← Chapters

ဟူကုန်းကုန်း

Vol. 18 Ch. 386

ဟူကုန်းကုန်း

Vol. 18 Ch. 386

"အိုက်ယား၊ ဘာမှ ဒါပေမဲ့ လုပ်မနေပါနဲ့တော့။ အမေက အိမ်မှာပဲ နေပြီးတော့ ရှောင်ကျစ်နဲ့ ရှောင်ချင်ကို ကောင်းကောင်း ဂရုစိုက်လိုက်ပါ။ အမေက သမီးတို့နဲ့ လိုက်လာရင် အိမ်က ဘယ်လိုလုပ်တော့မလဲ။" လင်းရှောင်ယွဲ့သည် လျိုရှီ၏လက်ဖမိုးလေးကို ဖွဖွ ပုတ်လိုက်သည်။ "အိမ်မှာ အမေ ရှိနေမှ သမီးနဲ့ ရှန့်ကုန်းက စိတ်အေးလက်အေး သွားနိုင်မှာ မဟုတ်ဘူးလား။"

လျိုရှီသည် နောက်ဆုံးတွင် အတင်းမတောင်းဆိုတော့ဘဲ ခေါင်းညိတ် သဘောတူလိုက်လေသည်။ သို့သော် သူမသည် ထရပ်လိုက်ပြီး လင်းရှောင်ယွဲ့နှင့် လီရှောင်တို့အတွက် ခရီးဆောင်အိတ်များ ပြင်ဆင်ပေးမည်ဟု ဆိုပြန်သည်။ လင်မယားနှစ်ယောက်သည် သူမအား မငြင်းဆန်နိုင်ဘဲ သူမ၏အလိုအတိုင်း လိုက်လျောလိုက်ရသည်။

လျိုရှီ၏အခန်းထဲမှ ထွက်လာခါစတွင် အစေခံတစ်ဦးက ရုတ်တရက် လာရောက် သတင်းပို့လာကာ အန်းယန်ဝမ်ရယ် အိမ်တော်မှ လူ ရောက်လာသည်ဟု ပြောလေသည်။

"အမြန်ခေါ်လိုက်။" လင်းရှောင်ယွဲ့က ပြောလိုက်သည်။ သူမသည် မထွက်ခွာမီတွင် အန်းယန်ဝမ်ရယ်နှင့် တွေ့ဆုံလိုသေးသော်လည်း အချိန် မမီမည်ကို တွေးမိသဖြင့် ထိုအကြံအား လက်လျှော့ထားခဲ့သည်။ အန်းယန်ဝမ်ရယ်အိမ်တော်မှ လူ လွှတ်လိုက်လိမ့်မည်ဟု မထင်ထားခဲ့ရာ အံကိုက်ပင် ဖြစ်သွား၏။

"ဟုတ်ကဲ့။"

မကြာမီတွင် လင်မယားနှစ်ယောက်တို့သည် အန်းယန်ဝမ်ရယ် အိမ်တော်မှ လာသူအား တွေ့ဆုံလိုက်ကြသည်။ လာသူ၏ အမည်မှာ ဝေ့ပေါင် ဖြစ်ပြီး အန်းယန်ဝမ်ရယ်ဘေးမှ ယုံကြည်ရသော လူရင်းများထဲမှ တစ်ဦး ဖြစ်သည်။

"သခင်လေးလီနဲ့ သခင်မလေးလင်းကို နှုတ်ဆက်ပါတယ်။" ဝေ့ပေါင်သည် လင်မယားနှစ်ယောက်အား မြင်သောအခါ ရှေ့သို့ တိုး၍ အရိုအသေပြုလိုက်သည်။

လင်းရှောင်ယွဲ့သည် လက်ဆန့်တန်းလိုက်သည်။ "အရိုအသေပြုစရာ မလိုပါဘူး။ ဝမ်ရယ်က ခင်ဗျားကို လွှတ်လိုက်တာ ဘာကိစ္စ ရှိလို့လဲ။"

ဝေ့ပေါင်သည် မော့ကြည့်ကာ လင်းရှောင်ယွဲ့အား ကြည့်လိုက်သည်။ "ဝမ်ရယ်က သတင်းရထားပြီးပါပြီ။ ဧကရာဇ်မင်းကြီးက အမိန့်တော်ချပြီး သခင်မလေးလင်းကို မြို့တော်ကို ခေါ်ယူတဲ့ ကိစ္စကို သိပြီးပါပြီ။"

လင်းရှောင်ယွဲ့၏မျက်ဝန်းများ အနည်းငယ် လှုပ်ရှားသွားသည်။ အမိန့်တော် ကြေညာသူ ကုန်းကုန်းသည် လူများကို ခေါ်ဆောင်၍ မြင်းများကို အရှိန်ကုန် ခိုင်းနှင်ကာ မြို့တော်မှ ချင်းရှီမြို့သို့ မရပ်မနား ခရီးနှင်လာခဲ့သည်။ ဤဘက်သို့ ရှေ့ခြေတစ်လှမ်း ရောက်သည်နှင့် အန်းယန်ဝမ်ရယ် အိမ်တော်ဘက်တွင် နောက်ခြေတစ်လှမ်းက သတင်း ရရှိပြီးဖြစ်သည်။ အန်းယန်ဝမ်ရယ်အိမ်တော်၏ သတင်းရရှိမှု အရှိန်မှာ မလျင်မြန်ဟု မဆိုနိုင်ပေ။

"ဝမ်ရယ်နဲ့ သခင်လေးယွီက သခင်မလေးလင်းကို တောင်းပန်စကား ဆိုခိုင်းလိုက်ပါတယ်။ သခင်လေးချန်းချိုင်ဘက်က ကိစ္စက သူတို့ ကောင်းကောင်း မသွန်သင်မိလို့ ဒီလို ကိစ္စမျိုး ဖြစ်သွားရတာပါ။" ဝေ့ပေါင်သည် ဤသို့ပြောရင်း လင်းရှောင်ယွဲ့အား အရိုအသေပြုလိုက်သည်။

