သေဆုံးနေတဲ့ ခံတပ်..
Vol. 43 Ch. 633
ဆန်နီအတော်ကြာအောင် ငြိမ်သက်နေပြီးကာမှ..နိုတစ်ကို သုန်မုန်နေတဲ့ အမူအရာနဲ့ ကြည့်လိုက်တယ်..။နောက်ဆုံးမှာတော့..သူက လှုပ်ရှားလာခဲ့ပြီး..ရူးစ်တစ်ချို့ကို စတင်ရေးဆွဲလိုက်ပါတယ်..။သူ့ရဲ့ မဟူရာရောင် အကာအကွယ်အက်ျီရဲ့ လက်ချောင်းတွေဟာ..တိကျစွာပဲလှုပ်ရှားသွားခဲ့တယ်..။
“ခံတပ်.. အန္တရာယ်…အထဲမှာလား..”
မှော်ဆရာဟာ..ရယ်မောလိုက်ပါတယ်..။
“အန္တရာယ် ဒါပေါ့…အထဲမှာအန္တရာယ် ရှိတာပေါ့..။ဒါပေမဲ့ အရမ်းလည်း မစိုးရိမ်ပါနဲ့..။အဲတာက မင်းမကိုင်တွယ်နိုင်လောက်တဲ့ အရာတော့ မဟုတ်ဘူး..။အာ..ငါ အဲလိုထင်တာပဲ..။အဲလို ယုံကြည်ရတယ်..။ဘာပဲဖြစ်ဖြစ်..ဒီ မျှော်လင့်ချက် နိုင်ငံတစ်ခုလုံးမှာ မင်းထက်ပိုပြီး သင့်တော်တဲ့သူ မရှိဘူး..။ကျေးဇူးပါ ဆန်းလပ်…ဒီတော့…မြန်မြန်လုပ်..။အချိန်တွေက ကုန်နေပြီ..”
ဆန်နီ ဟာ..နိုတစ်က မေးခွန်းကို ရှောင်ကွင်းသွားခဲ့တာကြောင့် မျက်နှာပျက်သွားခဲ့တယ်..။သူက ဒီအရာကို လက်မလွှတ်လိုက်ချင်တဲ့ အတွက် ..စာသားတွေကို နောက်တစ်ကြိမ် လက်ညိုးထိုးပြလိုက်ပါတယ်..။
မှော်ဆရာဟာ..လွှမ်းဆွတ်တမ်းတစွာ သက်ပြင်းချလိုက်ပြီး..
“အဲတာက ငါမင်းကို မပြောချင်လို့ မဟုတ်ဘူး ဆန်းလပ်စ်..။အဲဒါက ဒီတိုင်း အသုံးမဝင်ဘူး..။ဘာပဲဖြစ်ဖြစ် မင်းက အဲတာကို မှတ်မိမှာ မဟုတ်ဘူး.။ဒါပေမဲ့ ဒီအရာက ငါတို့နှစ်ယောက်စလုံးအတွက် အကျိုးရှိလိမ့်မယ်..ငါ့ကို ယုံကြည့်လိုက်..။ဒီ ခံတပ်က ငါ့ရဲ့ သူငယ်ချင်းတစ်ယောက် ပိုင်ဆိုင်ခဲ့တာလေ..။သူက ငါ့လို မျှော်လင့်ချက်ရဲ့ အချုပ်အနှောင်တစ်ယောက်ဖြစ်ပြီး..မင်းလို အရိပ်တစ်ခုဆိုရင်လည်း ဟုတ်တယ်..။ကံတရားက ငါတို့နှစ်ယောက်ကို အတူတူ တွေ့ခွင့်ပေးခဲ့တယ်လို့ ဘာလို့ ပြောခဲ့လဲဆိုတာကို မင်းသိပြီမလား..”
ဆန်နီ အသက်ကို ရူသွင်းလိုက်တယ်..။
‘ဒီတော့ ငါခန့်မှန်းတာ မှန်တာပေါ့..။နိုတစ်က တကယ်ပဲ အင်မော်တယ်တွေထဲက တစ်ယောက်ပဲ..’
