← Chapters

သံလှောင်အိမ်..

Vol. 43 Ch. 637

သံလှောင်အိမ်..

Vol. 43 Ch. 637

နိုပ်စက်မူတွေက အဆုံးမရှိ ဆက်တိုက်ဖြစ်ပေါ်နေခဲ့တယ်..။

တစ်နေ့ပြီးတစ်နေ့..တစ်ညပြီးတစ်ည..။

ဆန်နီဟာ..အသံထွက်နိုင်တဲ့ အချိန်မှာ အော်ဟစ်နေခဲ့ပြီး အသံမထွက်နိုင်တဲ့ အချိန်မှာတော့..တိတ်ဆိတ်ပြီးသာ နေနေခဲ့ပါတယ်..။လွန်ခဲ့တဲ့…ဆယ်စုနှစ်တွေ အကြာတုန်းကတော့..သူ့မှာ မာနတရား‌ တွေရှိနေခဲ့ပါသေးတယ်..။သူက နိုပ်စက်ညှင်းပန်းသူကို သူ့ရဲ့ ဟစ်ကြွေးမူ ၊ ငိုယိုမူ နဲ့ အသနားခံမူတွေကို မကြားစေခဲ့ပေ..။

သို့ပေမယ့် ဒါက အသုံးမဝင်ပါဘူး..။ဒီနေရာမှာ..မာနတရားအတွက် နေစရာမရှိပေ..။ဒီနေရာမှာက နာကျင်မူ တစ်ခုတည်းပဲ ရှိပါတယ်..။

သူ ဒီမှာခံစားနေတဲ့ ဝေဒနာတွေ ၊ သူ ရရှိထားတဲ့ ဆိုးဝါးတဲ့ ဒဏ်ရာမျိုးတွေနဲ့ ဆိုရင် လူတိုင်းက သေဆုံးသွားကြမှာပါ..။သို့ပေမယ့် ဆန်နီကတော့ မသေခဲ့ပေ..ဒါမှမဟုတ်..သေလို့မရနိုင် ဖြစ်နေခဲ့တာပါ..။ပြီးတော့..ဒါကြောင့်ပဲ..သူ ခံစားနေရတဲ့ ဒုက္ခဆင်းရဲခြင်းတွေက အဆုံးမသတ်နိုင်ဖြစ်နေခဲ့ပါတယ်..။

မနက်ခင်းတိုင်းမှာတော့..သူ့ရဲ့ ဒဏ်ရာတွေက မရှိတော့ပေ..။ဒါက သူ့အနေနဲ့ အသစ်တဖန်မွေးဖွား လာခဲ့သလိုပါပဲ..။မနက်ခင်းတိုင်းမှာပဲ..နိုပ်စက်တဲသူဟာ..ပြန်ရောက်လာပြီး..သူ့ကို ဆက်လက်နိုပ်စက်လေ့ ရှိပါတယ်..။

နိုပ်စက်သူ ကိုယ်တိုင်ကလည်း..ဆန်နီကို ဘာမေးခွန်းမှ မေးမြန်းခြင်းမရှိပေ..။ဒါက သူ့ရဲ့တာဝန်အတိုင်း..အကျဉ်းသားကို အမြဲတစေ နိုပ်စက်နေခဲ့သလိုပါပဲ..။သို့ပေမယ့်..အကျဉ်းထောင်ရဲ့ မာစတာ ဟာ..သူ နိုပ်စက်ညှင်းပန်း ခံနေရတာကိုတော့..သဘောကျတဲ့ ပုံစံမရှိပါဘူး..။သူက သူ့ရဲ့ အကျဉ်းသား ဝေဒနာ ခံစားနေရတဲ့ အချိန်မှာ ဘယ်တော့မှ ပေါ်မလာခဲ့ပေ.။အဲဒီအစား..သူက တာဝန်ချိန်အတွင်းမှာတောင် ဝမ်းနည်းနေလုနီးပါးပါပဲ..။

ဘာလို့ ဒီလိုဖြစ်နေရတာလဲ..။

ဒါက ဘယ်လောက်အထိကြာအောင် ဆက်ပြီးဖြစ်နေဦးမှာလဲ..။

ဒီ အဆုံးမရှိတဲ့ အိပ်မက်ဆိုးကြီးက ဘယ်တော့များမှ ပြီးဆုံးသွားမှာလဲ..။

‘အဆုံးမရှိတဲ့…အိပ်မက်ဆိုး…’