"ကိစ္စက ဒီအခြေအနေ ရောက်မှတော့ ဒါတွေ ပြောနေလို့လည်း အသုံးမဝင်တော့ပါဘူး။" လင်းရှောင်ယွဲ့က ခပ်ပေါ့ပေါ့ ပြောလိုက်သည်။ လျန်ချန်းချိုင်သည် သူမ၏ သရုပ်မှန်ကို မသိသောကြောင့်သာ ဧကရာဇ်ယန်ထံ ထောက်ခံ တင်သွင်းခဲ့ခြင်း ဖြစ်မည်။ မဟုတ်ပါက လျန်မိသားစုဝင်တစ်ဦးဖြစ်သော သူသည် သူမအား မြို့တော်သို့ စွန့်စား သွားရောက်စေမည် မဟုတ်သည်မှာ သဘာဝကျသည်။ အကြောင်းမှာ သူမသာ တစ်စုံတစ်ခု ဖြစ်ခဲ့ပါက လျန်မိသားစုမှသည် အန်းယန်ဝမ်ရယ်အထိ အားလုံး ပါဝင် ပတ်သက်သွားမည် ဖြစ်သောကြောင့်ပင်။

"ဝမ်ရယ်က ဘာများ မှာကြားလိုက်သေးလဲ။" လင်းရှောင်ယွဲ့က မေးလိုက်သည်။

ဝေ့ပေါင်သည် လင်းရှောင်ယွဲ့အား နောက်တစ်ကြိမ် လက်နှစ်ဖက်ယှက်လိုက်သည်။ "ဝမ်ရယ်က သခင်မလေးလင်းကို စိတ်အေးအေးထားဖို့ ပြောလိုက်ပါတယ်။ မြို့တော်ဘက်မှာ ခင်ဗျားရဲ့ နေထိုင်စားသောက်မှုတွေကို ဂရုစိုက်ဖို့ လူ စီစဉ်ထားပြီးပါပြီ။ သခင်လေးချန်းချိုင်ဘက်ကလည်း ခင်ဗျားကို ကောင်းကောင်း ဂရုစိုက်ပါလိမ့်မယ်။ နောက်ပြီးတော့၊ ဝမ်ရယ်နဲ့ ဝမ်ဖေးကလည်း သန်ဘက်ခါမှာ မြို့တော်ကို ခရီးဆက်မှာပါ။ အဲ့ဒီအချိန်ကျရင် ဝမ်ရယ် ရှိနေမှာမို့ သခင်မလေးလင်းကို ဘေးကင်းလုံခြုံအောင် ကာကွယ်ပေးနိုင်မှာ သေချာပါတယ်။"

လင်းရှောင်ယွဲ့သည် ကြားပြီးနောက် အနည်းငယ် အံ့အားသင့်သွားပြီး တစ်ချိန်တည်းမှာပင် စိတ်ထဲ၌လည်း များစွာ စိတ်အေးသွားသည်။ "ဝမ်ရယ်နဲ့ ဝမ်ဖေးလည်း မြို့တော်ကို ပြန်မှာလား။" နယ်စားမင်းများသည် အခေါ်တော် မရှိဘဲ မြို့တော်သို့ မဝင်ရောက်ရဟု ဆိုကြသည် မဟုတ်ဘူးလား။ ဧကရာဇ်ယန်က အခေါ်တော် ရှိခဲ့လို့လား။

"ဟုတ်ကဲ့၊ ကွေ့ဖေးမယ်မယ်ရဲ့ မွေးနေ့က နီးကပ်လာပါပြီ။ ဧကရာဇ်မင်းကြီးဆီက အမိန့်တော် တောင်းခံပြီး၊ ဝမ်ရယ်နဲ့ ဝမ်ဖေးကို မြို့တော်ကို ပြန်လာပြီး ဆုံစည်းခွင့် ပေးခဲ့တာပါ။"

"ဪ။" လင်းရှောင်ယွဲ့သည် ခေါင်းညိတ်လိုက်သည်။ "ကောင်းပြီ၊ ပြန်ရောက်ရင် ကျွန်မကိုယ်စား မင်းသားကို ကျေးဇူးတင်စကား ပြောပေးပါ။ နောက်ပြီးတော့၊ ကျွန်မတို့ လျိုမိသားစု၊ ပြီးတော့ အဲ့ဒီ ခြံဆယ့်နှစ်ခြံက လူတွေကို ဝမ်ရယ်အိမ်တော်က များများကူညီစောင့်ရှောက်ပေးဖို့ ဝန်ပိစေရဦးမယ်။" လင်းရှောင်ယွဲ့က ဆိုသည်။

ဝေ့ပေါင်သည် မော့၍ လင်းရှောင်ယွဲ့အား တစ်ချက် ကြည့်လိုက်သည်။ "ဟုတ်ကဲ့။"

"ပြီးတော့ ကျွန်မရဲ့ခင်ပွန်းက ဒီတစ်ခေါက် ကိုယ်ရံတော်အဖြစ် ဟန်ဆောင်ပြီး ကျွန်မနဲ့အတူ မြို့တော်ကို လိုက်ခဲ့မယ်။ မြို့တော်ဘက်မှာ အစီအစဉ်တချို့ ထပ်လုပ်ရနိုင်လောက်တယ်။" တစ်စုံတစ်ခုကို တွေးမိပြီး လင်းရှောင်ယွဲ့က ထပ်ပြောလိုက်သည်။

ဝေ့ပေါင်သည် တုန်လှုပ်သွားပြီး မော့၍ လီရှောင်အား ကြည့်လိုက်သည်။ လီရှောင်၏မျက်နှာအမူအရာမှာ ခံစားချက်ကင်းမဲ့နေသည်ကို မြင်သောအခါ သူသည် အကြည့်ကို ပြန်လည် ရုပ်သိမ်းလိုက်သည်။ "ဟုတ်ကဲ့။" သူသခင်လေးလီလည်း မြို့တော်ကို လိုက်မည်ဆိုလျှင် ဤကိစ္စမှာ ရှုပ်ထွေးသွားပြီ...

