← Chapters

အိပ်မက်တစ်ခုပြီး တစ်ခု

Vol. 43 Ch. 638

အိပ်မက်တစ်ခုပြီး တစ်ခု

Vol. 43 Ch. 638

ဆန်နီဟာ..အရိပ်တွေနဲ့ ပြည့်နှက်နေတဲ့ သူ့ရဲ့ ရဲတိုက်ခန်းမကြီးထဲကနေ ဖြတ်သန်းလျောက်လာခဲ့တယ်..။သူ ဘယ်နေရာကိုပဲ..ဖြတ်ဖြတ်..တောက်ပတဲ့ အဖြူရောင် လရောင်က ပျောက်ကွယ်သွားပြီး..အရိပ်တွေကသာ ကြီးစိုးသွားခဲ့ကြပါတယ်..။သူ့ရဲ့ ခြေလှမ်းတွေက..တိတ်ဆိတ်နေခဲ့သလို..သူ့ရဲ့ အတွေးတွေကလည်း ဒီအတိုင်းပါပဲ..။

သူက ပိုးချည်လက်အိတ်ဝတ်ဆင်ထားတဲ့ သူ့ရဲ့လက်ကို မြှောက်လိုက်ပြီး..ရှေဟောင်းကျောက်နံရံပေါ်က ထွင်းထုထားတဲ့ အရာတွေကို စမ်းကြည့်နေခဲ့တယ်..။ဒီအရာတွေကို မှတ်မိဖို့အတွက်တော့ သူ ကြိုးစားမနေတော့ပါဘူး..။ဒီအရာတွေက..သူ့ရဲ့ အောင်ပွဲ နဲ့ အနိုင်ရမူ တွေဖြစ်ပြီး..သမိုင်းတစ်လျောက်လုံးမှာ မှတ်တမ်းတင်လာခဲ့ကြတယ်..။သို့ပေမယ့် ဒီအရာတွေအားလုံးက အချိန်အတော်အကြာ ၊ သူရဲကောင်းတွေရဲ့ အစောပိုင်းခေတ်ကာလတုန်းက ဖြစ်ပျက်ခဲ့တဲ့ အရာတွေပါ..။

သူလည်း တစ်ချိန်တုန်းက သူရဲကောင်းတစ်ယောက်ဖြစ်ခဲ့ဖူးတယ်..။သူက သေမျိုးကမ္ဘာပေါ်မှာ..ပျက်ပြားခြင်း အကြွင်းအကျန်တွေနဲ့ တိုက်ခိုက်ခဲ့ကြတာပါ..။သူက တွက်ချက်တတ်တယ် ၊ အကြောက်အလန့်ကင်းတယ် ၊ ရဲစွမ်းသတ္တိရှိတယ်..။ပြီးတော့..ယုံကြည်ချက် ၊ မျှော်လင့်ချက်တွေနဲ့လည်း ပြည့်နှက်နေခဲ့ဖူးပါတယ်..။

…သူရဲကောင်းတွေရဲ့ ခေတ်က ပြီးဆုံးသွားခဲ့ပြီ ဖြစ်ပေမယ့် ဆန်နီကတော့ ကျန်ရှိနေတုန်းပါပဲ..။

အခုတော့..သူ့ရဲ့ အစေခံတွေ ၊ စစ်သည်တော်တွေ အားလုံးက..သူ လုံးဝဂရုစိုက်ခြင်းမရှိတဲ့ ရတနာတွေကို ယူပြီး ထွက်သွားခဲ့ကြပြီ..။ရဲတိုက်ကြီးရဲ့ ခမ်းမထဲမှာလည်း..အရိပ်တွေနဲ့သာ ပြည့်နှက်နေခဲ့ပြီး တစ်ခြား ဘယ်အရာမှ ရှိမနေခဲ့ပါဘူး..။

ကောင်းပြီလေ..သဘောပေါက်ကို ခက်ခဲနေတဲ့ သစ္စာရှိ ငတုံးတစ်ယောက်က လွဲလို့ပေါ့..။

‘တောင်းပန်ပါတယ်..ကလေး..။မင်းက ဒီထက်ပိုကောင်းတဲ့ မာစတာ တစ်ယောက်နဲ့ တွေ့ခဲ့သင့်တာ..’