ဆန်နီ မသိပေ..။သူက ကိုယ့်ကိုကိုတောင်..သိတယ် ဆိုယုံကလေးပဲ..သိနေတော့တာပါ..။သူ့ စိတ်ထဲမှာ ကြီးစိုးနေတဲ့ အရာဆိုလို့...အကြောက်တရား ၊ အမှောင်ထု နဲ့ နာကျင်မူ တွေပါပဲ..။

‘အရှင်..ကျွန်တော့်ကို ကယ်တင်ပေးပါ..’

ဒီရက်တွေထဲက တစ်နေ့မှာတော့..သူက နိုပ်စက်ညှင်းပန်းသူသူ..အကျဉ်းထောင်ထဲ ဝင်ရောက်လာတာကို ကြည့်ဖို့အတွက်..မျက်လုံးတွေကို ဖွင့်လိုက်ပါတယ်..။သူ့ရဲ့ သီးသန့်နိုပ်စက်သူဟာ..အရပ်ရှည်ပြီး ခန့်ညားတဲ့ လူတစ်ယောက်ပါ..။သူ့ရဲ့ အသားအရည်က ဆင်စွယ်ရောင် အဆင်းရှိပြီး ၊ ရွှေရောင်ဆံပင် နဲ့ တည်ငြိမ်မူ ၊ ယုံကြည်မူ ၊ ဝမ်းနည်းမူတွေ ပြည့်နေတဲ့ မျက်လုံးတွေပါ ရှိနေခဲ့တယ်..။

ခါတိုင်းလိုပဲ..နိုပ်စက်သူဟာ..သူ့ရဲ့ ကိရိယာတွေကို စတင် ပြင်ဆင်နေခဲ့ပါတယ်..။ခါတိုင်းလိုပဲ..ဆန်နီက သူ့ရဲ့ ခန္တာကိုယ် ကြွက်သားတွေကို ရုန်းကန်ရင်း..အချုပ်အနှောင်တွေကနေ လွတ်မြောက်အောင် ကြိုးစားနေခဲ့တယ်..။

..သို့ပေမယ့် ဒီတစ်ကြိမ်မှာတော့..မထင်မှတ်တာ တစ်ခုခုက ဖြစ်လာခဲ့ပါတယ်..။ဆန်နီက..သူ့ရဲ့ရှေ့က တောက်ပနေတဲ့ လူကို မျက်လုံး ပြူးကျယ်ပြီး ကြည့်နေခဲ့တယ်..။

‘ဖြစ်နိုင်တာက..’

လွန်ခဲ့တဲ့ ရက်အနည်းငယ်က သူမြင်တွေ့ခဲ့ရတဲ့..ဆိုးဝါးတဲ့ အိပ်မက်ဆိုးလိုပဲ..နိုပ်စက်သူရဲ့ ရင်ဘတ်မှာလဲ..တောက်ပတဲ့ အလင်းရောင် အလုံးတစ်လုံးက လောင်ကျွမ်းနေခဲ့တာပါ..။ဒီအလင်းတန်းက ဆန်နီဆီကို ရောက်လာတဲ့ အချိန်မှာတော့..မခံမရပ်နိုင်တဲ့ နာကျင်မူတွေကို ခနတာ ဖယ်ရှားပေးနိုင်စွမ်း ရှိနေခဲ့တယ်..။

အားနည်းပြီး..ဖြူဖျော့တဲ့ အပြုံးတစ်ခုက ဆန်နီရဲ့ မျက်နှာပေါ်မှာ ပေါ်ထွက်လာခဲ့တယ်..။

ဆန်နီ အလင်းရောင်နဲ့ ထိတွေ့ရင်း တီးတိုးပြောလိုက်တယ်..။

“နေ…”

အိုး..သူ နေကို မမြင်တွေ့ခဲ့ရတာ ဘယ်လောက်တောင် ကြာနေခဲ့ပြီလဲ..။

နိုပ်စက်သူဟာ..အေးခဲသွားခဲ့တယ်..။ပြီးတာနဲ့ သူ့ဘက်ကို ဖြည်းညှင်းစွာ လှည့်လာခဲ့ပါတယ်..။သူ့ရဲ့ မျက်လုံးတွေက..ဝမ်းနည်းတဲ့ အရိပ်အယောင်တွေနဲ့ ပြည့်နှက်နေခဲ့တယ်..။

“…မင်း စကားပြောနေပြန်ပြီလား..”

