← Chapters

မင်းအသက်ရှင်ရမယ်

Vol. 1 Ch. 104

မင်းအသက်ရှင်ရမယ်

Vol. 1 Ch. 104

ဘန်း  ....  "

တစ်ဖက်တွင် ကျန်းရိလျှိုသည် ရထားလုံး အတွင်းတွင် ထိုင်၍ သူ့ဂိုဏ်းသားများထံမှ သတင်းကို နားထောင် နေခဲ့သည်။ သူသည် ဒေါသတကြီးနှင့် အဖိုးတန် ကြွေခွက်ကို ချက်ချင်း ပေါက်ခွဲ လိုက်သည်။ နာကျည်းသော မျက်လုံးများနှင့် သူသည် အံကို တင်းတင်းကြိတ်ကာ ရေရွတ် လိုက်သည်။

"စုလောရွှယ် .... မိန်းမပျက်မ .... ဒီမင်းသားက မျိုးမစစ်ကောင် ကျန်းရီထက် ဘယ်လိုများ ပိုမသာလို့လဲ  ....   .... မင်းက သူ့နောက်ကို လိုက်သွားတယ် .... မိန်းမပျက်မ  ....    ....  "

"ရိလျှို  ....  "

ရထားလုံး၏ အပြင်ဘက်မှ အသံတစ်ခုသည် ကျန်းရိလျှိုကို မှင်တက် သွားစေသည်။ အနက်ရောင် ပုံရိပ်သည် ခန်းဆီးစကို ဆွဲဖွင့်ကာ ဝင်လာခဲ့သည်။ သူသည် ကျန်းရိလျိုကို လေးနက်စွာ ကြည့်လိုက်ကာ ခပ်တိုးတိုး ပြောလိုက်သည်။

"ဒီနယ်မြေ အတွင်းမှာ စိတ်ဝိညာဉ် မျောလွင့် ခရီးသည်အဆင့် သုံးယောက်ရှိတယ် .... မင်းပိုပြီး သတိထားနေလို့ မရဘူးလား  ....   .... ကျောင်းအုပ်ချီသာ ကြားသွားရင် အကျိုးဆက်ကို မင်းသိမှာပါ .... "

ကျန်းရိလျှိုသည် တုန်လှုပ် သွားကာ သတိ ဝင်လာခဲ့သည်။ သူသည် ခန်းဆီးစကို အမြန်ဖွင့်ကာ ပတ်ဝန်းကျင်ကို အကဲခတ် လိုက်သည်။ ထို့နောက် အသံကိုနှိမ့်ကာ မေးလိုက်သည်။

"ဝူကျိ .... အစီအစဉ်က ဘယ်လိုလဲ  ....  "

ကျန်းစွန်းဝူကျိသည် လှောင်ပြုံး တစ်ခုနှင့် ရယ်ချလိုက်သည်။

"ငါက ဒါကို ကိုင်တွယ်မယ် ဆိုတာကို မင်းက စိတ်ပူနေတာလား  ....   .... မစိုးရိမ်နဲ့ .... သုံးရက်ကြာရင် ပွဲကြည့်ဖို့သာ ပြင်ထား"

ကျန်းရိလျှိုသည် ခေါင်းညိတ် လိုက်သည်။ ကျန်းစွန်းဝူကျိသည် အလုပ်တစ်ခုကို အမြဲ သေသေသပ်သပ် လုပ်လေ့ရှိသည်။ သူသာ ကိုင်တွယ် ဖြေရှင်းလျှင် ပြဿနာ ဖြစ်စရာ အကြောင်း မရှိပေ။ သို့သော် သူသည် ခဏလောက် တုံ့ဆိုင်းနေခဲ့ပြီး မေးမြန်းလိုက်သည်။

"ဒီတစ်ခါမှာ ဒုကျောင်းအုပ် သုံးယောက်က ငါတို့ကို စောင့်ကြည့်နေတယ် .... ကျန့်ဝူရွှမ်း၊ ချမ်ဝမ်ကွမ်နဲ့ စုလောရွှယ် တို့ကလည်း အဲဒီ မျိုးမစစ်ကောင် ကျန်းရီနဲ့ အတူရှိနေတယ် .... အားလုံးက လွဲချော်သွားလို့ မဖြစ်ဘူး"