ချီးတဲ့မှပဲ..ဘာလို့ သူ့ရဲ့ နှလုံးက ရုတ်တရက်ကြီး အရမ်းနာကျင်လာရတာလဲ..။

ဆန်နီ ခြံဝန်းရဲ့ တံခါးတွေကို တွန်းဖွင့်လိုက်ပြီး..ပြန်ပိတ်ဖို့တောင် စိတ်မဝင်စားပဲ ထွက်သွားခဲ့ပါတယ်..။သံသယဖြစ်စရာ မလိုလောက်အောင်ပဲ..သူ့ရဲ့ ဒီ ရဲတိုက်ကို ချိန်းအရှင်သခင်တွေက တစ်ယောက်ပြီး တစ်ယောက် လက်ဆင့်ကမ်းသွားကြမှာပါ..။ဒါမှမဟုတ်..ကြုံရဦ လူမိုက်ဂိုဏ်းတွေက သိမ်းပိုက်သွားကြတာလည်း ဖြစ်နိုင်ပါတယ်..။ဒီအတွက်ကိုလည်း သူ ဂရုမစိုက်တော့ပေ..။

အမှောင်ထုထဲမှာ ရပ်နေရင်း ဆန်နီ တွေဝေနေခဲ့တယ်..။ယင်းနောက်..သူ့ရဲ့ လက်မောင်းအစွပ်နားတွေမှာ ဝှက်ထားတဲ့ ဓားနှစ်ချောင်းကို ထုတ်ယူလိုက်ပါတယ်..။တစ်ခုက..တစ္ဆေဖန်သားပြင်ကနေ ဖန်တီးထးခဲ့တာဖြစ်ပြီ..တစ်ခုကတော့ လှပတဲ့ မီးခဲကနေ ဖန်တီးထားခဲ့တာပါ..။

တစ်ခုက သူ့ကို အလင်းအရှင်သခင်က ပေးအပ်ခဲ့တဲ့ ဓားဖြစ်ပြီး တစ်ခုကတော့..သူ ခိုးယူခဲ့တဲ့ ဓားပါ..။

သူ မြင်တွေ့ခဲ့ရတဲ့ အိပ်မက်ဆိုးက..သူ့ရဲ့ မသိစိတ်ကနေ ခံစားနေရတဲ့ နောင်တတရားကြောင့်လည်း ဖြစ်နိုင်ပါတယ်..။ဒါပေမဲ့ သူက ဘာလို့ နောင်တရ ရမှာလဲ..။အဲဒီအရူးက သူ့ဓားပျောက်သွားတာနဲ့ ပတ်သက်ပြီး..ကိုယ့်ကိုကိုပဲ အပြစ်သင်နေသင့်တာပါ..။

ပြီးတော့ သေချာတာက..ညီအစ်ကိုနှစ်ယောက်စလုံးက..ဒီလိုဆိုးဝါးတဲ့ အရာတစ်ခုကို ထုတ်ဖို့ရလောက်တဲ့ အထိ အရူးသွပ်ကြသေးပေ..။အနည်းဆုံးတော့..အခုအချိန်မှာမဟုတ်ပါဘူး..။

ဆန်နီ သက်ပြင်းချလိုက်ပြီး ခေါင်းခါယမ်းလိုက်တယ်..။ယင်းနောက် သူ အနည်းငယ်လှည့်ပြီး အမှောင်ထဲကနေ ပေါ်ထွက်လာတဲ့ ပုံရိပ်ကို ကြည့်လိုက်ပါတယ်..။

ဖြူဖျော့တဲ့ အညိုရောင် အရည်ပြား ၊ လက်လေးချောင်း ၊ ကွေးကောက်နေတဲ့ ဉီးချိုနဲ့ နတ်မိစ္ဆာတစ်ကောင် က သူ့အနားကို ရောက်လာပြီး အရိုအသေ ပေးလာခဲ့တယ်..။ဝမ်းနည်းဖွယ်ရာ အမူအရာက..သူ့ရဲ့ မျက်နှာပေါ်မှာ အထင်းသား ပေါ်နေခဲ့ပါတယ်..။

ဆန်နီ ပြုံးလိုက်ပြီး..

