အစတော့ မယုံခဲ့ပေမယ့် နောက်တော့ ယုံသွားတယ်
Vol. 55 Ch. 814
ဟွားဝူရွှမ်သည် အမွှာညီအစ်မနှစ်ယောက်ကို ကြည့်ကာ သူမ၏ မျက်ခွံများ တဆတ်ဆတ်လှုပ်သွားပြီး သူမ၏ မျက်နှာသည် ပိုလို့ပင် တင်းမာလာသည်။
ခြောက်နှစ်၊ ခုနစ်နှစ်အရွယ် ကလေးမလေးနှစ်ယောက်သည် ဤမျှလောက်တောင် ကြောက်စရာကောင်းလိမ့်မည်ဟု သူမ ဘယ်တုန်းကမှ အိပ်မက်မမက်ခဲ့ဖူးပေ။
ကျန့်ဟုန်မှ ဓားကျွန်တချို့တောင် သူတို့နှင့် ယှဉ်နိုင်စွမ်း မရှိချေ။
"သုံးစားမရတဲ့ အမှိုက်သရိုက်တွေ၊ ကလေးနှစ်ယောက်တောင် မနိုင်ဘူး၊ နင်တို့ ကျန့်ဟုန်က တဖြည်းဖြည်း ပျက်စီးလာတာ မဆန်းပါဘူး"
ဟွာဝူရွှမ်သည် လှောင်ပြောင်သရော်သော လေသံနှင့် ပြောလိုက်သည်။
ဓားကျွန်များအားလုံး ရှက်ရွံ့ပြီး ဒေါသထွက်နေသော အရိပ်အယောင်များ ပေါ်လာသည်။
အထူးသဖြင့် ရှန်းရှန်း၏ လက်ချက်ကြောင့် လွင့်စင်သွားခဲ့သော လူဆိုလျှင် ဒေါသများ တောက်လောင်နေသောကြောင့် မြေပြင်ပေါ်ကနေ ခုန်ထလိုက်ကာ တိုက်ခိုက်ဖို့ အသင့်ဖြစ်နေသည်။
ထိုအချိန်မှာ ဟွာဝူရွှမ်လည်း ရှေ့ကို တိုးဝင်ပြီး ထိုမသိတတ်သော ကလေးမလေးနှစ်ယောက်ကို ဖမ်းဆီးကာ သင်ခန်းစာကောင်းကောင်းပေးဖို့ ပြင်ဆင်လိုက်သည်။
သို့သော် အချိန်မှာပဲ အလွန်စိုးရိမ်တကြီး အော်ဟစ်သံတစ်ခုသည် အဝေးမှ ထွက်ပေါ်လာတယ်။
"ရပ်လိုက်... သခင်မဝူရွှမ်၊ ကျေးဇူးပြုပြီး ရပ်လိုက်ပါ"
ထိုအော်သံကို ကြားသောအခါ ဟွာဝူရွှမ်သည် အနည်းငယ် အံ့အားသင့်သွားပြီး ခေါင်းလှည့်ကြည့်လိုက်သည်။
မြင်းတစ်စီးသည် လေထဲမှာ ပျံဝဲလာပြီး လူတစ်ယောက်မှာ ကွင်းပြင်ထဲကို ဆင်းသက်လာသည်ကို သူမ မြင်လိုက်ရသည်။
ထိုလူကို မြင်လိုက်ရချိန် ဟွာဝူရွှမ်၏ မျက်နှာသည် အနည်းငယ် ပြောင်းလဲသွားပြီးနောက် အေးစက်စက် ပြောလိုက်သည်။
"ပိုင်ချင်းအာ နင် ဘာလို့ ငါ့ကို ရပ်ခိုင်းဖို့ ဒီလောက်တောင် အလန့်တကြား ဖြစ်နေရတာလဲ"
ဟုတ်ပါသည်။
အလျင်အမြန် ရောက်ရှိလာသူမှာ တခြားသူမဟုတ်ဘဲ နက်ရှိုင်းမိုးကြိုးမြို့တွင် ရွှယ်အန်းနှင့် လေလံပွဲမှာ တွေ့ဆုံခဲ့ရသည့် ပိုင်ချင်းအာဖြစ်သည်။
သူမသည် လေလံအသင်းအဖွဲ့၏ ဥက္ကဋ္ဌတစ်ယောက် ဖြစ်ရုံသာမက ကျီလဲ့ခန်းမမှ တပည့်တစ်ယောက်လည်း ဖြစ်သည်။
