← Chapters

ဘယ်သူက ဒီလိုခမ်းနားတဲ့ အိပ်မက်ကနေ နိုးထမှာလဲ

Vol. 55 Ch. 811

ဘယ်သူက ဒီလိုခမ်းနားတဲ့ အိပ်မက်ကနေ နိုးထမှာလဲ

Vol. 55 Ch. 811

ဖန်ရှန်းကျွယ်သည် ခါးသီးစွာ ပြုံးလိုက်ပြီး ပြောလိုက်သည်။

"လူငယ်လေး... မင်းရဲ့ ကျင့်ကြံမှုအဆင့်က တော်တော်လေး ကောင်းမယ့်ပုံပေမဲ့ ဒီကိစ္စက အရေးကြီးတဲ့ ကိစ္စဖြစ်တော့ မင်း ဝင်ပါလို့ရတဲ့ ကိစ္စမဟုတ်ဘူး၊ မင်း တကယ် သိချင်တယ်ဆိုရင်တော့ ငါ့ရဲ့ အမွေအနှစ်ကို ဆက်ခံရလိမ့်မယ်"

"ဟမ်၊ ခင်ဗျားရဲ့ အမွေအနှစ်ကို ဆက်ခံရမယ်"

ရွှယ်အန်းက ခပ်ရေးရေး ပြုံးလိုက်သည်။ သူ့ပတ်ပတ်လည်တွင် ဓားချီ အမျှင်တန်းများ စတင်ထွက်ပေါ်လာသည်။ ထိုဓားချီများသည် နှင်းပွင့်များသဖွယ် ဖြစ်နေပြီး ရွှယ်အန်းအား နတ်ဘုရားတစ်ပါး အလားထင်ရစေသည်။ ဖန်ရှန်းကျွယ်၏ ခန္ဓာကိုယ် တုန်ရီသွားပြီး သူ၏ မျက်လုံးများတွင် အံ့ဩမှုများ ထင်ဟပ်လာသည်။

"ဒီလို ဓားစွမ်းရည်မျိုး... အင်မော်တယ်အဆင့် အထက်မှ ဖြစ်နိုင်တာပဲ"

"ကျွန်တော့်ကို ခင်ဗျားရဲ့ အမွေအနှစ် ဆက်ခံစေချင်တုန်းပဲလား"

ရွှယ်အန်းက မေးလိုက်သည်။

ဖန်ရှန်းကျွယ်က အနည်းငယ် မျက်နှာပူသွားဟန်ရှိသော်လည်း လေးနက်စွာ ပြောလိုက်သည်။

"စီနီယာ... ခင်ဗျားက ကွေ့ယီက မဟုတ်လား"

ရွှယ်အန်းက ခေါင်း အနည်းငယ် ညိတ်ပြလိုက်သည်။

ဖန်ရှန်းကျွယ်၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများ ပေါ်လာသည်။

"နောက်ဆုံးတော့၊ ကျွန်တော့်ရဲ့ နှစ်ထောင်ပေါင်းများစွာ စောင့်ဆိုင်းမှုတွေက အချည်းနှီး မဖြစ်ခဲ့ဘူးပဲ"

ထိုသို့ပြောပြီးနောက် ဖန်ရှန်းကျွယ်၏ ခန္ဓာကိုယ်သည် ပူဖောင်းတစ်လုံးလို ဖောင်းပွလာပြီး သူ့မျက်နှာပေါ်မှ အသားများသည် လျင်မြန်စွာ ပြန်လည် ပြည့်ဖြိုးလာသည်။

ချက်ချင်းဆိုသကဲ့သို့ပင်...

အရိုးစုကဲ့သို့ ပိန်လှီနေခဲ့သော အဘိုးအိုသည် ခန့်ညားထည်ဝါသော ရုပ်ရည်ရှိသည့် သက်လတ်ပိုင်းအရွယ် လူတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားသည်။

ဤသည်ကို မြင်သောအခါ ရွှယ်အန်း၏ မျက်လုံးထဲတွင် အလင်းရောင်တစ်ချက် လက်သွားသော်လည်း ဘာမှမပြောခဲ့ပေ။

ဖန်ရှန်းကျွယ်က ရွှယ်အန်းကို လေးနက်စွာ ဦးညွှတ် အရိုအသေပြုလိုက်သည်။

"စီနီယာ... နှစ်တစ်ထောင်ကြာ စောင့်ဆိုင်းပြီးတဲ့နောက်မှာ နောက်ဆုံးတော့ ကျွန်တော် ခင်ဗျားကို တွေ့ခွင့်ရခဲ့ပြီ"

