← Chapters

အဆုံးမရှိတဲ့ အိပ်မက်ဆိုးများ..

Vol. 43 Ch. 639

အဆုံးမရှိတဲ့ အိပ်မက်ဆိုးများ..

Vol. 43 Ch. 639

ဆန်နီဟာ..သူ အသက်မရှင်ချင်တော့တဲ့ အရိပ်တစ်ခု အဖြစ် ရှိနေတဲ့ အိပ်မက်ဆိုးကနေ နိုးထလာခဲ့တယ်..။သံမဏိပျော်ရည်တွေထဲက ခေါင်းတလားထဲမှာ ပိတ်လှောင်ထားခံခဲ့ရတဲ့ မင်းသား တစ်ယောက်အဖြစ်ကနေလည်း နိုးထလာခဲ့တယ်..။အသတ်ခံရတဲ့ အမေကို ပွေ့ဖက်ထားရင်း သေအံဆဲဆဲဖြစ်နေတဲ့ လူအိုကြီးတစ်ယောက်ရဲ့ အိပ်မက်ဆိုးကနေလည်း နိုးထလာခဲ့တယ်..။သူ့ရဲ့ ကမ္ဘာကြီးကို နတ်ဘုရားတစ်ပါးက ဖျက်ဆီးနေတာကိုကြည့်နေခဲ့ရတဲ့ သာမန် သေမျိုးလူသားတစ်ယောက် အဖြစ် အိပ်မက်ဆိုးကနေလည်း နိုးထလာခဲ့ပါတယ်..။

မကြာခင်မှာပဲ..ဆန်နီဟာ..သူ့ကိုယ်သူ..တိုင်တစ်ခုမှာ ချည်နှောင်ခံထားရတာကို တွေ့လိုက်ရတယ်..။သူ့ရဲ့ ခြေဗလာအောက်မှာတော့..မီးတွေက ဝန်းရံနေခဲ့ကြပါတယ်..။သူ့ရဲ့ ပတ်ဝန်းကျင်မှာလည်း..သူ့ရဲ့ မိတ်ဆွေတွေ ၊ အိမ်နီးနားချင်းတွေ ဖြစ်ပုံရတဲ့ လူတွေက ဝမ်းသာအားရစွာ ကြည့်နေခဲ့ကြတာပါ..။သူ လုပ်နိုင်တာဆိုလို့..ချည်နှောင်ထားမူတွေကနေ ရုန်းကန်ရင်း..မီးတောက်က သူ့အသွေးအသားတွေဆီကို ရောက်မလာခင်မှာ မီးခိုးတွေကြောင့် အသက်ရူ မရပ်သွားဖို့ ဆုတောင်းနေယုံသာ တတ်နိုင်ပါတော့တယ်..။

သို့ပေမယ့်..သူ့ရဲ့ ဆုတောင်းတွေကို ဘယ်သူကမှ ပြန်မဖြေဆိုခဲ့ပေ..။

မီးတောက်တွေကြားထဲမှာ အော်ဟစ်ရင်းနဲ့ပဲ..သူက သေဆုံးခဲ့ရတယ်..။

ဒါက နေ့သစ်တစ်နေ့ကို ရင်ဆိုင်ဖို့ အချိန်ပါပဲ..။

ဆန်နီဟာ..ချွန်ထက်တဲ့ အစွယ်တွေက သူ့ရဲ့ အသွေးအသားတွေကို အရှင်လတ်လတ်ကိုက်ဖြတ်နေတဲ့ အချိန်မှာ..အသည်းအသန်တိုက်ခိုက်နေခဲ့ရတဲ့..။သို့ပေမယ့် သူ ဘယ်လောက်ပဲ ရုန်းကန်နေပါစေ..ဒါက အသုံးမဝင်ခဲ့ပါဘူး..။မွန်းးစတားက အရမ်းကို သန်မာပြီး..ရူးသွပ်မူ ၊ ရက်စက်မူတွေနဲ့ ပြည့်နှက်နေခဲ့တယ်..။

