← Chapters

ဝဋ်ကြွေးတွေကြောင့် ဒီဘ၀မှာ ရွှယ်မိသားစုနဲ့တွေ့ရတာ

Vol. 55 Ch. 813

ဝဋ်ကြွေးတွေကြောင့် ဒီဘ၀မှာ ရွှယ်မိသားစုနဲ့တွေ့ရတာ

Vol. 55 Ch. 813

"ကဲ ပြော... လုပ်မှာလား မလုပ်ဘူးလား"

ရွှယ်ရှန်းက ပြောသည်။

"ငါ့ ဘယ်ဘဝက ဝဋ်ကြွေးတွေများရှိခဲ့လို့ မင်းတို့ ရွှယ်လူမျိုးတွေနဲ့ လာတွေ့နေရတာလဲ" လဲ့ကျွယ်က အော်ဟစ်ငြီးငြူလိုက်သည်။

သို့သော် အခြေအနေသည် ကြီးမားနေသည်။

သူ လက်မြှောက်အရှုံးပေးရတော့မည်။

"ကောင်းပြီ" လဲ့ကျွယ်က အားမရှိစွာ ပြောလိုက်သည်။

ထိုအခါမှ ရွှယ်ရှန်းသည် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

"ဒီလိုမှ လိမ္မာတာပေါ့၊ ငါ့အဖေ ပြန်လာရင် နင့်အတွက်ပါ သကြားလုံး ဝယ်ခိုင်းလိုက်မယ်"

လဲ့ကျွယ်သည် ထိုစကားကို ကြားသောအခါ သွေးပင် အန်ချင်သွားသည်။ သူသည် နှစ်ထောင်ပေါင်းများစွာ တည်ရှိခဲ့သော သတ္တဝါတစ်ဦးအနေဖြင့် ကလေးတစ်ယောက်က လိမ္မာသည်ဟု ချီးမွမ်းခြင်းကို ခံရသည်တဲ့လား...

သို့သော် သူသည် ဤကြောက်စရာကောင်းသော ကလေးမလေးကို မဆွရဲသောကြောင့် အံ့ကြိတ်ပြီး သည်းခံလိုက်သည်။

ထိုအချိန်တွင် ရွှယ်ရှန်းသည် သူမလက်ထဲမှ ဒယ်ပြားကို ရုတ်တရက် ဝှေ့ယမ်းလိုက်သည်။

မီးတစ်ခုလည်း မီးဖိုဆီသို့ တန်းတန်းမတ်မတ် ပစ်ထွက်သွားသည်။ ရွှယ်နျန်က လက်ခုပ်တီးပြီး အားပေးလိုက်သည်။

"မမက တကယ်တော်တာပဲ"

သူမ၏အသံ မဆုံးမီမှာပင် ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။ မီးဖိုထဲမှ ထင်းများသည် ချက်ချင်း ပြာဖြစ်သွားပြီး အိုးသည်လည်း ဤမျှမြင့်မားသော အပူချိန်ကို ခဏမျှသာ ခံနိုင်ပြီးနောက် လောင်ကျွမ်းသွားကာ ဘာမှမကျန်တော့ပေ။ ညီအစ်မနှစ်ယောက်သည် ကြောင်တောင်တောင်ဖြင့် ကြည့်နေမိပြီး အတော်ကြာမှ အော်ဟစ်ငိုယိုကြတော့သည်။

"ငါတို့ရဲ့ ပေါင်မုန့်တွေ"

"ဒါတွေအားလုံး နင့်ကြောင့်၊ နင့်ကို မီးမွှေးခိုင်းတာကို ဘယ်သူက အိုးပါ လောင်ပစ်ခိုင်းလို့လဲ"

ရွှယ်ရှန်းက ဒေါသတကြီး အံ့ကြိတ်ကာ ပြောလိုက်သည်။

"ဟုတ်တယ်၊ နင် ငါတို့ပေါက်မုန့်တွေအတွက် ပြန်လျော်ပေးရမယ်"

