အာရန်၏ အလိုအလျှောက် တုံ့ပြန်မှု
Vol. 43 Ch. 629
“ဟုတ်တယ် သခင်မတစ်ယောက်တည်းသာ ဒီနေရာမှာ ဒါမျိုး လုပ်နိုင်ဖို့ လုံလောက်တဲ့ အသိပညာနဲ့ ခွန်အားမျိုး ပိုင်ဆိုင်ထားလို့ပါ။”
ဆေးဘက်ဆိုင်ရာ အကြီးအကဲသည် လျင်မြန်စွာ ထရပ်လိုက်ပြီး ရုပ်တုတစ်ခုအလား တောင့်တင်းသွားသော နန်းတော်သခင်မအား ဆေးလုံးကို လက်ပြောင်းပေးလိုက်၏။
ထိုကောင်လေးသည် သူမ၏ သမက်လောင်းပင် မဟုတ်ပါလား။
အထူးသဖြင့် သူမ၏ သမီးတစ်ယောက်လုံး အနီးအနားတွင် ရှိနေချိန်၌ သူမအနေဖြင့် ဤကဲ့သို့သော ကို့ရို့ကားယားနိုင်သော အရာတစ်ခုကို အဘယ်မျက်နှာဖြင့် လုပ်ဆောင်ရမည်နည်း။
သူမသည် သူမ၏ သမီးအား ထိုအရာကို သူမအစား လုပ်ဆောင်ရန် ပြောဆိုနိုင်သော်လည်း ထိုမိန်းကလေးသည် ဤမျှ စွမ်းအားပြင်းသော ဆေးလုံးတစ်လုံး၏ အဆီအနှစ်များအား ထိန်းချုပ်နိုင်မည်မဟုတ်ပေ။
ထိုအရာကပင် သူမအား အတော်လေး ဘေးကျပ်နံကျပ် ဖြစ်သွားစေခဲ့၏။
“နန်းတော်သခင်မ မြန်မြန်လုပ်ဆောင်ပေးပါ။ သူ့အနေနဲ့ ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မလဲဆိုတာ ကျွန်မအနေနဲ့တောင် သေခြာမသိနိုင်ပါဘူး”
အနီရောင်ဝတ်ရုံ ဝတ်ဆင်ထားသော အကြီးအကဲသည် ထိုနေရာတွင် ကြောင်လျက်ရပ်နေသော ထရီဆာအား သတိပေးလိုက်သည်။
ထရီဆာသည် သူမ၏ နှုတ်ခမ်းကို ခပ်တင်းတင်း ကိုက်လိုက်ပြီး အာရန်၏ တဖြည်းဖြည်း ပိုမိုဆိုးရွားလာနေသော အခြေအနေအား အကဲခတ်လိုက်၏။
ထို့နောက် သူမ၏ သမီးအား ခဏမျှ လှည့်ကြည့်လိုက်ပြီးနောက် ဆုံးဖြတ်ချက်တစ်ခု ကို အမြန်ချလိုက်ရသည်။
အာရန်တစ်ယောက် ဟင်းလင်းပြင် ဂိတ်တံခါးပေါက်အတွင်းသို့ ဝင်ရောက်ပြီးသည်နှင့် တစ်ပြိုင်နက် မည်သည့်အတွက်ကြောင့် ဤမျှ ဖြစ်ပျက်သွားခဲ့ရသည်ကို သူမအနေနှင့် နားမလည်သေးသော်လည်း လက်ရှိတွင်မူ အာရန်၏ အသက်ကို ကယ်တင်ခြင်းက သူမအတွက် ပို၍ အရေးကြီးနေသည်။
“ငါ့သမီးကို သူ့အတွက်ပြင်ထားတဲ့ အခန်းဆီ လိုက်ပို့ပေးလိုက်။ သူလဲ ခရီးရှည်ကြီး လာခဲ့ရတာ ပင်ပမ်းနေလောက်ပီ”
ထရီဆာသည် ဂိုဏ်းသူတစ်ဦးအား အမိန့်ပေးလိုက်သည်။