ပြီးတဲ့ နောက်မှာတော့ သူက သေဆုံးသွားခဲ့ပြန်ပါတယ်..။

နောက်ထပ်တစ်ကြိမ် နေ့သစ်တစ်ခုကို ရင်ဆိုင်ဖို့ အချိန်ကျရောက်လာခဲ့ပြန်ပါပြီ..။

ဆန်နီဟာ..သူ့ရဲ့ ခြေထောက်တွေကို သံကြိုးတွေနဲ့ ချည်နှောင်ထားခြင်းခံရပြီး ရေနစ်ကာ သေဆုံးခဲ့တယ်..။

ဆန်နီဟာ တိုက်ပွဲကွင်းပြင်ထဲမှာ သေလောက်အောင် သွေးထွက်နေခဲ့ပြီး ရေငတ်မူကို ခံစားနေခဲ့ရပါတယ်.။သူက လှုပ်ရှားဖို့အတွက် အတော်လေးကို အားနည်းနေပြီး..ဆာလောင်နေတဲ့ ကျီးကန်းတွေက သူ့ရဲ့ မျက်နှာကို ချွန်ထက်တဲ့ နှုတ်သီးတွေနဲ့ ထိုးဆိတ်နေခဲ့ကြတာပါ..။

ဆန်နီဟာ..သူ့ရဲ့ မိသားစုတစ်ခုလုံး ခေါင်းဖြတ်သတ်ခံရတာကို မျက်ဝါးထင်ထင် ကြည့်ရူခဲ့ပြီးနောက်..ခံတပ်နံရံမှာ တွဲလောင်းချိတ်ပြီး ကြိုးပေးခြင်းခံခဲ့ရပါတယ်..။

အကြင်နာတရားကင်းမဲ့တဲ့ အမေရဲ့ မှောင်မိုက်နေတဲ့ အောက်ဘက်ကောင်းကင်အောက်ကို ပစ်ချခြင်းခံလိုက်ရတဲ့ အချိန်မှာ ဆန်နီဟာ..ဆာလောင်မူ ၊ ရေငတ်မူ ၊ ကြောက်လန့်မူတွေနဲ့ အတူ သေဆုံးသွားခဲ့တယ်..။သူက အော်ဟစ်ဖို့ ၊ ငိုကြွေးဖို့အတွက်တောင် အားနည်းနေခဲ့ပါပြီ..။

ဆန်နီဟာ..အငြိုးကြီးတဲ့ မှော်ဆရာတစ်ယောက်ရဲ့ သတ်ဖြတ်ခြင်းကို ခံခဲ့ရပြီး..သစ်သား အရုပ်အဖြစ် ပြောင်းလဲခြင်းကို ခံခဲ့ရတယ်..။အဆုံးမရှိ တိတ်ဆိတ်စွာ အစေခံလုပ်ဆောင်ပြီးနောက်မှာတော့..မီးလောင်ကျွမ်းပြာချပြီး နောက်တစ်ကြိမ် အသတ်ခံလိုက်ရပြန်ပါတယ်..။သူ့ရဲ့ ပြာတွေကတော့..အဖြူရောင် မီးတောက်ပင်လယ်ထဲကို ကျဆင်းသွားခဲ့ကြတယ်..။

သူ့ရဲ့ နှလုံးသားကို..စစ်မှန်တဲ့ အမှောင်ထုနဲ့ ပြုလုပ်ထားတဲ့ ယဇ်ပုလ္လင်ပေါ်က..မီးတောင်ကျောက်ဓားနဲ့ ထိုးဖောက်ခြင်း ခံလိုက်ရတယ်..။

