နတ်ဘုရားတွေရဲ့ စိတ်ဆန္ဒ
Vol. 43 Ch. 635
ဆန်နီဟာ..သစ်သားတုတ်ချောင်းလေးကို အသုံးပြုပြီး သူ့ရဲ့ အိမ်ငယ်လေးအတွင်းမှ ထွက်လာကာ…မြင့်မြတ်တဲ့ တောအုပ်လေးရဲ့ သန့်ရှင်း လတ်ဆတ်တဲ့လေကို ရူသွင်းလိုက်ပါတယ်..။
ရှေးဟောင်းသစ်ပင်တွေက သိမ်မွေ့စွာဝေ့ယမ်းပြီး သူ့ကို နှုတ်ဆက်နေခဲ့ကြတယ်..။သစ်တောတစ်ခုလုံးက ဖြည်းညှင်းစွာ နိုးထလာနေပြီး..မြစိမ်းရောင် သစ်ရွက်တွေကလည်း..နေရောင်ခြည်ရဲ့ နွေးထွေးမူကို တဖန်ပြန်ပြီး ခံယူနေခဲ့ကြပါပြီ..။ကြီးမားတဲ့ သစ်ပင်ကြီးတွေကြားထဲမှာ မြူတွေ စီးဆင်းနေကြပြီး..မနက်ခင်းအာရုံဦးရဲ့ တောက်ပတဲ့ အလင်းရောင် ကို ဖော်ပြလာခဲ့ကြတယ်..။နိုက်တင်ဂေး ငှက်လေးတွေက..ပျော်ရွှင်စွာ တေးသီဆိုနေကြပြီး..အကိုင်းတစ်ခုကနေ တစ်ခုကို ခုန်ကူးနေကြတဲ့ မြင်ကွင်းက အတော်လေးကို ရင်းနှီး ၊ လှပပြီး ဆွဲဆောင်မူ ရှိနေခဲ့တာပါ..။
အမှန်တကယ်ပဲ…နှလုံးသားနတ်ဘုရားရဲ့ တောအုပ်က မျှော်လင့်ချက် ဘုရင့်နိုင်ငံတော်မှာတော့..ရတနာ တစ်ခုလိုပါပဲ..။သူက ဒီနေရာမှာ မွေးဖွားခဲ့ပြီး သူ့ရဲ့ သက်တမ်းအများစုကို ဒီနေရာမှာ ရှင်သန်နိုင်တာ ဘယ်လောက်တောင် ကံကောင်းလိုက်လဲ..။
ဒီသစ်ပင်တွေက ဒီရှေးဟောင်းကုန်းမြေကြီး မပျက်ဆီးခင် ၊ အလိုဆန္ဒ အကျဉ်းချမခံရခင် အချိန်ကတည်းက ဒီနေရာမှာ တည်ရှိနေခဲ့ကြတာပါ..။ပြီးတော့..သူ သေဆုံး ၊ မေ့ပျောက်သွားပြီး..သူ့ရဲ့ အရိုးတွေ အမြစ်တွယ်သွားတဲ့ အထိအောင် သူတို့က ဆက်ပြီး တည်ရှိနေကြပါလိမ့်မယ်..။အခု ဆန်နီက အသက်ကြီးနေပြီဖြစ်ပြီး..အသက်ရှင်သန်ဖို့ အချိန်အကြာကြီး မရှိတော့တာကြောင့်..ဒီအတွေးတွေက သူ့ကို အတော်လေး နှစ်သိမ့်ပေးနေစေခဲ့တယ်..။
လူသားတစ်ယောက်ရဲ့ ဘဝက တိုတောင်းပေမယ့်..ဒီလှပတဲ့ တောအုပ်လေးကတော့ အဆုံးမရှိနိုင်ပါဘူး..။
သူက ရှေးဟောင်း ဝက်သစ်ချပင်ကြီး တစ်ပင်ကို ..မိတ်ဆွေဟောင်းတစ်ယောက်လို ပုတ်ပေးကာ..သက်ပြင်းချလိုက်တယ်..။ပြီးတာနဲ့..ရေခပ်ဖို့အတွက် စမ်းချောင်းရှိရာဆီကို ဖြည်းညှင်းစွာ လျောက်သွားခဲ့ပါတယ်..။