“အရမ်းလည်း စိတ်မကောင်း မဖြစ်ပါနဲ့ ကလေး..။နောက်ဆုံးမှာ ဒီလိုဖြစ်လာလိမ့်မယ် ဆိုတာကို မင်းလည်း သိနေတာပဲ..”

နတ်မိစ္ဆာကတော့ ပြန်မဖြေခဲ့ပေ..။

….သူက ပြန်မဖြေနိုင်တာ မဟုတ်ပါဘူး..။

ဆန်နီ နောက်တစ်ကြိမ်သက်ပြင်းချလိုက်ပြီး..မီးခဲဓားကို သူ့ရဲ့ အက်ျီထဲမှာ ပြန်ဝှက်ထားလိုက်ကာ..ဖန်သားနဲ့ ပြုလုပ်ထားတဲ့ ထားကိကုတော့..သတ္တဝါဆီကို ပေးလိုက်ပါတယ်..။သတ္တဝါက တစ်ခနလောက် မဝံ့မရဲဖြစ်နေပြီးကာမှ ကြောက်ရွံ့မူ ၊ ရိုသေလေးစားမူတွေနဲ့ လှမ်းယူလိုက်တယ်..။

“ပြုတ်မကျစေဖို့ ဂရုစိုက်ဦး..။ဒီဓားကို နတ်ဘုရားတစ်ပါးက ပြုလုပ်ထားခဲ့တာပဲ..သိတယ်မလား..။ဒါက အရမ်းကို ဖိုးတန်တယ်…မင်းကိုင်ဆောင်ဖို့ မထိုက်တန့်လောက်အောင် အထိကို အဖိုးတန်တယ်..။တစ်ခြားလူတွေက သာ ဒီဓားကို မြင်သွားမယ်ဆိုရင် မင်းကို အစိမ်းလိုက် ဝါးစားကြလိမ့်မယ်..”

သူ အရှေ့မြောက်အရပ်ကို လှမ်းကြည့်လိုက်ပြီး တစ်ခုခုကို စဉ်းစားပြီးကာမှ ထပ်ပြောလိုက်တယ်..။

“…ဒီ ဓားကို ချာလီ ဘုရားကျောင်းတော်ကို ယူဆောင်သွားပြီး..စစ်ပွဲ မိန်းမပျို ကို ပေးလိုက်..။ပြီးတော့…ပြီးတော့..ငါတို့တွေ အရိပ်ကမ္ဘာမှာ ပြန်တွေ့ကြမယ် လို့ပါ ပြောလိုက်..။ဒါက မင်းအတွက် ငါ့ရဲ့ နောက်ဆုံး အမိန့်ပဲ..ကလေး..။ဒါပြီးရင်တော့ ..မင်းလည်း လွတ်လပ်သွားပြီ..”

နတ်မိစ္ဆာဟာ..လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး ဖြည်းညှင်းစွာ ခေါင်းခါယမ်းလိုက်တယ်..။

ဆန်နီ ရယ်မောလိုက်ပြီး..

“အဲလိုဆိုရင်တောင်မှ..ဒါက ဖြစ်ကိုဖြစ်လာရမယ့်အရာပဲ..။အခုသွားတော့..။မင်းရဲ့ မာစတာက မင်းကို အမိန့်ပေးနေပြီ..”

