ရူးသွပ်သွားတဲ့ ကမ္ဘာကြီး..
Vol. 43 Ch. 640
ဆန်နီဟာ..ထိပ်လန့်တကြားဖြစ်နေတဲ့..မိန်းမငယ်လေးကို ကြည့်ပြီး..ရယ်မောလိုက်တယ်..။
…သူ့ရဲ့ ရယ်သံက အနည်းငယ် မူမမှန်သလို ဖြစ်နေခဲ့ပါတယ်..။
သူ့ရဲ့ သခင်မလေးက တုန်လှုပ်နေခဲ့ပြီး..
“ဆျာ..ရှင်…ရှင်…”
ဆန်နီ လေထဲကို လက်ဝေ့ယမ်းပြလိုက်ပြီး..
“မဟုတ်ဘူး..မဟုတ်ဘူး…မလိုတော့ဘူး..။ငါ နားလည်ပါတယ်..။ငါ ပြောလိုက်တာက နည်းနည်း ရူးသွပ်ရာကျတယ်လေ..”
သူ့တို့ ရဲ့ အပေါ်မှာ ရှိနေတဲ့ ညဘက်ကောင်းကင်ယံဟာ..တိမ်စိုင်တွေနဲ့ ပြည့်နှက်နေခဲ့တယ်..။ပြီးတော့..သူ့တို့ရဲ့အောက်ဘက်မှာ ရှိနေတဲ့ ကောင်းကင်ကတော့.ဘာမှမရှိတဲ့ အမှောင်ထုသာ ရှိနေခဲ့ပါတယ်..။သူတို့ မတ်တတ်ရပ်နေတဲ့ ရှေးဟောင်းကျောက်တုံးတွေက..မိုးရေတွေ ကြောင့် စိုရွဲနေခေဲ့ကြတာပါ..။အခုချိန်မှာ..အရိပ်လေးတွေကလွဲလို့..အရာရာတိုင်းကို..မှိန်ပြပြပဲ မြင်နေရပါတော့တယ်..။
သူတို့ကို လိုက်ဖမ်းတဲ့ နိုးထသူရဲ့ ခန္တာကိုယ်ဟာ..အတော်လေးကို ကြီးမားနေပြီး..ထိပ်လန့်မူကို ကိုယ်စားပြုနေတယ်လို့တောင် ထင်မှတ်နေရပါသေးတယ်..။
သို့ပေမယ့်..ဆန်နီကတော့..ဒီလောက်အထိ ဂရုမစိုက်ပေ..။
သူက သူ့ရဲ့ ရင်ဘတ်ကိုသာ နိုပ်နေခဲ့ပြီး..စက်ဆုပ်ဖွယ်ရယ်မောကာ ပြောလိုက်တယ်..။သူ့ရဲ့ အသံက အက်ကွဲပြီး ပြတ်သားနေခဲ့ပါတယ်..။
“..ဒါပေမဲ့ ပြန်စဉ်းစားကြည့်လိုက်ရင်..ဒီကမ္ဘာကြီးတစ်ခုလုံးက ရူးသွပ်နေခဲ့တာပဲ..။တစ်ခါတုန်းက ငါ့ကို တစ်စုံတစ်ယောက်က ပြောခဲ့ဖူးတယ်..။အာ..ဘယ်သူလဲဆိုတာတော့ ငါသိပ်ပြီး မမှတ်မိတော့ဘူး..။အဲတာက..ငါတို့က ငါတို့ရဲ့ ရှေ့မှာရှိနေတဲ့ အရာကိုပဲ အလင်းပြန်နိုင်တာတဲ့..။ငါ့ရဲ့ ရှေ့မှာ ရူးသွပ်မူကလွဲပြီး တစ်ခြား ဘယ်အရာမှ ရှိမနေခဲ့တာက..ငါ့ရဲ့ အမှားဖြစ်နေတာလား..”
