← Chapters

နေ့သစ် တစ်နေ့ကို တွေ့ဆုံခြင်း

Vol. 43 Ch. 645

နေ့သစ် တစ်နေ့ကို တွေ့ဆုံခြင်း

Vol. 43 Ch. 645

..အဲဒီမှာတော့…နွေးထွေးမူ ၊ နေရောင်ခြည် နဲ့..အိပ်ယာခင်းတွေ ၊ သစ်သား နဲ့ သစ်ရွက်စိမ်းတို့ရဲ့ အနံ့အသက်တွေကို ရရှိနေခဲ့တယ်..။ဆန်နီ မျက်လုံးကို ဖြည်းညှင်းစွာ ဖွင့်ကြည့်လိုက်တဲ့ အချိန်မှာတော့ သူ့ရဲ့ အောက်မှာရှိနေတဲ့ အိပ်ယာက အနည်းငယ် လှုပ်သွားတာကို ခံစားလိုက်ရပါတယ်..။

အခုက နေ့ရက်အသစ်ကို ရင်ဆိုင်ရမယ့် အချိန်ပါပဲ..။

သူက ရုတ်တရက် ထိပ်လန့်မူတွေ ကြီးစိုးသွားခဲ့ပြီး..ထထိုင်လိုက်တယ်..။သူ့ရဲ့ မျက်လုံးတွေက ပြူးကျယ်နေပြီး…အန္တရာယ် ၊ ကပ်ဘေးနဲ့ သေဆုံးခြင်း လက္ခဏာတွေ ရှိနေလား ဆိုတာကို လိုက်လံ ရှာဖွေလိုက်ပါတယ်..။သူ့ရဲ့ လက်လေးချောင်းလုံးက မြောက်တက်လာခဲ့ပြီး..ထက်ရှတဲ့ လက်သည်းတွေက တိုက်ခိုက်ဖို့အတွက် အဆင်သင့်ဖြစ်နေခဲ့တယ်..။

‘မဟုတ်ဘူး..မဟုတ်ဘူး..အဲတာတွေ အားလုံးက အိပ်မက်တစ်ခုပဲ..။ငါက နောက်ထပ် အိမ်မက်ဆိုးထဲမှာ ပြန်ရောက်နေခဲ့ပြန်ပြီ…။ငါက ဘယ်တော့မှ မလွတ်မြောက်နိုင်တော့ဘူး..’

ထိပ်လန့်မူတွေက သူ့စိတ်ထဲကို ဝင်ရောက်လာခဲ့ပေမယ့် ဖြည်းညှင်စွာပဲ..ပြေလျော့သွားခဲ့ပါတယ်..။

ဆန်နီ တစ်ခနလောက်ကြာအောင် ငြိမ်သက်နေပြီဂကာမှ..သူ့ရဲ့ အကြည့်တွေကို အောက်ချလိုက်ပြီး လက်လေးချောင်းစလုံးကို ကြည့်လိုက်တယ်..။လေးခု…ဒါက အရိပ်နတ်မိစ္ဆာရဲ့ ခန္တာကိုယ်ပါ..။သူက နိုးထနေခဲ့ပြီ..။သူက သူကိုယ်တိုင် ဖြစ်နေခဲ့ပါပြီ..။ကောင်းပြီလေ…သူ့ရဲ့ အိပ်မက်ဆိုးထဲက ခန္တာကိုယ်ပေါ့..အာ..ဒါက အတော်ရှုပ်ထွေးတာပဲ..။

သူက..ပျက်ဆီးနေတဲ့ ခံတပ် ၊ သူ အိပ်မက်မက်ခဲ့တဲ့ အဆုံးမရှိတဲ့ နိုပ်စက်မူတွေ ၊ အနက်ရောင်မြင်းနဲ့ ကြောက်မက်ဖွယ်ရာ တိုက်ပွဲ နဲ့ သူ့ရဲ့ အဆုံးသတ် အောင်နိုင်မူတွေကို ပြန်အမှတ်ရလိုက်ပါတယ်..။သူ့ရဲ့ရင်ဘတ်မှာ ရှိနေတဲ့ ဆိုးဝါးတဲ့ နာကျင်မူကလည်း ပျောက်ကွယ်သွားခဲ့ပါပြီ..။

တူ …တန်….တူ...တန်….။တူ…တန်….တန်….။တူ….တန်….တန်…..တန်…..