"ဟားဟား  ....  "

ကျန်းစွန်းဝူကျိသည် ပြဿနာ မရှိသည့်နှယ် ရယ်မောလိုက်သည်။

"ကျန့်ဂိုဏ်းက စိတ်ဝိညာဉ် မျောလွင့် ခရီးသည် အဆင့်တစ်ယောက်ကို အစောင့်အနေနဲ့ ထည့်ပေးလိုက်တယ် .... ချမ်ဂိုဏ်းက စိတ်ဝိညာဉ်မျောလွင့် ခရီးသည် အဆင့် တစ်ယောက်လည်း တိတ်တဆိတ် လိုက်လာတယ် .... ရုတ်ရုတ်သဲသဲ ဖြစ်သွားရင် သူတို့တွေက ဘာကိုမှ မတွေးဘဲ သူတို့ရဲ့ ဆက်ခံသူတွေကိုပဲ ပထမဦးစားပေး အနေနဲ့ ကယ်ကြမှာပဲ .... စုလောရွှယ်ကတော့ .... .မင်းက ဒီမိန်းမကို မရနိုင်မှတော့ သူမကို ဖျက်ဆီးလိုက်  ....  "

"ဖျက်ဆီးရမယ်  ....  "

ကျန်းရိလျှိုသည် ခေါင်းရမ်း လိုက်သည်။

"ဒီလိုအလှလေးကို ဖျက်ဆီးပစ်ရမှာက နှမြောစရာ ကောင်းလွန်းတယ် .... သူမကို သိမ်းထားမယ် .... ငါကစားလို့ ဝသွားရင်တော့ သတ်ပစ်လိုက်မယ်  ....  "

"ဒါဆိုကောင်းပြီ  ....   "

ကျန်းစွန်းဝူကျိသည် သက်ပြင်း တစ်ချက် ချလိုက်သည်။ သူသည် လှည့်ကြည့်ကာ မေးလာခဲ့သည်။

"အနောက်ဘက် မြို့စောင့် တပ်ဘက်ကရော ဘယ်လိုလဲ  ....   .... နောက်ထပ် သွေးနီစစ်သား အယောက် သုံးရာက ဘယ်မှာလဲ  ....   .... ငါတို့မှာ သွေးနီစစ်သား အယောက် ခြောက်ရာသာ ရှိရင် ကျန်းရီကို ကောင်းကင် ဧကရာဇ်ရဲ့ ဂူသင်္ချိုင်းထဲမှာ မြှုပ်နှံစရာတောင် မလိုတော့ဘူး .... ဒီအစီအစဉ်က အလုပ်မဖြစ်ခဲ့ရင်ပေါ့"

"ဒါက ပြဿနာ မရှိပါဘူး  ....  "

ကျန်းရိလျှိုသည် ခေါင်းညိတ်ကာ ပြောလိုက်သည်။

"ကျန်းကျွင်းက ငါ့အမိန့်ကို အမြဲနာခံတယ် .... ခမည်းတော်က တော်ဝင်မြို့တော်မှာ မရှိဘူးဆိုတော့ ငါ့အမိန့်ကို သူမနာခံဘဲ မနေပါဘူး"

"ကောင်းပြီ .... ရက်နည်းနည်းလောက် သည်းခံလိုက်...အရမ်းကြီး စိတ်လိုက်မာန်ပါ မလုပ်နဲ့ .... မဟုတ်ရင် မင်းကို သံသယ အဝင်ခံရနိုင်တယ်"

ကျန်းစွန်းဝူကျိသည် ခေါင်းညိတ်ကာ ထွက်ခွာ သွားခဲ့သည်။ ကျန်းရိလျှိုသည် သူ့နောက်ကျောကို ကြည့်ရင်း ကျန်ရစ်ခဲ့သည်။ ထို့နောက် သူသည် ရထားလုံး အတွင်းမှ ခုံပေါ် ပြန်ထိုင်ကာ အေးစက်စွာ ရယ်မော လိုက်သည်။

