← Chapters

အိပ်မက်တိုက်ပွဲ..

Vol. 43 Ch. 641

အိပ်မက်တိုက်ပွဲ..

Vol. 43 Ch. 641

ဆန်နီ နဲ့ အရိပ်အရှင်သခင် ရဲ့ ဆိုးယုတ်တဲ့ စစ်မြင်း တို့ဟာ..ဇာတ်ညွှန်းရေးထားတဲ့ အိပ်မက်ဆိုးပေါင်းများစွာ အတွင်းမှာ တိုက်ခိုက်ခဲ့ကြတယ်..။သူတို့နှစ်ယောက်စလုံးက..တစ်ယောက်ကို တစ်ယောက် လုံးဝဖျက်ဆီးချင်စိတ်တွေ ရှိနေခဲ့ကြပြီး..သွေးဆာလောင်မူတွေ ..ဒေါသတရား နဲ့ သတ်ဖြတ်လိုစိတ်တွေ လွှမ်းခြုံနေခဲ့ကြပါတယ်..။

သူတို့ရဲ့ သွေးတွေက ရာနဲ့ချီတဲ့ ထိပ်လန့်ဖွယ်ရာ အိပ်မက်ဆိုးတွေအတွင်းမှာ စီးဆင်းနေခဲ့ကြတယ်..။ဒီသွေးတွေဟာ..မျှော်လင့်ချက်ဘုရင့်နိုင်ငံတော်အတွင်းမှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာအောင် ကြက်သွေးရောင်မြစ်အဖြစ် စီးဆင်းနေခဲ့ကြပါတယ်..။သူတို့နှစ်ဦးမှာ အားနည်းတဲ့သူက ဆန်နီ ဖြစ်နေတာကြောင့်..သူက သွေးထွက်မူ အများဆုံးပါပဲ..။သို့ပေမယ့် သူ နိုပ်စက်ပြီး သတ်ဖြတ်ခံရတဲ့ အချိန်တိုင်း..အနည်းဆုံးတော့ စစ်မြင်းရဲ့ အနက်ရောင် ခန္တာကိုယ်ပေါ်မှာ ဒဏ်ရာတစ်ခုဖြစ်ပေါ်အောင် ဖန်တီးလေ့ရှိပါတယ်..။

ဒီ သောက်ကျိုးနဲ မြင်းက ဆန်နီကို အကြိမ်ဘယ်လောက်ပဲ သတ်ဖြတ်နေပါစေ..သူက ဒီနာကျင်မူကို တစ်စိတ်တစ်ပိုင်းတော့ ပြန်လည်မျှဝေနေခဲ့ရတယ်..။ဆန်နီ က အမဲလိုက်ခံနေရတာ ချည်းပဲ မဟုတ်ပါဘူး….မဟုတ်ဘူး..သူ ကိုယ်တိုင်က မုဆိုးတစ်ယောက်ပါ..။သေဆုံးရတဲ့ အတွေ့အကြုံတွေကို အများကြီး ခံစားရတာ…အိပ်မက်ဆိုးက ထိပ်လန့်ဖွယ်ရာတွေကို ဖန်တီးပေးထားတာက ဘာများ အရေးကြီးသေးလို့လဲ..။ဒီထိပ်လန့်ဖွယ်ရာ ကမ္ဘာကြီးထဲမှာတော့..သူကိုယ်တိုင်ကလည်း..အနက်ရောင်မြင်းလို ..အင်မော်တယ် တစ်ယောက်ပါပဲ..။သူ သေဆုံးသွားပြီးတဲ့ အချိန်တိုင်းမှာ အသစ်တစ်ဖန်ပြန်ပြီး မွေးဖွားလာနိုင်ဦးမှာပါ..။

ပြီးတော့..သူမွေးဖွားလာတဲ့ အချိန်တိုင်းမှာလဲ.. ဒီစစ်မြင်းက မယှဉ်ပြိုင်နိုင်လောက်တဲ့..လူတစ်ယောက် ၊ ဒါမှမဟုတ်..အရာတစ်ခု အဖြစ် မွေးဖွားလာနိုင်ချေ ရှိနေပါတယ်..။အဲဒီအချိန်ရောက်သွားရင်တော့..သူတို့ရဲ့ အခန်းဂဏ္ဍက ပြောင်းလဲသွားတော့မှာဖြစ်ပြီး..နာကျင်မူတွေ ၊ ပျက်ဆီးမူ ဝေဒနာတွေကို ခံစားရကာ သေဆုံးရမှာက..ဒီ မြင်း ဖြစ်သွားပါလိမ့်မယ်..။