ဆန်နီရဲ့ အိမ်ငယ်လေးက..တောအုပ်ရဲ့ အပြင်ဖက်မှာ ရှိနေတဲ့အတွက်..သစ်ပင်တွေရဲ့ ကြားထဲကနေပြီး ကျွန်းရဲ့အစွန်းကို လှမ်းမြင်နေခဲ့ရပါတယ်..။ခါတိုင်းလိုပဲ ဒီကျွန်းက ဖြည်းညှင်းစွာ အပေါ်တက်လိုက် အောက်ကို နိမ့်ကျလာလိုက် ဖြစ်နေခဲ့တယ်..။ကောင်းကင် ချိန်းကြိုးတွေကလည်း မကြာခနဆိုသလို အသံတွေ မြည်နေခဲ့ကြပါတယ်..။အရာရာတိုင်းက ခါတိုင်းလိုပဲဖြစ်ပြီး..ဒါက ကမ္ဘာကြီးရဲ့ အကောင်းဆုံး အရာတွေပါ..။
ဆန်နီ အသက်ရှည်စွာ နေထိုင်ခဲ့တယ်..။တစ်ချို့သော အချိန်တွေက အေးချမ်းပြီး ..တစ်ချို့သော အချိန်တွေမှာ မုန်တိုင်းတွေ ရှိခဲ့တယ်ဆိုပေမယ့်..ဒီလို ခက်ခဲတဲ့ အချိန်တွေက..တောအုပ်လေးဆီကို ရောက်မလာခဲ့တာ အတော်လေးကို ကြာနေခဲ့ပါပြီ..။ပြီးတော့ ဒါကလည်း သူ အမြဲတမ်းလိုချင်နေတဲ့ အရာပါပဲ..။တိတ်ဆိတ်ပြီး အေးချမ်းတဲ့ ဘဝမှာ နေထိုင်နိုင်ဖို့ပါ..။ကံဆိုးမူတွေ ၊ ရန်လိုမူတွေ နဲ့ အမြဲတမ်းပြောင်းလဲနေတဲ့ ကမ္ဘာကြီးရဲ့ ဝေးရာမှာ အေးချမ်းစွာ နေထိုင်နိုင်ဖို့..။
ပြောင်းလဲခြင်း …ပြောင်းလဲခြင်းဆိုတာက အမြဲတမ်း ပျက်ဆီးမူတွေကို ယူဆောင်လာတတ်ပါတယ်..။ဆန်နီကတော့ ဒီအရာရဲ့ အစိတ်အပိုင်းတစ်ခု မဖြစ်ချင်မိပေ..။
သို့ပေမယ့် ဒီနေ့မှာတော့..သူ့ရဲ့ လိုအင်ဆန္ဒတွေက..မပြည့်ဝနိုင်တော့ပေ..။သူ့ရဲ့ နေ့စဉ်လုပ်နေကြအရာတွေကို အနှောက်အယှက်ပေးမယ့်..မထငိမှတ်ထားတဲ့ အရာတစ်ခု က ဖြစ်ပေါ်လာခဲ့ပါတယ်..။
ကျွန်းရဲ့ အစွန်းဖက်မှာတော့..မြင့်မြတ်သော တောအုပ်ရဲ့ မြေဆီလွှာနဲ့ဆက်သွယ်ထားတဲ့ ချိန်းကြိုးကနေ ခုန်တက်လာတဲ့ အလား..သန်မာတဲ့ အနက်ရောင် စစ်မြင်းကြီးတစ်ကောင် ပေါ်လာခဲ့တယ်..။သူက ရှေးဟောင်း သစ်ပင်တွေရဲ့ ကြားထဲကနေပဲ တည်ငြိမ်တဲ့ ခြေလှမ်းတွေနဲ့ ရှေ့ကိုတိုးသွားလိုက်ပါတယ်..။
