← Chapters

ပျက်ဆီးနေတဲ့ နှလုံးသား..

Vol. 43 Ch. 632

ပျက်ဆီးနေတဲ့ နှလုံးသား..

Vol. 43 Ch. 632

ဆန်နီရဲ့ ပင်ပန်းနွမ်းနယ်နေတဲ့ ခန္တာကိုယ်ကြီးဟာ..ရပ်တန့်ပြီးအေးခဲသွားခဲ့တယ်..။သူ့ရဲ့ ဒေါင်လိုက်မျက်လုံးတွေက ကျဉ်းမြောင်းသွားခဲ့ပါတယ်..။ပြီးတာနဲ့ သူ့ရဲ့ အစွယ်တွေကြားထဲကနေ..လေမှုတ်သံတစ်ချို့ ထွက်ပေါ်လာခဲ့တယ်..။

‘ချီးတဲ့ မှပဲ…’

ဒီ တမူထူးခြားတဲ့ သူတော်စင်က ထူးထူးဆန်းဆန်းတွေ ပြုမူနေတယ်ဆိုပေမယ့်..သူက အရူးမဟုတ်ပါဘူး..။ဒီ မျှော်လင့်ချက် ဘုရင့်နိုင်ငံတော်မှာ..အကျဉ်းချခံထားရတဲ့ ဘုရင်မကို စောင့်ကြပ်နေကြတဲ့ အင်မော်တယ် ကြီးကြပ်သူတွေထက် ပိုပြီး အားကောင်းတဲ့ သက်ရှိဆိုတာ မရှိပေ..။

ပြီးတော့ ဒီ အင်မော်တယ် တွေအတွက် တစ်ခုတည်းသော အားနည်းချက်က..သူတို့ရဲ့ ကံတရားကို ချည်နှောင်ထားတဲ့ ဓားတွေပါပဲ..။မီးတောင်ကျောက်ဓားက ဒီ အဆုံးမရှိတဲ့ သံခြေကျင်းတွေထဲက တစ်ခုကို ဖျက်ဆီးပစ်နိုင်လောက်ပါတယ်..။ဒါက တကယ်ကို တန်ဖိုးမဖြတ်နိုင်လောက်တဲ့ ရတနာတစ်ခုပါ..။သူ့ရဲ့ တန်ဖိုးကို ယူဆကြည့်ဖို့ ဆိုရင်တော့..တိုင်းတာကြည့်နိုင်တဲ့ အရာ မရှိတာကြောင့်..သာမန်အနေအထားမှာပဲ ရှိနေမှာပါ..။

ပြီးတော့..သူ့မှာ ဒီလိုအရာရှိနေတယ် ဆိုတာကို သူ့ထက်အဆမတန် အားကောင်းတဲ့ သက်ရှိရဲ့ ရှေ့မှာ ဖော်ထုတ်ခံလိုက်ရတာပါ..။

သူ့ရဲ့ ဓားနဲ့ သတ်မှ သေနိုင်လောက်မယ့်..အင်မော်တယ်တွေထဲက တစ်ယောက်ရဲ့ ရှေ့မှာ..။

ဒီ မီးတောင်ကျောက်ဓားက..နိုတစ်အတွက်လား ဒါမှမဟုတ် တစ်ခြား ခြေကျင်းတွေထဲက တစ်ယောက်ကို ရည်ရွယ်ထားခဲ့တာလား ဆိုတာက အရေးမကြီးပါဘူး..။တကယ်လို့..ဒါက သူ့ရဲ့ ကိုယ်ပိုင်ကံတရားတွေ ပါဝင်နေမယ်ဆိုရင်..မှော်ဆရာ အနေနဲ့ ဒီအရာကို တစ်ခြားလူ ထိန်းချုပ်နိုင်မယ့် အရေးကနေ ကာကွယ်သွားမှာပါ..။တကယ်လို့ ဒီဓားမှာ တစ်ခြားတစ်ယောက်ယောက်ရဲ့ ကံတရားတွေ ပါဝင်နေမယ်ဆိုရင်တော့..သူက ကြီးကြပ်သူတွေထဲက တစ်ယောက်ကို လွှမ်းမိုးနိုင်စွမ်းရှိသွားပါလိမ့်မယ်..။