ထူးဆန်းတဲ့ အသံတွေကို ကြားနေခဲ့ရတာကြောင့် ဆန်နီဟာ..သူ့ရဲ့ ရင်ဘတ်ကို ကြည့်လိုက်တယ်..။

သူ့ရဲ့ အရိပ်သုံးခုစလုံးက ကြမ်းပြင်ပေါ်မှာ ရှိနေခဲ့တာကြောင့်..အရိပ်နတ်ဆိုးရဲ့ ကြမ်းတမ်းတဲ့ အသားအရည်ဟာ..အနက်ရောင် မဟုတ်တော့ပဲ..မူလအခြေအနေဖြစ်တဲ့ မီးခိုးရောင် ဖြူဖတ်ဖြူရော်အဖြစ် ပြောင်းလဲသွားခဲ့ပါတယ်..။သူ့ရဲ့ ဝမ်းဗိုက်မှာတော့..ဒေါင်လိုက်အနေအထား ရှိနေတဲ့..အမာရွတ်တစ်ခု ကို တွေ့မြင်နေခဲ့ရတယ်..။

ပြီးတော့ သူ့ရဲ့ အောက်ဘက်မှာတော့…တူ…တန်…တူ…တန်…နှလုံး နှစ်ခုက မြဲမြံစွာ ခုန်နေခဲ့တာပါ.။သူတို့တွေက ပုံမှန်အတိုင်း အလုပ်လုပ်နေကြပြီး လက်လေးချောင်း နတ်မိစ္ဆာရဲ့ ခန္တာကိုယ်အတွင်းထဲကို သွေးမြစ်ချောင်းတွေကို လှည့်ပတ် စီးဆင်းနေစေခဲ့တယ်..။

သူ အကြိမ်အနည်းငယ် မျက်တောင်ခတ်လိုက်ပါတယ်..။

‘ငါ…အသက်ရှင်နေတာလား..’

သူက အသက်ရှင်နေရုံသာမက..ပြီးပြည့်စုံ ကျန်းမာတဲ့ နှလုံးသား နှစ်ခုကိုပါ..ပိုင်ဆိုင်ထားခဲ့တာပါ..။

ဆန်နီ တစ်ခုခုကို သတိထားမိပြီး လက်တွေကို ကြည့်လိုက်တဲ့အချိန်မှာတော့..သူ့ရဲ့ ပြတ်တောက်နေတဲ့ လက်တွေပါ အကောင်းအတိုင်း ပြန်ရှိနေခဲ့တယ်..။ဒါက အရောင် အနည်းငယ် ကွာခြားသွားပြီး တောက်ပြောင်နေတဲ့ သစ်သားကနေ ထုလုပ်ထားတဲ့ ပုံပါပဲ..။သူ စိတ်အားထက်သန်စွာနဲ့ လက်သီးဆုပ်ကြည့်လိုက်တဲ့ အချိန်မှာတော့ သစ်သား လက်ချောင်းတွေကလည်း ကျန်တဲ့လက်တွေလိုပဲ..လိုက်လျောညီထွေစွာ ကွေးသွားတာကို တွေ့လိုက်ရတယ်..။

သူရဲ့ လက်ဖဝါးပေါ်ကို ဒီလက်ချောင်းတွေရဲ့ ထိပ်ဖျားတွေက လာရောက်ထိမိတာကိုတောင် ခံစားလိုက်ရပါတယ်..။သူ့ရဲ့ လက်သည်းအသစ်တွေကတော့..အရောင်ကင်းမဲ့တဲ့ သံမဏိတွေနဲ့ ပြုလုပ်ပေးထားခဲ့တယ်..။

နောက်ဆုံးမှာတော့..ဆန်နီ သူ့ရဲ့ မျက်လုံးတွေ မြင့်တက်လာခဲ့ပြီး..ပတ်ဝန်းကျင်ကို ကြည့်လိုက်ပါတယ်..။သူက ဘယ်ကို ရောက်နေတာလဲ ဆိုတာကို နားလည်ဖို့ ကြိုးစားလိုက်တာပါ..။

