← Chapters

စခန်း ပျက်စီးသွားခြင်း

Vol. 16 Ch. 248

စခန်း ပျက်စီးသွားခြင်း

Vol. 16 Ch. 248

လအနည်းငယ် အချိန်ယူပြီးနောက်။

လီချန်သည် ကောင်းကင်ဘုံဓားစံအိမ်၏ တောင်စောင့်မဟာအစီအရင်ကို ခင်းကျင်း ပြီးစီးသွားခဲ့၏။

အစစ်အမှန် ဒွိဒသမအခြေခံ မဟာအစီအရင်ပင် ဖြစ်ပေသည်။

လီချန် ယုံကြည်သည်မှာ ကောင်းကင်ဘုံဓားစံအိမ် နောက်တစ်ကြိမ် တိုက်ခိုက်ခံရပါက ဒွိဒသမအခြေခံ အစီအရင်သခင် ရှိနေလျှင်ပင် ဤမျှ လွယ်ကူစွာ ထိုးဖောက်နိုင်မည်ဟု စိတ်ကူးမယဥ်ဝံ့တော့ပေ။

ကောင်းကင်ဘုံဓားစံအိမ်သည် ပြန်လည်တည်ထောင်ခြင်း အခမ်းအနားကြီးကို ကျင်းပမည် ဖြစ်ရာ ထိုအချိန်တွင် ထျန်းချွမ်းကန္တာရ အနှံ့မှ အင်အားစု အများအပြား လာရောက်ကြမည် ဖြစ်သဖြင့် လီချန်သည် ကောင်းကင်ဘုံဓားစံအိမ်တွင် အချိန်အတန်ကြာ ထပ်မံနေထိုင်ရန် ကြံရွယ်လိုက်သည်။

သို့သော် ပြန်လည်တည်ထောင်ခြင်း အခမ်းအနားကြီးတွင် သူသည် သေချာပေါက် မျက်နှာပြမည် မဟုတ်ပေ။

လင်ချင်းဖိန်အား ကောင်းကင်ဘုံဓားစံအိမ် ပြန်လည်တည်ထောင်ရန် ကူညီမှတော့ လီချန်သည် တစ်ဝက်တစ်ပျက်ဖြင့် လက်လျှော့မည် မဟုတ်ပေ။

မည်သို့ပင်ဖြစ်စေ နောက်တစ်ကြိမ် ဗလာသို့ပြန်ခြင်းသည်လည်း အချိန် လိုနေသေး၏။

ဤသို့ဖြင့် အချိန်သည် ကောင်းကင်ဘုံဓားစံအိမ်၏ ပြန်လည်တည်ထောင်ခြင်း အခမ်းအနားကြီး နေ့သို့ ရောက်ရှိလာခဲ့ပြီး ဤနေ့တွင် စံအိမ်အတွင်း၌ အလွန် စည်ကား သိုက်မြိုက်နေကာ ထျန်းချွမ်းကန္တာရ အရပ်ရပ်မှ အင်အားစုများ အသီးသီး လာရောက်ကြ၏။

အတော်အတန် နာမည်ကျော်ကြားသော အင်အားစုများ အားလုံးနီးပါး ရောက်ရှိလာခဲ့ကြသည်။

ယခင်က ကောင်းကင်ဘုံဓားစံအိမ်နှင့် နာမည်တူ ဩဇာရှိခဲ့သော အသန်မာဆုံးအင်အားစု အနည်းငယ်သည်လည်း အလားတူ လာရောက်ခဲ့ကြ၏။

ယိုမင်နန်းတော် တစ်ခုသာလျှင် ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။

ဤ အင်အားစုများသည် သဘာဝအတိုင်း သတင်း လာရောက် စုံစမ်းကြခြင်း ဖြစ်ပြီး ယိုမင်နန်းတော်သည် အတိအကျ မည်သို့ ပျက်စီးသွားခဲ့သည်ကို သိရှိလိုကြ၏။

ထျန်းချွမ်းကန္တာရ အနှံ့တွင် ယိုမင်နန်းတော်သည် ကောင်းကင်ဘုံဓားစံအိမ်၏ သုတ်သင်ခြင်းကို ခံလိုက်ရသည်ဟု ကောလာဟလများ ပျံ့နှံ့နေသော်လည်း ကောင်းကင်ဘုံဓားစံအိမ်တွင် အသစ်စက်စက် မျက်နှာပြလာသော စံအိမ်သခင် လင်ချင်းဖိန် အပါအဝင် ထာဝရအသက်ရှင်ခြင်းလျှို့ဝှက်နယ်ပယ် ကျွမ်းကျင်သူ သုံးဦးမျှသာ ရှိရာ ယိုမင်နန်းတော်ကို သုတ်သင်နိုင်စွမ်း လုံးဝ မရှိပေ။

ထို့ပြင် အင်အားစုကြီး အသီးသီးမှ ရရှိထားသော သတင်း အချက်အလက်များအရ ယိုမင်နန်းတော် ပျက်စီးသွားခြင်းမှာ အလွန် လျင်မြန်လှပြီး အခြား အင်အားစုများ တုံ့ပြန်မှုပင် မပြုနိုင်လိုက်အောင် လျင်မြန်ခဲ့၏။

ယခင်က ကောင်းကင်ဘုံဓားစံအိမ်သည်လည်း အလားတူ ကံကြမ္မာဆိုးနှင့် ကြုံတွေ့ခဲ့ရ၏။

မည်သို့ပင်ဖြစ်စေ တာအိုရောင်းရင်းလီချန်က မျက်နှာပြမည် မဟုတ်ကြောင်း ရှင်းလင်းစွာ ပြောကြားထား၏။

သို့သော် ပြန်လည်တည်ထောင်ခြင်း အခမ်းအနားကြီး အချိန်တွင် လူကို အလွန် အံ့အားသင့်စေသော အင်အားစုတစ်ခု ရောက်ရှိလာခဲ့၏။

