← Chapters

မဟာကျင့်ကြံသူများ၏ စွမ်းဆောင်မှု

Vol. 54 Ch. 797

မဟာကျင့်ကြံသူများ၏ စွမ်းဆောင်မှု

Vol. 54 Ch. 797

ထိုအချိန်တွင် ကျီလဲ့မြို့တစ်ခုလုံးကို ကြောက်မက်ဖွယ် အရောင်အဝါများ ရုတ်တရက် လွှမ်းခြုံသွားလေသည်။ အခမ်းအနားပွဲတွင် စားသောက်နေသူအားလုံးသည် ထိတ်လန့်တကြားဖြစ်နေသော မျက်နှာဖြင့် အပြင်ဘက်သို့ လှမ်းကြည့်လိုက်ကြသည်။ ၎င်းတို့သည် အလင်းတန်းများစွာကို မြင်တွေ့လိုက်ရပြီးနောက် ကျီလဲ့ရိပ်မြုံအရှေ့တွင် လူတစ်စု ပေါ်ပေါက်လာခဲ့သည်။

ဦးဆုံးဝင်ရောက်လာသူသည် ကြက်သွေးရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦးဖြစ်၍ ချောမောသော မျက်နှာအသွင်အပြင်မျိုးရှိ၏။ သူသည် လောကီလောက၏ အနည်းငယ်သော အရိပ်အမြွက်ကြောင့် လမ်းလျှောက်လိုက်တိုင်း လေထုကို နင်းချေနေပုံရသည်။ တစ်ချိန်တည်းမှာပင်၊ မရေတွက်နိုင်သည့် နတ်မန္တန်များ သူ၏မျက်လုံးများအတွင်း လှည့်ပတ်နေခဲ့ရာ၊ လေးနက်သည့် လျှို့ဝှက်ဆန်းကြယ်မှုများဖြင့် ပြည့်နှက်နေပုံရသည်။ ဤလူကို တွေ့သောအခါ ယဲ့ချုံရှန်းအပါအဝင် ကောင်းကင်သုံးပါးဂိုဏ်းမှ လူတိုင်း အံ့အားသင့်နေသော အရိပ်အမြွက်များ ပြသလာသည်။

"သွေးကွန်ရက်တောင်တန်းက မဟာပညာရှင်ကြီး လော့စံချီပါလား၊ ဒီလင်းရှောင်းက အရိုအသေပေးပါတယ်" လော့စံချီသည် လင်းရှောင်းအောက် များစွာငယ်ရွယ်သော်လည်း သူမသည် လေးစားမှုကြီးမားစွာ ပြသ၍ တန်းတူရည်တူ ဆက်ဆံနေခဲ့သည်။

'သွေးကွန်ရက်တောင်တန်း'

ဤစကားလုံးသုံးလုံးသည် အစွမ်းထက်သော မှော်ပညာများ ပါ၀င်နေပုံဖြင့် ကြည့်ရှုနေသူအားလုံးကို ထိတ်လန့်သွားစေသည်။ အဘယ်ကြောင့်ဆိုသော် ကွေ့ယီတွင် ကောင်းကင်သုံးပါးဂိုဏ်းနှင့် နတ်ဂိုဏ်းပေါင်း တစ်ရာကျော်ရှိသည့်အပြင် အဆင့်မြင့်ဂိုဏ်းအရေအတွက်သည်လည်း အလွန်များပြားစွာရှိနေသည်။

သို့တိုင်ပင် မူလကနဦးဂိုဏ်းတစ်ခုအဖြစ် လေးစားခံရနိုင်သည့် တစ်ခုတည်းသောဂိုဏ်းသည် သွေးကွန်ရက်တောင်တန်းဖြစ်ရာ၊ ၎င်း၏ ရိုသေလေးစားမှုအဆင့်အတန်းနှင့်ပတ်သက်၍ ဩဇာအာဏာများစွာရှိနေသည်။ ထို့အပြင် သွေးကွန်ရက်တောင်တန်း၏ ဆက်ခံသူများနှင့် တပည့်များသည် လူအများအရှေ့သို့ များသောအားဖြင့် ပေါ်ပေါက်လာလေ့မရှိသည့်အတွက် လူအများအပြားသည် ၎င်းတို့ကို ကြားဖူးကြသော်လည်း မမြင်တွေ့ဖူးကြပေ။