သူ့ရဲ့ ခန္တာကိုယ်က အနီရောင်ဝတ်ရုံနဲ့ စစ်သည်တော်ကြီးတစ်ဦးရဲ့ ဓားကြောင့် ထက်ပိုင်းပြတ်သွားခဲ့တယ်..။ဒီအရာကိုတော့..ရှေးဟောင်းပွဲကြည့်စင်ပေါ်က ကျောက်တုံးထိုင်ခုံတွေပေါ်က လူပေါင်းများစွာက ကြည့်ရူအားပေးနေခဲ့ကြပါတယ်..။

…အခုက နေ့သစ်တစ်ရက်ကို နောက်တစ်ကြိမ် ရင်ဆိုင်ရမယ့် အချိန် ရောက်လာခဲ့ပြန်ပါပြီ..။

အိပ်မက်ဆိုးတွေက..ဘယ်တော့မှ အဆုံးမသတ်ပဲ..တစ်ခုပြီးတစ်ခု ဆက်တိုက်ကို ဖြစ်ပေါ်နေခဲ့တယ်..။တစ်ကြိမ်ချင်းစီမှာလည်း..ဆန်နီက မခံမရပ်နိုင်လောက်တဲ့ နာကျင်မူဝေဒနာကို ခံစားရင်း..ဆိုးဝါးတဲ့ အိပ်မက်ဆိုးကနေ နိုးထကာ အဆုံးသတ်သွားလေ့ ရှိပါတယ်..။သို့ပေမယ့် မကြာခင်မှာပဲ..သူ့ရဲ့ နိုးထလာရတဲ့ ဘဝကြီးက..စစ်မှန်တဲ့ ကြောက်မက်ဖွယ်ရာ အတိအဖြစ်ပြောင်းလဲသွားခဲ့တယ်..။

ပြီးတဲ့နောက်မှာတော့…သူ သေဆုံးသွားခဲ့ရပြန်ပါတယ်..။

ယင်းနောက်မှာတော့..သူက နေ့သစ်တစ်ရက်ကို ထပ်မံရင်ဆိုင်ရပြန်ဦးမှာပါ..။

ဆန်နီဟာ..အားကောင်းမူ နဲ့ အားနည်းမူ ၊ ငယ်ရွယ်မူနဲ့ အသက်ကြီးမူ ၊ ယောက်ျား နဲ့ မိန်းမ ၊ လူသား နဲ့ သားရဲ အဖြစ် အမျိုးအစား စုံလင်စွာ အိပ်မက်မက်နေခဲ့တယ်..။သူတို့ရဲ့ အဆုံးသတ်ကတော့ အမြဲတမ်းအတူတူပါပဲ..။သူ သွားတဲ့ နေရာတိုင်း ၊ သူ ထွက်ပြေးတဲ့နေရာတိုင်း ၊ သူ ဘယ်သူပဲ ဖြစ်နေပါစေ…နာကျင်မူ ၊ သေဆုံးမူ နဲ့သာ အဆူံးသတ်ရမှာပါ..။

ပြီးတော့ ရူးသွပ်မူတွေ ..။သူ တွေ့လိုက်တဲ့ လူတိုင်းက..ကြောက်မက်ဖွယ်ရာ ၊ မရှင်းပြနိုင်လောက်တဲ့ ရူးသွပ်မူနဲ့..ကူးစက်ခံထားကြရသလို ဖြစ်နေခဲ့တယ်..။

ဒီကမ္ဘာကြီးတစ်ခုလုံးကကို..ရူးသွပ်နေကြတာပါ..

