← Chapters

မြင့်မြတ်သော အရာကို အပြစ်ပြုမိခြင်း

Vol. 43 Ch. 636

မြင့်မြတ်သော အရာကို အပြစ်ပြုမိခြင်း

Vol. 43 Ch. 636

“နင် ဒီကို ဘာလာလုပ်တာလဲ ဆိုဗန်..”

ဆန်နီ တစ်ဖက်ကိုလှည့်ပြီး..သူ့ရဲ့နောက်မှာရှိနေတဲ့ နူးညံ့သိမ်မွေ့တဲ့ အမျိုးသမီးကို ကြည့်လိုက်တယ်..။သူမရဲ့ အဝတ်အစားက..ရိုးရှင်းတဲ့ အစိမ်းရောင် ပိုးချည်နဲ့ ရက်လုပ်ထားခဲ့ပြီး သစ်ခေါက် ခါးပတ်တစ်ခုကို သူမရဲ့ ခါးမှာ ပတ်ထားခဲ့ပါတယ်..။သူမက ရောက်ရှိလာတဲ့ ဧည့်သည်ထက် အနည်းငယ် ပိုအသက်ကြီးနေတယ် ဆိုပေမယ့်လည်း..သူမရဲ့ နူးညံ့တဲ့ အသားအရေ ၊ တောက်ပတဲ့ မျက်လုံးတွေ ၊ သူမရဲ့ တည်ငြိမ်မူ နဲ့ ယုံကြည်မူ ရှိတဲ့ တည်ရှိမူတွေက..သူမ ပတ်ဝန်းကျင်မှာရှိနေတဲ့ လူတွေကို..အေးငြိမ်းမူ နဲ့..လုံခြုံမူကို ခံစားရစေပါတယ်..။

ဒီ အမျိုးသမီးက..လှပ ၊ ဉာဏ်ပညာရှိပြီး ငယ်ရွယ်တဲ့ ပုံရှိနေခဲ့တယ်..။သူမက အရမ်း ..အရမ်း ကို ငယ်ရွယ်နေခဲ့တာပါ..။သူမက..ဆန်နီနဲ့လည်း အရမ်းကို ဆင်တူနေခဲ့ပါသေးတယ်..။

ခါတိုင်းလိုပဲ..သူမကို မြင်တွေ့ရတာက..သူ့အတွက်..ပျော်ရွှင်မူ နဲ့ ဝမ်းနည်းမူကိုတစ်ပြိုင်တည်း ခံစားမိနေစေခဲ့တယ်..။

ဆန်နီ သူ့ရဲ့ဝမ်းနည်းမူတွေကို အပြုံးလေးနဲ့ ဖုံးကွယ်လိုက်ကာ...နူးညံ့သိမ်မွေ့ပြီး ချစ်ခြင်းတွေ ပြည့်နှက်နေတဲ့ လေသံနဲ့ ပြောလိုက်တယ်..။

“ဟေး…အမေ..။ကျွန်တော်တို့မှာ..ဧည့်သည်ရောက်နေတယ်..”

သူ့အမေဖြစ်တဲ့ တောအုပ်ရဲ့အရှင်မဟာ..သူ့ကို တစ်ခနလောက်ကြည့်လိုက်ပြီးကာမှ..တင်းမာနေတဲ့ အသံနဲ့ပြန်ဖြေလိုက်တယ်..။

“သူမ နဲ့ဝေးဝေးနေကလေး..။အခုပဲ..”

ဆန်နီ စိတ်ရှုတ်ထွေးစွာ မျက်မှောင်ကျုတ်လိုက်တယ်..။ယင်းနောက် သူမပြောတဲ့ အတိုင်း..သူ့ရဲ့ အသက်ကြီးနေတဲ့ ခန္တာကိုယ်ကို တုတ်ချောင်းအကူအညီနဲ့ ရွေ့လျားစေလိုက်ပါတယ်..။သူ့ရဲ့ ရင်ဘတ်ထဲက နှလုံးသားကတော့ နာကျင်မူတွေ ဆက်တိုက်ဖြစ်ပေါ်နေခဲ့တာကြောင့်..ဒီနေ့မှာ လမ်းလျောက်ဖို့အတွက်တောင် ခက်ခဲနေခဲ့တာပါ..။

သူ့ရဲ့နောက်မှာတော့..သူ့အမေ ဆိုဗန် လို့ခေါ်လိုက်တဲ့ မိန်းမလှလေးရဲ့ မျက်နှာပေါ်မှာ အပြုံးတစ်ခု ပေါ်ထွက်လာခဲ့တယ်..။သူမက မြက်ခင်းပြင်ပေါ်ကနေ ဖြည်းဖြည်းချင်းထလာခဲ့ပြီး..တောအုပ်အရှင်မ ကို မျက်နှာမူလိုက်ပါတယ်..။သူမရဲ့ တောက်ပတဲ့ မျက်လုံးတွေကတော့..အလင်းရောင်တွေနဲ့ လောင်ကျွမ်းနေခဲ့တယ်…။

“ငါ ဒီကို ဘာလို့လာခဲ့တာလဲ ဆိုတာ သိထားပြီးသားဖြစ်မှာပါ..။ဘာမှ ဟန်ဆောင်နေစရာ မလိုတော့ဘူး..အီဒါ..”

