← Chapters

သာ့ရှီရွာမှ ထွက်ခွာခြင်း

Vol. 18 Ch. 382

သာ့ရှီရွာမှ ထွက်ခွာခြင်း

Vol. 18 Ch. 382

နောက်ဆုံးတွင် အားလုံး၏ ခြိမ်းခြောက်မှုအောက်၌ လင်းလောင်စစ်သည် လင်းသာ့ချွေ့အား လက်ခံရန် သဘောတူလိုက်ရလေသည်။

ထို့နောက်တွင် လင်းလောင်စစ်သည် အကြီးဆုံးလင်းနှင့် လင်းလောင်အာ့တို့၏ တိုက်တွန်းမှုကြောင့် လျိုမိသားစု အလုပ်ရုံသို့သွား၍ ရူယီစားသောက်ဆိုင်မှ အိမ်လာကြည့်သူအား သွားဖိတ်ရသည်။

အကြောင်းမှာ သူတို့သည် လင်းရှောင်ယွဲ့၏ တားမြစ်ခြင်းခံထားရကာ လျိုမိသားစုထံ ချဉ်းကပ်ခွင့်မရှိဘဲ လင်းလောင်စစ်သာ ထိုနေရာသို့ သွားနိုင်သောကြောင့် ဖြစ်သည်။

လင်းလောင်စစ်သည် အခြားနည်းလမ်းမရှိဘဲ သွားရုံသာ တတ်နိုင်၏။

.....

လမ်းတစ်လျှောက်လုံးတွင် လင်းလောင်စစ်၏ စိတ်ခံစားချက်မှာ အလွန်ရှုပ်ထွေးနေခဲ့သည်။

မွန်းတည့်ချိန်ကျလျှင် ဇနီးဖြစ်သူကို မည်သို့ ရှင်းပြရမည်ကို သူ မသိပေ။

သို့သော် ကိစ္စအား သဘောတူပြီးဖြစ်ရာ အကြီးဆုံးလင်းနှင့် လင်းလောင်အာ့က သူ့အား နောင်တရခွင့်ပေးမည် မဟုတ်ပေ။ သူသည် ရဲတင်းစွာ ဆက်လုပ်ရုံသာ ရှိသည်။

လျိုမိသားစု အလုပ်ရုံသို့ ရောက်သောအခါ လင်းလောင်စစ်သည် သူ့ဇနီးကို မရှာရဲဘဲ ရူယီစားသောက်ဆိုင်မှ လူကြီးမင်းလီထံသို့ တိုက်ရိုက် သွားလိုက်သည်။

လူကြီးမင်းလီသည် သတင်းရသောအခါ လင်းမိသားစုက ဤမျှ လျင်မြန်စွာ အဖြေညှိနှိုင်းနိုင်လိမ့်မည်ဟု မထင်ထားသောကြောင့် အနည်းငယ် အံ့အားသင့်သွား၏။

သူသည် လင်းလောင်စစ်အား တွေ့ဆုံရန် ထွက်လာခဲ့သည်။

လင်းမိသားစုက လင်းအိမ်ကြီးရှိ အိမ်များအားလုံးကို ရောင်းချရန် သဘောတူလိုက်ပြီဟု လင်းလောင်စစ်ထံမှ ကြားရသောအခါ လူကြီးမင်းလီသည် ပျော်ရွှင်သွားမိသည်။ ပြီးနောက် သူသည် လင်းလောင်စစ်နှင့်အတူ လင်းအိမ်ကြီးသို့ ချက်ချင်း လိုက်ပါသွားလေသည်။

နောက်ဆက်တွဲကိစ္စများမှာ ပို၍ လွယ်ကူသွား၏။

လူကြီးမင်းလီက ဈေးနှုန်းတစ်ခုပေးပြီးနောက် နှစ်ဖက် ဈေးဆစ်ကြရာ လင်းအိမ်ကြီးသည် ရူယီစားသောက်ဆိုင်ထံသို့ ရောင်းချပြီးစီးသွားသည်။

အကြီးဆုံးလင်းနှင့် လင်းလောင်အာ့တို့သည် အခြေအနေများ ပြောင်းလဲသွားမည်ကို စိုးရိမ်သဖြင့် လူကြီးမင်းလီနှင့်သဘောတူညီပြီးနောက် ရွာသူကြီးအား သွားခေါ်ရန် လူတစ်ယောက်ကို ချက်ချင်း လွှတ်လိုက်သည်။

ရွာသူကြီးသည်လည်း အလွန် ပူးပေါင်းဆောင်ရွက်ကာ လျင်မြန်စွာ ရောက်ရှိလာခဲ့သည်။

ထို့နောက် နှစ်ဖက်စလုံးအား သဘောတူစာချုပ် ချုပ်ဆိုရန် ကူညီပေးခဲ့၏။

လင်းမိသားစု ပထမအိမ်နှင့် ဒုတိယအိမ်တို့သည် သာ့ရှီရွာမှ မကြာမီ ထွက်ခွာတော့မည်ကို သိရှိရသောအခါ လူကြီးမင်းလီသည် ရွာသူကြီးအား နေ့လယ်ပိုင်းတွင် လုပ်ငန်းစဥ်များ လုပ်ဆောင်ပေးရန် မျှော်လင့်လျက် ငွေတစ်စကို အပိုဆုပေးခဲ့သည်။ သို့မှသာ ရူယီစားသောက်ဆိုင်က မနက်ဖြန်မနက်မတိုင်မီ အိမ်ပိုင်ဆိုင်မှု စာချုပ်ကို ရရှိနိုင်မည် ဖြစ်သည်။

"ရတာပေါ့။ နေ့လယ်စာစားပြီးတာနဲ့ ကျွန်တော် ဒီကိစ္စကို သွားလုပ်လိုက်မယ်။ နေ့လယ်ခင်းတစ်ချိန်လုံးဆို လုံလောက်ပါတယ်။" ရွာသူကြီးသည် ငွေကို လက်ခံလိုက်ပြီး သွက်လက်စွာ သဘောတူလိုက်သည်။

