ကမ္ဘာပေါ်မှာ အရယ်ရဆုံးဟာသ
Vol. 43 Ch. 631
ဆန်နီဟာ..ရပ်တန့်နေခဲ့ပြီး..ဘာဆက်လုပ်ရမလဲ ဆိုတာကို မသေမချာ ဖြစ်နေခဲ့တယ်..။
‘ဘာလုပ်ရမလဲ…ဘာလုပ်ရမလဲ..’
ဆိုဗန်နဲ့ တွေ့ပြီးနောက်မှာတော့..သူက ဘုရင့်နိုင်ငံတော်မှာရှိတဲ့ အင်းအားကြီး ပုဂ္ဂိုလ်တွေနဲ့ ထပ်မံတွေ့ဆုံဖို့အတွက်ကို တွန့်ဆုတ်နေခဲ့ပါပြီ..။ပြီးတော့ သံသယ ဖြစ်စရာမလိုလောက်အောင် ပဲ နိုတစ်က အတော်လေးကို အားကောင်းတဲ့ လူတစ်ယောက်ပါ..။အမှန်တော့..ဆန်နီဟာ..သူ့ကို ဆွဲဆောင်မူရှိတဲ့ အပြုံးတွေနဲ့ ကြည့်နေတဲ့ လူငယ်လေးက..အကျဉ်းကျနေတဲ့ ဒဲလ်မွန်ကို စောင့်ကြပ်ရတဲ့ အင်မော်တယ် သံခြေကျင်း ခုနှစ်ခုထဲက တစ်ခုဖြစ်တယ် ဆိုတာကို သေချာပြောနိုင်ပါတယ်..။အရှေ့ဘက် ရဲ့ ဆန်းကျယ်တဲ့ အရှင်သခင်..။
အထွတ်အထိပ်အဆင့် တွေ ပိုင်ဆိုင်ထားတဲ့ စွမ်းအားတေွကို ထည့်မတွက်ဘူးဆိုရင်တော့..နိုတစ်ရဲ့ တောက်ပပြီး လွတ်လပ်တဲ့မျက်လုံးတွေရဲ့နောက်ကွယ်မှာ..ကြောက်မက်ဖွယ်စွမ်းအားတွေ ပုန်းအောင်နေတယ်ဆိုတာကို အလွယ်တကူပြောနိုင်ပါတယ်..။
ထပ်ပြောရရင်..ချိန်းကျွန်းစုရဲ့ အရှေ့ဘက်မှာ ရှိနေတဲ့ ခံတပ်အမည်ကိုလည်း နိုတစ် မြင့်မြတ်နယ်မြေလို့ အမည်သတ်မှတ်ထားခဲ့တာပါ..။အဲဒီနေရာကို အုပ်ချုပ်နေတဲ့လူက ဘယ်သူများ ဖြစ်နိုင်ဦးမှာလဲ..။လှပတဲ့ သဘော်ပျံကို ဘယ်သူက ပိုင်ဆိုင်ပြီး..သူတို့ရဲ့ လှပတဲ့ ပုံရိပ်တွေကို ဘယ်သူကများ..ဆန်းကျယ်တဲ့ ဒဂ်ါးပြားပေါ်မှာ ထွင်းထုနိုင်စွမ်းရှိမှာလဲ..။
ဒီတော့..နိုတစ်ရဲ့ ပုံစံက အတော်လေး ရင်းနှီးဖော်ရွေပြီး ခြိမ်းခြောက်မူမရှိတဲ့ ပုံစံ ဖြစ်နေပေမယ့်လည်း ဆန်နီ အနေနဲ့ သူနဲ့ တွေ့ချင်းစိတ်မရှိပေ..။အမှန်တော့..သူဒီလို ဖော်ရွေနေတာကိုက သူ့ကို ပိုပြီး ကြောက်ရွံ့စေပါတယ်..။
ဒါပေမဲ့..
