။
“မင်းတို့ရဲ့ အချစ်ပန်းကလေး အပြည့်အဝ ဖူးပွင့်မလာသေးခင် မညှိုးနွမ်းသွားပါစေနဲ့”
“ဟူး...”
အာရန်သည် ထိုအမျိုးသမီး ထွက်ခွာသွားရာဘက်ကို ငေးကြည့်ရင်း သက်ပြင်းတစ်ချက်ချလိုက်မိသည်။
နောက်ဆုံးတွင် အာရန်သည် သူ၏ အဆက်မပြတ်သတိထားနေမှုကို လျှော့ချလိုက်ကာ ယခုမှသာ အသက်ရှူချောင်သွားခဲ့ရသည်။
ထိုအမျိုးသမီး၏ အနီးအနားတွင် နေမိချိန်တိုင်းတွင် တစ်စုံတစ်ရာ အမှားအယွင်းပြုလုပ်မိမည် စိုး၍ အမြဲတမ်း သတိထားနေခဲ့ရသည်။
“အချစ်ပန်းမှ မဟုတ်ဘူး။ ဒီနှုန်းနဲ့ဆို ငါ ကိုယ်တိုင်တောင် ညှိုးနွမ်းသွားနိုင်တယ်” အာရန်သည် မြက်ခင်းပြင်ပေါ်တွင် ထိုင်ချလိုက်ပြီး သူ၏ စနစ်သိုလှောင်ခန်းထဲမှ ရေတစ်ဘူးကို ထုတ်ယူလိုက်သည်။
ထို့နောက် အာရန်သည် ထိုရေကို မော့သောက်လိုက်ပြီးနောက် သူ၏ ခြောက်သွေ့လုနီးပါး ဖြစ်နေသော လည်ချောင်းကို သက်သာစေခဲ့သည်။
“ငါ့ရဲ့ ချစ်လှစွာသော စနစ်လေးရေ မင်းက ငါ့ကို အထက်ကမ္ဘာ သွားစေချင်နေတယ်ပေ့ါ။ ဇာတ်လိုက်ရဲ့လန်ရဲ့ ကံကြမ္မာခန္ဓာက အထက်ကမ္ဘာမှာ ကော အလုပ်ဖြစ်နိုင်မလား။ ဒါမှမဟုတ် ဒီငရဲဘုံလိုပဲ ဆက်ပြီး ဆိုးဝါးနေဦးမှာလား ဆိုတာ အနည်းဆုံးတော့ ပြောပြပေးလို့ရမလား” ဟု အာရန်မှ မေးလိုက်သည်။
သူသည် စနစ်ထံမှ အဖြေတစ်ခုခု ပြန်ရမည်မဟုတ်ဟု ထင်ထားခဲ့သည့်အတိုင်း တကယ်လဲ မရခဲ့ပေ။
အဖြေကို အသာထားဦး။
သူ၏ ရွေးချယ်မှုမှ ရရှိမည့် ဆုလာဘ်သည်ပင်လျှင် တာဝန်အား အပြည့်အဝ မပြီးမြောက်သေးသဖြင့် မရရှိသေးပေ။
အာရန်သည် မြေပြင်ပေါ်သို့ လှဲချလိုက်ကာ နေဝင်ချိန်ကို ငေးကြည့်နေရင်း ထိုဥယျာဉ်အား သူ၏ အိပ်ရာအဖြစ် ခဏတာ သဘောထားကြည့်လိုက်၏။
ဤနေဝန်းကြီးသည် အတိတ်တုန်းက သူ၏ မိခင်ကမ္ဘာမြေကို ပြန်လည် သတိရစေခဲ့သည်။
သို့သော် ယခုအခါတွင်မူ ၎င်းက သူ၏ ဒုတိယကမ္ဘာကိုသာ ပို၍ သတိရစေသွားသည်။
အာရန်သည် သူဘယ်ရောက်နေမှန်းပင် မသိသေးသည့် မိစ္ဆာဂိုဏ်းချုပ် ဖန်းယုအား သတိရလိုက်သည်။
နစ်ခရိုမန်ဆာမျှော်စင်တွင် သူ့အား စောင့်ဆိုင်းနေကြသော သူ့အတွက် အရေးပါသူအချို့လည်း မည်သည့်အရာများ ကြုံတွေ့နေရမည်နည်းဟု စိတ်ပူမိလိုက်သည်။
“စစ်ပွဲကတော့ ပြီးဆုံးသွားလောက်ပြီထင်တယ်။ မျှော်စင်သခင်နဲ့ နစ်ခရိုမန်ဆာမျှော်စင်က အဓိက အင်အားစုအချို့ မရှိတော့ရင် အနောက်ဘက် တိုက်ကပဲ ဒီစစ်ပွဲမှာ လွယ်လွယ်ကူကူ အနိုင်ရသွားလောက်တယ်။”
ထိုစဥ် ထိုတိုက်ကြီးလေးခုရှိရာ ဒုတိယကမ္ဘာသို့ ဆက်သွယ်ထားသော ဂိတ်တံခါးပေါက် တစ်ခု ဤငရဲဘုံ၏ တစ်နေရာရာတွင် ရှိနေဦးမည်ဖြစ်ကြောင်း အမှတ်ရလိုက်သဖြင့် သူ၏ ကိုယ်ပွားသည်လည်း ဆက်လက်တည်ရှိနေဦးမည်လောဟု တွေးမိလိုက်သည်။
အာရန်သည် သူ၏ စွမ်းအင်များ ဆက်လက် တိုးတက်နေသကဲ့သို့ သူ၏ ထိုကမ္ဘာ၌ ကျန်ရစ်ခဲ့သော ကိုယ်ပွားသည်လည်း ပျေက်ကွယ်သွားခြင်းမရှိဘဲ စွမ်းအင်များ စားသုံးကာ ဆက်လက်တိုးတက်မှုများ ဖြစ်ပေါ်၍ ရှင်သန်နိုင်ပါစေဟု ဆုတောင်းမိလိုက်သည်။
“ငါ ပြန်မရောက်ခင် ငါ့ရဲ့ ချစ်လှစွာသော ကိုယ်ပွားလေး မင်းဆက်ပြီး ရှင်သန်နေရမယ်နော်။ မင်းအနေနဲ့ အရာအားလုံးကို ဆက်ပြီး ထိန်းချုပ်ထားနိုင်မယ်လို့တော့ မျှော်လင့်ရတာပဲ”