ငွေတစ်စမှာ အပင်ပန်းခံခ ဖြစ်ပြီး၊ စာချုပ်လွှဲပြောင်းသည့်အခါတွင်လည်း သူကိုယ်တိုင်က ငွေအနည်းငယ် ရရှိနိုင်သေးရာ ဤတစ်ခေါက်တွင် သူ အမြတ်ရလေသည်။

ထို့အပြင် လင်းမိသားစု ပထမအိမ်နှင့် ဒုတိယအိမ်တို့၏ကိစ္စများ ပြီးပြတ်သွားပြီး သူတို့ကို သာ့ရှီရွာမှ ထွက်ခွာစေခြင်းဖြင့် အလုပ်များစွာ ရှုပ်ထွေးမှုမှ သက်သာစေနိုင်မည် ဖြစ်သည်။

လင်းမိသားစုဝင်အားလုံးက ရွာသူကြီးအား ကျေးဇူးတင်စကား ဆိုကြသည်။

ထို့နောက် ရွာသူကြီးနှင့် လူကြီးမင်းလီတို့ကို အတူတကွ လိုက်ပါ ပို့ဆောင်ပေးလိုက်ကြသည်။

အိမ်မကြီး၏ ခြံဝင်းထဲတွင် မကြာမီ လင်းသာ့ချွေ့နှင့် လင်းလောင်စစ်တို့သာ ကျန်ရစ်ခဲ့သည်။

ဟုတ်ပေသည်၊ ဤလူနှစ်ယောက်သာ ရွာသူကြီးနှင့် လူကြီးမင်းလီတို့ကို လိုက်မပို့ဘဲ ကျန်နေခဲ့ခြင်း ဖြစ်သည်။

လင်းသာ့ချွေ့သည် ခေါင်းကို အမြဲတစေ ငုံ့ထားပြီး လူများအားလုံး ထွက်သွားမှသာ ခေါင်းမော့၍ သူ့စတုတ္ထမြောက်သားကို ကြည့်လိုက်သည်။

"လောင်စစ်..." ထို့နောက် သူသည် ခက်ခဲသော မျက်နှာထားဖြင့် စတင် စကားပြောလိုက်သည်။

သူသည် လောင်စစ်အပေါ်၌ တမင်တကာ မှီခိုလိုခြင်း မဟုတ်ဘဲ အကြီးဆုံးလင်းနှင့် လင်းလောင်အာ့တို့၏ ဖိအားပေးမှုကြောင့်သာ နည်းလမ်းမရှိတော့ခြင်း ဖြစ်သည်။

လောင်စစ်က သူ့အပေါ် ကောင်း၏၊ သူလည်း သားဖြစ်သူအား သူ့ဇနီးနှင့် ပြဿနာတက်အောင် မလုပ်လိုပေ၊ သို့သော်...

လင်းလောင်စစ်သည် လင်းသာ့ချွေ့အား မော့ကြည့်လိုက်သည်။

သူ့ဖခင် မျက်နှာ မချိတင်ကဲ ဖြစ်နေသည်ကို မြင်သောအခါ သက်ပြင်းတစ်ချက် ချလိုက်သည်။

"ကိစ္စမရှိပါဘူး အဖေ။ အဖေ ပြန်နားတော့။ ညနေကျ ကျွန်တော် ထမင်းလာပို့ပေးမယ်။"

"အေး။" လင်းသာ့ချွေ့သည် ထူးလိုက်သော်လည်း ခြေထောက်များမှာ မရွေ့လျားဘဲ လင်းလောင်စစ်အတွက် စိတ်ပူနေကြောင်း ထင်ရှားနေသည်။

လင်းလောင်စစ်သည် လင်းသာ့ချွေ့အား တစ်ချက်ကြည့်ကာ နောက်တစ်ကြိမ် သက်ပြင်းချပြီး လှည့်ထွက်သွားလေသည်။

အချိန်မှာ မစောတော့ပေ။ ခဏကြာလျှင် သူ၏ဇနီးသည် နေ့လယ်စာ စားရန် ပြန်လာတော့မည် ဖြစ်သည်။

......

အိမ်ပြန်ရောက်သောအခါ လင်းလောင်စစ်သည် အတော်လေးအလုပ်ရှုပ်နေခဲ့သည်။

ဟင်းချက်သည့်အခါ သူသည် တမင်တကာ ဟင်းနှစ်ပွဲ ပိုချက်ထားလိုက်သည်။

နေ့လယ်တွင် လင်းလောင်စစ်၏ဇနီး အလုပ်မှ ပြန်လာသောအခါ စားပွဲပေါ်ရှိ ဟင်းလျာများ စုံလင်နေသည်ကို မြင်၍ အနည်းငယ် အံ့အားသင့်သွားသည်။

"ဘာလို့ ဟင်းတွေ ဒီလောက် အများကြီး ချက်ထားတာလဲ။" မျက်လုံးများလှုပ်သွားပြီး လင်းလောင်စစ်၏ဇနီးသည် တစ်စုံတစ်ခုကို ရုတ်တရက် တွေးမိသွားသည်။

"ပထမအိမ်နဲ့ ဒုတိယအိမ် အိမ်ရောင်းတဲ့ကိစ္စ ဖြေရှင်းပြီးသွားပြီလား။" သူမသည် လင်းလောင်စစ်အား မေးလိုက်သည်။

လင်းလောင်စစ်သည် သူ့ဇနီးကို ကြည့်လိုက်၏။

"အင်း။" သူသည် တောင့်တင်းစွာ ခေါင်းညိတ်လိုက်သည်။

လင်းလောင်စစ်၏ဇနီးမျက်နှာမှာ ချက်ချင်း ဝင်းပသွားသည်။

"ဘယ်လို ဖြေရှင်းလိုက်လဲ။ ရူယီစားသောက်ဆိုင်ကလူတွေ ဝယ်သွားတာလား။" သူမသည် လင်းလောင်စစ်အား ချက်ချင်း မေးလိုက်သည်။