ထိုနေ့တွင် သွေးကွန်ရက်တောင်တန်းမှ တစ်စုံတစ်ဦးကို တွေ့ခဲ့ရုံသာမကဘဲ စစ်မှန်ပညာရှင်စာရင်း၏ ပဉ္စမအဆင့်တွင်ရှိနေသည့် ထူးခြားသောစွမ်းအားရှင်ဖြစ်သည့်အပြင် အလယ်ပိုင်းနယ်မြေ၏ နံပါတ်တစ် အင်းပညာကျင့်ကြံသူအဖြစ် လူသိများသော လော့စံချီကို မထင်မှတ်ထားစွာ မြင်တွေ့ခဲ့ရသည်။ လော့စံချီသည် ခေါင်းညိတ်ပြပြီးနောက် မလှမ်းမကမ်းရှိ ယဲ့ချုံရှန်းကို တွေ့လိုက်ရသောအခါ ပြုံးပြ၍ လက်သီးဆုပ်ကာ နှုတ်ဆက်လိုက်လေသည်။

"သခင်လေးယဲ့လည်း ရောက်နေတာကို"

ယဲ့ချုံရှန်းသည် စစ်မှန်ပညာရှင်စာရင်း၏ ဆဌမမြောက်တွင်ရှိနေ၍ သူသည် ကောင်းကင်သုံးပါးဂိုဏ်းအတွင်း အင်အားအကြီးဆုံးဖြစ်သည့် ရှုန်းမော့ချိုင့်ဝှမ်းမှဖြစ်သည်။ ထို့ကြောင့် လော့စံချီသည် သူ့ကို ကွဲပြားစွာ ဆက်ဆံခြင်းက သဘာဝကျပေသည်။

ယဲ့ချုံရှန်းသည် အများအားဖြင့် မာနထောင်လွှား၍ မထီမဲ့မြင်ပြုလေ့ရှိသော်လည်း သွေးကွန်ရက်တောင်တန်း၏ ဤပညာရှင်ကို ရင်ဆိုင်ရသောအခါ သူ၏ရက်စက်ကြမ်းကြုတ်မှုကို ထိန်းသိမ်းလျက် အရိုအသေပေးလိုက်သည်။

"ကျင့်ကြံသူလော့က ယဉ်ကျေးလွန်းနေပါပြီ"

တစ်ချိန်တည်းမှာပင် လော့စံချီအနောက်မှ အမျိုးသမီးအနည်းငယ် လိုက်ပါဝင်ရောက်လာသည်။ ၎င်းတို့ကို ဦးဆောင်သူသည် စုတ်တံကိုင်ဆောင်ထားသည့် သက်လတ်ပိုင်းအရွယ် တာအိုကျင့်ကြံသူတစ်ဦးဖြစ်၍ သူမ၏ ခက်ထန်သော မျက်နှာပြင်တွင် အလျားလိုက်မျဉ်းကြောင်းများဖြင့် ပြည့်နှက်နေသည်။

သူမအနောက်တွင် နောက်တွဲဆံထုံးဖြင့် နူးညံ့သိမ်မွေ့၍ အပြစ်ကင်းစင်ပုံရသည့် မျက်လုံးဝိုင်းဝိုင်းတစ်စုံနှင့် မိန်းကလေးငယ်တစ်ဦးရှိနေသည်။ နောက်ဆုံးဝင်ရောက်လာသူများသည် တင်းကြပ်သောအဝတ်အစားများ ၀တ်ဆင်ထားသည့် အမျိုးသမီးခြောက်ဦးဖြစ်ရာ၊ ၎င်းတို့ တစ်ဦးချင်းစီသည် အဖိုးတန်ဓားရှည်များကို ကျောပေါ်တွင် သယ်ဆောင်ထားကြသည်။

ထိုအဖွဲ့ ရောက်လာသည့်နှင့် နေရာတွင် တစ်ချိန်လုံး ထိုင်နေသည့် ရွှယ်လွေ့လီသည် ရုတ်တရက် မတ်တပ်ထရပ်လာပြီးနောက် သူမ၏ မျက်လုံးများတွင် ရုန်းကန်မှုများ ပြသနေသော်လည်း ရိုသေလေးစားစွာ အော်ခေါ်လိုက်သည်။

"ဆရာ"