သံသယဖြစ်စရာ မလိုလောက်အောင်ပဲ နိုတစ်က..ဓားကို ယူဖို့ကြိုးစားသွားမှာပါ..။

..သို့ပေမယ့် မထင်မှတ်ထားလောက်အောင်ပဲ…မှော်ဆရာက ဘာမှတုန့်ပြန်မူ မရှိခဲ့ပေ..။

..အဲဒီအစား ဆန်နီ ရှုပ်ထွေးစွာကြည့်နေတုန်းမှာပဲ…နိုတစ်က သူ့ရဲ့ လွတ်လပ်တဲ့ အမူအရာ ပြန်ဖြစ်သွားခဲ့ကာ..သံစဉ်တစ်ခုကို လေချွန်နေခဲ့တယ်.။ယင်းနောက် သူက ရုတ်တရက် စိတ်လှုပ်ရှားစွာ လက်ခုပ်တီးလိုက်ပြီး..

“အာ..ဆန်းလပ်စ်..။ငါ မင်းနဲ့တွေ့ခွင့်ရတာ ဘယ်လောက်တောင် ကံကောင်းလိုက်လဲ..”

သူ့ အပြုံးက အနည်းငယ် မှိန်ပြသွားခဲ့တယ်..။ပြီးတော့..သူ့မျက်လုံးတွေက တစ်ခနလောက်..နက်မှောင်ပြီး ကြောက်ဖို့ ကောင်းသွားသလိုပါပဲ..။

“..ငါတို့မတွေ့ခင်တုန်းက..သိတယ်မလား..ငါက တစ်ခုခု ကို လုပ်ဖို့ ပြင်ဆင်နေခဲ့တာ..။ဒါပေမဲ့ အခုတော့ အဲလိုလုပ်ဖို့ မလိုအပ်တော့ဘူး..။နိမိတ်ဖတ်လိုက်တာက တကယ်ပဲ အလုပ်ဖြစ်သွားတာပဲ..”

သူ တစ်ခနလောက် ငြိမ်သက်နေပြီးမှ..သူ့ရဲ့ ပုံမှန် လွတ်လပ်ပေါ့ပါးတဲ့ အသွင်ကို ပြန်ရောက်သွားခဲ့ပါတယ်..။

“ဒီလို အံ့ဩစရာ အခိုက်အတန့်ဆိုတာက..ဂုဏ်ပြုပေးမှ ရမယ်ထင်တယ်..။ဟုတ်တယ်..ငါတို့ ကျိန်းသေ ဂုဏ်ပြုကြရလိမ့်မယ်..။မင်းအသက်ရှင်နေတုန်းမှာပေါ့…စိတ်မကောင်းစရာက ဒါက သိပ်ပြီး အချိန်ကြာမှာ မဟုတ်တော့ဘူး..။ဒီတော့ ရိုးရိုးရှင်းရှင်းလေးပဲ လုပ်ကြရအောင်..”

ဆန်နီ တုန်လှုပ်သွားခဲ့တယ်..။

‘ဘာလဲ..’

အဲ့အချိန်မှာတော့..လေထုက တိုက်ခတ်သွားခဲ့ပြီး..အရပ်ရှည်တဲ့ ပုံရိပ်တစ်ခုက အမှောင်ထဲကနေ ထွက်ပေါ်လာခဲ့ပါတယ်..။ဒီ သူစိမ်းက သူတို့နားကို သတိထားမခံရပဲ ရောက်လာနိုင်တဲ့အတွက် ဆန်နီ အံ့ဩသင့်သွားခဲ့တယ်..။သူက ဘာလို့ ဒီခွေးသားကို အာရုံမခံမိတာလဲ..။

