← Chapters

ငါ့ရဲ့ ရန်သူ..

Vol. 43 Ch. 644

ငါ့ရဲ့ ရန်သူ..

Vol. 43 Ch. 644

ဆန်နီ နဲ့ ကျိန်စာသင့် မြင်းတို့ဟာ..အောက်ဘက်ကောင်းကင်ကို ပြုတ်ကျနေတုန်း အချိန်မှာတောင် ဆက်လက် တိုက်ခိုက်နေခဲ့ကြတယ်..။ပြီးတဲ့နောက်မှာတော့..လှုပ်ခါနေတဲ့ ကောင်းကင်ချိန်းကြိုးတစ်ခုရဲ့ အပေါ်ကို ကျဆင်းသွားခဲ့ကြပါတယ်..။သူတို့က အလျင်အမြန်ပဲ အရိပ်တွေအဖြစ် ပြောင်းလဲလိုက်ကြပြီး..ကြိုးပေါ်ကနေ လျင်မြန်တဲ့ အရှိန်နှုန်းနဲ့ ဖြတ်သန်းကာ..တစ်ယောက်ရဲ့ ဝိဉာဉ်ကို တစ်ယောက် ဆုပ်ဖြဲနိုင်ဖို့ ကြိုးစားနေခဲ့ကြပါတယ်..။

နုလုံးခုန်နှုန်း အကြိမ်များစွာ ၊ ကီလိုမီတာ များစွာကို ဖြတ်သန်းပြီးနောက်မှာတော့..သူတို့ဟာ..အရိပ်တွေထဲကနေထွက်လာကြပြီး အပေါ်ကို ခုန်တက်ကာ…နောက်ထပ်ကျွန်းတစ်ကျွန်းရဲ့ မျက်နှာပြင်ပေါ်ကို ရောက်သွားခဲ့တယ်..။ သူတို့ပေါ်လာတဲ့ လမ်းတစ်လျောက်မှာတော့ အပျက်အဆီးတွေကိုပဲ ဦးတည်နေခဲ့ပါတယ်..။

မြင်းဟာ..ဆန်နီကို ထပ်ခါ ထပ်ခါ ဝင်တိုက်ပြီး..ဝေးသထက် ဝေးတဲ့နေရာဆီကို သယ်ဆောင်သွားနေခဲ့တယ်..။သူက သူတော်စင် နဲ့ ဝိဉာဉ်မြွေတို့ လိုက်မှီလာမှာကို ခွင့်မပြုခဲ့ပါဘူး..။မြင်းက သူ့ရဲ့ ဖျက်ဆီးအားပြင်းတဲ့ ခွာတွေ ၊ တောက်ပနေတဲ့ ဦးချို နဲ့ ထက်ရှတဲ့ အစွယ်တွေကို အသုံးပြုပြီး တိုက်ခိုက်နေခဲ့တာပါ..။သူ တိုက်ခိုက်လိုက်တိုင်းမှာ ဖြစ်ပေါ်လာတဲ့နာကျင်မူကြောင့် သူ့ရဲ ့ ရန်သူဟာ..ဖျက်ဆီးလိုတဲ့ အမုန်းတရားတွေကိုတောင် မေ့ပျောက်သွားလောက်ပါတယ်..။

သို့ပေမယ့် ဆန်နီကလည်း..တူညီတဲ့ သတ်ဖြတ်လိုစိတ်တွေနဲ့ လွှမ်းခြုံထားခဲ့တယ်..။သူက သူ့ရဲ့ လက်နက်တွေ ၊ လက်သည်းတွေ ၊ အစွယ်တွေ ၊ ဦးချိုတွေနဲ့ ပြင်းထန်စွာ လက်တုန့်ပြန်နေခဲ့တာပါ..။သူက ရန်သူကို ဖျက်ဆီးလိုတဲ့ စိတ်ဆန္ဒက လွဲပြီး အရာအားလုံးကို မေ့ပျော်ကနေခဲ့တယ်..။