မြင်းနက်ဟာ..ကုန်းနှီးမပါပေမယ့်လည်း..သူ့ရဲ့ နောက်ကျောမှာတော့ စီးနင်းသူတစ်ယောက် ပါလာနေခဲ့တယ်..။အနီရောင် ချည်အက်ျီကို ဝတ်ဆင်ထားတဲ့ လှပတဲ့ မိန်းမငယ်လေးတစ်ယောက်က မြင်းပေါ်မှာ ထိုင်နေခဲ့ပြီး..သူမရဲ့ ဆင်စွယ်ရောင် ခြေထောက်တွေက ဘာမှစီးမထားခဲ့ပေ..။သူမက ကျတ်သရေရှိတဲ့ ကိုယ်နေဟန်ထားရှိကာ..မျက်နှာကလည်း အတော်လေးကို ချစ်စရာကောင်းနေခဲ့တယ်..။သူမရဲ့ ပိုးချည်မျှင်လို ဆံသားတွေက..ရေတံခွန်တစ်ခုလိုပဲ..အောက်ကိုကျဆင်းနေခဲ့ပါတယ်..။
ဆန်နီဟာ..မိန်းမငယ်လေးကို စိုက်ကြည့်ရင်း ..သူမရဲ့ အလှအောက်မှာ မှင်သက်နေမိခဲ့တယ်..။ယင်းနောက်..သူက ချောင်းဟန့်လိုက်ပြီး ခေါင်းခါယမ်းလိုက်ပါတယ်..။
“ရှင်က ဘာတွေလုပ်နေတာလဲ .အရူးအိုကြီး..။မိန်းမလှလေးတွေကို..နှာဘူးကျနိုင်တဲ့ ရှင့်ရဲ့နေ့ရက်တွေက ပြီးဆုံးသွားခဲ့ပြီ..။ဒီ ငယ်ရွယ်တဲ့ အလှအပလေးက ရှင့် မြေးအရွယ်လောက်ပဲ ရှိတယ်လေ..။အရှက်လေးဘာလေး ရှိပါဦး.”
သူ ခါးသက်စွာ ရယ်မောလိုက်ပြီး..မျှော်လင့်မထားတဲ့ ဧည့်သည်ကို ကြိုဆိုဖို့ လုပ်လိုက်ပါတယ်..။
မီတာ တစ်ဒါဇင်ခန့် အကွာအဝေးမှာတော့..မိန်းမလှလေးဟာ..သူမရဲ့ မြင်းကို ရပ်တန့်လိုက်ပြီး..အသက်ရူမှားလောက်တဲ့ လှပမူမျိုးနဲ့ အောက်ကို ခုန်ဆင်းလိုက်ပါတယ်..။ပြီးတာနဲ့ နူးညံ့တဲ့ မြက်းခင်းပြင်ပေါ်မှာ ဒူးထောက်ချလိုက်ပြီး တစ်ခြားလူတွေ လုပ်သလိုမျိုး အောက်ကိုငုံ့ကြည့်နေခဲ့တယ်..။
ဆန်နီဟာ..မိန်းမငယ်လေးဆီကို လျောက်သွားရင်း..လူကြီးတစ်ယောက်ပုံစံနဲ့ အပြုံးတစ်ခုကို ဖန်တီးထားခဲ့ပါတယ်..။သူက လမ်းလျောက်တဲ့နေရာမှာ အားစိုက်ထုတ်ပြီး လျောက်နေရတာကြောင့်…မိန်းမလှလေးနဲ့ နီးလာလေ..သူ့နှလုံးက ပိုပြီး နာကျင်လာလေ ဖြစ်နေခဲ့တယ်..။
‘အာ..ငါ့ရဲ့ အားနည်းတဲ့ ခန္တာကိုယ်က ဒီနေ့ကြမှာ ဘာတွေမှားယွင်းနေရတာလဲ..’
“နှုတ်ဆက်ပါတယ် မိန်းကလေး..။အာ..ကြိုဆိုပါတယ်..။ဘယ်လိုလုပ်ပြီး..နှလုံးသား တောအုပ်ဆီကို ရောက်လာခဲ့တာလဲ..။ဒီလူအိုကြီးကို မင်းရဲ့ စိုးရိမ်စရာတွေ ပြောကြည့်ပါလား..ကျုပ်ကူညီပေးနိုင်တာလည်း ဖြစ်နေနိုင်တယ်လေ..”