“ကျွန်မ မနားချင်သေးဘူး။ ကျွန်မ... သူပြန်ကောင်းလာတဲ့အချိန်အထိ စောင့်ကြည့်ချင်သေးတယ်”
အယ်လီနာသည် ထိုနေရာတွင်ဆက်လက်နေခဲ့မည်ဟု ခေါင်းမာစွာ ပြောလိုက်၏။
ထိုခံစားချက်သည် အဘယ့်ကြောင့်မှန်း သူမ မသိခဲ့ပေ။
သူမသည် အာရန်အား အတော်လေး မုန်းတီးနေခဲ့သည်မှာ မှန်သော်လည်း တစ်ချိန်တည်းမှာပင် ယခင်ရက်များအတွင်း၌ ၎င်းတို့ကြား ဖြစ်ပျက်ခဲ့သည့် အရာအားလုံးသည် သူမ၏ စိတ်ထဲတွင် စွဲထင် ကျန်ရစ်နေဆဲပင်။
သူမသည် အဘယ်ကြောင့် အာရန်အား ထိုမျှစိတ်ပူနေသည်ကို နားမလည်နိုင်ခဲ့သော်လည်း သေခြာသည်မှာ အာရန်အား ဤနေရာတွင် အန္တရာယ်ကင်းစေလိုနေခြင်းပင်။
သူမသည် အာရန်အနေဖြင့် ဤမျှ ပြင်းထန်စွာ ထိခိုက်မိထားသည့် အချိန်တွင် တစ်နေရာ၌ သွားရောက်အနားယူလိုစိတ်ရှိမနေပေ။
အခြား ဂိုဏ်းအကြီးအကဲများက သူမကို သနားဂရုဏာစိတ် ကြည့်လိုက်မိကြသည်။
သူမ၏ ဖခင် ဤမျှ အသက်ရှင်ရန် ရုန်းကန်နေရချိန်တွင် သူမသည် အတော်လေး စိုးရိမ်မကင်း ဖြစ်နေဟန်ရလေသည်။
‘သူမက အဖေကို သံယောဇဥ်ကြီးတဲ့ သမီးအလိမ္မာလေးတစ်ယောက်ပဲ’ ဟု အကြီးအကဲများမှ တွေးမိလိုက်ကြသည်။
‘သူမရဲ့ အဖေကို ဘာမှ မဖြစ်ပါစေနဲ့လို့ တကယ်ပဲ မျှော်လင့်ပါတယ်’
အကြီးအကဲများထဲမှ တစ်ဦးသည် နန်းတော်သခင်မအား လွတ်လွတ်လပ်လပ် ကုသနိုင်ရန် အယ်လီနာအား ဖြောင်းဖြရန် ကျိုးစားလိုက်သည်။
“ခုချိန် ဒီကနေ ထွက်သွားဖို့ လိုအပ်တာ သခင်မလေး တစ်ယောက်တည်း မဟုတ်ပါဘူး။ ကျွန်မတို့လည်း သွားဖို့ လိုပါတယ်။ ဒီကုသမှုကို ပိုပြီး သက်ရောက်မှု ရှိစေဖို့အတွက် အနီးအနားမှာ လူနည်းလေ ပိုကောင်းလေပဲ”
သူမသည် လိမ်ညာမှုတစ်ခုကို ဖန်တီးလိုက်ပြီးနောက် သူနှင့်အတူ လိုက်ပါ ဟန်ဆောင်ပေးရန် အခြား အကြီးအကဲများကိုပါ မျက်ရိပ်ပြလိုက်၏။
“အိုး...ဟုတ်တယ်။ ဒါကြောင့် ကျွန်မတို့လည်း သခင်မလေးနဲ့အတူ ထွက်သွားမှဖြစ်လိမ့်မယ်”
နောက်ထပ် အကြီးအကဲတစ်ဦးကလည်း ဝင်ရောက် ပြောဆိုလိုက်သည်။
“ဒါကြောင့် နန်းတော်သခင်မတစ်ဦးတည်းသာ ဒီမှာနောက်ချန်နေခဲ့ပြီး သခင်မလေးရဲ့ အ.....”