သူတို့နှစ်ဦးဟ..မရင်းနှီးတဲ့ ကျွန်းတစ်ခုကို ဖျက်ဆီးအားပြင်းတဲ့ မုန်တိုင်းတစ်ခုလို ဖြတ်သန်းပြီးတဲ့နောက်မှာ နောက်တစ်ကြိမ် ကောင်းကင်ပေါ်ကို မြောက်တက်သွားခဲ့တယ်..။ဆန်နီက အနက်ရောင် တောင်ပ ၊ ကောင်းကင် ဖိအား တို့ရဲ့ အကူအညီနဲ့ဖြစ်ပြီး..မြင်းကတော့..သူ့ရဲ့ ခြေထောက်တွေ ရဲ့အားနဲ့ သူ့ရဲ့ ခုန်နိုင်စွမ်းကို အမှီပြုထားခဲ့တာပါ..။

သူ့ရဲ့ အစွယ်တွေက..ဆန်နီရဲ့ ပိုးချည်အက်ျီကို ကိုက်မိသွားတဲ့ အချိန်မှာတော့..သူတို့နှစ်ယောက်စလုံးက အောက်ကို နောက်တစ်ကြိမ် ထပ်မံကျဆင်းသွားခဲ့ပြီး..နောက်ထပ် ချိန်းကြိုးတစ်ခုပေါ်ကို ရောက်သွားခဲ့ကြပါတယ်..။ချက်ချင်းဆိုသလိုပဲ..သူတို့က အရိပ်တွေအဖြစ် ပြောင်းလဲသွားခဲ့ကြတယ်..။

ဒီလိုနဲ့ပဲ သူတို့က ရပ်တန့်ခြင်းမရှိတိုက်ခိုက်နေခဲ့ကြတယ်..။သူတို့ရဲ့ ရန်သူကို ဖျက်ဆီးပစ်ချင်တဲ့ စိတ်ဓာတ်တွေက အတော်လေးကို လွှမ်းမိုးနေခဲ့ကြပါပြီ..။သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေကို ပြန်ရောက်သွားတဲ့ အချိန်မှာတော့..ဆန်နီက အမြဲတမ်း အနိမ့်ဖက်ကနေသာ ရှိနေခဲ့ပြီး ဒဏ်ရာတွေ ပိုမိုရရှိနေခဲ့တယ်..။သူက အရုပ်တစ်ရုပ်လို ဖွတ်ဖွတ်ညက်ညက်‌ေကြအောင် တိုက်ခိုက်ခံနေရတာပါ..။

သို့ပေမယ့် သူတို့ အရိပ်ပုံစံကို ပြောင်းလဲသွားတဲ့အချိန်မှာ..သူက အထက်စီးကနေ ရပ်တည်နိုင်ခဲ့ပါတယ်..။အနက်ရောင် မြင်းက သူ့ထက် အမျိုးအစား တစ်ခုလောက်ကို ပိုမြင့်နေတယ် ဆိုပေမယ့်..သူတို့က အဆင့်တစ်ခုတည်းပါ….။ပြီးတော့..ကျိန်စာသင့် မြင်းက..ရှေးကျပြီး..အားကောင်းတဲ့ အရိပ်တစ်ခု ဖြစ်နေတဲ့ အချိန်မှာ…

ဆန်နီက နတ်ဘုရား အရိပ်တစ်ခုပါ..။

နတ်ဘုရား မီးတောက်ရဲ့ အကူအညီကိုပါ ရနေတဲ့ အချိန်မှာ သူ့ရဲ့ တိုက်ခိုက်မူတွေက ပိုပြီး ဖျက်ဆီးအား ပြင်းနေခဲ့တယ်..။ဒီဖျက်ဆီးအားတွေကလည်း ပိုပြီး ကြမ်းတမ်းလာခဲ့ပါတယ်..။သူ့ရဲ့ အရိပ်ပုံသဏ္ဍာန်က ပိုသေးပြီး..ပိုမို ခံနိုင်ရည်အားတွေ ရှိနေခဲ့တယ်..။အစစ်အမှန်နာမည်ရဲ့ ချည်နှောင်မူတွေ ပါဝင်နေတဲ့ သူ့ရဲ့ ဝိဉာဉ်က ဖျက်ဆီးဖို့ပိုပြီး ခက်ခဲပါတယ်..။