ပြီးတော့ ထပ်ပြောရရင်..အရိပ်နတ်ဘုရားရဲ့ မူလ နောက်လိုက်ခုနစ်ယောက်ထဲက တစ်ယောက်..။သူတို့ထဲက ငါးယောက်ပဲ အသက်ရှင်ကျန်နေရစ်တော့တယ်..ပြီးတော့ သူတို့ထဲက ဘယ်သူကမှ တောင်ဘက်ကို ရောက်မလာကြဘူး..။အရိပ်အရှင်သခင်က သေဆုံးသွားခဲ့ပြီဆိုတာ သေချာနေပြီပဲ..။ရုတ်တရက်..မှော်ဆရာက တစ်စုံတစ်ယောက်ရဲ့ အနားယူတဲ့နေရာလို့ ပြောခဲ့တာကို သူ နားလည်သွားခဲ့ပါတယ်..။
ဒီလိုဆိုရင်..အထွတ်အထိပ် အရိပ်တွေ ချန်ထားခဲ့တဲ့ အမွေအနှစ်က ခံတပ်ထဲမှာ ရှိမနေနိုင်ဘူးလား..
ဒါက..အရာရာကို အနည်းငယ် ပြောင်းလဲသွားစေပါတယ်..။
ဆန်နီ အတော်ကြာအောင် တွေဝေနေပြီးကာမှ သူ့ရဲ့ ရင်ဘတ်ကို ပုတ်ပြလိုက်တယ်..။
နိုတစ် ပြုံးလိုက်ပြီး..
“ဘာလဲ..။သေချာတာပေါ့..မင်းက ငါ့ရဲ့ ကျွမ်းကျင်မူတွေကို သံသယမဖြစ်သင့်ဘူး..။စိတ်ချထားလိုက် ဆန်းလပ်စ်..။ငါက မင်းအတွက် နှလုံးအသစ်တစ်ခု ဖန်တီးပေးမယ်..။ငါက မင်းဆုံးရှုံးထားပုံရတဲ့ လက်ချောင်းတွေကိုတောင် အပိုဆုအနေနဲ့ ပြန်ပြင်ဆင်ပေးဦးမှာ..။ဒါပေါ့ မင်းက လက်ချောင်းတွေမရှိပဲနေရတာကို နှစ်သက်နေတာ မဟုတ်ဘူး ဆိုရင်ပေါ့..”
ဆန်နီက သူ့ကို အတော်ကြာအောင် စိုက်ကြည့်နေခဲ့တယ်..။ယင်းနောက် သက်ပြင်းချပြီး မတ်တတ်ထရပ်လိုက်ပါတယ်..။သူက..စပျစ်သီး တစ်ခိုင်ကို ဆွဲယူလိုက်ပြီး..အေးအေးဆေးဆေး ဖြစ်နေတဲ့ မှော်ဆရာကို နောက်တစ်ကြိမ် ထပ်ကြည့်လိုက်တယ်..။ပြီးတာနဲ့..ကျွန်းအစွန်းမှာရှိနေတဲ့ ခံတပ်ရှိရာကို ဦးတည်ထွက်သွားလိုက်ပါတယ်..။
‘ဘာပဲဖြစ်ဖြစ် မင်း ဒါကို မှတ်မိမှာ မဟုတ်ဘူး…သူက ဘယ်လို ငရဲကို ဆိုလိုတာလဲ ဆိုတာကို ငါ တကယ် သိချင်မိတယ်..’
…
သူ လမ်းလျောက်နေစဉ်အတွင်းမှာတော့..ဆန်နီဟာ..လှပတဲ့ အဖြူရောင် ပန်းပွင့်တွေ အခိုင်လိုက်ကို..ဟိုဟို ဒီဒီမှာ တွေ့နေခဲ့ရပါတယ်..။ဒါက မြစိမ်းရောင် မြက်ခင်းပြင်ပေါ်မှာ ပွင့်နေခဲ့တယ်..။သူ ခံတပ်နဲ့ ပိုပိုပြီး နီးကပ်လာလေလေ..ဒီ ပန်းပွင့်တွေက ပိုပိုပြီး များပြားလာလေလေပါပဲ..။အခုက ညလယ်ရောက်နေပြီ ဆိုပေမယ့်လည်း..သူတို့ရဲ့ ပွင့်ဖတ်တွေက ပွင့်လန်းနေကြပြီး..မွှေးပျံ့တဲ့ ရနံ့ကို ထွက်ပေါ်နေစေခဲ့ပါတယ်..။
ဆန်နီ မျက်မှောင်ကျတ်လိုက်တယ်..။
‘ ဒီ ပန်းပွင့်တွေ..’
