ကံဆိုးသော လဲ့ကျွင်နှင့် အမွှာညီအစ်မ
Vol. 55 Ch. 812
ကျီလဲ့မြို့ထဲတွင်...
ရွှယ်ရှန်း နှင့် နျန်နျန်တို့သည် ကုတင်ဘေးတွင် ထိုင်လျက် ပါးစပ်ကို လက်ဖြင့်ထောက်ကာ နက်ရှိုင်းစွာ အိပ်မောကျနေသော အန်းယန်ကို ကြည့်နေကြသည်။
"မမ... မေမေ ဘယ်တော့ နိုးလာမှာလဲ" နျန်နျန်၏ အသံတွင် ရှိုက်သံ အနည်းငယ် ပါနေသည်။
ရွှယ်ရှန်းလည်း စိတ်ပူနေသော်လည်း ထိုအခိုက်အတန့်တွင် သူမသည် အစ်မကြီးတစ်ယောက်၏ အခန်းကဏ္ဍကို ယူထားဆဲဖြစ်ပြီး အလွန် တည်ငြိမ်စွာ ပြောလိုက်သည်။
"စိတ်မပူပါနဲ့၊ မေမေ သေချာပေါက် ဘာမှမဖြစ်ဘူး...၊ သူ သိပ်မကြာခင် နိုးလာမှာပါ"
"ဟင့်... မေမေက သတိလစ်နေတယ်၊ ဖေဖေကလည်း အိမ်မှာမရှိဘူး၊ သမီး အရမ်းကြောက်တယ်"
နျန်နျန်သည် စိတ်မထိန်းနိုင်ဘဲ ငိုချလိုက်သည်။
ရွှယ်ရှန်းလည်း နှာခေါင်းများ ချဉ်စူးလာပြီး မျက်လုံးထဲတွင် မျက်ရည်များ ပြည့်လျှံနေသော်လည်း သူမသည် အားတင်းကာ နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး ပေါ့ပေါ့ပါးပါး ဟန်ဆောင်ကာ ပြောလိုက်သည်။
"တော်ပြီတော်ပြီ... ဖေဖေ အဆင်ပြေနေတုန်းပဲ မဟုတ်လား၊ စိတ်ချ... နောက်တစ်စက္ကန့်ဆို ဖေဖေ ပြန်လာတော့မှာ"
သူမသည် လူကြီးငယ်လေး တစ်ယောက်ကဲ့သို့ ဟန်ဆောင်နေသည်။
"ဒါပေမဲ့ သမီး ကြောက်တယ်၊ အဲ့နေ့က ခံစားရတာက အရမ်းဆိုးခဲ့တာ"
နျန်နျန်သည် မျက်ရည်များ သုတ်လိုက်ရင်း ကြောက်လန့်တကြား ပြောနေမိသည်။
ထိုနေ့က အဖြစ်အပျက်ကို ပြန်တွေးမိချိန် ရွှယ်ရှန််းလည်း အနည်းငယ် ကြောက်လန့်သွားသည်။
ထိုနေ့က သူတို့ နှစ်ယောက်လုံး ရုတ်တရက်ဆိုသကဲ့သို့ ပြင်းထန်သော မလုံခြုံမှုကို ခံစားလိုက်ရပြီး သူမတို့၏ ဖေဖေသည် အလွန် အန္တရာယ်များသော အခြေအနေတွင် ရှိနေသည်ဟူသော ခံစားချက်ကို ရရှိခဲ့ကြသည်။
ထိုအချိန်က သူမတို့ နှစ်ယောက်လုံး အလွန် လန့်ပြီး အသံကျယ်ကြီးဖြင့် ငိုယိုခဲ့ကြသည်။
သို့ဖြစ်ရာ အန်းယန်သည် အရာအားလုံးကို လျစ်လျူရှုကာ သူမ၏ ကျင့်ကြံမှုအဆင့်ကို အတင်းမြှင့်တင်ပြီး ဟင်းလင်းပြင်ကို ဖြတ်ကျော်ကာ ဆက်သွယ်ဆိုမှု နတ်ဘုရားအာရုံတစ်ခုကို ပေးပို့ခဲ့သည်။
