ကြမ်းတမ်းသော နိုးထမူ
Vol. 43 Ch. 642
သွေးတွေပေကျန်ပြီး အရူးအမူး ဖြစ်နေတဲ့ အလင်းမှပျောက်ဆုံးသူဟာ..ကျယ်ပြန့်တဲ့ ကျောက်တုံးတွေပေါ်မှာ လမ်းလျောက်နေခဲ့တယ်..။သူ့ရဲ ဓားကတော့..အနက်ရောင် ကျောက်တုံးတွေနဲ့ ခြစ်မိပြီး အသံတွေထွက်ပေါ်နေခဲ့ပါတယ်..။သူ့ရဲ့ အနောက်ဘက်မှာတော့..စစ်သဘော်ကြီးတစ်စင်းရဲ့ အကြွမ်းအကျန်တွေဟာ..မီးတွေနဲ့လောင်ကျွမ်းနေခဲ့ပြီး..မှောင်မိုက်နေတဲ့ ညဘက်အချိန်အခါကို အလင်းရောင်တွေနဲ့ ဒေါသတကြီး ဆေးခြယ်နေခဲ့တယ်..။
သူ့ရဲ့ ရှေ့အတော်ဝေးဝေးတစ်နေရာမှာတော့..လှပတဲ့ အနက်ရောင် စစ်မြင်းတစ်ကောင်က တုန်ရီနေတဲ့ ခြေထောက်တွေနဲ့ ရပ်နေခဲ့ပါတယ်..။သူ့ရဲ့ ပါးစပ်ကနေ အနီရောင် အမြုပ်တွေ ထွက်ပေါ်နေခဲ့တယ်..။ သားရဲ ရဲံ မျက်လုံးတွေက..ကြက်သွေးရောင် အလင်းတွေနဲ့ တောက်ပနေခဲ့ပေမယ့်..ဒီနောက်ကွယ်မှာ..ကျယ်ပြန့်တဲ့ ဒေါသတရားတွေ ၊ အမုန်းတရားတွေနဲ့ နက်ရှိုင်းတဲ့ မောပန်းမူတွေကို ဖုံးကွယ်ထားခဲ့ပါတယ်..။တစ်ချိန်တည်းမှာပဲ..စိတ်ရှုပ်ထွေးမူတွေ ၊ နောင်တရမူတွေနဲ့ နာကျင်မူတွေပါ ရောထွေးနေခဲ့တယ်..။
အလင်းမှ ပျောက်ဆုံးသူဟာ..ရယ်မောလိုက်ပြီး..
“ဘာလဲ…မင်းက ဘာကိုစောင့်နေတာလဲ..။လာလေ…ငါ့ကို လာသတ်လေ..ခွေးသား..”
စစ်မြင်းဟာ..အသက်ကို ပြင်းပြင်းရူလိုက်တဲ့ အချိန်မှာ သူ့ရဲ့နှာခေါင်းကနေ..အငွေ့တွေ ထွက်လာခဲ့ပါတယ်..။သူက ဒေါသတကြီး နှာမှုတ်လိုက်ပြီး ဒေါသတွေနဲ့ ရှေ့ကို တက်လာခဲ့တယ်..။ပြီးတာနဲ့ ဦးခေါင်းကို နိုမ့်ပြီး ရန်သူကို ဦးချိုတွေနဲ့ ထိုးဖို့ ဦးတည်လာပါတော့တယ်..။သူ့ရဲ့ သံမဏိခွာတွေက..ကျောက်တုံးတွေပေါ်မှာ အသံကျယ်လောင်စွာ ထွက်ပေါ်နေခဲ့ပြီး..မီးပွားလေးတွေကို ထွက်ပေါ်နေစေခဲ့တယ်..။သူ့ရဲ့ အနက်ရောင် အမွှေးတွေကတော့..စစ်မှန်တဲ့ အမှောင်ထုလိုပဲ လေကိုထိုးခွင်းနေခဲ့ပါတယ်..။
သူတို့က ဘာမှမရှိတဲ့ ညဘက်ကောင်းကင်အောက်မှာ တိုက်ခိုက်လိုက်ကြတယ်..။
ပြီးတဲ့နောက်မှာတော့ အလင်းမှပျောက်ဆုံးသူ သေဆုံးသွားခဲ့ပါတယ်..။
…ဒါမှမဟုတ် သူတော့ အဲလိုထင်တာပဲ..။
သူက အမှောင်ထုထဲမှာ နစ်မြုပ်သွားပြီး..အိပ်မက်ဆိုးအသစ်မှာ မွေးဖွားလာရမယ့်အစား..မြေကြီးပေါ်ကိုသာ ပြုတ်ကျသွားခဲ့ပြီး..ကမ္ဘာကြီးတစ်ခုလုံးကိုတောင် တုန်ခါသွားစေခဲ့ပါတယ်..။
‘ဒါကဘာလဲ..။ငါက နောက်ဆုံးမှာ လုံးဝ အဆုံးသတ်သွားပြီလား..’