သူ မြင်တွေ့နေရတဲ့ အခန်းက အရမ်းကြီး မကျယ်ဝန်းသလို အရမ်းလည်း..မသေးငယ်ပါဘူး..။သူ့ရဲ့ နံရံနဲ့ မျက်နှာကျတ်တွေက..သစ်သားနဲ့ ပြုလုပ်ထားခဲ့တယ်..။ကြမ်းပြင်ကိုလည်း ကော်ဇောနဲ့ ပြုလုပ်ထားပြီး..အတော်ကို လှပတဲ့ ကော်ဇောတစ်ချပ်အောက်မှာရှိနေခဲ့ပါတယ်..။သူ အိပ်စက်နေတဲ့ အိပ်ယာကတော့ အတော်လေးကို ကြီးမားပါတယ်..။မွေ့ယာက..တိမ်စိုင်တွေလိုပဲ..ပျော့ပြောင်းနေခဲ့ကာ..အဖြူရောင် အိပ်ယာခင်းတွေနဲ့ ဖုံးအုပ်ပေးထားခဲ့တယ်..။

အခန်းထဲမှာလည်း တန်ဖိုးကြီးတဲ့ ပရိဘောဂပစ္စည်းတွေ ရှိနေခဲ့ပါသေးတယ်.။အဲဒီမှာတော့ ကြမ်းပြင်ပေါ်မှာ ချထားတဲ့တောက်ပတဲ့ ထိုင်ခုံတွေ ၊ သစ်သားစားပွဲပေါ်မှာ တည်ခင်းထားတဲ့ လတ်ဆတ်တဲ့ အသီးအနှံတွေ ၊ နဲ့ နံရံပေါ်က ကြီးမားတဲ့ ပြတင်း‌ပေါက် ၊ အဲဒီကနေတဆင့် မြင်နေရတဲ့ အသက်ရူမှားလောက်ဖွယ် ရူခင်းတွေ ရှိနေခဲ့တာပါ..။

ခမ်းနားတဲ့ အလှဆင်မူ တွေရှိနေတယ် ဆိုပေမယ့်..ဒီအခန်းက တစ်နည်းနည်းနဲ့ ရင်းနှီးနေသလို ခံစားနေခဲ့ရတယ်..။

ဆန်နီ မျက်မှောင်ကျုတ်လိုက်တယ်..။

‘ခနလေး…’

မီးစောင့်ရှောက်သူတွေ ပြင်ဆင်ခဲ့တဲ့ ရှေးဟောင်းသဘော်ပျံကြီး ပေါ်မှာလည်း ဒီလိုမျိုး အခန်းတစ်ခု ရှိခဲ့တာ မဟုတ်ဘူးလား..။ သို့ပေမယ့် အဲဒီအခန်းက ဒီအခန်းထက်ပိုပြီး ပျက်ဆီးယိုယွင်းနေခဲ့တာပါ..။

ရုတ်တရက် ဆိုသလိုပဲ..သူ့ရဲ့ စိတ်ထဲကို တစ်ခုခု ဝင်ရောက်လာခဲ့ပြီး သူ့မျက်လုံးတွေ ကျဉ်းမြောင်းသွားခဲ့ပါတယ်..။

‘နိုတစ်..အဲဒီ လိမ်ညာတတ်တဲ့ ငနဲ..’

ဆန်နီက ကြီးမားတဲ့ သဘော်ကြီးပေါ်ကို ပြန်ရောက်နေခဲ့ပါပြီ..။သူ့ရဲ့ ရွက်တိုင်ဝန်းကျင်မှာတော့ လှပတဲ့ သစ်ပင်တစ်ပင်က ပေါက်ရောက်နေခဲ့တယ်..။ဒီ သဘော်က ပျက်ဆီးယိုယွင်းသွားပြီး ကတ်စီရဲ့ အဖွဲ့သားတွေ ပြန်ပြင်ဆင်ထားတဲ့ အရာတော့ မဟုတ်ပါဘူး..။