ရွှယ်နျန်သည် မျက်ရည်များဝိုင်းလျက် ပြောသည်။

လဲ့ကျွယ်သည် ဒယ်ပြားထဲမှ အော်ဟစ်လိုက်သည်။

"ကောင်းကင်နဲ့ မြေကြီးက သက်သေခံနိုင်တယ်၊ ငါ့ကြောင့် မဟုတ်ဘူး၊ ပြီးတော့ ငါက မိုးကြိုးကို တတ်နိုင်သလောက် အနည်းဆုံးဖြစ်အောင် လျှော့ချပြီးသား၊ ဒီပစ္စည်းက အဲ့လောက် မီးလောင်လွယ်မှန်း ဘယ်သူသိမှာလဲ"

"မသိဘူး၊ နင် ငါတို့ပေါက်စီတွေအတွက် လျော်ရမယ်"

ကလေးမလေးနှစ်ယောက်သည် လဲ့ကျွယ် နှင့် ပေါက်စီကိစ္စ အငြင်းပွားနေစဉ် အခန်းတံခါး ရုတ်တရက် ပွင့်သွားပြီး ကျန်းချီက ယိမ်းထိုးလျက် ဝင်လာသည်။ ကလေးမလေးနှစ်ယောက် တုန်လှုပ်သွားကြသည်။

"မမကျန်းချီ ဘာဖြစ်လာတာလဲ"

ထိုအချိန်တွင် ကျန်းချီ၏ မျက်နှာသည် ဖြူဖျော့နေပြီး သူမ၏ ပါးစပ်ထောင့်မှ သွေးများ စီးကျနေသည်။

"ပြေးတော့"

ကျန်းချီသည် အသံခြောက်ကြီးဖြင့် အော်လိုက်သည်။ ကလေးမလေးနှစ်ယောက်မှာ ဘာဖြစ်နေမှန်း မသိသေးဘဲ ရှုပ်ထွေးနေကြသည်။

ထို့နောက် ခြံဝင်းထဲမှ အေးစက်စက် ရယ်သံများ ထွက်ပေါ်လာသည်။

"ပြေးမယ်၊ ဒီနေ့ မင်းတို့ လွတ်နိုင်မယ် ထင်နေလား"

ကျန့်ချီ၏ မျက်နှာသည် ပိုလို့ပင် ဖြူဖျော့သွားပြီး အေးစက်စွာ ပြောလိုက်သည်။

"ဟွာဝူရှန့်... ငါ့သခင်မလေး ပြန်လာတဲ့အခါ နင်နဲ့ စာရင်းရှင်းမှာ မကြောက်ဘူးလား"

"နင့်ရဲ့ သခင်မလေး ဟားဟား၊ နင်ရဲ့ သခင်မလေးက ပြန်လာနိုင်ဦးမယ် ထင်နေလား"

ထိုစကားအပြီးတွင် ပြတင်းပေါက်များနှင့် တံခါးများသည် ဝုန်းခနဲ ပြိုကျသွားပြီး ခြံထဲတွင် လူတစ်စု ပေါ်လာသည်။ သူတို့ကို ဦးဆောင်လာသူမှာ ကျီလဲ့ခန်းမ၏ အကြီးဆုံးစီနီယာအစ်မ ဟွာဝူရှန့်ပင်ဖြစ်သည်။

သူမ၏နောက်တွင် ကျန့်ဟုန်မှ ဓားကျွန်ခြောက်ယောက် ရပ်နေသည်။

"ကျစ်ကျစ်... တကယ်လှတဲ့ ကောင်မလေးတွေပဲ၊ နည်းနည်းလောက် လေ့ကျင့်ပေးလိုက်ရင် အနာဂတ်မှာ ကျီလဲ့ခန်းမရဲ့ နာမည်ကြီးတွေ ဖြစ်လာမှာ သေချာတယ်"

ဟွာဝူရှန့်သည် ရွှယ်နျန်နှင့် ရွှယ်ရှန်းတို့ကို ကျဉ်းမြောင်းသော မျက်လုံးများဖြင့် ကြည့်ကာ လျှာသပ်လျက် ချီးမွမ်းလိုက်ပြီး သူမ၏ မျက်လုံးများထဲတွင် လောဘရိပ်များ ဖြတ်ပြေးသွားသည်။ ကျန်းချီသည် အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ပြီး ကောင်မလေးနှစ်ယောက်ကို သူမ၏နောက်တွင် ကာကွယ်ထားကာ အေးစက်စွာ ပြောလိုက်သည်။