သူ့မှာ ရွေးချယ်စရာ ရှိသေးလို့လား..။ဆန်နီရဲ့ လက်ရှိအခြေအနေက..သူတော်စင်တစ်ယောက်ရဲ့ လက်ကနေ ထွက်ပြေးနိုင်လောက်တဲ့ အနေအထားမှာ ရှိမနေခဲ့ပေ..။ပျက်ပြားခြင်းအဆင့် သတ္တဝါတောင် ထွက်ပြေးရလောက်တဲ့ အင်မော်တယ် မှော်ပညာရှင်ရဲံ လက်ကနေဆိုရင် ပြောနေစရာတောင် မလိုတော့ပါဘူး..။
သူ တစ်ခနလောက် တွေဝေနေပြီးနောက်မှာတော့..သက်ပြီးချလိုက်ပြီး မတ်တတ်ထရပ်ကာ..မီးပုံဆီကို ဦးတည်သွားလိုက်ပါတယ်..။ဒါကို သတိထားမိသွားတဲ့ နိုတစ် ဟာ..ကျေနပ်တဲ့အမူအရာနဲ့ လေချွန်လိုက်ပြီး..သူ့ရဲ့လက်ကို အနည်းငယ်လှုပ်လိုက်တယ်..။
ချင်ချင်းဆိုသလိုပဲ..မြက်ခင်းပေါ်မှာ ရေစက်လေးတွေဟာ..လေပေါ်ကို ပျံတက်လာကြပြီး ရေးစီးကြောင်း အသွင်ပြောင်းလဲကာ..သူ့ခန္တာကိုယ်ပေါ်က..ခြောက်ေသွေ့နေတဲ့ သွေးတွေကို ဆေးကြောပေးလိုက်ပါတယ်..။ပိုးချည် ခြုံထည်တစ်ခုက မြေကြီးပေါ်ကနေ မြောက်တက်လာခဲ့ပြီး သူ့ရဲံ ခန္တာကိုယ်ပေါ်ကို ရစ်ပတ်သွားခဲ့တယ်..။စိန်နဲ့ပြုလုပ်ထားတဲ့ တံစဉ်တစ်ချောင်းဟာ..အသံမြည်ကာ လေထဲကို မြောက်တက်လာခဲ့ပြီး..မှော်ဆရာရဲံ့ ခါးပတ်မှာ သွားချိတ်နေခဲ့တယ်..။
ဆန်နီဟာ..သူ့ရဲ့ ရင်ဘတ်က နာကျင်နေသေးသည့် နိုင်အောင် ဆက်လက် လမ်းလျောက်နေခဲ့တယ်..။သူ့ရှေ့မှာ ဖြစ်ပျက်နေတဲ့ အရာတွေကို ကြည့်နေရဲ့ မျက်နှာပျက်နေခဲ့ပါတယ်..။
‘ချီးတဲ့မှပဲ…ငါကျတော့ ဘာလို့ အဲလို ပြကွက်လေးတွေကို မလုပ်နိုင်သေးတာလဲ..။ဒီလိုလုပ်နိုင်ရင် ဘဝက အတော်လေးကို လွယ်ကူသွားမှာ..’
နောက်ဆုံးမှာတော့..သုန်မုန်နေတဲ့ အရိပ်ရဲ့ အကြည့်အောက်မှာပဲ..သူက အလင်းရောက် ရောက်ရှိနေတဲ့ စက်ဝန်းထဲကို ဝင်ရောက်သွားခဲ့ပါတယ်..။သူတော်စင်က သူ့ကို ကြည့်လိုက်တဲ့ အချိန်မှာတော့..သူ အကူညီ မဲ့စွာပဲ တုန်ရီသွားခဲ့တယ်..။မင်းကို လက်တစ်ချောင်းနဲ့တင် သတ်လိုက်နိုင်တဲ့ လူတစ်ယောက်ရဲ့ ရှေ့မှာ တည်ငြိမ်အောင် နေဖို့ ဆိုတာက အတော်ကို ခက်ခဲတဲ့ အရာတစ်ခုပါပဲ..။
…အမှန်တော့ အခြေအနေ တစ်ခုလုံးက အတော်လေးကို ရယ်စရာကောင်းနေခဲ့တယ်..။နိုတစ်က တောက်ပြောင်တဲ့ ပိုးခြည်တွေကို ဝတ်ဆင်ထားတဲ့ ချစ်စဖွယ်လူငယ်လေးတစ်ယောက်နဲ့ တူနေခဲ့ပါတယ်..။သူ့မျက်နှာက မိန်းကလေးတစ်ယောက်လို လှပပြီး..ရုပ်ပိုင်းဆိုင်ရာ ခန္တာကိုယ်ကလည်း တစ်ခါမှ ကြမ်းကြမ်းတမ်းတမ်း မလုပ်ခဲ့ဖူးတဲ့ လူတစ်ယောက်နဲ့ တူနေခဲ့တယ်..။သူ့ရဲ့ လက်တွေက နူးညံ့သိမ်မွေ့ကာ..ခန္တာကိုယ်တည်ဆောက်ပုံကလည်း..ပိန်လျှပြီး နူးညံ့နေတာကြောင့် အားနည်းတဲ့ လူတစ်ယောက် နီးပါးလို ဖြစ်နေခဲ့တယ်..။