နောက်ဆုံးမှာတော့ ဆန်နီက သူ့အမေဆီကို ရောက်ရှိသွားခဲ့တယ်..။သူက သူမရဲ့ ဘေးနားမှာ ရပ်လိုက်ပြီး..ထူးဆန်းတဲ့ ဧည့်သည်ဘက်ကို ပြန်လှည့်လိုက်ပါတယ်..။

‘တစ်ခုခု…တစ်ခုခုတော့ မူမမှ်တော့ဘူး..။သူမက ဘယ်လိုလုပ်ပြီး ငါ့အမေ နာမည်ကို သိနေရတာလဲ.’

သူမက အားကောင်းတဲ့ နိုးထသူတစ်ယောက် များ ဖြစ်နေနိုင်မလား..။ကောင်းပြီလေ..သူမ ဘယ်သူပဲဖြစ်ဖြစ်..မြင့်မြတ်သော တောအုပ်ရဲ့ အစောင့်အရှောက်က အခြေအနေတွေကို အလွန်အကျွံ အဖြစ်ခံမှာ မဟုတ်ပါဘူး..။ဘာပဲဖြစ်ဖြစ် သူမက သူ့ရဲ့ အမေဖြစ်ယုံတင်မကပဲ..နှလုံးသားနတ်ဘုရားရဲ့ ကောင်းချီးပေးမူကို ခံထားရတဲ့..အထွတ်အထိပ်အဆင့် အီဒါ ပါ..။ဒီတော့..စိတ်ပူနေစရာ အကြောင်း မရှိပေ..။

ဒီ မြင့်မြတ်တဲ့ တောအုပ်မှာ ဆိုးဝါးတာတွေ ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး..။

ရုတ်တရက် နောက်ထပ် တောက်ပတဲ့ အလင်းလုံးတစ်ခုကို မြင်လိုက်ရတာကြောင့်..သူ့ရဲ့ အတွေးတွေက ဖြတ်တောက်ခံလိုက်ရတယ်..။ဒီတစ်ကြိမ်မှာတော့ ဒီအလင်းရောင်က သူ့အမေရဲ့ ခန္တာကိုယ်ထဲကနေ ထွက်ပေါ်လာခဲ့တာပါ..။ဆန်နီ သူမရဲ့နောက်ကျောကို တစ်ခနလောက် စိုက်ကြည့်နေပြီးကာမှ ဆိုဗန်ကို ပြန်ကြည့်လိုက်တယ်..။သူက မြင်းကိုတောင် ကြည့်လိုက်ပါသေးတယ်..။

‘ အာ..’

အဲ့အချိန်မှာတော့..ဆိုဗန်ရဲ့ လှပတဲ့ မျက်နှာပေါ်က အပြုံးက ပျောက်ကွယ်သွားခဲ့ပါပြီ..။သူမရဲ့ အသံက စကားပြောတဲ့ အချိန်မှာ အေးစက်ပြီး ထက်ရှနေခဲ့တယ်..။

“ငါက မျှော်လင့်ချက် ဘုရင့်နိုင်ငံတော်မှာ သူမရဲ့နောက်လိုက်တွေက ကပ်ရောဂါတစ်ခုလို ဖြည်းဖြည်းချင်း ပျံ့နှံ့နေပြီ ဆိုတဲ့ ကောလဟာလကို ကြားခဲ့ရတယ်..။ဒီ ရောဂါရဲ့ အရင်းအမြစ်က နင် ဖြစ်နေတယ်ဆိုတာကို သိလိုက်ရတဲ့ အချိန်မှာ ငါ ဘယ်လောက်တောင် အံ့ဩသင့်ခဲ့ရလဲ ၊ ဘယ်လောက်တောင် ခံပြင်းရလဲ..၊ ဘယ်လောက်တောင် ဒေါသထွက်ခဲ့ရလဲ ဆိုတာကို စိတ်ကူးကြည့်ပါဦး..”

ဆန်နီ ရဲ့ မျက်နှာက နက်မှောင်သွားခဲ့တယ်..။

‘အာ..ဒီတော့..ဒီအတွက်ကြောင့်ပေါ့..’