ထိုအခါမှသာ ကလေးမလေး နှစ်ယောက်သည် မလုံခြုံသော ခံစားချက်များ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်ကို ခံစားလိုက်ရသည်။
သို့သော် ချက်ချင်းပင် သူတို့၏ မေမေသည် မြေပြင်ပေါ်သို့ သတိလစ် မေ့မြောသွားခဲ့သည်။
ကလေးမလေး နှစ်ယောက်လုံးသည် ဤသည်မှာ အန်းယန်က သူမ၏ ကျင့်ကြံမှုအဆင့် အားလုံးကို မဆင်မခြင် အသုံးပြုခဲ့သောကြောင့် စည်းချိပ်ကို ထိခိုက်စေခဲ့ပြီး တစ်ဖန် ပြန်မေ့မြောသွားခြင်းဖြစ်သည်ကို သိကြသည်။ ထို့ကြောင့် ညီအစ်မနှစ်ယောက်သည် အန်းယန်ကို ကုတင်ပေါ်သို့ ကူသယ်ကာ သူမတို့၏ မေမေနိုးထလာမည့် အချိန်ကို ကုတင်ဘေးတွင် စောင့်ဆိုင်းနေခဲ့ကြသည်။
သို့သော် အချိန်ကုန်လွန်လာသည်နှင့်အမျှ တစ်နေ့နီးပါး ကြာသွားသော်လည်း သူမတို့၏ မေမေသည် နိုးမလာခဲ့သည့်အပြင် ဖေဖေထံမှလည်း သတင်းအစအနတစ်ခုပင် မရခဲ့ပေ။ အသက် ခြောက်နှစ်၊ ခုနစ်နှစ်ထက် မပိုသေးသော ကလေး နှစ်ယောက်အတွက် ယခုအချိန်ထိ ကြံ့ကြံ့ခံနိုင်ခဲ့ခြင်းမှာ အလွန်ပင် သန်မာနေပြီဖြစ်သည်။
"တော်ပြီတော်ပြီ... မကြောက်နဲ့တော့၊ နင့်မှာ ငါ ရှိနေသေးတာပဲမလား" ရွှယ်ရှန်းသည် နျန်နျန်ကို နှစ်သိမ့်လိုက်သည်။
သို့သော် သူမသည် သူမ၏ ညီမဖြစ်သသူနျန်နျန်ထက် ခြောက်မိနစ်သာ အသက် ပိုကြီးသည်ကို မေ့နေပုံရသည်။ မည်သို့ပင်ဖြစ်စေ နျန်နျန်သည် သူမ၏ အစ်မအပေါ် အလွန် ယုံကြည်ပြီး ၎င်း၏ နှစ်သိမ့်စကားများကို ကြားသောအခါ တဖြည်းဖြည်း တည်ငြိမ်လာသည်။ သို့သော် မိနစ်အနည်းငယ် ကြာသောအခါ၊ နျန်နျန်၏ ဝမ်းဗိုက်ထဲမှ ဂလုဂလု အသံများထွက်ပေါ်လာသည်။
"မမ... သမီး ဗိုက်ဆာတယ်"
ရွှယ်ရှန်းလည်း ထိုအချိန်တွင် အနည်းငယ် ဗိုက်ဆာလာသည်။ ထို့ကြောင့် သူတို့ နှစ်ယောက် စားစရာ တစ်ခုခု ရှာကြသည်။ သို့သော် နျန်နျန်ကြောင့် လွန်ခဲ့သောနာရီပိုင်းလောက်က ကွတ်ကီး များကို စားကုန်သွားပြီဖြစ်သည်။ ယခုအခါ ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေသော မုန့်အခွံများမှလွဲ၍ စားနိုင်သော အရာ ဘာမှမကျန်တော့ပေ။ အခြား သရေစာများအတွက်မူ ၎င်းတို့ အားလုံးသည် အန်းယန်၏ လက်စွပ်ထဲတွင်သာ သိမ်းဆည်းထားခြင်ဖြစ်သည်။
ကလေးမလေး နှစ်ယောက်လုံး ဖွင့်မရကြပေ။
ညီအစ်မနှစ်ယောက်သည် မျက်လုံး၀ိုင်းကြီးများနှင့် အချင်းချင်း ကြည့်လိုက်ကြပြီးနောက် တစ်ပြိုင်နက်တည်း ပြောလိုက်ကြသည်။
