သွေးသံရဲရဲ တိုက်ပွဲ
Vol. 55 Ch. 815
"ဖေဖေ"
"ဖေဖေ ပြန်လာပြီ"
ကလေးမလေးနှစ်ယောက်သည် ဝမ်းသာအားရ အော်ဟစ်လိုက်ကြသည်။
ရွှယ်အန်း၏ ပုံရိပ်သည် သူတို့ဘေးတွင် ချက်ချင်း ပေါ်လာပြီးနောက် နှစ်ယောက်လုံးကို ပွေ့ဖက်လိုက်သည်။
"ဖေဖေ... နောက်ဆုံးတော့ ဖေဖေ ပြန်လာပြီပဲ၊ သမီးတို့ အရမ်းကြောက်နေတာ"
"ဟုတ်တယ် ဖေဖေ၊ ဖေဖေ ဘာဖြစ်နေတာလဲ၊ သမီးတို့ ကြောက်လန့်နေခဲ့တာ"
ကလေးမလေးနှစ်ယောက်သည် ရွှယ်အန်း၏ လည်ပင်းကို ဖက်ကာ ဝမ်းနည်းငယ်စွာ ပြောလိုက်ကြသည်။
ရွှယ်အန်းသည် အိပ်မက်ထဲ ရှိနေစဥ် သူ့ စိတ်နှလုံးထဲမှ နတ်ဆိုးဆီမှ အခွင့်အရေး ယူခြင်းကို ခံလိုက်ရမလို ဖြစ်သွားချိန် ပေါ်လာသောခေါ်သံသည် အန်းယန်နှင့် သူ့ကလေးနှစ်ယောက်ဆီက လာခဲ့ကြောင်းသိသည်။
သူတွေးမိချိန် မထိန်းနိုင်ဘဲ နောင်တများ ပြည့်နှက်သွားသည်။
"တောင်းပန်ပါတယ်၊ ဖေဖေက သမီးတို့ကို ကြောက်အောင် လုပ်မိသွားပြီ၊ နောက်တစ်ခါ ဒီလိုမဖြစ်စေရဘူးလို့ ဖေဖေ ကတိပေးတယ်"
"အွန်း အွန်း"
ကလေးမလေးနှစ်ယောက်သည် တပြိုင်တည်း ခေါင်းညိတ်လိုက်ကြသည်။
"ဒါပေမဲ့ ဖေဖေ... မေမေက အခုထိ နိုးမလာသေးဘူး"
ရှန်းရှန်းသညါ အနည်းငယ် စိုးရိမ်သောလေသံဖြင့် ပြောလိုက်သည်။
ရွှယ်အန်းသည် သူ့နောက်ရှိ အိပ်ခန်းထဲတွင် ရှိနေသော အန်းယန်ဆီက စွမ်းအင်လှိုင်းကို အာရုံခံမိသည်။
အန်းယန်သည် သူမ၏ ကျင့်ကြံမှုအဆင့်ကို အလွန်အကျွံ အသုံးပြုမိသောကြောင့် သတိလစ်သွားပြီး တံဆိပ်ကို လှုံ့ဆော်မိကာ ကျင့်ကြံမှုအခက်အခဲများ ဖြစ်ပေါ်လာခဲ့သည်ကို မြင်နိုင်သည်။
ဤသည်မှာ ပြဿနာကြီးကြီးမားမား မဟုတ်သော်လည်း ရွှယ်အန်းကို အလွန်အမင်း ဒေါသထွက်စေခဲ့သည်။
ယန်အာ၊ စိတ်မပူနဲ့၊ နောက်ဆိုရင် တံဆိပ်ကို ချိုးဖျက်ဖို့ နည်းလမ်းတွေ စလို့ရပြီ
ရွှယ်အန်းသည် သူ့စိတ်ထဲမှာ တိတ်တဆိတ် တွေးလိုက်သည်။
ထို့နောက် သူသည် ဟွာဝူရွှမ်နှင့် တခြားသူများကို မော့ကြည့်လိုက်သည်။
သူ့အကြည့် ရောက်သွားရာနေရာတိုင်းရှိ လူများသည် မထိန်းနိုင်ဘဲ နောက်ကို တစ်လှမ်းဆုတ်သွားကြသည်။
အဘယ့်ကြောင့်ဆို ရွှယ်အန်း၏ ခံ့ညားထည်ဝါသော ရောက်ရှိလာမှုမှာ အံ့အားသင့်စရာ ကောင်းလွန်းသောကြောင့်ဖြစ်သည်။
ထို့အပြင် ကောင်းကင်ကြီးသည် တဖြည်းဖြည်း မှောင်မည်းလာပြီး ကြီးမားသော မုန်တိုင်းတစ်ခု တိုက်ခတ်တော့မလို ဖြစ်နေသည်မှာ လူများ၏ နှလုံးသားကို တုန်လှုပ်စေသည်။