ဒီ လိုအရာမျိုး ဖြစ်လာနိုင်ချေရှိတယ် ဆိုတာနဲ့ပတ်သက်ပြီး သူက သူ့အမေကို သတိပေးခဲ့ပါသေးတယ်..။ဒဲလ်မွန် တစ်ယောက်ရဲ့ ကောင်းကြောင်းကို ပြောနေတာက..နတ်ဘုရားတွေရဲ့ အပြစ်ပေးမူကို တောင်းဆိုနေသလိုပါပဲ..။ဖြစ်နိုင်တာက..သူမက သူရဲ့ အကြံပေးချက်ကို အစောကတည်းက လိုက်နာပြီး..သူ့ရဲ့ ပါးစပ်ကို ပိတ်ထားလိုက်သင့်တာပါ..။

‘ချီးတဲ့မှပဲ..’

အဲ့အချိန်မှာတော့ ဆိုဗန်က လက်သီးကို ဆုပ်ထားခဲ့ပြီး..

“ငါ ဒီကို လာတာက အဲဒီအရာက မှားနေတယ်ဆိုတာကို သက်သေပြချင်တဲ့ စိတ်နဲ့ ရောက်လာခဲ့တာ..။ဒါပေမဲ့ အဲဒီအစား..စွပ်စွဲချက်တွေ အားလုံးက အမှန်ဖြစ်နေခဲ့တယ်..။နင့်ရဲ့ သားကိုယ်တိုင်က ဒီရောဂါ ဆိုးကြီးကို ကူးစက်ခံနေရတာပဲ..။ဘယ်လို..ဘယ်လိုဖြစ်ပြီး..နင်က ငါတို့ကို သစ္စာဖောက်နိုင်ရက်တာလဲ..။နင်က..ဒဲလ်မွန်ကို ကိုးကွယ်တဲ့ လူတွေအများကြီးကို ဖန်တီးပေးနေတာပဲ..။နင်က ငါတို့တွေ တားဆီးဖို့ ကြိုးစားနေတဲ့ အရာကို ပျိုးထောင်နေခဲ့တာပဲ..”

တောအုပ်ရဲ့ အရှင်မက ပြန်ပြောလိုက်တယ်..။

“ငါ လုပ်တော့ရော ဘာဖြစ်လဲ..။ငါတို့ ပေးထားခဲ့ရတဲ့ စိတ်ပျက်စရာ ကျိန်စာကို မေ့သွားလိမ့်မယ်လို့ နင်က ထင်နေတာလား..။မဟုတ်ဘူး..မဟုတ်ဘူး..နင်တို့တွေကမှ..အလင်းအရှင်သခင်ရဲ့ စိတ်ဆန္ဒတွေကို မမြင်နိုင်ကြတဲ့ လူတွေပဲ..။နင်တို့တွေကမှ..တာဝန်ကို ပျက်ကွက်နေကြတဲ့ သူတွေပဲ..”

ဆိူဗန်ဟာ နူးညံ့တဲ့ အမျိုးသမီးကို အတော်ကြာအောင် စိုက်ကြည့်နေခဲ့တယ်..။သူမရဲ့ အမူအရာကတော့..သုန်မုန်နေခဲ့ပါပြီ..။ယင်းနောက် သူမ ဖြည်းညှင်းစွာ ခေါင်းခါယမ်းလိုက်ပြီး..

“နင်..နင်က အတော်ဆိုးနေပြီပဲ..။နင့်ရဲ့ ဝိဉာဉ်ကို ဒီအခြေအနေထိ ရောက်အောင် ဘယ်လိုများ ခွင့်ပြုပေးနိုင်ရတာလဲ..။ငါတို့အားလုံးထဲမှာတောင်..နင်က နောက်ဆုံးမှ ပျောက်ကွယ်သွားတဲ့ သူ ဖြစ်သင့်တာ..။နင့်ရဲ့ နတ်ဘုရားက နင့်ကို ကာကွယ်ပေးထားသင့်တယ်လေ…သူက စိတ်ဝိဉာဉ် နတ်ဘုရား မဟုတ်ဘူးလား..”

ဆန်နီဟာ..သူအမေ ရယ်မောနေတဲ့ အသံကို ကြားနေခဲ့ရတယ်..။သူမရဲ့ အသံထဲမှာတော့ ပျော်ရွင်မူ အရိပ်အယောင်တွေ ရှိမနေခဲ့ပါဘူး..။

“ထားလိုက်ပါတော့ ဆိုဗန်..။ငါတို့ ကြားထဲမှာ ဟန်ဆောင်နေစရာ မလိုတော့ဘူးလို့ နင်မပြောခဲ့ဘူးလား..။နင် ပြောဖို့လာတဲ့ အကြောင်းအရာကိုသာ ပြောလိုက်တော့..ပြီးရင် ဒီနေရာကနေ ထွက်သွားတော့..။စစ်ပွဲတွေက ဒီနေရာမှာ မကြိုဆိုဘူး..”