မိန်းမလှလေးကတော့ သူမရဲ့ ခေါင်းကို မော့မလာခဲ့ပဲ အောက်ဘက်ကို ဆက်လက် ကြည့်နေတုန်းပါပဲ..။ဒါက သူမအနေနဲ့ လေးစားမူနဲ့ ရိုသေမူကို ပြသ နေသလားလို့တောင် ထင်မှတ်ရပါတယ်..။သူမ စကားပြောတဲ့အချိန်မှာတော့ သူမရဲ့ အသံက စွဲဆောင်နိုင်စွမ်းရှိပြီးတည်ငြိမ်နေခဲ့တယ်..။သို့ပေမယ့် ဆန်နီက သူ့ဘဝမှာ သူမလိုမျိုး ဧည့်သည်တွေနဲ့ အများကြီး ကြုံခဲ့ဖူးတာပါ.။သူတို့အားလုံးက ဝမ်းနည်းမူတွေ ၊ နောင်တရမူတွေနဲ့ ရောက်လာကြတာချည်းပါပဲ..။ဒါကြောင့်ပဲ သူတို့က မြင့်မြတ်တဲ့တောအုပ်ဆီကို ရောက်လာကြတာပါ..။ဒီနေရာက..နှစ်သိမ့်ပေးနိုင်တဲ့ နေရာတစ်ခုပါပဲ..။
သူက မိန်းမငယ်လေးရဲ့ တည်ငြိမ်မူတွေအောက်မှာ ဖုံးကွယ်ထားတဲ့ နက်ရှိုင်းတဲ့ အမှောင်ထုတွေကို ခံစားနေမိခဲ့ပါတယ်..။
သူမပြောလိုက်တယ်..။
“…ကျွန်မက တောအုပ်ရဲ့ အရှင်မ နဲ့ တွေ့ဆုံခွင့် တောင်းခံချင်တယ်..”
ဆန်နီ ခနလောက်တွေဝေနေပြီးကာမှ သက်ပြင်းချလိုက်တယ်..။
‘ငယ်ရွယ်ပေမယ့်လည်း ပြသနာတွေနဲ့…ဘယ်လောက် ဝမ်းနည်းဖို့ကောင်းလိုက်လဲ..’
ယင်းနောက် သူက တုတ်ချောင်းမှာ အမှီပြုရင်း ပြုံးလိုက်တယ်..။
“ကောင်းပြီလေ..သူမက မကြာခင်ရောက်လာသင့်နေပြီ..။ဒီလိုဆိုရင် ဘယ်လိုလဲ…။အရှင်မ ရောက်လာတဲ့ အချိန်ထိ ငါ မင်းနဲ့အတူ စောင့်နေပေးပါ့မယ်..”
မိန်းမလှလေးဟာ..ပြန်မဖြေခဲ့ပေ..။သူမက ရုပ်ထုကြီးတစ်ခုလိုပဲ အောက်ကိုသာ ဆက်လက်ငုံ့ကြည့်နေခဲ့ပါတယ်..။သူမရဲ့ အသက်ရူသံတွေက လေးလံပြီး တည်ငြိမ်နေခဲ့တယ်..။ကြောက်စရာကောင်းတဲ့ အနက်ရောင် မြင်းကတောင်..စိတ်ရှည်ပြီး..နေမြဲအတိုင်း ရှိနေခဲ့ပါတယ်..။
ရုတ်တရက် ဆိုသလိုပဲ..ဆန်နီဟာ..ထူးဆန်းတဲ့ မသက်မသာဖြစ်မူကို ခံစားလိုက်ရတယ်..။သူက မိန်းမငယ်လေးကို အနီးကပ်ကြည့်ပြီး မျက်မှောင်ကျုတ်လိုက်ပါတယ်..။
‘ငါ စိတ်ရောဂါများ ရနေတာလား..။မျှော်လင့်ခြင်း နတ်ဘုရားရေ..အဲတာက ဘာများလဲ..’