သတ်ဖြတ်မူတစ်ခုချင်းစီတိုင်းက.. ဆန်နီ ရဲ့ ဝိဉာဉ်ကို ပျော်ရွှင်မူ ၊ နက်မှောင်တဲ့ ကျေနပ်အားရမူတွေနဲ့ ဖြည့်ဆည်းပေးနေခဲ့တယ်..။

သူက ထပ်ခါ ထပ်ခါ သေအံ့ဆဲဆဲဖြစ်နေရတာ ၊ လူတစ်ယောက် စိတ်ကူးယဉ်ကြည့်နိုင်တာထက် ပိုတဲ့ ရက်စက်မူတွေကို ကိုယ်တိုင်မြင်တွေ့နေရတာတွေကိုတောင် ဂရုမစိုက်တော့ပေ။ ဘာပဲဖြစ်ဖြစ်..သူက လူတစ်ယောက် ဟုတ်နေသေးရဲ့လား ဆိုတာကိုတောင် မသေချာတော့ပါဘူး..။သို့ပေမယ့် ဆန်နီဟာ.. သူ ဘယ်သူပဲဖြစ်ဖြစ်..ဘယ်လိုအရာပဲဖြစ်ဖြစ်..အနက်ရောင်မြင်းကို ပြန်ခံစားရအောင် လုပ်နေရသ၍ သူကိုယ်တိုင်ကလည်း ဝေဒနာတွေ ဘယ်လောက်များပြားပါစေ ကျေကျေနပ်နပ်ကြီး ခံယူနိုင်ပါတယ်..။

သူတို့နှစ်ယောက်ထဲက ဘယ်သူကမှ အိပ်မက်ထဲမှာ မသေဆုံးနိုင်ပေ..။ဒီတော့..ဒီတိုက်ပွဲကို သူတို့ရဲ့ ပြင်းထန်တဲ့ စိတ်ဓာတ်နဲ့ ဇွဲလုံ့လတွေကပဲ..ဆုံးဖြတ်သွားတော့မှာပါ..။

ဘယ်သူရဲ့ စိတ်ဝိဉာဉ်က အရင်ပျက်ဆီးသွားမလဲ ဆိုတာကိုပဲ..သူတို့က အရင်စောင့်ကြည့်ရပါလိမ့်မယ်..။

စိတ်မကောင်းစရာက..အရိပ်မြင်းကို အမှန်တကယ်နာကျင်အောင် လုပ်နိုင်မယ့်..အခွင့်အရေးက အတော်လေးကို နည်းပြီး ဝေးကွာနေခဲ့တယ်..။မျှော်လင့်ချက် ဘုရင့်နိုင်ငံတော် တစ်ခုလုံးမှာ..သူ့ရဲ့ ကြောက်မက်ဖွယ် ခွန်အားကိုယဉ်နိုင်တဲ့ သူက အများကြီးမရှိပါဘူး..။ဆန်နီက သူတို့ရဲ့ ခန္တာကိုယ်ထဲကို ဝင်ရောက်ပြီး..ကြေကွဲဖွယ်အခြေအနေတွေကို ကြုံတွေရနိုင်ဖို့ ဆိုတာက ပိုပြီးတောင် နည်းပါးနေပါသေးတယ်..။

ဒါကြောင့်နဲ့ပဲ..သူ့ရဲ့ အမဲလိုက်မူက မအောင်မြင်ဘူးလို့တော့ ပြောလို့ မရနိုင်ပေ..။

ရူးသွပ်မူတွေ ဝင်ရောက်လာပြီးနောက်မှာ..အိပ်မက်ဆိုးရဲ့အစစ်အမှန်အခြေအနေတွေ၊ လူတွေရဲ့ မှတ်ဉာဏ်တွေကို စွန့်ပယ်လိုက်တာကြောင့်..ဆန်နီဟာ..သူ ဝင်ရောင်သရုပ်ဆောင်ရမယ့် နေရာမှာ..ပုံမှန်အတိုင်းမနေပဲ လျောက်လုပ်နေပါတော့တယ်..။သူက ကိုယ့်ကိုကို ဘယ်သူလဲဆိုတာတောင်..သိပ်မသိတော့ပဲ..ထပ်မံ သိရနိုင်တဲ့ အချက်အလက်တွေကိုပါ စိတ်မဝင်စားတော့ပေ..။ဒီအရာတွေက သူ့ရဲ့ ပန်းတိုင်ဖြစ်တဲ့ အနက်ရောင်မြင်းကို သတ်ဖြတ်ဖို့အတွက် ဘာမှ မသုံးမဝင်ပါဘူး..။ဘယ်လိုပဲဖြစ်ဖြစ်..ကိစ္စအချို့ကတော့..သူ့အလိုလို ပေါ်ထွက်လာခဲ့ပါတယ်..။

