ဖေဖေ... သမီး ဝက်သားကြော် စားချင်တယ်
Vol. 55 Ch. 816
ခြံဝင်းငယ်လေးထဲတွင် ပျို့အန်ချင်စရာကောင်းသော သွေးညှီနံ့တို့ဖြင့် ပြည့်နှက်နေသည်။
ပိုင်ချင်းအာသည် သူမ၏ မျက်စိရှေ့မှ အရာအားလုံးကို မယုံနိုင်သကဲ့သို့ ကြောင်တောင်တောင်ဖြင့် ကြည့်နေမိသည်။
ဂိုဏ်းချုပ်၏ ဆရာတပည့်အစ်မ ဟွာဝူစွမ်နှင့် ကျန့်ဟုန်အဆောက်အအုံမှ ဓားကျွန်အချို့သည် ဤအတိုင်း သေဆုံးသွားကြသည်။
အထူးသဖြင့် ဟွာဝူစွမ်သည် ကျီလဲ့ေသူတော်စင်မ၏ လက်ဖြင့် အသတ်ခံခဲ့ရသည်။
ဤသို့သော သတ်ဖြတ်မှုမျိုးသည် ပိုင်ချင်းအာ၏ နှလုံးသားကို တုန်လှုပ်ခြောက်ခြားမှုတို့ဖြင့် ပြည့်စေခဲ့သည်။
ထိုအချိန်တွင် ကျိလဲ့သူတော်စင်မသည် ပိုင်ချင်းအာဘက်သို့ ခေါင်းလှည့်ကြည့်လိုက်ပြီး သူမ၏ သွေးစွန်းနေသော နှုတ်ခမ်းများကို ကြောက်မက်ဖွယ်ကောင်းသော အပြုံးတစ်ခုအဖြစ် မြှင့်တင်လိုက်သည်။
"နင်လည်း ကျီလဲ့ခန်းမကပဲ ထင်တယ်"
ပိုင်ချင်းအာသည် များသောအားဖြင့် လေလံပွဲအသင်းတွင်သာ နေလေ့ရှိပြီး ကျီလဲ့ခန်းမသို့ သွားလေ့သွားထ သိပ်မရှိသဖြင့် ကျီလဲ့သူတော်စင်မသည် သူမကို သိပ်မမှတ်မိပေ။
ပိုင်ချင်းအာ တစ်ကိုယ်လုံး တုန်ယင်သွားပြီး အသံကို အလျင်အမြန် မြှင့်တင်လိုက်သည်။
"သူတော်စင်မ... ဒါ ကျွန်မနဲ့ ဘာမှမဆိုင်ပါဘူး၊ ကျွန်မက ဟွားဝူစွမ်းကို လာတားတာပါ"
ကျန့်ချီကလည်း ထိုအချိန်တွင် ဝင်ပြောသည်။
"သူတော်စင်မ... ပိုင်ချင်းအာက ခုနက ဟွာဝူရွမ်ကို တားဖို့ ကြိုးစားခဲ့တာပါ၊ ကျွနုံ ကိုယ်တိုင် တွေ့ခဲ့ပါတယ်"
ဤသည်ကိုကြားသောအခါ ကျီလဲ့သူတော်စင်မသည် ပိုင်ချင်းအာကို အေးစက်စက် တစ်ချက်ကြည့်လိုက်ပြီးနောက် လှည့်ထွက်သွားလေသည်။
ပိုင်ချင်းအာ သက်ပြင်းတစ်ချက် ချလိုက်ပြီး ကျန့်ချီအား ကျေးဇူးတင်သော အကြည့်ဖြင့် မကြည့်ဘဲ မနေနိုင်တော့ပေ။
ကျီလဲ့သူတော်စင်မသည် ရွှယ်အန်းထံသို့ လျှောက်သွားပြီး ဒူးတစ်ဖက်ထောက် ထိုင်ချလိုက်သည်။
"သခင်... ကျွန်မမှာ တောင်းဆိုစရာတစ်ခု ရှိပါတယ်၊ ကျေးဇူးပြုပြီး ခွင့်ပြုပေးပါ"
ရွှယ်အန်းက မေးလိုက်သည်။
"ဘာလဲ၊ ကျီလဲ့ခန်းမကို ရှင်းပစ်ချင်လို့လား"
ကျီလဲ့သူတော်စင်မ ခေါင်းညိတ်လိုက်သည်။