သူက လက်တွေ့အခြေအနေထဲမှာ ထူးဆန်းတဲ့ အက်ကွဲကြောင်းတွေ ပေါ်လာခဲ့တယ်လို့ တွေးမိလိုက်တာပါ..။
ပြီးတဲ့နောက်မှာတော့..အစစ်အမှန်အခြေအနေက..ကျယ်ပြန့်တဲ့ အနက်ရောင် မျက်နှာဖုံးတစ်ခုလို ပြိုကွဲသွားခဲ့တယ်..။ပိုးချည်လိုက်ကာ..တစ်ခုကို မမြင်ရတဲ့ လက်ကြီးနဲ့ ဖယ်ရှားလိုက်သလိုမျိုး..သူ့ဘေးပတ်ဝန်းကျင်က အရာရာတိုင်းက..လှိုင်းထပြီး လှုမ်းယမ်းလာခဲ့တာပါ..။ဒါက ကျောက်တုံးကျွန်း ၊ လောင်ကျွမ်းနေတဲ့ သဘော်ပျက် နဲ့ အလင်းမရှိတဲ့ အနက်ရောင် ကောင်းကင်အကုန်လုံးပါပဲ..။ခနအကြာမှာတော့..ဒီအရာက တွန့်ကြေပြီး ပျက်ဆီးနေတဲ့ ဒီ လိုက်ကာ က ပျက်ဆီးသွားခဲ့ပါတယ်..။
သူ့ရဲ့ မျက်စိရှေ့မှာတင် ကမ္ဘာကြီးတစ်ခုလုံးက ပြိုကျပျက်ဆီးသွားတာကို မြင်ရတာက တကယ်ကို အံ့ဩဖွယ်ရာ မြင်ကွင်းတစ်ခုပါပဲ..။
အချိန်တစ်ချို့ကြာပြီးနောက်မှာတော့..အလင်းမှပျောက်ဆုံးသူဟာ..ဘာမှမရှိတဲ့အရာတွေ ဝန်းရံထားတဲ့ အမှောင်ထုထဲမှာ သူ့ကိုယ်သူ တွေ့ရှိခဲ့ရပါတယ်..။သူ့ရဲ့ နာကျင်မူတွေက ထပ်ပြီး မရှိတော့ပေ.။အမှန်တကယ်တော့ သူက ခန္တာကိုယ်တစ်ခုတောင် ရှိမနေခဲ့တဲ့ ပုံပါပဲ..။အဲဒီအစား..သူက ပုံသဏ္ဍာန် မရှိတဲ့ အရိပ်အသွင်ပြောင်းလဲသွားခဲပြီး..သူ့ရဲ့ နက်ရှိုင်းတဲ့ အပိုင်းမှာ..အနက်ရောင် မီးလုံး သုံးခုက လောင်ကျွမ်းနေခဲ့ပါတယ်..။
အလင်းမှ ပျောက်ဆုံးသူ ရယ်မောလိုက်တယ်..။
“ဘာဖြစ်တာလဲ..။ဒါက..ဒါက အိပ်မက်ဆိုးတွေ ကုန်ဆုံးသွားခဲ့တာလို့တော့ မပြောနဲ့နော် သားရဲလေး..။အိုး..မင်းအခု ဘာဆက်လုပ်ဦးမှာလဲ..”