သတ္တဝါဟာ..ခေါင်းငိုက်စိုက်ကျသွားခဲ့ပြီး..ဝမ်းနည်းကြေကွဲစွာ ညဉ်းညူလိုက်တယ်..။ပြီးတာနဲ့ အမှောင်ထုထဲမှာ ပျောက်ကွယ်သွားခဲ့ပါတယ်..။

ဆန်နီ သူ ထွက်သွားတာကို ကြည့်နေခဲ့တယ်..။မကြာခင်မှာပဲ..နတ်မိစ္ဆာက..ရဲတိုက်ကနေ ထွက်ခွာသွားပြီး..တောင်ကုန်းတွေပေါ်က မြစိမ်းရောင် မြက်ခင်းတွေပေါ်မှာ ဖြတ်သန်းကာ..ကျွန်းကို ဆက်သွယ်ထားတဲ့ သံကြိုးတစ်ခုပေါ်ကို ခုန်ဆင်းသွားခဲ့တယ်..။

သတ္တဝါထွက်ခွာသွားပြီ ဆိုတာ သေချာတဲ့အချိန်ကြမှ ..ဆန်နီက..သူ့ရဲ့ အရိပ်ထောက်လှမ်းသူတွေကို ပြန်ခေါ်လိုက်ပြီး..ရေရွတ်လိုက်ပါတယ်..။

“အင်း..သူက ငါ့ကို တစ်ကြိမ်လေးတောင် ပြန်လှည့်ကြည့်မသွားဘူး..။ဘယ်လောက်တောင်..အသဲနှလုံးမရှိတဲ့ ကလေးလဲ..”

ဒီလိုပြောပြီးတာနဲ့..သူက ရဲတိုက်ရဲ့ ဂိတ်ပေါက်ဆီကို လျောက်သွားလိုက်တယ်..။အရိပ်ပင်လယ်ကြီးကတော့ သူ့ရဲ့နောက်ကနေ လိုက်သွားခဲ့ပါတယ်..။

သူ လမ်းလျောက်နေတုန်းမှာတော့..လှပတဲ့ စစ်မြင်းတစ်ကောင်က..အမှောင်ထုထဲကနေ ထွက်ပေါ်လာခဲ့တယ်..။သူ့ရဲ့ အမွေးတွေက..ညအချိန်လောက်ကို နက်မှောင်နေခဲ့ပြီး..ဉီးခေါင်းမှာ ကွေးကောက်တဲ့ ဦးချိုတွေ ထွက်ပေါ်နေခဲ့တယ်..။သူ့ရဲ့ သွားတွေကလည်း..သာမန်မြင်းတစ်ကောင်နဲ့ မတူပဲ..ဝံပုလွေတစ်ကောင်နဲ့တောင် တူနေခဲ့တာပါ..။

စစ်မြင်းရဲ့ မျက်လုံးတွေက..ကြက်သွေးရောင် မီးတောက်တွေနဲ့လောင်ကျွမ်းနေခဲ့တယ်..။

ဆန်နီ ပြုံးလိုက်ပြီး..

“နှုတ်ဆက်ပါတယ်…မိတ်ဆွေဟောင်းကြီး..။မင်းရဲ့ ကျောပေါ်မှာ နောက်ဆုံးတစ်ကြိမ် လိုက်ပါစီးနင်းခွင့် ပေးနိုင်မလား..”

သူက မြင်းကုန်းနှီးပေါ်ကို ခုန်တက်လိုက်ပြီး..သူ့ရဲ့ လျှင်မြန်တဲ့ အရှိန်နဲ့ ကုန်းမြေတစ်ခုလုံးကို ဖြတ်သန်းမောင်းနှင်လိုက်တယ်..။သူတို့က အရိပ်တွေထဲမှာ ပျံသန်းနေခဲ့ပြီး..ချိန်းကြိုးတွေကို ကျော်ဖြတ်ပြီး ကျွန်းတစ်ကျွန်းကနေ နောက်တစ်ကျွန်းကို ခုန်ပြီး ကျော်ဖြတ်နေခဲ့တာပါ..။

‘အာ..ဒါက ငါသတိရနေရမယ့် အရာတစ်ခုပဲ..’