"ကျီလဲ့ခန်းမကိုတော့ ကျွန်မ ဖျက်ဆီးပစ်မှ ရမယ်"
ရွှယ်အန်းက အနည်းငယ် ပြုံးလိုက်သည်။
"ကောင်းပြီ ခဏစောင့်၊ ငါ မင်းနဲ့အတူ လိုက်ခဲ့ပေးမယ်"
ထို့နောက် ရွှယ်အန်းသည် အိပ်ခန်းထဲသို့ လှည့်ဝင်သွားသည်။
အန်းယန်သည် ခုတင်ပေါ်တွင် သတိမရသေးဘဲ လဲလျောင်းနေဆဲဖြစ်သည်။
ရွှယ်အန်းသည် ခုတင်နားတွင် ရပ်လျက် ညင်သာစွာ ပြောလိုက်သည်။
"ယန်အာ စိတ်မပူပါနဲ့၊ ဒီကိစ္စတွေ ပြီးသွားတာနဲ့ မင်းကို တံဆိပ်တုံးဖွင့်ဖို့ နေရာတစ်ခုကို ခေါ်သွားမယ်"
ထိုသို့ပြောပြီးနောက် ရွှယ်အန်းသည် သူ၏ သမီးနှစ်ယောက်၏ ပိတ်ဆို့ထားသော အသိစိတ်အာရုံကို ဖွင့်ပေးလိုက်သည်။
"ဖေဖေ သမီး ဗိုက်ဆာတယ်"
ရွှယ်ရှန်းသည် သနားစရာကောင်းစွာ ပြောလိုက်သည်။
"ဟုတ်တယ် ဟုတ်တယ်၊ သမီးတို့တွေ တစ်နေ့လုံး ဘာမှမစားရသေးဘူး"
ရွှယ်နျန်သည်လည်း ထောက်ခံလိုက်သည်။
ထိုစကားကို ကြားရသောအခါ ရွှယ်အန်း၏ နှလုံးသားလည်း နာကျင်သွားရသည်။
"ပြော... ဘာစားချင်လဲ၊ ဖေဖေ ချက်ကျွေးမယ်"
"သမီး ဝက်သားကြော် စားချင်တယ်"
ရွှယ်နျန်း၏ မျက်လုံးများက အရောင်တောက်လာပြီး ပြောလိုက်သည်။
"သမီးက ငါးပေါင်း စားချင်တယ်"
ရွှယ်ရှန်းလည်း သူမ စားချင်သည်ကို ပြောသည်။
ရွှယ်အန်းက ပြုံးလိုက်သည်။
"ကောင်းပြီ၊ ဖေဖေ အခု ချက်ကျွေးမယ်"
ထိုသို့ပြောပြီးနောက် ရွှယ်အန်းသည် သိုလှောင် လက်စွပ်ကို ဖွင့်လိုက်သည်။
၎င်းထဲတွင် ချက်ပြုတ်စရာ ပစ္စည်းအမြောက်အမြား သိုလှောင်ထားသည်။
ထို့အပြင် လက်စွပ်၏ ထူးခြားသော ပုံစံကြောင့် အတွင်းရှိ သိုလှောင်ထားသော အစားအစာများသည် ပုပ်သိုးသွားခြင်း မရှိဘဲ ထည့်လိုက်စဉ်ကလိုပင် အမြဲတမ်း လတ်ဆတ်နေသည်။
မီးဖိုချောင်၏ တံခါးများနှင့် ပြတင်းပေါက်များသည် ယခုလေးတင်မှ ပျက်စီးသွားခဲ့သည်။
ရွှယ်အန်းသည် ကောင်းကင်အောက်တွင်ပင် ချက်ပြုတ်ခြင်းကို ရိုးရှင်းစွာ စတင်လိုက်သည်။
ရွှယ်လွေ့လီ၊ ကျီလဲ့သူတော်စင်မ နှင့် ပိုင်ချင်းအာတို့သည် ခြံဝင်းထဲတွင် ပါးစပ်အဟောင်းသားဖြင့် ကြည့်နေကြသည်။
ဤမျှ ပြိုင်ဘက်ကင်းသော ခွန်အားကို ပိုင်ဆိုင်ထားသူတစ်ဦးသည် ယခုလို နူးညံ့သိမ်မွေ့သည့် ဘက်ခြမ်းလည်း ရှိနိုင်လိမ့်မည်ဟု မည်သူက တွေးထင်နိုင်မည်နည်း...