"ကျန်းရီ .... မင်းမသေရင် ငါကောင်းကောင်း အိပ်ပျော်နိုင်မှာ မဟုတ်ဘူး .... ဒါကြောင့် မင်းသေသွားတာပဲ ကောင်းတယ်"

***

နောက်နှစ်ရက်သည် အေးအေးချမ်းချမ်းပင် ဖြတ်သန်း သွားခဲ့သည်။ ကျန်းရိလျှိုသည် အံကို ကြိတ်ရသည်မှာ သွားများပင် နာမတတ်ပင်။ အစာစားချိန် ရောက်တိုင်းတွင် စုလောရွှယ်သည် ကျန်းရီ၏ ရထားလုံးအတွင်း သွားတတ်၍ အနည်းဆုံး တစ်နာရီခန့် ကြာအောင် နေတတ်သည်။ အတိတ်က သူသည် စုလောရွှယ် အကြိမ်ပေါင်း များစွာ ဖိတ်ခေါ်ဖူးသော်လည်း သူမသည် တစ်ကြိမ်မှ လက်မခံခဲ့ပေ။ ထိုတစ်ချက်တည်း ကပင် ကျန်းရိလျှိုကို ရူးမတတ် ဒေါသထွက်စေပြီး ကျန်းရီကို သတ်ရန် မစောင့်နိုင် ဖြစ်စေသည်။

အိပ်ခြင်းနှင့် စားခြင်းအပြင် ကျန်းရီသည် ကျင့်ကြံ၍လည်း နေသည်။ သူသည် တစ်ရက်လျှင် ခြောက်နာရီ အိပ်စက်သည်။ သူ၏ ဇွဲရှိရှိ ကျင့်ကြံမှုသည် ကျန့် ဝူရွှမ်းကိုပင် ရှက်ရွံ့စေသည်။

တတိယမြောက်နေ့ ညနေခင်းတွင် ကျန်းရီသည် ညစာစားချိန် ရောက်တော့မည်ဟု ခန့်မှန်းမိ၍ ကျင့်ကြံခြင်းကို ရပ်တန့် လိုက်သည်။ သူသည် ဘေးကို ကြည့်လိုက်သည်။ သူသည် အနီးကို ကြည့်လိုက်သော် ချမ်ဝမ်ကွမ်၏ အရိပ်အယောင်ကို မမြင်ရပေ။ စားပွဲတွင်လည်း ပုံမှန်ကဲ့သို့ စားကောင်း သောက်ဖွယ်များ ရှိမနေပေ။ သူသည် ကျန့်ဝူရွှမ်းကို မေးကြည့်လိုက်သည်။

"ဘာအခြေအနေကြီးလဲ  ....  "

"အပြင်ကို ကြည့်လိုက်  ....  "

ကျန့်ဝူရွှမ်းသည် ဝိုင်တစ်ခွက်ကို ကိုင်ထားရင်း တည်ငြိမ်စွာ ပြောလိုက်သည်။

ကျန်းရီသည် ခန်းဆီးစကို တွန်း၍ အပြင်ကို ကြည့်လိုက်သော် ပတ်ဝန်းကျင်ကို သတိထားမိ လိုက်သည်။ သူသည် လမ်းနှစ်လုံးတွင် မတ်စောက်သော ချောက်ကမ်းပါး များကို တွေ့လိုက်ရသည်။ သူတို့ အုပ်စုသည် အလွန် ကျဉ်းမြောင်းသော ချိုင့်ဝှမ်းလေး တစ်ခုအတွင်း ဖြတ်သန်း နေကြသည်။ လမ်းသည် ကျဉ်းမြောင်း လွန်းရာ တစ်ကြိမ်တွင်မှ ရထားလုံး လေးငါးစီးသာ ဖြတ်သန်းနိုင်လေသည်။