မဟာလအင်ပါယာ၏ ရွှေလနယ်မြေမှ စေလွှတ်လိုက်သော သံတမန် ဖြစ်ပေသည်။

၎င်းမှာ ယခင်တစ်ကြိမ် လီချန် လွှတ်ပေးခဲ့သော လမျိုးနွယ်လူ တီထူ ပင် ဖြစ်သည်။

"စံအိမ်သခင်လင်၊ ကောင်းကင်ဘုံဓားစံအိမ် ပြန်လည်တည်ထောင်တာကို ဂုဏ်ယူပါတယ်။ ကျွန်တော်က ရွှေလနယ်မြေကို ကိုယ်စားပြုပြီး လက်ဆောင်ပဏ္ဏာတစ်ခု ယူဆောင်လာခဲ့ပါတယ်။"

လမျိုးနွယ်လူ တီထူက ပြုံးလျက် ပြောလိုက်သည်။

ယခင်တစ်ကြိမ် ယိုမင်နန်းတော်တွင် အရှက်တကွဲ ထွက်ပြေးခဲ့ရသော အခက်အခဲသည် လုံးဝ ဖြစ်ပွားခဲ့ခြင်း မရှိသကဲ့သို့ပင်။

လင်ချင်းဖိန်သည် အလွန် အံ့ဩမိသည်။ ဤ လမျိုးနွယ်လူသည် ဘာအတွက်ကြောင့် ကောင်းကင်ဘုံဓားစံအိမ်၏ ပြန်လည်တည်ထောင်ခြင်း အခမ်းအနားသို့ လာရောက် ပါဝင်ရတာလဲ။

လီချန်သည် သူမအား လမျိုးနွယ်လူ ကိစ္စကို ပြောကြားခဲ့ခြင်း မရှိရာ သူမ ဤသို့ အံ့ဩမိခြင်းမှာ ပုံမှန်ပင် ဖြစ်သည်။

အံ့ဩမိသော်လည်း လင်ချင်းဖိန်သည် နွေးထွေးစွာ ဧည့်ခံခဲ့သည်။

ဤ လမျိုးနွယ်လူ တီထူ ကိုယ်စားပြုသည်မှာ ရွှေလနယ်မြေသာ ဖြစ်သော်လည်း ရွှေလနယ်မြေသည် မဟာလအင်ပါယာ၏ နယ်ပယ်ကြီး ငါးခုထဲမှ တစ်ခု ဖြစ်ပြီး အဆင့်အတန်း မြင့်မားမှုမှာ ထာဝရမင်းဆက်ထဲမှ ကျူးဝမ်လေးပါး နှင့် ညီမျှ၏။

ဤ ကျူးဝမ်လေးပါး မှာ လင်ဝမ်အိမ်တော်ကဲ့သို့သော သာမန်အိမ်တော် အင်အားစုများနှင့် နှိုင်းယှဥ်နိုင်သော အရာ မဟုတ်ပေ။

ရွှေလနယ်မြေမှ သံတမန်စေလွှတ်ခြင်းသည် အစတစ်ခုမျှသာ ဖြစ်ပြီး ထာဝရမင်းဆက်၏ အရှေ့ကျူးဝမ်အိမ်တော်သည်လည်း အလားတူ သံတမန် စေလွှတ်ကာ ပြန်လည်တည်ထောင်ခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့၏။

လင်ချင်းဖိန်သည် ချက်ချင်းပင် ဖိအား အလွန် ကြီးမားလာခဲ့သည်။

သူမသည် ကောင်းကင်ဘုံဓားစံအိမ်၏ ပြန်လည်တည်ထောင်ခြင်း အခမ်းအနားကြီးက အဘယ်ကြောင့် ဤ အင်အားစုကြီး နှစ်ခု၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ခဲ့သည်ကို မသိရှိသော်လည်း ဤသည်မှာ သေချာပေါက် ကောင်းမွန်သော ကိစ္စတစ်ခု မဟုတ်ပေ။

ပြန်လည်တည်ထောင်ပြီးနောက် ကောင်းကင်ဘုံဓားစံအိမ်ကို မဆိုထားနှင့် အထွတ်အထိပ် အခြေအနေတွင် ရှိခဲ့သော ကောင်းကင်ဘုံဓားစံအိမ်ပင်လျှင် ထာဝရမင်းဆက်နှင့် မဟာလအင်ပါယာ၏ ရှေ့မှောက်တွင် အလွန် မျက်စိထဲ မထင်ရှားသော အင်အားစုငယ်လေး တစ်ခုမျှသာ ဖြစ်သည်။

ပြန်လည်တည်ထောင်ခြင်း အခမ်းအနားကြီး ပြီးဆုံးပြီးနောက် အခြား အဖွဲ့အစည်း အသီးသီးသည် ထွက်ခွာသွားခဲ့ကြပြီ ဖြစ်သော်လည်း ရွှေလနယ်မြေနှင့် ထာဝရမင်းဆက်မှ စေလွှတ်လိုက်သော သံတမန်များမှာမူ ထွက်ခွာသွားခဲ့ခြင်း မရှိပေ။

သူတို့၏ရည်ရွယ်ချက်မှာ ကောင်းကင်ဘုံဓားစံအိမ်၏ ပြန်လည်တည်ထောင်ခြင်း အခမ်းအနားသို့ တက်ရောက်ရန် သက်သက်မျှသာ မဟုတ်ဘဲ ပိုမို ကြီးမားသော ရည်ရွယ်ချက် ရှိနေသေး၏။

"စံအိမ်သခင်လင်၊ ခင်ဗျားတို့ စံအိမ်က ယိုမင်နန်းတော်နေရာကို လက်လွှတ်ပေးနိုင်ဖို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့ ရွှေလနယ်မြေက ဈေးနှုန်းမြင့်မြင့်နဲ့ ဝယ်ယူနိုင်ပါတယ်။"

ရွှေလနယ်မြေမှ တီထူက လာရောက်ရင်း အကြောင်းအရင်းကို ရှင်းလင်း ပြောကြားလိုက်၏။

"တီထူ၊ ယိုမင်နန်းတော် နယ်မြေရဲ့ တန်ဖိုးက ပိုက်ဆံနဲ့ တိုင်းတာလို့ ရနိုင်တဲ့ အရာမှ မဟုတ်တာ။"

ထာဝရမင်းဆက်၏ သံတမန်က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး "စံအိမ်သခင်လင်၊ ကျွန်တော်တို့ အရှေ့ကျူးဝမ်အိမ်တော်က ယိုမင်နန်းတော်ရဲ့နယ်မြေကို ဈေးနှုန်းမြင့်မြင့်နဲ့ ငှားရမ်းလိုပါတယ်။ နှစ်တစ်ရာ ကြာရင် ပြန်ပေးပါ့မယ်။"