သူက အောက်ကို ငုံ့ကြည့်လိုက်ပြီး..ယုတ်မာတဲ့ အပြုံးနဲ့ ပြုံးလိုက်တယ်..။
“ပြီးတော့..တစ်ခြားတစ်စုံတစ်ယောက်ကလည်း..ဒီကမ္ဘာကြီးကို ဖျက်ဆီးပစ်ချင်တယ်လို့ ငါ့ကို ပြောခဲ့သေးတယ်..။အဲ့တုန်းကတော့..ငါက အဲဒီအတွေးဟာ..ရူးမိုက်တယ်လို့ ထင်ထားခဲ့တာလေ..။ဒါပေမဲ့…အခုတော့..ငါ သိသွားခဲ့ပြီ..”
လိုက်ဖမ်းတဲ့ နိုးထသူဟာ..ရှေ့ကို ခြေတစ်လှမ်းတိုးလာခဲ့တယ်..။သူ့ရဲ့ မွန်းစတားဆန်တဲ့ အသံက..တီးတိုးရေရွတ်သံတစ်ခုလိုမျိုး အမှောင်ထုထဲကနေ ဖြတ်သန်းလာခဲ့ပါတယ်..။
“အားနည်းတယ်…အရမ်းအားနည်းတယ်..။သူ့ရဲ့ စိတ်က ပျက်ဆီးနေပြီ..”
ဆန်နီ နောက်တစ်ကြိမ် ရယ်မောလိုက်တယ်..။
“အေး..ဟုတ်တယ်…ငါက အရမ်း ..အရမ်းကို အားနည်းတယ်..။ဒါပေမဲ့ ငါက လုံလောက်အောင် အားမနည်းသေးဘူးထင်တယ်..။တစ်နည်းအားဖြင့် ပြောရရင်..ငါက ဘာလို့ ဒီလောက်ကြာအောင် ခံနိုင်ရည်ရှိနေတာလဲ ဆိုတာကို နားမလည်တော့ဘူး..။ဘာလို့များ ဒီလောက်အထိ များပြားလွန်းတဲ့..နာကျင်မူတွေ ၊ ထိပ်လန့်ဖွယ်ရာတွေနဲ့..အရမ်းကို များပြားလွန်းတဲ့ ဝေဒနာတွေကို..အသိစိတ်လုံးဝ လွှတ်မသွားပဲ ခံနိုင်ရည်ရှိနေရတာလဲ..”
သူက သူ့ရဲ့ ဓားကို ကြည့်လိုက်ပြီး..အနားကို ကပ်လာနေတဲ့ ရန်သူကို ထပ်ကြည့်လိုက်တယ်..။
“ပြီးတော့ ဒါတောင်မှ ငါ ခံနိုင်ရည်ရှိခဲ့သေးတယ်..။တကယ်တော့ အဲဒီအိပ်မက်ဆိုးတွေထဲက တစ်ချို့ဆိုရင်..ဘုရားသခင်..ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလိုက်လဲ..။အဲတာက အာရုံကြောတွေကို တကယ်ထိခိုက်စေခဲ့တာ..ငါ ဝန်ခံရမှာတောင် အံ့ဩသင့်မိတယ်…။ဒါပေမဲ့ သူတို့က အရမ်းကြီးတော့ ဆိုးနေတာမျိုးမဟုတ်ဘူး..”
ဆန်နီ ဟာ..နိုးထသူကို စိုးရိမ်နေတဲ့ အမူအရာနဲ့ စိုက်ကြည့်လိုက်ပြီး..သူ့ရဲ့ ခေါင်းကို ပြန်ကုတ်လိုက်တယ်..။
“ရူးသွပ်ဖို့ကောင်းတယ်နော်..ဟုတ်တယ်မလား..။ဒါက မင်း တစ်ခါ ခံနိုင်ရည်ရှိပြီးသွားပြီ ဆိုရင်..ဘယ်အရာကမှ မင်းကို ကြောက်ရွံ့အောင် မလုပ်နိုင်တော့ဘူး ဆိုသလိုမျိုးပဲ..။ဒါမှမဟုတ်..မင်းရဲ့ အမေ သေတာကို တစ်ကြိမ်ကြည့်ပြီး သွားရင်..ဒုတိယအကြိမ် မြင်ရတဲ့ အချိန်မှာ သိပ်ပြီး မခံစားရတော့ဘူးမလား..ကောင်းပြီလေ..ခံစားရတာလည်း ဖြစ်နိုင်တာပဲ..။ငါ လည်း မသိဘူး..ဘယ်အရာက အစစ်အမှန်လည်း..ဘယ်ဟာက အတုအယောင်လည်း ဆိုတာကိုတော့ ငါ နည်းနည်း သံသယ ဖြစ်မိတယ်..။ဖြစ်နိုင်တာက ငါကိုယ်တိုင်တောင် အစစ်အမှန် မဟုတ်လောက်ဘူး..။ဒါပေမဲ့..ငါ သေချာပြောနိုင်တဲ့ အရာ နောက်တစ်ခုတော့ ရှိနေသေးတယ်..”