"ဟွာဝူရှန့်... ဒီကိစ္စက သူတို့နဲ့ မဆိုင်ဘူး၊ အပြစ်မဲ့တဲ့သူတွေကို လာမထိခိုက်ပါနဲ့"

"အပြစ်မဲ့တဲ့သူ၊ ဟားဟား... ရယ်စရာကောင်းလိုက်တာ၊ မင်းက ငါမသိဘူး ထင်နေလား၊ သူတို့က ရွှယ်အန်းရဲ့ မိသားစုဝင်တွေ ဖြစ်ရမယ်၊ ဟုတ်တယ်မလား၊ ဒါပေမယ့် စိတ်မပူနဲ့၊ ဒီတစ်ခါတော့ ရွှယ်အန်းတောင်မှ ပြန်လာနိုင်မှာ မဟုတ်ဘူး"

"မဟုတ်တာတွေ၊ ဖေဖေက ဘာမှဖြစ်မှာ မဟုတ်ဘူး"

ရွှယ်ရှန်းသည် ကျန့်ချီ၏ နောက်မှနေကာ အော်ပြောလိုက်သည်။

"ဟုတ်တယ်၊ ဝတုတ်မကြီး၊ လူဆိုးမကြီး၊ ဖေဖေအကြောင်း မကောင်းတာတွေ လာမပြောနဲ့"

ရွှယ်နျန်က ချက်ချင်း ထောက်ခံလိုက်သည်။

ဟွာဝူရှန့်၏ မျက်ခွံများ တွန့်သွားပြီး သူမ၏ မျက်နှာထားသည် ချက်ချင်း အေးစက်သွားသည်။

"ဝတုတ်မ၊ နင်တို့ ငါ့ကို ဝတုတ်မလို့ ခေါ်လိုက်တာလား"

"ငါ့ညီမလေး ပြောတာ မှန်တယ်၊ နင်က ဝတုတ်မကြီးပဲ"

ရွှယ်ရှန်းက ထပ်စော်ကားလိုက်သည်။

ဟွာဝူရှန့်သည် ဒေါသကြောင့် ပေါက်ကွဲထွက်မတတ် ဖြစ်သွားသည်။

သူမသည် သူမ၏ ပြည့်ဖြိုးသော ခန္ဓာကိုယ်ကို အလွန် ဂုဏ်ယူလေ့ရှိပြီး ယနေ့တွင်တော့ သူမကို ဝတုတ်မဟု အခေါ်ခံလိုက်ရသည်။

သူမ မည်သို့သည်းခံနိုင်မည်နည်း။

"အဲ့ဒီ ခွေးမလေးနှစ်ကောင်ကို ဖမ်းပြီး ငါ့ဆီ ခေါ်ခဲ့၊ ငါ သူတို့ကို သေချာ ဆုံးမပေးမယ်၊ ရိုသေမှုဆိုတာ ဘာလဲဆိုတာ သူတို့ နားလည်သွားစေရမယ်"

ဟွာဝူရှန့်သည် အံ့ကြိတ်ကာ အော်လိုက်သည်။

ဤဓားကျွန်ခြောက်ယောက်သည် ကျီလဲ့ခန်းမမှ မဟုတ်သော်လည်း ကျန့်ဟုန်၏ လီဟန်ချန်း မထွက်ခွာမီ သူတို့ကို မှာကြားခဲ့ခြင်းဖြစ်သည်။

၎င်းတို့အား ဟွာဝူရှန့်နှင့် ပူးပေါင်းဆောင်ရွက်ရန် ပြောခဲ့သည်။

ထို့ကြောင့် ၎င်း၏ အမိန့်ကို ကြား

သောအခါ ခြောက်ယောက်သားသည် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြသည်။

ကျန်းယီသည် ညင်သာစွာသက်ပြင်း ချလိုက်သည်။

"ညီမခုနစ် လက်လျှော့လိုက်ပါတော့၊ ရွှယ်အန်းက ဘယ်လိုမှ ပြန်လာနိုင်မှာ မဟုတ်ဘူး! နတ်ဆိုးသခင်လေးနဲ့ ကျီလဲ့ခန်းမရဲ့ အကြီးအကဲ လင်းရှောင်တို့ ပူးပေါင်းလိုက်ရင် ဘယ်သူက သူတို့ကို ယှဉ်နိုင်မှာလဲ"