ပထမအိမ်နှင့် ဒုတိယအိမ်တို့ အိမ်ကို အဆင်ပြေပြေ ရောင်းချနိုင်ခြင်းသည် ကိစ္စကောင်းတစ်ခု ဖြစ်ပေသည်။

ဤသို့ဆိုလျှင် ပထမအိမ်က သူတို့ကို ပြဿနာ လာရှာတော့မည် မဟုတ်ပေ။

လင်းလောင်စစ်သည် သူ့ဇနီးကို ထပ်မံ ကြည့်လိုက်ပြီး ပြောချင်သော်လည်း ပြောမထွက်သည့် မျက်နှာထား ဖြစ်နေသည်။

လင်းလောင်စစ်၏ဇနီးသည် နောက်ဆုံးတွင် တစ်ခုခု မှားယွင်းနေသည်ကို သတိပြုမိသွားသည်။

"ဘာဖြစ်တာလဲ။ အခြေအနေက ဘယ်လိုလဲ။" သူမသည် မျက်နှာထားကို ပြင်လိုက်ပြီး လင်းလောင်စစ်အား မေးလိုက်၏။

လင်းလောင်စစ်၏မျက်နှာသည် ရုန်းကန်နေဟန် ပေါက်နေသည်။

သူ့ဇနီးသည် စိတ်မထိန်းနိုင်ဘဲ နောက်တစ်ကြိမ် ထပ်မံ မမေးမြန်းမီတွင် သူ နောက်ဆုံး၌ ဖွင့်ဟ ပြောလိုက်သည်။

"ပထမအိမ်နဲ့ ဒုတိယအိမ်ရဲ့ အိမ်တွေတင်မကဘူး အိမ်မကြီးနဲ့ လောင်ဝူရဲ့ အိမ်တွေကိုပါ တစ်ခါတည်း ရောင်းလိုက်ပြီ။"

လင်းလောင်စစ်၏ဇနီး တုန်လှုပ်သွားသည်။

"အိမ်မကြီး။ အိမ်မကြီးကို ရောင်းလိုက်ရင် အဖေက ဘယ်လိုလုပ်မလဲ။" သူမသည် အလျင်စလိုမေးလိုက်သည်။

လင်းလောင်စစ်၏အကြည့်တို့သည် ချက်ချင်း ရှောင်လွှဲသွားပြီး သူ့ဇနီးကို တည့်တည့် မကြည့်ဝံ့တော့ပေ။

လင်းလောင်စစ်၏ဇနီးသည် နှလုံးတစ်ချက်တုန်ယင်သွားပြီး ရလဒ်ကို ခန့်မှန်းမိလိုက်လေသည်။

"ရှင် အဖေ့ကို ကျွန်မတို့နဲ့အတူ နေခိုင်းလိုက်တာလား။" ထို့နောက် သူမသည် လင်းလောင်စစ်အား အသံကျယ်စွာဖြင့် မေးလိုက်သည်။

"အင်း။" လင်းလောင်စစ်သည် ခေါင်းငုံ့ထားကာ သူ့ဇနီးကို မကြည့်ဝံ့ပေ။

လင်းလောင်စစ်၏ ဇနီးသည် ဒေါသများ တစ်ဟုုန်ထိုး ထွက်လာပြီး ခန္ဓာကိုယ်မှာ ချက်ချင်း ယိမ်းယိုင်သွားသည်။

"အမေ..." သာ့နျိုသည် ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

လင်းလောင်စစ်သည် တစ်ခုခု မှားယွင်းနေသည်ကို ချက်ချင်း သဘောပေါက်လိုက်ပြီး မျက်စိလျှင် လက်လျှင်ဖြင့် အမြန် လက်လှမ်းကာ သူ့ဇနီးကို ဆွဲထားလိုက်သည်။

သူ့ဇနီးသည် ဒေါသထွက်လွန်း၍ အသက်ရှူမဝတော့သည့် ပုံစံဖြစ်နေသည်ကို မြင်သောအခါ လင်းလောင်စစ်သည် အလျင်အမြန် ပြောလိုက်သည်။ "စိတ်မဆိုးပါနဲ့။ ဒီကိစ္စကို ငါ စီစဉ်လိုက်ပါ့မယ်။"

လင်းလောင်စစ်၏ဇနီးသည် သူမခင်ပွန်းကို တည့်တည့် စိုက်ကြည့်နေသည်။

"ရှင် ဘယ်လို စီစဉ်မှာလဲ။ ပထမအိမ်နဲ့ ဒုတိယအိမ်က မနက်ဖြန် သွားကြတော့မှာ။"

"ငါ... အများဆုံးတော့ အဖေ့အတွက် အိမ်ငှားပေးလိုက်မယ်လေ။" လင်းလောင်စစ်သည် စိတ်လောသွားပြီး ဤသို့ ပြောထွက်လိုက်သည်။

ဤစကား ထွက်လာသောအခါ သူ့ဇနီးသည် ဒေါသကြောင့် မျက်ဖြူလန်မတတ် ထပ်မံ ဖြစ်သွားရသည်။

"ကျွန်မ အခု နေ့တိုင်း အလုပ်ရှုပ်နေတာ ညဘက်တောင် အချိန်ပိုဆင်းနေတာ ဘာအတွက်လဲ။ အိမ်ငှားမယ်။ လင်းလောင်စစ်၊ ကျွန်မတို့အိမ်မှာ အကြွေးတွေ ရှိနေတုန်းနော်။"

လင်းလောင်စစ်သည် သူ၏ဇနီးအား အသက်မှန်မှန်ရှူနိုင်စေရန် အမြန်ကူညီပေးလိုက်သည်။

"ဒါဆို မင်း ဘယ်လိုလုပ်စေချင်လဲ ပြော။ စိတ်မဆိုးနဲ့တော့၊ ကျန်းမာရေး ထိခိုက်လိမ့်မယ်။"