"ဒါက ဝိညာဉ် ပျောက်ချိုင့်ဝှမ်း .... ဒါက နယ်မြေရဲ့ အထင်ကရ နေရာတစ်ခုပဲ .... ရှားနိုင်ငံက ရှန်ဝူနိုင်ငံတော်ကို ကျူးကျော်တဲ့ အချိန်တုန်းက သူတို့တွေ ဒီတောင်ကြားကို ဖြတ်ချိန်မှာ အနောက်ဘက် နယ်စပ်မြို့စား လော့ကဲအရှင်ရဲ့ ခြုံခို တိုက်ခိုက်ခြင်း ခံခဲ့ရတယ် .... စစ်သည် ငါးသိန်းပါ စစ်တပ်ဟာ အမြစ်ပြတ် ချေမှုန်းခြင်းခံရပြီး ဝိညာဉ်ပေါင်း များစွာ ဒီနေရာ ကြွေလွင့်ခဲ့တယ် .... ဒါကြောင့် ဒီနေရာကို ဝိညာဉ်ပျောက် ချိုင့်ဝှမ်းလို့ ခေါ်တာပဲ.... ငါတို့ နည်းနည်း စောင့်ရဦးမယ်  ....   .... ဒီနေရာကို ဖြတ်ဖို့ ငါတို့ နောက်တစ်နာရီလောက် စောင့်ရဦးမယ် .... ပြီးမှပဲ သင့်တော်တဲ့ စခန်းချဖို့နေရာတစ်ခု ရှာတွေ့မှာ .... ဒီနေ့ညစာစားချိန်က နောက်ကျနိုင်တယ်"

"ကျန့်ဝူရွှမ်း .... နင်ဘာလို့ ဒါတွေ အကုန်လုံးကို လာပြောနေတာလဲ  ....   .... ငါ့တို့ကို လာခြောက် နေတာလား  ....   .... "

ဘေးရှိ ကျန့်လင်းအာသည် အတော်လေး မပျော်မရွှင် ဖြစ်သွားခဲ့သည်။ သူမသည် လက်သီးကို မြှောက်ကာ ကျန့်ဝူရွှမ်း၏ ပခုံးထက် ထိုးချလိုက်သည်။

"အို"

ကျန်းရီသည် ကျန့်လင်းအာ၏ ကြမ်းကြမ်းတမ်းတမ်း အပြုအမူများကို မြင်ရသည်မှာ ရိုးနေပြီ ဖြစ်သည်။ ကျန့်လင်းအာသည် ကျန့်ဝူရွှမ်းနှင့် ပတ်သက်၍ အမြဲလိုလို မပျော်မရွှင် ဖြစ်နေပြီး သာမန် အစ်ကိုနှင့် ညီမကြားတွင် တွေ့ရလေ့ရှိသော ဆက်ဆံမှုမျိုး မတွေ့ရပေ။ တစ်ဖက်တွင် ကျန့်ဝူရွှမ်းသည် သူမကို ကြင်ကြင်နာနာနှင့် ဆက်ဆံပြီး အရာရာမှ ကာကွယ်ပေးသည်။ သို့သော် ထိုကိစ္စသည် သူတို့၏ အိမ်တွင်းရေး ဖြစ်သည်။ ကျန့်ဝူရွှမ်းက မပြောလိုလျှင် ကျန်းရီကလည်း မေးမည် မဟုတ်ပေ။

သူသည် ရုတ်တရက် မျက်ခုံး လှုပ်သွားခဲ့သည်။ တစ်ခုခု မှားနေသည်ဟု ခံစား လာရသောကြောင့် သူသည် ရထားလုံး အတွင်း အသင့် အနေအထားဖြင့် ထိုင်နေလိုက်သည်။

တစ်နာရီ ကြာပြီးနောက် ကောင်းကင်သည် မှောင်မည်း နေခဲ့ပြီ ဖြစ်သည်။ ရှေ့ဆုံးမှ ရထားလုံး တစ်စုသည် ချိုင့်ဝှမ်းက ထွက်ခွာသွားခဲ့ပြီ ဖြစ်ပြီး လှည်းလေး ငါးဆယ်ခန့်သည် ကျန်ရစ်နေခဲ့သည်။ ထိုအချိန်တွင် ဆွဲဆွဲငင်ငင် မြည်တမ်းသံ သုံးခုသည် ထွက်ပေါ်လာခဲ့သည်။ သူတို့သည် နတ်ဆိုးသားရဲ သုံးကောင်၏ ဟိန်းဟောက်သံ တို့ကို ကြားလိုက်ရသည်။