"ဟုတ်တယ်၊ လက်လျှော့လိုက်ပါ၊ မင်း ခုခံတာကို ရပ်လိုက်တာနဲ့ ငါတို့ အတူတူ ဘေးချင်းယှဉ် တိုက်ခိုက်နိုင်သေးတယ်"

ကျန်းအာ့က ထပ်ဖြည့်ပြောသည်။

ကျန်းချီသည် ခါးသီးစွာ ပြုံးလိုက်သည်။

"ဘေးချင်းယှဉ် တိုက်ခိုက်မယ်၊ တကယ်ကို ရယ်စရာပဲ၊ ငါ့ကို ချောင်းတိုက်ခဲ့တာ နင်တို့ မဟုတ်တဲ့အတိုင်းပဲ"

"ပြီးတော့ ငါက လက်လျှော့ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး၊ လာခဲ့ကြ... ဒီနေ့ နင်တို့မသေရင် ငါသေမယ်"

ကျန်းချီသည် သူမ၏ဓားကို ဝှေ့ယမ်းကာ တစ်လက်မမှ နောက်မဆုတ်ဘဲ ရပ်နေသည်။

ဓားကျွန်ခြောက်ယောက်၏ မျက်နှာထားများ မည်းမှောင်သွားပြီး နားချ၍ မရနိုင်မှန်း သိလိုက်ကြသည်။

"မမကျန်းချီ... သမီးတို့ အဲဲ့လူဆိုးတွေကို တိုက်ခိုက်ဖို့ ကူညီမယ်"

ရွှယ်ရှန်းသည် ရှေ့သို့ တိုးလာပြီး ကျန်းချီ၏ ဘေးတွင် ရပ်လိုက်သည်။

"ဟုတ်တယ်၊ သမီးတို့ ကူညီမယ်"

ရွှယ်နျန်၏ မျက်နှာလေးသည်လည်း ပြတ်သားမှုများ ပြည့်နေပြီး သူတို့နှင့်အတူ ရပ်လိုက်သည်။

ကျန်းချီးလည်း အံ့အားသင့်သွားသည်။

"နင်တို့နှစ်ယောက်..."

ဟွာဝူရှန်းသည် ၎င်းတို့စကားကို ကြားသောအခါ လှောင်ရယ်လိုက်သည်။

"ဘာမှမသိတဲ့ ကလေးတွေ၊ အဖမ်းခံချင်လို့ သေတော့မှာပဲ"

သူမ၏ အမိန့်အရ ဓားကျွန်ခြောက်ယောက်သည် ရှေ့သို့ တဟုန်ထိုး ဝင်လာကြသည်။

သို့သော် သူတို့၏ အဓိက ပစ်မှတ်မှာ အင်အားကုန်ခမ်းနေပြီဖြစ်သော ကျန်းချီဖြစ်သည်။

သူတို့သည် ရွှယ်နျန်နှင့် ရွှယ်ရှန်းကို လုံးဝ အလေးမထားကြပေ။

သူတို့အမြင်တွင် ကျန်းချီကို ဖြိုလဲပြီးသည်နှင့် ကျန်သည့်အရာများမှာ လွယ်ကူစွာ ကိုင်တွယ်နိုင်မည် ဖြစ်သည်။

ထိုသည်ကိုမြင်တော့ ကျန်းချှသည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး အသေခံ တိုက်ခိုက်ရန် ပြင်လိုက်သည်။

ထိုအချိန်တွင် ရွှယ်ရှန်းသည် အော်လိုက်သည်။

"လဲ့ကျွယ် နင် အပြစ်ကိုဖြေဖို့ အခွင့်အရေး ရောက်လာပြီ"

ထိုအခါ ဒယ်အိုးထဲမှ ပျင်းရိသော အသံတစ်ခု ထွက်လာသည်။

"စိတ်မပူနဲ့၊ ငါ့အတွက် ထားလိုက်၊ ဒီလိုကိစ္စမျိုးက ငါ အကျွမ်းကျင်ဆုံးပဲ"

ရွှယ်ရှန်းသည် သူမလက်ထဲမှ ဒယ်အိုးကို တစ်ဖက်သို့ ဝှေ့ယမ်းလိုက်သည်။

သူမနှင့် အနီးဆုံးမှာ ကျန်းအာ့ဖြစ်သည်။

ကျန်းအာ့သည် ဤအရာကို လုံးဝ အလေးမထားသည့်အပြင် ရွှယ်ရှနက ဟာသလုပ်နေသည်ဟု ထင်ကာ သူမ၏ နှုတ်ခမ်းထောင့်တွင် လှောင်ပြုံးတစ်ခု ပေါ်လာသည်။

"ကလေးမလေး နင်..."