၎င်းသည် ရက်စက်သော တာအိုကျင့်ကြံသူ လီဟန်ချင်းဟု လူသိများသည့် ကျန့်ဟုန်ရိပ်မြုံပိုင်ရှင်၊ ရွှယ်လွေ့လီ၏ဆရာဖြစ်သည်။ လီဟန်ချင်းသည် ရွှယ်လွေ့လီ၏ နှုတ်ခွန်းဆက်မှုကို မည်သည့်စကားမျှ မပြောဘဲ အေးစက်သော အကြည့်တစ်ချက်ဖြင့်သာ တုံ့ပြန်လိုက်သည်။

အပြစ်ကင်းစင်သော အသွင်အပြင်နှင့် မိန်းကလေးသည်သာ တခစ်ခစ်ရယ်မော၍ ချစ်စရာကောင်းသော ကလေးအသံဖြင့် ရွှယ်လွေ့လီထံ လျှောက်လှမ်းလာကာ စကားပြောလိုက်သည်။

“ဒီရက်တွေအတွင်း ညီမလေး မမကို အရမ်းသတိရနေတာ"

ရွှယ်လွေ့လီ၏ မျက်နှာအမူအရာသည် အလွန်အကျည်းတန်လာသည်။ ကြာဖြူလေးကဲ့သို့ အပြစ်ကင်းစင်ပုံပေါ်သော ဤမိန်းကလေးသည် သူမအရှေ့တွင် တလေးတစားဆက်ဆံနေသော်လည်း နောက်ကွယ်တွင် သစ္စာဖောက်ကာ သက်တူရွယ်တူများ၏ ပံ့ပိုးမှုကို ဆုံးရှုံးအောင် ပြုလုပ်ခဲ့သည့် သူမ၏ ဂျူနီယာညီမဖြစ်သည်။

'ရှင်းသန့်နန်'

ရှင်းသန့်နန်၏ မျက်လုံးများသည် ခံစားချက်များဖြင့် ပြည့်နှက်လာပြီးနောက် သူမသည် ယဲ့ချုံရှန်းကို သိမ်မွေ့စွာ အရိုအသေပေးလိုက်သည်။

"သခင်လေးယဲ့ကို သန့်နန် နှုတ်ဆက်ပါတယ်"

ယဲ့ချုံရှန်းက ပြုံးပြပြီးနောက် ခနဲ့တဲ့တဲ့ ပြောလိုက်သည်။

"ကြည့်ရတာ ကျန့်ဟုန်ရိပ်မြုံအဖွဲ့က ကျင့်ကြံသူလော့နဲ့ အတူလိုက်လာကြတာပဲ"

လော့စံချီက သာမန်ကာလျှံကာ ရယ်မောလိုက်သည်။

"လမ်းမှာ ရုတ်တရက် ဆုံလာတာနဲ့ ကျုပ်တို့ အတူတူ ခရီးထွက်ဖို့ ဆုံးဖြတ်လိုက်တာပါ"

သို့သော် ယခုအခိုက်အတန့်တွင် ရှင်းသန့်နန် သည် လော့စံချီကို စိတ်အားထက်သန်သော မျက်လုံးများဖြင့် စိုက်ကြည့်နေ၏။

"အစ်ကိုလော့နဲ့ သိကျွမ်းရတာက သန့်နန်အတွက် အပျော်ရွှင်ရဆုံးကိစ္စပါ"

သူမ၏စကားများတွင် ပါဝင်သော ခယမှုများသည် ဖိတ်စဉ်လုနီးပါးပင်ဖြစ်နေသည်။ လော့စံချီသည် ထိုဖြစ်စဉ်ကို အလွန်ကျေနပ်ပုံရ၍ မောက်မာသော မျက်နှာအမူအရာဖြင့် ခေါင်းညိတ်ပြလိုက်သည်။

"ညီမလေးသန့်နန်က အပြစ်ကင်းစင်ပြီး တက်ကြွတော့ ကျုပ်လည်း ညီမလေးသန့်နန်ကို နှစ်သက်ပါတယ်"

ရှင်းသန့်နန်သည် ထိုစကားကြောင့် မျက်လုံးများ ကွေးညွတ်သွားသည်အထိ ပြုံးရယ်လိုက်ပြီးနောက် ရွှယ်လွေ့လီကို ရန်ဆွဟန် ကြည့်လိုက်လေသည်။ သူမသည် ရွှယ်လွေ့လီဘေးတွင် ထိုင်နေသော ရွှယ်အန်းကို သတိထားမိသောအခါ အနည်းငယ် အံ့အားသင့်သွားသည်။

