မီးတိုင်…
Vol. 43 Ch. 634
မနက်ခင်း အာရုံမတက်မီမှာပဲ ဆန်နီ နိုးထလာခဲ့တယ်..။သူ အတော်ကြာအောင် လဲလျောင်းလျက်သားဖြစ်နေခဲ့ပြီး..ခြုံထားတဲ့စောင်ရဲ့ နွေးထွေးမူအောက်ကနေ မထွက်ခွာချင်ဖြစ်နေခဲ့ပါတယ်..။ယင်းနောက်သူ သက်ပြင်းချပြီး ထလိုက်တဲ့အချိန်မှာတော့..မနက်ခင်းရဲ့ အေးစက်မူကြောင့် ကြက်သီးမွှေးညှင်း ထသွားခဲ့တယ်..။ဒါက နောက်ထပ် နေ့သစ်တစ်ရက်ကို ရင်ချိန်ရမယ့် အချိန်ရောက်ပါပြီ..။ဒီမှာ လုပ်စရာတေွ အများကြီး ရှိနေခဲ့တယ်..။သူမှာ ပျင်းရိနေဖို့အတွက် အကြောင်းပြချက်တွေ မရှိပါဘူး..။
ကိုက်ခဲတဲ့ နာကျင်မူက သူ့ရဲ့ ရင်ဘတ်ကနေ လှိုက်တက်လာခဲ့တယ်..။သူ စိတ်ရှုပ်ထွေးတဲ့ အမူအရာနဲ့ အောက်ကို ငုံ့ကြည့်လိုက်တဲ့ အချိန်မှာတော့..သူ့ရဲ့ခြောက်သွေ့နေတဲ့ အသားအရည်ပေါ်က အမာရွက်ဟောင်းတွေကို တွေ့လိုက်ရပါတယ်..။
‘..မိုးရွာတော့မယ်လို့ ထင်တယ်နော်..’
ယင်းနောက်..ဆင်စွယ်ရောင် လက်တစ်ဖက်က ရုတ်တရက် စောင်အောက်ကနေ ပေါ်လာခဲ့ပြီး..သူ့ရဲ့ ကြွက်သားတွေကို ပွတ်သက်နေခဲ့တယ်..။
‘မိုးတောင် လင်းနေပြီလား..”
ဆန်နီ ပြုံးလိုက်ပြီး ..သူ့မိန်းမရဲ့လက်ကို ဆုပ်ကိုင်ကာ..ခေါင်းညိမ့်လိုက်တယ်..။
“ဟုတ်တယ်..အချစ်ကလေး..”
သူမ သက်ပြင်းချလိုက်တယ်..။
“ကောင်းပြီလေ..သွား..အဆင်သင့်ပြင်တော့..။ကျွန်မ နတ်ဆိုးလေးကို သွားနှိုးလိုက်ဦးမယ်..”
သူက အတော်ကြာအောင် ငြိမ်သက်နေခဲ့ပြီး..သူ့ မိန်းမရဲ့ လှပတဲ့ မြင်ကွင်းကို ခံစားနေခဲ့တယ်..။သူက သူ့လိုမျိုး ကြမ်းတမ်းတဲ့ လူတစ်ယောက်နဲ့ လက်ထပ်ဖို့အတွက် ဒီအလှလေးကို သိမ်းသွင်းထားခဲ့ရတာပါ..။ပြီးတော့..သူမရဲ့ ဗိုက်ထဲမှာ ရှိနေတဲ့ သူတို့ရဲ့ ဒုတိယကလေးကိုလည်း မထိခိုက်အောင် ဂရုစိုက်ရပါသေးတယ်..။
“သွားတော့လို့ ပြောနေတယ်လေ..။ဒီနေ့က ရှင်မဟုတ်တာလုပ်လို့ ရတဲ့ နေ့မဟုတ်ဘူး.လူဆိုးကြီး..။ရှင်မေ့နေပြီလား..”