မိန်းမငယ်လေးဟာ..ဖြည်းညှင်းစွာပဲ..သူ့ဆီကနေ ဝေးရာကို လျောက်သွားခဲ့တယ်..။သူမရဲ့ ဖြူဖျော့တဲ့ မျက်နှာကတော့ ကြောက်ရွံ့မူတွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်..။နိုးထသူ လူသတ်သမားကတော့..စိတ်ဝင်စားသလို အမူအရာနဲ့ မေးလာခဲ့ပါတယ်..။
“အဲတာ ဘာလဲ..”
ဆန်နီ ပုခုံးတွန့်လိုက်ပြီး..
“ကောင်းပြီလေ…အဲတာက..အစစ်အမှန် ဟုတ်ဟုတ် မဟုတ်ဟုတ်..ငါက တကယ်..တကယ်ကို ချိုးဖျက်ဖို့ ခက်ခဲနေတယ် ဆိုတာပဲ..။ဖြစ်ပျက်နေတာတွေကိုပဲ ကြည့်လိုက်..။အနည်းဆုံးတော့ ဒါတွေက ငါ့ကို မစဉ်းစားနိုင်လောက်တဲ့ အခြေအနေထိတော့ မရောက်စေသေးဘူး..။ပြီးတော့..ဘယ်အရာကိုမှ သတိမထားမိလောက်တဲ့ အခြေအနေအထိပေါ့..။အဲတော့.. ငါ တစ်ချို့အရာလေးတွေကို သတိထားမိခဲ့တယ်..။
သူက သူ့ရဲ့ ဓားကို ဖြည်းညှင်းစွာ မြှောက်လိုက်ပြီး..နီးကပ်လာတဲ့ နိုးထသူကို ညွှန်ပြလိုက်ပါတယ်..။
“ငါ သတိထားမိတဲ့ အရာက.အိပ်မက်ဆိုးထဲမှာပဲဖြစ်ဖြစ် ၊ အစစ်အမှန်ဘဝမှာပဲ ဖြစ်ဖြစ်..ငါ့ရဲ့ နှလုံးသားက အမြဲတမ်း နာကျင်နေရတယ် ဆိုတာပဲ..။ဒီတော့ ဒီကနေတဆင့် မေးခွန်းတစ်ခု ထွက်လာခဲ့တယ်..။တကယ်လို့ ကိုက်ခဲမူက တစ်ခုတည်းပဲ ဆိုရင်..အိပ်မက်နဲ့ အစစ်အမှန်ကမ္ဘာရဲ့ သဘောသဘာဝက တူညီနေမလား ဆိုတာပဲ..”