သူတို့က..ညအချိန်ထဲမှာပဲ..ဆက်တိုက်…ဆက်တိုက် ….ဆက်တိုက် တိုက်ခိုက်နေခဲ့ကြတယ်..။သူတို့ရဲ့ ခန္တာကိုဘ်တွေကတော့..ကျိုးပဲ့ကာ သွေးအလိမ်းလိမ်းထွက်နေပြီး..သူတို့ရဲ့ ဝိဉာဉ်တွေကတော့..လုံးဝကို ပင်ပန်းနွမ်းနယ်နေခဲ့ပါပြီ..။

ဒါတောင်မှ ဘယ်သူကမှ လက်လျော့ဖို့ စိတ်ကူးမရှိကြပေ..။ဘယ်သူကမှ..ရန်သူကို အသက်ရှင်လျက် မထားချင်ကြပါဘူး..။

ဆနနီက ဒီလောက်ကြမ်းတမ်းပြီး..ဖျက်ဆီးအား ပြင်းထန်တဲ့ တိုက်ပွဲမျိုကို ဘယ်တုန်းကမှ မကြုံတွေ့ခဲ့ဖူးပေ..။အရာရာတိုင်းကို မှန်မှန်ကန်ကန် သိမြင်နားလည်နိုင်ဖို့အတွက်..အရမ်းကို မြန်ဆန်လွန်းပြီး..အရမ်းကို နာကျင်လွန်းနေခဲ့ပါတယ်..။တစ်ချိန်တည်းမှာပဲ..သူက သိမြင်နားလည်ဖို့ ကြိုးစားမူတွေကို လက်လျော့လိုက်ပြီး..သူ့ရဲ့ အလိုလိုသိစိတ်တွေ ၊ တိုက်ပွဲအတွင်း စိတ်နေစိတ်ထားတွေ အပေါ်မှာသာ စိတ်နှစိထားပါတော့တယ်..။

ဘာပဲဖြစ်ဖြစ်..မှန်ကန်ပြီး ချိုးဖျက်လို့မရနိုင်တဲ့ နိယာမက တစ်ခုတည်းသာ ရှိပါတယ်..။

သူက ရန်သူကို သတ်ဖို့ကြိုးစားရမှာဖြစ်ပြီး..ရန်သူရဲ့ သတ်ဖြတ်ခြင်းကို ခံရမယ့်အရေးကလည်း တားဆီးရပါလိမ့်မယ်..။

အခြားအရာတွေ အားလုံးက ဒီတိုင်း မလိုအပ်တဲ့ အရာတွေပါပဲ..။

..နောက်ဆုံးမှာတော့..မောပန်းမူတွေ ၊ ဒဏ်ရာဒဏ်ချက်တွေနဲ့ ပြည့်နှက်နေတဲ့ သူတို့က..လူသူကင်းမဲ့နေတဲ့ ကျွန်းတစ်ကျွန်းကို ရောက်ရှိလာခဲ့ပါတယ်..။ဆန်နီဟာ မြေကြီးပေါ်မှာ လှိမ့်ရင်း..အရိပ်နှစ်ခုနဲ့ သူ့ရဲ့ ခန္တာကိုယ်ကို အားဖြည့်ထားခဲ့ကာ..ကျန်တဲ့ အရိပ်တစ်ခုကို တတိယ မျက်လုံးအဖြစ် အသုံးချနေခဲ့ပါတယ်..။