လင်ချင်းဖိန်သည် ရွှေလနယ်မြေနှင့် အရှေ့ကျူးဝမ်အိမ်တော်၏ ရည်ရွယ်ချက်မှာ ယိုမင်နန်းတော်အတွက် လာရောက်ခြင်း ဖြစ်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

သူမသည် ခေတ္တမျှ တွေဝေသွားပြီး အသက်ကို ပြင်းပြင်း တစ်ချက် ရှူသွင်းကာ ပြောလိုက်သည်။ "တောင်းပန်ပါတယ်။ ဒီကိစ္စကို ကျွန်မ ဆုံးဖြတ်ခွင့် မရှိပါဘူး။"

ရွှေလနယ်မြေ ဖြစ်စေ၊ အရှေ့ကျူးဝမ်အိမ်တော် ဖြစ်စေ၊ ကိုယ်စားပြုသည်မှာ သေချာပေါက် မဟာလအင်ပါယာနှင့် ထာဝရမင်းဆက်တို့ ဖြစ်ရာ ဤ အင်အားစုကြီး နှစ်ခု၏ ရှေ့မှောက်တွင် ကောင်းကင်ဘုံဓားစံအိမ်သည် ရွေးချယ်မှု ပြုလုပ်နိုင်စွမ်း လုံးဝ မရှိပေ။

တစ်ဖက်သို့ လိုက်လျောသည်နှင့် သေချာပေါက် အခြားတစ်ဖက်ကို စော်ကားသကဲ့သို့ ဖြစ်သွားပေမည်။

ထို့ပြင် ယိုမင်နန်းတော်သည် တာအိုရောင်းရင်းလီချန် တိုက်ခိုက် သိမ်းပိုက်ခဲ့ခြင်း ဖြစ်ရာ သူမတွင် စီမံခန့်ခွဲပိုင်ခွင့် အရည်အချင်း မရှိပေ။

"စံအိမ်သခင်လင်က ဆုံးဖြတ်ခွင့် မရှိမှတော့ ဆုံးဖြတ်ခွင့် ရှိတဲ့ အဲ့ဒီ တာအိုရောင်းရင်းကို ထွက်လာဖို့ အနှောင့်အယှက် ပေးပါရစေ။"

အရှေ့ကျူးဝမ်အိမ်တော်၏ သံတမန်က ချက်ချင်း ပြောလိုက်၏။

သူ ဤတစ်ကြိမ် လာရောက်ရခြင်း ရည်ရွယ်ချက်မှာ ယိုမင်နန်းတော်၏နယ်မြေကို သိမ်းပိုက်ရန်အပြင် ကောင်းကင်ဘုံဓားစံအိမ်၏ နောက်ကွယ်မှ ပုဂ္ဂိုလ်ကို တွေ့ဆုံရန်လည်း ဖြစ်သည်။

အရှေ့ကျူးဝမ်အိမ်တော်၏ သတင်း စုံစမ်းနိုင်စွမ်းဖြင့်ပင်လျှင် ထိုသူ၏ နောက်ခံသမိုင်းကို ရှင်းလင်းစွာ စုံစမ်းနိုင်ခဲ့ခြင်း မရှိသေးပေ။

"ခင်ဗျားတို့ နှစ်အိမ် ယိုမင်နန်းတော်ရဲ့နယ်မြေကို လိုချင်တာက မဖြစ်နိုင်တာတော့ မဟုတ်ဘူး။ ဈေး အများဆုံး ပေးနိုင်တဲ့သူ ရမယ်။"

လင်ချင်းဖိန် အခက်တွေ့နေစဥ် ကြည်လင်သော အသံတစ်ခု ထွက်ပေါ်လာပြီး ထို့နောက် လီချန်သည် ခန်းမဆောင်၏နောက်မှ လျှောက်လှမ်း ဝင်ရောက်လာ၏။

အကြည့် နှစ်စုံသည် လီချန်၏အပေါ်သို့ ကျရောက်လာ၏။

ရွှေလနယ်မြေမှ တီထူ၏အကြည့်တွင် ကြောက်ရွံ့မှု အငွေ့အသက် အနည်းငယ် ပါဝင်နေ၏။

မည်သို့ပင်ဖြစ်စေ ယိုမင်နန်းတော်မှ ထာဝရအသက်ရှင်ခြင်းလျှို့ဝှက်နယ်ပယ် ကျွမ်းကျင်သူ အနည်းငယ် ယိုမင်နန်းတော်သခင် အပါအဝင်မှာ သူ့မျက်စိ ရှေ့မှောက်တွင်ပင် ချက်ချင်း သတ်ဖြတ်ခြင်း ခံခဲ့ရလေသည်။

သို့သော် သူသည် ယခု ရွှေလနယ်မြေ သံတမန်အဖြစ်ဖြင့် ကောင်းကင်ဘုံဓားစံအိမ်သို့ လာရောက်ခြင်း ဖြစ်ရာ လီချန် ဝင်ရောက် တိုက်ခိုက်မည်ကို မစိုးရိမ်ပေ။

အရှေ့ကျူးဝမ်အိမ်တော် သံတမန်သည် လီချန်အား အကဲခတ် ကြည့်ရှုရင်း မေးလိုက်သည်။ "တာအိုရောင်းရင်းရဲ့ နာမည်ဂုဏ်ပုဒ်ကို သိလို့ရမလား။"

"နာမည်ဂုဏ်သတင်း မရှိတဲ့သူပါ။ မပြောတာပဲ ကောင်းပါတယ်။"

လီချန်သည် လက်ခါပြလိုက်ပြီးနောက် လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ မြေပုံ တစ်ချပ် ပျံသန်း ထွက်သွားပြီး ဆယ်ပိုင်းအဖြစ်သို့ ကွဲထွက်သွား၏။