သူ ရှေ့ကို ခြေတစ်လှမ်းတိုးလိုက်တယ်..။သူ့ မျက်နှာကတော့ ရှုပ်ထွေးမူတွေ ဖြစ်ပေါ်နေခဲ့ပါတယ်..။
“ငါ သတိထားမိတဲ့ ဒုတိယ တစ်ခုက..ငါ့ရဲ့ အတွေးတွေ ၊ လုပ်ရပ်တွေ ၊ တုန့်ပြန်မူတွေက..တကယ်ကို အဓိပ္ပာယ် ရှိမနေဘူး..။တစ်ခါတစ်လေ ဆိုရင် ငါ့ရဲ့ လက်တွေက သူ့အလိုလို လှုပ်ရှားနေကြပြီး..တစ်ခါတစ်လေဆိုရင် ခံစားချက်တွေက အလိုလို ဖြစ်ပေါ်နေတယ်..။ငါ့ရဲ့ စိတ်ကူးအပိုင်းအစတွေနဲ့ ၊ ငါ့ရဲ့ကိုယ်ပိုင်ဖြစ်နေသင့်တဲ့ အရာတွေက သူ့အလိုလို ဖြစ်ပေါ်လာနေခဲ့ကြတယ်..။အိပ်မက်ထဲမှာ ဆိုရင်တော့ ရှင်းပြရတာ လွယ်ကူပေမယ့် ..အပြင်ကမ္ဘာမှာဆိုရင်တော့ ဒီလိုမဟုတ်ဘူးလေ..။ပြီးတော့..ငါက နိုးထနေခဲ့တာမဟုတ်လား..ဟုတ်တယ်ဟုတ်..။ဒါမှမဟုတ် နိုးထတာလား…မနိုးထတာလား..။တစ်ခါတစ်လေကျတော့ ဒါက ပြောဖို့ ခက်ခဲတယ်..”
သူ နောက်တစ်ကြိမ် ရယ်မောလိုက်တယ်..။ပြီးတာနဲ့ ခုခံကာကွယ်တဲ့ ဟန်ပန်ကို ပြုလုပ်လိုက်ပြီး..ကြောက်မက်ဖွယ် နိုးထသူက တိုက်ခိုက်လာမယ့် အချိန်ကို စောင့်နေလိုက်ပါတယ်..။
“ကောင်းပြီလေ..နောက်ဆုံး င ါသတိထားမိတဲ့ အရာကတော့..အလင်းလုံးလေးတွေပဲ..။ငါက သက်ရှိတွေရဲ့ ဝိဉာဉ်ထဲကို ..ဒါမှမဟုတ်..ပျက်ပြားခြင်း သားရဲတွေရဲ့ ခန္တာကိုယ်ထဲကို ထိုးဖောက်မြင်နိုင်နေတဲ့ ပုံပဲ..။ဒီအရာတွေက ဝိဉာဉ်အမြုတေတွေဆိုတာကို သိရှိဖို့အတွက်..ငါက အိပ်မက်ဆိုးတစ်ချို့လောက် အချိန်ယူလိုက်ရတယ်..။ထူးဆန်းတာက..ဒီစွမ်းရည်က အိပ်မက်ထဲကနေ လက်တွေ့ဘဝ အထိအောင် ပါလာနေခဲ့တာပဲ..။ဒါက နှစ်ခုစလုံးကို ဆင်တူအောင် လုပ်ပေးထားသလိုပဲ..။ဒီတော့..ပြောခဲ့တာတွေ အားလုံးထဲမှာ..ငါက တစ်ခု အကြောင်းကိုတော့ အတော်လေး စိတ်ဝင်စားမိတယ်..”
ဆန်နီ ပြုံးလိုက်တယ်..။သူက သေဆုံးမူကို နောက်ထပ်တစ်ကြိမ် ထပ်တွေ့ဖို့အတွက် အဆင်သင့်ဖြစ်နေခဲ့ပါပြီ..။
“မင်းသိတဲ့အတိုင်းပဲ..ငါ့ရဲ့ အိပ်မက်ဆိုးတွေထဲမှာ..ငါက သတ္တဝါတွေမျိုးစုံနဲ့ တွေ့ခဲ့ရတယ်..။နိုးထမူအဆင့် စစ်သည်တော်တွေ ၊ ပျက်ပြားခြင်းအဆင့် မွန်းစတားတွေ ..ပြီးတော့ အထွတ်အထိပ်အဆင့် အင်မော်တယ် တွေတောင် တွေ့ခဲ့ရတယ်..။သူတို့ထဲက တစ်ချို့ဆိုရင်..ဝိဉာဉ်အမြုတေ တစ်ခုရှိကြပြီး..တစ်ချို့က နှစ်ခု သုံးခု ရှိကြတယ်လေ..”