တိုက်ပွဲအပေါ်ကြည်လင်ပြတ်သားမူတွေ ရှိလာတဲ့နောက်မှာတော့…သူက ကမ္ဘာကြီးတစ်ခုလုံးကို ဆက်စပ်နေတဲ့ ရုပ်ပုံကားချပ်တစ်ခုအဖြစ် မြင်တွေ့နိုင်စွမ်း ရှိလာခဲ့တယ်..။ဒီအရာရဲ့ အစိတ်အပိုင်းတစ်ခုချင်းစီတိုင်းက တစ်ခြား အစိတ်အပိုင်းတွေလိုပဲ ရှုပ်ထွေးစွာ ရှိနေတာကို သိလိုက်ရပါတယ်..။သူ့ရဲ့ စိတ်တွေက ချွန်ထက်တဲ့ အစွန်းတစ်ဖက်အဖြစ် ဖြစ်ပေါ်နေခဲ့ပြီး..အတွေးတွေကလည်း တိုက်ပွဲအပေါ် နစ်မြုပ်ကာ..ရှင်းလင်းပြီး ရည်ရွယ်ချက် အပြည့်နဲ့ မြန်ဆန်လာခဲ့တယ်..။

သူက အနက်ရောင်မြင်း အမှောင်ထုထဲကနေ သူ့ဆီကိုပြေးလာနေတဲ့ အရိပ်တွေ ၊ မြင်းရဲ့ ပါးစပ်ကနေ ထွက်နေတဲ့ အမြုပ်တွေ နဲ့ ကြက်သွေးရောင် မျက်လုံးတွေထဲက မတုန်လှုပ်တဲ့ စိတ်ဆန္ဒတွေကို မြင်တွေ့လာရပါတယ်..။

အခုတော့ သူတို့နှစ်ယောက်က..ကိုယ့်ကိုကို သိကြတာထက်တောင် တစ်ယောက်အကြောင်းကို တစ်ယောက်သိနေခဲ့ကြပါပြီ..။ဘာပဲဖြစ်ဖြစ် သူတို့တွေက မရေမတွက်နိုင်တဲ့ အိပ်မက်ဆိုးတွေထဲမှာ အချင်းချင်း အမဲလိုက်ခဲ့ကြပြီး..အိပ်မက်ဆိုးတွေက ထပ်ပြီး ရှေ့မဆက်နိုင်တော့တဲ့ အချိန်မှာသာ အစစ်အမှန် အခြေအနေမှာ တိုက်ခိုက်ကြတာပါ..။

သူတို့တွေက ချိန်ခွင်လျာ ညီနေခဲ့ကြတယ်..။အနက်ရောင် မြင်းက..ပိုအားကောင်းပြီး..ရာစုနှစ်နဲ့ချီတဲ့ တိုက်ပွဲပေါင်းများစွာ အတွေ့အကြုံရှိပေမယ့်..ဆန်နီကလည်း..သူ့ရဲ့ ခွန်အားနိမ့်ပါးမူကို အားဖြည့်ဖို့အတွက် လှည့်စားမူ ၊ တွက်ချက်မူ နဲ့ သစ္စာဖောက်မူတွေ ရှိနေခဲ့ပါတယ်..။

ဘယ်သူကမှ..တစ်ဖက်လူကို လွှမ်းမိုးနိုင်ခြင်းမရှိပေ..။အခုချိန်မှာတော့..နှစ်ယောက်စလုံးက သေလောက်အောင် ကြိုးစားနေကြတာ ဖြစ်နိုင်ပါတယ်..။

မြင်း က ဒီလိုရလာဒ်ကို စိတ်ချမ်းသာ နေတဲ့ ပုံပါပဲ..။ပြီးတော့ ဆန်နီ…ဆန်နီကလည်း စိတ်ချမ်းသာနေခဲ့တယ်..။

…သိုပေမယ့်..သူက အသက်ရှင်ရတာကို ပိုပြီး သဘောကျပါတယ်..။

‘ ခွေးမသား…’

ဆန်နီဟာ ပါးစပ်ကနေ အော်ဟစ်သံထွက်ပေါ်လာခဲ့ပြီး..ရုတ်တရက် သူ့ရဲ့ လက်နက်တွေ နဲ့ အကာအကွယ်တွေကိုပါ ဖယ်ရှားလိုက်တယ်..။သူက တောက်ပတဲ့ ကောင်းကင်အောက်မှာ မလှုပ်ရှားပဲ ရပ်နေခဲ့ပါတယ်..။သူ့ရဲ့ ခန္တာကိုယ်ပေါ်မှာတော့..ချည်အက်ျီတစ်ထည်သာ ရှိနေခဲ့တယ်..။

သူက လက်တစ်ဖက်ကို မြှောက်ပြီး နာကျင်နေတဲ့ ရင်ဘတ်ကို နိုပ်ကာ..သူ့ရဲ့ အစွယ်တွေ ပေါ်တဲ့ အထိ ပြုံးကာ..ပြောလိုက်တယ်..။

“ဒါဆိုလည်း ဒါကြီးကို အဆုံးသတ်လိုက်ကြတာပေါ့..’