"ဖေဖေ၊ အဲ့ဝတုတ်မက သမီးတို့ကို အနိုင်ကျင့်တာ"
"ဟုတ်တယ်၊ သူက သမီးတို့ကို ဖမ်းပြီး လေ့ကျင့်ပေးမယ်တဲ့ ပြီးတော့ ဘာဘာညာညာနဲ့ ပြောသေးတယ်"
ရွှယ်အန်းသည် သူ့သမီးများဆီမှ ကြားချိန် သူ့နှလုံးသားထဲရှိ ဒေါသကို ဆက်ပြီး မထိန်းချုပ်နိုင်တော့ပေ။
"ဒူးထောက်စမ်း"
ဟွာဝူရွှမ်သည် ကြောက်လွန့်သဖြင့် တုန်တုန်ယင်ယင် ဖြစ်နေသည်။
သူမသည် ရွှယ်အန်းဆီမှ တဟုန်ထိုး တက်လာသော လွှမ်းမိုးနိုင်စွမ်းရှိသည့် စွမ်းအင်လှိုင်းကို ခံစားမိနေသည်။
ထိုသို့ စွမ်းအင်လှိုင်းမျိုးကို သူမ ဘယ်တုန်းကမှ မမြင်ဖူးခဲ့ပဲ ခန်းမသခင်မဆီကတောင် မမြင်ဖူးခဲ့ချေ။
ထို့ကြောင့် သူမသည် ထိတ်လန့်သွားပြီး နောက်ကို တိတ်တဆိတ် ဆုတ်နေခဲ့သည်။
သို့သော် ထိုအချိန်တွင် ရွှယ်အန်းဆီမှ ဒူးထောက်စမ်း ဆိုသည့် အမိန့်စကားသည် သူမကို ရုန်းကန်ဖို့ အခွင့်အရေး မပေးတော့ဘဲ ရွှယ်အန်း၏ ကြောက်မက်ဖွယ် ဖိအားကြောင့် မြေပြင်ပေါ် ဒူးထောက်လိုက်ရသည်။
ဘုန်း...
ပြင်းထန်သော ဖိအားကြောင့် သူမဒူးများ ကွဲထွက်သွားသည်။
ဟွာဝူရွှမ်၏ မျက်နှာသည် နာကျင်မှုကြောင့် ရှုံ့မဲ့သွားသော်လည်း သူမက တည်ငြိမ်အောင် ကြိုးစားပြီး ပြောလိုက်သည်။
"ရှင်... ရှင် ဘယ်လိုလုပ် ဒီနေရာကို ရောက်လာနိုင်တာလဲ၊ ကျွန်မရဲ့ သခင်မနဲ့ နတ်ဆိုးမင်းသားရော ဘာဖြစ်သွားပြီလဲ"
ရွှယ်အန်းသည် အေးစက်စက် ပြောလိုက်သည်။
"အဲဒီလူတွေ အကုန်လုံး ငါ့လက်ချက်နဲ့ သေကုန်ပြီ"
"မ... မဖြစ်နိုင်တာ၊ ရှင် ဘယ်လိုလုပ် အဲဘလောက်များတဲ့ အစွမ်းထက် ပုဂ္ဂိုလ်တွေကို သတ်နိုင်မှာလဲ၊ ရှင် လိမ်နေတာ သေချာတယ်"
ဟွာဝူရွှမ်သည် မယုံနိုင်စွာ အော်ဟစ်လိုက်တယ်။
ထိုအချိန်မှာပဲ ကျန့်ဟုန်မှ ဓားကျွန်အနည်းငယ်သည် အခြေအနေ မကောင်းမှန်း မြင်သောအခါ အဘက်ဘက်ကို ထွက်ပြေးကြသည်။
ရွှယ်အန်းသည် သူတို့ကို လှည့်တောင် မကြည့်ချေ။
ဓားကျွန်အနည်းငယ်သည် ခဏတာ သက်ပြင်းချမိလိုက်သော်လည်း ထိုအချိန်မှာပင် မျက်စိကျိန်းလောက်အောင် တောက်ပသေ ဓားအလင်းတန်းတစ်ခုသည် ပျံသန်းနေသော နဂါးတစ်ကောင်ပမာ ကောင်းကင်ယံကို ဖြတ်သန်းပြီး ထိုလူများကို လေထဲမှ ခုတ်ချလိုက်သည်။
ထို့နောက် ရွှယ်လွေ့လီနှင့် ကျီလဲ့သူတော်စင်မတို့၏ ပုံရိပ်များသည် ပေါ်လာသည်။
သူတို့ ရောက်ရှိလာချိန်...