နက်ရှိုင်းမိုးကြိုးမြို့မှာ ရွှယ်အန်းနှင့် လမ်းခွဲပြီးနောက် သူမသည် လေလံအသင်းအဖွဲ့ဆီ ပြန်သွားခဲ့သည်။ သူမ သတင်းစကား ပါးလိုက်ပြီးနောက် သူမအဖွဲ့သည် ထိုကိစ္စကို အလေးအနက်ထားပြီး ရွှယ်အန်းနှင့် ညှိနှိုင်းရန် ပိုင်ချင်းအာနှင့်အတူ ၀မ်တန်မြို့ဆီ လူများချက်ချင်း ပို့လိုက်သည်။
သို့သော် သူတို့ တစ်လှမ်းနောက်ကျသွားခဲ့သည်။
သူတို့ ဝမ်တန်မြို့ကို ရောက်ချိန် ရွှယ်အန်းသည် ကျန့်ချီနှင့်အတူ ထိုနေရာမှ ထွက်ခွာသွားခဲ့ပြီဖြစ်သည်။
ထိုအခါ ပိုင်ချင်းအာသည် ရွှယ်အန်းမှာ ကျီလဲ့မြို့ကို သွားပြီဆိုတာ နားလည်သွားသည်။
ထို့ကြောင့် သူမလည်း နောက်ကနေ လိုက်လာခဲ့သည်။
ဒါပေမဲ့ လမ်းခရီးတွင် အသေးအမွှားကိစ္စများမှာ သူမကို နှောင့်နှေးစေခဲ့သောကြောင့် ကျီလဲ့မြို့ကို ယနေ့မှ ရောက်ရှိလာခြင်းဖြစ်သည်။
မြို့ထဲကို ဝင်ရောက်ပြီးနောက် ပိုင်ချင်းအာသည် ကျီလဲ့ဆောင်ကို ဦးစွာ သွားခဲ့သည်။
ပိုင်ချင်းအာ၏ ပါရမီနှင့် ခန္ဓာကိုယ်အရည်အသွေးသည် ကျီလဲ့ခန်းမတွင် ထူးချွန်သည်ဟု မသတ်မှတ်နိုင်သော်လည်း လေလံအသင်းအဖွဲ့ထဲတွသိ သူမ၏လက်ရှိ အဆင့်အတန်းသည် မြင့်မားသောကြောင့် သူမ ကျီလဲ့ခန်းမမှာ ပေါ်လာသည့်အခါ တပည့်များဆီက အလွန်နွေးထွေးသော ကြိုဆိုမှုကို ရရှိခဲ့သည်။
သို့သော် သူမသည် ဂိုဏ်းချုပ်နှင့် သခင်မဟွာဝူရွှမ်ကို မတွေ့ခဲ့ရချေ။
ထိုအချိန်တုန်းက ပိုင်ချင်းအာသည် ၎င်းကိစ္စကို သိပ်အာရုံမစိုက်မိပဲ ခရီးပင်ပန်းလာသောကြောင့် ဟွာဝူရွှမ်ကို မရှာခင် လက်ဖက်ရည် အရင် သောက်ဖို့ စီစဉ်လိုက်သည်။
သို့သော် သူမ လက်ဖက်ရည်သောက်ရင်း မကြာသေးခင်က ဖြစ်ရပ်များကို စုံစမ်းနေစဉ် သခင်မလေးသည် အမွှာညီအစ်မ ဖမ်းဖို့ သွားတယ်ဆိုတာ ကြားလိုက်ရသည်။
ပိုင်ချင်းအာသည် သောက်လိုက်မိခါစ လက်ဖက်ရည်များ မျိုတောင် မချရသေးခင် အကုန် ပြန်ပန်းထွက်သွားခဲ့တယ်။
ထို့နောက် သတင်းပို့နေသော ဂျူနီယာတပည့်၏ လည်ပင်းကို ဆွဲကိုင်လိုက်ပြီး ကြောက်စရာကောင်းသော မျက်နှာထားနှင့် ဘာတွေ အတိအကျ ဖြစ်ခဲ့လဲဆိုတာကို မေးမြန်းလိုက်သည်
ထိုတပည့်သည် သူမ၏ ပုံစံကြောင့် ထိတ်လန့်သွားပြီး ဖြစ်စဉ်တစ်ခုလုံးကို တုန်တုန်ယင်ယင်နဲ့ ပြန်ပြောပြခဲ့သည်။
ရွှယ်အန်းသည် လူများကို ဦးဆောင်ပြီး မဟာအိပ်မက် ရတနာသိုက်ထဲကို ဝင်သွားခဲ့ပြီဟု ကြားသောအခါ သခင်မလေးသည် ရွှယ်အန်း ဘယ်တော့မှ ပြန်လာမှာ မဟုတ်ဘူးဟု ယုံကြည်သောကြောင့် အမွှာညီအစ်မကို ဖမ်းဖို့ သွားသည်ဟု ကြားသောအခါ...