အနီရောင် ဝတ်စုံဝတ်မိန်းမလှ လေးဟာ..အချိန်အတော်ကြာအထိ တိတ်ဆိတ်သွားခဲ့တယ်..။ယင်းနောက်သူမရဲ့ လက်တွေကို ဖြည်းညှင်းစွာ မြှောက်လာခဲ့ပါတယ်..။သံမဏိနဲ့ ပြုလုပ်ထားတဲ့ ထူးဆန်းတဲ့ ဓားတစ်ချောင်းက သူမရဲ့ လက်ထဲမှာ ပေါ်လာတာကို သတိထားမိလိုက်တာကြောင့် ဆန်နီ မျက်မှောင်ကျုတ်လိုက်တယ်..။အဲဒါက ဘယ်ကနေ ရောက်လာတာလဲ..။

သူအမေက ရုတ်တရက် တုန်ရီသွားခဲ့တယ်..။

..သူမ ကြောက်ရွံ့တဲ့ ပုံစံကို သူ အရင်တုန်းက တစ်ခါမှ မမြင်ဖူးပါဘူး..။

“နင်…နင် လုပ်ရဲတယ်လား..”

ဆိုဗန် အံကိုကြိတ်လိုက်ပြီး..

“နင်ငါ့ကိုတွန်းအား ပေးနေတာပဲ..အီဒါ..။ငါတို့ထဲက ဘယ်သူကမှ ဒါကို မလိုချင်ဘူး..။ဒါပေမဲ့ အဆုံးမှာတော့ သူတို့အားလုံးက သဘောတူလိုက်ကြတယ်..”

တောအုပ်ရဲ့ အရှင်မဟာ..တိတ်ဆိတ်သွားပြီးကာမှ..ခေါင်းခါယမ်းလိုက်တယ်..။

“….နင် ညာနေတာပဲ..။နိုတစ်က ဘယ်တော့မှ ငါ့ကို စွန့်ပယ်မှာ မဟုတ်ဘူး..”

သူမ ရှေ့ကို ခြေတစ်လှမ်းတိုးပြီး ပြုံးလိုက်တယ်..။

“ဘယ်သူကမှ သဘောမတူခဲ့ဘူး..။နင်က တစ်ခြားချိန်း အရှင်သခင်တွေရဲ့ ခွင့်ပြုချက်မရှိပဲ ဒီနေရာကို ကိုယ့်ဆန္ဒနဲ့ကို ရောက်လာခဲ့တာပဲ..။သူတို့က ဒီလိုအရာကို ဖြစ်ခွင့်ပြုလိမ့်မယ်လို့ နင်က တကယ်ပဲ ထင်နေတာလား..။ငါတို့ထဲက ဘယ်သူပဲ ကျရှုံးသွားပါစေ..ကျန်ရှိနေတဲ့လူက..ကံတရားမရှိပဲ နေတော့မှာမဟုတ်ဘူး..။ငါတို့ ခုနှစ်ယောက်ကြားထဲမှာ ရှိနေတဲ့ အင်အား မျှခြေ ကလည်း ကျိန်းသေ ပျက်ဆီးသွားလိမ့်မယ်..။နင် ရူးနေပြီလား..။အဲဒီနောက်မှာ ဘယ်လို ကပ်ဆိုးတွေ ရောက်လာမယ်ဆိုတာကို နင်တွေးမိရဲ့လား..။

အဲဒီနောက်မှာပဲ..သူမရဲ့ အသံက မှေးမှိန်သွားပြီး..သူမက တုန်ရီသွားခဲ့တယ်..။သူမရဲ့ လှပတဲ့ မျက်လုံးတွေက ပြူးကျယ်သွားခဲ့ပါြပီ..။

တစ်ခုခု အရမ်း ၊ အရမ်းကို ဆိုးဝါးတဲ့ အရာကြီးက ဖြစ်လာတော့မယ် ဆိုတာကို ခံစားလိုက်ရတာကြောင့် ဆန်နီ ကျောချမ်းသွားခဲ့ပါတယ်..။

သူ့အမေက ဆိုဗန်ကို စိုက်ကြည့်နေခဲ့တယ်..။သူမရဲ့ မျက်နှာကတော့ သေလောက်အောင် ဖြူဖျော့နေခဲ့ပါပြီ..။

ပြီးတဲ့နောက်မှာတော့ သူမက တီးတိုးပြောလိုက်တယ်..။

“နင်..နင်က ငါတို့ထက်ပိုပြီး..ကောင်းအောင် မလုပ်နိုင်ဘူးဆိုရင်ပေါ့..။အိုး…အိုး…ဆိုဗန်..။နင် ဘယ်လောက်တောင် ရိုင်းစိုင်းလိုက်လဲ..”