အဖေ့ကို လက်ခံလိုက်ခြင်းက သူ့ဇနီးကို ဤမျှ ဒေါသထွက်စေမည်မှန်း ကြိုသိခဲ့လျှင် သူသည် အကြီးဆုံးလင်းနှင့် လင်းလောင်အာ့တို့အား မည်သို့မျှ သဘောတူမည် မဟုတ်ပေ။

လင်းလောင်စစ်၏ ဇနီးသည် လင်းလောင်စစ်အား ကြည့်လိုက်ပြီး အတန်ကြာမှ စိတ်ထဲမှ ဒေါသမီးကို နှိမ်နင်းလိုက်သည်။

ထို့နောက် သူမသည် လင်းလောင်စစ်ကို တွန်းထုတ်လိုက်ပြီး ကိုယ်ကို မတ်မတ် ထိုင်လိုက်သည်။

လင်းလောင်စစ်အား တစ်ချက်မျှ မကြည့်ဘဲ ထမင်း ဆက်စားနေ၏။

စားသောက်ရင်း တစ်ဖက်မှလည်း မျက်ရည်များ မထိန်းနိုင်ဘဲ ကျဆင်းလာသည်။

သူမ ဘယ်လိုဝဋ်ကြွေးတွေများရှိခဲ့လို့လဲ။ အခက်အခဲပေါင်းများစွာကို ဒီလောက်ကြိုးစားကျော်ဖြတ်ပြီး နောက်ဆုံးမှ လင်းမိသားစုအိမ်ကနေ ထွက်လာနိုင်တာကို အခု အဘိုးကြီးကို တင်ခေါ်ထားရမယ်တဲ့လား။

လင်းလောင်စစ်သည် သူ့ဇနီးကို ကြည့်ရင်း ဇနီးဖြစ်သူ မျက်ရည်ကျနေသည်ကို မြင်နေရသည်။ ထိုမျက်ရည်များသည် သူ့နှလုံးသားပေါ်သို့ ကျဆင်းနေသကဲ့သို့ ခံစားရပြီး နှလုံးသားတစ်ခုကို ထုံကျင်စွာ နာကျင်စေသည်။

"မငိုပါနဲ့တော့။ ငါ အခုပဲ ပထမအစ်ကိုနဲ့ ဒုတိယအစ်ကိုဆီ သွားလိုက်မယ်။ အိမ်မကြီးနဲ့ လောင်ဝူအိမ်ကို ရောင်းလို့ရတဲ့ ပိုက်ဆံတွေ သူတို့ကို ပေးပြီး မနက်ဖြန် အဖေ့ကိုပါ တစ်ခါတည်း ခေါ်သွားခိုင်းလိုက်မယ်။" ဤသို့ပြောရင်း လင်းလောင်စစ်သည် ထရပ်လိုက်သည်။

သို့သော် လင်းလောင်စစ်၏ဇနီး အံ့အားသင့်သွားကာ "ခဏ..." သူမသည် ခင်ပွန်းကို ချက်ချင်း တားလိုက်သည်။

လင်းလောင်စစ်သည် သူ၏လှုပ်ရှားမှုများကို ရပ်တန့်လိုက်ပြီး ဇနီးဖြစ်သူထံသို့ လှည့်ကြည့်လိုက်သည်။

"အဖေက အိမ်မကြီးနဲ့ လောင်ဝူအိမ်ကို ရောင်းလို့ရတဲ့ငွေတွေ ရှင့်ကို ပေးလိုက်တာလား။" လင်းလောင်စစ်၏ဇနီးက မေးလိုက်သည်။

ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ သူမ ယောက္ခထီသည် လင်းလောင်ဝူနဲ့ လင်းလန်ဟွာမှလွဲ၍ တခြားဘယ်သူ့ကိုများ ယုံကြည်ဖူးလို့လဲ။

အိမ်မကြီးနှင့် လောင်ဝူ၏ အိမ်ကို ရောင်းလိုက်လျှင် အဘိုးကြီးထံတွင် ဘာတစ်ခုမှ ကျန်တော့မည် မဟုတ်ပေ။

ငွေတွေကို သူမတို့ကိုပေးနိုင်ပါ့မလား။ သူမတို့ကို ဒီလောက်ပဲ ယုံကြည်နိုင်လို့လား။

"အင်း။" လင်းလောင်စစ်သည် ပြန်ဖြေလိုက်သည်။

"အစတုန်းကတော့ ဒုတိယအစ်ကိုက အဆိုပြုတာ။ အဖေ့ကို အိမ်ရောင်းလို့ရတဲ့ငွေတွေ သူနဲ့ အစ်ကိုကြီးကို ပေးဖို့။ ပြီးတော့ ဒုတိယအိမ်နဲ့ ပထမအိမ်က အဖေ့ကို အတူတူ စောင့်ရှောက်မယ်ပေါ့။ ဒါပေမဲ့ အဖေက သူ သာ့ရှီရွာကနေ မထွက်သွားချင်ဘူးလို့ ပြောတယ်။ အဲ့ဒီနောက်မှ ပထမအစ်ကိုက အဖေ့ကို ကျွန်တော်တို့ စတုတ္ထအိမ်နဲ့ နေဖို့ ပြောလာတာ။ အတူတူပဲ၊ အိမ်ရောင်းတဲ့ငွေတွေ ငါ့ကို ပေး၊ နောက်ဆို ငါက အဖေ့ကို အသက်ကြီးတဲ့အထိ စောင့်ရှောက်ပြီး သေတဲ့အထိ တာဝန်ယူရမယ်တဲ့။" လင်းလောင်စစ်သည် အမှန်အတိုင်း ပြောပြလိုက်သည်။