အသိတရားတွေ ၊ တာဝန်ဝတ္တရားတွေရဲ့ ဖိနိုပ်မူကို ရာစုနှစ်ပေါင်းများစွာကြာအောင် ထမ်းပိုးထားပြီးတဲ့ နောက်မှာတော့..ဆန်နီ နောက်ဆုံးမှာ လွတ်လပ်ပြီး ငြိမ်းချမ်းသွားခဲ့ပါပြီ..။သူ့အထက်မှာ ရှိနေတဲ့ ညဘက်ကောင်းကင်က..ကျယ်ပြန်ပြီး လှပနေခဲ့တယ်..။

တစ်စုံတစ်ခုကလွဲပြီး..ကျန်တဲ့အရာအားလုံးက ပုံမှန်အတိုင်းပါပဲ..။ဘာလို့ သူ့ရဲ့ နှလုံးသားက အရမ်းနာကျင်နေရတာလဲ..။

သေချာတာကတော့..သူ့မှာ ဘာနောင်တတရားမှ ရှိမနေခဲ့ပေ..။

မိုးသောက်ချိန် မရောက်ခင်မှာပဲ..သူတို့က..အထီးကျန်တဲ့ ကျွန်းတစ်ကျွန်းဆီကို ရောက်လာခဲ့ကြတယ်..။ဆန်နီ မြင်းပေါ်ကနေ ဆင်းလိုက်ပြီး..သူ့ရဲ့နောက်ကျောကို ပုတ်ကာ..နှုတ်ဆက်စကားပြောလိုက်ပါတယ်..။စစ်မြင်းကတော့..ကျယ်ပြန့်တဲ့ အရိပ်တွေအဖြစ် ပြောင်းလဲကာ..ပျောက်ကွယ်သွားခဲ့တယ်..။ဒါက သူ့အနေနဲ့ ဘယ်တုန်းကမှ မတည်ရှိခဲ့တဲ့ အတိုင်းပါပဲ..။

အနက်ရောင် စစ်မြင်းက..သူ့ကို ဖန်တီးခဲ့တဲ့ သခင်ကို ဝန်ထုပ်ဝန်ဖိုး မဖြစ်စေဖို့ ၊ သူတို့ရဲ့ နှုတ်ဆက်မူက မခါးသက်စေဖို့အတွက် သူ့ရဲ့ ကြေကွဲဖွယ်ရာ ခံစားချက်တွေကို ဖုံးကွယ်ဖို့ ကြိုးစားခဲ့တာပါ..။

ဆန်နီ အတော်ကြာတဲ့ အထိ ငြိမ်သက်ပြီးရှိနေခဲ့တယ်..။ယင်းနောက်..ကျွန်းရဲ့ အစွန်းဆီကို လျောက်သွားလိုက်ပါတယ်..။

အဲဒီမှာတော့..သူက ဖျင်ကြမ်းအကျ်ီရဲ့ ကြိုးတွေကို ဖြည်လိုက်ပြီး..သူ့ရဲ့ ရင်ဘတ်ကို ဖော်ထားကာ ဒူးထောက်ထိုင်လိုက်တယ်..။သူက အောက်ဘက် ချောက်နက်ထဲမှာ လောင်ကျွမ်းနေကြတဲ့ နတ်ဘုရားမီးတောက်တွေကို ကြည့်နေခဲ့တာပါ..။

တစ်ခြားလူတွေကတော့..သူတို့အားလုံးကို ဘယ်အရာတွေက စောင့်ကြိုနေမှာလဲ ဆိုတာကို မသိကြသေးပေ..။သူတို့ရဲ့ ကံကြမ္မာကို ရက်ရက်စက်စက် ချိတ်ပိတ်ခဲ့တဲ့..ဆိုဗန်က လွဲရင်ပေါ့..။သူမရဲ့ ရက်စက်တဲ့ ရွေးချယ်မူရဲ့ နောက်ဆက်တွဲအကျိုးဆက်တွေကိုရော သူမ သိထားခဲ့တာလား..။ဒါမှမဟုတ်..သူမက မမြင်နိုင်လောက်အောင်ပဲ..အသိဉာဏ်ပျောက်ဆုံးနေခဲ့တာလား..။