တုန့်ပြန်ရမယ့် အစား..သူ့ရဲ့ အရှေ့ဘက် …အနောက်ဘက် နဲ့ ပတ်ပတ်လည်မှာ လှုပ်ရှားမူတွေ ဖြစ်ပေါ်လာခဲ့ပါတယ်..။
အမှောင်ထုထဲမှာတော့..နောက်ထပ် အရိပ်တစ်ခုက ရှိနေခဲ့တယ်..။သို့ပေမယ့်..ဒီတစ်ခု…ဒီတစ်ခုက..ပိုနက်ရှိုင်း ၊ ပိုကျယ်ပြန့်ပြီး..ပိုရှေးကျပါတယ်..။
ဒါက လှည့်စားမူတွေ ..အမုန်းတရားတွေနဲ့ ပြည့်နှက်နေခဲ့တယ်..။
သူ့အသံက ဘာမှမရှိတဲ့နေရာမှာ ပဲ့တင်ထပ်နေတဲ့အချိန်မှာတော့ ကျယ်ပြန့်တဲ့အရိပ်က ရုတ်တရက် ရှေ့ကိုထိုးတက်လာပြီး..သူ့ကို ဝန်းရံလာခဲ့ပါတယ်..။
ပြီးတဲ့ နောက်မှာတော့…
အလင်းမှပျောက်ဆုံးသူ ဆန်နီက နိုးထလာခဲ့တယ်..။
…..
ဆန်နီ အိပ်ယာပေါ်ကနေ ထလာခဲ့ပြီး သူ့ရဲ့ ရင်ဘတ်ကို ကိုင်ထားခဲ့တယ်..။သူ့ရဲ့ လက်အိတ်တွေက..မြေအောက်ကမ္ဘာ ဝတ်ရုံတော်ကို ခြစ်မိသွားခဲ့ပြီး..နောက်ထပ်တစ်စက္ကန့်အတွင်းမှာပဲ..သူက အေးစက်တဲ့ ကြမ်းပြင်ပေါ်ကို ပြုတ်ကျသွားခဲ့ပါတယ်..။သူ့မျက်လုံးတွေကတော့ စိတ်ရှုပ်ထွေးမူတွေ ၊ ကြောက်၇ွံ့မူတွေ အပြည့်နဲ့ ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်နေခဲ့တယ်..။
“ငါ..ငါဘယ်မှာလဲ…။နောက်ထပ် အိပ်မက်ဆိုးတစ်ခု များလား..”
သူက ထောင့်တစ်နေရာမှာ ကြောက်မက်ဖွယ် မြွေတစ်ကောင် ရစ်ခွေနေတာကို မြင်လိုက်ရပြီး..သူ့ရဲ့ နက်မှောင်နေတဲ့ ကြေးခွံတွေကို လရောင်အောက်မှာ မြင်နေခဲ့ရပါတယ်..။အနက်ရောင်အကာအကွယ်နဲ့ ထည်ဝါတဲ့ သူရဲကောင်းကတော့..တံခါးဝမှာ စောင့်ကြပ်နေခဲ့တယ်.။ဆန်နီ တစ်ခနလောက် ထိပ်လန့်သွားခဲ့ပေမယ့်..သူတို့တွေက ဘယ်သူတွေလဲ ဆိုတာကို ပြန်သတိရလိုက်ပါတယ်..။
‘သူတော်စင်လား..။ဝိဉာဉ်မြွေ..’