ပြီးတော့ ..သူလည်း..ဖြည်းညှင်းစွာ ရူးသွပ်သွားပါတော့မယ်..။

အတော်ကြာပြီးတဲ့နောက်မှာတော့..သူရဲ့ နိုးထမူတွေက ပိုပိုပြီး ခက်ခဲလာခဲ့တယ်..။တစ်ခါတစ်လေမှာ..ဘယ်ရှင်သန်မူက အစစ်အမှန်လဲ…ဘယ်ရှင်သန်မူက အိပ်မက်မက်နေတာလဲ ဆိုတာကိုတောင် မဝေခွဲနိုင်တော့ပါဘူး..။သူကြုံတွေ့နေရတဲ့ ထိပ်လန့်မူတွေက..အိပ်မက်ဆိုးတစ်ခုလို့ ထင်မှတ်နေရပေမယ့်လည်း..သူတို့ရဲ့ အလေးချိန်တွေ စုပြုံလာတဲ့ အချိန်မှာတော့..သူ့ရဲ့ စိတ်ဝိဉာဉ်က ဖြည်းညှင်းစွာ အက်ကွဲလာခဲ့ပါပြီ..။သူ့ရဲ့ မျက်နှာက ပြောင်းလဲလာခဲ့တယ်..။သူ့ရဲ့ မှတ်ဉာဏ်တွေက ပြောင်းလဲလာခဲ့တယ်..။သို့ပေမယ့် တစ်ခုသော အရာကတော့ တသတ်မတ်တည်း ရှိနေဆဲပါပဲ..။

ထိပ်လန့်ကြောက်ရွံ့မူ..။

အိပ်မက်ဆိုးတစ်ခုကနေ နိုးထလာရတဲ့ အသဲခိုက်လောက်အောင် ကြောက်မက်ဖွယ် ထိပ်လန့်မူ ဆိုတာက..ပိုပြီးဆိုးဝါးတဲ့ အိပ်မက်ဆိုး နောက်တစ်ခုထဲကို ပစ်ချခြင်းခံလိုက်ရတာပါပဲ..။

…ပြီးတော့ နောက်ထပ်အရာ နှစ်ခုကလည်း တသမတ်တည်း ရှိနေခဲ့ပါသေးတယ်..။အဲတာကတော့ သူ့ရဲ့ ရင်ဘတ်က နာကျင်မူ နဲ့..တစ်စုံတစ်ယောက်ရဲ့ ရင်ဘတ်ထဲမှာ လောင်ကျွမ်းလေ့ ရှိနေတဲ့ အလင်းရောင် အလုံးတွေပါ..။

ဆန်နီဟာ..ဆင်စွယ်ရောင်မြို့ နဲ့ အနီရောင် အဆောက်အဦး ကြားက စစ်ပွဲထဲမှာ စစ်သားတစ်ယောက်အဖြစ် ရှိနေခဲ့တယ်..။တောက်ပနေတဲ့ သံမဏိကနေ ပြုလုပ်ထားတဲ့..စစ်သူရဲကြီးတစ်ဦးက ရှေ့ကို တက်လာတဲ့ အချိန်မှာ ကျွန်းကြီးတစ်ကျွန်းလုံး တုန်လှုပ်သွားခဲ့တာကို သူ ကြည့်ရူနေခဲ့ပါတယ်..။ကြီးမားတဲ့ သံမဏိလက်ကြီးက ရှေ့ကို ရွေ့လျားလာခဲ့ကာ..သဘော်ပျံတစ်စင်းကို ဖမ်းယူပြီး လက်ထဲမှာတင် အစိတ်စိတ်အမွှာမွှာ ဖြစ်သွားစေခဲ့တယ်..။

ပြီးတဲ့နောက်မှာတော့..ကြီးမားတဲ့ စစ်သူရဲကြီဂက ရှေ့ကို ခြေတစ်လှမ်းတက်လာခဲ့ပါတယ်…။

ရုတ်တရက် ဆိုသလိုပဲ..ကောင်းကင်ကြီးတစ်ခုလုံးက ပျောက်ကွယ်သွားခဲ့ပြီး.ပြောင်လက်နေတဲ့ သံမဏိတွေနဲ့သာ အစားထိုးသွားခဲ့တယ်..။သံမဏိ စစ်သူရဲကြီးဟာ..သူ့ရဲ့ ခြေထောက်ကို ချလိုက်ပြီး..ဆန်နီ နဲ့ သူ့ရဲ့စစ်သည်တော်တွေ အားလုံးကို အသားပြားအဖြစ် ချေမွပစ်လိုက်ပါတယ်..။