လင်းလောင်စစ်၏ဇနီးသည် ခေတ္တ စဉ်းစားလိုက်သည်။

"အဖေက သဘောတူလိုက်တယ်ပေါ့။"

"အင်း။"

လင်းလောင်စစ်ဇနီး၏မျက်လုံးများ အနည်းငယ် လှုပ်ရှားသွားသည်။

"အိမ်မကြီးနဲ့ လောင်ဝူရဲ့အိမ်၊ နှစ်ခုပေါင်းကို ငွေဘယ်လောက်နဲ့ ရောင်းလိုက်ရလဲ။" သူမသည် လင်းလောင်စစ်အား ထပ်မံ မေးလိုက်သည်။

အဘိုးကြီးက ငွေများကို ပေးရန် သဘောတူခဲ့သည်မှာ သူတို့ စတုတ္ထအိမ်နှင့် စိတ်အေးချမ်းသာစွာ နေထိုင်လိုသည့်ပုံ ပေါက်နေသည်။

ပထမအိမ်နှင့် ဒုတိယအိမ်တို့၏ စိတ်ဓာတ်အရ ယခု သူမခင်ပွန်း သွားရှာလျှင်လည်း ပထမအိမ်နှင့် ဒုတိယအိမ်ဘက်မှ အလျှော့ပေးလိမ့်မည် မဟုတ်ပေ။ အဓိပ္ပာယ်မဲ့ လှုပ်ရှားနေမည့်အစား လက်ခံလိုက်ခြင်းက ပို၍ ကောင်း၏။

အဘိုးကြီးသာ သူတို့နှင့်အတူ နေထိုင်ရန် အမှန်တကယ် စိတ်ဆန္ဒရှိပြီး ပြဿနာမရှာပါက သူတို့အနေနဲ့လည်း အဘိုးကြီးကို အသက်ကြီးသည်အထိ စောင့်ရှောက်ခြင်းမှာ မဖြစ်နိုင်သည့် ကိစ္စ မဟုတ်ပေ။

"ငွေစ ၄၂ စ။" လင်းလောင်စစ်သည် အမှန်အတိုင်း ပြောလိုက်သည်။

လင်းလောင်စစ်၏ဇနီး တုန်လှုပ်သွားသည်။

ငွေစ ၄၂ စဆိုသည်မှာ ပမာဏ မနည်းလှပေ။

မျက်လုံးထဲတွင် တုံ့ဆိုင်းမှုတစ်ချက် ဖြတ်ပြေးသွားပြီးနောက် လင်းလောင်စစ်၏ ဇနီးသည် နောက်ဆုံးတွင် ဖွင့်ဟ ပြောလိုက်သည်။ "ထိုင်ပြီး ထမင်းစားတော့။ သွားစရာ မလိုတော့ဘူး။"

လင်းလောင်စစ် အံ့အားသင့်သွားသည်။ သူသည် သူ့ဇနီးအား နားမလည်စွာ ကြည့်လိုက်သည်။

လင်းလောင်စစ်၏ ဇနီးသည် သူမခင်ပွန်းကို စိတ်မရှည်စွာ ကြည့်လိုက်သည်။

"သွားလည်း အသုံးမဝင်ဘူး။ အဲ့ဒီလောက် အချိန်ကုန်ခံပြီး ဘာလုပ်မလို့လဲ။"

လင်းလောင်စစ်၏ မျက်နှာသည် ချက်ချင်း ဝင်းပသွားသည်။

"ဟုတ်ပြီ၊ မသွားတော့ဘူး။ မင်း ပြောတဲ့အတိုင်းပဲ။" ဟုပြောရင်း အမြန် ထိုင်ချလိုက်သည်။

လင်းလောင်စစ်၏ဇနီးသည် သူမဘေးမှ ခင်ပွန်းကို တစ်ချက် ကြည့်လိုက်ပြီး ထမင်းစားရင်း ဆက်ပြောသည်။ "အဖေ့ကို ကျွန်မတို့ စတုတ္ထအိမ်မှာ လာနေခိုင်းလို့ မရတာတော့ မဟုတ်ဘူး။ ဒါပေမဲ့ မလာခင်မှာ ကျွန်မတို့ အဖေနဲ့ သဘောတူညီချက် သုံးချက် လုပ်ထားရမယ်။ မဟုတ်ရင် အဖေ ကျွန်မတို့အိမ်မှာ နေနေရင်တောင်မှ ထွက်သွားရလိမ့်မယ်။ အများဆုံးတော့ သူ့ကို စောင့်ရှောက်ဖို့ပေးထားတဲ့ငွေတွေ ပြန်ပေးပြီး သူ့ဘာသာသူ အိမ်ငှားနေခိုင်းတာဖြစ်ဖြစ်၊ အိမ်ဆောက်နေခိုင်းတာဖြစ်ဖြစ် လုပ်ခိုင်းလိုက်မယ်။"

လင်းလောင်စစ်၏မျက်နှာသည် ချက်ချင်းပင် အနည်းငယ် တင်းမာသွားသည်။

"ဘယ်သုံးချက်လဲ။"

"ပထမတစ်ချက်၊ စတုတ္ထအိမ်ကို နောက်ပိုင်း ကျွန်မတို့နှစ်ယောက် အတူတူ အုပ်ချုပ်မယ်။ ကိစ္စကြီးငယ်တိုင်း တိုင်ပင်ပြီး လုပ်မယ်။ အဖေက ကျွန်မတို့ စတုတ္ထအိမ်ရဲ့သခင် လုပ်လို့မရဘူး။"

လင်းလောင်စစ်သည် ခေါင်းညိတ်လိုက်သည်။

"ဒါ ရတယ်။ နောက်ဆို အိမ်ကိစ္စတွေ မင်းပဲ ဆုံးဖြတ်လိုက်တော့။ ဒီလိုဆို ငါလည်း ကြားထဲက ဗျာမများရတော့ဘူး။" လင်းလောင်စစ်က ပြောလိုက်သည်။