ဒီပုံရိပ်က တည်ငြိမ်စွာပဲ..အလင်းရောင်ထဲကို ဝင်ရောက်လာခဲ့ကာ..သူက ယောကျ်ားတစ်ယောက် မဟုတ်ဘူး ဆိုတာကို သိစေခဲ့ပါတယ်..။အဲဒီအစား ဒါက သစ်သားကနေ ထုလုပ်ထားတဲ့ လူရုပ်တစ်ရုပ်ပါ..။သူက ခန့်ညားတဲ့ အဝတ်အစားတွေကို ဝတ်ဆင်ထားခဲ့တယ်..။ဒီအရာမှာ ရိုးရှင်းတဲ့ အသွင်အပြင်ရှိပြီး..စပျစ်သီးတွေ ၊ လတ်ဆတ်တဲ့ အသီးတွေနဲ့..လှပစွာပြင်ဆင်ထားတဲ့ ဝိုင်ခွက်တွေပါတဲ့ လင်ဗန်းတစ်ချပ်ကို ကိုင်ဆောင်ထားခဲ့ပါသေးတယ်..။

အရုပ်ဟာ..စိတ်အနှောက်ယှက်ဖြစ်စရာ ကောင်းလောက်အောင်ကို ရင်းနီးနေခဲ့တယ်..။အမှန်တော့..ဒါက သဘော်ပျက်ကျွန်းမှာ ဆန်နီ အရင်က တွေ့ခဲ့ဖူးတဲ့ ရှေးဟောင်း သဘော်သား အရုပ်တွေနဲ့ လုံးဝနီးပါးကို ဆင်တူနေခဲ့တာပါ..။အဲတုန်းကတော့ ဆန်နီနဲ့ မီးစောင့်ရှောက်သူတွေက သူတို့ကို ရှင်းလင်းခဲ့ပါတယ်..။

ထူးဆန်းတဲ့ သဘော်သား အရုပ်က လင်ဗန်းကို သူတို့ရဲ့ ရှေ့မှာ ချလိုက်ပြီး အမှောင်ထုထဲကို ပြန်ဝင်သွားခဲ့တယ်..။

နိုတစ်ပြုံးလိုက်ပြီး..ဝိုင်ခွက်တစ်ခွက်ကို လှမ်းယူလိုက်ပါတယ်..။

အဲ့အချိန်မှာတော့ ဆန်နီ ရဲ့ အတွေးတွေက ရှုပ်ထွေးနေခဲ့ပါပြီ..။

‘..အဲတာက ဘယ်လိုသောက်ကျိုးနဲမျိုးကို ဆိုလိုတာလဲ..။ငါက အချိန်အကြာကြီး အသက်မရှင်နိုင်တော့ဘူးလား..’

သူ ပါးစပ်ကို ဖွင့်လိုက်ပေမယ့် ၊ချက်ချင်းပြန်ပိတ်လိုက်ပြီး ပြာတွေပေါ်မှာ စာသားတစ်ချို့ကို ရေးချလိုက်ပါတယ်..။

“ဘာလဲ..။ဘာလို့လဲ…”

မှော်ဆရာဟာ..သူရေးထားတာတွေကို ဖတ်လိုက်ပြီး..တောင်းပန်မူ မရှိစွာပဲ ပြုံးပြလာခဲ့တယ်..။

“ငါတို့ ဘာလို့ ရိုးရိုးရှင်းရှင်း မသွားတာလဲ..။အင်း..ဒါပေါ့…မင်းလည်း စိတ်ရှုပ်နေမှာပေါ့..။သိတယ်မလား..ပုံမှန်ဆိုရင် ငါက ဒီလိုအခမ်းအနားမျိုးအတွက် ကြီးမားတဲ့ စားသောက်ပွဲကြီးကျင်းပမှာ..။ဘာပဲဖြစ်ဖြစ်..ငါက မျှော်လင့်ချက် နိုင်ငံတော် တစ်ခုလုံးမှာ ယဉ်ကျေးပျူငှာမူ အရှိဆုံး လူတစ်ယောက်ပဲလေ..။ဒါပေမဲ့ စိတ်မကောင်းစွာနဲ့..ငါတို့က ဒီလိုပုံစံနဲ့ပဲ ကျေနပ်ကြရလိမ့်မယ်..”