ဆန်နီ သေဆုံးသွားခဲ့တယ်..။

ပြီးတဲ့နောက်မှာတော့..သူ အော်ဟစ်ပြီး နိုးထလာခဲ့ပါတယ်..။

အခုက နေ့ရက်အသစ်ကို ရင်ဆိုင်ရမယ့် အချိန်ပါပဲ..။

‘ဒါ..ဒါကြီးက အရမ်းကို များနေပြီ..’

သံမဏိ စစ်သူရဲကြီးက..စစ်သည်တော်တွေ အများကြီးကို နင်းချေပစ်တဲ့ မြင်ကွင်းကို ပြန်မြင်ယောင်လိုက်တဲ့ အချိန်မှာတော့..သူက ကြက်သီးမွှေးညှင်းထသွားခဲ့တယ်..။ဖျက်ဆီးလို့ မရနိုင်တဲ့ သူရိယ ( နေ ) မင်းသား ကို စိန်ခေါ်ရဲလောက်တဲ့ အထိ ဘယ်သူက ရူးသွပ်မှာလဲ..။

ကောင်းပြီးလေ..ဘယ်သူလဲဆိုတာ သူသိနေတာပဲ..။စစ်ဘီလူးတွေ အားလုံးက ရူးသွပ်နေကြတဲ့ လူတွေပါ..။သူ တို့ တစ်ယောက်ချင်းစီက ရူးသွပ်နေခဲ့ကြတယ်..။တစ်ချိန်က သူတို့တွေဟာ..ကွဲပြားခြားနားပြီး ..တစ်ခြားအမည်တစ်ခုနဲ့ ရှိခဲ့ကြတယ်လို့လည်း..ပြောကြပါသေးတယ်..။မျှော်လင့်ချက် ဘုရင့်နိုင်ငံတော်ကို ပျက်ပြားခြင်းအဆင့် သားရဲတွေရဲ့ ရန်ကနေ ကားကွယ်ပေးကြတဲ့..အောင်နိုင်သူတွေ..။ရဲရင့်ပြီး..သတ္တိရှိတဲ့ သူတွေ..။

သို့ပေမယ့် သူ ဒါကို အမှန်တကယ်ပဲ မယုံကြည်ပေ..။

ဆန်နီ အသက်ရှင်နေသ၍ ၊ သူ့ အဖေ အသက်ရှင်နေသ၍ ပြီးတော့.သူ့အဖိုး အသက်ရှင်နေသ၍ ဒီ စစ်ဘီလူးတွေက အတူတူတွေပါပဲ..။လူသား အရည်ပြားကို ခြုံထားကြတဲ့..သွေးဆာတဲ့ မွန်းစတားတွေပါ..။

ကံကောင်းချင်တော့..စစ်ပွဲတွေက ဒီနေရာနဲ့ အတော်လေးကို ဝေးကွာနေခဲ့တယ်..။မျှော်လင့်ချက် ဘုရင့်နိုင်ငံရဲ့ မြောက်ဘက်ပိုင်းမှာတော့..လူတွေက..စစ်ပွဲတွေကို ယုံကြည်ကိုးကွယ်နေကြတဲ့ ရူးသွပ်သူတွေကို စိုးရိမ်နေစရာ မလိုအပ်ပါဘူး…။ပြီးတော့.. နေနတ်ဘုရားကို ကိုးကွယ်သူတွေရဲ့ မှားယွင်းနဲ့ လမ်းကြောင်းတွေကို ပူပန်စရာမလိုအပ်ပေ..။