ဒီအရာက မူလ ပိုင်ရှင် ကပ္ပတိန်ရဲ့ လက်ထဲမှာပဲ ရှိနေခဲ့ပါသေးတယ်..။အရှေ့ဘက်ခြမ်းမှာ ကြီးမားပြီး အားကောင်းတဲ့ မှော်ဆရာ..နိုတစ်..။

သူက ကတိပေးထားတဲ့ အတိုင်း ဆန်နီ နဲ့ အနက်ရောင် မြင်းရဲ့ တိုက်ပွဲအပြီးမှာ သူ့ကို ခေါ်ဆောင်သွားခဲ့တဲ့ ပုံပါပဲ..။ပြီဂတာနဲ့..အရိပ် နတ်မိစ္ဆာရဲ့ ခန္တာကိုယ်အတွက်..နှလုံးအသစ်တစ်ခု နဲ့..ရက်လုပ်မူတွေကို လေ့လာနေစဉ် ဆန်နီ ဆုံးရှုံးခဲ့ရတဲ့ လက်ချောင်းတွေကိုတောင် အသစ် လုပ်ပေးထားခဲ့ပါသေးတယ်..။

ဘယ်လောက်တောင် သဘောကောင်းလိုက်လဲ..

..သို့ပေမယ့် ဒီလိုဆိုတာနဲ့ပဲ..ဆန်နီအနေနဲ့ ဒီခွေးသားကို တစ်စစီ မဆုပ်ဖြဲပစ်ချင်တော့ဘူးလို့ မဆိုလိုပေ..။

‘အဲဒီ လိမ်ညာတတ်တဲ့ မွန်းစတားကောင်..။ခံတပ်ထဲမှာ တစ်ညလောက် ကုန်ဆုံးရမှာပါ..ဆန်းလပ်စ်..ဘာတွေများ အဆိုးဆုံး ဖြစ်လာနိုင်မှာ မို့လို့လဲ..ဆန်းလပ်စ်…။ငါ သူ့ကို လည်ပင်းညှစ်သတ်ပစ်မယ်..’

ဆန်နီ မုန်းတီးစွာ ရေရွတ်လိုက်ပြီး လက်သီးကို ဆုပ်ထားခဲ့တယ်.။သူ့ရဲ့ လက်သည်းတွေက အရည်ပြားထဲကို ဖောက်ဝင်လုနီးပါးတောင် ဖြစ်နေခဲ့ပါပြီ..။သူက နောင်တတရားတွေ ၊ ဒေါသတွေနဲ့ ပြည့်နှက်နေခဲ့တယ်..။

သို့ပေမယ့် တစ်ခနလောက် တွေးကြည့်ပြီးတဲ့နောက်မှာတော့..သူက သူက အစွယ်များကို ဝှတ်ထားပြီး..မျက်နှာချိုသွေးကာ ပြုံးပြဖို့ လိုအပ်ကြောင်း နားလည်သွားခဲ့တယ်..။ဟုတ်တယ်..လှည်စားတတ်တဲ့ မှော်ဆရာကို ကြမ်းတမ်းစွာ ဆက်ဆံဖို့ တွေးရတာက တကယ်ကို ကောင်းမွန်ပါတယ်..။သို့ပေမယ့်..နိုတစ်ရဲ့ ပုံစံက ဘယ်လောက်ပဲ အားနည်းတဲ့ ပုံစံပေါက်နေပါစေ..သူက အထွတ်အထိပ်အဆင့် အင်မော်တယ် တစ်ယောက်ပါ..။မျှော်လင့်ချက်နိုင်ငံတော်ရဲ့ ချိန်း အရှင်သခင်တစ်ယောက်..။သူ့ရဲ့ တည်ရှိမူနဲ့တင် ကြောက်မက်ဖွယ်ရာ ပျက်ပြားခြင်းအဆင့် မွန်းစတားကို ထွက်ပြေးစေဖို့အတွက် လုံလောက်ပါတယ်..။