ဆန်နီ စိတ်ပျက်သွားတဲ့ မျက်နှာနဲ့ အိပ်ယာပေါ်ကနေ ထလိုက်ပြီး..အဝတ်အစား ဝတ်လိုက်တယ်..။
သူတို့ရဲ့ ခြံဝန်းကနေ ထွက်လိုက်တဲ့ အချိန်မှာတော့..အစေခံတွေက..ကြိုးကြိုးစားစားနဲ့ အလုပ်လုပ်နေခဲ့ကြပါပြီ..။သူတို့က နေ့တစ်နေ့အတွက် ပြင်ဆင်နေခဲ့ကြတယ်..။ဒီလူတွေ သူ့ကို မြင်တဲ့ အချိန်မှာတော့..တစ်ယောက်ချင်းစီတိုင်းက လေးစားပြီး နွေးထွေးတဲ့ အသံတွေနဲ့ အရိုအသေပေးလာခဲ့ကြတယ်..။ဒီလို ယဉ်ကျေးသိမ်မွေ့တဲ့ ပတ်ဝန်းကျင်အလယ်မှာတော့..ဆန်နီဟာလည်း..အရှင်သခင် တစ်ယောက်နဲ့တူတဲ့ မျက်နှာအမူအရာ ဖန်တီးထားဖို့ လိုအပ်ပါတယ်..။
‘ဘယ်လောက် စိတ်ရှုပ်ဖို့ကောင်းလဲ..’
အစေခံတွေဟာ..ရောက်လာတော့မယ့် ခရီးအတွက် အဆင်သင့်ပြင်ဆင်နေခဲ့ကြတယ်..။သို့ပေမယ့် ကိစ္စတစ်ခုကတော့ သူကိုယ်တိုင်လုပ်မှ ရပါလိမ့်မယ်..။အဲတာက ဆန်နီ အနေနဲ့ တစ်ခြားလူတွေကို မယုံကြည်လို့ မဟုတ်ပဲ သူကိုယ်တိုင် လုပ်ရမယ့် တာဝန်တစ်ခုဖြစ်နေလို့ပါ..။
မြင်းစောင်းထဲကို ဝင်ရောက်သွားတဲ့အချိန်မှာတော့..သူက သူ့ရဲ့စစ်မြင်းကို နှုတ်ဆက်ိုက်ပြီး..အစာကျွေး ၊ ရေတိုက် တွေ လုပ်လိုက်တယ်..။ပြီးတာနဲံ..သူ့ရဲ့ ကျယ်ပြောတဲ့ ကျောပြင်ပေါ်မှာ ကုန်းနှီးတစ်ခုကို တင်လိုက်ပါတယ်..။ဆန်နီက အတိတ်ကို ချန်ထားရစ်ပြီး ကျော်ကြားတဲ့ အရှင်သခင်တစ်ယောက် ဖြစ်နေခဲ့ပြီ ဆိုပေမယ့် စစ်သည်တော် တစ်ယောက်နဲ့ သူ့ရဲ့ စစ်မြင်းကြားထဲက ဆက်သွယ်မူက ရှိနေတုန်းပါပဲ..။
သူတို့နှစ်ယောက်က တိုက်ပွဲကွင်းပြင်ကို အတူတူ ထပ်မံဖြတ်သန်းစရာ မလိုတော့တာနဲ့ပဲ..သူ့အနေနဲ့ မြင်းကို မေ့သွားလိမ့်မယ်လို့ မဆိုလိုပေ..။
အရာအားလုံးပြီးဆုံးသွားတဲ့ အချိန်မှာတော့..သူက မြင်းကို ခြံဝန်းထဲကို ခေါ်သွားခဲ့တယ်..။ပြီးတာနဲ့ သစ်သား ဓားအိမ်ကို ကုန်းနှီးနဲ့ ချိတ်ဆက်လိုက်ပါတယ်..။အေးစက်တဲ့ သံမဏိဓား ကတော့..လှပတဲ့ ဓားအိမ်ထဲမှာ လုံခြုံစွာပဲ ရှိနေခဲ့တာပါ..။
ယင်းနောက် သူ ဓားအိမ်ကို အချိန်တစ်ချို့ကြာအောင် စိုက်ကြည့်လိုက်ပြီး သူ့ရဲ့ နာကျင်တဲ့ ရင်ဘတ်ကို အနည်းငယ် ဖိနိုပ်လိုက်တယ်..။သူ့ မျက်နှာပေါ်မှာတော့ နက်မှောင်တဲ့ အမူအရာတစ်ခု ပေါ်ထွက်လာခဲ့ပါတယ်..။
အတော်ကြာပြီးနောက်မှာတော့..သူ့ဆီကို ဦးတည်ပြီးလာနေတဲ့ ခြေသံတွေကို ကြားလိုက်ရတယ်..။
“အဖေ..”