"ဘယ်လိုလုပ်ကြမလဲ"
"မမ... သမီးတို့တွေ အပြင်ထွက်ပြီး စားစရာ သွားဝယ်ကြမလား"
"မဖြစ်ဘူး၊ အခု မေမေက မေ့မြောနေတာ၊ ငါတို့တွေ သူ့ကို ကာကွယ်ပေးရမယ်၊ ငါတို့ ထွက်သွားတုန်း လူဆိုးတွေ ဝင်လာရင် ဘယ်လိုလုပ်မလဲ၊ ပြီးတော့ ငါတို့မှာ ပိုက်ဆံလည်း မရှိဘူး"
ရွှယ်ရှန်းသည် ရှေ့ရေးကို တွေးတက်သည်။
"ဒါဆို ဘယ်လိုလုပ်မလဲ၊ သမီးတို့တွေ ဒီအတိုင်း အဆာခံတော့မှာလား"
နျန်နျန်က ၀မ်းနည်းစွာ ပြောလိုက်သည်။
ရွှယ်ရှန်းသည် သူမ၏ ခပ်ဖောင်းဖောင်း လက်ကလေးဖြင့် မေးစေ့ကို ပွတ်သပ်လိုက်ပြီး အခန်းထဲတွင် ဟိုဟိုဒီဒီ လျှောက်ကာ ပြဿနာကို အလေးအနက် တွေးတောနေသည်။ နျန်နျန်သည် ၎င်းကို အနှောင့်အယှက် မပေးဝံ့ဘဲ ရွှယ်ရှန်း၏ နောက်မှ လိုက်ကာ ဟိုဟိုဒီဒီ လျှောက်နေမိသည်။
ဟုတ်တယ်... ဘယ်လိုလုပ်ရမလဲ...
စားစရာမရှိတာက တကယ်ကို ပြဿနာကြီးပဲ...
ရွှယ်ရှန်းသည် စိတ်ထဲတွင် တွေးတောကာ မီးဖိုချောင် ကောင်တာပေါ်တွင် အန်းယန် စမ်းသပ်ရန် အသုံးပြုခဲ့သော မုန့်ညက်သားကို သတိရမိသောအခါ သူမ၏ မျက်လုံးများ ရုတ်တရက် လင်းလက်သွားသည်။
"ငါသိပြီ"
ရွှယ်ရှန်းသည် ရုတ်တရက် ခြေလှမ်းကို ရပ်ဆဲလိုက်သည်။
နျန်နျန်သည် ခေါင်းငုံ့ကာ အနောက်မှ လိုက်လာသောကြောင့် အချိန်မီ မရပ်တန့်နိုင်ဘဲ ရွှယ်ရှန်းကို ဝင်တိုက်မိကာ သူမ၏ နှာခေါင်းသည် ရွှယ်ရှန်း၏ နောက်စေ့နှင့် ဆောင့်မိသွားသည်။
"အား၊ မမ ဘာလို့ ဘာမှမပြောဘဲ ရပ်လိုက်တာလဲ၊ ဟင့်... သမီး နှာခေါင်း နာသွားပြီ"
နျန်နျန်သည် သူမ၏ နာကျင်နေသော နှာခေါင်းကို အုပ်ကိုင်ကာ အလွန် ဝမ်းနည်းစွာ ပြောလိုက်သည်။ ရွှယ်ရှန်းလည်း သူမ၏ နောက်စေ့ကို ထိကိုင်ကာ နာကျင်မှုကြောင့် မျက်နှာ ရှုံ့မဲ့သွားသော်လည်း၊ သူမသည် စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
"နျန်နျန် ငါ့မှာ အဖြေရှိပြီ"
"ဘာအဖြေလဲ"
"ငါတို့တွေ ကိုယ့်ဘာသာ ချက်စားလို့ရတယ်"
"ကိုယ့်ဘာသာ ချက်စားမယ် ဟုတ်လား"
"ဟုတ်တယ်"
"ဒါပေမဲ့... သမီးတို့တွေ မလုပ်တတ်ဘူးလေ"
ရွှယ်ရှန်းက သူမ၏ ရင်ဘတ်ကို ပုတ်လိုက်သည်။
"ငါတို့တွေ မသိရင် သင်လို့ မရဘူးလား"
"ဒါပေမဲ့..."