အနက်ရောင် မြင်းဟာ..မုန်းတီးစရာကောင်းတဲ့ ရန်သူကို တစ်ခနလောက်ကြာအောင် ကြည့်နေခဲ့တယ်..။ယင်းနောက် ခေါင်းကို ငုံ့လိုက်တဲ့ အချိန်မှာ သူ့ရဲ့ ဦးခေါင်းမှာ တောက်ပတဲ့ ကြယ်အလင်းရောင်တွေ တောက်ပနေခဲ့ပါတယ်..။

ပြီးတဲ့နောက်မှာတော့..ကျိန်စာသင့် သားရဲဟာ..ရှေ့ကို ထိုးတက်လာခဲ့ပြီး..မြေကြီးအက်ကွဲသွားနိုင်လောက်တဲ့ ခွာသံ တွေကို ပေးလာခဲ့တယ်..။

ဆန်နီ လည်း ရှေ့ကို ပြေးတက်သွားခဲ့ပါတယ်..။

သူ့မှာ လောင်းကြေးထပ်စရာ တစ်ခုတည်း ရှိနေတော့တာပါ..။စိတ်ပျက်ဖို့ကောင်းပြီး..လှည့်ဖျားနိုင်စွမ်းရှိတဲ့..နည်းစနစ် တစ်ခု…

သူ နဲ့ အနက်ရောင်မြင်းဟာ.တစ်ယောက်နဲ့ တစ်ယောက် ကောင်းကောင်း သိနေခဲ့ပြီ ဖြစ်တာကြောင့်..သူက တယ်ရာ ရဲ့ အရိပ်အဖြစ် ကြိုးစားပြီး ပြောင်းလဲတော့မှာပါ..။

နောက်ထပ် အရိပ်တစ်ခု အပေါ်မှာ အရိပ်ကခုန်မူကို အသုံးပြုတယ်ဆိုတာက ထူးဆန်းတဲ့ အတွေးတစ်ခုပါပဲ..။ဘာလို့လဲဆိုတော့ အရိပ်တွေရဲ့ သဘာဝက ပုံသဏ္ဍာန်ကင်းမဲ့ပြီး..ပြောင်းလဲနိုင်စွမ်းရှိတဲ့ သဘောသဘာဝ ရှိလို့ပါ..။မတည်ငြိမ်ပဲ အမြဲတမ်းပြောင်းလဲနေတဲ့ အရာတစ်ခုရဲ့ အနှစ်သာရကို သူက ဘယ်လိုလုပ် ထိုးဖောက်မြင်နိုင်မှာလဲ..။

ကောင်းပြီလေ..သူက ဒါကိုတစ်နည်းနည်းနဲ့ ရအောင် လုပ်တော့မှာပါ..။ဒါမှမဟုတ်ရင် သေဆုံးရလိမ့်မယ်..။

ဒါကြောင့်ပဲ..ဆန်နီက သူ့ရဲ့ အကာအကွယ်တွေနဲ့ လက်နက်တွေကို ရုတ်သိမ်းလိုက်တာပါ..။ဘာပဲဖြစ်ဖြစ် အနက်ရောင် မြင်းက..လက်နက်တွေ ၊ အကာအကွယ်တွေကို အသုံးမပြုထားပေ..။ဒီသားရဲက သူ့ရဲ့ ခွာတွေ ၊ အစွယ်တွေ နဲ့ဦးချိုတွေ ၊ အချိုးဖျက်နိုင်တဲ့ စိတ်ဆန္ဒတွေ နဲ့ သူ့ရဲ့ သတ်ဖြတ်လိုတဲ့ စိတ်ဆန္ဒတွေကိုသာ အသုံးပြုနေခဲ့တယ်..။