ရွှယ်အန်းက ခေါင်းအနည်းငယ် ညိတ်လိုက်သည်။

"ကဲ ပြောပါ... ခင်ဗျား အတိအကျ ဘာကို စောင့်ကြပ်နေခဲ့တာလဲ"

ဖန်ရှန်းကျွယ် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သက်ပြင်း ခပ်ဖွဖွချလိုက်သည်။

"စီနီယာ... ဒီကိစ္စက အရမ်းအရေးကြီးပါတယ်၊ ကျွန်တော် ဒါကို သိလိုက်ရတဲ့အချိန်မှာ ကိုယ်တိုင် ဖြေရှင်းချင်ခဲ့တယ်၊ ဒါကြောင့် အင်မော်တယ်သခင် အဆင့်ကို မဆင်မခြင်ပဲ တက်လှမ်းဖို့ ကြိုးစားခဲ့တယ်၊ ဒါပေမဲ့ ကံကြမ္မာအရပဲ... ကျွန်တော်က တခြားနယ်မြေက နတ်ဆိုးဆီမှာ ကျရှုံးသွားခဲ့တယ်၊ ကျွန်တော် သေဆုံးခါနီးအထိဖြစ်သွားပြီး ကျွန်တော့်ရဲ့ သိုင်းပညာကိုတောင် ဆုံးရှုံးတော့မလို့ပဲ၊ အဲ့တခြားနယ်မြေက နတ်ဆိုးက ကွေ့ယီဆီ ဒုက္ခ တွေ သယ်ဆောင်လာတော့မှာကို ကျွန်တော် သိလိုက်တယ်၊ တခြားရွေးချယ်စရာ မရှိတော့တဲ့အဆုံး ကျွန်တော့်ရဲ့ ကျင့်ကြံမှုအဆင့် အားလုံးကို အသုံးပြုပြီး ဒီလျှို့ဝှက်နယ်မြေကို ဖန်တီးပြီး ကျွန်တော့်ကိုယ်ကျွန်တော်ရော အဲ့ဒီ နတ်ဆိုးကိုပါ ဒီနေရာမှာ ပိတ်လှောင်ထားလိုက်ရပါတယ်"

ရွှယ်အန်းက တိတ်ဆိတ်စွာ နားထောင်နေလိုက်သည်။

ဖန်ရှန်းကျွယ်က ဆက်ပြောသည်။

"အဲ့ဒီနောက် ကျွန်တော် ဒီနေရာမှာ နှစ်ထောင်ပေါင်းများစွာ နာကျင်စွာ စောင့်ဆိုင်းခဲ့ရတယ်၊ အစောပိုင်းမှာ နန်းတော်တွေက သေးငယ်တဲ့ စမ်းသပ်မှုတစ်ခုမျှပဲ၊ ကျွန်တော့်ရဲ့ ရည်ရွယ်ချက်က နတ်ဆိုးရဲ့ အိပ်မက်ကမ္ဘာကို ဖြတ်ကျော်နိုင်ပြီး ပြင်ပအရာဝတ္ထုတွေရဲ့ ဖြားယောင်းတာကို မခံရဘဲ ကျွန်တော့်ရဲ့ အမွေအနှစ်ကို ဆက်ခံနိုင်မယ့် တစ်စုံတစ်ယောက်ကို ရှာဖွေပြီးမှ ဒီကိစ္စကို ဖြေရှင်းဖို့ပါပ၊ ဒါပေမဲ့ မမျှော်လင့်ဘဲ စီနီယာ ပေါ်လာခဲ့တယ်"

"ဒါဆို ခင်ဗျား ပြောနေတဲ့ဟာက ဘာလဲ"

ရွှယ်အန်းက မေးလိုက်သည်။

ဖန်ရှန်းကျွယ်က အသက်ကို ပြင်းပြင်း ရှူလိုက်ပြီး သူ၏ မျက်လုံးထဲတွင် အလင်း တစ်ချက် လက်သွားကာ စိတ်ဝိဉာဉ်ဆက်သွယ်မှုကို ထုတ်လွှင့်လိုက်သည်။