..သို့ပေမယ့် သူတို့မှာလည်း..သူတို့ရဲ့ စိုးရိမ်မူတွေ ရှိကြပါတယ်..။

အိပ်မက်ဆိုးရဲ ထိပ်လန့်မူအောက်မှာပဲ ရှိနေသေးတဲ့ ဆန်နီဟာ..သူ့ရဲ့ နာကျင်နေတဲ့ ရင်ဘတ်ကို နိုပ်ရင်း ထရပ်လိုက်တယ်..။ဒီနေ့မှာ သူ့ရဲ့ အရှင်မက..ညဘုရားကျောင်းရဲ့ သံတမန်တွေနဲ့တွေ့ဆုံမှာပါ..။ဒါက ကြီးမြတ်တဲ့ ဂုဏ်ယူစရာ ကိစ္စတစ်ခု ဖြစ်ပေမယ့်..စွန့်စားမူတွေလည်း ရှိနေပါသေးတယ်..။သူမကို ကာကွယ်စောင့်ရှောက်ပေးရတဲ့ စစ်သူကြီးတစ်ယောက်အနေနဲ့..ဆန်နီက အရာအားလုံးအတွက် အဆင်သင့်ဖြစ်နေဖို့ လိုအပ်ပါတယ်..။

‘ဘာလို့..ဘာလို့ ..ဒီနေ့မှာ ငါ့နှလုံးက အရမ်းနာကျင်နေရတာလဲ..’

ဆန်နီ ကြက်သီးထနေရင်းနဲ့ပဲ အဝတ်အစားတွေကို လှမ်းယူလိုက်တယ်..။

..

“မဟုတ်ဘူး..”

ဆန်နီ နဲ့..လှပတဲ့ ပိုးချည် အက်ျီကို ဝတ်ဆင်ထားရတဲ့ မိန်းမငယ်လေးတို့ဟာ..အခုချိန်မှာ ဘယ်ကိုမှ ပြေးစရာ မြေမရှိတော့ပေ..။ဒီအက်ျီက သူမရဲ့ အမေဆီကနေ ရရှိထားခဲ့တာကြောင့်..သူမနဲ့ အတော်လေးကို ကြီးပြီး..ပွနေခဲ့ပါတယ်..။

သူတို့ရဲ့ အဖွဲ့သားတွေ အားလုံးကို သတ်ပြီး နောက်ကနေ လိုက်လာခဲ့ကြတဲ့ လူသတ်သမားတွေဟာ..သူတို့ကို ကျွန်းရဲ့ အစွန်းကို ရောက်တဲ့ အထိ တွန်းအားပေးခဲ့ကြတယ်..။အခုချိန်မှာတော့..သူတို့ရဲ့ရှေ့မှာ အောက်ဘက်ကောင်းကင်ရဲ့ ချောက်နက်အမှောင်ထုကလွဲလို့ ဘာမှ ရှိမနေခဲ့တော့ပါဘူး..။

..ပြီးတော့..သူတို့ရဲ့နောက်မှာလည်း..သံမဏိမြင်းခွာသံတွေက ကျောက်တုံးတွေပေါ်မှာ အသံမြည်နေတာကို ကြားနေခဲ့ရပြီး..တဖြည်းဖြည်း နီးကပ်လာနေခဲ့တယ်..။

ဆယ်ကျော်သက် မိန်းကလေးဟာ..အဆုံးမရှိတဲ့ ချောက်နက်ကြီးကို စိုက်ကြည့်ပြီး သူ့ဖက်ကို လှည့်လိုက်တယ်..။သူမရဲ့ နှုတ်ခမ်းတွေကတော့ တုန်ရီနေခဲ့ပါတယ်..။

“ဆျာ…ကျွန်…ကျွန်မတို့ ဘာလုပ်ကြမလဲ..”