ဘာပဲဖြစ်ဖြစ်..ဆန်နီကတော့ နောက်ထပ်ရောက်လာမယ့် ဘယ်လို အစိတ်အပိုင်းကို မဆို မလိုချင်တော့ပေ..။သူက သူ့ကိုယ်သူ လိမ်ညာပြီး..သွေးကြောင်တဲ့လူတစ်ယောက် အဖြစ်အမြဲတမ်း ဂုဏ်ယူနေခဲ့တာပါ..။ပြီးတော့ ဒါကြောင့်ပဲ..သူက လွယ်ကူတဲ့ လမ်းကိုသာ ရွေးချယ်ခဲ့တယ်..။

လရောင်က ပျောက်ကွယ်သွားပြီ ဖြစ်ပေမယ့် နေလုံးကတော့ အခုချိန်ထိ ထွက်ပေါ်လာခဲ့ခြင်း မရှိသေးပေ..။ဒီလို မှောင်မိုက်နေတဲ့ အချိန်မှတော့..သူ့ရဲ့ ပတ်ဝန်းကျင်ကို အရိပ်တွေနဲ့ လေတိုက်ခတ်မူတွေကသာ..လွှမ်းခြုံထားခဲ့တယ်..။

သူ့ရဲ့ နှုတ်ခမ်းကနေ နက်ရှိုင်းတဲ့ သက်ပြင်းချသံတစ်ခု ထွက်ပေါ်လာခဲ့ပါတယ်..။

‘…နှင်းစက်လေးတွေလို ရောက်ရှိလာပြီး..နှင်းစက်လေးတွေလို ပျောက်ကွယ်သွားတယ်..”

ဒီလိုပြောပြီးတာနဲ့..ဆန်နီ လက်မြောက်လိုက်တယ်..။ပြီးတာနဲ့..မလှုပ်မယှက် လှပနေတဲ့ မီးခဲဓားကို..သူ့ ရင်ဘတ်မှာ ရစ်ပတ်နေတဲ့ မြွေရဲ့ ကြေးခွံထဲကို ထိုးထည့်လိုက်ပါတယ်..။

ဆိုးဝါးတဲ့ နာကျင်မူကသူ့စိတ်ထဲကို ဝင်ရောက်လာခဲ့ပြီးနောက်မှာတော့..သူ့မျက်နှာပေါ်မှာ ဖြူဖျော့တဲ့ အပြုံးတစ်ခု ပေါ်လာခဲ့တယ်..။

“လွတ်လပ်ပြီး..ငါ..ငါ နောက်ဆုံးတော့…လွတ်လပ်သွားပြီ…”

သူ့ရဲ့ ခန္တာကိုယ်က တုန်လှုပ်သွားပြီး..အောက်ဘက်ကောင်းကင်ရဲ့ နက်ရှိုင်းတဲ့ ချောက်နက်ထဲကို ပြုတ်ကျသွားခဲ့ပါတယ်..။ပထမဆုံးနေရောင်ခြည် အလင်းတန်းပေါ်ထွက်လာတဲ့ အချိန်မှာပဲ..သူက ချောက်ကမ်းပါး အစွန်းကနေ ပျောက်ကွယ်သွားခဲ့တယ်..။

ဆန်နီ အမှောင်ထုထဲကို လုံးဝ ရောက်သွားခဲ့ပါပြီ..။

အမှောင်ထုရဲ့ ထွေးပွေ့မူ အောက်မှာပဲ..သူက နောက်ဆုံးမှာ သေဆုံးသွားခဲ့တယ်..။

…

ဆန်နီ နိုးထလာတဲ့အချိန်မှာတော့ သူ့ရဲ့ ရင်ဘတ်က…အကြောင်းပြချက်တစ်ချို့ကြောင့် နာကျင်နေခဲ့တယ်..။သို့ပေမယ့်..သူက နောက်ထပ် ကြာအောင် အိပ်နေလို့ မရတော့ပေ..။

အခုက နေ့သစ်တစ်ရက်ကို စတင်…

‘..ဘယ်လို ငရဲမျိုးလဲ..။ဒါကြီးက..အတော်လေး ဆိုးဆိုးဝါးဝါးကို ရင်းနှီးနေတာ မဟုတ်ဘူးလား..’

All Chapters