သူ့ မျက်လုံးတွေက သူ့အပေါ်မှာ လှည့်စားနေကြသလိုပါပဲ..။ဆန်နီက..မိန်းမလှလေးရဲ့ ရင်ဘတ်မှာ အရောင်တွေ တောက်ပနေတဲ့ အလင်းလုံးတစ်ခုကို မြင်နေရတယ် ဆိုတာကို ကျိန်ဆိုရဲပါတယ်..။သူက အဲဒီတည်နေရာကို တမင်တကာ ကြည့်နေခြင်းမဟုတ်ပေ..။
အကြောင်းပြချက် မရှိပဲ သူ့ရဲ့ လက်တွေက လက်ဝါးဖြန့်ကာ..ရုတ်တရက် ဆန့်တန်းသွားခဲ့တယ်..။ဒါက လေထဲက တစ်ခုခုကို ဖမ်းဆုပ်ယူဖို့ ကြိုးစားနေသလိုပါပဲ..။
ဆန်နီ ဒါကို စိတ်ရှုတ်ထွေးစွာ ကြည့်လိုက်ပြီး..
‘…ထူးဆန်းတယ်..။မင်းဘာလုပ်နေတာလဲ…တုံးအတဲ့ လက်..’
သူ ရှက်ရွံ့စွာပဲ လက်ကို ပြန်ရုတ်သိမ်းလိုက်ပြီး..လည်ချောင်းရှင်းကာ..သူ့ရဲ့ လက်ကို နောက်ဘက်ပို့လိုက်ပါတယ်..။ဖြစ်နိုင်တာက သူက မနေ့ညက အိပ်မက်ဆိုးကနေ သိပ်ပြန်မကောင်းသေးတာ ဖြစ်နိုင်ပါတယ်..။
သူ ဒီလိုလုပ်နေချိန်မှာပဲ ..မိန်းမငယ်လေးက ရုတ်တရက်ပြောလာခဲ့တယ်..။သူမရဲ့ ခေါင်းကတော့ အောက်ကို ငုံ့ကြည့်နေတုန်းပါပဲ..။
“ပြောပါဦး..ရှင်က ဆင်စွယ်ရောင် တာဝါကို မြင်ဖူးလား..”
‘ဘယ်လို မထငိထားတဲ့ မေးခွန်းမျိုးလဲ….’
ဆန်နီပြုံးလိုက်ပြီး..
“အိုး..သေချာတာပေါ့..။ငါ ငယ်ရွယ်စဉ်အခါတုန်းက…မင်းလောက်တောင် အသက်မကြီးသေးဘူး..။ဟီးဟီး..ဒါက သဘောကျဖို့တော့ ကောင်းမှာမဟုတ်ဘူး..ဒါပေမဲ့ ဒီလူအိုကြီးက..တစ်ချိန်တုန်းက အိမ်ပြေးလေးတစ်ယောက် ဖြစ်ခဲ့ဖူးတယ်..။ငါက အိမ်ကနေ ထွက်သွားပြီးစွန့်စားခန်းတွေ ဖွင့်ခဲ့တာ..။အဲ့အချိန်မှာ ငါက ဆင်စွယ်ရောင်မြို့နဲ့ တစ်ခြား အရာတွေကို အများကြီး မြင်တွေ့ခဲ့ဖူးတယ်လေ..။ဒါပေမဲ့ ငါ နောက်ဆုံးတော့ ဒီတော့အုပ်လေးဆီကိုပဲ ပြန်လာခဲ့တယ်..။ငါ့ အိမ်ထက် ပိုကောင်းတဲ့နေရာက ဘယ်မှာပဲ မရှိဘူးဆိုတာကို ငါ ယုံကြည်သွားခဲ့တယ်.လေ..”
သူ တစ်ခနလောက် တွေးနေပြီးကာမှ မေးလိုက်တယ်..။
“ဘာလို့မေးတာလဲ..”
မိန်းမငယ်လေးဟာ..အတော်ကြာအောင် တိတ်ဆိတ်နေခဲ့ပြီးမှ..