ပြီးတဲ့နောက်မှာတော့..သူက ဘယ်သူလဲ ဆိုတာကို ပြန်သတိရသွားခဲ့တယ်..။
သူ့ မျက်လုံးတွေ ပြူးကျယ်သွားခဲ့ပါပြီ..။
“ငါ နိုးထလာပြီ..”
မရေမတွက်နိုင်တဲ့ အိပ်မက်ဆိုးတွေရဲ့ မှတ်ဉာဏ်အပိုင်းအစတွေက သူ့ရဲ့ စိတ်ထဲမှာ နစ်မြုပ်နေခဲ့တယ်..။တစ်ခုချင်းစီတိုင်းက..တစ်ခြားတစ်ခုထက်ပိုပြီး ကြောက်မက်ဖွယ်ကောင်းကြပါတယ်..။သူတို့ထဲက တစ်ချို့က အိပ်မက်တွေရဲ့ ထုံးစံအတိုင်း ကွယ်ပျောက်သွားကြချိန်မှာ တစ်ချို့ကတော့..ဆက်လက်ကျန်ရှိနေကြသေးတယ်..။ဒါက သူ ဒီအိပ်မက်ဆိုးတွေထဲမှာ ရှင်သန်ခဲ့ဖူးတုန်းကအတိုင်း..ရှင်းလင်းပြတ်သားကာ..ကြောက်မက်ဖွယ်အတိ ဖြစ်နေကြဆဲပါပဲ..။
ဆန်နီ တုန်လှုပ်သွားပြီး..အသံတစ်ချို့ကိုတောင် ထုတ်ဖော်လိုက်မိတယ်..။
တစ်ခနလောက်..သူ့ရဲ့ အိပ်မက်ဆိုးတွေရဲ့ ရူးသွပ်မူတွေက..လက်ရှိအခြေအနေကို ထိတွေ့မိနေခဲ့တယ်..။သို့ပေမယ့် အဲဒီနောက်မှာတော့..အဆုံးမရှိတဲ့ အိပ်မက်ဆိုးတွေကြားထဲမှာ ပိတ်လှောင်ပြီး နိုပ်စက်လွန်းတဲ့ အိပ်မက်ဆိုးတွေ ကြားထဲက..အမည်အသိသက်ရှိကို..အစစ်အမှန် နိုးထသူ တိုက်ခိုက်ရေးသမား က ကျော်လွှားအနိုင်ယူနိင်ခဲ့ပါတယ်..။သူက ဒီ မှတ်ဉာဏ်တွေကို တစ်နည်းနည်းနဲ့ စုပ်ယူလိုက်နိုင်ခဲ့တယ်..။
ဒါက စနစ်တကျကို..ရှုပ်ပွနေခဲ့တာပါ..။
သို့ပေမယ့် ဆန်နီ အနေနဲ့ ဒီ ဗရမ်းဗတာ အခြေအနေကို အာရုံစိုက်နေဖို့ အချိန်မရှိပါဘူး..။
ဘာလို့လဲဆိုတော့..သူ ကြမ်းပြင်ပေါ်ကို လဲကျသွားပြီး မကြာခင်မှာပဲ..နာကျင်စွာ ရင်းနှီးနေတဲ့ အသံတစ်ခုကို ကြားလိုက်ရတာကြောင့်ပါ..။ဒီအသံက သူနဲ့ တဖြည်းဖြည်းချင်း နီးကပ်လာနေခဲ့တယ်..။
သံမဏိ မြင်းခွာသံတွေက အေးစက်တဲ့ ကျောက်တုံးတွေပေါ်မှာ ပဲ့တင်ထပ်နေခဲ့တာပါ..။
‘ဘယ်လိုလဲ…ဘာကြီးလဲ..’