သူမသည် သူမ၏ ဝါကျကို အဆုံးမသတ်နိုင်ခင်မှာပင် အခြား အကြီးအကဲတစ်ဦးက... “တော်ပြီ အချိန် မဖြုန်းကြနဲ့တော့။ ဒီလို အရေးကြီးတဲ့ အခြေအနေမှာ အချိန်ရဲ့ တန်ဖိုးကို နင်တို့ နားမလည်ကြဘူးလား။ လာ သွားကြစို့” ဟု ဖြတ်ပြောလိုက်၏။
အယ်လီနာသည် အာရန်၏ အသက်ရှင်နိုင်ခြေအား မြှင့်တင်ပေးနိုင်မည်ဆိုသည်ကို ကြားလိုက်ရသဖြင့် သူမအနေနှင့်လည်း ထိုကုသနေချိန်တွင် အနှောက်အယှက် ဖြစ်လိုခြင်း မရှိသောကြောင့် အကြီးအကဲများနှင့်အတူ ထိုနေရာမှ ထွက်ခွာသွားခဲ့၏။
သူမသည် အခြား အကြီးအကဲများနှင့်အတူ လျင်မြန်စွာ ထွက်ခွာသွားပြီးနောက် ခန်းမဆောင်၏ တံခါးများကို ပြန်ပိတ်လိုက်ကြသည်။
ဤသို့ဖြင့် အဓိကခန်းမဆောင်အတွင်း၌ နန်းတော်သခင်မတစ်ဦးတည်းသာ ဆေးလုံးလေးတစ်ခုကို ကိုင်ထားရင်း အာရန်နှင့်အတူ ကျန်ရစ်ခဲ့၏။
“ငါ .... မသိတော့ပါဘူး”
နန်းတော်သခင်မသည် အာရန်ဘေးတွင် ထိုင်လိုက်ပြီး သူမ၏ နဖူးကို စိတ်ရှုပ်စွာဖြင့် ပြန်လည် ပွတ်သပ်လိုက်သည်။
“မင်း သတိမေ့နေပြီး ဘာမှ မမြင်နိုင်တာ ကောင်းတယ်။ မဟုတ်ရင် ငါ့အနေနဲ့ ဒီကိစ္စကြောင့် အရှက်ရလွန်းပြီး သက်သေမိလိမ့်တယ်”
သူမသည် သက်ပြင်းတစ်ချ ချလိုက်ကာ သူမ၏ လှပသော နှုတ်ခမ်းနှစ်လွှာကို ဖွင့်ဟလိုက်၏။
သူမသည် ဆေးလုံးကို လျှာပေါ်တွင် တင်လိုက်ပြီး ပါးစပ်ကို ပြန်ပိတ်ကာ ဆေးလုံးရှိ အဆီအနှစ်များကို စုပ်ယူလိုက်သည်။
သူမအနေနှင့် ထိုဆေးလုံး၏ ကုသမှုကို မလိုအပ်သဖြင့် သူမ၏ ခန္ဓာကိုယ်မှ ၎င်းဆေး၏ စွမ်းရည်များကို စုပ်ယူခြင်းမှ ကာကွယ်ရန် ဆေး၏ အဆီအနှစ်စွမ်းအင်များကို သူမ၏ လျှာပေါ်တွင်သာ ကန့်သတ်ထားလိုက်၏။
ထိုသို့ လုပ်ဆောင်ခြင်းသည် အာရန်၏ အသက်ကို ကယ်တင်ရန်အတွက် အရေးကြီးလေသည်။
သူမသည် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ကာ စိတ်ပိုင်းဆိုင်ရာများ ပြင်ဆင်ထားလိုက်ပြီး အာရန်၏ ဖြူဖပ်ဖြူရော် ဖြစ်နေသော မျက်နှာနားသို့ ကပ်သွားလိုက်သည်။