ရွှယ်နျန်က ချီတုံချတုံ ဖြစ်နေသည်။
"လာစမ်းပါ၊ ငါ မေမေနဲ့ ဖေဖေ ချက်တာကို ကြည့်ဖူးတယ်၊ ဒါက တကယ်ကို ရိုးရှင်းတာ... ဘာမှ မခက်ဘူး၊ နျန်နျန်... လာ၊ ငါ့ရဲ့ လက်ထောက် လာလုပ်"
ရွှယ်ရှန်းသည် ပြောလေလေ စိတ်လှုပ်ရှားလေလေ ဖြစ်လာပြ ချက်ချင်းပင် သူမ၏အကျီကို လိပ်တင်ကာ အလုပ်စရန် အသင့်ပြင်လိုက်သည်။ ရွှယ်နျန်သည် တစ်ခုခု မှားနေသလို ခံစားနေရသော်လည်း ဗိုက်ဆာနေသဖြင့် သူမလို အစားအသောက် ကြိုက်သူလေး အတွက် အလွန် ခံရခက်သောကြောင့် သူမလည်း ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီ"
သူမတို့ ပြောပြီးသည်နှင့် ချက်ချင်း လုပ်ကြသည်။
ရွှယ်ရှန်းသည် ပထမဦးစွာ ခွေးခြေခုံ တစ်လုံးကို ယူလာပြီးနောက် ၎င်းပေါ်တွင် ရပ်ကာ သူမ မြင်ဖူးခဲ့သမျှကို တုပလျက် မုန့်သားကို စတင် နယ်တော့သည်။
"မမ ဘာလုပ်နေတာလဲ"
"ပေါင်မုန့် ပေါင်းမလို့"
ရွှယ်ရှန်းက ခေါင်းမော့ မကြည့်ဘဲ ပြောလိုက်သည်။ မကြာမီမှာပင် ရွှယ်ရှန်းသည် ချွေးများ ရွှဲနစ်သွားသော်လည်း သူမသည် မုန့်သားကို တစ်လုံးချင်းစီ အလုံးလေးများဖြစ်အောင် နယ်နိုင်ခဲ့သည်။
"မမက တော်လိုက်တာ"
ရွှယ်နျန်၏ မျက်လုံးများ ဝိုင်းစက်သွားကာ ချီးကျူးစကား မပြောဘဲ မနေနိုင်တော့ပေ။
"ဒါပေါ့၊ နင့်အစ်မက ဘယ်သူမို့လို့လဲ" ရွှယ်ရှန်းက ကိုယ့်ကိုယ်ကိုယ် အလွန် ဂုဏ်ယူနေမိသည်။
"သွား၊ အဲ့ဒီအိုးထဲကို ရေနည်းနည်း ထည့်"
"ဟုတ်"
ရွှယ်နျန်သည် ပူနွေးသော ပေါင်းမုန့်များကို မြည်းစမ်းချင်ဇောနှင့် ကြိုးကြိုးစားစား စတင် လုပ်တော့သည်။ ရေတစ်ပုံးသည် လေးသောကြောင့် ပုံးတစ်ဝက်သာ ခပ်လိုက်သည်။ ရွှယ်နျန်သည် နည်းနည်းချင်းစီဖြင့် အိုးတစ်ဝက်ကို ရေဖြင့် ဖြည့်နိုင်ခဲ့သည်။
"တော်ပြီ"
ရွှယ်ရှန်းက ပြောလိုက်သည်။
ထို့နောက် သူမသည် ဝါးပေါင်းအိုး တစ်လုံးကို ရှာကာ အိုးပေါ်တွင် တင်လိုက်ပြီး ပေါင်မုန့်များကို အပေါ်တွင် တင်လိုက်သည်။
သို့သော် မီးမွှေးရမည့် အချိန်တွင်တော့ ကလေးမလေး နှစ်ယောက်လုံး ဘာလုပ်ရမှန်း မသိတော့ပေ။ အဘယ်ကြောင့်ဆို ဤနေရာတွင် မီးခြစ် မပြောနှင့် မည်သည့်အရာမှမရှိပဲ မီးမွှေးရန် မီးခတ်ကျောက်လောက်သာရှိသည်။ သူတို့သည် ၎င်းကို မည်သို့ အသုံးပြုရမည်ကို မသိကြပေ။