နောက်ဆုံး မျှော်လင့်ချက် အစအနလေးကို ဖက်တွယ်ထားခဲ့သော ဟွာဝူရွှမ်သည် မျှော်လင့်ချက်မဲ့သွားသည်။
ဓားကျွန်များသည်လည်း ခြေလက်များ ပြတ်ကာ ကောင်းကင်ပေါ်မှ ပြုတ်ကျလာပြီး အော်ဟစ်လိုက်ကြသည်။
"ရွှယ်... ရွှယ်လွေ့လီ"
ရွှယ်လွေ့လီသည် အေးစက်စက် ပြောလိုက်သည်။
"ဟုတ်တယ် ငါပဲ၊ ငါ အသက်ရှင်နေတုန်းပဲ ဆိုတာကို တွေ့ရလို့ အံ့အားသင့်နေတာလား"
ဓားကျွန်အတော်များများ တုန်လှုပ်သွားကြပြီး သူတို့မျက်လုံးများသည် ရွှယ်လွေ့လီကို ကြောက်ရွံစွာ စိုက်ကြည့်နေကြသည်။
တစ်ချိန်က ဓားလမ်းစဉ်မှာ ဆုတ်ယုတ်သွားခဲ့သော ရွှယ်လွေ့လီသည် ယခုချိန်တွင် ပြိုင်ဘက်ကင်းသော ဓားစွမ်းရည်ကို ပိုင်ဆိုင်နေပြီဆိုတာ သူတို့ ပြောနိုင်သည်။ သူမသည် မူလအခြေအနေကို ပြန်လည် ရရှိသွားခဲ့ပြီဆိုသည်မှာ ရှင်းလှပြီး ယခင်ကထက်တောင် အဆပေါင်းများစွာ ပိုသန်မာလာခဲ့သည်။
သူမ အသက်ရှင်ကျန်ရစ်နေသောကြောင့် မျှော်စင်သခင်နှင့် ရှန်းတန်နျန်တို့ နှစ်ယောက်လုံး အဆုံးသတ်သွားပြီ ဆိုတာကိုလည်း သိနေသည်။
ထိုအတွေးများကြောင့် သစ္စာဖောက်ခဲ့သေ။ ဓားကျွန်များကို နောင်တနှင့် ကြောက်ရွံ့မှုများ ပြည့်နှက်သွားစေသည်။
ထိုအချိန်မှ ဟွာဝူရွှမ်သည် ကျီလဲ့
သူတော်စင်မကို မြင်လိုက်ရသောကြောင့် အသက်ကယ် ကောက်ရိုးမျှင်ကို တွေ့လိုက်သည့်ပမာ အော်ဟစ်လိုက်သည်။
"ကျီလဲ့သူတော်စင်မ ကျွန်မကို ကယ်ပါဦး"
ကျီလဲ့သူတော်စင်မသည် တိတ်ဆိတ်နေသော်လည်း ရွှယ်အန်းကို တစ်ချက် လှမ်းကြည့်လိုက်သည်။
ရွှယ်အန်းသည် လက်ဖြင့် လုပ်ချင်ရာလုပ်ဟူသော အမူအရာပြလိုက်သည်။
ကျီလဲ့သူတော်စင်မသည် ဟွာဝူရွှမ်ဆီကို လှမ်းသွားလိုက်သည်။
ထို့နောက် ရွှယ်အန်းသည် သူ့သမီးနှစ်ယောက်၏ အသိစိတ်ကို တိတ်တဆိတ် ကာကွယ်ပေးလိုက်သည်။
ဝမ်းသာအားရ ဖြစ်သွားသော ဟွာဝူရွှမ်းသည် ဆက်ပြောလာသည်။
"ကျီလဲ့သူတော်စင်မ... ကျွန်မကို ကယ်တင်ပေးလို့ ကျေးဇူးတင်ပါတယ်၊ ကျွန်မ ဒါတွေ လုပ်မိတာ ကျွန်မတို့ ကျီလဲ့ခန်းမရဲ့ တိုးတက်မှုအတွက်ပါ..."