အထူးသဖြင့် ထို မယုံနိုင်လောက်အောင် ကျွမ်းကျင်သော ဟန်ပန်ကို မြင်ရသည်မှာ သူ၏ ချက်ပြုတ်မှု စွမ်းရည်သည် အတော်လေး ထူးကဲပုံရသည်။
သူ၏ လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်ရုံဖြင့် အလွန်နူးညံ့သော ငါးတစ်ကောင်ကို ဓားစွမ်းအင် အစီးအကြောင်းတစ်ခုက ဖုံးလွှမ်းသွားပြီးနောက် ဓားအလင်းတန်းများ လင်းလက်သွားကာ ငါးကြေးခွံများမှာ ပန်းပွင့်များ ကြွေကျလာသလို ကျဆင်းလာသည်။
ရွှယ်လွေ့လီမှာ အလွန်အံ့အားသင့်သွားသည်။
ဓားအလင်းတန်းကို ငါးကြေးခွံခွာဖို့ အသုံးပြုနိုင်တာလား...
သူမ အံ့ဩနေစဉ်မှာပင် ငါးသည် အလယ်မှ ချက်ချင်း ပွင့်ထွက်သွားပြီး အတွင်း ကလီစာများ ထုတ်ပစ်ကာ အသားထဲရှိ အရိုးသေးသေးလေးများကို နွားမွှေးကဲ့သို့ ပါးလွှာသော ဓားစွမ်းအင် အမျှင်တန်းများဖြင့် ဖယ်ထုတ်နေသည်ကို မြင်လိုက်ရသည်။
ဤသည်ကို မြင်သောအခါ ရွှယ်လွေ့လီ အသက်ရှူမှားသွားရသည်။
ဓားစွမ်းအင်ဖြင့် ငါးကြေးခွံခွာခြင်းကို သူမသာ ကြိုးစားပါက လုပ်နိုင်လိမ့်မည်ဟု ထင်ခဲ့သည်။
သို့သော် ဓားစွမ်းအင်ဖြင့် ဤမျှ လွယ်ကူစွာ ငါးရိုးများကို ဖယ်ရှားခြင်းမှာမူ သူမ၏ စွမ်းရည်ထက် ကျော်လွန်နေသည်။
အခက်အခဲမှာ အဆတစ်ရာမက တိုးမြင့်သွားခဲ့သည်။
ဤအချက်တစ်ခုတည်းပင် ရွှယ်အန်း၏ ဓားပညာသည် သူမ လိုက်မီနိုင်သည့် အဆင့်ထက် ကျော်လွန်နေသည်မှာ ထင်ရှားသည်။
တစ်ချိန်တည်းမှာပင် သူ၏လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်ကာ ဝက်သားကို မီးတောက်ဖြူ တစ်မျှင်ဖြင့် ဖုံးအုပ်လိုက်သည်။
တစ်ခဏအတွင်းမှာပင် ဝက်သားပေါ်ရှိ မာကြောသော ဝက်မွှေးများသည် ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားသည်။
တစ်ပြိုင်နက်တည်းမှာပင် အရေပြားသည် အနည်းငယ် ရွှေညိုရောင် ပြောင်းသွားပြီး မီးကျွမ်းနံ့ သင်းသင်းကို ထုတ်လွှတ်လာသည်။
ဤအနံ့ကို ရှူရှိုက်မိသောကြောင့် ပိုင်ချင်းအာသည် တံတွေးကို တိတ်တဆိတ် မျိုချလိုက်ပြီးနောက် သူမ၏ မျက်နှာပေါ်တွင် အလွန်ထူးဆန်းသော အမူအရာတစ်ခုဖြင့် ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်သည်။
သူမကို လန့်သွားစေသည်မှာ မွှေးရနံ့ကြောင့် မဟုတ်ဘဲ မီးတောက်ဖြူများကြောင့် ပြာအဖြစ် လောင်ကျွမ်းသွားသော ထိုခန္ဓာကိုယ်များကို ပြန်လည် အမှတ်ရလိုက်သောကြောင့် ဖြစ်သည်။
ထိုအရာကြောင့် သူမ၏ စိတ်ထဲတွင် အနည်းငယ် ထူးဆန်းသွားသည်။
သိပ်မကြာခင်မှာပင်...