ဆန်နီ တစ်ဖက်ကို လှည့်ကာ..သူ့သားကို ပွေ့ချီဖမ်းလိုက်ပြီး ပြုံးလိုက်တယ်..။
“မင်းရဲ့ သနားစရာ အဖေအိုကြီးကို ခြောင်းမြောင်း တိုက်ခိုက်ဖို့ လုပ်နေတယ်ပေါ့..။သိပ်မမြန်သေးဘူး..အဖေက…မင်းမမွေးခင်ကတည်းက..မွန်းစတားတွေကို..ခြောင်းမြောင်းတိုက်ခိုက်လာခဲ့တာ ကောင်စုတ်လေး..”
ကောင်လေးဟာ..တခစ်ခစ် ရယ်မောလိုက်တယ်.။။ပြီးတာနဲ့ နောက်ကို ခြေတစ်လှမ်းဆုတ်လိုက်ပါတယ်..။
သူက ဒီနေ့ဆိုရင် ခုနှစ်နှစ် ပြည့်ပါပြီ..။ပြီးတော့ ဒီနေ့မှာ သူ့အမေက သူ့ကို အကောင်းဆုံး အဝတ်အစားတွေ ဝတ်ဆင်ပေးထားခဲ့တယ်..။သူက ..အင်မော်တယ်ကမ္ဘာက ပျက်ပြားခြင်းအဆင့် သတ္တဝါကို မိဘတွေကို နိုပ်စက်ဖို့အတွက်..လူ့ပြည်ကို ပို့ထားသလိုပါပဲ..။
“အဖေက ဘာလို့ မွန်းစတားတွေကို ခြောင်းမြောင်းတိုက်ခိုက်နေရတာလဲ..။သူတို့ကို သတ်ဖို့အတွက် အရမ်း အားနည်းနေလို့ မဟုတ်ဘူးလား..ဟားးး”
ဆန်နီ အကူညီမဲ့စွာ သက်ပြင်းချလိုက်ပြီး..ကောင်းကင်ကြီးကို မော့ကြည့်လိုက်တယ်.။
“ကျွန်တော်ကို ကူညီပါ ဦး အရှင်မ..’
ဘာလို့ သူ့သားကလည်း.သူ့လို လျာစောင်းထက်တဲ့ အမူအကျင့်ကို အမွေဆက်ခံသွားရတာလဲ…
အဲ့အချိန်မှာတော့..ကောင်လေးဟာ..တစ်ဖက်ကို လှည့်ပြီး..ဆင်စွယ်ရောင်တာဝါရှိနေတဲ့ဘက်ကို လှမ်းကြည့်လိုက်ပါတယ်..။သူ့မျက်လုံးတွေက ပြူူးကျယ်သွားခဲ့ပြီး..
“အဖေ..အဲတာက အမှန်ပဲလား..။သားက ဒီနေ့ သူမကို တွေ့ရတော့မှာလား..။အရှင်မ ကိုလေ..”
ဆန်နီ တစ်ခနလောက် တွေဝေနေပြီးကာမှ..ခေါင်းညိမ့်လိုက်တယ်..။
“ဒါပေါ့..။သားက အခုဆို ခုနှစ်နှစ် ပြည့်ပြီလေ မဟုတ်ဘူးလား..။ဒိနေ့က ကောင်းကင်နေ့ပဲ..။ဒီတော့..သားက အဖေတို့ရဲ့ အရှင်မကို တွေ့ရတော့မယ်..။ကိုယ့်ကိုကို မိတ်ဆက်ပြီး သူမကို အလုပ်အကျွေးပြုဖို့အတွက် ကတိပေး ရမှာ.."