သူက ရှေ့ကို ခြေတစ်လှမ်းတိုးလာခဲ့ပြီး..ဆန်နီ ရဲ့မျက်နှာကို လေ့လာလိုက်ကာ..ညှင်သာစွာ ပွတ်သပ်ပေးလိုက်တယ်..။

“အစ်ကို…ငါ့ရဲ့အစ်ကို…မင်းရဲ့ အသံကိုနောက်တစ်ကြိမ် ပြန်ကြားခွင့်ရလိုက်တာ တကယ်ကောင်းမွန်တာပဲ..”

ဆန်နီ ကျောချမ်းသွားခဲ့တယ်..။

“အစ်ကိုလား..။ငါတို့က ညီအစ်ကိုတွေလား..”

သူက အားနည်းပြီး စိတ်ရှုပ်ထွေးနေခဲ့တယ်..။အတွေးတွေက..သူ့ရဲ့စိတ်ထဲမှာ ဗရမ်းဗတာ ဖြစ်နေပြီး..နွေရာသီ အပူချိန်အောက်က နှင်းခဲတွေလို ဖြစ်နေခဲ့ကြပါတယ်..။သူ စိတ်ဆန္ဒရှိတယ်ဆိုရင်တောင်..တစ်ခုခုကို အာရုံစိုက်နိုင်ဖို့အတွက် အရမ်းခက်ခဲနေခဲ့တယ်..။သို့ပေမယ့်..သူ အာရုံစိုက်တာမျိုး မလုပ်ချင်ပါဘူး..။အချိန်အကြာကြီးတော့ အာရုံမစိုက်ချင်ပေ..။

နိုပ်စက်သူဟာ..ဝမ်းနည်းစွာ ပြုံးလိုက်ပြီး..

“မင်းက ငါ့ကိုတောင် မေ့နေခဲ့ပြီလား..”

ဆန်နီ မျက်မှောင်ကျုတ်ပြီး မှတ်မိဖို့ ကြိုးစားလိုက်တယ်..။ညီအစ်ကို…သူ့မှာ ညီလေး တစ်ယောက် ရှိနေတာလား..။ဟုတ်တယ်..သူ့မှာတစ်ချိန်တုန်းက ရှိခဲ့ဖူးတယ်..။သူ့ရဲ့ ညီလေးက…ဂုဏ်သိက္ခာရှိ ၊ ရဲရင့်ပြီး ဉာဏ်ပညာထက်မြက်တဲ့ လူတစ်ယောက်ပဲ..။သူ့ရဲ့ ညီလေးက..အလင်းအရှင်သခင် ရဲ့ ကောင်းချီးပေးခြင်းကို ခံထားရတဲ့ လူတစ်ယောက်..။သူက မြင့်မြတ်တဲ့ တာဝန်ကို ထမ်းဆောင်နေခဲ့ရတာ..

ပြီးတော့ ဆန်နီကိုယ်တိုင်ရောပဲ..။

…ဒါမှမဟုတ် သူက …အရင် အိမ်မက်ဆိုးတွေထဲက အပိုင်းအစတစ်ခုကို ပြန်အမှတ်ရနေတာလည်းဖြစ်နိုင်တာပဲ..။ဘယ်သူ ပြောနိုင်မှာလဲ..။

သူ အားနည်းစွာပဲ..ခေါင်းခါယမ်းလိုက်တယ်..။

“တကယ်လို့ ငါတို့က ညီအစ်ကိုတွေဆိုရင်..ဒါဆို ဘာလို့လဲ..။ဘာလို့…မင်းက ..ငါ့ကို နိုပ်စက်နေရတာလဲ..”

နိုပ်စက်သူဟာ..အချိန်အတော်ကြာအောင် တိတ်ဆိတ်နေပြီးကာမှ..ဝမ်းနည်းစွာ ရယ်မောလိုက်တယ်..။

“အာ..အဲဒီ မေးခွန်းဟောင်းပဲလား..။မင်း အဲတာကို မမေးခဲ့တာ ဆယ်စုနှစ်တွေရှိခဲ့ပြီ..”