ဤစကား ထွက်လာသောအခါ လင်းလောင်စစ်၏ဇနီးသည် မထိန်းနိုင်ဘဲ ရယ်မောမိသွားသည်။

"ဒါ ရှင့်ဘာသာရှင် ပြောတာနော်။" ထို့နောက် သူမသည် အပြုံးကို ရုပ်သိမ်းလိုက်ပြီး လင်းလောင်စစ်အား ပြောလိုက်သည်။

သူမ၏ခင်ပွန်းသည် စိတ်ထား နူးညံ့သူဖြစ်ရာ ထိုအချိန်ကျ၍ အဘိုးကြီးက အမှန်တကယ် ပြဿနာရှာလာလျှင် သူသည် သူမနှင့် အဘိုးကြီးကြားတွင် ညပ်ကာ အမှန်တကယ်ပင် ခက်ခဲနေလိမ့်မည်။

လင်းလောင်စစ်သည် အနည်းငယ် အသိတရား ရှိသေးသဖြင့် အိမ်ထောင်ဦးစီး အခွင့်အာဏာကို စိတ်လိုကိုယ်လျောက် စွန့်လွှတ်ရဲပေသည်။

"ဟုတ်တယ်၊ ငါ ပြောတာ။" လင်းလောင်စစ်သည် သစ္စာစောင့်သိသော အမူအရာဖြင့် ချက်ချင်း ပြောလိုက်သည်။

၎င်းသည် လင်းလောင်စစ်ဇနီး၏ စိတ်ခံစားချက်ကို အနည်းငယ် ပို၍ ကောင်းမွန်သွားစေသည်။

"ဒုတိယတစ်ချက်က ဘာလဲ။" လင်းလောင်စစ်သည် လျင်မြန်စွာ ထပ်မံ မေးလိုက်သည်။

လင်းလောင်စစ်၏ဇနီးသည် သူမခင်ပွန်းကို တည်ကြည်သော မျက်နှာထားဖြင့် ကြည့်လိုက်သည်။

"ဒုတိယတစ်ချက်၊ အဖေ လျိုအိမ်တော်ကို ထပ်ပြီး ချဉ်းကပ်ခွင့် မရှိဘူး။ လျိုမိသားစုနဲ့လည်း သဘောထားကွဲလွဲမှုတွေ ဖြစ်ခွင့်မရှိဘူး။"

လင်းလောင်စစ်၏ မျက်နှာထားသည်လည်း တည်ကြည် လေးနက်သွားသည်။ သူသည် လေးနက်စွာ ခေါင်းညိတ်လိုက်သည်။

ဤအချက်သည် အလွန် အရေးကြီးသည်။

သူတို့ ဇနီးမောင်နှံနှစ်ဦးသည် လျိုမိသားစု အလုပ်ရုံမှ အလုပ်ကို ခက်ခက်ခဲခဲ ရရှိထားခြင်း ဖြစ်သည်။ အဘိုးကြီးကြောင့်သာ ပျက်စီးသွားခဲ့လျှင် နောင်လာမည့် နေ့ရက်များမှာ ဤမျှ ကောင်းမွန်တော့မည် မဟုတ်ပေ။

"တတိယတစ်ချက်ကရော။" လင်းလောင်စစ်သည် ဆက်လက် မေးမြန်းသည်။

လင်းလောင်စစ်၏ဇနီးသည် သူမအကြည့်ကို ကလေးနှစ်ယောက်ထံသို့ ရွှေ့လိုက်သည်။

"တတိယတစ်ချက်၊ သာ့နျိုနဲ့ အာ့နျိုက ရှင်တို့ လင်းမိသားစုရဲ့ သွေးသား မဟုတ်ပေမယ့် သူတို့က ကျွန်မနောက်ကို လိုက်ပြီး ရှင်တို့ လင်းမိသားစုဆီ ရောက်လာတာ။ အခု ရှင့်ကို အဖေလို့ ခေါ်သလို၊ ကျွန်မတို့ အဖေ့ကိုလည်း အဘိုးလို့ ခေါ်တယ်။

အဖေ ဒီကို ရောက်လာတဲ့အခါ၊ ဒီကလေးနှစ်ယောက်ကို ရင်းရင်းနှီးနှီး မနေလို့ ရတယ်။ ဒါပေမဲ့ သူတို့ကို ဆဲဆိုတာတွေ၊ အနိုင်ကျင့်တာတွေ လုပ်လို့ မရဘူး။" လင်းလောင်စစ်၏ ဇနီးသည် ဤစကားကို ပြောသည့်အခါ သူမ၏ခင်ပွန်းကို ကြည့်သော အကြည့်ထဲတွင် သတိထားမှု အနည်းငယ် ရောယှက်နေခဲ့သည်။

အစပိုင်းတွင် သူမ လင်းလောင်စစ်အား လက်ထပ်ရန် သဘောတူခဲ့သည့် အဓိက အကြောင်းအရင်းများထဲမှ တစ်ခုမှာ လင်းလောင်စစ်က သူမ၏ ကလေးနှစ်ယောက်အပေါ် ကောင်းမွန်စွာ ဆက်ဆံမည်ဟု ကတိပေးခဲ့ခြင်း ဖြစ်သည်။

လင်းမိသားစုသို့ လက်ထပ်လာပြီး ဤမျှ ကြာမြင့်သည့်တိုင် သူသည် အမှန်တကယ်ပင် ကတိတည်ခဲ့သည်။

သို့သော် လင်းမိသားစုမှ အခြားသူများမှာမူ ဤသို့ မဟုတ်ပေ။

ယခင်က ပထမအိမ်နှင့် ဒုတိယအိမ်တို့အကြောင်းမှာ ပြောစရာမလိုအောင်ပင်၊ သူမ၏ သာ့နျိုနှင့် အာ့နျိုတို့ကို မကြာခဏ ဆဲဆိုကြသည်။