သူ့သားက မျက်မှောင်ကျုတ်လိုက်တယ်..။
“ဒါပေမဲ့..သူမက နတ်ဘုရားမ တစ်ပါးပဲ မဟုတ်ဘူးလား..။တကယ်လို့ တစ်ခြား နတ်ဘုရားတွေက သားကို စိတ်ဆိုးကုန်ကြရင်ရော..”
ဆန်နီ ရယ်မောလိုက်တယ်..။
“နတ်ဘုရားတွေ..နတ်ဘုရားတွေ…သူတို့က မနာလိုတယ်ဆိုတာ ဘာမှန်းမသိလောက်အောင်ကို သဘောထားကြီးကြပါတယ်..။သူတို့က ဘာလို့ စိတ်ဆိုးကြမှာလဲ..။အရှင်မ မျှော်လင့်ချက်က အရိပ်နဲ့ လုံခြုံမူ ပေးပြီး..ပျက်ဆီးမူတွေ ၊ စစ်ပွဲတွေ ၊ ငတ်မွတ်မူ တွေ နဲ့ ကပ်ရောဂါတွေကနေ ကာကွယ်ပေးထားတယ်လေ..။တကယ်လို့ အဲလိုလူကသာ ကိုးကွယ်ခံရဖို့ ထိုက်တန်တဲ့ လူမဟုတ်ဘူးဆိုရင်..အဖေတော့တစ်ခြား ဘယ်ဟာကို ကိုးကွယ်သင့်လဲဆိုတာ မသိတော့ဘူး..”
ဒီလိုပြောပြီးတာနဲ့..သူက နှီးကုန်းပေါ်ကို ခုန်တက်လိုက်ပြီး..ကောင်လေးကို သူ့ရှေ့ကို မတင် ပေးလိုက်ပါတယ်..။
“သွားကြရအောင်..”
သူတို့က ခြံဝန်းကနေ ထွက်ခွာပြီး..အဖြူရောင် ကျောက်တုံးလမ်းကနေတဆင့် ငြိမ်းချမ်းတဲ့ သစ်တောဆိကို ဦးတည်သွားလိုက်ပါတယ်..။ပြီးတာနဲ့ တောင်ကုန်းပေါ်ကို တက်သွားခဲ့တယ်..။မြင်းကတော့..စီးနင်းသူ နှစ်ယောက်ရဲ့ အလေးချိန်းကို စာမဖွဲ့သည့်အလား..မြဲမြံတဲ့ ခြေလှမ်းတွေနဲ့သွားနေခဲ့ပါတယ်..။နေရောင်က သစ်ရွက်ပေါ်တွေကို ကျရောက်နေခဲ့တာကြောင့်..ပတ်ဝန်းကျင်တစ်ခုလုံးကို ဒဏ္ဍာရီ ပုံပြင်သဖွယ် ဖြစ်နေစေခဲ့တယ်..။
ဆန်နီကတော့ တောအုပ်ရဲ့ အလှအပနဲ့ သူ့ရဲ့ ငြိမ်သက်မူကို ခံစားနေခဲ့တယ်..။သူ မျှော်လင့်ချက် ဘုရင့်နိုင်ငံတော်ကို မလာရောက်ခင် အချိန်အတော်ကြာတုန်းက..ဘာဆို ဘာမှမသိခဲ့ပေ.။။သူ့ဘဝက သွေးစွန်းမူတွေ ၊ နာကျင်မူတွေ ၊ တိုက်ပွဲတွေ တစ်ခုပြီးတစ်ခု ၊ စစ်ပွဲတွေ တစ်ခုပြီးတစ်ခုကလွဲပြီး ဘာမှမရှိပါဘူး..။သူ ဒီနယ်မြေကို ရောက်လာပြီးတဲ့ အချိန်မှာသာ..ပျော်ရွှင်စရာ ဘဝတစ်ခုက ဘယ်လိုမျိုးလဲဆိုတာကို သဘောပေါက်ခဲ့တာပါ..။
အထူးသဖြင့်..မင်းချစ်ခင်ရတဲ့ လူတွေနဲ့ ဝေမျှခွင့်ရနေတဲ့ အချိန်မှာပေါ့…
…သို့ပေမယ့် သူ့သားကတော့..တိုက်ခိုက်မူတွေ ၊ အမှောင်ထုတွေ ဆိုတာကို ဘာမှန်းမသိထားခဲ့ပေ..။ဒီငြိမ်းချမ်းတဲ့ ဘဝကြီးက သူ သိထားတာ အကုန်ပါပဲ..။ဒီအကြောင်းပြချက်ကြောင့်ပဲ..သူက အတော်လေးကို ပျင်းရိနေခဲ့တာပါ..။
ကောင်လေးဟာ..အတော်ကြာအောင် ငြိမ်သက်နေပြီးကာမှ..ဆန်နီရဲ့ ဓားလက်ကိုင်ကို ကြည့်ကာ.ပြောလာခဲ့တယ်..။
“တစ်နေ့မှာ သားလည်း ကိုယ်ပိုင် ဓားတစ်လက် ရှိလာလိမ့်မယ်..။သားရဲ့ ဓားက..အဖေ့ရဲ့ ဓားထက် ပိုကြီးပြီး ပိုထက်ရှ လိမ့်မယ်..။ဒီစကားကို မှတ်ထားလိုက်..လူအိုကြီး..”