သူ့ရဲ့နာကျင်နေတဲ့ နှလုံးသား ၊ သက်ရှိတွေရဲ့ ဝိဉာဉ်ကို မြင်နိုင်စွမ်းရှိတဲ့ သူ့ရဲ့ စွမ်းရည်..ပြီးတော့ သူ့နာမည်..။ဒါက သူ မှတ်မိနိုင်စွမ်းရှိတဲ့ တစ်ခုတည်းသော အရာတွေပါ..။

အလင်းမှ ပျောက်ဆုံးသူ..

ဒါက သူ့ရဲ့ နာမည်ဖြစ်ပြီး..သူ ကိုယ်တိုင်ပါပဲ..။

အလင်းမှပျောက်ဆုံးသူက သူ့ရဲ့ နာမည်ကို ပြန်မှတ်မိသွားတဲ့ အချိန်မှာတော့..သူ့ရဲ့ အစစ်အမှန်တည်ရှိမူတွေကို..ဖုံးကွယ်ထားတဲ့ အမှောင်ထုထဲကနေ တဖြည်းဖြည်းချင်း ချိတ်ဆက်ပေးတဲ့ အရာအဖြစ် ပြောင်းလဲသွားခဲ့ပါတယ်..။ဒါက အမှန်တကယ် မှတ်သားမူတွေ မဟုတ်ပေမယ့်..ပိုပြီး အသုံးဝင်နိုင်တဲ့..ကျွမ်းကျင်မူတွေ ၊ အသိပညာ အပိုင်းအစ တွေ ၊ အမြင်တွေ ၊ နဲ့ အတွေးပုံစံတွေ ဖြစ်လာခဲ့ပါတယ်..။

ဒါက ခန္တာကိုယ်တစ်ခုမှာ..သူ့ရဲ့ ကိုယ်ပိုင်မှတ်ဉာဏ်ရှိသလိုပဲ..ဝိဉာဉ်တစ်ခုမှာလည်း ရှိပါတယ်..။တစ်စုံတစ်ယောက်ရဲ့ နာမည် ၊ အစစ်အမှန်နာမည်ကို သိခြင်းက..ဒီ မှတ်ဉာဏ်တွေကို ဖော်ထုတ်နိုင်တဲ့ သော့တစ်ခုပါပဲ..။

ဒီတော့..သူက အနက်ရောင်မြင်းနဲ့ ယှဉ်ပြိုင်တဲ့အချိန်မှာ လုံးဝ မျှော်လင့်ချက်မဲ့နေတာမျိုး မဟုတ်တော့ပေ..။

ထပ်ပြောရရင်..အလင်းမှပျောက်ဆုံးသူဟာ..သူတို့ရဲ့ ကြောက်မက်ဖွယ် အိပ်မက်တိုက်ပွဲအတွက် ထူးဆန်းတဲ့ ပင်ကိုယ်အခြေအနေတစ်ခု ရှိနေတယ် ဆိုတာကို ဖော်ထုတ်နိုင်ခဲ့တယ်..။အဲတာကတော့ တစ်ခါသေဆုံးပြီး နိုးထလာတဲ့ အချိန်တိုင်းမှာ..သူက အရမ်းကို စိတ်ရှုပ်ထွေးပြီး..အားနည်းတဲ့ လူတစ်ယောက်ဖြစ်နေတယ် ဆိုတာပါပဲ..။ဒါက ယောကျ်ားဖြစ်စေ ၊ မိန်းမဖြစ်စေ ၊ ကလေးဖြစ်စေ ၊ လူကြီးဖြစ်စေ ၊ လူသား ဒါမှမဟုတ် သားရဲဖြစ်စေ ၊ သာမန် သတ္တဝါဖြစ်စေ ၊ သို့မဟုတ် ပြိုင်ဖက်ကင်းစွမ်းရည်တွေကို ပိုင်ဆိုင်ထားတဲ့ နိုးထသူတစ်ယောက် ဖြစ်နေပါစေ ဒီအတိုင်းပါပဲ..။တကယ်လို့ တစ်စုံတစ်ယောက်က..သူတို့ကိုယ်သူတို့တောင် ဘယ်သူမှန်း မသိဘူးဆိုရင်..ဘယ်လိုလုပ်သွားပြီး တိုက်ခိုက်နိုင်မှာတုန်း..။