သူမရဲ့ မျက်နှာက နူးညံ့ပြီး ဖြူဖျော့နေခဲ့ပါပြီ..။သူမက ရင့်ကျတ်မူရဲ့ ထက်ရှမူတွေကို တစ်ကြိမ်တစ်ခါမှ ထိတွေ့ခဲ့ဖူးခြင်း မရှိခဲ့ပေ..။ပုံမှန်ဆို နူးညံ့ပြီး တောက်ပနေတဲ့ သူမရဲ့ မျက်လုံးတွေက..အခုချိန်မှာတော့ ကြောက်လန့်မူတွေနဲ့သာ ပြည့်နှက်နေခဲ့ပါတယ်..။

ဆန်နီ တွေဝေနေခဲ့ပြီးနောက်မှာတော့..သူ့ရဲဓားကို ဆွဲထုတ်လိုက်ပြီး..ချောက်နက်ကြီးကို ကျောပေးလိုက်ပါတယ်..။

“..မကြောက်ပါနဲ့..သခင်မလေး..။ကျွန်တော်ရှိပါတယ်..”

သူ ဒီအရည်မရ မဖတ်မရ စကားတွေကို ပြောလိုက်တယ်..။ဒီဟာက အလိမ်အညာတစ်ခုပဲ..ဆိုတာကို သူကိုယ်တိုင်လည်း ကောင်းကောင်းသိပါတယ်..။သူက ဒီတိုင်း လူတစ်ယောက်သာ ဖြစ်ပြီး..နိုးထသူတစ်ယောက်လည်း မဟုတ်ပေ..။သူ့လို သာမန် ဓားသမားတစ်ယောက်က..ဒီရန်သူတွေကို ဘယ်လိုများ ရင်ဆိုင်နိုင်မှာလည်း..။

မိန်းကလေးကလည်း..အသက်ငယ်ရွယ်တယ်ဆိုပေမယ့် သူ လိမ်နေတယ်ဆိုတာကို သိပါတယ်..။

ခနအကြာမှာတော့ နောက်ကနေ လိုက်လာသူတွေထဲက တစ်ယောက်က အမှောင်ထုထဲကနေ ပေါ်လာခဲ့တယ်..။သူမက သူ့ရဲ့ လက်မောင်းကို ဆုပ်ကိုင်လိုက်ပြီး..သူ့ကို အသနားခံတဲ့ အမူအရာတွေနဲ့ ကြည့်လာခဲ့ပါတယ်..။

“ကျွန်မ…ကျွန်မ ကို…သူတို့လက်ထဲကို အသက်ရှင်လျက် မထည့်ပေးလိုက်ပါနဲ့..ဆျာ…”

ဆန်နီ အံကိုကြိတ်ထားရင်း တစ်ခနလောက် တွေဝေနေခဲ့တယ်..။ပြီးတဲ့နောက်မှာတော့ ဖြည်းညှင်းစွာပဲ ခေါင်းညိမ့်လိုက်ပါတယ်..။

သူ့ နှလုံးသားက နာကျင်နေခဲ့တယ်…။ဒါက အတော်လေးကို နာကျင်နေခဲ့တာပါ..။ဒီ နာကျင်မူက..သူ့ကို အမြင်အာရုံကင်းမဲ့စေလု နီးပါးကို ဖြစ်နေခဲ့တယ်..။

တစ်စက္ကန့်အကြာမှာတော့..ကြောက်မက်ဖွယ် အနက်ရောင် စစ်မြင်းတစ်ကောင်က သူတို့ရဲ့ ရှေ့မှာ ပေါ်လာခဲ့တယ်..။ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားတဲ့ စီးနင်းသူက သူ့ရဲ့ ကျောပေါ်မှာ ရှိနေခဲ့ပါတယ်..။