ဆန်နီ ရယ်မောလိုက်တယ်..။
“မင်းက ဘာအတွက် ဓားကို လိုအပ်တာလဲ..”
သူ့ရဲ့ သားက သူ့ကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်ပီဲး..
“ဘာအတွက်လဲ ဆိုတာက ဘာကိုဆိုလိုတာလဲ..။နိုးထသူတစ်ယောက်ဖြစ်လာ ဖို့ပေါ့…အဖေ့လို စစ်သည်တော် တစ်ယောက်…”
ဆန်နီ အဝေးကို ကြည့်နေခဲ့ပြီး အချိန်အတော်ကြာတဲ့အထိ ပြန်မပြောခဲ့ပေ..။သူ့ မျက်လုံးတွေကတော ရီဝေနေခဲ့ပါတယ်..။
…သူ့ရဲ့ နှလုံးက ကိုက်ခဲနေခဲ့တယ်..။ဒီနေ့မှာဘာလို့ အရမ်းနာကျင်နေရတာလဲ..။
“အဖေက တစ်ချိန်တုန်းက စစ်သည်တော်တစ်ယောက် ဖြစ်ခဲ့ဖူးတယ် ဆိုတာမှန်တယ်..။ဒါပေမဲ့ အဖေက စစ်သည်တော် တစ်ယောက်ဖြစ်လာဖို့ ဘယ်တုန်းကမှ မရွေးချယ်ခဲ့ဘူး..။မျှော်လင့်ချက် နိုင်ငံတော်မှာ သားက..တိုက်ခိုက်ဖို့ ၊ နာကျင်ခံစားရဖို့ ၊ ကိုယ်အသက်ရှင်ဖို့ ဒါမှမဟုတ် ပျော်ရွှင်တဲ့ဘဝကို ရဖို့ အတွက် တစ်ခြားလူကို သတ်ဖို့ မလိုအပ်ဘူး..။သးက ဘာလို့များ..စစ်သည်တော်တစ်ယောက် ဖြစ်ချင်နေသေးတာလဲ..”
လူငယ်လေးဟာ..တိတ်ဆတ်သွားကာ..အတွေးနက်တဲ့ အမူအရာနဲ့ ရှိနေခဲ့တယ်..။သူက တစ်ဖက်ကို လှည့်သွားပြီး အချိန်အတော်ကြာသည်အထိ ဘာမှမ ပြောခဲ့ပါဘူး..။
ဆန်နီဟာ သူ့ရဲ့ သားအနေနဲ့ သူ့ရဲ့ ဆိုလိုချက်ကို အမှန်တကယ် နားလည်သွားတယ်ဆိုတာနဲ့ ပတ်သက်ပြီး သံသယဖြစ်မိပါတယ်..။ပြီးတော့ ဒီကောင်လေး အနေနဲ့ ဘယ်တော့မှ နားမလည်ဖို့အတွက်လည်း မျှော်လင့်နေခဲ့တယ်..။
သူ မျက်လုံးတွေကို မှိတ်ထားရင်း တိတ်တဆိတ် ဆုတောင်းလိုက်တယ်..။
“အလိုဆန္ဒ …မျှော်လင့်ချက် နတ်ဆိုးကို ဆုတောင်းပါတယ်..။ကျေးဇူးပြုပြီး ကျွန်တော်ရဲ့ ဆုတောင်းကို နားထောင်ပေးပါ..။ကျွန်တော်ရဲ့ သားလေးကို ဒီကမ္ဘာပေါ်က အန္တရာယ်အမျိုးမျိုးကနေ ကာကွယ်ပေးတော်မူပါ..။ကျွန်တော်ကို ကယ်တင်ပေးသလိုပဲ…သူ့ကိုလည်း ကယ်တင်ပေးပါ..”