သူမစကား မဆုံးမီမှာပင် ဒယ်အိုးထဲမှ တောက်ပသော မိုးကြိုးတစ်ခု ထွက်ပေါ်လာပြီး ကျန်းအာ့ကို တိုက်ရိုက် ထိမှန်သွားသည်။

အမှတ်မထင် ဖြစ်သွားသောကြောင့် ကျန်းအာ့သည် အချိန်မီ မတုံ့ပြန်နိုင်ဘဲ မိုးကြိုးကို တည့်တည့် ထိမှန်သွားသည်။

သူမ၏ ကျင့်ကြံအဆင့်သည် အတော်လေး ကောင်းမွန်သော်လည်း လဲ့ကျွယ် ထုတ်လွှတ်လိုက်သော မိုးကြိုးကို မခံနိုင်ချေ။

သူမသညခ မြေပြင်ပေါ်သို့ လဲကျသွားပြီး သူမ၏ ခန္ဓာကိုယ်သည် မီးလောင်ကျွမ်းကာ နှာခေါင်းနှင့် ပါးစပ်မှ မီးခိုးများ ထွက်လာခြင်းဖြစ်သည်။

ရွှယ်ရှန်း၏ တိုက်ခိုက်မှုသည် အားလုံးကို တုန်လှုပ်သွားစေသည့် မိုးကြိုးပစ်ချလိုက်သည့်ပမာ ဖြစ်သည်။

ထိုအချိန်တွင် ရွှယ်နျန်သည်လည်း နောက်ကျမခံပေ။ သူမ၏ လည်ပင်းတွင် ဆွဲထားသော ဒယ်အိုးအသေးလေးကို ဆွဲဖြုတ်လိုက်ပြီး အော်လိုက်သည်။

"အခုပဲ"

ဘုန်း...

အစိမ်းရောင် သစ်သားဒယ်အိုးတစ်ခုသည်ရွှယ်နျန်၏ လက်ထဲတွင် ပေါ်လာသည်။

ထို့နောက် သူမရှေ့မှ လူတစ်ယောက်ကို ထိုအိုးဖြင့် အားကုန် ရိုက်ချလိုက်သည်။

ရွှယ်နျန်၏ ဒယ်အိုးတွင် လဲ့ကျွယ် မရှိသော်လည်း ၎င်းသည် အလွန် အစွမ်းထက်သော မှော်လက်နက်တစ်ခု ဖြစ်သည်။

ထို့အပြင် သူမ၏ ပြိုင်ဘက်သည် လုံးဝ ပြင်ဆင်ထားခြင်း မရှိသဖြင့် ထိုရိုက်ချက်သည် ထိုသူ၏ ခါးကို တည့်တည့် ထိမှန်သွားသည်။

ဘန်း...

ထိုရိုက်ချက်ကြောင့် ထိုသူသည် လွင့်ထွက်သွားပြီး မြေပြင်ပေါ်သို့ ကျသောအခါ သွေးတစ်ပွက် အန်ထုတ်လိုက်သည်။

ထိုအခါမှ လူများသည် လွင့်ထွက်သွားသူမှာ ကျန်းချီမှလွဲ၍ အခြားသူ မဟုတ်ကြောင်း ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။

နေရာတစ်ခုလုံး ကြက်သေသေသွားသည်။

သို့သော် ကောင်မလေးနှစ်ယောက်မှာ ရပ်နေကြပြီး သူတို့၏ မေးစေ့များကို မြှောက်ထားကာ တစ်ဖက်လူများကို လက်ညှိုးထိုးကာ မေးလိုက်သည်။

"တခြား ဘယ်သူ မကျေနပ်တာရှိသေးလဲ"

All Chapters