ဒါက ဆန်နီ အသုံးပြုနေကြ အရာပါပဲ..။

သူက အိပ်မက်ဆိုးတွေထဲမှာ ကြုံတွေ့ခဲ့ရတဲ့ အဆုံးမရှိ မှတ်ဉာဏ်တွေကို ပြန်ခေါ်လိုက်တယ်..။ဝေဒနာခံစားရတဲ့ သေဆုံးမူတိုင်း ၊ မဖော်ပြနိုင်တဲ့ ညှင်းပန်းမူတိုင်း ကို ပြန်မှတ်မိအောင်လုပ်ပြီး..သူ့ရဲ့ ရန်သူက ဒီရက်စက်တဲ့ အိပ်မက်တွေထဲမှာ ဘယ်လိုနေထိုင်ခဲ့လဲဆိုတာကို လေ့လာခဲ့ပါတယ်..။

သူက လွတ်ခဲ့တဲ့ ရာစုနှစ်ပေါင်းများစွာက အရိပ်အရှင်သခင်ဟာ..သူ့ရဲ့ သစ္စာရှိမြင်းကို နောက်ဆုံး နှုတ်ဆက်ခဲ့တဲ့ အချိန်ကို ပြန်အမှတ်ရလိုက်တယ်..။ပြီးတော့..သူတို့က အဲဒီမတိုင်ခင် ညဘက်ကောင်းကင်ယံပေါ်မှာ စီးနင်းခဲ့ကြတာရောပါပဲ..။

သူက စစ်မြင်းက သူ့အပေါ်မှာ ထိခိုက်အောင် လုပ်ခဲ့တဲ့ ဒဏ်ရာတိုင်းနဲ့..သူက ပြန်လည်နာကျင်အောင် လုပ်ခဲ့တဲ့ အဖြကစ်အပျက်တိုင်းကိုလည်း ပြန်မှတ်မိခဲ့တယ်..။

ပြီးတဲ့နောက်မှဦ..လူသားပေါင်းများစွာအပေါ်မှာ သူ အသုံးချခဲ့တဲ့အတိုင်း ..အရိပ်ကခုန်မူကို စတင် အသုံးပြုလိုက်ပါတယ်..။ဒီတစ်ကြိမ်မှာတော့..ပိုမိုနက်ရှိုင်းစွာ လေ့လာနေခဲ့ပြီး..ပိုမိုနားလည်ချင်နေခဲ့တယ်..။

တစ်ခနလောက်အတွင်းမှာပဲ..ဆန်နီကိုယ်တိုင်က အနက်ရောင် မြင်းတစ်ကောင် အဖြစ်ကို ပြောင်းလဲသွားသလိုပါပဲ..။

သူက ဒေါသတွေ ၊ အမုန်းတရားတွေ ၊ မှောင်မိုက်တဲ့ ဆုံးဖြတ်ချက်တွေကို ခံစားနေခဲ့ရပြီး..ဒီအရာတွေရဲ့ အောက်မှာ ပုန်းကွယ်နေတဲ့..အထီးကျန်မူတွေ ၊ဝမ်းနည်းမူတွေ နဲ့ လွမ်းဆွတ်မူတွေကိုပါ ခံစားနေခဲ့ရပါတယ်..။

အာ..ဘယ်လောက်တောင် ဆိုးဝါးလိုက်တဲ့ ကံတရားလဲ..။အရိပ်တစ်ခုက..သခင်မရှိပဲ..ကမ္ဘာကြီးထဲမှာ သွားလာနေရတယ် ဆိုတာ…။

သူက ကိုယ့်ကိုကို မျှော်လင့်ချက်နိုင်ငံတော်မှာ လျောက်ပတ်သွားလာနေတာကို တွေ့မြင်လိုက်ရတယ်..။ပြီးတာနဲ့ တစ်ချိန်က သူ့ရဲ့ အိမ်ဖြစ်ခဲ့တဲ့..ဒီဘာမှမရှိတဲ့ ခံတပ်နေရာကို ပြန်ရောက်လာခဲ့ပါတယ်..။ဒါက သူ့သခင်ရဲ့ အိမ် ဆိုရင်လည်း ဟုတ်ပါတယ်..။ဒီနေရာကို..သူစိမ်းတွေက သိမ်းပိုက်ထားပြီး..ပျက်ဆီး‌ေအာင် လုပ်နေတာတွေကို မြင်တွေ့နေခဲ့ရတယ်..။