ပြီးနောက် လှောင်ပြောင်သရော်သည့်လေသံဖြင့် ပြောလိုက်၏။

"မမ၊ မတွေ့ရတာတောင် ဘယ်နှရက်မှ မကြာသေးတာကို အစ်မဘေးမှာ ယောက်ျားတစ်ယောက်ရှိနေပြီလား။ ပြောတော့ ဓားတာအိုမှာပဲ ဘဝကို မြှုပ်နှံထားမှာမို့လို့ အချစ်ကို ထပ်မစဉ်းစားတော့ဘူးဆို"

“ပြီးတော့…” ရှင်းသန့်နန် ခေတ္တရပ်လိုက်ပြီးနောက် ရွှယ်အန်းကို စူးစမ်းလေ့လာလိုက်သည်။

“ဒီလူက ကြည့်ကောင်းပေမယ့် သူ့စွမ်းအင်က သာမန်ပါပဲ၊ သခင်လေးယဲ့ရဲ့ ကြီးကျယ်ခမ်းနားပြီး ကမ္ဘာကို လွှမ်းမိုးနိုင်တဲ့ နတ်တန်ခိုးနဲ့ နှိုင်းယှဥ်နိုင်လောက်တဲ့ ရွှေအင်မော်တယ်အဆင့်တောင် ရှိမှာမဟုတ်ဘူး"

ထိုသို့ပြောပြီးသည်နှင့် ရှင်းသန့်နန်သည် ပြည်တည်တည် ရယ်မောလိုက်သည်။

"တောင်းပန်ပါတယ် မမရယ်၊ ညီမလေးက တဲ့တိုးပဲ ပြောတတ်လို့ပါ။ ဒါပေမယ့် ဒါကလည်း မမရဲ့အကျိုးအတွက် ပြောတာပါ။ ဘာပဲဖြစ်ဖြစ် မမရဲ့ ကျင့်ကြံမှုတွေက ဒီလောက်မြန်မြန်ဆန်ဆန် ကျဆင်းသွားတာဆိုတော့ မမသာ ကိုယ်နဲ့လိုက်ဖက်မယ့်နေရာကောင်း ရှာမတွေ့ရင် ညီမလေးရဲ့ နှလုံးသား အရမ်းနာကျင်ရလိမ့်မယ်လေ"

ရွှယ်လွေ့လီသည် စကားတစ်ခွန်းမှ ပြန်မပြောခဲ့သော်လည်း ရှင်းသန့်နန် ပြောလာသည့် စကားလုံးတိုင်းသည် သူမ၏ မျက်နှာအမူအရာကို ပို၍ ဖြူဖျော့လာစေသည်။ အဆုံးတွင် သူမ၏မျက်နှာသည် စက္ကူကဲ့သို့ပင် ဖျော့တော့လာသည်။ သို့တိုင်ပင် သူမသည် နောက်ဆုံးမျှော်လင့်ချက်ဖြင့် သူမ၏ဆရာထံသို့ လှမ်းမျှော်ကြည့်လိုက်သည်။ သို့သော် ကျန့်ဟုန်ရိပ်မြုံပိုင်ရှင် လီဟန်ချင်းသည် လော့စံချီ၊ ယဲ့ချုံရှန်းတို့နှင့် ပြုံးရယ်လျက် စကားစမြည်ပြောနေခဲ့ရာ၊ ထိုစကားလုံးများကို လုံးလုံးလျားလျား သတိပြုမိပုံမပေါ်ပေ။

"ဆရာ" ရွှယ်လွေ့လီက တုန်တုန်ယင်ယင် အော်ခေါ်လိုက်သည်။

လီဟန်ချင်းသည် ရွှယ်လွေ့လီဘက်သို့ လှည့်ကြည့်လာသောအခါ သူမ၏ မျက်နှာပေါ်ရှိ အပြုံးများ ချက်ချင်း ပျောက်ကွယ်သွားကာ အေးခဲသော လေသံဖြင့် ပြောလာသည်။

"မင်း ညီမ ပြောတာမမှားဘူး၊ ဒီတစ်ခါလည်း မဟာအိပ်မက်အပိုင်းအစတွေဆီ မင်း သွားစရာ မလိုဘူး။ မင်းညီမနဲ့ ငါပဲ ဝင်သွားမယ်၊ မင်းက အပြင်မှာစောင့်နေ"