"ဒါက ယိုမင်နန်းတော်ရဲ့ နယ်မြေပဲ။ ကျွန်တော် ဧရိယာအလိုက် ဆယ်ပိုင်း ပိုင်းခြားထားတယ်။ ခင်ဗျားတို့ ရွှေလနယ်မြေနဲ့ အရှေ့ကျူးဝမ်အိမ်တော်က ဆယ်ကြိမ် လေလံဆွဲကြ။ နောက်ဆုံး ဘယ်လောက်အထိ လေလံဆွဲနိုင်မလဲ ဆိုတာကတော့ ခင်ဗျားတို့ရဲ့ စွမ်းအားအပေါ်မှာပဲ မူတည်တယ်။"

လီချန်က တည်ငြိမ်စွာ ပြောလိုက်၏။

ရွှေလနယ်မြေမှ တီထူနှင့် အရှေ့ကျူးဝမ်အိမ်တော် သံတမန်တို့ နှစ်ဦးစလုံး တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်လိုက်ကြသည်။ ဒီလိုလည်း လုပ်လို့ရသေးတာလား။

လင်ချင်းဖိန်သည်လည်း အလားတူ အလွန်အမင်း တုန်လှုပ်သွား၏။

"ကျွန်တော်တို့ ကောင်းကင်ဘုံဓားစံအိမ်က ထျန်းချွမ်းကန္တာရက အင်အားစုငယ်လေး တစ်ခုပါ။ ခင်ဗျားတို့ ရွှေလနယ်မြေ၊ အရှေ့ကျူးဝမ်အိမ်တော်တို့လို အင်အားစုကြီးတွေနဲ့ ဘယ်လို နှိုင်းယှဥ်လို့ ရမှာလဲ။ ဘယ်သူ့ကို ရောင်းရောင်း၊ အခြားတစ်ဖက်ကို စော်ကားသလို ဖြစ်သွားမှာ။ ကျွန်တော်တို့ ကောင်းကင်ဘုံဓားစံအိမ်က မခံနိုင်ပါဘူး။ ခင်ဗျားတို့ နှစ်ဖက်က စွမ်းအားရှိသလောက် လေလံဆွဲကြတာက ပိုကောင်းတယ်။ နှစ်ဦးစလုံး ဒီလိုဆိုရင် မျှတတယ်လို့ ယူဆကြမယ် ထင်ပါတယ် ဟုတ်လား။"

လီချန်သည် သူ၏ လက်နှစ်ဖက်ကို နောက်သို့ ပစ်ထားရင်း ညင်သာစွာ ရယ်မောလျက် ပြောလိုက်၏။

ရွှေလနယ်မြေမှ တီထူ၏မျက်နှာမှာ မည်းနက်နေသဖြင့် မည်သို့သော အမူအရာ ဖြစ်နေသည်ကို လုံးဝ မမြင်နိုင်ပေ။

သို့သော် အရှေ့ကျူးဝမ်အိမ်တော်၏ သံတမန်မှာမူ မျက်မှောင် ကြုတ်လျက် ရှိပြီး ထင်ရှားသည်မှာ လီချန်၏ ဤ ထူးခြားသော လုပ်ဆောင်မှုကြောင့် အခက်တွေ့သွားဟန်တူ၏။

"ဖြစ်နိုင်တာပေါ့။ လေလံဆွဲပြီး ပိုင်ဆိုင်မှုကို ဆုံးဖြတ်ကြတာပေါ့။"

ရွှေလနယ်မြေမှ တီထူက ပထမဆုံး နှုတ်ဖွင့် ပြောလိုက်သည်။ "တာအိုရောင်းရင်းထူစူးလည်း သဘောထား ကွဲလွဲစရာ မရှိလောက်ဘူး ထင်ပါတယ် ဟုတ်လား။"

"ကျွန်တော်လည်း သေချာပေါက် သဘောထား ကွဲလွဲစရာ မရှိပါဘူး။"

အရှေ့ကျူးဝမ်အိမ်တော်၏ သံတမန် ထူစူးက အေးစက်စွာ ရယ်မောလိုက်ပြီး။ "ဒါပေမဲ့။ တာအိုရောင်းရင်းတီထူ ယူဆောင်လာတဲ့ ယွမ်ကျောက်တုံးက လုံလောက်ရဲ့လား ဆိုတာကိုပဲ မသိတာ။"

အမတနယ်မြေတွင် အဓိက အသုံးအများဆုံး အရာမှာ ယွမ်ကျောက်တုံးမှ လွဲ၍ အခြား မရှိပေ။

အထူးသဖြင့် အင်အားစုကြီးများအကြား ကုန်သွယ်မှုတွင် များသောအားဖြင့် ယွမ်ကျောက်တုံးကို အသုံးပြုကြလေ့ ရှိ၏။

ထာဝရမင်းဆက်၊ မဟာလအင်ပါယာ နှင့် ရွှေရောင်သားရဲနန်းတော်တို့၏ အတွင်း၌ပင်... အဆင်ပြေစေရန်အတွက် သူတို့၏ သီးသန့် ယွမ်ငွေစက္ကူများကို ထုတ်ဝေကြသေး၏။

သို့သော် ဤ ယွမ်ငွေစက္ကူများသည် မိမိတို့၏ အင်အားစု နယ်နိမိတ်မှ ထွက်ခွာသွားသည်နှင့် တန်ဖိုး မရှိတော့ပေ။

ထျန်းချွမ်းကန္တာရ အတွင်း၌မူ အတော်အတန် ရှုပ်ထွေးသောကြောင့် ယွမ်ငွေစက္ကူ ထုတ်ဝေရန်မှာ ပို၍ပင် မဖြစ်နိုင်ပေ။

သို့သော် ဤ အင်အားစုကြီး သုံးခု၏ ယွမ်ငွေစက္ကူများသည် လျှို့ဝှက်စွာ ခေတ်စားနေဆဲ ဖြစ်သည်။

အင်အားစုကြီး သုံးခု၏ အာမခံချက်ရှိသဖြင့် ယွမ်ငွေစက္ကူများသည် လဲလှယ်၍ ရနိုင်သည်...