ပါဝင်ပစ္စည်းများကို ပြင်ဆင်ပြီးစီးပြီး လေထဲတွင် လွှင့်မြောထားသည်။
ရွှယ်အန်းက သူ့ခေါင်းကို ဟိုလှည့်ဒီလှည်ြ ကြည့်လိုက်သည်။
"ဟင်... အိုးက ဘယ်မှာလဲ"
ရွှယ်ရှန်းက အနည်းငယ် ရှက်ရွံ့စွာဖြင့် ခေါင်းငုံ့လိုက်သည်။
"ဖေဖေ... သမီး ခုနက ပေါင်မုန့်ပေါင်းဖို့ လုက်နေတာ၊ ဒါပေမဲ့ အဲ့ဒီ မုန်းစရာ လဲ့ကျွယ်က မီးညှိတဲ့အခါ မဆင်မခြင် လုပ်လို့ အိုးပါ လောင်သွားတယ်"
ရွှယ်နျန်လည်း ပြောသည်။
"ဟုတ်တယ်၊ အဲ့ဒီ လဲ့ကျွင်က အရမ်း မုန်းစရာကောင်းတာ"
ရွှယ်အန်းသည် ရယ်ချင်စိတ်ကို မထိန်းနိုင်တော့ဘဲ ရွှယ်ရှန်း၏ ခေါင်းလေးကို ညင်သာစွာ ပုတ်လိုက်သည်။
"ငမလေး၊ မင်းက ပေါင်မုန့် ပေါင်းတတ်လို့လား"
"ဟုတ်... သမီး မေမေ ပေါင်မုန့်ပေါင်းတာ တွေ့ဖူးတယ်"
"ဟုတ်တယ်၊ အစ်မ လုပ်တဲ့ ပေါင်မုန့်က အရမ်းကြီးပြီး လုံးအိနေတာ၊ တကယ်ကောင်းတယ်"
ရွှယ်အန်းသည် ထိုထူးဆန်းသော ကလေးမလေး နှစ်ယောက်ကို ကြည့်ပြီး မရယ်ဘဲ မနေနိုင်သော်လည်း ခေါင်းညိတ်လိုက်သည်။
"ဒီလိုကိုး... ရှန်းရှန်းက တကယ် တော်တာပဲ"
"ဒါပေမဲ့ ဖေဖေ၊ အခု ဘယ်လိုလုပ်မလဲ၊ အိုးမရှိဘဲ ဘယ်လိုချက်လို့ရမှာလဲ"
ရွှယ်ရှန်းက အနည်းငယ် စိုးရိမ်စွာ မေးလိုက်သည်။
ရွှယ်အန်း ပြုံးလိုက်သည်။
"လဲ့ကျွင်က အိုးကို လောင်ကျွမ်းသွားစေခဲ့တယ်ဆိုမှတော့ အခု သူ့အပြစ်ကို ပြန်ပေးဆပ်ခိုင်းရမယ်"
ထိုသို့ပြောပြီးနောက် ရွှယ်အန်းသည် သူ၏လက်ကို ဆန့်တန်းလိုက်သည်။
"ဒီကိုလာ"
ထောင့်တွင် တုန်ယင်နေသော ဒယ်အိုးသည် ခေါ်သံကို ကြားသည်နှင့် အလျင်အမြန် ပျံသန်းလာသည်။
ထို့နောက် အတွင်းမှ လဲ့ကျွင်၏ မျက်နှာချိုသွေးသံ ထွက်ပေါ်လာသည်။
"အရှင် အဲ့ဒီလိုမဟုတ်ပါဘူး၊ ကျွန်တော် ရှင်းပြတာကို နားထောင်ပေးပါ..."
ရွှယ်အန်းက ပြောသည်။
"စကားများမနေနဲ့၊ ဟင်းတွေကို လိမ်လိမ်မာမာ ကြော်ပေး... နားလည်လား"
"ဒါပေမဲ့..."
"ဟမ်..."