"ဒီကိစ္စက အရမ်းအရေးကြီးပြီး အမှားအယွင်း သေးသေးလေးတစ်ခုကတောင် လူအများကြီးအတွက် ကပ်ဘေးတစ်ခုကို ဖြစ်စေနိုင်တယ်၊ ဒါကြောင့် ကျွန်တော် ခင်ဗျားကို ဒီ အကြောင်းရင်းနဲ့ အကျိုးဆက်တွေကို စိတ်ဝိဉာဉ်နယ်ပယ်ကနေတစ်ဆင့် ပြောပြပါ့မယ်၊ ခင်ဗျားက အခြေအနေကို ပြောင်းလဲနိုင်ပြီး ကွေ့ယီက လူတွေကို ကယ်တင်နိုင်လိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်"

ဖန်ရှန်းကျွယ်က ဤစကားကို ရိုးသားမှု အပြည့်ဖြင့် ပြောလိုက်သည်။

ရွှယ်အန်းလည်း လက်ခံရရှိသော သတင်းအချက်အလက်များကို ဖတ်ရှုလိုက်သည်။

ထို့နောက် သူ တိတ်ဆိတ်သွားသည်။

ထိုတိတ်ဆိတ်မှုသည် ဖန်ရှန်းကျွယ်ကို လေးနက်သော အမူအရာ ဖြစ်သွားစေပြီး အလျင်အမြန် ပြောလိုက်သည်။

"စီနီယာ၊ ဒီကိစ္စက မသေးငယ်ဘူးဆိုတာ ကျွန်တော် သိပါတယ်၊ ပြီးတော့ ခင်ဗျား တစ်ယောက်တည်း ထမ်းပိုးဖို့လည်း ကျွန်တော် မတောင်းဆိုပါဘူး၊ ကျွန်တော့်ရဲ့ ဓားကျင့်ကြံမှုအားလုံးကို ခင်ဗျားဆီ လွှဲပြောင်းပေးပါ့မယ်၊ ဒါက ကျွန်တော့်ဘက်က သေးငယ်တဲ့ အကူအညီတစ်ခုပါပဲ"

၎င်း စကားများ ဆုံးသည်နှင့်

ရွှယ်အန်းသည် ကောင်းကင်သို့ မော့ကြည့်ကာ အားရပါးရ ရယ်မောလိုက်သည်။

"ကောင်းတယ်၊ ဒါ တကယ်ကို ကောင်းလွန်းတယ်၊ ဟားဟားဟား"

ထိုရယ်မောသံသည် ဖန်ရှန်းကျွယ်ကို အနည်းငယ် ကြောင်သွားစေသည်။

"စီနီယာ ဘာ... ဘာဖြစ်လို့လဲ"

ဖန်ရှန်းကျွယ်က ရွှယ်အန်း တစ်ခုခုကြောင့် တုန်လှုပ်သွားသည်ဟု ထင်လိုက်သဖြင့် စိုးရိမ်တကြီး မေးလိုက်သည်။

ရွှယ်အန်းက သူ၏ ရယ်မောခြင်းကို ရပ်တန့်လိုက်ပြီး ဖန်ရှန်းကျွယ်ကို မျက်နှာမူကာ လက်သီးဆုပ် ဦးညွှတ်ပြုလိုက်သည်။

"မိတ်ဆွေ... ခင်ဗျား ပေးခဲ့တဲ့ သတင်းအချက်အလက်တွေအတွက် ကျေးဇူးတင်ပါတယ်၊ ဒီကိစ္စက ကျွန်တော့်အတွက် သိပ်ကို အရေးကြီးတယ်၊ ပြီးတော့ စိတ်မပူပါနဲ့... ဒီကိစ္စကို ကျွန်တော် တာဝန်ယူပါတယ်"

ဖန်ရှန်းကျွယ်က အနည်းငယ် ကြောင်တောင်တောင် ဖြစ်နေဆဲဖြစ်သည်။

သို့သော် ရွှယ်အန်းကတော့ အနည်းငယ် စိတ်လှုပ်ရှားနေသည်။

အဘယ်ကြောင့်ဆို ဖန်ရှန်းကျွယ် ပြောပြခဲ့သော သတင်းစကားသည် အမှန်တကယ်ပင် အလွန်အရေးကြီးသောကြောင့် ဖြစ်သည်။

ယန်အာ... ဒီတစ်ကြိမ် မင်းရဲ့ တံဆိပ်က လုံးဝ မပြေပျောက်နိုင်ရင်တောင် အများကြီး တိုးတက်လာလိမ့်မယ်...