အိမ်မကြီးဘက်တွင်မူ ယောက္ခမဖြစ်သူက ပို၍ နားမခံသာအောင် ဆဲဆိုတတ်သည်။

ယောက္ခထီးသည် သူတို့အား မျက်နှာချင်းဆိုင် ဆဲဆိုခြင်း မရှိသော်လည်း သူမ၏ ကလေးနှစ်ယောက်ကို မည်သည့်အခါမျှ မျက်နှာသာ ပေးခဲ့ခြင်း မရှိပေ။

ယခု အဘိုးကြီးက သူတို့အိမ်သို့ ပြောင်းရွှေ့လာမည် ဖြစ်ရာ သူ့သဘောထားကို သတိပြုရမည်မှာ သေချာသည်။ သူမ၏ ကလေးနှစ်ယောက်အပေါ်တွင်လည်း ကောင်းကောင်းမွန်မွန်ဆက်ဆံရမည်။

လင်းလောင်စစ်သည် ခေါင်းညိတ်လိုက်သည်။

"ရတယ်၊ ငါ အဖေ့ကို ပြောလိုက်မယ်။"

ဇနီးဖြစ်သူ၏ တောင်းဆိုချက် သုံးခုလုံးမှာ အလွန် ကျိုးကြောင်းဆီလျော်သည်။ အဖေ့ဘက်မှ သဘောမတူရန် အကြောင်းပြချက် မရှိပေ။

အကယ်၍ အဖေ မလုပ်နိုင်ခဲ့ပါက သူတို့ စတုတ္ထအိမ်တွင် ဆက်လက် နေထိုင်ရန် အမှန်တကယ်ပင် မသင့်တော်တော့ပေ။

ထိုအချိန်ကျလျှင် အများဆုံး သူသည် ထိုငွေစ ၄၂ စကို အသုံးပြု၍ အဖေ့အတွက် အိမ်ငယ်တစ်လုံး ထပ်မံ ဆောက်လုပ်ပေးပြီး သူ့အား ပြောင်းရွှေ့ခိုင်းလျှင်လည်း ဖြစ်ပေသည်။

လင်းလောင်စစ်၏ ဇနီးသည် လင်းလောင်စစ်အား တစ်ချက် ကြည့်လိုက်ပြီး ထမင်း ဆက်စားနေသည်။

ထို့နောက်တွင်မူ လင်းလောင်စစ်က သူ့ဇနီးအား ကျေးဇူးတင်ကြောင်းနှင့် ချီးကျူးစကားများ ဆိုနေသည်ကို ကြားရလေသည်။

........

ထမင်းစားပြီးနောက် လင်းလောင်စစ်၏ ဇနီးသည် အလုပ်ရုံသို့ အလုပ်ဆင်းရန် ပြန်သွားသည်။

လင်းလောင်စစ်သည် အိမ်ကို သပ်ရပ်အောင် ရှင်းလင်းပြီးနောက် အိမ်မကြီးသို့ သွားကာ လင်းသာ့ချွေ့အား သတင်း ပို့လိုက်သည်။

လင်းသာ့ချွေ့သည် သဘောတူညီချက် သုံးချက် ရှိသည်ဟု ကြားသောအခါ စိတ်ထဲတွင် မူလက အလွန် တင်းမာနေခဲ့သည်။ သို့သော် နားထောင်ပြီးသည့်နောက်တွင်မူ သက်ပြင်း ချနိုင်သွားသည်။

"ရတယ်။ ငါ အားလုံး သဘောတူတယ်။" ထို့နောက် သူသည် လျင်မြန်စွာ ပြောလိုက်သည်။

သဘောမတူနိုင်စရာ ဘယ်မှာရှိလို့လဲ။ စတုတ္ထသား၏ ဇနီး တောင်းဆိုချက်များအားလုံးသည် ကျိုးကြောင်းဆီလျော်သော အတိုင်းအတာအတွင်း၌သာ ရှိနေသည်။

စတုတ္ထသား၏ ဇနီးသည် အတိတ်ကကိစ္စများကို ထည့်မတွက်ဘဲ သူ့အား လက်ခံနိုင်ခြင်းအတွက် သူ ကျေးဇူးတင်ရပေမည်။

လင်းလောင်စစ်၏မျက်နှာသည် ဝင်းပသွားသည်။

"ဒါဆို အဖေ ဒီရက်ပိုင်းအတွင်း ဖြည်းဖြည်းချင်း ပစ္စည်းတွေ သိမ်းဆည်းထားလို့ ရပြီ။ သုံးရက်နေရင် ကျွန်တော်တို့ အိမ်သစ်ကို ပြောင်းရွှေ့ကြမယ်။"

"အေး။" လင်းသာ့ချွေ့၏ အိုမင်းသော မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်ထွက်လာသည်။

.......

နောက်တစ်နေ့။

ရူယီစားသောက်ဆိုင်မှ လူများသည် နံနက်စောစောကတည်းက လင်းအိမ်တော်ကြီးသို့ ရောက်ရှိကာ စောင့်ဆိုင်းနေကြသည်။

အိမ်ပိုင်ဆိုင်မှု စာချုပ်အသစ်ကို ရရှိပြီးမှသာ သူတို့ ထွက်ခွာသွားကြသည်။

ထို့နောက် လင်းမိသားစု ပထမအိမ်နှင့် ဒုတိယအိမ်မှ လူများသည် အိမ်ပြောင်းရွှေ့ ထွက်ခွာသွားကြသည်။

လင်းလောင်စစ်သည် ခြံဝင်းထဲတွင် အခြေအနေကို နားစွင့်နေပြီး လိုက်ပါ ပို့ဆောင်ခြင်း မပြုခဲ့ပေ။

လင်းမိသားစု အိမ်မကြီးထဲတွင် လင်းသာ့ချွေ့သည်လည်း အပြင်မထွက်ဘဲ ကျောက်ခုံတန်းပေါ်တွင် အချိန်အတော်ကြာ ထိုင်နေခဲ့သည်။

ဤသို့ဖြင့် လင်းမိသားစု ပထမအိမ်နှင့် ဒုတိယအိမ်တို့သည် တစ်မိသားစုလုံး သာ့ရှီရွာမှ ထွက်ခွာသွားကြလေသည်။

......