ဆန်နီကတော့..သူ့ရဲ့နှလုံးက ပိုမိုအောင့်လာတာကို ခံစားနေခဲ့ရတယ်..။သူ့ရဲ့ ရင်ဘတ်က အေးစက်သွားသလိုခံစားရပြီး..နာကျင်မူကို ပိုမိုဖြစ်ပေါ်နေစေခဲ့ပါတယ်..။

‘အာ..သူတို့က ဘာအကြောင်းတွေကို ပြောနေကြတာလဲ..။ငါနားမလည်ပါလား…ဘာတွေဖြစ်နေတာလဲ..’

မြင့်မြတ်သော တောအုပ်ရဲ့ အီဒါဟာ..အောက်ကို အတော်ကြာအောင် ငုံ့ကြည့်နေခဲ့ပြီးမှ ပြောလာခဲ့တယ်..။

သူမရဲ့ အသံကတော့..အေးဆေးပြီး ဝမ်းနည်းမူတွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်..။

“ငါသိပြီ..အခုတော့ ငါသိပြီ..။ငါ နားလည်သွားပြီ..။ငါတို့အားလုံးထဲမှာ နင်က အရဲရင့်ဆုံးပဲ ဆိုတာကို ငါသိထားသင့်တယ်..။ဆိုဗန် ..ဒီ စတေးမူက.. တကယ်လို့ အရိပ်ကမ္ဘာထဲမှာ ဆိုရင်တောင်..ငါ မေ့ပျောက်နိုင်မှာ မဟုတ်ဘူး..”

ဒီလိုပြောပြီးတာနဲ့..ဘာတွေဖြစ်နေတာလဲဆိုတာကို လုံးဝ စိတ်ရှုပ်နေတဲ့ ဆန်နီ ဖက်ကို လှည့်ပြီး ပြုံးလိုက်ပါတယ်..။

“ပြီးတော့ ..မင်း..။ငါ တောင်းပန်ပါတယ်.. ကလေး..။ကျေးဇူးပြုပြီး ဖြစ်နိုင်ရင် အမေ့ကို ခွင့်လွှတ်ပေးပါ..”

ဒီလိုပြောပြီးတာနဲ့..သူ့ရဲ့ အမေဟာ..အနီရောင် ဝတ်စုံကို ဝတ်ဆင်ထားတဲ့ လှပတဲ့ မိန်းကလေး ဘက်ကို မျက်နှာမူလိုက်တယ်..။သူမရဲ့ နူးညံ့တဲ့ လက်ကို မြှောက်လိုက်တဲ့ အချိန်မှာတော့..သစ်သားကနေ ထုလုပ်ထားတဲ့ ဓားတစ်ချောင်းက ဘယ်ကမှန်းမသိပဲ ပေါ်ထွက်လာခဲ့ပါတယ်..။

သူမရဲ့ အသံက လေးနက်ပြီး ပြတ်သားမူတွေနဲ့ ပြည့်နှက်နေခဲ့ပါပြီ..။

“ဒါပေမဲ့ ဆိုဗန်…နင်က ဒီနေရာကိုလာပြီး ငါ့ကို မစိန်ခေါ်ခဲ့သင့်ဘူး..။ငါ နဲ့..ငါ့ရဲ့ တောအုပ်က..မတိုက်ခိုက်ပဲနဲ့တော့..လက်လျော့ပေးလိုက်မှာ မဟုတ်ဘူးလေ..”

သူမနဲ့ မျက်နှာချင်းဆိုင်မှာ ရှိနေတေဲ့ မိန်းမငယ်လေးကတော့ ပြုံးလိုက်တယ်..။သူမရဲ့ မျက်လုံးထဲမှာတော့..အလင်းရောင်တွေဟာ..ဒေါသတကြီး တောက်ပနေခဲ့ပါတယ်..။

“ သက်သေပြလိုက်လေ..”

……

“အမေ….အမေ….”