ရွှယ်အန်းသည် သူ့စိတ်ထဲတွင် တွေးလိုက်သည်။

ဖန်ရှန်းကျွယ်က ရွှယ်အန်း အဘယ်ကြောင့် စိတ်လှုပ်ရှားနေသလဲဆိုတာ မသိသော်လည်း ထိုလူသည် ဤကိစ္စကို သေချာပေါက် ဖြေရှင်းနိုင်လိမ့်မည်ဟု အကြောင်းပြချက်မရှိဘဲ ယုံကြည်မိသည်။

ထို့ကြောင့် သူ၏ နှလုံးသားပေါ်တွင် နှစ်ထောင်ပေါင်းများစွာ လေးလံနေခဲ့သော ကျောက်တုံးကြီးတစ်ခုမှ လွတ်မြောက်သွားခဲ့သည်။

ဖန်ရှန်းကျွယ် သက်ပြင်းရှည်ကြီး ချလိုက်သည့် အချိန်မှာပင် သူ၏ လက်တစ်ဖက်က ရုတ်တရက် ခြောက်သွေ့လာသည်။

ဟုတ်ပေသည်။

ပကတိ ခြောက်သွေ့သွားခြင်းဖြစ်သည်။

ခဏလေးအတွင်း ၀ဖြိုးနေခဲ့သော အသားအရေသည် အရေပြားနှင့် အရိုးများအဖြစ်သို့ တစ်ဖန် ပြန်လည် ပြောင်းလဲသွားသည်။

ဤသည်ကို မြင်သောအခါ ရွှယ်အန်း အနည်းငယ် အံ့အားသင့်သွားပြီး နတ်အ‌ဆင့်ဆေးတစ်လုံး ထုတ်ယူရန် ပြင်လိုက်သည်။

ဖန်ရှန်းကျွယ်က လက်ကာပြလိုက်သည်။

"မလိုပါဘူး၊ ကျွန်တော် ဒီအချိန်ထိ ကြံ့ကြံ့ခံနိုင်ခဲ့တာကကို အံ့ဖွယ်တစ်ခု ဖြစ်နေပါပြီ၊ ဘယ်လို နတ်အဆင့်ဆေးကမှ ကျွန်တော့်အတွက် အသုံးဝင်တော့မှာ မဟုတ်ဘူး"

"ပြီးတော့ ကျွန်တော် မပျောက်ကွယ်ခင်မှာ ကျွန်တော့် နှလုံးသားထဲက ဒီအရေးကြီးတဲ့ ကိစ္စကြီးကို စီနီယာဆီ အပ်နှံသွားနိုင်ခဲ့တာက ကျွန်တော့်ကို ကျေနပ်မှု အများကြီး ရစေခဲ့ပါပြီ"

ရွှယ်အန်းက ဖန်ရှန်းကျွယ် လျင်မြန်စွာ အိုမင်းလာသည်ကို ကြည့်နေလျက်မှ သူ၏ မျက်နှာအမူအရာသည် မထင်မှတ်ဘဲ အနည်းငယ် လေးနက်သွားသည်။

၎င်း နှစ်ထောင်ပေါင်းများစွာ စောင့်ဆိုင်းခဲ့ရသည်မှာ ယုံကြည်ချက် တစ်ခုတည်းအတွက်သာ ဖြစ်သည်။

ထို့အပြင် ဤယုံကြည်ချက်သည် ကောင်းကင်အောက်မှ လူများ၏ အသက်အန္တရာယ်နှင့် သက်ဆိုင်သော ကိစ္စတစ်ခုနှင့် ပတ်သက်ကာ ၎င်းနှင့် ဘာမှ မသက်ဆိုင်ပေ။

ဤသို့သော စိတ်ထားမွန်မြတ်မှုနှင့် ဇွဲလုံ့လတို့သည် ရွှယ်အန်းကိုတောင် လှုပ်ခတ်သွားစေသည်။

ဤအချိန်တွင် ဖန်ရှန်းကျွယ်က အတားအဆီးကို ဖယ်ရှားလိုက်ပြီး ရွှယ်လွေ့လီ ပြောလိုက်သည်။