သူ ခနလောက်တွေဝေနေပြီးကာမှ..သူ့ရှေ့မှာ ရှိနေတဲ့ ရန်သူကို ကျော်လိုက်ပြီဂ..အနောက်ဘက်မှာ ခံစားချက်မဲ့စွာ ရပ်နေတဲ့ ကြောက်မက်ဖွယ်..စစ်မြင်းကို ကြည့်လိုက်တယ်..။သူက ဒီမြင်းကို အရိပ်လောက်အဖြစ်သာ မြင်တွေ့နေရတာပါ..။
“ဒီတော့..ငါ့ရဲ့ မေးခွန်းက..ဘာလို့ ဒီသောက်ကျိုးနဲ မြင်း ကြမှ..အမြုတေ ခြောက်ခုတောင် ရှိနေရတာလဲ..”
..ဒီလိုပြောပြီးတာနဲ့ သူက စစ်သည်တော်ရဲ့ ဓားချက်ကို ရှောင်တိမ်းကာ တစ်ဖက်ကို ခုန်ထွက်လိုက်တယ်.။သူ ကာကွယ်ပေးမယ်လို့ ကတိပေးထားတဲ့ မိန်းမငယ်လေးကိုတော့..နှစ်ခါတောင် ပြန်မစဉ်းစားပဲ..စွန့်ပစ်ထားခဲ့လိုက်ပါတယ်..။
စိုစွတ်နေတဲ့ ကျောက်တုံးတွေရဲ့ အပေါ်မှာပဲ..ဆန်နီဟာ..ဓားချက်ရဲ့ အောက်ကနေ ဝင်လိုက်ပြီး..သူ့ရဲ့ ခြေထောက်ကို အားပြုခုန်လိုက်ကာ..သူ့ရဲ့ အလေးချိန်အားလုံးကို တိုက်ခိုက်မူ အပေါ်မှာ ထည့်သွင်းထားလိုက်တယ်..။
သိုပေမယ့် သူ့ရဲ့ တိုက်ခိုက်မူက..နိုးထသူ ဆီကို ဦးတည်ထားတာ မဟုတ်ပါဘူး..။အဲဒီအစား..ဒါက နက်မှောင်နေတဲ့ စစ်မြင်းဆီကိုသာ ဦးတည်ထားခဲ့တယ်..။
အတားအဆီးမရှိတဲ့ ဓားရဲ့ ထိပ်ဖျားဟာ..သန်မာလွန်းတဲ့ သားရဲရဲ့ မဟူရာ အရည်ပြားကို ထိတွေ့သွားခဲ့တယ်..။ပြီးတဲ့ နောက်မှာတော့..ဓားက..သက်ရှိတစ်ကောင်ကို ထိတဲ့အစား..ကျောက်တုံးကြီးကို ထိတွေ့လိုက်ရသလိုပဲ..အစိတ်စိတ်အမွှာမွှာ ဖြစ်သွားခဲ့ပါတယ်..။
နောက်ထပ်တစ်ခနမှာတော့..နိုးထသူရဲ့ဓားဟာ..ဆန်နီရဲ့ နောက်ကျောကနေ ရင်ဘတ်အထိ ထိုးဖောက်ဝင်ရောက်သွားခဲ့ပြီး..သွေးတွေအများကြီး ထွက်ပေါ်လာစေခဲ့တယ်..။
ဆန်နီဟာ..ဆိုးဝါးလွန်းတဲ့ နာကျင်မူနဲ့ ပါးစပ်ကနေ စီးကျလာနေတဲ့ သွေးတွေကို ဂရုမစိုက်ပဲ..ခံစားချက်မဲ့စွာ ရပ်နေတဲ့ မြင်းကိုကြည့်ကာ..ပြုံလိုက်တယ်.။
စစ်မြင်းကလည်း သူ့ကို ပြန်ပြီး ကြည့်နေခဲ့ပါတယ်..။သူ့ရဲ့ အနက်ရောင်မျက်လုံးတွေကတော့..ကြောက်မက်ဖွယ်..ယုတ်မာမူတွေနဲ့ ပြည့်နှက်နေခဲ့တာပါ..။