လင်းရှောင်ယွဲ့သည် ဝေ့ပေါင်နှင့် စကားအနည်းငယ် ထပ်မံ ပြောဆိုပြီးမှ ဝေ့ပေါင်အား လိုက်ပါ ပို့ဆောင်စေသည်။ လင်မယားနှစ်ယောက်သည် လျိုအိမ်တော် (သာ့ရှီရွာ) တွင် အတန်ကြာ ပြင်ဆင် သိမ်းဆည်းပြီးနောက် နေမဝင်မီတွင် လျိုအိမ်တော် (ချင်းရှီမြို့) သို့ ပြန်လည် ရောက်ရှိလာခဲ့ကြသည်။ ပြန်မသွား၍လည်း မဖြစ်ပေ။ လင်းရှောင်ယွဲ့သည် အိမ်ရှင်တစ်ဦးအနေဖြင့် အမိန့်တော် ကြေညာသူ ကုန်းကုန်းအား ဧည့်ခံရဦးမည် ဖြစ်သည်။

လင်းရှောင်ယွဲ့သည် သူမ၏ခင်ပွန်း အပြင်သို့ ကိစ္စဖြင့် ထွက်သွားသည်ဟု အကြောင်းပြချက် ပေးလိုက်ပြီး တစ်ယောက်တည်း အမိန့်တော် ကြေညာသူ ကုန်းကုန်းအား ညစာစားရန် ဖိတ်ခေါ်လိုက်သည်။ ညစာမှာ သဘာဝအတိုင်း စုံလင်လှသည်။ အသားပေါင်း၊ ဝက်ပေါင်ခြောက်၊ ဝက်အူချောင်း ပြီးတော့ ဟင်းလျာမျိုးစုံတို့သည် ကျက်သရေရှိပြီး အရသာလည်း ရှိလှသည်။ အမိန့်တော် ကြေညာသူ ကုန်းကုန်းသည် စားရင်း ပါးစပ်မဆံ့အောင် ချီးကျူးနေသည်။ နှစ်ခွက်သောက်ပြီးနောက် သူသည် လင်းရှောင်ယွဲ့နှင့် လျင်မြန်စွာ ရင်းနှီးသွားသည်။

လင်းရှောင်ယွဲ့သည် ထိုအခါမှ သိရှိလိုက်ရသည်။ အမိန့်တော် ကြေညာသူ ကုန်းကုန်း၏ မျိုးရိုးအမည်မှာ ဟူ ဖြစ်ပြီး နန်းတော်အတွင်းမှ ရာထူးမှာ မမြင့်မားသော်လည်း ဧကရာဇ်ယန် ဘေးမှ မိန်းမစိုးချုပ်ကြီး ဟူမင်ရှိန့်အား မွေးစားအဖေအဖြစ် တော်စပ်ထားသည်။

ဒီတစ်ကြိမ် ဟူကုန်းကုန်းက ချင်းရှီမြို့သို့ အမိန့်တော် ကြေညာရန် တာဝန်ကို ရရှိလာခြင်းမှာ သူ၏ မွေးစားအဖေကြောင့် ဖြစ်လေသည်။ ဟူကုန်းကုန်းက ပြောသလောက်ဆို လင်းရှောင်ယွဲ့ ဤတစ်ကြိမ် မြို့တော်သို့ သွားရောက်ရာတွင် ကြီးမားသော ဂုဏ်ကျေးဇူးကို တည်ဆောက်နိုင်သရွေ့ ထိုအချိန်ကျလျှင် သူသည်လည်း အတူတကွ ဂုဏ်ကျေးဇူး အချို့ကို ရရှိနိုင်မည် ဖြစ်သည်။ အကြောင်းမှာ အမိန့်တော် ကြေညာခြင်းအပြင် နောက်ပိုင်း လင်းရှောင်ယွဲ့ မြို့တော်သို့ ရောက်ရှိပြီး နန်းတော်သို့ ဝင်ရောက်ပြီးနောက် ကိစ္စရပ်များကိုလည်း သူကပင် တာဝန်ယူရမည် ဖြစ်သောကြောင့်တည်း။

လင်းရှောင်ယွဲ့သည် ကြားပြီးနောက် ဟူကုန်းကုန်းအပေါ် ပို၍ နွေးထွေးစွာ ဆက်ဆံလိုက်သည်။ "ဒီလိုဆိုရင် နောက်ပိုင်း ကျွန်မ ဟူကုန်းကုန်းကို အလုပ်ရှုပ်စေရတော့မှာပဲ။" လင်းရှောင်ယွဲ့သည် ဤသို့ပြောရင်း ဟူကုန်းကုန်းထံသို့ သေရည်ခွက်ကို မြှောက်ပြလိုက်သည်။

ဟူကုန်းကုန်းသည် အလျင်အမြန် လက်နှစ်ဖက်ဖြင့် သေရည်ခွက်ကို မြှောက်လိုက်ပြီး ထရပ်ကာ လင်းရှောင်ယွဲ့နှင့် တစ်ခွက် ချီးမြှင့်လိုက်သည်။ "သခင်မလီ အားနာနေစရာ မလိုပါဘူး။ ဒါတွေအားလုံးက ကျွန်တော်မျိုး လုပ်သင့်လုပ်ထိုက်တာတွေပါ။ အန်းယန်ဝမ်ရယ်က သခင်မလီကို ဒီလောက် အလေးထားတာ နောင်တစ်ချိန်မှာ ကျွန်တော်မျိုးကမှ သခင်မ အန်းယန်ဝမ်ရယ်ရဲ့ ရှေ့မှောက်မှာ ကောင်းမွန်တဲ့ စကားလုံးလေးတွေ များများ ပြောကြားပေးဖို့ မျှော်လင့်နေရဦးမှာပါ။" ဤသို့ ပြောမိသောအခါ ဟူကုန်းကုန်း၏ လင်းရှောင်ယွဲ့အား ကြည့်သော အကြည့်ထဲတွင် မထင်မရှား အရိပ်အယောင်အချို့ ရောယှက်သွားသည်။

လင်းရှောင်ယွဲ့၏ မျက်နှာအမူအရာသည် အနည်းငယ် တောင့်တင်းသွားသည်။ "ဒါကတော့ သဘာဝကျပါတယ်... ဟားဟား..." သူမသည် ပြုံးလျက် ဖြေလိုက်သည်။

ကောင်းပါ့၊ အန်းယန်ဝမ်ရယ် ပြောသော သူမအား ဂရုစိုက်ရန် စီစဉ်ထားသူမှာ ဟူကုန်းကုန်း ဖြစ်နေပါလား။ ဤပုဂ္ဂိုလ်သည် အန်းယန်ဝမ်ရယ်၏ လူ ဖြစ်နေတာလား။ ဪ၊ မဟုတ်ဘူး၊ ဟူကုန်းကုန်း၏ နောက်ကွယ်မှ ထို မွေးစားအဖေသည်လည်း အန်းယန်ဝမ်ရယ်၏ လူ ဖြစ်နိုင်သည် မဟုတ်ဘူးလား။