"မင်းက ရှဲ့ကျန့်ဟုန်ရဲ့ တပည့်ဖြစ်ပြီး ဒီစီနီယာရဲ့ ဘေးနားက လူတစ်ယောက် ဖြစ်နေမှတော့ ငါ့ရဲ့ ဓားတာအို တစ်ခုလုံးကို မင်းဆီ လွှဲပြောင်းပေးခဲ့မယ်"

ရွှယ်လွေ့လီသည် ဤကဲ့သို့သော အဖြစ်အပျက်မျိုး ဖြစ်လာလိမ့်မည်ဟု ဘယ်တုန်းကမှ အိပ်မက် မမက်ခဲ့ဖူးပေ။

"ရှေ့တိုးပါ"

ဖန်ရှန်းကျွယ်၏ အိုမင်းလာမှု အရှိန်သည် ယခုအခါ ပို၍ပင် မြန်ဆန်လာသည်။

နှစ်ထောင်ပေါင်းများစွာ တားဆီးထားခဲ့သော နှစ်များသည် သူ၏ အပေါ်သို့ လျင်မြန်စွာ ပြနါလိမ့်ကျလာသကဲ့သို့ ထင်ရသည်။

ရွှယ်လွေ့လီသည် ရွှယ်အန်းကို အနည်းငယ် ကြောင်ငေးငေးဖြင့် ကြည့်လိုက်သည်။

ရွှယ်အန်းလည်း ညင်သာစွာ သက်ပြင်းချလိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။

ထိုအခါမှသာ ရွှယ်လွေ့လီ ရှေ့သို့ တိုးလိုက်သည်။

ဖန်ရှန်းကျွယ်က သူမ၏ လက်ကို ရုတ်တရက် ဆုပ်ကိုင်လိုက်သည်။

ရွှယ်လွေ့လီ လန့်သွားမိသည်။ ထိုလက်သည် အရိုးများသာ ဖြစ်နေသော်လည်း အလွန် သန်မာသည်ဟု ခံစားလိုက်ရသည်။

"မင်းရဲ့ ဓားနှလုံးသားကို ဆုပ်ကိုင်ပါ"

ဖန်ရှန်းကျွယ်က အားကုန်ထည့်ကာ ပြောလိုက်သည်။

ရွှယ်လွေ့လီသည် ဖန်ရှန်းကျွယ်၏ အမိန့်ကို လိုက်နာလျက် သူမ၏ ကိုယ်ပိုင် နှလုံးသားကို မသိစိတ်ဖြင့် စတင်ပုံဖော်လိုက်သည်။

ဖန်ရှန်းကျွယ်၏ မျက်လုံးထဲတွင် အံ့ဩမှု တစ်ချက် ဖြတ်ပြေးသွားသည်။

"ဒါက ကြည်လင်တဲ့ ဓားနှလုံးသားပဲ ဖြစ်ရမယ်၊ အိုး နတ်ဘုရားတွေရေ...၊ ငါ သူနဲ့ တစ်ဘဝလုံး တိုက်ခိုက်ခဲ့ပေမဲ့ နောင်တရစရာတော့မရှိတော့ပါဘူး၊ ငါ့ရဲ့ အမွေအနှစ်ကို ဆက်ခံဖို့ ဒီလောက် ထိုက်တန်တဲ့ ဆက်ခံသူမျိုးကို ကောင်းကင်ဘုံက တကယ် ပို့ပေးခဲ့တာပဲ"

ဖန်ရှန်းကျွယ်က အားရပါးရ ရယ်ချလိုက်ပြီး သူ၏ ကျင့်ကြံဆင့်ကို စတင် အသက်သွင်းကာ ရွှယ်လွေ့လီထံသို့ လွှဲပြောင်းပေးလိုက်သည်။

ရွှယ်လွေ့လီသည် သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ခါသွားသည်ကို ခံစားလိုက်ရပြီး သူမ၏ အသိစိတ်ပင်လယ်ထဲတွင် မရေမတွက်နိုင်သော ဓားသိုင်းကွက်များနှင့် ဓားတာအို၏ စစ်မှန်သော အသိဉာဏ်များ ထွက်ပေါ်လာသည်။

၎င်းတို့အားလုံး၏ စွမ်းအားသည် သူမကို စုပ်ယူမှုထဲသို့ ဆွဲသွင်းသွားသည်။

ရွှယ်အန်းက တိတ်ဆိတ်စွာသာ ကြည့်နေလိုက်သည်။

ဖန်ရှန်းကျွယ်၏ ခန္ဓာကိုယ်သည် မျက်စိဖြင့် မြင်နိုင်သော အရှိန်နှုန်းဖြင့် ပျက်စီးနေသည်။

သို့သော် ထိုသို့ ဖြစ်နေသည့်တိုင် သယသည် သူ၏ တစ်ဘဝတာ ကျင့်ကြံမှုအဆင့်ကို တွန့်ဆုတ်မှု တစ်စုံတစ်ရာ မရှိဘဲ လွှဲပြောင်းပေးနေသည်။

မကြာမီမှာပင်...