ထိုအချိန်တွင် ကျီလဲ့သူတော်စင်မသည် ဟွာဝူရွှမ်၏ အနားကို ရောက်လာပြီး သူမကို တိတ်တဆိတ် ကြည့်ပြီးနောက် ခေါင်းခါကာ သူမရဲ့ စကားကို ဖြတ်ပြောလိုက်သည်။
"နင်မှားနေပြီ"
ဟွာဝူရွှမ်၏ မျက်နှာအမူအရာသည် အေးခဲသွားပြီးနောက် ကျီလဲ့သူတော်စင်မကို မယုံနိုင်သလို ကြည့်လိုက်သည်။
"ကျီ... ကျီလဲ့သူတော်စင်မ၊ ရှင်... ရှင် စကားပြောနိုင်ပြီလား"
ကျီလဲ့သူတော်စင်မက ခေါင်းညိတ်လိုက်သည်။
ဟွာဝူရွှမ်၏ မျက်လုံးထဲတွင် ထိတ်လန့်မှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသော်လည်း သူမ အတင်း ပြုံးလိုက်သည်။
"ဒါ အရမ်းကောင်းတာပဲ၊ ကျီလဲ့သူတော်စင်မ နောက်ဆုံးတော့ စကားပြောနိုင်ပြီ၊ ကျွန်မတို့ တည်းခိုဆောင်က သခင်မနဲ့ အကြီးအကဲတွေရဲ့ ကြိုးပမ်းမှုတွေက အလဟဿ မဖြစ်ခဲ့ဘူးပဲ"
ကျီလဲ့သူတော်စင်မက အေးစက်စက် ပြောလိုက်သည်။
"ကြိုးပမ်းမှုတွေ၊ ငါ စကားမပြောနိုင်ခဲ့တာကလည်း နင်တို့ရဲ့ လက်ချက်ပဲ မဟုတ်လား"
ထိုစကားကြောင့် ဟွာဝူရွှမ်သည် တုန်လှုပ်သွားပြီး သူမမျက်နှာတွင် အလွန်အမင်း ထိတ်လန့်သည့် အရိပ်အယောင်များ ပေါ်လာသည်။
ကျီလဲ့သူတော်စင်မသည် ထိုအရာကို မတွေ့သလို ဆက်ပြောလိုက်သည်။
"ငါ ဘာလို့ နင် မှားနေတယ်လို့ ခုနက ပြောခဲ့လဲ သိလား"
ဟွာဝူရွှမ်က တုန်တုန်ယင်ယင်နှင့် ခေါင်းခါလိုက်သည်။
"ကျီလဲ့ခန်းမက ငါတို့ရဲ့ ဟာမဟုတ်ဘူး၊ နင်တို့ရဲ့ဟာ၊ ပြီးတော့ ငါက... နင့်ကို ကိုယ်တိုင် သတ်မယ့်သူပဲ"
ကျီလဲ့သူတော်စင်မသည် သူမ၏ လက်ကို ဖြည်းဖြည်းချင်း မြှောက်လိုက်သည်။
"မ... မလုပ်ပါနဲ့ ကျီလဲ့သူတော်စင်မ၊ ရှင့်မိသားစုမှာ ဖြစ်ခဲ့တဲ့ ကိစ္စတွေကို ကျွန်မရဲ့ ဆရာ့ဆီကနေပဲ သိခဲ့ရတာပါ၊ ကျွန်မနဲ့ ဘာမှ မဆိုင်ပါဘူး၊ ကျေးဇူးပြုပြီး ကျွန်မကို မသတ်ပါနဲ့"
ဟွာဝူရွှမ်သည် ရူးမတတ် အော်ဟစ်လိုက်သည်။
ကျီလဲ့သူတော်စင်မ၏ မျက်လုံးထဲတွင် အေးစက်သော အလင်းတန်းတစ်ခု လက်သွားသည်။