"ဒီကိစ္စပြီးတာနဲ့ မင်း သေချာစဉ်းစားသင့်တယ်။ သခင်လေးယဲ့က ငါ့ကို ပြောပြီးသား၊ သူက မင်းအပေါ် တကယ်စိတ်ရင်းအမှန်နဲ့ မေတ္တာရှိတာ"

လီဟန်ချင်း၏ စကားများသည် ရွှယ်လွေ့လီ၏ ရင်ဘတ်ကို လေးလံသော သံတူများဖြင့် ထုနှက်နေပုံရသည်။ ရွှယ်လွေ့လီတစ်ခုလုံး တုန်ယင်ကာ လဲကျတော့မည့်ဟန်ဖြင့် ယိမ်းယိုင်သွားသည်။ အကြောင်းမူကား၊ သူမ၏ဆရာသည် ဤမျှများပြားသော လူအများအရှေ့တွင် ထိုအကြောင်းအရာများ ပြောလာလိမ့်မည်ဟု မည်သည့်အခါမျှ မထင်မှတ်ထားသောကြောင့်ဖြစ်၏။ ထို့အပြင် ယဲ့ချုံရှန်း၏ နှုတ်ခမ်းထောင်တွင် ရမက်ကြီး၍ ရက်စက်ကြမ်းကြုတ်သော အပြုံးတချိုးကို သူမ သတိပြုလိုက်မိသည်။

ဤဖြစ်စဉ်သည် ရွှယ်လွေ့လီ၏ ခန္ဓာကိုယ်ကို အေးစက်သွားစေ၍ စားပွဲထောင့်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားသော သူမ၏ လက်များသည် သံသစ်သားစားပွဲကိုပင် အမှုန့်ဖြစ်သွားစေသည်။ အခန်းတွင်းရှိ လူတိုင်းသည် ရွှယ်လွေ့လီကို ထူးဆန်းသော အကြည့်များဖြင့် ကြည့်နေကြသည်။ ကိုယ်ချင်းစာနာသူများရှိသော်လည်း သူမ၏ ကံကြမ္မာကို ကျေနပ်အားရနေသူများလည်းရှိပေသည်။ လေထုအခြေအနေများ ပိုပို၍ ကြောက်မက်ဖွယ်ကောင်းလာသည်နှင့်အမျှ ထိုတိတ်ဆိတ်နေသော အခြေအနေကို လက်ခုပ်သံတစ်စုံက ဖြိုခွင်းလိုက်သည်။ လူတိုင်းသည် ထိုအသံလာရာဘက်သို့ လှည့်ကြည့်လိုက်သည်။

ရွှယ်အန်းသည် ဖြည်းညှင်းစွာ လက်ခုပ်တီး၍ ပေါ့ပါးစွာ ရယ်မောလျက် ပြောလိုက်သည်။

"ကောင်းကင်သုံးပါးဂိုဏ်းက လူတွေက အင်မော်တယ်လိုဖြစ်တည်မှုတွေလို့ ပြောကြတယ်။ ဒီနေ့ တွေ့လိုက်ရတော့ ခင်ဗျားတို့က တကယ့်ကို ထူးကဲလှပါလား။ ကိုယ့်ရဲ့ တပည့်မကို ရောင်းစားရတယ်လို့၊ ကျွတ် ကျွတ်။ တကယ်လည်း ထူးကဲတယ်လို့ ပြောရမယ်"

ဤစကားများသည် လူအများ၏ မျက်နှာအမူအရာကို သိသိသာသာ ပြောင်းလဲသွားစေသည်။ အထူးသဖြင့် လီဟန်ချင်း၏ မျက်လုံးများ ဒေါသစိတ်ဖြင့် အေးစက်သွားပြီးနောက် ကြိမ်းဝါးလိုက်သည်။

"လွေ့လီက ငါ့တပည့်ပဲ၊ ငါအသက်ရှင်စေချင်ရင် အသက်ရှင်ရမယ်၊ ငါ သေစေချင်ရင် သေရမယ်၊ ဒါ့အပြင်က ငါ့ကို ဒီလိုပြောနေရအောင် မင်းက ဘယ်သူလဲ"

ရွှယ်အန်းသည် အေးစက်စက် အရိပ်အမြွက်များဖြင့် ရယ်မောလိုက်သည်။

"ကြားရတာ ပြီးပြည့်စုံပေမယ့် ကျုပ် အမြင်မှာတော့ နည်းနည်းမှကို သောက်အဓိပ္ပါယ်မရှိဘူး"

All Chapters