သို့သော် ယွမ်ကျောက်တုံးသည်သာ ထျန်းချွမ်းကန္တာရတွင် အခေတ်အစားဆုံး ဖြစ်သည်။

"ဟားဟား။ ဒါကပဲ ကျွန်တော် ပြောချင်နေတာ... ခင်ဗျားတို့ အရှေ့ကျူးဝမ်အိမ်တော်က နှစ်တစ်ရာပဲ ငှားချင်တာ မဟုတ်လား။ ကျွန်တော်တို့ ရွှေလနယ်မြေကတော့ ထာဝရ ဝယ်ယူဖို့ ကြံရွယ်ထားတာ။ ခင်ဗျား ပြောကြည့်။ ဒီ ယွမ်ကျောက်တုံးကို လုံလောက်အောင် မယူလာဘဲ နေပါ့မလား။"

ရွှေလနယ်မြေမှ တီထူက ထူးဆန်းစွာ ရယ်မောလိုက်၏။

"ဟမ့်။ ဒါကတော့ ခင်ဗျား စိုးရိမ်ပေးစရာ မလိုပါဘူး။"

အရှေ့ကျူးဝမ်အိမ်တော်မှ ထူစူး သံတမန်က အေးစက်စွာ ရယ်မောလိုက်၏။

အင်အားစုကြီး နှစ်ခု၏ သံတမန်များအကြား ယမ်းငွေ့များ ပြင်းထန်လျက် အချင်းချင်း ထိပ်တိုက် တွေ့နေကြ၏။

မကြာမီပင် နှစ်ဖက်အကြား ပြင်းထန်သော လေလံပွဲ တစ်ခု စတင်တော့မည် ဖြစ်သည်။

"စံအိမ်သခင်လင်၊ ဒါဆို ဒီတစ်ကြိမ် လေလံပွဲကို ခင်ဗျားကပဲ ဦးစီး ကျင်းပလိုက်ပါ။"

လီချန်သည် ဘေးတွင် ဝင်ထိုင်လိုက်ပြီး လင်ချင်းဖိန်အား ပြောလိုက်၏။

လင်ချင်းဖိန်သည် လီချန်တည်းဟူသော ဤ ကျောထောက်နောက်ခံ ရှိလာသည်နှင့် ချက်ချင်းပင် ယုံကြည်မှု ပြည့်လာခဲ့၏။

ထို့ပြင် သူမသည် တာအိုရောင်းရင်းလီချန်၏ ဤ နည်းလမ်းမှာ အပြစ်အနာအဆာ အကင်းဆုံး ဖြစ်သည်ဟု သိရှိပြီး ဤသို့ဖြင့် မည်သူ့ကိုမျှ စော်ကားသကဲ့သို့ ဖြစ်မည် မဟုတ်တော့ပေ။

မည်သို့ပင်ဖြစ်စေ ကောင်းကင်ဘုံဓားစံအိမ်သည် ယခု ယိုမင်နန်းတော်၏ ဤမျှ ကြီးမားသော နယ်မြေ တစ်ခုလုံးကို ဝါးမျိုနိုင်စွမ်း မရှိသေးပေ။

.....

နေ့တစ်ဝက်ခန့် ကြာပြီးနောက်။

ရွှေလနယ်မြေနှင့် အရှေ့ကျူးဝမ်အိမ်တော်၏ သံတမန်များသည် ကောင်းကင်ဘုံဓားစံအိမ်မှ ထွက်ခွာသွားခဲ့ကြ၏။

နယ်မြေ ဆယ်ခုအနက် ရွှေလနယ်မြေက ခြောက်ခု လေလံဆွဲနိုင်ခဲ့ပြီး အရှေ့ကျူးဝမ်အိမ်တော်က လေးခု ရရှိသွားခဲ့သည်။

ဤသည်မှာ အရှေ့ကျူးဝမ်အိမ်တော်က အရေးနိမ့်သွားသည်ဟု ဆိုလိုခြင်း မဟုတ်ပေ။

အမှန်တော့ ထိုသို့ မဟုတ်ပေ။ လီချန် ပိုင်းခြားထားသော နယ်မြေ ဆယ်ခုတွင် ကိုယ်ပိုင် အားသာချက်၊ အားနည်းချက်များ ရှိကြသည်... ထို့ကြောင့် အင်အားစုကြီး နှစ်ခု လေလံဆွဲနိုင်ခဲ့သည်မှာ မည်သူ နိုင်၊ မည်သူ ရှုံးဟု ပြောရန် ခက်ခဲပြီး မိမိ လိုအပ်ရာကို ရရှိသွားကြသည်ဟုသာ ဆိုနိုင်ပေသည်။

"တာအိုရောင်းရင်းလီချန်၊ ရှင့်ရဲ့ ဒီနည်းလမ်းကြောင့်သာ မဟုတ်ရင် ဒီတစ်ကြိမ် နှစ်ဖက်လုံးကို မစော်ကားမိအောင် လုပ်ဖို့က တော်တော်လေး ခက်ခဲသွားလောက်တယ်။"

လင်ချင်းဖိန်သည် အင်အားစုကြီး နှစ်ခု၏ သံတမန်များကို လိုက်ပါ ပို့ဆောင်ပြီးနောက် ခန်းမဆောင်ကြီး အတွင်းသို့ ပြန်လည် ရောက်ရှိလာပြီး လီချန်အား ပြောလိုက်၏။

"နောက်ဆက်တွဲ အရှုပ်အထွေးတွေက မနည်းမနော ရှိနိုင်လောက်တယ်..."

လီချန်က ခေါင်းခါရင်း ပြောလိုက်၏။

ဤ အင်အားစုကြီး နှစ်ခုက ရုတ်တရက် ယိုမင်နန်းတော်၏ နယ်မြေကို သိမ်းပိုက်လိုခြင်းမှာ ရည်ရွယ်ချက် မရှင်းလင်းပေ။

သို့သော် သူ့အား အံ့အားသင့်စေသည်မှာ ဤ အင်အားစုကြီး နှစ်ခုသည် အမှန်တကယ်ပင် အလိုအလျောက် ဝယ်ယူခဲ့ကြခြင်း ဖြစ်ပြီး... တိုက်ရိုက် လိမ်လည် လုယက်ခြင်း မဟုတ်ပေ။

ကြည့်ရသည်မှာ ဤ သုံးပွင့်ဆိုင် အင်အားစုများသည် ထျန်းချွမ်းကန္တာရတွင် လူမသိသော သဘောတူညီချက် တစ်စုံတစ်ခုကို ရရှိထားခဲ့ကြပုံ ပေါ်၏။