"ဒါဆို နင်တို့အားလုံး သိနေခဲ့ကြတာပဲ၊ ဒါပေမဲ့ ငါတစ်ယောက်တည်းကိုပဲ လျှို့ဝှက်ထားခဲ့ကြတယ်၊ ဟားဟားဟားဟား"
ကျီလဲ့သူတော်စင်မသည် စိတ်မမှန်သလို ရယ်မောလိုက်သည်။
ဟွာဝူရွှမ်သည် သူမ၏ ဒူးရှိ နာကျင်မှုကို ဂရုမစိုက်နိုင်တော့ဘဲ အစွမ်းအကုန် သုံးပြီး၊ သူမ၏ ပေါင်များကို အားပြုကာ မြေပြင်ပေါ်မှ ခုန်ထလိုက်ပြီး လှည့်ပြေးသည်။
ကျီလဲ့သူတော်စင်မက သူမ၏ လက်ဖဝါးနှင့် လေထဲကို ပုတ်လိုက်ပြီး မရပ်တန့်သွားဘဲ ရှေ့ကို ဆန့်ထုတ်ကာ ဟွာဝူရွှမ်၏ လည်ပင်းကို နောက်မှ လှမ်းဆွဲလိုက်သည်။
ဟွာဝူရွှမ်သည် အော်ဟစ်ရန် ကြိုးစားလိုက်သည်။
ကျီလဲ့သူတော်စင်မသည် မျက်နှာသေှငိ့ လက်ချောင်းတွေက ရုတ်တရက် အတွင်းထဲကို ထိုးစိုက်လိုက်ပြီးနောက် အပြင်ဘက်ကို အားဖြင့်ဆွဲထုတ်လိုက်သည်။
ဗလွတ်...
အသားစိုင်ကို ရက်ရက်စက်စက် ဆွဲဖြဲလိုက်သော အသံမှာ ထွက်ပေါ်လာသည်။
ကျီလဲ့သူတော်စင်မသည် ဟွာဝူရွှမ်၏ ကျောရိုး ကို ရက်စက်စွာ ဆွဲထုတ်လိုက်သည်။
ဟွာဝူရွှမ်၏ ခန္ဓာကိုယ်သည် ပျော့ခွေကျသွားပြီး ချက်ချင်း သေဆုံးသွားသည်။
ကျီလဲ့သူတော်စင်မ၏ မျက်နှာပေါ်ကို သွေးစက်မျ စင်ကျလာသည်။ သူမသည် လက်ချောင်းဖြင့် အနည်းငယ် တို့ထိလိုက်ပြီး အရသာကို မြည်းစမ်းကြည့်လိုက်ကာ တခစ်ခစ် ရယ်မောလိုက်တော့သည်။
မည်သူမှ စကားမပြောရဲပေ။
လူတိုင်းသည် ထိုသွေးသံရဲရဲ မြင်ကွင်းကြောင့် ကြက်သေသေသွားကြသည်။
တခဏအကြာမှရွှယ်လွေ့လီသည် အေးစက်စက် ပြောလိုက်သည်
"ကဲ နင်တို့ ကိုယ့်ဘာသာ သတ်သေမလား၊ ဒါမှမဟုတ် ငါ လုပ်ပေးရမလား"
ဓားကျွန်အတော်များများသည် မျှော်လင့်ချက်မဲ့သော အကြည့်ဖြင့် ကြည့်နေသည်။
"သခင်မလေးရွှယ်..."
ရွှယ်လွေ့လီသည် ခေါင်းညိတ်လိုက်သည်။
"သိပြီ"
ထိုသို့ပြောပြီးသည်နှင့် သူမသည် ရုတ်တရက် လက်ကို ဝှေ့ယမ်းလိုက်သည်။
ဓားသည် လှည့်ပတ်နေသော နဂါးတစ်ကောင်ပမာ ချက်ချင်းဆိုသကဲ့သို့ ဓားကျွန်အတော်များများ၏ လည်ပင်းမျကို ဖြတ်တောက်သွားသည်။