ချင်းရှီမြို့၊ လျိုအိမ်တော်။

လင်းမိသားစု ပထမအိမ်နှင့် ဒုတိယအိမ်တို့ သာ့ရှီရွာမှ ထွက်ခွာသွားပြီး မကြာမီတွင် လင်းရှောင်ယွဲ့သည် သတင်း ရရှိလိုက်သည်။

"အလိုက်တသိ ထွက်သွားရင် ပြီးတာပဲ။" သူမသည် ပေါ့ပေါ့ပါးပါး ပြောလိုက်ပြီး လက်ထဲမှ စာရင်းစာအုပ်ကို ချထားလိုက်သည်။

ချက်ချင်းပင် သူမသည် ရောက်လာသူကို ကြည့်လိုက်သည်။

"သွားပြီး အိမ်တော်ထိန်းဖန်းကို ခေါ်လာခဲ့။"

"ဟုတ်ကဲ့။" ထိုလူသည် ထိုအခါမှ ဆုတ်ခွာသွားသည်။

ခဏအကြာတွင် အိမ်တော်ထိန်းဖန်းသည် တံခါးမှ ဝင်ရောက်လာသည်။

လင်းရှောင်ယွဲ့သည် ခြံထဲရှိ မကြာသေးမီက ဝက်မွေးမြူရေးခြံနှင့် ကြက်မွေးမြူရေးခြံတို့၏ ပြင်ဆင်မှု အခြေအနေများကို မေးမြန်းပြီး လုပ်ငန်းများ အဆင်ပြေ ချောမွေ့နေမှသာ စိတ်ချသွားသည်။

"ဝက်အူချောင်းနဲ့ ဝက်ပေါင်ခြောက် အလုပ်ရုံရဲ့စီးပွားရေးက တစ်နေ့ထက်တစ်နေ့ ပိုကောင်းလာပေမယ့် ဝက်အရှင် ထောက်ပံ့မှု မလုံလောက်တဲ့ ပြဿနာကတော့ ဖြေရှင်းလို့ မရသေးဘူး။ ဘာများ အကြံဉာဏ် ရှိသေးလဲ။" လင်းရှောင်ယွဲ့သည် အိမ်တော်ထိန်းဖန်းအား မေးလိုက်သည်။

ကံကောင်းထောက်မစွာ ယခင်က သူမသည် လျန်နှင့် ကျိုးအား မိသားစုနှစ်စု ကိုယ်တိုင် ဝက်အရှင်များ ရှာဖွေရန် တစ်ချိန်တည်းတွင် အကြံပြုခဲ့သည်။ သူမဘက်မှ မှာယူမှုစာရင်း မစီစဉ်ဘဲ သူတို့အတွက် ဝက်အူချောင်းနှင့် ဝက်ပေါင်ခြောက်များ ပြုလုပ်ပေးနိုင်၏။

သို့မဟုတ်ပါက ဝက်အူချောင်းနှင့် ဝက်ပေါင်ခြောက် အလုပ်ရုံတွင် အသုံးပြုရန် ဝက်သားများ မရှိတော့သည်မှာ ကြာပြီ ဖြစ်သည်။

"ဝက်မွေးမြူရေးခြံက ဝက်ပေါက်လေးတွေက အခုမှ ခြံထဲ ဝင်တုန်းပဲ ရှိပါသေးတယ်။ ခြံထဲက ထုတ်ရောင်းနိုင်ဖို့ဆိုရင် ကြားထဲမှာ အချိန်အကြာကြီး လိုပါသေးတယ်။ အဲ့ဒီမတိုင်ခင်မှာတော့ ကျွန်တော်တို့ အပြင်ဘက်ကိုပဲ ဝက်အရှင်တွေ ထွက်ရှာရမှာပါပဲ။" အိမ်တော်ထိန်းဖန်းသည် မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။

"ချင်းရှီမြို့ အနီးတစ်ဝိုက်က ဝက်မွေးမြူရေး လုပ်ငန်းကြီးတွေဆီကို ကျွန်တော်တို့ အားလုံးနီးပါး ဆက်သွယ်ပြီးပါပြီ။ မှာလို့ရသလောက်လည်း အကုန် မှာထားပြီးပါပြီ။ ချင်းရှီမြို့ အပြင်ဘက်ကိုလည်း လူလွှတ်ပြီး ရှာခိုင်းထားပါတယ်။ ဒါပေမဲ့...

ကံကောင်းတာက ချင်းရှီမြို့မှာ ရေလမ်းခရီးက ကောင်းမွန်ပါတယ်။ ကျွန်တော် စဥ်းစားမိတာက ကုန်သည်သင်္ဘောတွေကို မြစ်အောက်ပိုင်းအတိုင်း လိုက်ရှာခိုင်းကြည့်ရင် ကောင်းမလား မသိဘူး။" အိမ်တော်ထိန်းဖန်းသည် လင်းရှောင်ယွဲ့အား ကြည့်လိုက်သည်။

လင်းရှောင်ယွဲ့သည်လည်း မျက်မှောင်ကြုတ်လိုက်သည်။

"ဒီလိုပဲ လုပ်ရတော့မှာပေါ့။"

အိမ်တော်ထိန်းဖန်းသည် အနည်းငယ် သက်ပြင်းချလိုက်သည်။

"နောက်ပြီးတော့၊ အန်းယန်ဝမ်ရယ်အိမ်တော်က မကြာသေးခင်က မူဝါဒအသစ်တစ်ခု ထုတ်ပြန်ထားပါတယ်။"

***

All Chapters