သို့သော် ဤအရာက ရွှယ်ရှန်းကို ကူကယ်ရာမဲ့အောင် မလုပ်နိုင်ချေ။ မျက်လုံးတစ်ချက် လှည့်လိုက်သည်နှင့် သူမသည် ကုတင်ဆီသို့ သွားကာ သူမ မိခင်၏ ဒယ်အိုးပြားကို ဆွဲယူလာခဲ့သည်။
"မမ... ဘာလုပ်မလို့လဲ"
"မီးမွှေးမလို့လေ၊ တခြား ဘာလုပ်ရမှာလဲ"
"ဒါပေမဲ့ ဒါကြီးနဲ့ လုပ်လို့ရလို့လား"
"စိတ်မပူနဲ့၊ ငါက ရတယ်လို့ ပြောရင် ရတယ်"
ရွှယ်ရှန်းသည် ဒယ်အိုးပြားကို မီးဖိုပေါ်တွင် ဝှေ့ယမ်းလိုက်သည်။
သို့သော် ဘာမှ မဖြစ်လာပေ။
"မမ မီးလည်းမရှိဘူး"
ရွှယ်ရှန်း၏ မျက်နှာအမူအရာ အနည်းငယ် ပျက်ယွင်းသွားပြီး ဒယ်အိုးပြားကို အော်ဟစ်လိုက်သည်။
"ဟေ့... အခု ထွက်လာခဲ့"
တုံ့ပြန်မှုမရှိသေးချေ။
"နားပင်းချင်ယောင် မဆောင်နဲ့၊ နင် ရှိနေတာ ငါသိတယ်၊ စကားပြောစမ်း"
တိတ်ဆိတ်မှုသည် ဆက်လက် တည်ရှိနေသည်။ ရွှယ်ရှန်း၏ မျက်နှာငယ်လေးသည် တင်းမာသွားသည်။
"စကားမပြောဘူး ဟုတ်လား၊ ဟွန်း... ဖေဖေ ပြန်လာရင် နင်ကို အစိမ်းလိုက် ထုခွဲပစ်ဖို့ ငါ မတောင်းဆိုရဲဘူး ထင်နေတာလား"
အဆုံးတွင် ဒယ်အိုးပြားထဲမှ ပျင်းရိသော အသံတစ်ခု ထွက်ပေါ်လာသည်။
"ကလေးမလေး... မင်း ဒီမိုးကြိုးသခင်ဆီက ဘာလိုချင်လို့လဲ"
၎င်းမှာ ရွှယ်အန်း၏ ဒယ်အိုးထဲ သွင်းခြင်း ခံခဲ့ရသော လဲ့ကျွယ်ဖြစ်သည်။
ရွှယ်ရှန်းသည် မီးဖိုကို လက်ညှိုးထိုးပြလိုက်သည်။
"အဲ့ဒီမီးဖိုကို မြင်လား၊ ခဏနေ ငါ့လက်ကို ဝှေ့ယမ်းလိုက်တဲ့အခါ... နင် အဲ့ဒါကို မီးညှိပေး"
"ဘာ... ငါက ကြီးမြတ်တဲ့ နဝမအဆင့် မိုးကြိုးသခင်ကွ၊ မင်းက ငါ့ကို မီးမွှေးခိုင်းနေတာလား၊ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး"
"တကယ် မလုပ်ပေးဘူးလား"
"ရယ်စရာပဲ၊ ငါ့လို ဂုဏ်ပုဒ်နဲ့ ဒီလိုမျိုး အလုပ်ကို ဘယ်လို လုပ်နိုင်မှာလဲ၊ မလုပ်နိုင်ဘူး"
ရွှယ်ရှန်းက ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီ၊ ဒါဆို ဖေဖေ ပြန်လာတဲ့အခါ၊ နင် ငါ့ကို အနိုင်ကျင့်တယ်လို့ ပြောလိုက်မယ်၊ အဲ့ဒီအခါ ဘာအကျိုးဆက်တွေ ဖြစ်လာမလဲဆိုတာသာ စဉ်းစားကြည့်
လဲ့ကျွယ်: "...”