ဒီလိုလူတစ်ယောက်ကို ရန်ငြိုးထားတာထက် ပိုပြီး အရေးကြီးတဲ့ အရာတွေ ရှိနေပါသေးတယ်..။

ဆန်နီက သူ့အကြောင်းပြောနေတာကို သိနေတဲ့ အလား..သောက်ကျိုးနဲ မှော်ဆရာက ရုတ်တရက် တံခါးကို တွန်းဖွင့်ပြီး အခန်းထဲကို ဝင်လာခဲ့တယ်..။သူက..အေးအေးဆေးဆေး နဲ့ သံစဉ်တစ်ခုကို လေချွန်ကာ ပြုလုပ်နေခဲ့တာပါ..။

နိုတစ်ရဲ့ ပုံစံက ဆန်နီ မှတ်မိထားတဲ့ အတိုင်း..လွတ်လွတ်လပ်လပ် နဲ့ သဘောကျစရာကောင်းပြီး..အရောင်အသွေးစုံလင်တဲ့ ပိုးချည်ဝတ်စုံကို ဝတ်ဆင်ထားခဲ့တယ်..။သူ့ရဲ့ အနက်ရောင် ဆံပင်တွေက..တောက်ပြောင်နေခဲ့ပြီး..သူ့ရဲ့ လှပတဲ့ အညိုရောင် မျက်လုံးတွေက..ပျော်ရွှင်မူတွေနဲ့ တလက်လက် တောက်ပနေခဲ့ပါတယ်..။

နိုတစ်ဟာ..လက်လေးချောင်း နတ်မိစ္ဆာကို မြင်ပြီး တောက်ပစွာ ပြုံးလိုက်တယ်..။

“အာ..ဆန်းလပ်စ်…မင်းနောက်ဆုံးတော့ နိုးလာပြီပေါ့..”

ဆန်နီ သူ့ကို စိုက်ကြည့်ရင်း မျက်လုံးထောင့်စွန်းတွေက လှုပ်ရှားနေခဲ့တယ်..။

‘ခွေးသား..မင်းက ငါ့ကို ငရဲထဲ ပို့ပြီးတာတောင်..ငါ့ကိုကြည့်ပြီး ပြုံးနေနိုင်သေးတယ်ပေါ့..’

သူတွေဝေနေပြီးကာမှ..အသံတစ်ချို့ကို ပြုလုပ်ပြီး နှုတ်ဆက်လိုက်ပါတယ်..။

သေချာတွေးကြည့်စမ်းပါဦး..ဒီမှော်ဆရာက တကယ်ပဲ..ငါ နဲ့ ဘာလုပ်ဖို့ ကြံစည်နေတာလဲ…

အဲ့အချိန်မှာပဲ အိပ်မက်ဆိုးတွေထဲက..အဆိုးဆုံး မှတ်ဉာဏ်တစ်ခုက သူ့ရဲ့ စိတ်ထဲကို ရုတ်တရက် ဝင်ရောက်လာခဲ့တယ်..။အဲတာက..သူ့ကို အနက်ရောင် သစ်သား အရုပ်တစ်ရုပ် အဖြစ် ပြောင်းလဲခဲ့တဲ့ အိပ်မက်ဆိုးပါ..။သူ့ကို ပြောင်းလဲခဲ့တဲ့ လူက ဘယ်သူများ ဖြစ်နိုင်ဦးမှာလဲ..။

ဆန်နီ ရုတ်တရက် ကြက်သီးမွှေးညှင်းထသွားခဲ့တယ်..။

နိုတစ် ကတော့ ပြုံးမြဲအတိုင်းသာ ပြုံးနေခဲ့ပြီး..ထူးဆန်းတဲ့ အသံနဲ့ ပြောလာခဲ့တယ်..။

“ကောင်းပြီလေ..ဒါဆိုလည်း..မင်းလည်း နိုးနေပြီဆိုတော့..ငါနဲ့အတူ လိုက်ခဲ့ရင်ရော ဘယ်လိုလဲ…ဟင်..ဆန်းလပ်စ်..”

ဆန်နီ တံတွေးမြိုချလိုက်တယ်..။

ဒီ ဖိတ်ခေါ်ချက်က သူ ငြင်းဆန်လို့ ရတဲ့ အရာမျိုး မဟုတ်ဘူးဆိုတာကိုတော့.. တစ်နည်းနည်းနဲ့ ခံစားနေခဲ့ရပါတယ်..။

All Chapters