ဆန်နီဟာ ပြာတွေကြားထဲမှာ တွားသွားနေခဲ့တယ်..။ခါးသက်တဲ့ မီးခိုးမှုန်တွေက သူ့ကို အသက်ရူကြပ်စေလုနီးပါး ဖြစ်နေစေခဲ့ပါတယ်..။မျက်ရည်တွေက..သူ့ရဲ့ ပါးရည်တွန့်နေတဲ့ ပါးပြင်ပေါ်ကနေ လှိမ့်ဆင်းလာကာ..အငွေ့ပျံသွားခဲ့ကြတယ်..။ဒါက ဆိုးဝါးလွန်းတဲ့ အပူရှိန်ကြောင့်ပါ..။သူ့ရဲ့ နှလုံးက နာကျင်နေခဲ့တယ်..။အိုး…ဒါက အရမ်းကို နာကျင်နေခဲ့တာပဲ..။

သူ့မှာရှိတာ အကုန်လုံးက နာကျင်မူတွေပါပဲ..။ပြီးတော့..သူ့ ပတ်ဝန်းကျင်ဖြစ်တဲ့ …မြင့်မြတ်သောတောအုပ် တစ်ခုလုံးက..ပူပြင်းလွန်းတဲ့ မီးတောက်တွေနဲ့ လောင်ကျွမ်းနေခဲ့တယ်..။ဒီတောထဲမှာ နေထိုင်နေကြတဲ့ သက်ရှိတွေရဲ့ အော်ဟစ်သံတွေကို သူကြားနေခဲ့ရပါတယ်..။လူသားတွေ ၊ သားရဲတွေက အသက်ရှင်လျက် မီးလောင်တိုက်သွင်းခံနေရပြီး..သူတို့ရဲ့ ကမ္ဘာကြီးက ဖြည်းညှင်းစွာပဲ ပြာကျနေခဲ့ပါပြီ..။

‘ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ…ဘယ်လိုလုပ်..ဘယ်လိုလုပ်..’

အသုံးမဝင်တဲ့ လူအိုကြီးဟာ..သူ့ရဲ့ အားနည်းနေတဲ့ လက်တွေနဲ့‌ ရှေ့ကိုတွန်းပြီး သွားနေခဲ့တယ်..။သူက မီတာအနည်းငယ် အကွာမှာ လဲလျောင်းနေတဲ့ နူးညံ့တဲ့ ပုံရိပ်တစ်ခု စီကို သွားနေခဲ့တာပါ..။

သူက အဲဒီနေရာကို မရောက်မချင်း သေဆုံးဖို့ အတွက်ကို ငြင်းဆန်နေခဲ့တယ်..။

မြေကြီးက သူ့ရဲ့ လက်ဝါးပြင်တွေကို ပူလောင်နေစေပြီး..အခုဆိုရင် ဆိုးဝါးတဲ့ အရည်ကြည်ဖုလေးတွေတောင် ဖြစ်ပေါ်နေခဲ့ပါပြီ..။ဒါပေမဲ့..သူက တောင့်ခံနေဆဲဖြစ်ပြီး..လက်လျော့ဖို့ကို ငြင်းဆန်နေခဲ့တယ်..။

‘အမေ..’

ယင်းနောက်..နောက်ဆုံးမှာတော့..သူက သူမဆီကို ရောက်သွားနိုင်ခဲ့တယ်..။

တောအုပ်ရဲ့ အရှင်မကတော့..မီးတောက်တွေရဲ့ အလယ်မှာ သေဆုံးနေခဲ့ပါပြီ..။ထူးဆန်းတဲ့ သံမဏိ ဓားမြောင်ဟာ..သူမရဲ့ ဘေးနားက သွေးအိုင်ထဲမှာ ရှိနေခဲ့တယ်..။ဆန်နီဟာ..မျက်ရည်တွေကို မြိုချရင်း..သူမရဲ့ ခန္တာကိုယ်ကို ဖက်ကာ..အော်ဟစ်လိုက်ပါတယ်..။

ဘာလို့…ဘာလို့..ဒါက အရမ်းကို ရင်းနှီးနေရတာလဲ..။ဒါက သူ ဒီလိုခံစားချက်မျိုးကို အရင်တစ်ခါက တစ်ကြိမ်ခံစားဖူးထားတဲ့ အတိုင်းပါပဲ..။အချိန်အတော်ကြာတုန်းက…တစ်ခြား ကမ္ဘာတစ်ခုမှာ..။

“ဘာလို့ သေသွားရတာလဲ..။အမေက အင်မော်တယ်တစ်ယောက် ဖြစ်ရမှာ မဟုတ်ဘူးလား..။ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..။မဟုတ်ဘူး…မဟုတ်ဘူး..ဒါက ဆိုးဝါးတဲ့ အိပ်မက်တစ်ခုပဲ…အိပ်မက်ဆိုးတစ်ခု..။ငါ နိုးထဖို့ လိုအပ်နေပြီ..။နိုးထတော့..အရူးအိုကြီး..။နိုးထ…နိုးထတော့..”