သို့ပေမယ့်..သူ့ရဲ့ စိတ်က ဒီအရာကို အံ့ဩစရာကောင်းလောက်အောင် လိုက်လျောညီထွေ ဖြစ်နိုင်ခဲ့တယ်..။ဒီအရာက ဘယ်လိုအခြေအနေမျိုးကိုမဆို ချက်ချင်း အသားကျနိုင်တဲ့ စွမ်းရည်ရှိနေခဲ့ပါတယ်..။ဒါက သဘာဝအလျောက် ပုံသဏ္ဍာန်မဲ့ ၊ ဖွဲ့စည်းမူ ကင်းမဲ့ စွာတည်ရှိနေသလိုပါပဲ..။ဒါကြောင့် ဒီအရာက ဘယ်အခြေအနေမှာမဆိုး အသားကျနေနိုင်ခဲ့တယ်..။

အလင်းမှ ပျောက်ဆုံးသူဟာ..သူ့အနေနဲ့ ဘယ်လိုအခြေအနေမှာ မွေးဖွားလာပါစေ..လက်နက်ပေါင်းစုံကို ကျွမ်းကျင်စွာ ကိုင်တွယ်နေနိုင်တာကို တွေ့ရှိလိုက်ရပါတယ်..။ဒါက သူ့အနေနဲ့ မရေမတွက်နိုင်တဲ့ တိုက်ပွဲတွေကို အရင်က တိုက်ခိုက်ခဲ့ဖူးတဲ့ အတိုင်းပါပဲ..။သူက ရန်သူရဲ့ လှုပ်ရှားမူအချို့ကို လေ့လာလိုက်တယ်ဆိုရင်ပဲ..တစ်ခြား လက်နက်တွေကိုလည်း ကိုင်တွယ်နိုင်စွမ်းရှိနေတယ် ဆိုတာကို သိလိုက်ရပါတယ်..။သူက သူတို့ရဲ့ နည်းစနစ်တွေ ၊ ရည်ရွယ်ချက်တွေကို အလွယ်တကူ ထိုးဖောက်မြင်နိုင်ပြီး..ဒီအသိဉာဏ်ကို အသုံးချကာ ဒီလူတွေကို အနိုင်ယူနိုင်ခဲ့တယ်..။

သူက အကြောက်အလန့်ကင်းတဲ့ သတ္တဝါတစ်ကောင်အဖြစ် ပြန်မွေးဖွားလာတဲ့အချိန်မှာ..သူက သူ့ရဲ့ သားရဲ ခန္တာကိုယ်နဲ့ ရန်သူကို ဘယ်လိုသတ်ဖြတ်ရမလဲ ဆိုတာကို ချက်ချင်းနီးပါး နားလည်နိုင်စွမ်းရှိနေခဲ့ပါတယ်..။ဒါက သူ့အနေနဲ့ မွန်းစတား ဘဝနဲ့ မရေမတွက်နိုင်အောင် ရှင်သန်နေခဲ့ရတဲ့ အတိုင်းပါပဲ..။

သို့ပေမယ့် ပိုပြီး အရေးကြီးတာက..သူ ထက်ပိုပြီး အားကောင်းတဲ့ ရန်သူတွေကိုပဲ တိုက်ခိုက်ရမယ် ဆိုတာက သူ့ရဲ့ ဒုတိယ သဘာဝတရားတစ်ခုပါ..။အလင်းမှပျောက်ဆုံးသူရဲ့ စိတ်က လှည့်စားမူတွေ ၊ တွက်ချက်မူတွေနဲ့ ပြည့်နှက်နေပြီး..ဒီအရာတွေကို အသုံးချကာ..ကြောက်မက်ဖွယ် စစ်မြင်းကို ကြီးမားတဲ့ ဒဏ်ရာတွေပေးနေနိုင်ခဲ့ပါတယ်..။