သူက နက်ရှိုင်းတဲ့ ဒေါသတရားတွေကို ခံစားလိုက်ရပြီး..ဒီဒေါသတရားတွေက သူ့အပေါ် လွှမ်းမိုးသွားတာကိုလည်း ခွင့်ပြုပေးခဲ့ပါတယ်..။

ပြီးတဲ့နောက်မှာတော့..ဆန်နီဟာ..သူ့ကိုယ်သူ..သွေးတွေပေကျန်နေတဲ့ လက်လေးချောင်း နတ်မိစ္ဆာအဖြစ် ပြောင်းလဲသွားတာကို တွေ့မြင်လိုက်ရတယ်..။

အနက်ရောင် မြင်းက သူ့ကို သတ်ဖို့အတွက် ဘာလုပ်တော့မလဲဆိုတာကို..သူ မလုပ်ခင် စက္ကန့်အပိုင်းအခြားလေး အလိုမှာပဲ..ကြိုမြင်နိုင်စွမ်းရှိလာခဲ့ပါတယ်..။

ဒါကြောင့် သူက တိုက်ခိုက်မူ ရောက်မလာခင် ဘေးကို ရှောင်တိမ်းလိုက်ပြီး.သူ့ရဲ့ အပေါ်ဖက် လက်တွေကို မြှောက်ကာ..သူ့မှာရှိတဲ့..လူသားမဆန်တဲ့ ခွန်အားတွေနဲ့ ထိုးနှက်လိုက်ပါတယ်..။

မြင်း ရဲ့ တိုက်ခိုက်မူက လွဲချော်သွားခဲ့ပြီး အဲဒီအစား..ပြင်းထန်တဲ့ ရိုက်ချက်တစ်ခုကသာ..သူ့အပေါ်ကနေ ကျဆင်းလာခဲ့ပါတယ်..။ပြီးတာနဲ့..သူ့ရဲ့ ကျောရိုးပေါ်ကို ကျရောက်ကာ ကြေမွသွားခဲ့တယ်..။

အနက်ရောင်မြင်းက မြေကြီးပေါ်မှာ ခွေကျသွားခဲ့ကာ..ရုတ်တရက် မှိန်းမောသွားပြီး..နေရာမှာသာ လဲလျောင်းနေခဲ့တယ်..။သူက တုန်ရီစွာ နိမ့်ဆင်းသွားခဲ့ကာ..အသက်ရူသံတွေက တဖြည်းဖြည်းချင်း နှေးကွေးလာနေခဲ့တယ်..။

ဆန်နီလည်း လဲကျသွားခဲ့ပါတယ်..။

‘အား…ငရဲလိုပဲ..’

သူကိုယ်တိုင်လည်း သေဆုဆဲဆဲဖြစ်နေသလို ခံစားနေခဲ့ရတယ်..။

သူ့ရင်ဘတ်ပေါ်က နာကျင်မူက နောက်ဆုံးမှာ မခံမရပ်နိုင်လောက်အောင် ကြီးမားလာခဲ့ပါပြီ..။ဒါက သူ့ရဲ့ နှလုံးသားဟာ..အကန့်အသတ်ကို ရောက်ရှိသွားခဲ့တဲ့ အတိုင်းပါပဲ..။

သူ ခေါင်းကိုလှည့်ပြီး သေအံ့ဆဲဆဲ ဖြစ်နေတဲ့ မြင်းကို ကြည့်လိုက်တယ်..။သူ့ရဲ့ ကြောက်မက်ဖွယ် ကြက်သွေးရောင် မျက်လုံးတွေကတော့ တဖြည်းဖြည်းနဲ့ မှိန်ပြီး အေးစက်လာခဲ့ပါပြီ..။