ပိုင်ချင်းအာ၏ မျက်နှာသည် ပြာနှမ်းသွားပြီး ထိုတပည့်ကို လွှတ်ချလိုက်ကာ အပြင်ဘက်ကို ပြေးထွက်လာခဲ့သည်။
ထိုအချိန်တွင် ဂျူနီယာတပည့်သည့် ဘာတွေဖြစ်နေမှန်း နားမလည်ခဲ့ချေ။
သို့သော် မကြာခင်မှာပဲ ပိုင်ချင်းအာ ပြန်ရောက်လာပြီး အော်ဟောက်လိုက်သည်ာ
"ငါ့အတွက် မြင်းတစ်ကောင် ရှာပေး၊ ပြီးတော့ အဲဒီနေရာက ဘယ်မှာလဲ"
မကြာခင်မှာပဲ မြင်းပျံတစ်ကောင်ကို သူမဆီ ယူလာပေးခဲ့ပြီး တုန်ယင်နေသော ထိုတပည့်သည် လမ်းပြခဲ့သည်။
ပိုင်ချင်းအာသည် တစ်ခဏလေးမှ တုံ့ဆိုင်းမနေဘဲ မြင်းကို စီးကာ ထွက်လာခဲ့သည်။
သူမသည် ဤနေရာနှင့် မနီးမဝေးကို ရောက်ချိန် သခင်မလေး ဟွာဝူရွှမ်၏ စကားများကို ကြားလိုက်ရသည်။
ပိုင်ချင်းအာသည် ကြောက်လွန်းသောကြောင့် မူးလဲမတတ် ဖြစ်သွားပြီး၊
အလန့်တကြားဖြင့် အသံကျယ်ကြီးနှင့် အော်ဟစ်လိုက်ပြီးနောက် ပြေးဝင်လာခဲ့သည်။
သူမ မြေပြင်ပေါ်ကို ဆင်းသက်ပြီးနောက် ရှန်းရှန်းတို့ ဒဏ်ရာမရသည်ကို တွေ့လိုက်ရမှ သူမ သက်ပြင်းတစ်ချက် ချနိုင်တော့သည်။ ထို့နောက် တင်းမာနေသော မျက်နှာထားနှင့် ဟွာဝူရွှမ်ဘက်ကို လှည့်ပြီး ပြောလိုက်သည်။
"သခင်မလေး... ဒီညီမလေးနှစ်ယောက်ကို လုံးဝ ထိခိုက်လို့ မရဘူး"
"အိုး၊ ဘာလို့ အဲ့ဒီလို ပြောရတာလဲ"
ဟွာဝူရွှမ်သည် လှောင်ရယ်လိုက်သည်။
ထိုအချိန်မှာ ရှန်းရှန်းနှင့် နျတ်နျန်တို့ကလည်း ပိုင်ချင်းအာကို မှတ်မိသွားပြီး မထိန်းနိုင်ဘဲ အော်လိုက်မိသည်။
"မမက လေလံပွဲက မမ မဟုတ်လား"
ပိုင်ချင်းအာသည် ကလေးမလေးနှစ်ယောက်ကို အသာအယာ ပြုံးပြလိုက်ပြီးနောက် လေးနက်သော လေသံနှင့် ပြောလိုက်သည်။
"ဘာဖြစ်လို့လဲဆိုတော့ သူတို့ရဲ့အဖေ အဲ့ဒီ ရွှယ်အန်းက ဘယ်သူမှ မထိသင့်တဲ့ လူတစ်ယောက်မို့လို့ပဲ"
ဟွာဝူရွှမ်က အေးစက်စက်နှင့် ခဏလောက် ရယ်လိုက်သည်။
"ဘယ်သူမှ မပတ်သက်သင့်ဘူး၊ ဟဟ... ဘာလို့ ငါက နင့်စကားကို ယုံရမှာလဲ"
ပိုင်ချင်းအာသည် သက်ပြင်းချလိုက်သည်။
"အစပိုင်းတော့ ကျွန်မလည်း မယုံခဲ့ဘူး၊ ဒါပေမဲ့ နောက်ပိုင်းတော့ ယုံသွားခဲ့တာ"