သူက ဒီပန်းပွင့်တွေနဲ့ ရင်းနှီးနေသလိုပါပဲ..။သူက ချိုပြီး အရည်ရွှမ်းတဲ့ စပျစ်သီးတွေကို စားရင်း ဒီပန်းပွင့်တွေကို ဘယ်မှာ မြင်ဖူးခဲ့တာလဲ ဆိုတာကို ပြန်စဉ်းစားနေခဲ့ပါတယ်..။အတော်ကြာပြီး နောက်မှာတော့ သူ့ရဲ့ အမူအရာက ပိုပြီး နက်မှောင်သွားခဲ့တယ်..။
ချိန်းကျွန်းစုရဲ့ အရှေ့ဘက် နိုတစ်မြင့်မြတ်နယ်မြေနဲ့ သိပ်မဝေးတဲ့ နေရာတစ်ခု မှာ ကျွန်းတစ်ခု ရှိပါတယ်..။အဲဒီကျွန်းကို ဒီလိုမျိုး လှပတဲ့ အဖြူရောင် ပန်းတွေက ဖုံးလွှမ်းထားခဲ့တယ်..။အတွေ့အကြုံရှိတဲ့ နိုးထသူ အဖွဲ့တွေ နဲ့ အဖြူရောင်တောင်ပံကလန် က လူတွေကတောင် ဒီကျွန်းကိုကပ်ဆိုး တစ်ခုလို ရှောင်၇ှားလေ့ရှိကြတာပါ..။
မြေကြီးပေါ်က ပွင့်ချပ်တွေရဲ့ အောက်မှာတော့..သတ္တဝါမျိုးစုံရဲ့ အရိုးတွေ ရှိနေခဲ့ကြတယ်..။လူတစ်ယောက်က ဒီကျွန်းပေါ်ကို ခြေချလိုက်ပြီဆိုတာနဲ့..သူတို့က မခံမရပ်နိုင်တဲ့..ရပ်တန့်ချင်မူ ၊ အနားယူချင်မူ နဲ့ အိပ်ချင်မူတွေကို ခံစားကြရပါတယ်..။..
တကယ်လို့..ဒီ အလိုဆန္ဒကိုသာ ကျ၇ှုံးသွားခဲ့မယ်ဆိုရင် ..ဘယ်သူမှ ပြန်နိုးမလာကြတော့ပါဘူး..။
ဆန်နီ တိတ်တဆိတ် ကျိန်ဆဲလိုက်တယ်..။
‘ဒီခွေးသားက ငါ့ကို သတ်ချင်နေတာလား..’
သို့ပေမယ့် အကြောင်းပြချက် တစ်ချို့ကြောင့်..နိုတစ်က သူ့ကို သတ်ချင်နေတယ်လို့ သူမထင်ခဲ့ပေ..။သူတော်စင်တစ်ယောက်က နိုးထသူ တစ်ယောက်ကို သတ်ဖို့ဆိုရင် ဒီထက်ပိုလွယ်ကူတဲ့ နည်းလမ်းတွေ အများကြီး ရှိပါတယ်..။ပင်ပန်းပြီး အားနည်းနေတဲ့ သူ့လို လူတစ်ယောက် အတွက်ဆိုရင် ပြောနေစရာတောင် မလိုအပ်ပေ..။ဒီလောက်အထိ အပင်ပန်းခံနေဖို့တောင် မလိုအပ်ပါဘူး..။
ဒီတော့..မှော်ဆရာ ပြောခဲ့တဲ့ စကားက အမှန်တရားပဲဖြစ်လောက်မှာပါ..။ဒါမှမဟုတ် အမှန်တရားနဲ့ နီးစပ်လောက်ပါတယ်..။သူက ဆန်နီ အနေနဲ့ ဒီအရာကို လုပ်ဆောင်နိုင်ပြီး အသက်ရှင်လျက်ရှိနေနိုင်လိမ့်မယ်လို့ ယုံကြည်နေခဲ့တယ်..။
ဒါပေမဲ့ ဘာလို့များလဲ..။ဆန်နီက ဘာတွေများ ထူးခြားနေလို့လဲ..။သူက အထွတ်အထိပ်အဆင့် တစ်ယောက် မလုပ်နိုင်တဲ့ အရာကို သူက ဘာလုပ်နိုင်မှာ မို့လို့လဲ..။