ဆန်နီရဲ့ နှုတ်ခမ်းကနေ အားပါးတရ ရယ်မောတဲ့ အသံထွက်ပေါ်လာခဲ့တယ်..။
“ကိစ္စမရှိဘူး…ဒါက ကိစ္စမရှိဘူး..။ငါ့ကို နောက်ထပ်သတ်လိုက်စမ်းပါ..ခွေးသားလေး..မင်းကြိုက်သလောက် ထပ်ခါတလဲလဲ သတ်လိုက်စမ်းပါ..။အခု အိပ်မက်ဆိုးမှာတော့ ငါက သာမန်ဓားသမား တစ်ယောက်ပဲ..။ဒါပေမဲ့ နောက်ထပ် အိပ်မက်ဆိုး..ဒါမှမဟုတ် နောက်ထပ် အိပ်မက်ဆိုး ဒါမှမဟုတ် နောက်ထပ် အိပ်မက်ဆိုးတစ်ခုခုမှာတော့ ငါက မင်းကို တစ်စစီစုပ်ဖြဲပစ်နိုင်လောက်တဲ့အထိ အင်အားကြီးတဲ့ လူတစ်ယောက်နေရာကို ရောက်သွားဦးမှာပဲ..။အဲတာပြီးရင်တော့..ငါက မင်းကို ထပ်ခါ..ထပ်ခါ…ထပ်ခါ ပြန်ပြီး သတ်ပြမယ်..။ငါတို့နှစ်ယောက်ထဲက ဘယ်သူက အရင်ပျက်ဆီးမလဲ ကြည့်ကြတာပေါ..ခွေးမသား မြင်းပေါက်လေး..”
အနက်ရောင် စစ်မြင်းက ဆန်နီကို ပြန်ပြီးကြည့်နေခဲ့တယ်..။သူ့ရဲ့ မျက်လုံးတွေကတော့..ဒေါသထွက်နေတဲ့ ကြက်သွေးရောင် မီးတောက်တွေနဲ့တောက်လောင်နေခဲ့ပါတယ်..။
သူ တိတ်တဆိတ် နှာခေါင်းရှုတ်လိုက်ပြီး..ပါးစပ်ကို ဖွင့်လိုက်တယ်..။သူ့ရဲ့ ပါးစပ်မှာ ထက်ရှတဲ့သွားတွေနဲ့ ပြည့်နှက်နေပြီး..မြင်းတစ်ကောင်ထက် ဝံပုလွေတစ်ကောင်နဲ့တောင် ပိုပြီး တူနေခဲ့ပါသေးတယ်..။
ပြီးတဲ့နောက်မှာတော့ ဒီ အိပ်မက်ဆိုးက..တုန်ရီနေတဲ့လူသားရဲ့ ဦးခေါင်းကို ကိုက်ချလိုက်ပြီဂ..သူ့ရဲ့ သန်မာလှတဲ့ မေးရိုးတွေကြားထဲမှာ လွယ်ကူစွာ ချေမွပစ်လိုက်ပါတယ်..။
ဆန်နီ သေဆုံးသွားခဲ့ပြီ..။
ပြီးတော့..နိပ်စက်ဖွယ်အော်သံတစ်ခုနဲ့ အတူပဲ..နိုးထလာခဲ့တယ်..။
အခုက နေ့သစ်တစ်နေ့ကို ရင်ဆိုင်ရမယ့် အချိန်ပါပဲ..။
ဆန်နီဟာ သူအိပ်နေတဲ့ ညစ်ပတ်တဲ့ တဲ ထဲကနေ ထွက်လာခဲ့ပြီး..ပြုံးနေခဲ့တယ်..။သူ့ရဲ့ နက်မှောင်တဲ့ မျက်လုံးတွေထဲမှာတော့ ရူးသွပ်တဲ့ အလင်းရောင်တွေနဲ့ ပြည့်နှက်နေခဲ့ပါပြီ..။
အခုက..ယုတ်မာတဲ့ မြင်းကို အမဲလိုက်ရမယ့် အချိန်ပါပဲ..။