ဆန်နီ ဒေါသတကြီး ခေါင်းခါယမ်းလိုက်တယ်..။ပြီးတာနဲ့ စာသားတစ်ချို့ကို ထပ်ရေးပြလိုက်ပါတယ်..။

“ဆန်းလပ်…။သေမယ်..။ဘာဖြစ်လို့လဲ..”

နိုတစ်က သူ့ကို အံ့ဩစွာကြည့်လိုက်ပြီး..

“ကောင်းပြီလေ..မင်းက သေအံ့ဆဲဆဲဖြစ်နေတာ မဟုတ်ဘူးလား..။မင်းရဲ့ အဲဒီ နှလုံးသားက ပျက်ဆီးနေပြီလေ..။ဒါကြောင့်ပဲ..မင်းရဲ့ ကျန်ရှိနေတဲ့ ရက်အနည်းငယ်ကို သူအနားယူတဲ့နေရာနားမှာ ကုန်ဆုံးဖို့အတွက် ရောက်လာခဲ့တယ်လို့ ငါကထင်နေတာ..”

ဆန်နီအကြိမ်အနည်းငယ် မျက်တောင်ခတ်ပြီး သူ ကြားလိုက်ရတဲ့ အရာကို နားလည်ဖို့ကြိုးစားနေခဲ့တယ်..။

သူ့ရဲ့ ကျန်ရှိနေတဲ့ နှလုံးသားတစ်ခုက တကယ်ပဲ..ပျက်ဆီးနေပြီလား..။ဒါက ဒါက သူ အနက်ရောင်ကတ္တရာ သားရဲဆီကနေ ထွက်ပြေးတုန်းက ပေါက်ကွဲထွက်မတတ်ကို ခံစားခဲ့ရတာပါ..။ဒါက အခုထိ ကိုက်ခဲနေတုန်းပါပဲ။

ပြီးတော့ နိုတစ်က ဘယ်သူ အနားယူတဲ့နေရာကို ပြောနေတာလဲ..။မဟုတ်ဘူး..အခုချိန်မှာ ဒါက အရေးမကြီးပေ..။

သူ ပထမစာသားတွေကို ဖျက်လိုက်ပြီး နောက်ထပ်နှစ်ခု ထပ်ရေးလိုက်တယ်..။

“နှလုံးသား..။ ပျက်စီးတာလား..”

နိုတစ် မျက်မှောင်ကျုတ်လိုက်ပြီး..

“ခနလေး..မင်းက ..မင်းက တကယ်ပဲ မသေချင်ဘူးလား.။အာ…ငါက မင်းရဲ့ ဆန္ဒကို လေးစားတဲ့အနေနဲ့ ဘာမှမပြောပဲ နေနေခဲ့တာ..။တကယ်လို့ အေးအေးဆေးဆေး သေချင်တာက မင်းရဲ့ ဆန္ဒမဟုတ်ဘူးဆိုရင် ..မင်းက ဘာလို့ ဒီမှာ ငါနဲ့ စားသောက်ပြီး အချိန်ဖြုန်းနေသေးတာလဲ..။ဆန်းလပ်စ်..မင်းရူးနေပြီလား..”

ဆန်နီ သူ့ကို အချိန်အတော်ကြာအောင် ကြည့်နေခဲ့တယ်..။သူ့မျက်လုံးထဲမှာတော့‌ နောင်တတွေနဲ့ ပြည့်နေခဲ့ပါပြီ..။ယင်းနောက် သူက မြေကြီးပေါ်မှာ လက်သည်းတွေနဲ့ စာထပ်ရေးလိုက်တယ်..။

“မဟုတ်ဘူး..။မသိဘူး..။ဖြစ်နိုင်တာက..။နှလုံးသား ။ကုသတာ..”