သူတို့ရှည့်မှာတော့..ကျယ်ပြန့်တဲ့ ကွင်းပြင်ကြီးက နေရောင်အောက်မှာ ရှိနေခဲ့တယ်..။မြစိမ်းရောင် မြက်ပင်တွေကလည်း မနက်ခင်းမှာ တောက်ပနေခဲ့ကြပါတယ်..။ဟိုဟို ဒီဒီမှာတော့..စိုက်ပျိုးရေးခြံတွေ ၊ ကွင်းပြင်တွေ ၊ ရွှေရောင် ဂျုံပင်တွေ ရှိနေခဲ့ကြတယ်..။မြစ်တွေက ဒီ ကွင်းပြင်ကြီးကို ဖြတ်သန်းစီးဆင်းနေခဲ့ပြီး..အဝေးတစ်နေရာမှာတော့ လှပတဲ့ မြို့ကြီးတစ်မြို့ကို မြင်နေခဲ့ရတယ်..။သူ့ရဲ့ အပေါ်မှာတော့ ကြီးမားတဲ့ စေတီကြီးတစ်ဆူ ရှိနေခဲ့ပါတယ်..။
ဆန်နီ အကူအညီမဲ့စွာ ပြုံးလိုက်တယ်..။
သူ ဒီမြင်ကွင်းကို ဘယ်နှစ်ကြိမ်ပဲ မြင်ရပါစေ..မြင်လိုက်တိုင်းမှာ အကူအညီမဲ့စွာပဲ စိတ်လှုပ်ရှားမူ အနည်းငယ်ကို ခံစားရပါတယ်..။
“ဟေး..မင်းရဲ့အမေကို လက်လှမ်းပြလိုက်ပါလား..။အခုချိန်မှာ အမေက ..ဒီဘက်နေရာကို လှမ်းကြည့်နေလိမ့်မယ်ဆိုတာ..အဖေ သေချာပြောနိုင်တယ်..”
သူ့သားက သူ့ကို သနားစရာ မျက်နှာအမူအရာနဲ့ကြည့်လိုက်ပြီး..
“စိတ်မမှန်တော့ဘူး. လား..။အမေက သားတို့ကို မြင်မှာမဟုတ်ဘူးလေ..။သားတို့က အဝေးကြီးမှာ ရောက်နေတာကို..”
ဆန်နီ ရယ်မောလိုက်တယ်..။
“ဘယ်သူပြောလဲ..”
သူတစ်ဖက်ကို လှည့်လိုက်ပြီး..သူတို့ချန်ထားရစ်ခဲ့တဲ့ ကုန်းမြေနဲ့ ဆင်တူတဲ့ ကုန်းမြေကို ကြည့်လိုက်ပါတယ်..။သူက သေးငယ်တဲ့ မြို့လေးတစ်မြို့နဲ့..ကျောက်တုံးခြံဝန်းလေးကို တွေ့လိုက်ရတယ်..။ဒီအကွာအဝေးကနေ ကြည့်ရင်တော့ အဆောက်အဦးတွေ ဆိုတာက အရုပ်ကလေး တစ်ရုပ်လိုပါပဲ..။
သူက လက်ကိုမြှောက်ပြီး ဝေ့ယမ်းလိုက်တယ်..။
“ဟေး…အဖေ..”
ဆန်နီ ငြင်းခုန်လိုက်တယ်..။
“ဘာလဲ..။မင်းက ငါ့ကို ထပ်ပြီး လှောင်ပြောင်ဦးမလို့လား..”
ကောင်လေးက ခေါင်းခါယမ်းလိုက်ပြီး..