ကျင့်ကြံမှုအဆင့် လွှဲပြောင်းခြင်း ပြီးမြောက်သွားသည်။

ရွှယ်လွေ့လီသည် ခြေထောက်ချိတ်ထိုင်လိုက်ပြီး မျက်လုံးများ မှိတ်ကာ တရားထိုင်လိုက်သည်။

တစ်ချိန်တည်းမှာပင် ဖန်ရှန်းကျွယ်သည် ဆီကုန်ကာ မီးငြိမ်းတော့မည့် အခြေအနေသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

သူသည် နောက်ဆုံး စွမ်းအင် အနည်းငယ်ကို အသုံးပြုကာ ရွှယ်အန်းကို ကြည့်ရန် ခေါင်းမော့ဖို့ ကြိုးစားခဲ့သော်လည်း သူ မလုပ်နိုင်တော့ပေ။

ရွှယ်အန်းက ၎င်း၏ ဆန္ဒကို သိရှိလိုက်ဟန်ဖြင့် ချက်ချင်းပင် ၎င်း၏ ရှေ့မှောက်သို့ ရောက်လာပြီး ညင်သာစွာ ထူမပေးလိုက်သည်။

ဖန်ရှန်းကျွယ် ရယ်ချင်မိသည်။

သို့သော် သူ၏ နှုတ်ခမ်းထောင့်များမှာ စတင် မြင့်တက်လာသည်နှင့် တစ်ပြိုင်နက် သူ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် ပြာအဖြစ်သို့ ပြောင်းလဲသွားပြီး ထိုနေရာတွင်ပင် ပျောက်ကွယ်သွားသည်။

ဤမြင်ကွင်းကို ရွှယ်လွေ့လီ မျက်လုံး ဖွင့်ကြည့်လိုက်သည့်အချိန်တွင် တိုက်ဆိုင်စွာ မြင်တွေ့လိုက်ရသည်။

သူမ အနည်းငယ် အံ့အားသင့်သွားပြီးနောက် မြေပြင်ပေါ်သို့ ဒိုင်းခနဲ ဒူးထောက်ကျလိုက်ကာ ကျယ်လောင်စွာ ပြောလိုက်သည်။

"ဆရာ"

သူမထံမှ ဆရာ ဟု ခေါ်ဆိုလိုက်သော အသံသည် ရိုးသားပြီး စစ်မှန်သော ခံစားချက်များ ပါဝင်နေသည်။

သူမအတွက်မူ ဤသည်မှာ ပထမဆုံး တွေ့ဆုံမှုမျှသာ ဖြစ်သော်လည်း ဖန်ရှန်းကျွယ် ပေးအပ်ခဲ့သော အရာသည် တိုင်းတာမရနိုင်သော တန်ဖိုးရှိသည့် လက်ဆောင်တစ်ခု ဖြစ်သည်။

၎င်းသည် သူမ တစ်ဘဝလုံး အချိန်ယူ၍ ကျေးဇူးဆပ်ရမည့် အလွန် တန်ဖိုးကြီးမားသော ရတနာတစ်ခု ဖြစ်သည်။

ရွှယ်အန်းလည်း ထိုနေရာတွင် ရပ်နေကာ ဖန်ရှန်းကျွယ် မြူမှုန်အဖြစ်သို့ ပြောင်းလဲသွားသည်ကို ကြည့်ပြီး ညင်သာစွာ ရွတ်ဆိုလိုက်သည်။

"ဘယ်သူက ဒီခမ်းနားတဲ့ အိပ်မက်ထဲကနေ အရင် နိုးထနိုင်မလဲ၊ ဒီဘဝမှာတော့ ငါ သိခဲ့ပြီ"

"ခင်ဗျားက ဓားသခင် ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ တကယ့်ကို ထိုက်တန်ပါတယ်”

All Chapters