ဤသို့သော ဖြစ်နိုင်ခြေကို တွေးမိသောအခါ လင်းရှောင်ယွဲ့၏စိတ်ထဲတွင် တုန်လှုပ်သွားသည်။ တော်ပါပေတယ်၊ ထီးနန်း အရိုက်အရာကို လုယူရန် နံပါတ်တစ် ပါရမီရှင်နှင့် ထိုက်တန်ပါပေသည်။ ဧကရာဇ်ယန် ဘေးမှ မိန်းမစိုးချုပ်ကြီးကိုပင် သိမ်းသွင်းထားနိုင်ခဲ့သည်။

သေရည်ခွက်များ အပြန်အလှန် ချီးမြှင့်ပြီးနောက် လူတိုင်းသည် "ကိုယ့်လူ" များ ဖြစ်သွားကြသည်။ လင်းရှောင်ယွဲ့သည် ဟူကုန်းကုန်းက ဝက်ပေါင်ခြောက်နှင့် ဝက်အူချောင်း ကြိုက်နှစ်သက်ကြောင်း သိရှိလိုက်ရသည်။ တမင်တကာ အစေခံအား များများလေးပြင်ဆင်စေပြီး ဟူကုန်းကုန်းအား မြို့တော်သို့ ပြန်လည် ယူဆောင်သွားစေသည်။

ဟူကုန်းကုန်းသည် မျက်လုံးများ မှေးစင်းသွားအောင် ပြုံးလိုက်ပြီး အကြိမ်ကြိမ် ကျေးဇူးတင်စကား ပြောလိုက်သည်။ ဤတစ်ကြိမ် သူ့ မွေးစားအဖေအား ဂါရဝပြုရန် ပစ္စည်းကောင်းများ ယူဆောင်၍ ပြန်နိုင်ပြီဟု တွေးနေမိသည်။ ဝက်ပေါင်ခြောက်နှင့် ဝက်အူချောင်း၊ ဤပစ္စည်းများသည် ယခင်က ဧကရာဇ်မင်းကြီးနှင့် အန်းယန်ဝမ်ရယ်နှင့် အဆက်အသွယ်ရှိသူအချို့သာ စားသုံးနိုင်ခဲ့သည် မဟုတ်လား။ မွေးစားအဖေ မြင်တွေ့ပါက သေချာပေါက်ပျော်ရွှင်ပေလိမ့်မည်။

......

နောက်တစ်နေ့။

လင်းရှောင်ယွဲ့တို့ တစ်ဖွဲ့သည် မြို့တော်သို့ ခရီးစတင် ထွက်ခွာခဲ့ကြသည်။ လိုက်ပါသူများမှာ ကျောက်ရှန်းရှန်း၊ လီရှောင် နှင့် ဖန်ထန် တို့ ဖြစ်ကြသည်။ ကျောက်ရှန်းရှန်းသည် အစေခံမလေးဖြစ်ပြီး လီရှောင်နှင့် ဖန်ထန်တို့မှာ ကိုယ်ရံတော်များ ဖြစ်ကြသည်။ ထိုအထဲတွင် လီရှောင်သည် မျက်နှာကို ဖုံးအုပ်ထားသော ပဝါပါးကို ဝတ်ဆင်ထားပြီး အနည်းငယ် လျှို့ဝှက်ဆန်းကြယ်ဟန် ပေါက်နေသည်။ ဟူကုန်းကုန်းသည် လီရှောင်အား အကြိမ်ကြိမ် ကြည့်လိုက်ပြီး လီရှောင်၏ တစ်ကိုယ်လုံးမှ မထိပါးဝံ့သော အရှိန်အဝါများ ထွက်ပေါ်နေသည်ကို မြင်သောအခါ အနားသို့မချဥ်းကပ်ခဲ့ပေ။

......

တစ်ချိန်တည်းမှာပင်။

အန်းယန်ဝမ်ရယ် အိမ်တော်ထဲတွင် အန်းယန်ဝမ်ရယ်သည်လည်း အခြေအနေ အရပ်ရပ်ကို စီစဉ်ပြီးစီးနေပြီ ဖြစ်သည်။ လီရှောင်ကပါ မြို့တော်သို့ လိုက်ပါသွားမည်ဖြစ်ရာ ကိစ္စများမှာ သူ ယခင်က ထင်ထားသည်ထက် ပို၍ ရှုပ်ထွေးလာပေလိမ့်မည်။ ဤတစ်ကြိမ် သူ မြို့တော်သို့ ပြန်ရာတွင် ကိစ္စများစွာကို ပို၍ စေ့စပ်သေချာစွာ စီစဉ်ထားမှ ဖြစ်မည်။

"ညီတော်ယွီ၊ မင်းလည်း ငါနဲ့အတူ မြို့တော်ကို လိုက်ခဲ့။ ချန်းချိုင်ဘက်ကို မင်း ကိုယ်တိုင် အနီးကပ် ကြည့်နေမှ ငါ စိတ်ချနိုင်မယ်။" အန်းယန်ဝမ်ရယ်က ပြောလိုက်သည်။

ကိစ္စများမှာ အလွန် ရုတ်တရက်ဆန်လှသည်။

လျန်ချန်းချိုင်၊ ညီတော်ယွီ၏ ညီဝမ်းကွဲ၊ လျန်မိသားစုတွင် နေရာအတော်လေး မြင့်မားသူ ဖြစ်သည်။ ဤလူသည် လျန်မိသားစု၏လုပ်ငန်းများကို လက်လွှဲ မယူသောကြောင့် လျန်မိသားစုဝင်များက သူ့အပေါ် လွှတ်ထားသည့် သဘောထားရှိကြရာ သူသည်လည်း သူ့အား သိပ်ပြီး အာရုံမစိုက်မိခဲ့ပေ။