"အားလုံးပဲ .... မကြောက်ကြပါနဲ့ .... ဒါက နတ်ဆိုးသားရဲ သုံးကောင်ပါပဲ .... အစောင့်တွေနဲ့ ဆရာတွေ ကျောင်းသားတွေကို ကာကွယ်ကြ .... ဒုကျောင်းအုပ်လျှို ငါ့ကို လာကူညီ  ....  "

ကျောင်းအုပ်ချီ၏ အသံသည် ထွက်ပေါ်လာခဲ့ရာ ကျောင်းသားများသည် အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့သည်။ ဤနေရာသည် ဝိညာဉ်သားရဲတောင် မဟုတ်ရာ အင်အားကြီးသော အကောင်များတော့ ပေါ်မလာလောက်ပေ။ ကျောင်းအုပ် သုံးယောက်က ဒါကို ဖြေရှင်း နိုင်လောက်တယ် မလား  ....   .... မဟုတ်ရင် ကျောင်းအုပ်ချီက ကျောင်းသားတွေကို ဘေးကင်းရာ ရွှေ့ပြောင်း ခိုင်းမှာပေါ့...

ကျန်းရီနှင့် ကျန့်ဝူရွှမ်းသည် တစ်ယောက်နှင့် တစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့ နှစ်ယောက်လုံးသည် တည်ငြိမ် နေခဲ့သည်။ ခပ်လုံးလုံးနှင့် ပုံရိပ်တစ်ခုသည် ရထားလုံးအတွင်း ပြေးဝင်လာပြီး အလေးအနက် ဆိုလာသည်။

"အစ်ကိုကြီး .... ဒုက္ခတော့ ရောက်ပြီ  ....   .... တတိယအဆင့် နတ်ဆိုးသားရဲတွေ ရုတ်တရက် ပေါ်လာကြတယ် .... တစ်ခုခုတော့ မှားနေပြီ  ....   .... အစက ငါထင်တာ ကျောင်းအုပ်ချီနဲ့ ကျန်တဲ့သူတွေ ရှိနေမှတော့ အန္တရာယ် မရှိလောက်ဘူးလို့ .... ဒါကြောင့် မင်းကို ကာကွယ်ဖို့ ခရမ်းရောင် နန်းတော်ရှင် အမြင့်ဆုံးအဆင့် လူငါးယောက်ကို ကောင်းကင် ဧကရာဇ်ရဲ့ ဂူသင်္ချိုင်းမှာ စောင့်ခိုင်းထားတာ .... ငါ့မှာ မင်းကို ကာကွယ်ဖို့ လူ ဒီမှာ မရှိဘူး .... "

ကျန်းရီသည် တွေးတော လိုက်ပြီး မေးမြန်း လိုက်သည်။

"မင်းတို့တွေမှာရော ကာကွယ်မဲ့သူ မရှိဘူးလား  ....  "

ကျန့်ဝူရွှမ်းနှင့် ချမ်ဝမ်ကွမ်သည် တစ်ယောက်နှင့် တစ်ယောက် ကြည့်လိုက်ပြီး ခါးသီးစွာ ရယ်လိုက်ကြသည်။

"ရှိတယ်  ....   .... သူက အစောင့်လုပ်နေပြီး သေရေးရှင်ရေး အခြေအနေ ရောက်ရင် ငါ့ကို ကယ်လိမ့်မယ်  ....   .... ငါက သူ့ကို အမိန့်ပေးလို့မရဘူး .... ကျန့်ဝူရွှမ်းမှာလည်း တစ်ယောက်ရှိတယ် .... "

ကျန့်ဝူရွှမ်းသည် ခေါင်းညိတ် လိုက်သည်။

"ဟုတ်တယ် .... ဂိုဏ်းရဲ့ လျှိူ့ဝှက် အစောင့်တွေက ငါတို့ ဘေးကင်းဖို့က လွဲရင် ဘာကိုမှ တာဝန်မရှိဘူး"