“မဟုတ်ဘူး..ဒီတိုင်း..ကောင်းကင်က ဘာဖြစ်နေတာလဲ..။အဲတာက ရယ်စရာကောင်းတယ်..”
‘ဟင်..’
ဆန်နီ ခေါင်းကို မော့ကြည့်ပြီး..မျက်မှောင်ကျုတ်လိုက်တယ်..။
ကောင်းကင်က အမှန်တကယ်ပဲ ရယ်စရာကောင်းနေခဲ့တာပါ..။
နေလုံးကြီးက မြင့်တက်လာနေခဲ့ပေမယ့်..သူ့ရဲ့ အပေါ်မှာ နောက်ထပ် နေတစ်စင်းကို မြင်နေခဲ့ရတယ်..။ကောင်းကင်ကြီးကိုယ်တိုင်ကလည်း..ဒီနေလုံးတွေရဲ့ အပူချိန်ကြောင့် ပိုပိုပြီး တောက်ပလာနေခဲ့သလိုပါပဲ..။တိမ်စိုင်တွေ အားလုံးက မရှိကြတော့ပေ..
သူ့ မျက်လုံးတေွက ကျဉ်းမြောင်းသွားခဲ့တယ်..။
‘ခ…ခနလေး..’
နောက်ထပ်တစ်စက္ကန့်မှာတော့..အဖြူရောင်မီးတောက်တွေပါဝင်တဲ့ တိုင်လုံးကြီးက ကောင်းကင်ပေါ်ကနေ ပြုတ်ကျလာခဲ့ပြီး..ကုန်းမြေတစ်ခုလုံးကို ဖန်ကွဲစတစ်ခုလို ပျက်စီးသွားစေခဲ့ပါတယ်..။ကမ္ဘာကြီးတစ်ခုလုံးက အဖြူရောင် အလင်းတွေ ကြားထဲမှာ နစ်မြုပ်သွားခဲ့ပြီး..ဆိုးဝါးတဲ့ အသံတွေက တောအုပ်တစ်ခုလုံးမှာ ပျံ့နှံ့သွားခဲ့တယ်..။နားစည်ကျိန်းထွက်သွားတဲ့ ဆန်နီဟာ..သူ့သား အော်ဟစ်နေခဲ့တာကို ခံစားရပေမယ့်လည်း..သူ့ရဲ့ အသံကိုတော့ မကြားရတော့ပါဘူး..။
မီးတောက်တွေ ပါဝင်တဲ့ တိုက်ကြီး မြေကြီးပေါ်ကို ပြုတ်ကျလာတဲ့ အချိန်မှာတော့..အစိတ်စိတ်အမွှာမွှာဖြစ်သွားတဲ့ မြေကြီးတွေဟာ..လေပေါ်ကို ပစ်တင်လိုက်သလို ဖြစ်သွားခဲ့ပြီး..မီးတောက်တွေ ၊ ပြာတွေ ၊ သေဆုံးခြင်းတွေကို ဖြစ်ပေါ်စေခဲ့ပါတယ်..။
တောင်ကုန်းတစ်ခုလုံးကလည်း လှုပ်ကာသွားခဲ့ပြီး..ဆန်နီကို မြင်းပေါ်ကနေ လွင့်ထွက်သွားစေခဲ့တယ်..။
‘မဟုတ်ဘူး..မဟုတ်ဘူး..မဟုတ်ဘူး..’
မှင်သက်နေဆဲဖြစ်တဲ့ ဆန်နီဟာ…သူ့သားကို ရှာဖွေဖို့ ကြိုးစားလိုက်ပေမယ့် ကျရှုံးသွားခဲ့တယ်..။
အဲဒီအစား..သူ့အကြည့်ကာ..ကျောက်တုံးခြံဝန်းလေးရှိနေတဲ့ အဝေးတစ်နေရာကို ရောက်သွားခဲ့ပါတယ်..။
ဆန်နီ ထိပ်လန့်စွာ ကြည့်နေတုန်းမှာပဲ..မြေကြီးက အက်ကွဲထွက်လာခဲ့ပြီး..မီးတောက်ပေါင်းများစွာက ကောင်းကင်ပေါ်ကို ထိုးထွက်လာခဲ့တယ်..။မြင်းကို လည်း မီးတောက်တွေက ဝါးမြိုသွားပြီး ပြာမှုုန့်တွေ ဖြစ်စေခဲ့ပါတယ်..။
‘မဟုတ်ဘူး..မဟုတ်ဘူး..မဟူတ်ဘူး..’