ယခင်က လျန်ချန်းချိုင်သည် သင်္ချာစွမ်းရည် ကောင်းမွန်ပြီး ဘဏ္ဍာရေးဝန်ကြီးဌာနသို့ ဝင်ရောက်သွားသည်ဟု ကြားသိရစဉ်က သူသည် အနည်းငယ် အံ့အားသင့်မိရုံသာ ဖြစ်သည်။ နောက်ပိုင်းတွင် လျန်ချန်းချိုင်သည် မင်းဆရာ၏မျက်စိကျခြင်းခံရပြီး တပည့်အဖြစ် လက်ခံခြင်းခံရသည်ဟု ထပ်မံ ကြားသိရမှသာ သူသည် ဤလူအား တစ်ချက် အထင်ကြီးသွားခဲ့သည်။ သူ၏အန်းယန်ဝမ်ရယ်အိမ်တော်မျိုးဆက်သည် မင်းဆရာ၏အိမ်တော်နှင့် ဆက်သွယ်မှု ရရှိသွားသည်ဟု တွေးနေမိသည်။ မထင်မှတ်ဘဲ သူ ဒီအဆက်အသွယ်ကို အသုံးမချရသေးမီမှာပင် လျန်ချန်းချိုင်က သူ့အတွက် ဤသို့သော ဒုက္ခကို ယူဆောင်လာခဲ့သည်။ လျန်ချန်းချိုင်၊ ဤလူ၏ ယခု သရုပ်မှန်မှာ ထူးခြားနေပြီဖြစ်ရာ သူ့အား ထပ်မံ၍ အမှားလုပ်ခွင့် မပေးနိုင်တော့ပေ။

လျန်ယွီ ၏အမူအရာသည် လေးနက်သွားသည်။ "ဟုတ်ကဲ့။" သူသည် ကိုယ်ကို ကိုင်းညွှတ်၍ ထူးလိုက်သည်။ လျန်မိသားစု၏ အဓိကမျိုးဆက်ထဲတွင် လောကအကြောင်း နားမလည်ဘဲ အပူအပင်ကင်းမဲ့စွာ နေထိုင်သော တစ်ဦးတည်းသော မျိုးဆက်သစ်မှာ နောင်တွင် လျန်မိသားစု၏ တာဝန်ကို ထမ်းဆောင်ရတော့မည် ဖြစ်သည်။ ထို အမြဲတမ်း အပူအပင် ကင်းမဲ့နေဟန်ရှိသော မျက်နှာကို ပြန်လည် တွေးမိသောအခါ လျန်ယွီသည် စိတ်ထဲမှ သက်ပြင်းတစ်ချက် ချလိုက်မိသည်။

..........

ဆောင်းဦးရာသီဥတုမှာ ကြည်လင် သာယာနေပြီး ဟူကုန်းကုန်းသည် လမ်းတစ်လျှောက်လုံးတွင် လင်းရှောင်ယွဲ့အား လျင်မြန်စွာ ခရီးနှင်ရန် တိုက်တွန်းခြင်း မပြုခဲ့ပေ။ ခရီးနှင်နေစဥ် တစ်ချိန်တည်းမှာပင် တည်းခိုရန်နှင့် အနားယူရန် အချိန်များကို ကျိုးကြောင်းဆီလျော်စွာ စီစဉ်ပေးခဲ့သည်။

သို့ဖြစ်ရာ လမ်းတစ်လျှောက်လုံး လင်းရှောင်ယွဲ့သည် ပင်ပန်းနွမ်းနယ်သည်ဟု မခံစားရဘဲ လမ်းဘေးတစ်လျှောက်မှ သာယာသော ရှုခင်းများကိုပါ ကြုံတုန်း ကြည့်ရှုခံစားခဲ့ရသည်။ ဤသို့သော ခရီးနှင်မှု အရှိန်အောက်တွင် ခြောက်ရက်ကြာသော် တစ်ဖွဲ့သားလုံးသည် နောက်ဆုံးတွင် မြို့တော်သို့ ရောက်ရှိခဲ့ကြသည်။ ဟူကုန်းကုန်းရှိနေသောကြောင့် လူတိုင်း မြို့ထဲသို့ ဝင်ရောက်ရာတွင် စစ်ဆေးခံရခြင်းမှ ကင်းလွတ်ခွင့် ရခဲ့သည်။

လင်းရှောင်ယွဲ့သည် ယန်နိုင်ငံ၏ မြို့တော်သို့ ပထမဆုံးအကြိမ် ရောက်ရှိလာခြင်း ဖြစ်ပြီး ဤနေရာမှမြို့ရိုးများသည် ချင်းရှီမြို့ထက် များစွာမြင့်မားသည်သာမက မြို့တွင်းမှ စည်ကားမှုမှာလည်း သူမတွေးထင်ထားသည်ထက်ပင် ကျော်လွန်နေသည်ကို တွေ့ရှိလိုက်ရသည်။

မြို့တွင်းမှ လူများသည် ခမ်းနားသော ဝတ်စုံများ ဝတ်ဆင်ထားသည့် သူဌေးများ ဖြစ်စေ၊ ကြမ်းတမ်းသော အဝတ်အထည်များ ဝတ်ဆင်ထားသည့် ဆင်းရဲသားများ ဖြစ်စေ၊ စိတ်ဓာတ် အခြေအနေမှာ ချင်းရှီမြို့ထက် များစွာပို၍ ကောင်းမွန်နေဟန် ရှိသည်။

ရုတ်တရက် လင်းရှောင်ယွဲ့သည် စာသင်ကျောင်း ဝတ်စုံများ ဝတ်ဆင်ထားသော လူငယ် အချို့ကို လှမ်းမြင်လိုက်သည်။ လူငယ်တိုင်း၏မျက်နှာမှာ ကြည်လင်သန့်စင်နေပြီး အသံများမှာပင် ကြည်လင်သော စာပေပညာတတ် အငွေ့အသက်များ ပျံ့နှံ့နေသကဲ့သို့ ဖြစ်သည်။

"မြို့တော်ဆိုတာနဲ့ ထိုက်တန်ပါပေတယ်။ လူတော်လူကောင်းတွေ စုဝေးရာ နေရာပဲ။" ပါးစပ်မှ မသိလိုက်ဘဲ ဆိုလိုက်မိသည်။