အတော်ကြာပြီးတဲ့နောက်မှာတော့ မျက်လုံးတွေထဲက ရူးသွပ်မူတွေက ငြိမ်သက်သွားခဲ့ကြတယ်..။ပြီးတာနဲ့ အရိပ်တစ်ခုရဲ့ ခံစားမူအသစ်တွေသာ ပေါ်ထွက်လာပါတော့တယ်..။

စိတ်ရှုပ်ထွေးမူ ၊ နာကျင်မူ နဲ့ ရုတ်တရက် အသိအမှတ်ပြုမူတွေ…

အနက်ရောင် မြင်းဟာ..နောက်ဆုံးတစ်ကြိမ် အသက်ရူသွင်းလိုက်ပြီး..ငြိမ်သက်တဲ့ ရူထုတ်မူတစ်ခုကို ပြုလုပ်လိုက်ပါတယ်..။

ပြီးတော့ သေဆုံးသွားခဲ့တယ်..။

ဆန်နီ မျက်လုံးတွေကို မှိတ်ထားခဲ့ပါတယ်..။

သူက အရမ်း..အရမ်း ပင်ပန်းနေခဲ့ပြီ..။

‘ ငါ အနိုင်ရသွားခဲ့ပြီ..’

ကောင်းပြီလေ..ဒါဆိုရင်လည်း ..ငါ သေဆုံးရတော့မယ့် အချိန်လည်း ဖြစ်နိုင်တာပဲ..။

အမှောင်ထုထဲမှာတော့ အခိုက်အတန့်ရဲ့ အသံက သူ့နားထဲမှာ တီးတိုး ထွက်ပေါ်နေခဲ့ပါတယ်..။ဒါက နူးညံ့ပြီး ခမ်းနားနေခဲ့တယ်..။

[ သင်က နိုးထမူအဆင့်..အရိပ် - အိပ်မက်ဆိုးကို သတ်လိုက်ပါပြီ.. ]

[သင့်ရဲ့ အရိပ် ပိုသန်မာလာခဲ့ပါပြီ..]

များပြားလှတဲ့ အရိပ်အပိုင်းအစတွေက သူ့ရဲ့ ဝိဉာဉ်အမြုတေထဲကို ဝင်ရောက်လာခဲ့တာကို သူ ခံစားနေခဲ့ရတယ်..။ပြီးတဲ့နောက်မှာတော့..ပင်ပန်းနွမ်းနယ်စွာ တွေးတောလိုက်မိပါတယ်..။

‘ထူးဆန်းတယ်…ဒါက ခြောက်ခုလို့တောင် မခံစားရတော့ပါဘူး..’

အခိုက်အတန့်က အတော်ကြာအောင် တိတ်ဆိတ်နေပြီးကာမှ..ပြောလိုက်တယ်..။

[သင်က အရိပ်တစ်ခုကို လက်ခံရရှိပါတယ်..]

[သင့်ရဲ့ ဂဏ္ဍ ဆက်ခံသူ ကျွမ်းကျင်မူ မြင့်တက်သွားခဲ့ပါပြီ..]

[ သင်က ဆက်ခံသူ အမွေအနှစ်ကို ရယူဖို့ အခွင့်အရေး ရရှိခဲ့ပါပြီ…]

ဆန်နီက အားနည်းစွာပဲ ပြုံးဖို့ ကြိုးစားလိုက်တယ်..။

‘ဒီလောက်တောင် ကောင်းတဲ့ သတင်းမျိုး…ဒါက အတော်လေးကို ကောင်းမွန်လိမ့်မယ်..။တကယ်လို့ ငါသာ သေအံ့ဆဲဆဲ ဖြစ်နေရတာ မဟုတ်ရင်ပေါ့..’

ပြီးတဲ့နောက်မှာတော့ ထူးဆန်းတဲ့ အသံက သူ့နားထဲကို ဝင်ရောက်လာခဲ့ပါတယ်..။ဒီအသံက..ဒီအသံက ရွက်လွင့်နေတဲ့ အသံမျိုးပါပဲ…။

All Chapters