တစ်ဖက်မှာတော့..ဆန်နီက..ကြောက်မက်ဖွယ်ကောင်းတဲ့ မဟူရာအကာအကွယ်ကို ဝတ်ဆင်ထားတဲ့ နတ်မိစ္ဆာတစ်ကောင်ပါ..။သူ့ရဲ့ ပုံသဏ္ဍာန်က အတော်လေးကို ခွန်းအားကောင်းတဲ့ ပုံစံဖြစ်နေခဲ့တယ်..။သူ့က ကွေးကောက်နေတဲ့ ဦးချို ၊ အားကောင်းတဲံ လက်လေးချောင်း နဲ့ များပြားလှတဲ့ အစွယ်တွေ ရှိကာ..သူ့ရဲ့ မျက်လုံးတွေက လုံးဝကို နက်မှောင်နေခဲ့ပါတယ်..။
ဒါတောင်မှ ဒီချစ်စရာကောင်းတဲ့ လူငယ်လေးကို..နတ်မိစ္ဆာကြီးက ကြောက်ရွံ့နေခဲ့ရတာပါ..။
‘…ရယ်စရာပဲ..’
နိုတစ်ဟာ.သူ့ရှေ့ကို ရောက်လာတဲ့ နတ်မိစ္ဆာကို လေ့လာလိုက်ပြီးမှ..ကြီးမားတဲ့ အပြုံးတစ်ခု ပေါ်လာခဲ့တယ်..။
“အာ..ဘယ်လောက်တဲ့ ကံကောင်းတဲ့ တွေ့ဆုံမူမျိုးလဲ..။အရိပ်တစ်ခု…ကံတရားကများ မင်းကို ငါ့ဆီပို့လွှတ်လိုက်တာလား..။ငါ တကယ်သိချင်မိတယ်..”
ဆန်နီကတော့ ငြိမ်သက်နေတုန်းပါပဲ..။
‘ကံတရားလား..။သူက ဘာကို ဆိုလိုတာလဲ..’
အဲ့အချိန်မှာတော့ မှော်ဆရာက သူ့ကို ထိုင်ဖို့အချက်ပြလိုက်တယ်..။
‘ထိုင်ပါဦး..အရိပ်ကလေး..။ကြည့်ရတာတော့ မင်းက နေသိပ်မကောင်းဘူးထင်တယ်..။ခနလောက် အနားယူပြီး ..ကိုယ့်ကိုကို နွေးထွေးအောင်လုပ်လိုက်ဦး..’
ဆန်နီ တွေဝေပြီးကာမှ..မြေကြီးပေါ်မှာ ထိုင်ချလိုက်တယ်..။သူက အထွတ်အထိပ် နဲ့ မျက်နှာချင်းဆိုင်အနေအထား ဖြစ်တဲ့ မီးပုံရဲ့ ဘေးမှာ နေရာယူလိုက်တာပါ..။သူက လူငယ်ကို ဘယ်လို ခေါ်ရမလဲ ဆိုတာကို သေချာစေဖို့အတွက် နိုတစ်ရဲ့ ဝိဉာဉ်ကို လှမ်းကြည့်လိုက်တယ်..။သူရဲ့ ရင်ဘတ်မှာ တောက်ပနေတဲ့ အမြုတေ တစ်ခုကို တွေ့မြင်လိုက်ရပါတယ်..။ဒါက အမှန်တကယ်ပဲ သူတော်စင်တစ်ယောက်ရဲ့ ဝိဉာဉ်ပါ..။
နိုတစ်က တစ်ခနလောက် တိတ်ဆိတ်နေပြီးကာမှ မေးလာခဲ့တယ်..။
“ပြောပါဦး..အရိပ်ကလေး…မင်းရဲ့နာမည်က ဘာလဲ..”
ဆန်နီ တွေဝေနေပြီးကာမှ သူ့ရဲ့ လက်တစ်ဖက်ကို ဆန့်တန်းလိုက်ပြီး..မီးပုံဘေးမှာရှီနေတဲ့ ကျောက်တုံးတွေထဲက တစ်ခုပေါ်မှာ စာသားနှစ်ခု ချရေးလိုက်ပါတယ်..။
မှော်ဆရာဟာ..မျက်ခုံးပင့်တင်သွားခဲ့ပြီး..