သို့မဟုတ်ပါက ထျန်းချွမ်းကန္တာရ အနှံ့တွင် လက်ရှိ အခြေအနေမျိုး ဖြစ်နေမည် မဟုတ်ဘဲ ကောင်းကင်ဘုံဓားစံအိမ် ဖြစ်စေ၊ ယိုမင်နန်းတော် ဖြစ်စေ သို့မဟုတ် အခြား အင်အားစုများ ဖြစ်စေ... အင်အားစုကြီး သုံးခုနှင့် နှိုင်းယှဥ်ပါက လုံးဝ ပြောပလောက်ခြင်း မရှိသော်လည်း ကြားညပ်လျက် ရှင်သန် နေထိုင်နိုင်ခဲ့ကြ၏။

"ဒီဘက်က ကိစ္စတွေ ပြီးပြီဆိုတော့ ကျွန်တော် အရင် ပြန်တော့မယ်။ ဘာကိစ္စ ရှိရှိ ခင်ဗျား ကျွန်တော့်ကို ချက်ချင်းဆက်သွယ်နိုင်တယ်။"

လီချန်က ပြောလိုက်၏။

"တာအိုရောင်းရင်းလီချန်၊ ဒါက စောစောက နှစ်ဖက်လုံးက ပေးချေသွားတဲ့ ယွမ်ကျောက်တုံးတွေပါ။"

လင်ချင်းဖိန်သည် အလျင်အမြန် သိုလှောင်ပစ္စည်း တစ်ခုကို ဆက်သလိုက်၏။

လီချန်သည် သိုလှောင်ပစ္စည်းကို လှမ်းယူလိုက်ပြီးနောက် ပျောက်ကွယ်သွားလေသည်။

ဤမျှ ကြီးမားသော ယွမ်ကျောက်တုံး ပမာဏကို ကောင်းကင်ဘုံဓားစံအိမ်တွင် ချန်ထားခဲ့ပါက သေချာပေါက် တည်ငြိမ်မှု ရှိမည် မဟုတ်ပေ...

ယခင် ယိုမင်နန်းတော်ကို သုတ်သင်စဥ်က ကောင်းကင်ဘုံဓားစံအိမ်၏ ရရှိမှုမှာ အလွန် ကြီးမားခဲ့ပြီး အနာဂတ် အချိန် အတော်ကြာသည်အထိ ဖွံ့ဖြိုးတိုးတက်မှု လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် လုံလောက်၏။

.........

ယီလင်မြို့ တာအိုကျောင်းတော်ထဲသို့ ပြန်လည် ရောက်ရှိလာခဲ့သည်။

လီချန်သည် ယန်ဝိညာဉ်အာရုံဖြင့် သိုလှောင်ပစ္စည်း အတွင်းမှ တောင်ပုံရာပုံ စုပုံနေသော ယွမ်ကျောက်တုံးများကို အာရုံခံ ကြည့်ရှုလိုက်ပြီး အလွန် ခံစားချက် ပြင်းပြသွား၏။ ယွမ်ကျောက်တုံး အရေအတွက်မှာ သန်း၇၃၀ကျော်မျှ ရှိပေသည်။

ဤသည်ပင် ယိုမင်နန်းတော်၏ နယ်မြေကို လေလံတင် ရောင်းချခြင်းမှ ရရှိသော အကျိုးအမြတ်ပင် ဖြစ်သည်။

သူသည် ယခု ယွမ်ကျောက်တုံးကို အသုံးပြု၍ ကျင့်ကြံရန် မလိုအပ်တော့ဟု ဆိုသော်လည်း အမတနယ်မြေတွင် ယွမ်ကျောက်တုံးသည် အဓိက သုံးစွဲသော ငွေကြေးပင် ဖြစ်သည်။

အလွန် မြင့်မားသော ကျင့်ကြံမှု အရင်းအမြစ် အများအပြားကိုပင်လျှင် အလားတူ ယွမ်ကျောက်တုံးကို အသုံးပြု၍ ဝယ်ယူနိုင်ပေသည်။

ထို့ပြင် ဤမျှ ကြီးမားသော ယွမ်ကျောက်တုံး ပမာဏ ရှိနေပြီ ဖြစ်ရာ... နတ်ဘုရားဓားဂိုဏ်း၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် စိုးရိမ်စရာ မလိုတော့ပေ။

အချိန်တိုင်းတွင် နတ်ဘုရားဓားဂိုဏ်း၏ ဖွံ့ဖြိုးတိုးတက်မှုကို ကန့်သတ်ထားသည်မှာ အဓိကအားဖြင့် ယွမ်ချီ အရင်းအမြစ်ပင် ဖြစ်သည်။

သို့သော် သူ ယခင်က ယန်လျန်ထံသို့ များပြားလှသော ယွမ်ကျောက်တုံးများကို ပေးအပ်ခဲ့ပြီး နတ်ဘုရားဓားဂိုဏ်းအတွက် အချိန် အတော်ကြာ အသုံးပြုနိုင်ရန် လုံလောက်သင့်ပေသည်။

ယီလင်မြို့ရှိ ဤ ကိုယ်တိုင် သင်ကြားပေးသော တပည့် အနည်းငယ်ကို လီချန်သည် များများစားစား အရေးမစိုက်ခဲ့ဘဲ ဂိုဏ်း တည်ထောင်ရန် အစရှိသည်တို့ကိုလည်း ကြံရွယ်ထားခြင်း မရှိဘဲ သူတို့အား ကိုယ်တိုင်တိုးတက်စေရန် လွှတ်ထားလိုက်၏။

သေချာတာတော့ ကျင့်ကြံမှု အရင်းအမြစ်များဘက်မှ ထောက်ပံ့မှုမှာမူ သေချာပေါက် မနည်းနိုင်ပေ။

ယခု သူတို့သည် အခြေခံအားဖြင့် ဖွံ့ဖြိုးတိုးတက်လာခဲ့ကြပြီ ဖြစ်ပြီး ယီလင်မြို့တွင် အတိုင်းအတာတစ်ခုအထိ သြဇာအာဏာ ရှိသော သိုင်းပညာ မိသားစုများ ဖြစ်လာခဲ့ကြ၏။