ဒါက သူအနေနဲ့..ခံတပ်ရဲ့ အရင်ပိုင်ရှင်လိုမျိုးု..အရိပ်နတ်ဘုရားနဲ့ ဆက်နွယ်မူတွေ ရှိနေလို့လား..။
သူက အတွေးနက်နေရင်း နောက်ထပ် တောင်ကုန်းတစ်ခုပေါ်တက်လိုက်တဲ့ အချိန်မှာတော့ သိပ်မဝေးတဲ့ နေရာမှာ ရှိနေတဲ့ ခံတပ်ရဲ့ အရိပ်ကို တွေ့လိုက်ရပါတယ်..။
ဒါက အနာဂတ်မှာ သူမြင်တွေ့ခဲ့ရတာနဲ့စာရင် အတော်လေးကို ကောင်းမွန်နေခဲ့သေးတာပါ..။အမှန်တော့ အကောင်းအတိုင်း နီးပါး ရှိနေခဲ့တယ်..။တကယ်လို့..သူ့ရဲ့ နံရံပေါ်က ရေမှော်တွေ ၊ အလင်းရောင်ကင်းမဲ့မူနဲ့ သေလောက်အောင် တိတ်ဆိတ်မူတွေ ကြောင့်သာ မဟုတ်ဘူး ဆိုရင် ဒီနေရာမှာ နေထိုင်သူတွေ ရှိနေတယ်လို့တောင် ဆန်နီ ယူဆမိမှာပါ..။
အညိုရောင် ကျောက်တုံးတွေနဲ့ ဆောက်လုပ်ိထားတဲ့ ရှည်လျားတဲ့ နံရံကြီးက ညဘက်ကောင်းကေင်အောက်မှာ မြင်နေခဲ့ရတယ်..။ကြီးမားတဲ့ ဂိတ်ပေါက်ကြီးကတော့ ပိတ်ထားခဲ့ပါတယ်..။ရှေးဟောင်း ခံတပ်ကြီးက ညဘက် လရောင်အောက်မှာ ရှိနေပြီး..ကျိန်စာသင့် အုတ်ဂူတစ်ခုအလား ထင်မှတ်နေခဲ့ရတယ်..။
ဆန်နီ မျက်နှာပျက်သွားခဲ့ပြီး..
‘…လုံးဝ နိမိတ်မကောင်းဘူး..’
သူ့ရဲ့ ရင်ဘတ်က နာကျင်နေတုန်းဖြစ်ပေမယ့်လည်း..တောင်ကုန်းအောက်ကို ဆင်းပြီး ခံတပ်ဆီကို ချည်းကပ်သွားလိုက်ပါတယ်..။သူ့ရဲ့ နံရံတွေက အခုထိ အက်ကွဲတာမျိုးတေွ မရှိသေးပါဘူး..။ဒီတော့..သူ နောက်ဆုံးတစ်ကြိမ် ဝင်ရောက်ခဲ့တဲ့ ဝင်ပေါက်က အခုချိန်မှာ ရှိမနေခဲ့သေးပေ..။
ဆန်နီဟာ..မသက်မသာစွာပဲ..ရှေးဟောင်းကျောက်တုံးတွေထဲကို လက်သည်းနဲ့ထိုးသွင်းရင်း အပေါ်ကို စတင် တက်ရောက်ပါတော့တယ်..။ဒီနံရံတွေက အနက်ရောင်မြို့တော်ရဲ့ ကြီးမားတဲ့ မြို့ရိုးတွေနဲ့ ယှဉ်ရင် ဘာမှမဟုတ်ပါဘူး..။အပေါ်ကို တက်ဖို့ဆိုတာက သာမန်လူတစ်ယောက် အတွက်တောင် မခက်ခဲနိုင်ပေ..။
ပြီးတော့ လတ်တလောမှာ..သူက လူသားတစ်ယောက်တောင်မှ မဟုတ်ပါဘူး..။သူ နတ်မိစ္ဆာတစ်ကောင် ဖြစ်နေခဲ့တာပါ..။သေအံ့ဆဲဆဲ နတ်မိစ္ဆာတစ်ကောင်..။