ပိုင်ချင်းအာသည် နက်ရှိုင်းမိုးကြိုးမြို့မှာ သူမ မျက်မြင်တွေ့ခဲ့သော မြင်ကွင်းနှင့် ရွှယ်အန်းသည် ဝမ်တန်မြို့တွငိ လုပ်ဆောင်ခဲ့သော အရာအမျိုးမျိုးကို ပြန်ပြောပြခဲ့သည်။
ဟွာဝူရွှမ် နားထောင်ပြီးနောက် သူမ မျက်နှာလည်း အမျိုးမျိုးပြောင်းလဲသွားခဲ့သည်။
သို့သော် မကြာခင်မှာ သူမ ရယ်မောလိုက်ပြန်သည်။
"ကြားရတာတော့ အရမ်းကို စွမ်းဆောင်နိုင်ပုံပဲ၊ ဒါပေမဲ့ ဒီအကြောင်းတွေ အကုန်ပြောနလို့ အခုချိန်မှာ ဘာမှ အသုံးမဝင်ဘူး၊ ဘာလို့လဲဆိုတော့ နင်ပြောနေတဲ့ ပြိုင်ဘက်ကင်း အစွမ်းထက်သူက မဟာအိပ်မက် ရတနာသိုက်ထဲ ဝင်သွားခဲ့ပြီ... သူ့ကို အထဲမှာ စောင့်နေတာက ကောင်းကင်သုံးခုဂိုဏ်းနဲ့ ယွမ်ဂိုဏ်းတို့ရဲ့ ပူးပေါင်းအင်အားပဲ၊ ဒီလိုအခြေအနေမျိုးမှာ သူ အသက်ရှင်နေဦးမယ်လို့ ငါမယုံဘူး"
ပိုင်ချင်းအာသည် သူမ၏ စကားကို ကြားသောအခါ ဟွာဝူရွှမ်အား စိတ်ပြောင်းသွားစေမည်ဟု ထင်ခဲ့သော်လည်း ထိုစကားကို ကြားလိုက်ရချိန်မှာ မှင်သက်သွားပြီးနောက် စိုးရိမ်တကြီး ပြောလိုက်သည်။
"သခင်မလေး အဲ့လို မတွေးသင့်ဘူး၊ အရင်တုန်းကလည်း လူတော်တော်များများက အစ်မလို တွေးခဲ့ကြတယ်၊ ဒါပေမဲ့ အဆုံးသတ်မှာတော့ သူတို့အားလုံး ဆိုးဆိုးရွားရွား သေဆုံးခဲ့ကြရတယ်"
"နင့်ပါးစပ်ကို ပိတ်ထား၊ ငါက သခင်မလေးလား နင်က သခင်မလေးလား"
ဟွာဝူရွှမ်က ဆောင့်ငေါက်လိုက်သည်။
ပိုင်ချင်းအာသည် ပြန်အငေါက်ခံလိုက်ရသောကြောင့် ဆက်ပြောစရာ စကားမရှိတော့ပေ။
ဟွာဝူရွှမ်သည် လှောင်ရယ်လိုက်သည်။
"ကြည့်ရတာ နင်က အဲ့ရွှယ်အန်းကြောင့် ကြောက်လန့်ပြီး ရူးတောင်သွားပြီထင်တယ်၊ ပြီးတော့ ဒီကလေးမလေးနှစ်ယောက်ကို ကိုင်တွယ်ချင်တာ ငါတစ်ယောက်တည်း မဟုတ်ဘူး၊ ငါ့သခင်ရော၊ အကြီးအကဲ လင်းရှောင်လည်း အတူတူပဲ အမိန့်ပေးထားတာ၊ နင်က အကြီးအကဲရဲ့ ဆန္ဒကို ဆန့်ကျင်ဖို့ စီစဉ်နေတာလား"
ပိုင်ချင်းအာ၏ မျက်နှာအမူအရာသည် တုန်လှုပ်သွားသည်။
ထိုအချိန်မှာပဲ ဟွာဝူရွှမ်သည် ဓားကျွန်များကို အေးစက်စက် ပြောလိုက်သည်။
"နင်တို့ အခုမှ မလုပ်ရင် ဘယ်အချိန်မှ လုပ်မှာလဲ"