ပြီးတော့ ဒီလိုနဲ့..သူတို့က များပြားလှတဲ့ အိပ်မက်ဆိုးတွေအတွင်းမှာ တစ်ယောက်ကိုတစ်ယောက် အမဲလိုက်နေခဲ့ကြပါတယ်..။ဒီလိုအကူညီကင်းမဲ့ပြီး..အဆုံးမရှိတဲ့ နာကျင်မူ ဝေဒနာတွေကြားထဲမှာ ဘယ်သူက အရင်ဆုံး ပျက်ဆီးသွားမလဲဆိုတာကို နှစ်ယောက်စလုံးက စောင့်ဆိုင်းနေခဲ့ကြတာပါ..။

အလင်းမှ ပျောက်ဆုံးသူဟာ..မကျိုးပျက်သွားခဲ့ပေ..။

…သို့ပေမယ့် ဒီသောက်ကျိုးနဲ မြင်းကလည်း..ကျရှုံးဖို့ကို ငြင်းဆန်နေခဲ့ပါတယ်..။

အနက်ရောင် စစ်မြင်းကလည်း..သူ့လိုပဲ..ခေါင်းမာမူ ၊ စိတ်ဓာတ်ပြင်းထန်မူ ၊ ရက်စက်မူတွေနဲ့ တောင့်ခံနေခဲ့တယ်..။ဒီမြင်းက..အလင်းမှပျောက်ဆုံးသူ ပေးအပ်တဲ့ မရေမတွက်နိုင်တဲ့ အဆုံးမရှိ ဒဏ်ရာတွေ ၊ သေဆုံးမူတွေကို လက်ခံရရှိထားခဲ့တာပါ..။ဒါကြောင့်ပဲ..သူ့ရဲ့ မချိုးဖျက်နိုင်တဲ့ ပြတ်သားမူတွေ ၊ အမုန်းတရားတွေ တောင့်ခံထားခဲ့ပြီး.. သူ့ရဲ့ အမုန်းတရားတွေကလည်း ပိုမို သန်မာလာခဲ့ပါတယ်..။

ဒီ ကျိန်စာသင့်နေတဲ့ သတ္တဝါကလည်း..သူ့ရဲ့ ကိုယ်ပိုင် နတ်ဆိုး စိတ်ဓာတ်နဲ့ လှည်ဖျားတတ်မူတွေကို ပိုင်ဆိုင်ထားခဲ့တာပါ..။သူကလည်း ရန်သူကို သတ်ဖြတ်နိုင်နေသ၍ မဆုံးမရှိတဲ့ ဝေဒနာတွေကို ခံစားဖို့အတွက် အဆင်သင့်ဖြစ်နေခဲ့တယ်..။အနက်ရောင် စစ်မြင်းဟာ..မခံမရပ်နိုင်တဲ့ နာကျင်မူတွေကို ဂရုမစိုက်ပဲ..သူ့ရဲံ သားကောင်နဲ့ မျှဝေခံစားရတာကို ကျေနပ်နေခဲ့ပါတယ်..။

အနက်ရောင် မြင်းကိုယ်တိုင်က..အလင်းမှပျောက်ဆုံးသူလို ရူးသွပ်နေခေဲ့ပါပြီ..။

သူတို့နှစ်ယောက်က..အကြိမ်ဘယ်လောက်များများ..ကိုယ်လက်အဂ်ါတွေ ဖြတ်တောက်ခံရပါစေ ၊ အကြမ်ဘယ်လောက်များများ အပိုင်းပိုင်း ဆုပ်ဖြဲခံရပါစေ ၊ ဒါမှမဟုတ် အကြိမ်ဘယ်လောက်များများ အသတ်ခံရပါစေ..နှစ်ယောက်စလုံးက လက်မလျော့ခဲ့ကြပါဘူး..။

ဘယ်သူကမှ..စိတ်ဓာတ်ပျက်ဆီးမသွားခဲ့ကြပေ..။

..ဒီတော့..အဆုံးသတ်မှာ..၊ အပိုင်းပိုင်း ကျိုးပဲ့ပြီး..ပြိုလဲကျသွားရတဲ့ အရာကတော့..အဆုံးမရှိတဲ့ အိပ်မက်ဆိုးတွေသာ..ဖြစ်သွားခဲ့ရပါတော့တယ်..။

All Chapters