သူ ရှေ့ကို တိုးပြီး ဆန်နီကို ဝမ်းနည်းမူတွေ အပြည့်နဲ့ ကြည့်လိုက်တယ်..။

“မင်း မမှတ်မိဘူးလား..။ဘာပဲဖြစ်ဖြစ်..မင်းကိုယ်တိုင်က..ငါ့ကို ဒီလိုလုပ်စေချင်ခဲ့တာလေ..”

ဆန်နီ ရဲ့ မျက်လုံးတွေ ပြူးကျယ်သွားခဲ့တယ်..။

“မဟုတ်ဘူး..မဟုတ်ဘူး..’

“ငါက…မင်းကို…တောင်းဆိုခဲ့တာလား..”

နိုပ်စက်သူဟာ.ခေါင်းညိမ့်လိုက်တယ်..။

“မင်း ကျူးလွန်ခဲ့တဲ့ ဆိုးဝါးတဲ့ အပြစ်တွေကို နောင်တရမူတစ်ခုအနေနဲ့..။အလင်းအရှင်သခင်ရဲ့ ယုံကြည်မူကို သစ္စာဖောက်ခဲ့တဲ့ လူတစ်ယောက်..။အဲတာက လွန်ခဲ့တဲ့ ရာစုနှစ် တစ်ခုလောက်ကလားပဲ..။ဟုတ်တယ် အဲလောက်နီးပါးတော့ ရှိပြီ..”

သူက တစ်ဖက်ကို လှည့်သွားပြီး..ဓားရှည်တစ်ချောင်းကို..ကောင်ကိုင်လိုက်ကာ..မီးတွေလောင်ကျွမ်းနေတဲ့ ရွှေရောင် မီးဖိုကြီးထဲကို ထိုးထည့်လိုက်တယ်..။

“မင်းငါ့ကို စွန့်ပစ်ခဲ့တာ ရာစုနှစ် တစ်ခုနီးပါးတောင် ရှိသွားခဲ့ပြီ..။အာ..ငါတို့ရဲ့ တာဝန်ကို ဆောင်ရွက်ရတာကတင် လွယ်ကူတာမဟုတ်ဘူးလေ.. ၊ ညီအစ်ကို..။ဒါက လုံးဝကို မလွယ်ကူဘူး..။ဒါပေမဲ့..ငါက မင်းကို ပေးထားတဲ့ ကတိကို ဘယ်တော့မှ မပျက်ခဲ့ဘူးနော်..”

မီးတောက်တွေထဲမှာ တဖြည်းဖြည်း နီရဲနေလာတဲ့ ဓားကို ဆန်နီ ကြည့်နေခဲ့တယ်..။မကြာခင်မှာ ဒီဓားက သူ့အသားထဲကို ထိုးဖောက်ဝင်လာတော့မယ် ဆိုတာကို တွေးမိလိုက်တဲ့ အချိန်မှာ ကြက်သီးမွှေးညှင်းထသွားခဲ့ပါတယ်..။

“တကယ်လို့…ငါ ရပ်ဖို့ တောင်းဆိုမယ် ဆိုရင် ရပ်လိုက်ပါလား..။ငါ…ငါ..ဒီအရာကြီးကို မလိုချင်တော့ဘူး..”

နိုပ်စက်သူဟာ..ခေါင်းငိုက်စိုက် ကျသွားခဲ့ပြီး..နက်မှောင်စွာ ပြုံးလိုက်တယ်..။

“ရပ်တန့်ရမှာလား..။ဒါပေမဲ့ ငါတို့ ရပ်တန့်လို့ မရဘူး..။မင်း…မင်း မေးခွန်းကို မဖြေခင်အထိပေါ့..”

ဆန်နီ ရဲ့ မျက်လုံးတွေကတော့..အပူရှိန်ကြောင့် နီရဲနေတဲ့ ဓားရှည်ပေါ်မှာသာ ..ကော်နဲ့ကပ်ထားသလို ရှိနေခဲ့ပါတယ်..။သူ တီးတိုးပြောလိုက်တယ်..။

“မေးခွန်းလား..။ဘာမေးခွန်းလဲ..”