သူက အတော်လေးကို ထိန်းချုပ်မူကင်းမဲ့နေခဲ့ပြီး..ဘာတွေဖြစ်နေတာလဲ ဆိုတာကို နားလည်ဖို့အတွက် အဝေးတွေကို စုစည်းဖို့ ခက်နေခဲ့တယ်..။
သူသိတာ ဆိုလို့ တစ်ခုတည်းပဲ ရှိနေခဲ့ပါတယ်..။
…အဲဒီ သောက်ကျိုးနဲ မြင်းက လာနေပြီ..။
သူတော်စင်ဟာ..ရုတ်တရက် သူမရဲ့ ဒိုင်းကာကို မြှောက်လိုက်တယ်..။ဝိဉာဉ်မြွေကလည်း အရိပ်တွေနဲ့ တိတ်တဆိတ် ပေါင်းစပ်လိုက်ပါတယ်..။
ဆန်နီကတော့ မတ်တတ်ထရပ်ဖို့ ကြိုးစားနေခဲ့ပြီ ဖြစ်ပြီး..သူ့စိတ်ထဲမှာ ဝမ်းနည်းဖွယ်အတွေးတစ်ခုက ဖြစ်တည်ဖို့ ကြိုးစားနေခဲ့တယ်..။
‘မှတ်သားမူ…ငါ မှတ်သားမူတစ်ခု ထုတ်ယူဖို့လိုတယ်…ငါ လက်နက်လိုအပ်တယ်..’
သို့ပေမယ့် သူ ဒီလိုလုပ်ဖို့ အခွင့်အရေး မရခဲ့ပေ..။
တစ်ခနအကြာမှာတော့..အခန်းရဲ့ နံရံက ကျောက်တုံးအပိုင်းအစတွေ အဖြစ် ပေါက််ကွဲထွက်သွားခဲ့ပြီး..ဒေါသကြီးနေတဲ့ ကြက်သွေးရောင် မျက်လုံးနှစ်လုံးက သူ့ရဲ့ နောက်ဘက် အမှောင်ထုထဲကနေ ပေါ်ထွက်လာခဲ့ပါတယ်..။
အနက်ရောင် စစ်မြင်း ၊ နိုးထမူ အဆင့် တယ်ရာ ..၊ တစ်ချိန်က အရိပ်သခင် ရဲ့ စီးတော်ြမင်း ၊ အောင်နိုင်သူဟာ..အခန်းရဲ နံရံကို ဝင်တိုက်ခဲ့ပြီး..ဆန်နီဆီကို တစ်စက္ကန့်တောင် တုန့်ဆိုင်းနေခြင်း မရှိပဲ ပြေးဝင်လာခဲ့တာပါ..။
ဒီလိုမဖြစ်ခင် အချိန်ခနလေးအတွင်းမှာပဲ..ဆန်နီက..သူ့ကို သေချာကြည့်ဖို့အတွက် အခွင့်အရေး ရသွားခဲ့တယ်..။သတ္တဝါက..အိပ်မက်ဆိုးတွေထဲမှာ ရှိနေတုန်းကအတိုင်း တစ်ထပ်တည်းပါပဲ..။
စစ်မြင်းက အတော်မြင့်ပြီး ခန့်ညားနေခဲ့တယ်..။သူ့ရဲ့ အမွှေးတွေက ညအချိန်လောက်ကို နက်မှောင်ပြီး..သူ့ရဲ မျက်လုံးတွေက ကြက်သွေးရောင် အလင်းရောင်တွေနဲ့ တောက်ပနေခဲ့ပါတယ်..။သူ့ရဲ့ အရည်ပြားအောက်က ကြွက်သားတွေက..လှုပ်ရှားလိုက်တိုင်း တင်းမာလာခဲ့ကာ..အတော်လေးကို အားကောင်းနေခဲ့တယ်..။သူ့ရဲ့ ခွာတွေက..တောက်ပတဲ့ သံမဏိတဲ့ ပြုလုပ်ထားတဲ့ ပုံစံဖြစ်နေခဲ့ပြီး..သူ့ရဲ့ ဦးချို နဲ့ ထက်ရှကာ ကြောက်စရာကောင်းတဲ့ အစွယ်တွေလည်း ဒီအတိုင်းပါပဲ..။