ပါရမီ အမြင့်ဆုံး ဖြစ်သော လင်းရွှီကဲ့သို့သော သူမှာ ယခု မဟာသူတော်စင်အဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။

နှစ်ပေါင်း ၁၁၀ကျော် အချိန်အတွင်း ဤသို့သော အဆင့်မျိုးသို့ ရောက်ရှိနိုင်ခြင်းမှာ လီချန် ပေးအပ် ချီးမြှင့်ခဲ့သော ကျင့်ကြံမှု အရင်းအမြစ်များသည် အဓိက အကျဆုံး ဖြစ်ပေသည်။

သို့သော် သူတို့ ယီလင်မြို့မှ ထွက်ခွာလိုပါက မည်သည့် အချိန်သို့ ရောက်ရှိမှ ဖြစ်မည်ကိုမူ မသိနိုင်ပေ။

မူလက လီချန်သည် တပည့် အနည်းငယ်ကို မွေးမြူပြီး အင်အားစုကို ဖွံ့ဖြိုးစေကာ သူ့လက်တံများကို ထျန်းချွမ်းကန္တာရ တစ်ခုလုံး နှင့် အခြားနေရာများသို့ပါ တဖြည်းဖြည်း ဆန့်တန်းသွားရန် ကြံရွယ်ခဲ့၏။

သို့သော် ဤ တပည့်များ၏ ကြီးထွားမှု နှုန်းမှာ အလွန် နှေးကွေးလှ၏။

သူ့စွမ်းအား တိုးတက်မှုကို လုံးဝ လိုက်မီနိုင်ခြင်း မရှိပေ...

သို့သော် သူသည် ယခု ဤ အရာများကို အရေးမစိုက်တော့ဘဲ။ တပည့် အနည်းငယ်ကို ဖြည်းညှင်းစွာ မွေးမြူပြီး သူတို့ ကြီးထွားလာသည်ကို ကြည့်ရှုခြင်းသည်။ တကယ်တော့ အတော်လေး စိတ်ဝင်စားစရာ ကောင်းလှသည်။ သို့မဟုတ်ပါက နေ့စဥ် တစ်ယောက်တည်း အထီးကျန်စွာ ကျင့်ကြံနေရသည်မှာ အချိန် ကြာလာသည်နှင့် အလွန် ပျင်းရိဖွယ် ကောင်းလှပေသည်။

......

နောက် တစ်နှစ်ကျော်တာ ကာလအတွင်း လီချန်သည် ကျင့်ကြံခြင်းထဲ၌သာ ကုန်ဆုံးခဲ့ပြီး တာအိုကျောင်းတော်မှ ထပ်မံ ထွက်ခွာခဲ့ခြင်း မရှိတော့ပေ။

ကောင်းကင်ဘုံဓားစံအိမ်ဘက်မှ မည်သည့် သတင်းမျှ ထွက်ပေါ်လာခြင်း မရှိရာ အဆင်ပြေ ချောမွေ့နေမည်ဟု တွေးထင်ရ၏။

ထို့ကြောင့် သူသည် အချိန်တန်သဖြင့် ဗလာသို့ပြန်ခြင်းကို စတင်လိုက်၏။

.......

သဲကန္တာရကမ္ဘာ။

အိုအေစစ်စခန်း အတွင်း။

လီချန်သည် မျက်လုံး မဖွင့်ရသေးမီပင် အံ့ဩတကြီး အော်ဟစ်သံများနှင့် ဒေါသတကြီး ဟိန်းဟောက်သံများကို ကြားလိုက်ရ၏။

သူ ရှိနေသော နေရာမှာလည်း သစ်သားအိမ် အတွင်း မဟုတ်တော့ပေ။

သစ်သားအိမ်သည် ဖျက်ဆီးခြင်း ခံလိုက်ရပြီဟု ဆိုရပေမည်။

စခန်း တစ်ခုလုံးသည် မြေပြန့်အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

ယခုလေးတင် ပြန်လည် ရောက်ရှိလာသော ဗလာသို့ပြန်သူများ တိုက်ခိုက်ခြင်းကို ခံလိုက်ရ၏။

စူးရှသော လေခွင်းသံ တစ်ခု ရုတ်တရက် တိုးဝင်လာ၏။

လီချန်သည် ပြင်းထန်စွာ လှိမ့်၍ ရှောင်တိမ်းလိုက်ရာ ထက်ရှသော လေပြင်းသည် ပခုံးကို ပွတ်တိုက် ဖြတ်သန်းသွားပြီး သူ့မျက်နှာကို စူးရှ နာကျင်သွားစေ၏။

မြေပြင် တုန်ခါသွားပြီး သစ်သား အစအနများ လွင့်စင်သွား၏။

လီချန်သည် နောက်ဆုံးတွင် ရှင်းလင်းစွာ မြင်တွေ့လိုက်ရပြီ။

၎င်းသည် လူပုံစံ ကင်းမြီးကောက် တစ်ကောင်နှင့်တူသော သတ္တဝါတစ်ကောင် ဖြစ်ပြီး ရှည်လျားသော အမြီး၏အပေါ်တွင် တူ တစ်ချောင်း ပေါက်နေ၏။

စောစောက သူ့အား တိုက်ခိုက်ခဲ့သည်မှာ ဤ တူနှင့်တူသော အမြီးပင် ဖြစ်သည်။

အခြားသူများကို ထပ်မံ ကြည့်လိုက်ရာ လူ သုံးဦးသာ ရှိတော့သည်... ၎င်းတို့ထဲမှ တစ်ဦးမှာ ထော့ပေါ ဖြစ်သည်။

ယခင် အသုတ်မှ လူများမှာမူ။

တစ်ဦးတစ်ယောက်မျှ မရှိတော့ပေ။

ဤ ဖျက်ဆီးခြင်း ခံထားရသော စခန်းကို ကြည့်လျှင် ဖြစ်နိုင်ခြေ အများစုမှာ ဤ သတ္တဝါ၏ သုတ်သင်ခြင်းကို ခံလိုက်ရခြင်း ဖြစ်သည်။