စီးနင်းသူဟာ..မြင်းပေါ်က ခုန်ချလိုက်ပြီး..သာမန်လူသားတွေ မမျှော်လင့်နိုင်လောက်တဲ့..အမြန်နှုန်းနဲ့ ရွေ့လျားလာခဲ့တယ်..။သူက သူ့ရဲ့ ဓားကို ဆွဲထုတ်လိုက်ပြီး ဆန်နီကို ကြည့်လိုက်ပါတယ်..။သူ့ရဲ့ မျက်လုံးတွေကိုတော့..ကြောက်မက်ဖွယ် အနက်ရောင် ခေါင်းစွပ်ရဲ့ နောက်မှာ ဖုံးကွယ်ထားခဲ့ပါ..။

သူ့ရဲ့ အသံက..ရှေးခေတ် မွန်းစတား တစ်ကောင်ရဲ့ အသံနဲ့တောင် တူနေခဲ့တယ်..။

“ …ဘေးဖယ်နေလိုက်ပါ…စစ်သည်.။ကျုပ်တို့က..အပျိုတော်ကိုပဲ..လိုအပ်တာပါ..။မင်းက ကိုယ့်လမ်းကို အသက်ရှင်လျက်သွားလို့ ရပါတယ်..”

ဆန်နီ ရယ်မောလိုက်တယ်..။

အာ..ဘာလို့ သူ့နှလုံးသားက အရမ်း နာကျင်နေရတာလဲ..။သေအံ့ဆဲဆဲ ဖြစ်လောက်အောင်ကို နာကျင်နေပြီ…။

သူက သူ့ရှေ့မှာ ရှိနေတဲ့ နိူးထသူကို ကြည့်လိုက်ပြီး..သူ ကာကွယ်ပေးဖို့ အတွက် ကတိပေးထားတဲ့ မိန်းမငယ်လေးကို ကြည့်လိုက်တယ်..။

‘ဘာလို့ အိပ်မက်ဆိုးတွေက ဘယ်တော့မှ မရပ်တန့်သွားခဲ့တာလဲ..’

…ပြီးတာနဲ့ သူ ဓားကို နိမ့်ချလိုက်ပြီး..ဘေးကို ထွက်ကာ ရပ်နေလိုက်ပါတယ်..။

သူတို့နှစ်ဖက်စလုံးက သူ့ကို ကြည့်လိုက်ကြတယ်..။နောက်ကလိုက်လာတဲ့ သူတွေက..ကျေနပ်တဲ့ အကြည့်တွေနဲ့ ကြည့်နေပြီး …မိန်းမပျိုလေးကတော့..အံ့ဩမူ ၊ မယုံကြည်နိုင်မူတွေနဲ့ ကြည့်နေခဲ့ပါတယ်..။သူမရဲ့ အသံက တုန်ရီနေခဲ့ပြီး..

“ဆျာ…ဒါ..ဒါ ဘာလုပ်တာလဲ…”

ဆန်နီ အတော်ကြာအောင် ငြိမ်သက်နေပြီးကာမှ..သက်ပြင်းချလိုက်တယ်..။

‘ဘာလို့ ဒီကမ္ဘာကြီးက ရူးသွပ်နေရတာလဲ..’

“ကျွန်တော်..အရမ်း…အရမ်းကို တောင်းပန်ပါတယ်..သခင်မလေး..။ကျေးဇူးပြုပြီး..ကျွန်တော့်အပေါ်ကို မမုန်းတီးလိုက်ပါနဲ့..။ဒါပေမဲ့..သိတဲ့အတိုင်းပဲ…ကျွန်တော် ဘယ်လိုပြောရမလဲ..”

သူ သူမကို ကြည့်လိုက်ပြီး..နိုးထသူကို ပြန်ကြည့်လိုက်တယ်..။ယင်းနောက်..သူ ခေါင်းခါယမ်းကာ ထပ်ပြောလိုက်ပါတယ်..။

“မင်းက အစစ်အမှန် မဟုတ်ဘူးဆိုတာကို..ငါ သေချာပြောနိုင်တယ်..”

All Chapters