သို့ပေမယ့် သူ့ ဘယ်လောက်ပဲ ကြိုးစားပါစေ…မနိုးထနိုင်ခဲ့ပါဘူး..။ဒါက အိပ်မက်ဆိုးတစ်ခု ဖြစ်တယ်ဆိုရင်တောင်..သူက ဒီ အိပ်မက်ဆိုးထဲမှာ ပိတ်မိနေခဲ့ပြီဖြစ်ပြီး..လွတ်မြောက်ဖို့ဆိုတာ မဖြစ်နိုင်တော့ပေ..။

‘ပိတ်မိနေတာ…အိပ်မက်ဆိုးတစ်ခုထဲမှာ..’

ဒီ ထူးဆန်းတဲ့ အတွေးက သူ့ဦးနှောက်ထဲကို ဝင်လာတဲ့ အချိန်မှာပဲ..ရှေးဟောင်းသစ်ပင်ကြီးတစ်ခုရဲ့ ပင်စည်ဟာ..သူ့နားကို ပြုတ်ကျသွားခဲ့ပြီး..မီးပွားတွေနဲ့ လောင်ကျွမ်းနေတဲ့ အကြွင်းအကျန်တွေဟာ..လေထဲကို ပျံတက်သွားခဲ့ပါတယ်..။ဆန်နီ ဒါကို စိုက်ကြည့်လိုက်တဲ့ အချိန်မှာတော့..သူ့ရဲ့ အမြင်အာရုံက မှောင်မိုက်သွားခဲ့ပြီး..သူ့အတွေးတွေကလည်း..တစ်ခုပြီးတစ်ခု ပျောက်ကွယ်သွားခဲ့ကြပါတယ်..။

သူက ချောင်းတွေ ဆက်တိုက်ဆိုသလို ဆိုးနေခဲ့ပြီး..ရပ်တန့်လို့ မရနိုင်တော့ပေ..။သူက အသက်မရှိနိုင်တော့ပဲ..အသက်ရူကြပ်နေခဲ့ပါပြီ..။

‘ဘယ်လိုတွေ ဖြစ်ကုန်တာလဲ..’

လူအိုကြီးဟာ.လောင်ကျွမ်းနေတဲ့ သစ်တောကြီးကိုသာ စိုက်ကြည့်နေခဲ့တယ်..။သူ့ရဲ့ မျက်လုံးတွေကတော့..ဝမ်းနည်းမူ ၊ ရူးသွပ်မူ နဲ့ မယုံကြည်နိုင်မူတွေ တောက်လောင်နေခဲ့ပါတယ်..။

မြင့်မြတ်တဲ့ တောအုပ်က ဘယ်လိုလုပ်ပြီး ဖျက်ဆီးခံလိုက်ရတာလဲ..။

ဒါက သူ သေသွားပြီးတဲ့ အချိန်ထိအောင်..ကြီးမား ၊ လှပပြီး..တိတ်ဆိတ်တဲ့ တောအုပ်တစ်ခုအဖြစ် တည်ရှိနေရမှာ မဟုတ်ဘူးလား..။

ဒါက..သူထက် ပိုပြီး ကြာရှည်အောင် ရှိနေသင့်တာပဲ မဟုတ်ဘူးလား..။

မီးခိုးငွေ့တွေက ..သူ့ရဲ့ အဆုတ်ထဲကို ဝင်ရောက်လာသလိုမျိုး ၊ နာကျင်မူတွေက သူ့ရဲ့ ခန္တာကိုယ်ထဲကို ဝင်ရောက်လာခဲ့သလိုမျိုး..ဝမ်းနည်းမူတွေ ၊ စိတ်ပျက်အားငယ်မူတွေက သူ့ရဲ့ စိတ်ထဲကို ဝင်ရောက်လာခဲ့ကြပါတယ်..။

‘ဒါက အိပ်မက်ဆိုးတစ်ခုပဲ…ဒီတိုင်းအိပ်မက်ဆိုးတစ်ခုပဲ…အမှန်အဖြစ်နိုင်ဘူး…မဟုတ်ဘူး..မဟုတ်ဘူး..မဟုတ်ဘူး..’

ဒီ ခါးသက်တဲ့ အတွေးက..ဆန်နီ အမှောင်ထုထဲကို နှစ်မြုပ်မသွားခင် သူ့စိတ်ထဲမှာ နောက်ဆုံးပေါ်လာတဲ့ အရာပါ..။

ပြီးတော့..အမှောင်ထုထဲမှာပဲ..သူက အထီးကျန်စွာ သေဆုံးသွားခဲ့တယ်..။

…

နာကျင်မူ…နာကျင်မူ…နာကျင်မူ…

ကြောက်မက်ဖွယ်…ညှင်းပန်းနိုပ်စက်နိုင်စွမ်းရှိတဲ့…နာကျင်မူ…။

သူ့ရဲ့ နလုံးသားက နာကျင်နေသလို..သူ့ရဲ့ တစ်ခြား ခန္တာကိုယ် အစိတ်အပိုင်းတွေလည်း နာကျင်နေခဲ့ကြပါတယ်..။