သူ့ ညီဟာ..တိတ်ဆိတ်နေပြီးကာမှ..မေးလာခဲ့တယ်..။

“အရှင်သခင် ငါတို့ကို ပေးအပ်ခဲ့တဲ့ အရာက ဘယ်မှာလဲ..။မင်းက ဓားတွေနဲ့ ဘာလုပ်ခဲ့တာလဲ..”

‘ဓားတွေလား…ဘာဓားတွေလဲ..’

ဆန်နီဟာ..ဘယ်ဓားကိုမှ ပြန်ပြီး သတိမရခဲ့ပေ..။သူ့ စိတ်ထဲမှာ ပေါ်နေတဲ့ တစ်ခုတည်းသော ဓားဆိုလို့..ရွှေရောင် မီးဖိုထဲမှာ နီရဲနေပြီဖြစ်တဲ့ ဓားရှည်ပါပဲ..။

“..ငါ…မသိဘူး..”

နိုပ်စက်သူဟာ..သက်ပြင်းချလိုက်တယ်..။

“ဒါဆိုရင်လည်း မင်းရဲ့နောင်တတရားက ရပ်တန့်လို့ မရသေးဘူး..”

ဒီလိုပြောပြီးတာနဲ့..သူ ဓားကို မီးဖိုထဲကနေ ထုတ်ယူလိုက်တယ်..။ပြီးတဲ့ နောက်မှာတော့ ဓားကို..လှောင်အိမ်ထဲမှာ ရှိနေတဲ့သားရဲတစ်ကောင်လို ခုန်နေတဲ့ ဆန်နီရဲ့ နှလုံး ရှိရာကို ယူဆောင်လာခဲ့တယ်..။

ဆန်နီ သူ့ မှတ်ဉာဏ်တွေကို ပြန်ရှာဖွေရင်း..နာကျင်မူ ဝေဒနာကို အဆုံးသတ်နိုင်ဖို့ မျှော်လင့်နေခဲ့တယ်...။

မဟုတ်ဘူး…မဟုတ်ဘူး..သူ မမှတ်မိဘူး..။

ဓားဉီးက သူ့ရဲ့ အရည်ပြားကို ထိတွေ့ဖို့..စက္ကန့်အနည်းငယ် အလိုမှာပဲ..သူက ရုတ်တရက် ထအော်လိုက်တယ်..။

“အရိပ်တွေ …အရိပ်တွေက ခိုးသွားကြတာ..။မီးခဲဓား…အရိပ်တွေက ငါ့ဆီကနေ ခိုးသွားခဲ့ကြတာ..။အဲတာက သူ့ရဲ့ အပြစ်ပဲ။သူ့ရဲ့ အပြစ်..”

ဓားက ဆန်နီရဲ့ အရည်ပြားပေါ်ကို မရောက်ပဲ အေးခဲသွားခဲ့တယ်.။

နိုပ်စက်သူဟာ..အဝေးကို ကြည့်လိုက်ရင်း သူ့မျက်နှာပေါ်မှာ သုန်မုန်တဲ့ အမူအရာပေါ်လာခဲ့ပါတယ်..။

“..မင်း နောက်ဆုံးမှာ ထုတ်ပြောတာလာ ကောင််းတယ်..။ဒါပေမဲ့..အဲဒီ ဆန်းကျယ်မူက လွန်ခဲ့တဲ့ အချိန်တစ်ချို့ကတည်းက ပေါ်ထွက်လာခဲ့ပြီးသွားပြီ..။ဘာပဲဖြစ်ဖြစ်..အရိပ်က သေသွားတာ ကြာခဲ့ပြီလေ..”

သူ ဆန်နီကို ကြည့်ပြီး အေးစက်စွာ ပြောလိုက်တယ်..။

“ဒါပေမဲ့ တစ်ခြား ဓားတစ်ချောင်းကရော..။ငါ မင်းကို မေးခဲ့တဲ့ ဆင်စွယ်ရောင်ဓားကရော ဘယ်မှာလဲ..။အဲတာကိုလည်း အရိပ်တွေကပဲ..ခိုးယူသွားခဲ့တာလား..”

ဆန်နီ ကျောချမ်းးသွားခဲ့ပြီး ခေါင်းခါယမ်းလိုက်တယ်..။

“မဟုတ်ဘူး..ငါ ဝှက်ထားခဲ့တာ..။ငါ အဲတာကို အဝေးကြီးမှာ ဝှက်ထားခဲ့တာ..”