ပြတင်းပေါက် အပြင်ဘက်မှ မြင်းစီးနေသော ဟူကုန်းကုန်းသည် ကြားလိုက်ရကာ သူသည်လည်း ထို စာပေပညာရှင် အချို့ထံသို့ လှမ်းကြည့်လိုက်သည်။ "ဟားဟား၊ အဲ့ဒီ ပုဂ္ဂိုလ်တွေက ထိုက်ရွှေ (တော်ဝင်တက္ကသိုလ်) က ကျောင်းသားတွေပါ။ ဒီနေ့က အားလပ်ရက်နဲ့ ကြုံကြိုက်နေလို့၊ အားလပ်ခွင့်ရပြီး လမ်းပေါ် ထွက်လာကြတာ။ ထိုက်ရွှေကို ဧကရာဇ်မင်းကြီး ကိုယ်တိုင် ဖွင့်လှစ်ထားတာ၊ သာ့ယန်နိုင်ငံတစ်ဝန်းက အသိပညာ အကြွယ်ဝဆုံး ဆရာကြီးတွေကို ဖိတ်ခေါ်ပြီး သင်ကြားပို့ချစေတယ်။ ထိုက်ရွှေက ကျောင်းသားတွေကလည်း အားလုံး ဉာဏ်ရည် ထက်မြက်ကြတယ်။ နန်းတွင်း စာမေးပွဲ အဆက်ဆက်မှာ၊ ထိပ်ဆုံး သုံးယောက်က အများစု ထိုက်ရွှေကနေပဲ ထွက်ပေါ်လာတာ။" ဤနေရာသို့ ပြောမိသောအခါ ဟူကုန်းကုန်း၏မျက်နှာပေါ်တွင် ဂုဏ်ယူ ဝင့်ကြွားသည့် အရိပ်အယောင်အချို့ ပေါ်ပေါက်လာသည်။

သူသည် ယခင်က မြို့တော်မှ မထွက်ခွာမီ သခင်မလီ၏ သတင်း အချက်အလက်များကို စုံစမ်းခဲ့ဖူးသည်။ သခင်မလီ၏ အိမ်တွင် စာသင်သား နှစ်ယောက် ရှိနေသေးသည်။ ငယ်သောသူကို ထားလိုက်တော့ သူက ကလေးငယ်လေးသာ ရှိသေးသည်။ အသက် အနည်းငယ် ကြီးသူမှာမူ အရည်အချင်းကောင်းသော မျိုးစေ့တစ်ခု ဖြစ်သည်။ ရှို့ချိုင် (ဘွဲ့) အောင်မြင်ပြီးဖြစ်ကာ ရှောင်စန်းယွမ် (အဆင့်သုံးဆင့်လုံးတွင် ပထမ) ကိုပင် ရရှိထားသည်ဟု ကြားသိရသည်။ ရှောင်ချင်ဟု ခေါ်သော ထိုသူသည် သခင်မလီခင်ပွန်း၏ တူတော်စပ်သူမျှသာ ဖြစ်သော်လည်း သခင်မလီသည် ထိုသူ့အပေါ် အတော်လေး ဂရုတစိုက် ပျိုးထောင်ခဲ့သည်ဟု ဆိုရမည်။ သို့သော်လည်း နားလည်နိုင်ပါသည်၊ မည်သည့် အိမ်တွင် ဤသို့ စာကြိုးစားသော မျိုးစေ့ကောင်းတစ်ခု ပေါ်ထွက်လာလျှင် ကောင်းမွန်စွာ မပျိုးထောင်ဘဲ နေနိုင်ပါ့မလဲ။ ပျိုးထောင်လို့ အောင်မြင်သွားပါက နောင်တစ်ချိန်တွင် ပြန်လည်ရရှိမည့် အကျိုးကျေးဇူးမှာ ကြီးမားလှပေလိမ့်မည်။ ဤသို့ တွေးမိသောအခါ ဟူကုန်းကုန်း၏ မျက်လုံးများ လှုပ်ရှားသွားသည်။

"ဒီတစ်ကြိမ်၊ သခင်မလီကသာ ကြီးမားတဲ့ ဂုဏ်ကျေးဇူးကို တည်ဆောက်နိုင်ခဲ့မယ်ဆိုရင် သခင်လေးရှောင်ကို ထိုက်ရွှေကို ပို့ဖို့ကလည်း မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။" ထိုက်ရွှေသည် အပြင်လူများအတွက် ဝင်ခွင့်များ တင်းကျပ်သော်လည်း နန်းတွင်း အရာရှိများ၏ သားသမီးများ သို့မဟုတ် မင်းမျိုးမင်းနွယ်များအတွက်မူ အခြေအနေများမှာ ဤမျှ တင်းကျပ်ခြင်း မရှိပေ။ ထို့အပြင် ဧကရာဇ်မင်းကြီးကသာ ရွှေနှုတ်တော် ဖွင့်ဟခဲ့ပါက ကျောင်းသားသည် စာမေးပွဲ ဖြေဆိုစရာ မလိုဘဲ ဝင်ခွင့်ရရှိနိုင်သေးသည်။

လင်းရှောင်ယွဲ့သည် တောင့်တင်းသွားသည်။ "ဒါက... ကျွန်မတို့အိမ်က ချင်အာက လူစိမ်း မရင်းနှီးတတ်ဘူး။ မြို့တော်ကို လာရင် နေသားကျမှာ မဟုတ်မှာ စိုးရိမ်မိတယ်။ သူ ပြောတာတော့၊ သူ အခု နန်အန်းခရိုင် စာသင်ကျောင်းမှာ သင်ကြားနေတာ အတော်လေး အဆင်ပြေတယ်တဲ့။ ဆရာနဲ့ အတန်းဖော်တွေကလည်း သူ့အပေါ် အများကြီး ကူညီစောင့်ရှောက်ကြတယ်။ ပြီးတော့၊ အိမ်က အမေကလည်း ဒီကလေးကို အတော်လေး အလေးထားတယ်။ သူ့ကို အဝေးကြီးမှာ ထားပြီး အပို စိတ်ပူပန်မှုတွေ ဖြစ်စေချင်မှာ မဟုတ်ဘူး။"

လင်းရှောင်ယွဲ့သည် ပြုံးလိုက်သည်။ "နောက်ပြီးတော့ ဒီကလေးက အသက်ငယ်သေးတယ် သူ့ကို နောက်ထပ် နှစ်အနည်းငယ်လောက် ပိုပြီး လူကြီးတွေနားချွဲနွဲ့ခွင့်ပေးတာကလည်း ကောင်းပါတယ်။"

ဟူကုန်းကုန်း အလွန်အံ့အားသင့်သွားသည်။

"သခင်မလီ ဆိုလိုတာက သခင်လေးရှောင်က ဒီနှစ် ဆောင်းဦး စာမေးပွဲကို မဝင်ရောက်ဘူးပေါ့။"