ဓားကျွန်များသည် အချင်းချင်း ကြည့်လိုက်ကြပြီးနောက် အတူတူ ရှေ့ကို တိုးဝင်သွားကြသည်။
ရှန်းရှန်းနှင်း နျန်နျန်တို့သည် ကြောက်ရွံ့သည့် အရိပ်အယောင် မပြဘဲ သူတို့၏ ဒယ်အိုးမိျားကို ဝှေ့ယမ်းကာ အုပ်စုနှင့် ယှဉ်တိုက်ခိုက်ကြသည်။
ကျန့်ချီလည်း ဒဏ်ရာရနေသော်လည်း တိုက်ပွဲထဲကို ဝင်ရောက် ပူးပေါင်းလိုက်သည်။
ဤတစ်ကြိမ်တွင် ရှန်းရှန်းနှင့် နျန့်နျန်တို့ရှိသောကြောင့် သူမ မပေါ့ဆရဲပေ။ သူတို့လက်ထဲရှိ မှော်ပစ္စည်းများသည် ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ ၎င်းတို့သည် ခြောက်နှစ်၊ ခုနစ်နှစ်အရွယ် ကလေးသာ ရှိသေးသညခ။
ထို့ကြောင့် သူမသည် ဓားကျွန်များနှငိ့ ရင်ဆိုင်ရချိန်မှာ အပြန်အလှန် တိုက်ခိုက်မှု အနည်းငယ်အတွင်းပဲ ၎င်းတို့နှစ်ယောက်သည် ပြန်တိုက်ခိုက်နိုင်စွမ်း မရှိအောင် ဖိနှိပ်ခံလိုက်ရသည်။
ဟွာဝူရွှမ်သည် ဂုဏ်ယူ
သော အကြည့်ဖြင့် ကြည့်နေခဲ့သည်။
ပိုင်ချင်းအာသည် ဆက်မထိန်းနိုင်တော့ဘဲ အရာအားလုံးကို ရပ်တန့်စေရန် တိုက်ပွဲထဲကို ပြေးဝင်ဖို့ပြင်လိုက်သည်။
ထိုအချိန်မှာပဲ ကောင်းကင်ကြီးသည် ရုတ်တရက် မှောင်မည်းသွားသည်။
လေလဟာထဲတွင် ပြင်းထန်သော ဒေါသနှင့်အတူ အေးစက်နေသော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
"ငါ့သမီးတွေကို အနိုင်ကျင့်ရဲတယ်ပေါ့၊ ဒီနေ့ မင်းတို့အားလုံး သေရမယ်"
လူတိုင်း တုန်လှုပ်သွားပြီး အပေါ်ကို မော့ကြည့်လိုက်ကြသည်။
သူတို့ တွေ့လိုက်ရသည်မှာ မူလက ကြည်လင်နေသော ကောင်းကင်ကြီးသည် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်လှိုင်းလုံးကြီးတစ်ခုက လွှမ်းခြုံသွားပြီး မုန်တိုင်းထန်နေသော ပင်လယ်ကြီးလို ဖြစ်နေသည်။
ကောင်းကင်ကြီးသည် မှောင်မည်းသွားပြီး နေနှင့်လတို့ အလင်းရောင် ပျောက်ဆုံးသွားသည်။
ဤသို့ ကြောက်မက်ဖွယ်ကောင်းသညထ့ စွမ်းအားကြီးအောက်တွင် ကောင်းကင်ပေါ်မှာ ပုံရိပ်တစ်ခု ပေါ်လာခဲ့ပြီး ၎င်း၏ မျက်လုံးများသည် ပြင်းထန်သော ဒေါသမီးများ တောက်လောင်နေခဲ့သည်။