"ကောင်းပြီ .... မင်းတို့ ဘေးကင်းတယ် ဆိုရင် အဆင်ပြေပြီ .... ငါ့ကို မစိုးရိမ်နဲ့ .... သူတို့ ငါ့ကို မသတ်နိုင်ဘူး"

ကျန်းရီသည် အေးစက်စက် ရယ်မောလိုက်ကာ အတွင်းအားများ စုစည်းလိုက်ပြီး ရထားလုံး ပေါ်မှ ခုန်ချ သွားခဲ့သည်။ ချမ်ဝမ်ကွမ်နှင့် ကျန့်ဝူရွှမ်း မတားလိုက်နိုင်ခင်မှာပင် ကျန်းရီသည် အမှောင်ထဲသို့ တိုးဝင် ပျောက်ကွယ် သွားခဲ့သည်။

"အစ်ကိုကြီး .... "

ချမ်ဝမ်ကွမ်စည် ရထားလုံးပေါ်မှ ခုန်ချကာ ကျန်းရီနောက်သို့ ပြေးလိုက်သွားရန် ပြင်လိုက်သည်။ သို့သော် အလင်းအလျင်နှင့် ပုံရိပ်တစ်ခုသည် ပေါ်လာခဲ့ပြီး ချမ်ဝမ်ကွမ်ကို ပခုံးမှ ဆွဲကာ ခပ်တိုးတိုး ပြောလိုက်သည်။

"ဂိုဏ်းချုပ်ငယ် .... လှုပ်ရှားလာတဲ့ လူတွေက သေမင်း နတ်ဘုရားရဲ့ လူတွေပဲ .... အခြေအနေက အရမ်းကို ရုန်းရင်းဆန်ခတ် ဖြစ်နေတာမို့ အရင် နောက်ဆုတ်ရပါမယ် .... "

"ဝှစ်  ....   "

တစ်ဖက်တွင်လည်း အနက်ရောင်ဝတ် လူအိုကြီး တစ်ယောက်သည် ရထားလုံးအတွင်း ရောက်ရှိလာခဲ့သည်။ သူသည် ကျန့်ဝူရွှမ်းကို အရိုအသေ ပေးလိုက်သည်။

"အရှင်ငယ် .... သခင်မလေး .... ဒီအမှုထမ်းရဲ့ နောက်က လိုက်ခဲ့ပေးပါ .... အရင်ဆုံး ဆုတ်ခွာကြတာပေါ့"

ချမ်ဝမ်ကွမ်နှင့် ကျန့်ဝူရွှမ်းသည် သက်ပြင်း ကိုယ်စီ ချလိုက်ကြသည်။ အခြေအနေများသည် ပုံမှန်ထက်ပို၍ ဆိုးနေသည်ဟု သူတို့ ခန့်မှန်း မိကြသည်။ မဟုတ်လျှင် ဂိုဏ်း၏ လျှို့ဝှက် အစောင့်များသည် ဤမျှ မြန်မြန် ထွက်ပေါ် လာကြမည် မဟုတ်ပေ။ ထိုအစောင့်များသည် ဂိုဏ်းချုပ်၏ တိုက်ရိုက် အမိန့်ကိုသာ နာခံလေသည်။

"အစ်ကိုကြီး .... မင်းအသက်ရှင်ရမယ်  ....  "

ချမ်ဝမ်ကွမ်သည် ရေရွတ် လိုက်သော်လည်း ဂိုဏ်း၏ အစောင့်အရှောက် နောက်သို့သာ ရွေးစရာမရှိဘဲ လိုက်ပါ သွားရသည်။

ညသည် ပို၍ နက်လာခဲ့ပြီး ချိုင့်ဝှမ်းအတွင်းမှ ထွက်ပေါ်လာသော သတ်ဖြတ်ခြင်း အရှိန်အဝါ တစ်ခုက စစ်မြင်းများစွာကို ဟီသံများ ထွက်ပေါ်လာစေသည်။

*****

All Chapters