သူ့ရဲ့ ညီဟာ..မျက်လုံးတွေ မှိတ်ထားခဲ့ပြီး..

“မင်း ဘယ်မှာ ဝှက်ထားခဲ့တာလဲ..”

ဆန်နီ ရဲ့ မျက်နှာပေါ်မှာ မျက်ရည်တွေ ကျဆင်းလာခဲ့တယ်..။သူ့ကိုယ်သူ လွတ်မြောက်အောင် ကြိုးစားနေခဲ့ရတာကြောင့်..သူ့ရဲ့ ကြွက်သားတွေက စုပ်ပြဲထွက်လုနီးပါးတောင် ဖြစ်နေခဲ့ကြပါပြီ..။

“ငါ…ငါ မမှတ်မိတော့ဘူး…။ငါ..မသိတော့ဘူး..”

နိုပ်စက်သူဟာ..သက်ပြင်းချလိုက်ပြီး..နီရဲနေတဲ့ ဓားကို မြေကြီးပေါ် ပစ်ချလိုက်တယ်..။

“အသုံးမဝင်ဘူး..။ဒါတွေအားလုံးက အသုံးမဝင်ဘူး..။ရာစုနှစ် တစ်ခုနီးပါးတောင် ရှိနေပြီ..မင်းက တောင့်ခံနေတုန်းလား..”

သူက..သူ့ရဲ့ဦးခေါငိးကို ကိုင်ပြီး..အော်ဟစ်လိုက်တယ်..။ပြီးတဲ့နောက်မှာတော့..ရုတ်တရက် ရယ်မောလိုက်ပါတယ်..။

“ငါ ပင်ပန်းနေပြီ…ငါက မင်းထက်ကို ပိုပြီး ပင်ပန်းနေပြီ ညီလေး..။မင်း ဘာလို့ ငါ့ကို စွန့်ပစ်ခဲ့ရတာလဲ..။ငါ ဘာပဲလုပ်လုပ်..ငါ မင်းကို ကယ်တင်ပေးနိုင်မှာ မဟုတ်ဘူး..။ငါ မင်းရဲ့ အပြစ်တွေကို ဖယ်ရှားပေးနိုင်မှာ မဟုတ်ဘူး..။အရှင်သခင်ရဲ့ မင်းအပေါ်မပြစ်တင်စိတ်ကို ငါ ဖယ်ရှားပေးနိုင်မှာ မဟုတ်ဘူး..”

သူ တိတ်ဆိတ်သွားခဲ့တယ်..။ပြီးတဲ့နောက်မှာတော့..သူ့ရဲ့ မျက်နှာက တည်ငြိမ်ပြီး..အေးဆေးသွားခဲ့ပါတယ်..။

ယင်းနောက် သူက..ဆန်နီကို ကြည့်လိုက်တယ်..။သူ့ မျက်လုံးထဲမှာတော့ ရူးသွပ်မူတွေ ပြည့်နှက်နေခဲ့ပါပြီ..။

“ရာစုနှစ်တစ်ခု ဆိုတာက လုံလောက်ပြီ..။ရှေ့ဆက်ပြီး သွားနေမယ်ဆိုရင် ..မင်းမှာ ကျန်ရှိနေတဲ့အရာကို ပိုပျက်ဆီးအောင် လုပ်သလိုပဲဖြစ်နေလိုက်မယ်..ညီငယ်လေး..။ငါတို့ မင်းရဲ့ အပြစ်တွေကို မဆေးကြောပစ်နိုင်ဘူးဆိုရင်လည်း..ဒါဆိုလည်း..ငါတို့ဒီအရာကို လောင်ကျွမ်းပျက်ဆီး စေလိုက်ကြမယ်..။မီးတောက်ရဲ့ ကောင်းချီးပေးမူနဲံ..မင်းပျောက်ဆုံးသွားခဲ့တဲ့ အရာအတွက်..ငါတို့ကို ငါတို့ စတေးခံလိုက်ကြရအောင်..”

…..