နောက်ထပ်တစ်ခနမှာတော့ တောင်ကုန်းတစ်ခုလုံးပျက်ဆီးသွားခဲ့ပါပြီ..။
ဆန်နီ ပူလောင်နေတဲ့ မြေပြိုမူကြီးထဲမှာ နစ်မြုပ်မသွားခင် နောက်ဆုံးမြင်လိုက်တာကတော့..သူ့သားကို မီးတောက်တွေ ဝါးမြိုနေခဲ့တာကိုပါပဲ..။
‘မဟုတ်ဘူး..’
ပြီးတဲ့နောက်မှာတော့..သူ သေဆုံးသွားခဲ့ပါတယ်..။
….
နာကျင်မူ…နာကျင်မူ …နာကျင်မူ..
သူ့ နှလုံးသားက ဘာလို့ အရမ်းနာကျင်နေရတာလဲ…
ဆန်နီ အမှောင်ထုထဲမှာ မျက်လုံးတွေကို ဖွင့်လိုက်ပြီး..ထထိုင်လိုက်တယ်..။သူ့က သူ့ရဲ့ အားနည်းနေတဲ့ ရင်ဘတ်ကို ကြည့်ပြီး တုန်ရီနေတဲ့ လက်နဲ့ ထိကြည့်လိုက်ပါတယ်..။သူ့ရဲ့ ရင်ဘတ်က ဘယ်တုန်းက ညဘက်ကြီး နာကျင်သွားရတာလဲ…။
‘အာ…အသက်ကြီးလာတာက တကယ်ပဲ မကောင်းတဲ့အရာပဲ..’
သူက ဆိုးဝါးတဲ့ အိပ်မက်ဆိုးရဲ့ အကြွင်းအကျန်တွေကို မောင်းထုတ်လိုက်ပြီး..သေချာထိုင်ဖို့ ကြိုးစားလိုက်တယ်..။ပြီးတာနဲ့ သူ့ရဲ့ အဆစ်တွေကို လှုပ်ရှားလို့ ရတဲ့ အထိ နိုပ်နယ်နေလိုက်ပါတယ်..။ယင်းနောက် သူ ဖြည်းညှင်းစွာ ထရပ်လိုက်ပြီး..မျက်လုံးတွေကို မှိတ်ထားခဲ့တယ်..။ဒါက သူ့ကို ဝန်းရံထားတဲ့ မြင့်မြတ်တဲ့ တောအုပ်ရဲ့ အသံတွေကို နားထောင်နေခဲ့တာပါ..။
ကောင်းပြီလေ..အနည်းဆုံးတော့ သူ အသက်ရှင်လျက်နိုးထလာခဲ့တာပဲ..။ဒီ အသက်အရွယ်မှာတော့..ဒါကပဲ ကံကောင်းမူ တစ်ခုလို့ ဆိုရမှာပါ..။
တကယ်လို့ သူ့ နှလုံးသားကသာ အရမ်း မနာကျင်ဘူးဆိုရင်ပေါ့..
သို့ပေမယ့် အသက်အရွယ် ရလာတယ် ဆိုတာက ဒီလိုပါပဲ..။မနက်ခင်းတိုင်းက..အမှန်တကယ်ပဲ နာကျင်မူ အသစ်ကို ယူဆောင်ပေးနေခဲ့တယ်..။ဆန်နီ အနေနဲ့ မနက်ခင်းတစ်ခုမှာ နိုးထလာပြီး..ရုတ်တရက် အရာအားလုံးက ကောင်းမွန်နေမယ် ဆိုရင်..ပိုပြီးတော့တောင် ကြောက်ရွံ့သွားမိမှာပါ..။
ဘာပဲဖြစ်ဖြစ်…
အခုကတော့ နေ့ရက်အသစ်ကို ရင်ဆိုင်ရမယ့် အချိန်ရောက်ပါပြီ..။