အနက်ရောင်မြင်းဟာ..အရိပ်တွေနဲ့ ဝန်းရံထားပုံရပြီး..သူ့ရဲ့ အရိပ်က အမှောင်ထု ဝတ်ရုံထဲမှာ တိုးဝင်ပျောက်ကွယ်နေခဲ့ပါတယ်..။သူက ကြောက်မက်ဖွယ်ကောင်းလောက်အောင်ကို လှပနေခဲ့တယ်..။
ပိုပြီးအရေးကြီးတာက..တယ်ရာက ဆန်နီ တည့်တည့်ကို ဝင်တိုးလာခဲ့တာပါ..။အေးစက်တဲ့ အမုန်းတရားတွေကိုတော့ သူ့ရဲ့ မျက်လုံးထဲမှာ မြင်တွေ့နေခဲ့ရတယ်..။
တစ်ခနကြာတဲ့အထိ စစ်မြင်းက အရှိန်အပြည့်နဲ့ သူ့ကို ဝင်တိုက်သွားခဲ့တယ်..။
‘အား..’
အနက်ရောင် ဦးချိုတွေဟာ..မြေအောက်ကမ္ဘာရဲ့ ဝတ်ရုံတော်ပေါ်ကိုထိုးဖောက်ဝင်ရောက်နိုင်ခြင်း မရှိခဲ့ကြပါဘူး..။သို့ပေမယ့် ဆန်နီကတော့..အရှိန်ပြင်းပြင်း မောင်းနှင်လာတဲ့ ရထားတစ်စင်း နဲ့ ဝင်တိုက်ခံလိုက်ရသလို ခံစားလိုက်ရတယ်..။သူ့ရဲ့ အကာအကွယ် အက်ျီဝတ်ထားတဲ့ ခန္တာကိုယ်က လေထဲမှာ မြောက်တက်သွားပြီး နောက်ကို ပြုတ်ကျသွားခဲ့ပါတယ်..။
ကျိန်စာသင့်နေတဲ့ သားရဲဟာ..သူ့ကို ထက်ရှတဲ့ ဦးချိုတွေနဲ့ သယ်ဆောင်သွားခဲ့တာ ဖြစ်ပြီး..ခနအကြာမှာပဲအခန်းရဲ့ နောက်ထပ်နံရံတစ်ခုကို ဝင်တိုက်စေခဲ့တယ်..။ဆန်နီရဲ့ နောက်ကျောနဲ့ တိုက်မိလိုက်တာကြောင့်..နံရံက ပြိုလဲကျသွားခဲ့ပါတယ်..။
ဆန်နီဟာ..နောက်ထပ်ကြောက်မက်ဖွယ် သက်ရောက်မူတွေကို ခံစားလိုက်ရတာကြောင့် သူ့ရဲ့ အမြင်အာရုံတွေဟာ..တစ်ခနလောက် အမှောင်ဖုံးသွားခဲ့တယ်..။
ကျောက်တုံးကျောက်ခဲ တွေနဲ့ ဝန်းရံထားတဲ့..နတ်ဆိုး နဲ့ တယ်ရာဟာ..အပြင်ဖက်နံရံရဲ ့ အက်ကွဲကြောင်းထဲကနေတဆင့် အေးစက်တဲ့ ညလေထုထဲကို ရောက်ရှိသွားခဲ့ကြပြီး..မြင့်မားတဲ့ စွန့်ပစ်ခံရဲတိုက်ပေါ်ကနေ ပြုတ်ကျသွားခဲ့ကြပါတယ်..။
‘သောက်ကျိုးနဲ မြင်း…မင်းက ဘာလို့ ဒီတိုင်း မသေနိုင်ရတာလဲ..’