မကြာခင်မှာပဲ..သူက နောက်ဆုံးမှာ တံတိုင်းရဲ့ ထိပ်ကို ရောက်သွားခဲ့တယ်..။သူက ဘာမှရှိမနေတဲ့ အောက်ဘက်က ခြံဝန်းထဲကို လေ့လာကြည့်လိုက်ပါတယ်..။ဒီနေရာမှာတော့ ဖုန်မှုန့်တွေ ၊ အညစ်အကြေးတွေက နေရာတိုင်းနီးပါးမှာ ရှိနေခဲ့ပြီး..ရေမှော်တွေကလည်း ရှေးဟောင်း ကေဗယ်ကျောက်တုံးတွေပေါ်မှာ ရှိနေခဲ့တယ်..။ဒီ ခံတပ်ကို ဘယ်သူကမှ စောင့်ရှောက်ခြင်း မရှိတာကြောင့် စတင်ပြီး ပျက်ဆီးနေခဲ့ပါပြီ..။
သူ တစ်ခနလောက် စဉ်းစားနေပြီးကာမှ..ခံတပ်ထဲကို ရှာဖွေဖို့အတွက် အရိပ်နှစ်ခုကို အရင်လွှတ်လိုက်တယ်..။ဒါက အထဲမှာ အားကောင်းတဲ့ သတ္တဝါတစ်ကောင်ကောင် ရှိနေလား ဆိုတာကို ရှာဖွေဖို့ အတွက်ပါ..။
စိုးရိမ်ပူပန်တဲ့ မိနစ်အနည်းငယ်က ကုန်ဆုံးသွားခဲ့တယ်..။အရိပ်တွေက ဘာမှမရှိတဲ့ ကော်ရစ်ဒါတွေထဲမှာသွားလာရင်း..အခန်းတွေထဲကို ကြည့်နေခဲ့ပါတယ်..။သို့ပေမယ့် သူတို့ ဘယ်လောက်ပဲကြည့်ကြည့် ..သက်ရှိအရိပ်အယောင် တစ်ခုမှ မတွေ့ကြရပေ..။
သို့ပေမယ့် သူတို့တွေ့နေရတာက အလောင်းတွေချည်းပါပဲ..။
ဟိုနားဒီနားမှာ လူသား အရိုးစုတွေ ရှိနေခဲ့ပြီး..သူတို့က ရှေ့ခေတ်အဝတ်အားနဲ့ အကာအကွယ်တွေကို ဝတ်ဆင်ထားခဲ့ကြပါတယ်..။သူတို့ကြားထဲမှာ ရုန်းကန်နေရတဲ့ ပုံသဏ္ဍာန်မျိုးတွေ ရှိမနေခဲ့ပေ..။သူတို့ရဲ့ အဝတ်အစားတွေကလည်း စုပ်ပြဲနေတာမျိုး မရှိသလို ခန္တာကိုယ်ပေါ်မှာ ဒဏ်ရာတွေလည်း မရှိကြပါဘူး..။သူတို့က ကိုယ့်ကိုကို မြေပြင်ပေါ်လှဲချကြပြီး အကြောင်းအရင်း မရှိသေသွားကြတဲ့ လူတွေနဲ့တောင် တူနေခဲ့ပါတယ်..။
အရာအားလုံးက အတော်လေးကို ကြောက်မက်ဖွယ်ကောင်းနေခဲ့တယ်..။
ဆန်နီအနေနဲ့ ချက်ချင်းလှည့်ပြီး ထွက်ပြေးတော့မလိုတောင် ဖြစ်ခဲ့တာပါ..။သို့ပေမယ့်သူ့ရင်ဘတ်က နာကျင်မူကို ခံစားမိလိုက်တဲ့အချိန်မှာ သူ ဒီကို ဘာအတွက်လာခဲ့တာလဲ ဆိုတာကို ပြန်သတိရသွားခဲ့တယ်..။
သူ သက်ပြင်းချလိုက်ပြီး တံတိုင်းပေါ်ကနေ ခုန်ချလိုက်ကာ..ခံတပ်ရဲ့ အဓိက အဆောက်အဦးဆီကို လျောက်သွားလိုက်ပါတယ်..။
‘နူးညံ့တဲ့ အိပ်ယာတစ်ခုကို ရှာဖို့ အချိန်ရောက်ပြီ..’