မကြာမီ သူမ၏ နှုတ်ခမ်းများသည် အာရန်၏ နှုတ်ခမ်းများနှင့် ချိတ်ဆက်သွားတော့သည်။
သူမသည် အာရန်၏ အသက်ကို ကယ်တင်ရန်အတွက် မဖြစ်မနေ လုပ်ဆောင်နေရခြင်း ဖြစ်သော်လည်း အခြားရှုဒေါင့်တစ်ခုမှ ကြည့်လျှင်မူ သူ၏ လုပ်ရပ်သည် လုံးဝ မှားယွင်းနေကြောင်း နားလည်ထား၏။
အခြား ရွေးချယ်စရာတစ်ခုခု ရှိခဲ့မည်ဆိုလျှင် သူမသည် ထိုကဲ့သို့အရာမျိုးကို ဘယ်သောအခါမှ ကြိုးစားမိလိမ့်မည်မဟုတ်ပေ။
သို့သော် ယခုမူ အခြား ရွေးချယ်စရာထပ် မရှိသဖြင့် များများစားစား စဉ်းစားနေ၍ မရတော့ချေ။
သူမ၏ နှုတ်ခမ်းများသည် အာရန်၏ နှုတ်ခမ်းများနှင့် ထိတွေ့မိသွားခဲ့သော်လည်း အာရန်သည် သတိလစ်နေခဲ့သဖြင့် ထိုအရာကို ခံစားသိရှိနိုင်မည်မဟုတ်ပေ။
သို့သော် သူမ၏ ချိုမြိန်သော ကိုယ်သင်းနံ့တစ်ခုကိုမူ အာရန်၏ ခန္ဓာကိုယ်မှ အလိုအလျောက် ခံစားမိနေဆဲပင်။
ထရီဆာသည် သူမ၏ နှုတ်ခမ်းများကို အနည်းငယ် ဖွင့်ဟလိုက်ကာ လျှာအား စတင်၍ လှုပ်ရှားတော့၏။
သူမ၏ လျှာသည် အာရန်၏ ပါးစပ်ထဲသို့ ဝင်ရောက်သွားပြီးနောက် ထိုလျှာမှတဆင့် ဆေးလုံးဆီမှ စုပ်ယူထားသော အဆီအနှစ် စွမ်းရည်များကို စတင် လွှဲပြောင်းပေးတော့သည်။
၎င်းသည် သက်ရှိများဆီမှလာသော စွမ်းအင်အဆီအနှစ်မျိုး မဟုတ်ဘဲ ဆေးဖက်ဝင် အပင်များ၏ စွမ်းအင် အဆီအနှစ်သက်သက် ဖြစ်သောကြောင့် အာရန်၏ ခန္ဓာကိုယ်သည် ၎င်းအား မခုခံတော့ဘဲ ထိုအဆီအနှစ်စွမ်းအင်များသည် သူ၏ လည်ချောင်းအတွင်းသို့ ဆက်လက်၍ ပျံ့နှံ့သွားတော့သည်။
၎င်းသည် သူ၏ နှလုံးသို့ ရောက်ရှိသွားပြီး ထိုနေရာမှ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားလေသည်။
တစ်ခုတည်းသော ပြဿနာမှာ ထိုလုပ်ငန်းစဉ်သည် လွန်စွာ နှေးကွေးနေခြင်းပင် ဖြစ်လေသည်။