“ဟေး..အဲတာက..ရူးနစ် တွေလား..အာ..။တကယ်ကို လေးစားစရာပဲ…အခုတော့..ငါ့ဆရာတွန်းအားပေးခဲ့တဲ့ အတိုင်း သေချာမလေ့ကျင့်ခဲ့တာကိုတောင် ပြန်ဝမ်းနည်းမိသွားပြီ..။အဲဒီ ပျင်းစရာကောင်းတဲ့ အတုအယောင် ဆရာတွေ ..။ကောင်းပြီလေ ကြည့်လိုက်ရအောင်..။ကြယ်လား…မဟုတ်ဘူး..အဲတာက ‘ နေ ‘ ပဲဖြစ်ရမယ်..။နေ ပျောက်ဆုံးတာလား..။နေမရှိတာ… ဆန်းလပ်စ်…”
ဆန်နီ ခေါင်းညိမ့်လိုက်တဲ့အချိန်မှာတော့..နိုတစ်ဟာ..ကိုယ့်ကိုကို ဂုဏ်ယူတဲ့ အပြုံးနဲ့ကျေနပ်အားရသွားခဲ့ပါတယ်..။
“ဟား..ဒီ မျှော်လင့်ချက်ဘုရင့်နိုင်ငံတော်မှာ အမှန်တကယ်ပဲ ငါ့ထက် ဉာဏ်ပိုကောင်းတဲ့ လူ မရှိတော့ပါလား..။ကောလဟာလ တွေက တကယ်အမှန်တွေပဲ..ကောင်းပြီလေ..ဒါပေါ့ မှန်မှာပေါ့..ငါကပဲ ပုံပြင်ပြောတဲ့လူတွေကို ပိုက်ဆံပေးပြီး..ဒီကောလဟာလ တွေကို ဖြန့်ခိုင်းခဲ့တာ မဟုတ်ဘူးလား..။ဘာပဲဖြစ်ဖြစ် ဆန်းလပ်စ်...မင်းမှာတကယ်လိုက်ဖက်တဲ့ နာမည်တစ်ခု ရှိနေတာပဲ..။အရိပ်တစ်ခုနဲ့ လိုက်ဖက်နဲ့ နာမည်တစ်ခု..ငါ့ကို မေးမယ်ဆိုရင်တော့ နည်းနည်းတွေဝေစရာကောင်းပေမယ့် တကယ်ကောင်းတဲ့နာမည်ပဲ..”
ဆန်နီကတော့..သူတော်စင်ကို စိတ်ရှုပ်ထွေးတဲ့ အမူအရာနဲ့သာ ကြည့်နေခဲ့တယ်..။
‘ဘယ်လိုငရဲမျိုးလဲ…ဒီငနဲက ဒီတိုင်း စိတ်ကူးယဉ်နေတာလား..ဒါမှမဟုတ် လုံးဝကို ရူးနေတာလား..’
နိုတစ်ကတော့ ဒီလိုစိုက်ကြည့်ခံနေရတာကို ဂရုစိုက်တဲ့ပုံ မပေါ်ခဲ့ပေ..အဲဒီအစားသူက အမှန်တကယ်ကို သဘောကျနေခဲ့ပါတယ်..။သူက မဟူရာနတ်မိစ္ဆာကို ပြန်ကြည့်မိလိုက်တဲ့ အချိန်မှာတော့ သူ့မျက်နှာပေါ်က အပြုံးတွေက အေးခဲသွားခဲ့တယ်..။
သူ့မျက်လုံးတွေထဲက ပျော်ရွှင်မူတွေက ဖြည်းညှင်းစွာ ပျောက်ကွယ်သွားခဲ့ကြပါတယ်..။ဒါက သူ့ကို ထူးဆန်းပြီး..အန္တရာယ်များတဲ့ အသွင်အပြင်အဖြစ် ပြောင်းလဲသွားစေခဲ့တာပါ..။
“ဆန်းလပ်စ်…ကံတရားက ငါတို့ကို တွေ့ဆုံခွင့်ပေးခဲ့ပြီဆိုမှတော့…မင်းအနေနဲ့ ငါ့ရဲ့ ရိုးရှင်းတဲ့ မေးခွန်းကို ဖြေပေးနိုင်မလား..”