ဆန်နီရဲ့ အချုပ်အနှောင်တွေကို ဖြုတ်ပေးပြီး..အကျဉ်းထောင်ကနေ အပြင်ကို ခေါ်ထုတ်သွားခံရတဲ့ နေ့က အမှန်တကယ်ပဲ ရောက်လာခဲ့တယ်..။သူက ထောင်စောင့်တွေကို တိုက်ခိုက်နိုင်ဖို့အတွက် အတော်ကို အားနည်းနေခဲ့ပြီဖြစ်ပြီး အသုံးလည်း မဝင်ခဲ့ပေ..။ဘာတွေဖြစ်နေတာလဲ ၊ ဘာလို့ သူ့ကို နိုပ်စက်တဲ့ မြေအောက် အကျဉ်းထောင် အမှောင်ထုထဲကနေ ခေါ်ထုတ်သွားကြတာလဲ ဆိုတာကို သူ တကယ်ကို နားမလည်တော့ပါဘူး..။

မျက်ရည်တွေ ကျဆငး်လာတဲ့အထိကို သူက ပျော်ရွှင်နေခဲ့တယ်..။

ဒေါသကြီးတဲ့ လိမ္မောရောင် မီးတောက်တွေကြောင့် အရမ်းကို ပူပြင်းနေတဲ့ အခန်းတစ်ခု ဆီကို ဆန်နီကို ခေါ်သွားလိုက်ကြပါတယ်..။

“ထူးဆန်းတယ်…ဘယ်လိုထူးဆန်းတဲ့ နေရာမျိုးလဲ..”

သူ့ရဲ့ရှေ့မှာတော့..သံမဏိအရည်တွေနဲ့ ပြည့်နှက်နေတဲ့ ကျင်းကြီးတစ်ခု ရှိနေခဲ့တယ်..။အောက်ဘက်မှာတော့..မီးတောက်တွေကို ငြိမ်းသေမသွားစေဖို့ အတွက် လေတိုက်ခတ်မူတွေကို ပြုလုပ်ထားခဲ့ပါတယ်..။သူက အားကောင်းတဲ့ မြင်းတစ်ကောင်က မျက်စိတွေကို စည်းပြီး..စက်ပိုင်းပုံစံ လှည့်ပတ်ကာ..သူနဲ့ ချိတ်ဆက်ထားတဲ့ ဘီးကို လည်နေစေတာကို မြင်တွေ့နေရတယ်..။ဒီကနေ တဆင့် လေတိုက်ခတ်မူတွေကို အလုပ်လုပ်နေစေခဲ့တာပါ..။

ကျင်းရဲ့ ရှေ့မှာတော့..ထူးဆန်းတဲ့ သံလှောင်အိမ် တစ်ခုကို ကြမ်းပြင်ပေါ်မှာ ထားထားခဲ့တယ်..။ဒါက လူသားတစ်ယောက် ပုံသဏ္ဍာန်နဲ့ ပြုလုပ်ထားတာ ဖြစ်ပြီး အထဲမှာ..လူသားတစ်ယောက်ပုံစံ နေရာလွတ်တစ်ခုကို လုပ်ပေးထားခဲ့တယ်..။

‘ဒါက ဘာလဲ..’

“သတ္တိရှိပါ ညီလေး..”

ဆန်နီဟာ..ရင်းနှီးတဲ့ အသံကြောင့် တုန်လှုပ်သွားခဲ့တယ်..။သူ လှည့်ကြည့်လိုက်တဲ့ အချိန်မှာတော့ သူ့ရဲ့ ဘေးနားမှာ သူ့ရဲ့ နိုပ်စက်သူကို တွေ့လိုက်ရပါတယ်..။သူ့ရဲ့ မျက်နှာက နက်မှောင်ပြီး..ပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေရှိနေခဲ့တယ်..။

“ဒီနေ့မှာ..ငါတို့ မင်းရဲ့ အပြစ်တွေကို ဆေးကြောကြမယ်..ငါတို့က မင်းကို နောက်တစ်ကြိမ် နတ်ဘုရားတွေရဲ့ လက်နက်ဖြစ်အောင် ဖန်တီးပေးမယ်..”

‘ငါ..နားမလည်တော့ဘူး..’