ဗလာသို့ပြန်သူများ အသတ်ခံရပါက အမှန်တကယ် သေဆုံးခြင်း မဟုတ်ဟု ဆိုသော်လည်း... အကယ်၍ လုံလောက်သော ဝိညာဉ်စွမ်းအင်ကို စုဆောင်းထားနိုင်ခြင်း မရှိပါက တစ်ကြိမ် အသတ်ခံလိုက်ရသည်နှင့် ဤတစ်ကြိမ် ဗလာသို့ပြန်ခြင်းသည် အချည်းနှီး ဖြစ်သွားသည်နှင့် ညီမျှ၏။

အရေးကြီးဆုံးမှာ ဤ အင်အားကြီး သတ္တဝါသည် စခန်းကို ကျူးကျော် ဝင်ရောက်လာခဲ့ပြီ... အကယ်၍ မောင်းထုတ်နိုင်ခြင်း သို့မဟုတ် သတ်ဖြတ်နိုင်ခြင်း မရှိပါက ဤ စခန်းကို ကာကွယ်နိုင်မည် မဟုတ်တော့ဟု စိုးရိမ်ရ၏။

စခန်း ဆုံးရှုံးသွားသော ဗလာသို့ပြန်သူများသည် ဤ အင်အားကြီး သတ္တဝါ၏ ခြိမ်းခြောက်မှုနှင့် ပေါင်းစပ်လိုက်ပါက... နောင် အခြေအနေမှာ အတော်လေး ဆိုးရွားသွားနိုင်ပေသည်။

အရေးကြီးဆုံးမှာ ဗလာသို့ပြန်သူများသည် အသတ်ခံရပြီးနောက် နောက်တစ်ကြိမ် ဗလာသို့ပြန်မည့် အချိန်ကို သတ်မှတ်နိုင်ခြင်း မရှိတော့ခြင်း ဖြစ်သည်။

ထော့ပေါသည် အရိုးဓားကို ဝှေ့ယမ်းကာ လူပုံစံ ကင်းမြီးကောက် မိစ္ဆာကို တိုက်ခိုက်လိုက်သော်လည်း လက်သည်း တစ်ချက်ဖြင့် ရိုက်နှက် လွှင့်စင်သွားခြင်းကို ခံလိုက်ရပြီး ပါးစပ်မှ သွေးများ အဆက်မပြတ် အန်ထွက်လာ၏။

ထို့နောက်တွင် ဤ လူပုံစံ ကင်းမြီးကောက် မိစ္ဆာသည် လက်သည်းဖြင့် နောက်တစ်ချက် ဗလာသို့ပြန်သူ တစ်ဦးကို ဝမ်းဗိုက် ဖွင့်ထုတ် ပစ်လိုက်ရာ အသက်ရှင်နိုင်တော့မည် မဟုတ်ပေ။

အခြား တစ်ဦးသည် ဤ မြင်ကွင်းကို မြင်သောအခါ စခန်းကိုပင် စွန့်လွှတ်ကာ လှည့်၍ ထွက်ပြေးလေတော့၏။

သို့သော် လူပုံစံ ကင်းမြီးကောက် မိစ္ဆာ၏ အရှိန်မှာ ပို၍ မြန်ဆန်ပြီး ရှည်လျားသော အမြီးဖြင့် ပြင်းထန်စွာ ရိုက်နှက်လိုက်ရာ အမြီးတူသည် လေထဲတွင် တဝီဝီ မြည်ဟီးလျက် ဤသူအား ရိုက်သတ်လိုက်ပြီးနောက် ရုပ်အလောင်းသည် တဖြည်းဖြည်း မှိန်ဖျော့ကာ ပျောက်ကွယ်သွားလေသည်။

မျက်တောင် တစ်ခတ်အတွင်း နောက်ထပ် ဗလာသို့ပြန်သူ နှစ်ဦး သုတ်သင်ခြင်း ခံလိုက်ရပြန်၏။

လီချန်နှင့် ပြင်းထန်စွာ ဒဏ်ရာရနေသော ထော့ပေါ နှစ်ဦးသာ ကျန်ရှိတော့၏။

လူပုံစံ ကင်းမြီးကောက် မိစ္ဆာသည် ပစ်မှတ်ကို တစ်ဦးတည်းသော ဒဏ်ရာ မရှိသေးသည့် လီချန်၏ အပေါ်သို့ ပြောင်းရွှေ့လိုက်လေသည်။

"တာအိုရောင်းရင်းလီချန်၊ စခန်းကို ကာကွယ်နိုင်တော့မှာ မဟုတ်ဘူး ထင်တယ်..."

ထော့ပေါက ခါးသီးစွာ ပြောလိုက်၏။

စခန်း ဆုံးရှုံးသွားပါက ဗလာသို့ပြန်သူများသည် နောင်တွင် အိုအေစစ်ထဲ၌ ရှင်သန်ရန်မှာ ဖြစ်နိုင်တော့မည် မဟုတ်ဟု စိုးရိမ်ရ၏။

ဤ လူပုံစံ ကင်းမြီးကောက် မိစ္ဆာသည် ဗလာသို့ပြန်သူ အားလုံး၏ အိပ်မက်ဆိုးကြီး ဖြစ်လာပေလိမ့်မည်။

"မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။"

လီချန်သည် အသက်ကို ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီး မျက်ဝန်းများထဲတွင် အေးစက်သော အလင်းတန်းများ လင်းလက်နေ၏။

ပြောရင်း သူသည် ကိုယ်တွင်းမှ လျန်ချီးဝိညာဉ်ဓားကို ဆက်သွယ်လိုက်ပြီး နတ်ဘုရားအကြောပေါက် ကိုးခုမှ ဝိညာဉ်နတ်ဘုရား စွမ်းအားကို ၎င်းထဲသို့ ထည့်သွင်းကာ အနီရောင်နှင့် အဖြူရောင် ဓားချီ နှစ်ခုကို ဖြည်းညှင်းစွာ ထုတ်လွှတ်လိုက်၏။

သူသည် မည်သည့် အဖိုးအခကို ပေးရသည် ဖြစ်စေ ဤ အိုအေစစ်စခန်းကို ကာကွယ်ရပေမည်။

ဤနှစ်များအတွင်း သူ့စွမ်းအား ဤမျှ လျင်မြန်စွာ တိုးတက်လာခဲ့ရခြင်းမှာ ဤ အိုအေစစ်စခန်းကို အားကိုးခဲ့ရသောကြောင့် ဖြစ်သည်။

***

All Chapters