၎င်းလုပ်ငန်းစဥ် မပြီးမချင်း ထရီဆာသည် အာရန်နှင့် နှုတ်ခမ်းခြင်းခွာ၍ မရသေးဘဲ အားလုံးပြီးစီးသည်အထိ စိတ်ရှည်ရှည်စောင့်ဆိုင်းရုံသာ တတ်နိုင်တော့၏။
သူမသည် အသက်ကိုပင် ဖြေးညှင်းစွာ ရှူထုတ်နေရပြီး သတိကြီးကြီးထား၍ အာရန်၏ နှုတ်ခမ်းများအား စုပ်ယူထားရလေသည်။
ယခုအချိန်တွင် သူမ၏ မျက်နှာတစ်ခုလုံးသည် လုံးဝ နီမြန်းလျက်ရှိနေခဲ့၏။
သူမအနေဖြင့် အာရန်၏ အသက်ကို ကယ်တင်ရန် အတွက်သာ ထိုသို့ လုပ်ဆောင်နေရခြင်းဖြစ်သော်လည်း ဤလုပ်ရပ်သည် သူမအတွက် အတော်လေးကို ဆိုးဝါးနေဆဲပင်။
သူမသည် တားမြစ်ထားသော အရာတစ်ခုခုကို လုပ်ဆောင်နေခြင်းဖြစ်ကြောင်းနှင့် ၎င်းကို မုန်းတီးသင့်ကြောင်းလည်း နားလည်ထားလေသည်။
ဤသို့ဖြင့် မိနစ်အနည်းငယ် ကုန်လွန်သွားပြီးချိန်ထိပင် ထိုလုပ်ငန်းစဥ်သည် ဆက်လက် လုပ်ဆောင်နေရဆဲဖြစ်လေသည်။
သို့သော် သူမသည် အာရန်၏ ဘေးတွင် ထိုင်နေခြင်းမျိုး ဖြစ်သဖြင့် အချိန်ကြာလာသောအခါ သူမ၏ လည်ပင်း အနေအထားသည် သူမအား အနည်းငယ် မသက်မသာ ဖြစ်လာစေခဲ့သည်။
အနည်းငယ် နေရထိုင်ရ ပိုမို ကောင်းမွန်လာစေရန်အတွက် သူမသည် ခန္ဓာကိုယ်၏ ကျန်အစိတ်အပိုင်းအချို့ကို အာရန်နှင့် လိုက်လျောညီထွေဖြစ်စေရန် ပိုမို၍ နီးကပ်စေလိုက်ရသည်။
....
ဤသို့ဖြင့် နောက်ထပ် မိနစ်အနည်းငယ် ကြာသွားသောအခါ တစ်စုံတစ်ရာကို ခံစားမိလိုက်သဖြင့် ထရီဆာ၏ မျက်လုံးများ ရုတ်တရက် ပွင့်လာခဲ့ရသည်။
အာရန်သည် သတိမေ့နေဆဲ ဖြစ်သည်ကို သူမအနေနှင့် သေချာနေခဲ့သော်လည်း သူ၏ ခန္ဓာကိုယ်သည် မမျှော်လင့်သော နည်းလမ်းအချို့ဖြင့် သူမအား တုံ့ပြန်မှုအချို့ ပြုလုပ်လာခဲ့သည်။
၎င်းက ထိုကုသဆေးမှာ ကောင်းစွာအလုပ်ဖြစ်သည်ဟု ဆိုလိုခြင်းဖြစ်သဖြင့် ထရီဆာ တစ်ယောက် အနည်းငယ် စိတ်သက်သာရာရသွားခဲ့၏။
တစ်ချိန်တည်းမှာပင် အာရန်၏ အောက်ပိုင်းရှိ အနည်းငယ် ဖုထွက်လာနေသော တစ်စုံတစ်ခုကြောင့် သူမ၏ မျက်နှာတစ်ခုလုံးသည် ပိုမို၍ပင် ရဲတွတ်သွားခဲ့ရသည်။