ဘာတွေဖြစ်နေမှန်း ဆန်နီ ကိုယ်တိုင်တောင် နားမလည်ခင်သေးမှာပဲ..သူက ထူးဆန်းတဲ့ လှောင်အိမ်ထဲကို ထည့်ထားခြင်း ခံလိုက်ရပါတယ်..။ဒီအရာကို ပြန်ပိတ်လိုက်တဲ့ အချိန်မှာတော့ သူက လုံးဝ အမှောင်ထုထဲကို ရောက်သွားခဲ့တယ်..။သူ့ရဲ့ အကျဉ်းထောင် အသစ်က သူ့ရဲ့ ခန္တာကိုယ်ကို ကြေးခွံတွေလို ရစ်ပတ်ထားခဲ့တဲ့..။သူက လှုပ်ရှားလို့ မရသလို ..ဘာကိုမှလည်း မမြင်ရပါဘူး..။သူက သံမဏိလူသားကြီးရဲ့ကိုယ်ထဲမှာ ရှိနေတဲ့ ဝိဉာဉ်တစ်ကောင်လိုတောင် ထင်မှတ်နေခဲ့ရတယ်..။

ဆန်နီ ထိပ်လန့်သွားခဲ့ပြီး..သံမဏိအကျဉ်းထောင်ကနေ လွတ်မြောက်ဖို့ ရုန်းကန်လိုက်ပေမယ့် အသုံးမဝင်ပေ..။

သူက သံကြိုးတွေရဲ့ အသံကို ကြားလိုက်ရတဲ့ အချိန်မှာတော့..သူ့ကိုယ်သူ လေထဲမြှောက်တက်သွားသလို ခံစားလိုက်ရတယ်..။

လှောင်အိမ်ရဲ့ အပြင်ဖက်က တဖြည်းဖြည်း ပူလာပြီး..အထဲကိုပါ ထိုးဖောက်ဝင်ရောက်လာခဲ့ပါတယ်..။

တောက်ပနေတဲ့ သံလှောင်အိမ်ထဲမှာ ပိတ်မိနေတဲ့ ဆန်နီဟာ..အော်ဟစ်ပြီးရင်း..အော်ဟစ်နေခဲ့ရတယ်..။သူ့ရဲ့ အသွေးအသားတွေက ..ချက်ချင်းဆိုသလိုပဲ..အရည်ပျော်ကျသွားလိုက်..အလိုလို ပြန်ကောင်းလာလိုက် ဖြစ်နေခဲ့ပါတယ်..။သူ့ ရဲ့ စိတ်တွေကလည်း..မီးတောက်ထဲက မခံမရပ်နိုင်တဲ့ နာကျင်မူနဲ့အပူချိန်တွေမှာသာ ရှိနေခဲ့တယ်..။

သို့ပေမယ့် သူ ဘယ်လောက်ပဲ အော်နေပါစေ…

လောင်ကျွမ်းမူတွေကတော့ အဆုံးမရှိပါဘူး…။

ဒါက သူကိုယ်တိုင်လိုပဲ…

…..

လောင်ကျွမ်းခံနေရတာ…သူက လောင်ကျွမ်းနေခဲ့တာ…

ဆန်နီ အော်ဟစ်ပြီးနိုးလာတဲ့ အချိန်မှာတော့..အိပ်မက်ဆိုးရဲ့ ကြောက်မက်ဖွယ်အတိ ထဲမှာ ရစ်ပတ်နေတုန်းပါပဲ..။သူ တုန်လှုပ်သွားခဲ့ပြီး..သူ့ရဲ့ ရင်ဘတ်ကို..ဆူးချွန်တွေနဲ့ ထိုးထားခံရသလို နာကျင်နေခဲ့တယ်..။

“အားး..”

အရိပ်တွေက သူ့တို့ရဲ့ သခင် ရုတ်တရက် ထအော်လိုက်တာကြောင့် ပတ်ဝန်းကျင်မှာ လှည့်ပတ်နေခဲ့ကြပါတယ်..။

‘အိပ်မက်ဆိုးတစ်ခု..အာ..။ငါ ရာစုနှစ်တွေကြာတာတောင်..ဒီလိုမျိုး တစ်ခါမှ မမက်ခဲ့ဖူးဘူး..’

သူ မျက်နှာရှုတ်မဲ့ကာ..မတ်တတ်ထရပ်လိုက်တယ်..။ပြီးတာနဲ့ အဝေးမှာ ထွက်ပေါ်နေခဲ့တဲ့ ကောင်းကင်ချိန်းကြိုးတွေရဲ့ အသံကို နားထောင်နေလိုက်ပါတယ်..။

အခုက နေ့သစ်တစ်ခုကို စတင်ရတော့မယ့် အချိန်ပါပဲ..။

All Chapters