ဆန်နီဟာ..သူ့ရဲ့ ခန္တာကိုယ်တစ်လျောက်လုံးမှာ စိုးရိမ်စိတ်တွေ မြင့်တက်လာနေခဲ့ပေမယ့်..အပြုံးတစ်ခုကို ဖန်တီးလိုက်ပြီး..ဖြည်းညှင်းစွာခေါင်းညိမ့်လိုက်တယ်.။
‘ဒါက မကောင်းတော့ဘူး..လုံးဝကို မကောင်းတော့ဘူး..။ချီးတဲ့မှပဲ..ဘာလို့ ဒီနေရာက လူတိုင်းက ရူးသွပ်နေကြတာလဲ..’
နိုတစ်ဟာ..ရှေ့ကို အနည်းငယ်တိုးပြီး မေးလာခဲ့တယ်..။သူ့ရဲ့ အသံက အတော်လေးကို တည်ငြိမ်ပြီး..ရင်းနီးနေခဲ့ပါတယ်..။
“ငါ့ကို ပြောပါဦး..မင်းမှာ…ဖြစ်နိုင်တာက..မင်းရဲ့ပိုင်ဆိုင်မူထဲမှာ..အနက်ရောင်မီးတောင်ကျောက်ကနေ ပြုလုပ်ထားတဲ့ ဓားတစ်ချောင်း ရှိနေတာလား..”
ဆန်နီ ကျောချမ်းသွားခဲ့တယ်..။
‘ဘယ်လို…ဘယ်လိုလုပ် သူသိသွားတာလဲ..’
သို့ပေမယ့် သူလုပ်နိုင်တဲ့ အရာက ဘာမှရှိမနေခဲ့ပေ..။မေးခွန်းက မေးလာခဲ့ပြီး ဆိုတော့ အခုချိန်မှာ သူ့အနေနဲ့ အဖြေကို ပေးဖို့ လိုအပ်နေခဲ့ပါပြီ..။
သူက အားနည်းချက်ရဲ့ ဖိအားပေးမူကို အချိန်အတော်ကြာအောင် ငြင်းဆန်ပြီးကာမှ..အံကိုကြိတ်ပြီး ခေါင်းညိမ့်ပြလိုက်တယ်..။
အင်မော်တယ် မှော်ဆရာကတော့ ဆန်နီကို အတော်ကြာအောင် ကြည့်နေခဲ့ပါတယ်..။သူ့ရဲ့ တောက်ပတဲ့ မျက်လုံးတွေက…အပြာဖျော့ရောင် တောက်ပနေတဲ့ ရေကန်နှစ်ခုလိုပဲ..လရောင်ကို အလင်းပြန်နေခဲ့တယ်..။
ယင်းနောက် သူက ရုတ်တရက် ခေါင်းကို မော့လိုက်ပြီး အားပါးတရ ရယ်မောပါတော့တယ်..။ဒါက သူ့အနေနဲ့ ကမ္ဘာပေါ်မှာ အရယ်ရဆုံးဟာသကို ကြားလိုက်ရတဲ့ အတိုင်းပါပဲ..။နိုတစ်က အရမ်းကို အားပါးတရ ရယ်မောနေခဲ့တာကြောင့်..သူ့မျက်လုံးထဲကနေ မျက်ရည်တွေတောင် ထွက်ကျလာခဲ့တယ်..။ဒါက လရောင်အောက်မှာတော့..သလင်းကျောက်လေးတွေလိုပါပဲ..။
နောက်ဆုံးမှာတော့…သူက ပျော်ရွှင်မူကို ကျေနပ်သွားပြီး ဆန်နီကို နောက်ထပ်တစ်ကြိမ် ထပ်ကြည့်လိုက်တယ်..။သူ့ရဲ့ လွတ်လပ်တဲ့အပြုံးတွေက မျက်နှာပေါ်ကို ပြန်ရောက်လာခဲ့ပါပြီ..။
“အာ…ဆန်းလပ်စ်..ကံတရားဆိုတာက ကမ္ဘာပေါ်မှာ အရယ်ရဆုံးအရာပဲ..။မင်း အဲလို မထင်ဘူးလား..။မင်းနဲ့ငါ က…တကယ်ကိုကောင်းမွန်တဲ့ သူငယ်ချင်းတွေ ဖြစ်ကြတော့မယ်လို့..ငါ ခံစားနေရတယ်..။ဆန်းလပ်စ်..မင်း အဲတာကို ယုံကြည်လိုက်..”