မှော်ဆရာက ခေါင်းခါယမ်းလိုက်တယ်..။

“…မင်းက တကယ်ကို ထူးဆန်းတဲ့ အရိပ်ပဲ ဆန်းလပ်စ်..။ကောင်းပြီလေ..ပျက်ဆီးနေတဲ့ နှလုံးသားကို ပြင်ဆင်တာက လွယ်ကူတဲ့အရာတော့ မဟုတ်ဘူး..။ပြီးတော့ မင်းရဲ့နှလုံးသားက ပျက်ဆီးနေရုံတင်မဟုတ်ပဲ..နေရာပါ လွဲမှားနေခဲ့တာပဲ..။မင်းဆုံးရှုံးထားတဲ့ နှလုံးကို ပြန်ပြီး အစားမထိုးသ၍ ၊ လက်ရှိအရာကို ပြန်ပြင်ဆင်တာက အသုံးမဝင်ဘူး..။အဲတာက ထပ်ပြီ ဖြစ်နေဦးမှာပဲ..။ဒါပေမဲ့ ဒီလို စွန့်ပစ်ခံကုန်းမြေကြီးမှာ..မင်းလို အရိပ်သတ္တဝါနဲ့ သင့်တော်တဲ့ နှလုံးသားကို ဘယ်မှာများ ရှာရနိုင်ပါ့မလည်း..”

သူ သက်ပြင်းချလိုက်တယ်..။

“အရိပ်တွေရဲ့ အစေခံတွေအားလုံး သေဆုံးသွားကြပြီ..။ပြီးတော့ နှလုံးသားရဲ့ အစေခံတွေရောပဲ..။သူတို့မရှိပဲနဲ့တော့..အရိပ်နတ်မိစ္ဆာအတွက် အတော်ဆုံးသော ကုသသူတွေထဲက တစ်ယောက်ကသာ..နှလုံးအသစ်တစ်ခုကို ဖန်တီးပေးနိုင်တယ်လေ..”

နိတစ်က စိတ်ပျက်စွာ ခေါင်းကို ငုံ့ထားခဲ့တယ်..။ပြီးတဲ့နောက်မှာတော့..သူ့မျက်နှာပေါ်မှာ လှည့်စားတဲ့ အပြုံးတစ်ခု ပေါ်လာခဲ့ပါတယ်..။

“..ကံကောင်းချင်တော့..မျှော်လင့်ချက် နိုင်ငံတော်မှာ ငါက ကောင်းချီးပေးခံရပြီး ထင်ရှားတဲ့ ကုသသူတစ်ယောက်ဖြစ်နေတာပဲ..။ငါ့အတွက်တော့..နှလုံးသား အသစ်တစ်ခု ဖန်တီးတယ်ဆိုတာ လုံးဝပြသနာ မဟုတ်ဘူး..။ဒါပေမဲ့ ဆန်းလပ်စ်..ငါနဲ့မင်းက အရင်းကို ချစ်ခင်ရတဲ့ မိတ်ဆွေတွေ ဖြစ်တယ်ဆိုရင်တောင်..ဒီလိုမျိုး ကူညီမူမျိုးက..ပေါ့ပေါ့ပါးပါး ပေးလိုက်လို့ ရတဲ့အရာမျိုးမဟုတ်ဘူးလေ..။ငါတို့ရဲ့ မိတ်ဆွေဆက်ဆံရေးမှာ..အစွန်းအထင်း မဖြစ်စေချင်ဘူး..သိတယ်မလား..။ဒီတော့..မင်းလည်း ငါ့အတွက် တစ်ခုခုပြန်ုလုပ်ပေးရမယ်..။အဲတာမှ ပိုပြီး ယဉ်ကျေးမူ ရှိမှာပေါ့..။အဲလို မထင်ဘူးလား..”