ဆန်နီ သူ့ရဲ့ မျက်လုံးတွေကို မဖွင့်နိုင်ခဲ့ပေ..။ဘာလို့လဲဆိုတော့ ..သူ့ရဲ့ မျက်လုံးတွေကို ခြောက်သွေ့တဲ့ သွေးတွေက ပိတ်ထားခဲ့လို့ပါ..။သို့ပေမယ့် တကယ်လို့သူသာ ဖွင့်နိုင်ခဲ့ရင်လည်း..သူ မြင်ရတဲ့ အရာက သူ့ကို နိုပ်စက်ညှင်းပန်းဖို့ ပိတ်လှောင်ထားတဲ့ မြေအောက်အကျဉ်းထောင် နံရံတွေသာ ဖြစ်ပါလိမ့်မယ်..။နီရဲ ပူလောင်နေတဲ့..သံချောင်းတွေကို သူ့ရဲ့ ခန္တာကိုယ်ထဲကို ထိုးသွင်းနေတဲ့ နေရာတစ်ခု..။

နေလုံး ရဲ့ အလင်းရောင်က ဘာလဲဆိုတာကိုတောင် မေ့ပျောက်နေတဲ့ နေရာ..။

ရင်းနှီးတဲ့ အသံတစ်ခုက သူ့ရဲ့ နားထဲကို ဝင်ရောက်လာခဲ့တာကြောင့်..သူကတုန်လှုပ်သွားခဲ့တယ်..။

“…အာ..မင်းနိုးလာပြီပဲ..။ကောင်းတယ်…ဒီတစ်ခေါက် မင်းသတိလစ်သွားတာ အတော်လေးကို ကြာတာပဲ..ငါ့ မိတ်ဆွေကြီး..။ဒါဆို ငါတို့ ပြန်စလိုက်ကြမလား..”

‘ထပ်ပြီး နိုပ်စက်မူတွေ..’

သူ့ကို စောင့်ကြိုနေမယ့် အရာတွေက ဘယ်လိုအရာမျိုးတွေလဲဆိုတာကို ကောင်းကောင်းသိနေတာကြောင့် ဆန်နီ သက်ပြင်းချလိုက်ပါတယ်..။

သူက ဒီ အေးစက်နေတဲ့ အကျဉ်းထောင်ထဲကို မရောက်ခင် ဘယ်လိုလူတစ်ယောက်ဖြစ်ခဲ့တာလဲ..၊ ဘာလို့ ဒီအသံပိုင်ရှင်ရဲ့ နိုပ်စက်ခြင်းကို ခံနေရတာလဲဆိုတာကို မှတ်မိဖို့ အတော်လေးကို ခက်ခဲနေခဲ့တယ်..။သူ သိတာဆိုလို့ ..နာကျင်မူ ၊ အမှောင်ထု နဲ့ စိတ်ပျက်မူ တွေပါပဲ..။

သို့ပေမယ့် ဒီတစ်ကြိမ်မှာတော့..အရာအားလုံးက အရမ်းကြီး ဆိုးဝါးနေတာမျိုးတော့ မဟုတ်ပေ..။သူ အစောတုန်းက ကြုံတွေခဲ့ရတဲ့ အိပ်မ်ကဆိုးထက် ဘယ်အရာကများ ပိုဆိုးနိုင်မှာ မို့လို့လဲ..။

ဆိုဗန် ၊ အီဒါ..၊ နိုတစ်…ဒီနာမည်တွေက ရင်းနှီးနေတာပဲ..။သူက တစ်ချိန်တုန်းက ဒီလူတွေကို သိထားခဲ့ဖူးတာလား..။ဒီ ငရဲမတိုင်ခင်..ဒါပေါ့..ဒီငရဲရဲ့ အပြင်ဖက်မှာ တစ်ခြား ကမ္ဘာလောက တစ်ခုခု ရှိနေဦးမယ်ဆိုရင်ပေါ့..။

ဘာပဲဖြစ်ဖြစ်..ဒါက အရေးမကြီးပါဘူး..။

အရေးကြီးတာက..နာကျင်မူ ၊ နိုပ်စက်မူ နဲ့ မျှော်လင့်ချက်ကင်းမဲ့မူတွေပါ..။

သူ အံကိုကြိတ်ထားခဲ့တယ်..။

အခုက နေ့သစ်တစ်ရက်ကို ရင်ဆိုင်တွေ့ ရမယ့် အချိန်ပါပဲ..။

All Chapters