ဆန်နီ အထဲကို ရောက်တာနဲ့ အရိပ်တွေကို ပြန်ခေါ်လိုက်တယ်..။ပြီးတာနဲ့ တိတ်ဆိတ်တဲ့ ခန်းမကြီးကို ဖြတ်သန်းရင်း..ကြီးမားတဲ့တာဝါကြီးရဲ့ ပိုမြင့်တဲ့ အထပ်တွေဆီကို တက်သွားလိုက်ပါတယ်..။အဲဒီမှာတော့..သူ အနည်းငယ် လျောက်ကြည့်ရင့်း သင့်တော်မယ့် အခန်းကို ရှာဖွေနေခဲ့တယ်..။မကြာခင်မှာပဲ..သူက လုံခြုံပြီး..သက်သောင့်သက်သာ ရှိမယ့် အခန်းတစ်ခုကို တွေ့လိုက်ရပါတယ်..။
ပုပ်ပွနေတဲ့ ညအိပ်ဝတ်စုံဝတ်အလောင်း တစ်ခုကို ကုတင်ပေါ်ကနေ ပစ်ချလိုက်ပြီး..သူက နေရာဝင်ယူကာ လဲလျောင်းလိုက်ကာ..။ပြီးတာနဲ့ ပင်းပန်းနွမ်းနယ်စွာပဲ မျက်လုံးတွေကို မှိတ်ထားလိုက်ပါတယ်..။
ဒီနေရာက ကြောက်မက်ဖွယ်ကောင်းတာထက် ပိုတယ်ဆိုတာ သေချာပေမယ့်လည်း..အမှန်တကယ်တော့ သူက အရိုးထဲအထိစွဲအောင် ပန်ပင်းနေပြီး..အနားယူဖို့ လိုအပ်နေပါပြီ..။အနည်းငယ် အိပ်စက်လိုက်တာက ..သူ့ကို ကောင်းမွန်သွားစေပါလိမ့်မယ်..။
‘ ဘာတွေများ စိတ်ပူစရာရှိနေလို့လဲ…ငါက ဒီထက်ဆိုးတဲ့နေရာတွေမှာတောင် အိပ်ခဲ့သေးတာပဲ..’
သူ အိပ်မပျော်ခင်မှာပဲ..သူတော်စင်ကို အရိပ်တွေကြားထဲကနေ ခေါ်ထုတ်လိုက်ပြီး သူ့ကို စောင့်ကြည့်နေဖို့ အမိန့်ပေးလိုက်ပါတယ်..။တစ်ခနလောက်တွေဝေနေပြီး နောက်မှာတော့ ဆန်နီဟာ..ဝိဉာဉ်မြွေကိုပါ ခေါ်ထုတ်ပြီး စောင့်ကြည့်နေခိုင်းလိုက်တယ်.။
အရိပ်နှစ်ခုရဲ့ စောင့်ကြည့်မူအောက်ကို ရောက်တဲ့အချိန်မှ သူလည်း..အနည်းငယ် စိတ်သက်သာရာရသွားခဲ့ပါတယ်..။
စွန့်ပစ်ခံထားရတဲ့ ခံတပ်ရဲ့ တိတ်ဆိတ်မူတွေအောက်မှာတော့..ဆန်နီဟာ..သူ့ရဲ့နှလုံးက ခက်ခက်ခဲခဲ ခုန်နေရတဲ့ အသံကို ကြားနေခဲ့ရတယ်..။သို့ပေမယ့် သူ့အနေနဲ့ ဒီအရာကို ဂရုစိုက်ဖို့အတွက်တောင် အတော်လေး ပင်ပန်းနေခဲ့ပါပြီ..။
မိနစ်အနည်းငယ် ကြာပြီးတဲ့နောက်မှာတော့..သူက လုံးဝကို အိပ်ပျော်သွားခဲ့တယ်..။
သူ နက်နက်ရှိုင်းရှိုင်း အိပ်မပျော်ခင်..သူ့ရဲ့ အသိစိတ်က တစ်ဝက်လောက်ပျောက်ဆုံးနေတဲ့ အချိန်မှာပဲ..သူက မထင်မှတ်ပဲ အသံတစ်ခုကို ကြားလိုက်မိတယ်လို့ တွေးမိလိုက်တယ်..။ဒီအသံက နီးကပ်နေတဲ့ အသံလိုမျိုး ဖြစ်ပြီး..အဝေးကနေ ရောက်လာတာလို့လည်း ခံစားရပြန်ပါတယ်..။
ဒါက အေးမြတဲ့ ကျောက်တုံး ကြမ်းပြင်ပေါ်ကို မြင်းခွာသံတွေ မြည်နေတဲ့ အတိုင်းပါပဲ..။