"ဘာပြဿနာမှ မရှိပါဘူး အရှင်၊ အရှင့်အတွက် ဟင်းကြော်ပေးရတာ ကျွန်တော့်အတွက် ဂုဏ်ယူစရာပါ"
လဲ့ကျွင်သည် စိတ်ထဲတွင် ပြင်းထန်စွာ ညည်းညူနေသော်လည်း အလျင်အမြန် ပြောလိုက်သည်။
ငါ အတိတ်ဘဝတုန်းက သေလောက်အောင် ကြောက်စရာကောင်းတဲ့ အပြစ်တစ်ခုခု ကျူးလွန်ခဲ့မိလို့ နေမှာပဲ၊ မဟုတ်ရင် ဒီဘဝမှာ ဘာလို့ ဒီလူရဲ့ လက်ထဲကို ရောက်နေရမှာလဲ...,
အား... နဝမမိုးကြိုးသခင်ဆိုတဲ့ ငါ့ရဲ့ ဂုဏ်သတင်းက တစ်စုံတစ်ယောက်အတွက် ချက်ပြုတ်ပေးရတဲ့ အဖြစ်နဲ့ အဆုံးသတ်ရတော့မှာပဲ...
သူ၏ နှလုံးသားထဲတွင် မည်မျှပင် ဆန္ဒမရှိစေကာမူ လဲ့ကျွင်သည် ရွှယ်အန်း၏ အမိန့်ကို မနာခံဝံ့ဘဲ သင့်တော်သော ချက်ပြုတ်ရေး ပစ္စည်းတစ်ခုအဖြစ် လိမ်လိမ်မာမာ ပြောင်းလဲလိုက်ပြီး အိုး၏ အောက်ခြေသည် ခပ်ဖျော့ဖျော့ လျှပ်စစ်မီးပွားများဖြင့် စတင် လင်းလက်လာသည်။
"လူလိမ်ကြီး၊ နင် မီး မညှိနိုင်ဘူးလို့ ပြောခဲ့တယ် မဟုတ်ဘူးလား၊ ဒါဆို ဒါက ဘာလဲ"
ရှန်းရှန်းက မကျေမနပ် ဖြစ်နေသော မျက်နှာဖြင့် ပြောလိုက်သည်။
"ဟုတ်တယ်၊ သမီးတို့တွေက ကလေးတွေမို့လို့ အနိုင်ကျင့်နေတာ"
လဲ့ကျွင် အနည်းငယ် တုန်ယင်သွားပြီးနောက် ခပ်တိုးတိုး ပြောလိုက်သည်။
"ဂုဏ်သရေရှိတဲ့ သခင်မလေးတို့ရယ်... ဒါက ကျွန်တော် အခုလေးတင်မှ သိလာတဲ့ လှည့်ကွက်အသစ်ပါ ဟုတ်ပြီလား"
ထိုအချိန်တွင် ရွှယ်အန်းက ဈပြောလိုက်သည်။
"စကားပြောတာ တော်တော့၊ စလိုက်"
ထို့နောက် လူတိုင်းသည် ရွှယ်အန်းက နဝမမိုးကြိုးသခင် ချက်ပြုတ်ရေးပစ္စည်းအဖြင့် အသုံးပြုပြီး ဓားစွမ်းအင်နှင့် နတ်မီးတို့ဖြင့် ပြင်ဆင်ထားသော ပါဝင်ပစ္စည်းများကို မွှေကြော်နေသည်ကို ပါးစပ်အဟောင်းသားဖြင့် ကြည့်နေကြသည်။
ဤအစားအစာသည် သမိုင်းတွင် ပြိုင်ဘက်ကင်း မဟုတ်လျှင်တောင် မကြုံစဖူး ထူးကဲလှသည်။
အထူးသဖြင့် စားချင်စဖွယ် မွှေးရနံ့တို့ ပျံ့နှံ့သွားသည်နှင့် ကျီလဲ့မြို့၏ နေထိုင်သူ ထက်ဝက်နီးပါးသည် ထိုရနံ့ကို ရရှိလိုက်ကြသည်။
ရွှယ်အန်းသာ် သူ၏ သမီးနှစ်ယောက် အားရပါးရ စားသောက်နေသည်ကို မြင်မှသာ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။
ထို့နောက် သူသည် ညင်သာစွာ ပြောလိုက်သည်။
"ရွှယ်လွေ့လီ... မင်း သူတို့ကို စောင့်ကြည့်ဖို့ ဒီမှာ နေခဲ့ မုယာက ငါနဲ့ လိုက်ခဲ့"
ကျီလဲ့သူတော်စင်မက လေးနက်သော အသံဖြင့် ပြောလိုက်သည်။
"ဟုတ်ကဲ့ပါ"