နောက်ထပ် နှစ်အနည်းငယ် ပိုချွဲနွဲ့ခွင့်ပေးမယ်ဟုတ်ပါလား။ ဆောင်းဦး စာမေးပွဲသည် သုံးနှစ်မှ တစ်ကြိမ်သာ ကျင်းပခြင်း ဖြစ်သည်။ သခင်လေးရှောင်သည် ပထမဆုံးအကြိမ် ဝင်ရောက် ဖြေဆိုသည်မှာပင် အဆင့် သုံးဆင့်လုံးတွင် ပထမ ရရှိပြီး ရှောင်စန်းယွမ်ကို ရရှိခဲ့သည်။

ဒီလိုချိန်တွင် ဤအရှိန်ကို အခွင့်ကောင်းယူ၍ ဆောင်းဦး စာမေးပွဲကို ဝင်ရောက် ဖြေဆိုကြည့်သင့်သည် မဟုတ်ဘူးလား။ မအောင်မြင်ခဲ့လျှင်တောင် အတွေ့အကြုံ ရင့်ကျက်လာခြင်းသည်လည်း ကောင်းမွန်သည် မဟုတ်ပါလား။ သုံးနှစ်မှ တစ်ကြိမ်သာ ကျင်းပခြင်းလေ။ ဤတစ်ကြိမ် မဝင်ရောက်ပါက နောက်တစ်ကြိမ်ကို စောင့်လျှင် သုံးနှစ် ကြာမြင့်ပေလိမ့်မည်။

ဟူကုန်းကုန်း၏ မျက်နှာမှ နှမြောတသ ဖြစ်နေသော အမူအရာကို ကြည့်ရင်း လင်းရှောင်ယွဲ့သည် ပြုံးလျက် ခေါင်းညိတ်လိုက်သည်။ "ရှောင်စန်းယွမ်ကို ရထားတော့ အဲ့ဒီကလေးက အခု ကျေနပ် ဂုဏ်ယူနေတဲ့ အချိန်ပေါ့။ သူ့ကို နောက်ထပ် ရက်အနည်းငယ်လောက် ပိုပျော်ရွှင်ခွင့်ပေးတာကလည်း ကောင်းပါတယ်။ အသက်ကငယ်လွန်းသေးတယ်။ စိတ်ဓာတ်ကျပြီး ပြန်မထူထောင်နိုင်လောက်အောင် မဖြစ်သွားရင် ပြီးတာပါပဲ။"

ဟူကုန်းကုန်းသည် သဘောပေါက်သွားသည်။ လတ်စသတ်တော့ သခင်မလီသည် သခင်လေးရှောင် ဝင်ရောက် ဖြေဆို၍ ရှုံးနိမ့်သွားပါက မိမိကိုယ်ကို ယုံကြည်မှုကို ထိခိုက်သွားမည်ကို စိုးရိမ်နေခြင်း ဖြစ်သည်။

ဟုတ်ပေသည်၊ လူငယ်တစ်ယောက်၏စိတ်ဓာတ်မှာ ခိုင်မာမှု မရှိသေးပေ။ သူ့အား ယခု ယုံကြည်မှု ရှိသော စိတ်ဓာတ်ကို ဆက်လက် ထိန်းသိမ်း၍ သင်ယူစေပြီး အသိပညာ ပိုမို ကြွယ်ဝလာမှ နောက်တစ်ကြိမ် ဆောင်းဦး စာမေးပွဲကို ဝင်ရောက် ဖြေဆိုစေခြင်းသည်လည်း ကောင်းမွန်ပေသည်။

ဤသို့တွေးမိသောအခါ ဟူကုန်းကုန်းသည်လည်း လင်းရှောင်ယွဲ့၏ အတွေးအမြင်ကို သဘောပေါက်သွားသည်။ လင်းရှောင်ယွဲ့သည် ရှောင်ချင်၏ မိမိကိုယ်ကို ယုံကြည်မှုကို ထိန်းသိမ်းထားလိုကြောင်း သူ သိရှိလိုက်သည်။ ဤသို့သော အခြေအနေအောက်တွင် ရှောင်ချင်အား မြို့တော်ရှိ ထိုက်ရွှေသို့ ပို့ဆောင်ခြင်းသည် အမှန်ပင် အဓိပ္ပာယ် များစွာ မရှိတော့ပေ။

အကြောင်းမှာ နေရာငယ်လေးတွင် နေထိုင်မှသာ ကြက်ခေါင်း ဖြစ်နိုင်မည် မဟုတ်ပါလား။ ထို့အပြင် လူတိုင်းက ဇာမဏီအမြီး ဖြစ်လိုကြသည် မဟုတ်ပေ။ ဖြစ်နိုင်သည်မှာ နောက်တစ်ကြိမ် ဆောင်းဦး စာမေးပွဲ ပြီးဆုံးပြီးနောက် သူ အကြံမပြုရဘဲ သခင်မလီသည် သခင်လေးရှောင်အား မြို့တော်သို့ ပို့ဆောင်ရန် နည်းလမ်း ရှာဖွေပေလိမ့်မည်။

ဟူး၊ သခင်လေးရှောင်သည်လည်း အမှန်တကယ် ကံကောင်းလှပေသည်။ သူ့အတွက် ဤသို့ တွေးတော ကြံစည်ပေးသော အဒေါ်တစ်ယောက် ရှိနေပါသည်...

"သခင်မက သခင်လေးရှောင်အတွက် ဒီလို တွေးတောပေးနိုင်တာ သခင်လေးရှောင်က တကယ် ကံကောင်းတဲ့သူပါပဲ။" ဟူကုန်းကုန်းက ပြုံးလျက် ဆိုသည်။ ထိုက်ရွှေကိစ္စကို ထပ်မံ မပြောတော့ပေ။

လင်းရှောင်ယွဲ့သည် နောက်တစ်ကြိမ် ပြုံးလိုက်သည်။ "ချင်အာက ကျွန်မရဲ့ မိသားစုဝင်ပါ၊ မိသားစုဝင်ကို ဂရုစိုက်တာက လုပ်သင့်လုပ်ထိုက်တာ မဟုတ်ဘူးလား။" သူမသည် နူးညံ့စွာ ထူးလိုက်သည်။

နွေဦးလေပြေကဲ့သို့ နူးညံ့သော ဤစကားကို ကြားရသောအခါ ဟူကုန်းကုန်း၏ စိတ်နှလုံးသည် နူးညံ့သွားသည်။