ဆန်နီဟာ..သူ့အနေနဲ့ လှည့်စားခံနေရတယ်လို့ ခံစားနေခဲ့ရတယ်..။ဘာပဲဖြစ်ဖြစ်..သူကိုယ်တိုင်ကလည်း လှည့်စားတတ်တဲ့ လူတစ်ယောက်ပါ..။သို့ပေမယ့် ဒါက အရေးမကြီးပါဘူး..။သူ့ရဲ့ ကျန်ရှိနေသေးတဲ့ နှလုံးအခြေအနေနဲ့ ပတ်သက်ပြီး နိုတစ် ပြောလိုက်တဲ့ စကားကတော့ အမှန်တရားပါ..။

ဖြစ်နိုင်တာက တကယ်လို့ ဆန်နီအနေနဲ့ အနာဂတ်မှာ နှလုံးကို ထိခိုက်မူမဖြစ်အောင် ထားနိုင်ရင် ဒါကအဆင်ပြေနိုင်ပါတယ်..။ဒါပေမဲ့..အိပ်မက်ဆိုးတစ်ခုထဲမှာ..ငြိမ်းချမ်းတဲ့ ဘဝတစ်ခုကို ရဖို့ဆိုတာ ဘယ်လိုများ ဖြစ်နိုင်မှာလဲ..။

..သုည..။သူက နှလုံးသားကို ပြန်ပြုပြင်ဖို့ လိုအပ်ပါတယ်..။နှစ်ခုစလုံးဆိုရင်တော့ ပိုပြီးကောင်းမွန်မှာပါ..။အဲတာပြီးနောက်မှာမှ..သူက ခွန်အားအပြည့်နဲ့အခြေအနေကို ပြန်ရောက်မှာဖြစ်ပြီး ရှေ့မှာ စောင့်ကြိုနေတဲ့ စိန်ခေါ်မူတွေကို ရင်ဆိုင်နိုင်မှာပါ..။

ဆန်နီ သက်ပြင်းချလိုက်ပြီး…စာသားအချို့ကို ရေးလိုက်တယ်..။သူက အဖြေအတွက်ကိုတော့ သံသယ ရှိနေပြီးပါပြီ..။

‘သူက သောက်ကျိုးနဲဓားကို လိုချင်နေတာ မဟုတ်ဘူးလား..။ခွေးသား..’

“ဆန်းလပ်စ်..။ဘာလုပ်ရမှာလဲ..”

နိုတစ်သူ့ကို တစ်ခနလောက်ကြည့်ပြီး ပြုံးလိုက်တယ်..။

သို့ပေမယ့် သူနောက်ထပ် ပြောလိုက်တာက..ဆန်နီ မထင်မှတ်ထားတဲ့ စကားလုံးတွေပါ..။

မှော်ဆရာက ရုတ်တရက် လှည့်ပြီး တောင်ဘက်ကို လက်ညိုးထိုးပြလိုက်တယ်..။

“အိုး..တကယ်တော့ အဲတာက သိပ်မထူးခြားပါဘူး..။မင်းတွေ့တယ်မလား..။အဲဒီ ကျွန်းရဲ့အစွန်းမှာ စွန့်ပစ်ထားတဲ့ ခံတပ်တစ်ခုရှိတယ်..။ငါ မင်းကို လုပ်စေချင်တာက..အထဲကို ဝင်ပြီး..နေထွက်မလာခင်အချိန်အထိ အဲ့မှာ နေပေးဖို့ပဲ..။တကယ်တော့..မင်း အိပ်ပျော်နိုင်ရင် ပိုကောင်းလိမ့်မယ်..။ဒီတော့ တရေးလောက် အိပ်လိုက်တာက နှလုံးသား အသစ်နဲ့ လဲလှယ်နိုင်မယ့် သဘောပဲပေါ့..။ဒါက သိပ်တော့ မဆိုးဘူးမလား ဟုတ်တယ်ဟုတ်..။ငါဆိုလိုတာက..ဒီတိုင်း နာရီအနည်းငယ်လောက် အိပ်လိုက်..။တကယ်တော့..ဘာတွေများ ဆိုးဝါးတာ ဖြစ်လာနိုင်မှာ မို့လို့လဲ..”

…သုန်မုန်နေတဲ့ အရိပ်ကတော့ စိတ်ပျက်စွာပဲ သူ့ရဲ့ခေါင်းကို ကိုင်နေခဲ့ပါပြီ..။

All Chapters