“တာဝါထဲမှာ ဆိုးယုတ်တဲ့ နတ်ဆိုးတစ်ကောင်ကို အကျဉ်းချထားတယ်လို့ ကျွန်မကြားဖူးထားတယ်..။နတ်ဘုရားတွေက သူမရဲ့ ပျက်ပြားမူတွေ ၊ မကောင်းမူတွေ ၊ မာနထောင်လွှားမူတွေအတွက် သူမကို အကျဉ်းချထားခဲ့တာတဲ့..။အဲတာကို အမှန်လို့ ရှင်ထင်လား..”
ဆန်နီ ရယ်မောလိုက်တယ်..။
“အာ..အဲတာလား..။တစ်ခါတစ်လေမှာ မျှော်လင့်ချက်နိုင်ငံတော်မှာနေထိုင်တဲ့ ငါတို့လူတွေက ဘယ်လောက်တောင် အသိပညာတွေ ဆုံးရှုံးသွားကြပြီ ဆိုတာလည်း သိချင်မိတယ်..။ဟုတ်တယ်..ဆင်စွယ်ရောင်တာဝါထဲမှာ အကျဉ်းချခံထားရတဲ့ ဒဲလ်မွန် တစ်ယောက်ရှိတယ်..။ဒါပေမဲ့ သူမက မဆိုးယုတ်ဘူး ၊ မလှည့်စားမူ ၊ မပျက်ဆီးဘူး..။အမှန်တော့ မျှော်လင့်ချက်က ငါတို့ လူသားတွေ အပေါ်မှာ အရမ်းကို ကြင်နာနွေးထွေးပြီး ရက်ရောခဲ့တာ..”
မိန်းမလှလေးဟာ..အနည်းငယ် လှုပ်လားခဲ့ပြီး..
“အိုး..အဲတာဆိုရင် နတ်ဘုရားတွေက သူမကို ဘာလို့ အပြစ်ပေးခဲ့တာလဲ…”
ဆန်နီ စိတ်ပျက်စွာ သက်ပြင်းချလိုက်ပြီး..
“အဲတာကမှ မေးခွန်းပဲ..မဟုတ်ဘူးလား..။ဘာလို့ ဒီကုန်းမြေကို ဖျက်ဆီးပြီး သူ့ရဲ့ ကြင်နာတတ်တဲ့အရှင်မကို အကျဉ်းချထားခဲ့တာလဲ..။ဘယ်သူသိမှာလဲ..တကယ်လို့ ငါတို့လို သေမျိုးတွေကသာ..နတ်ဘုရားတွေရဲ့ စိတ်ဆန္ဒတွေကို သိနေမယ်ဆိုရင် …ငါတို့ကိုယ်တိုင်ကလည်း နတ်ဘုရားတွေ ဖြစ်ကုန်မှာပေါ့..”
အဲဒီမှာပဲ..။မိန်းမငယ်လေးရဲ့ ရင်ဘတ်က တောက်ပနေတဲ့မီးတောက်….။သူက ထင်ယောင်ထင်မှား ဖြစ်နေတာ မဟုတ်ဘူး..။အဲတာက အမှန်တကယ်ပဲ အဲဒီမှာ ရှိနေခဲ့တာ..။
ဆန်နီက ဒီလိုကြည့်နေတာက မသင့်တော်ဘူးဆိုတာကို ဂရုမစိုက်ပဲ သေချာကြည့်ဖို့ ကြိုးစားလိုက်တဲ့ အချိန်မှာပဲ..ရင်းနှီးတဲ့ အသံတစ်ခုက သူ့ရဲ့နောက်ဖက်ကနေ ထွက်ပေါ်လာခဲ့ပါတယ်..။
…သို့ပေမယ့် ဒီအသံက..သုန်မုန်ပြီး..မကြည်မလင်ဖြစ်နေတာမျိုးကို သူ တစ်ကြိမ်တစ်ခါမှ မကြားဖူးခဲ့ပေ..။
တောအုပ်ရဲ့ အရှင်မက ပြောလာခဲ့တယ်..။
“…နင်ဒီကို ဘာလာလုပ်တာလဲ…ဆိုဗန်..”