အစပိုင်းတွင် သူက သခင်မလီသည် သခင်လေးရှောင်အား ထောက်ပံ့ခြင်းမှာ သခင်လေးရှောင်၏ အရည်အချင်းကို အလေးထားသောကြောင့်ဟု ထင်မှတ်ခဲ့သည်။ ယခု ကြည့်ရသည်မှာ သူကမှ တဖက်သတ်တွေးမိခြင်း ဖြစ်သည်။

သခင်မလီသည် သူမခင်ပွန်း၏ တူတော်စပ်သူအား သူမ၏ မိသားစုဝင်ကဲ့သို့ အမှန်တကယ် သဘောထားခြင်း ဖြစ်သည်။ ဤသို့ တွေးမိသောအခါ ဟူကုန်းကုန်းသည် လင်းရှောင်ယွဲ့၏ခင်ပွန်းအပေါ် မထိန်းနိုင်ဘဲ စူးစမ်းလိုစိတ် အနည်းငယ် ဖြစ်ပေါ်လာပြန်သည်။ ယခင်က သူ စုံစမ်း သိရှိခဲ့သော သတင်းများအရ သခင်မလေးလင်း၏ ခင်ပွန်းသည် ကြမ်းတမ်းသော ယောက်ျားတစ်ဦး ဖြစ်ပြီး ယခင် သရုပ်မှန်မှာ ကျွန်တစ်ဦး ဖြစ်ခဲ့သည်။

သခင်လေးရှောင်မှာလည်း ယခင်က ကျွန်တစ်ဦး ဖြစ်ခဲ့ပြီး ထို သခင်လေးလီကပင် လျိုအိမ်တော်သို့ ခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။ ယခင်က ဤသတင်းများကို ကြားသိရစဥ် သူသည် အနည်းငယ် အံ့အားသင့်မိသေးသည်။ သခင်မလီသည် ရုပ်ရည် မလှပဘဲ ကြမ်းတမ်းသော အမျိုးသမီးတစ်ဦး ဖြစ်လေမလားဟုပင် တွေးထင်မိသေးသည်။ မထင်မှတ်ဘဲ သခင်မလီသည် ရုပ်ရည် ချောမောလှပသည့်အပြင် စကားပြောဆိုမှုမှာလည်း သိမ်မွေ့ပြီး "ကြမ်းတမ်းခြင်း" ဟူသော စကားလုံးနှင့် တစ်စက်မျှ မသက်ဆိုင်ပေ။

ထို သခင်လေးလီသည် ဘယ်လိုလူမျိုးဖြစ်လောက်မလဲ။ သခင်မလီရဲ့မျက်စိကျခြင်းကိုခံရပြီး သူ့တူအပေါ်ကိုပါ ဒီလိုအလေးအနက်ထားရအောင် ဘယ်လိုများလုပ်ဆောင်ခဲ့တာလဲ။

နောက်ပိုင်းတွင် ဟူကုန်းကုန်းနှင့် လင်းရှောင်ယွဲ့တို့သည် အလွန် ပျော်ရွှင်စွာ စကားစမြည် ပြောခဲ့ကြသည်။ လမ်းတစ်လျှောက်တွင် ဟူကုန်းကုန်းသည် လင်းရှောင်ယွဲ့အား မြို့တော်၏ ဓလေ့ထုံးတမ်းများနှင့် လူမှုဘဝ အကြောင်းအရာများ၊ ပြီးတော့ လူထုကြားမှ ထူးဆန်းသော ဖြစ်ရပ်များကိုပါ ရှင်းပြပေးခဲ့သည်။

နောက်ဆုံးတွင် လမ်းမကြီး အချို့ကို ဖြတ်ကျော်ပြီးနောက် တစ်ဖွဲ့သားလုံးသည် တည်းခိုခန်းသို့ ရောက်ရှိခဲ့ကြသည်။ ဟူကုန်းကုန်းသည် ကိုယ်တိုင်စီစဉ်၍ လင်းရှောင်ယွဲ့ အစရှိသော လူများအား တည်းခိုခန်းတွင် တည်းခိုစေသည်။ ထို့နောက် တည်းခိုခန်း၏တာဝန်ခံနှင့် အစေခံများအား လင်းရှောင်ယွဲ့၏ နေထိုင်စားသောက်မှုများကို ကောင်းမွန်စွာ ဂရုစိုက်ပေးရန် ကိုယ်တိုင် မှာကြားခဲ့သည်။

"သခင်မလီ ဒီတည်းခိုခန်းမှာ ခနတည်းခိုနေပါ။ ကျွန်တော်မျိုး အခုပဲ နန်းတော်ကို ပြန်ပြီး အမိန့်တော် ပြန်ကြားလိုက်ပါ့မယ်။ ထင်ရတာတော့၊ ဧကရာဇ်မင်းကြီးက မကြာခင် သခင်မကို တွေ့ဆုံဖို့ ခေါ်ပါလိမ့်မယ်။" ဟူကုန်းကုန်းသည် လင်းရှောင်ယွဲ့အား ကိုယ်ကို ကိုင်းညွှတ်၍ အရိုအသေပြုလိုက်သည်။

လင်းရှောင်ယွဲ့သည် အလျင်အမြန် ပြန်လည် အရိုအသေပြုလိုက်သည်။ "ကုန်းကုန်းကို အလုပ်ရှုပ်စေရပြီ။"

"ဘယ်ကသာ၊ ဒါတွေအားလုံး လုပ်သင့်လုပ်ထိုက်တာတွေပါ။" ဟူကုန်းကုန်းက နူးညံ့စွာ ပြုံးလိုက်သည်။ ထို့နောက်မှ တည်းခိုခန်းမှ ထွက်ခွာသွားသည်။

လင်းရှောင်ယွဲ့သည် သက်ပြင်းတစ်ချက် ချလိုက်ပြီးမှ ကျောက်ရှန်းရှန်းနှင့် ဖန်ထန်တို့အား အပြင်ထွက်၍ ခရီးဆောင်အိတ်များ ရှင်းလင်းခိုင်းလိုက်သည်။ နှစ်ယောက်သား ထွက်သွားခါစတွင် လီရှောင်သည် ပြေးသွား၍ အခန်းတံခါးကို ဆွဲပိတ်လိုက်သည်။

***

All Chapters